Issues
Select Version
နိဿယ
မြန်မာဘာသာ
Itivuttakapāḷi
Itivuttakapāḷi

8. Andhakaraṇasuttaṃ

Author: နိဿယ @ IAPT

ဘိက္ခဝေ၊ တို့။ တယော၊ သုံးမျိုးကုန်သော။ ဣမေ အကုသလဝိတက္ကာ၊ ဤအကုသလဝိတက်တို့သည်။ အန္ဓကရဏာ၊ ဟုတ်တိုင်းမှန်စွာ သိမြင်မှုကို တားမြစ်ခြင်းဖြင့် ကန်းအောင်ပြုတတ်ကုန်၏။ အစက္ခုကရဏာ၊ ပညာဉာန်မျက်စိကို မပြုတတ်ကုန်။ အညာဏကရဏာ၊ အသိညာန်ကို မပြုတတ်ကုန်။ ပညာနိရောဓိကာ၊ သိမှုပညာအမျိုးမျိုးကို ချုပ်ပျောက်စေတတ်ကုန်၏။ (ကမ္မဿ-ကတာပညာ စျာန်ပညာ ဝိပဿနာပညာတို့ကို ဖြစ်ပေါ်မလာအောင် ပြုခြင်းကိုပင် အသိဉာန်ပညာအမျိုးမျိုးကို ချုပ်ပျောက်စေသည်ဟု ဆိုလိုသည်။) ဝိဃာတပက္ခိကာ၊ ဆင်းရဲဒုက္ခ အဖို့အစကုန်၏။ (မလိုလားအပ်သော အကျိုးကိုဖြစ်စေတတ်သောကြောင့် အကုသလဝိတက်တို့ကို ဝိဃာတပက်ခိကာ- ဒုက္ခ၏အသင်းဝင်ဟုဆိုနိုင်၏။) အနိဗ္ဗာနသံဝတ္တနိကာ၊ ကိလေသာငြိမ်းမှုကို မဖြစ်စေတတ်ကြကုန်။
တယော၊ သုံးမျိုးသောဝိတက်တို့ဟူသည်။ ကတမေ၊ အဘယ်သည်တို့နည်း။
ဘိက္ခဝေ၊ တို့။ ကာမဝိတက္ကော၊ ကိလေသာကာမနှင့် အတူတကွ ယှဉ်စပ်သောဝိတက်သည်။ အန္ဓကရဏော၊ ဟုတ်တိုင်းမှန်စွာ သိမြင်မှုကိုတားမြစ်ခြင်းဖြင့်ကန်းအောင်ပြုတတ်၏။ အစက္ခုကရဏော၊ အသိဉာန်မျက်စိကို မပြုတတ်။ အညာဏကရဏော၊ အသိဉာန်မျက်စိကို မပြုတတ်။ အညာဏကရဏော၊ အသိဉာန်ကိုမပြုတတ်။ ပညာနိရောဓိ‌ကော၊ သိမှုပညာအမျိုးမျိုးကိုချုပ်ပျောက်စေတတ်၏။ ဝိဃာတပက္ခိကော၊ ဆင်းရဲဒုက္ခအဖို့အစုရှိ၏။ (အပ္ပဿာဒါ ကာမာ ဗဟုဒုက္ခာ ဗဟုပါယာသာ-ဟု ဟောတော်မူသည့်အတိုင်း မလိုအပ်သော မကောင်းကျိုးတို့ကို ဖြစ်စေတတ်သောကြောင့်ထိုကိလေသာကာမနှင့် တွဲစပ်နေသော ကာမဝိတက်ကို ဝိဃာတပက္ခိ‌ကော-ဟုဟောတော်မူအပ်၏။) အနိဗ္ဗာနသံဝတ္တနိကော၊ ကိလေသာငြိမ်းမှုကို မဖြစ်စေတတ်။ (ဝိတက်ကိုယ်တိုင်က ကိလေသာကာမနှင့် ပူးတွဲစပ်ယှဉ်နေရကားအဘယ်မှာ ကိလေသာငြိမ်းမှုကို ကာမဝိတက်က ပြုပါမည်နည်း။ မပြုသည်သာ။)
ဘိက္ခဝေ၊ တို့။ ဗျာပါဒဝိတက္ကော၊ မေတ္တာ၏ ဆန့်ကျင်ဘက် ဒေါသနှင့်အတူတွဲဖက်ယှဉ်စပ်သော ဝိတက်သည်။ အန္ဓကရဏော၊ ကန်းအောင်ပြုတတ်၏။ အစက္ခုကရဏော၊ ပညာမျက်စိမဲ့အောင် ပြုတတ်၏။ အညာဏကရဏော၊ အသိဉာန်မဲ့အောင် ပြုတတ်၏။ ပညာနိရောဓိကော၊ သိမှုအမျိုးမျိုးကို ချုပ်စေတတ်၏။ ဝိဃာတပက္ခိကော၊ ဒုက္ခိတ အသင်းဝင် ဖြစ်စေတတ်၏။ အနိဗ္ဗာန-သံဝတ္တနိကော၊ ကိလေသာအပူ မအေးငြိမ်းအောင် ဖြစ်စေတတ်၏။
ဘိက္ခဝေ၊ တို့။ ဝိဟိံသာဝိတ‌က္ကော၊ ကရုဏာ၏ဆန့်ကျင်ဘက်ဒေါသနှင့်တွဲစပ်ယှဉ်နေသော ဝိတက်သည်။ **အန္ဓကရဏော**၊ အကောင်းအဆိုးအကြောင်းအကျိုးကို မမြင်သည့် ကန်းမှုကို ပြုတတ်၏။ အစက္ခုကရဏော၊ မြင်နိုင် စွမ်းနိုင်သော ပညာမျက်စိမရှိအောင် ပြုတတ်၏။ အညာဏကရောဏော၊ အသိဉာန်မွဲအောင် ပြုလုပ်တတ်၏။ ပညာနရောဓိကော၊ အသိဉာန်ကြွယ်ဝမှုကိုချုပ်စေ ကွယ်ပစေတတ်၏။ (ပ-ပကာရတ္တ၊ ဉာ-ဗုဇ္စျနတ္ထ နှစ်မျိုးတွင် ဉာ-ကို အသိဉာန်- ပ-ကို ကြွယ်ဝမှု ကြံ၍ပြန်ဆိုသည်။) ဝိဃာတပက္ခိကော၊ ဒုက္ခအုပ်စုတွင်းသို့ သွတ်သွင်းတတ်၏။ အနိဗ္ဗာနသံဝတ္တနိကော၊ ကိလေသာအပူမီးမအေးငြိမ်းမှုကို ဖြစ်စေတတ်၏။အန္ဓကရဏော-စသည် ။ ။ ဗျာပါဒဝိတက် ဝိဟိံသာဝိတက်တို့၌ ပါရှိသော အန္ဓကရဏော အစက္ခုကရဏော အစ အနိဗ္ဗာနသံဝတတ္တနိကော-တိုင်အောင်သောပုဒ်တို့ကို အဖွင့်နှင့် ညီမှုထက် ဗျာပါဒ ဝိဟိံသဝိတက်တို့၏ အဓိပ္ပါယ်ပေါ်လွင်မှုကို အလေးထား၍ အနက်မြန်မာပြန်ဆို လိုက်သည်။
ဝိတက်သုံးမျိုး ။ ။ ဝိတက်သုံးမျိုးတို့တွင် ကာမဝိတက်သည် ပိယ မနာပသတွာနှင့် သက်မဲ့ သင်္ခါရတို့ကို တွေးတောကြံစည်သူ၏ သန္တာန်၌ဖြစ်၏။ ဗျာပါဒဝိတက်သည် အပ္ပိယအမနာပသတွာနှင့် သက်မဲ့သင်္ခါရတို့ကို စိတ်ဆိုး၍ ကြည့်ရှုသည်မှ စ၍ပျက်စီးအောင် ဖျက်ဆီးသည်အထိ ကြံစည်သူ၏သန္တာန်၌ ဖြစ်၏။ ဝိဟိံသာဝိတက်သည်သက်ရှိသတွာတို့၌ ဖြစ်၏။ သက်မဲ့ တော တောင် ရေ မြေ စသည်တို့၌မဖြစ်။ ချဲ့ဉုးအံ့။ ဝိပရိဏာမဒုက္ခကို ခံစားတတ်သော သဘောမရှိသောကြောင့် ဒုက္ခရောက်စေအပ်သော သက်မြံသင်္ခါရဟူ၍ မရှိ။ ထို့ကြောင့် ဝိဟိံသာဝိတက်သည် သင်္ခါရတို့၌ မဖြစ်။ သက်ရှိသတွာတို့၌ ဖြစ်ပြန်တော့လည်း ဤသူတွေ ဤပုဂ္ဂိုလ်တွေ ဤကောင်တွေ အနှိပ်စက်အညှင်းဆဲ ခံရပါစေ။ အသတ် ခံရပါစေ။ အင်္ဂါကြီးငယ် အဖြတ်ခံရပါစေ ပျက်စီးကြပါစေ စသည်ဖြင့် ကြံစည်သောအခါ၌သာ ဖြစ်သည်။
ဘိက္ခဝေ၊ တို့။ တယော၊ သုံးမျိုးကုန်သော။ ဣမေ ခွေ အကုသလဝိတက္ကာ၊ ဤအကုသလဝိတက်တို့သည်။ အန္ဓကရဏာ၊ ဟုတ်တိုင်းမှန်စွာ သိမြင်မှုကိုတားမြစ်ခြင်းဖြင့် ကန်းအောင် ပြုတတ်ကုန်၏။ (လ) အနိဗ္ဗာန်နသံဝတ္တနိကာ၊ ကိလေသာငြိမ်းမှုကို မဖြစ်စေစတတ်ကြကုန်။
ဧတမတ္ထံ စသည် ပေးမြဲ။
တတ္ထ၊ ထိုအန္ဓကရဏသုတ်၌။ တယော ဝိတက္ကေ (လ) သန္တိပဒံသမဇ္စျဂါတိ၊ သမဇ္စျဂါဟူသော။ ဧတံ၊ ဤဂါထာ အနက်အဓိပ္ပါယ်ကို။ ဣတိ၊ သို့။ ဝုစ္စတိ၊ ၏။

(ယောဂါဝစရော၊ ယောဂါဝစရပုဂ္ဂိုလ်သည်။) တယော၊ သုံးမျိုးကုန်သော။ ကုသလ ဝိတက္ကေ၊ ကုသိုုသိုဝိတက်တို့ကို။ ဝိတက္ကေ-ဝိတက္ကေယျ၊ ကြံစည်ရာ၏။ တယော၊ ကုန်သော။ အကုသလေ ဝိတက္ကေ၊ အကုသိုလ် မိစ္ဆာဝိတက် တို့ကို။ နိရာကရေ၊ တားမြစ် ပယ်ဖျောက်ပစ်ရာ၏။ ဝုဋ္ဌီ၊ အခါမဲ့မိုဃ်းသည်။ သမူဟတံ၊ ထက်ဝန်းကျင် မြေပြင်မှ ထလာသော။ ရဇံ၊ အခါမဲ့မိုဃ်းသည်။ သမေတိ ဣဝ၊ တစ်ဏချင်း ငြိမ်းပျောက်စေသကဲ့သို့။ သ-သော၊ ထိုယောဂါဝစပုဂ္ဂိုလ် သည်။ ဝိတက္ကာနိ စ၊ မိစ္ဆာအကုသိုလ်ဝိတက်တို့ကိုလည်းကောင်း။ ဝိစာရိတာနိ၊ ထိုဝိတက်နှင့်ယှဉ်သော ဝိစာရတို့ကိုလည်းကောင်း။ ဝေ၊ စစ်စစ်။ သမေတိ၊ ပျောက်ငြိမ်းစေ၏။

သ-သော၊ ထိုယောဂါဝစရ ပုဂ္ဂိုလ်သည်။ ဝိတက္ကူပသမေန၊ အကုသိုလ်ဝိတက်ကို ပျောက်ငြိမ်းစေသော။ စေတသာ၊ အရိယာမဂ်ဖြင့်။ သမေန္တော၊ ပျောက်ငြိမ်းစေသည်ရှိသော်။ (ထည့်)။ ဣဓေဝ၊ ဤပစ္စုပ္ပန်ဘဝ၌ပင်။ သန္တိပဒံ၊ ဒုက္ခခပ်သိမ်းငြိမ်းရာအမှန် မြတ်နိဗ္ဗာန်ကို။ သမဇ္စျဂါ၊ ကောင်းစွာလှလှ ရပြီ။

(အနန္ဓကရဏာ အနန္ဓကရဏော။ အမြင်မှန်ကိုပိတ်ပင်သောအားဖြင့် ကန်းသည်ကို ပြုတတ်ကုန်၊ မပြုတတ်။ ပညာဝုဒ္ဓိကော၊ အသိဉာန်အမျိုးမျိုးတိုးပွားစေတတ်ကုန်၏။ တိုးပွားစေတတ်၏။ ဟုပေးလေ။ ကျန်သုက္ကပက္ခပါ ပုဒ်တို့ကို ကဏှပက္ခ ပြောင်းပြန်လှန်ရုံသာ ထူး၏။ ထို့ကြောင့်အနက်မပေးတော့ဘဲ ချန်ထား၏။)

အယမ္ပိ အတ္ထော၊ စသည် ပေးမြဲ။
အဋ္ဌမံ။