ယထာ ယထာ၊ အကြင် အကြင် အပြားအားဖြင့်။ **အဿ**၊ ဤအာရဒ္ဓဝိပဿကရဟန်းသည်။ ဥပပရိက္ခတော၊ ရုပ်နာမ်သင်္ခါရကို လက္ခဏာယဉ်တင်၍ သုံးသပ်စဉ်။ **ဝိညာဏံ**၊ ဝိပဿာနာစိတ်သည်။ **ဗဟိဒ္ဓါ**၊ ကမ္မဋ္ဌာန်းအာရုံမှ ပြင်ပ ရူပသဒ္ဒစသော အာရုံ၌။ **အဝိက္ခိတ္တံ**၊ မပျံ့လွင့် တည်ငြိမ်သည်။ **အဝိသဋံ**၊ (တည်ငြိမ်သည့်အတွက်) အာရုံရေလျင်ကြောမျောကာ မကျယ်ပြန့်သည်။ ဟောတိ၊ ၏။ ဘိက္ခဝေ၊ တို့။ တထာ တထာ၊ ထိုထိုအပြားအားဖြင့်။ ဘိက္ခု၊ သည်။ ဥပပရိက္ခေယျ၊ (စူးစမ်းချိန်ဆ) သုံးသပ်ရာ၏။ (ဝီမံသေယျ ပရိတုလေယျသမ္မသေယျ။ အဋ္ဌကထာ။)
ယထာယထာ၊ အကြင်အကြင် အပြားအားဖြင့်။ အဿ၊ ဤအာရဒ္ဓဝိပဿကရဟန်းသည်။ ဥပပရိက္ခတော၊ ရုပ်နာမ်သင်္ခါရကို လက္ခဏာယဉ်တင်၍ သုံးသပ်စဉ်။ ဗဟိဒ္ဓါ စဿ ဝိညာဏံ အဝိက္ခတ္တံ အဝိသဋံ။ ။ သမ္မသနဉာန် ဝိပဿနာရှုပုံအခြင်းအရာကို ပေါ်လွင်စေရန် တစ်ဝါကျတည်း ပေါင်း၍ မယောဇနာပဲ သုံးဝါကျခွဲ၍ အဋ္ဌကထာလာတိုင်း အနက်ယောဇနာသည်။ ထိုသုံးဝါကျတို့တွင် ပဌမဝါကျဖြင့် ဝီရိယလွန်ကဲလျှင် ဥဒ္ဓစ္စ ဖြစ်တတ်သည်။ ထို့ကြောင့် ဝီရိယကို လိုအပ်သည်ထက်မပိုစေဘဲ အလောတော် မျှတရုံ အားထုတ်လျှင် ကမ္မဋ္ဌာန်း အာရုံမှ ပြင်ပရူပါရုံစသည်၌ ယောဂီ ရဟန်း၏စိတ်သည် မကျရောက်တော့ပေ။ ထိုအခါ အဝိက္ခိတ္တ မပျံ့လွင့်တည်ငြိမ်၏။ တည်ငြိမ်ခြင်းကြောင့် ဟိုရောက်ဒီရောက် စိတ်မလေမလွင့် မကျယ်ပြန့်တော့ပေ။ ယင်းသို့ဖြစ်အောင် ရုပ်နာမ်သင်္ခါရကို အနိစ္စ ဒုက္ခ အနတ္တဟု ရှုမှတ်သုံးသပ်ရမည်ဟု သိစေသည်။ ဝိညာဏံ၊ ဝိပဿနာစိတ်သည်။ **အဇ္ဈတ္တံ**၊ ဂေါစရဇ္ဈတ္တဖြစ်သော ကမ္မဋ္ဌာန်းအာရုံ၌။ **အသဏ္ဌိတံ**၊ တွန့်ဆုတ်သည်၏ အစွမ်းအားဖြင့် ရပ်တည်၍ မနေသည်။ ဟောတိ၊ ၏။ ဘိက္ခဝေ၊ တို့၏။ တထာ တထာ၊ ထိုထိုသို့သော အပြားအားဖြင့်။ ဘိက္ခု၊ သည်။ ဥပပရိက္ခေယျ၊ စူးစမ်းချိန်ဆ သုံးသပ်ရာ၏။
ယထာ ယထာ၊ အကြင်အကြင် အပြားအားဖြင့်။ အဿ၊ ဤအာရဒ္ဓဝိပဿကရဟန်းသည်။ ဥပပရိက္ခတော၊ ရုမ်နာမ်သင်္ခါရကို လက္ခဏာယဉ်တင်၍သုံးသပ်စဉ်။ ကဉ္စိ သင်္ခါရံ၊ တစ်စုံတစ်ခုသော သင်္ခါရကို။ **အနုပါဒါယ***၊ ငါကောင် ငါ့ဥစ္စာဟု တဏှာဒိဋ္ဌိဖြင့် စွဲစွဲလမ်းလမ်း မယူမူ၍။ **န ပရိတဿေယျ**၊ (စွဲစွဲလမ်းလမ်း မယူခြင်းကြောင့်) တဏှာဒိဋ္ဌိဖြင့် မလိုလား မနှစ်သက် မတွယ်တာရာ။ ဘိက္ခဝေ၊ တို့။ တထာ တထာ၊ ထိုထိုအပြားအားဖြင့်။ ဘိက္ခု၊ ရဟန်းသည်။ ဥပပရိက္ခေယျ၊ စူးစမ်းချိန်ဆ လက္ခဏာယဉ်တင် သုံးသပ်ရာ၏။
အနုပါဒါယ န ပရိတဿေယျ။ ။ တတိယဝါကျဖြင့် ရုပ်နာမ်သင်္ခါရဝါ- ဥပါဒါနက္ခန္ဓာ ငါးပါးကို ငါကောင်ဟူ၍လည်းကောင်း၊ ငါ့ဥစ္စာဟူ၍လည်းကောင်း စွဲစွဲလမ်းလမ်း ဖြစ်နေလျှင် ထိုသင်္ခါရတို့ကို တဏှာဒိဋ္ဌိဖြင့် မနှစ်သက်ဘဲ မတွယ်တာဘဲ မနေတော့ပေ။ နှစ်သက်တွယ်တာ တော့သည်သာ။ တွယ်တာလျှင် လက္ခဏာယဉ်တင်၍ သုံးသပ်မှု မပြုနိုင်။ ယင်းသို့ စွဲလမ်းခြင်းကင်း တွယ်တာခြင်းကင်းရှင်းစွာဖြင့် အနိစ္စ ဒုက္ခ အနတ္တ ဟု ရှုမှတ်သုံးသပ်ရမည်ဟု သိစေသည်။ သတိ၊ ဖြစ်လတ်သော်။ **အာယတိံ**၊ နောင်အခါ၌။ **ဇာတိဇရာမရဏဒုက္ခ သမုဒယသမ္ဘဝေါ**၊ အလုံးစုံဝဋ်ဒုက္ခဖြစ်ခြင်း၏ အကြောင်းဖြစ်သော ဇာတိဇရာ- မရဏ ဖြစ်ပေါ်ခြင်းသည်။ **န ဟောတိ**၊ မဖြစ်တော့ပေ။ ဝါ၊ ဇာတိတည်းဟူသော ဒုက္ခဖြစ်ပေါ်ကြောင်း ဇရာမရဏတည်းဟူသော ဒုက္ခဖြစ်ပေါ်ခြင်းသည်။ န ဟောတိ၊ မဖြစ်တော့ပေ။ (နောက်နည်း၌ ဇာတိနှင့် ဒုက္ခသမုဒယ ဇရာမရဏ နှင့် ဒုက္ခသမ္ဘဝ တွဲ၍ ယောဇနာသည်။)