အတ္ထိ ဘိက္ခဝေ အဇာတံ (လ) နိဿရဏံ ပညာယတီ’တိ၊ ပညာယတိ’ ဟူသော။ ဧတံ၊ ဤအဇာတ သုတ်ကို။ ဘဂဝတာ၊ သည်။ ဝုတ္တံ၊ ပြီ။ အရဟတာ၊ သည်။ ဝုတ္တ’န္တိ၊ ပြီ’ဟူ၍။ မေ၊ အကျွန်ုပ်အာနန္ဒာသည်။ သုတံ၊ နာခံမှတ်သား ဆောင်ထားအပ်ပါပြီ။
ဘိက္ခဝေ၊ တို့။ **အဇာတံ**၊ ဝေဒနာစသည်တို့ကဲ့သို့ အကြောင်းညီညွတ်မှ ဖြစ်ပေါ်သော တရားမျိုး မဟုတ်သော။ **အဘူတံ**၊ အကြောင်းမဲ့ အလိုအလျောက် ထင်ရှားသော တရားလည်း မဟုတ်သေငာ။ **အကတံ**၊ တစ်စုံတစ်ခုသော အကြောင်းသည် ပြုအပ်ဖြစ်စေအပ်သည် မဟုတ်သော။ အသင်္ခတံ၊ နိဗ္ဗာန်ဟူသော အသင်္ခတတရားသည်။ အတ္ထိ၊ အထင်အရှား ရှိ၏။
ဘိက္ခဝေ၊ တို့။ အဇာတံ၊ ဝေဒနာစသော တရားတို့ကဲသို့ အကြောင်းညီညွတ်မှ ဖြစ်ပေါ်လာသော တရားမဟုတ်သော။ အဘူတံ၊ အကြောင်းမဲ့အလိုအလျောက် ထင်ရှားလာသော တရားလည်း မဟုတ်သော။ အကတံ၊ တစ်စုံတစ်ခုသော အကြောင်းတစ်မျိုးတည်းက ပြုအပ် ဖြစ်စေအပ်သည်လည်းမဟုတ်သော၏။ ဧတံ အသင်္ခတံ၊ နိဗ္ဗာန်တည်းဟူသော ဤ အသင်္ခတဓာတ်သည်။ နော စေ အဘဝိဿ၊ အကယ်၍ မရှိငြားအံ့။
ဣဓ၊ ဤသင်္ခါရလောက၌။ ဇာတဿ၊ အကြောင်းညီညွတ်မှ (ဥပါဒါ ဌီဘင်အားဖြင့်) ဖြစ်သော။ ဘူတဿ၊ အကြောင်းမဲ့ အလိုအလျောက် ထင်ရှားဖြစ်ပေါ်လာသော။ ကတဿ၊ အကြောင်းတစ်စုံတစ်ခုသည် ပြုအပ် ဖြစ်စေအပ်သော။ သင်္ခတဿ၊ ရုပ်နာမ်ဟူသော သင်္ခတတရား၏။ နိဿရဏံ၊ လွတ်မြောက်ရာ ထွက်ပေါက်သည်။
မှတ်ချက်။ ။ အဇာတံ အဘူတံ အကတံဟူသော ရှေ့သုံးပုဒ်သည် ဝိသေသန အသင်္ခတံသည် ဝိသေသျ၊ ဤသို့ ဝိသေသန-သျ ယောဇနာဖြင့် ဇာတသဘာဝဘူတသဘာဝ ကတသဘာဝတို့သည် ရုပ်နာမ်သင်္ခတဓမ္မတို့၏ သဘာဝ။ နိဗ္ဗာန်ဟူသော အသင်္ခတဓမ္မ၌ထိုဇာတ ဘူတ ကတသဘာဝများ လုံးဝ မရှိ။ ဤကား အနု-လောမအားဖြင့် ယောဇနာ-ခြင်းကြောင့် ရအပ်သိအပ်သော အနက်အဓိပ္ပါယ်တည်း။ ဝါ၊ ထွက်ပေါက်ကို။ န ပညာယေထ၊ မသိသာ ထင်ရှားရာ။ ဝါ၊ မသိအပ်မသိနိုင်ပါ။
အသင်္ခတံ အကတံ အဘူတံဟူသော နောက်သုံးပုဒ်က ဝိသေသန၊ အဇာတံ၊ ဟူသော ပဌမဆုံးပုဒ်ကဝိသေသျ စပ်ရမည်။ ထို့ပြင်- အသင်္ခတံ-ဖြင့် အကြောင်းများစွာ စုပေါင်းဖန်တီးခြင်းကို တားမြစ်ခဲ့လျှင် နည်းစွာသော အကြောင်း တစ်ခုတစ်လေကြောင့်ဖြစ်သည်ဟု ယုံမှားယူဆမည်စိုး၍ အကတံ-ပုဒ်ကို ဟောရပြန်သည်။ အကတံ-ဖြင့် တစ်စုံတစ်တည်းသော အကြောင်းသည် ပြုလုပ်အပ်သည် မဟုတ်လျှင် အကြောင်းမဲ့အလိုအလျောက်ဖြစ်သော နိဗ္ဗာန်ဟူသော အမြိုက်တရား၏ ဤပြဆိုအပ်ခဲ့သော အသင်္ခတသဘော အကတသဘော အဘူတသဘောသည် အရင်းစစ်လျှင် လုံးဝ မရှိခြင်းဟူသော ပင်မအကြောင်းကြောင့်ဟု ထင်ရှားသိသာသည်။ အခြားအကြောင်းကြောင့် မဟုတ်ဟု အဇာတံ-ဟူသော ဝိသေသျပုဒ်က သိစေသည်။
မှတ်ချက်။ ။ “နိဗ္ဗာန်ဟူသည် တကယ်ရှိသော တရားမဟုတ်။ အဘာဝပညတ်သာ” ဟူသော အယူဝါဒကို ပယ်ရှား၍ အတ္ထိ ဘိက္ခဝေ အဇာတံ စသော ပါဠိဖြင့် နိဗ္ဗာန်ဟူသည် မဖောက်မပြန် မှန်ကန် တိကျသော ပရမတ္ထ ပရမတ္ထ သဘာဝတရားဖြစ်ကြောင်း သိစေရန် ဘုရားရှင် ဟောတော်မူအပ်၏။
ဤပါဠိ ၃-ဝါကျဖြင့်ပင် နိဗ္ဗာန်ဟူသော အသင်္ခတဓာတ်သည် အဟုတ်အမှန် ပရမတ္ထအားဖြင့် ရှိကြောင်း သိသာသော်လည်း အဋ္ဌကထာဆရာက မြဲရာ သံပတ်သဘောဖြင့် အောက်ပါအတိုင်း ဖွင့်ပြတော်မူ၏။
အဋ္ဌကထာအဆို။ ။ ကာမရူပတည်းဟူသော ‘သဥတ္တရဓမ္မ၏’ နိဿရဏထွက်ပေါက် ထွက်မြောက်ရာ မဂ်ဖိုလ်နိဗ္ဗာန်ဟူသော အနုတ္တရတရား ရှိသကဲ့သို့၊ ဇာတဘူတ ကတသဘောရှိကြသော ရုပ်နာမ် သင်္ခတဓမ္မတို့၏ ဆန့်ကျင်ဘက် သဘာဝချင်းဘယ်လိုမှ ဆက်စပ်မရနိုင်သော အချင်းချင်း သဘာဝအားဖြင့် ခြားနားဝေးကွာလှသော သင်္ခတမဟုတ်သော အခြားတရားတစ်မျိုးရှိရမည်၊ ရှိနိုင်သည်။ ထိုတရားသည် အခြားမဟုတ် နိဗ္ဗာန်ဟူသော အသင်္ခတဓာတ်တည်းဟူ၍လည်းကောင်း။
ဝိပဿနာဉာန်တို့တွင်ပဌမတန်းဖြစ်သော အနုလောမဉာန်သည် ကိလေသာတို့ကို သမုစ္ဆေဒအားဖြင့် မပယ်နိုင်ချေ။ အဘယ်ကြောင့်ဆိုသော် အနုလောမဉာန်၏ အာရုံက သင်္ခတအာရုံဖြစ်သောကြောင့်တည်း။
ကာမကုသိုလ်ထက် မြင့်မြတ်ပါသည်ဆိုသော ပဌမဇ္ဈာန်ဒိမဟဂ္ဂုတ်ကုသိုလ်နှင့် ယှဉ်သော ဉာန်သည်လည်း ကိလေသာတို့ကို သမုစ္ဆေဒပဟာန်အားဖြင့် မပယ်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် သမ္မုတိသစ္စာဟူသော ပညတ်ကို အာရုံပြုသောကြောင့်တည်း။
ဝေဒယိတသုခမဟုတ်၍ ချမ်းသာပုံကို နားလည်အောင် ပြောပြဖို့ မလွယ်လှ။ သို့သော် ဤစာရေးနေစဥ် ရှေးကတွေ့ဖူးသော ကိုယ်တွေ့တစ်ခုကို ပြပါမည်။ မန္တလေးမြို့မှ ဒေါ်စောမေဆိုသော ဒကာမကြီးတစ်ယောက်သည် မျက်စိ ပေါက်ထွက်မတတ်ကိုက်လှသဖြင့် တစ်အော်တည်း အော်နေရသည်။ လုံးဝ စားလို့အိပ်လို့ မရပါ။ ဦးခေါင်းကိုလည်း လုံးဝ အထိမခံနိုင်ပါ။ ရင်ခွင်တွင် ခေါင်းအုံး ၃-လုံးဆင့်၍ လက်ထောက်ကာ ၃-၄ရက် လက်ထောက် ထိုင်နေရသည်။ မြင်ရသူအပေါင်းက မကြည့်ရက် မကြားရက်သဖြင့် ဒေါက်တာ ပါဆုဒေးဆိုတဲ့ ဆရာဝန်ကို ခေါ်ဖို့ တိုက်တွန်းသည်။ ခေါ်ပေးကြသည်။ ည ၈-နာရီလောက်ဆရာရောက်သောအခါ မျက်စိကို ကိရိယာတစ်ခုဖြင့် နောက်ပါတပည့်ဖြစ်သူအား နောက်ထပ် လက်နှိပ်ဓာတ်မီးဖြင့် သေသေချာချာကြည့်သည်။ နောက်ပါတပည့်ဖြစ်သူအား နောက်ထပ် လက်နက်တစ်ခု မျက်ရိပ်မျက်ခြေပြကာအကြော ဖြူတူတူစိမ်းတိမ်းတိမ်းလေးကို ကပ်ကြေးဖြင့် ဒက်ကနဲ ကိုက်ဖြတ်လိုက်သည်။ အကြောပြတ်သွားသည်နှင့် တစ်ပြိုင်နက် အမယ်လေး ခုမှ ချမ်းသာတော့တယ်။ ဒေါ်စောမေ ဒကာမကြီး ချမ်းသာတယ်ဆိုတာ မြင်ချင်တာမြင်ရ ကြားချင်တာ ကြားရစားချင်တာစားရလို့ ဝေဒယိတသုခ မဟုတ်ပါ။ ကိုက်ခဲနေသော ဝေဒနာငြိမ်းသက်သွားခြင်း အော်ဟစ်နေရလောက်အောင် ခံစားနေရသော ဒုက္ခငြိမ်းသွားခြင်းသာ ဖြစ်သည်။
ထို့အတူ ဝိပဿနာအားထုတ်ကြသော ယောဂီသူတော်စင်များသည် ဝိပဿနာဘူမိ၊ ပစ်မှတ်ဖြစ်တဲ့ ဥပါဒိန္နခန္ဓာကိုယ်ကို မြင်လျှင် မြင်တယ် ကြားလျှင်ကြားတယ် ကြွလျှင်ကြွတယ် ချလျှင်ချတယ် ထိလျှင်ထိတယ် စသည်ဖြင့် သတိကို လွှတ်မပေးဘဲမပြတ် ရှုမှတ်သောအခါ ဤခန္ဓာကိုယ်ကြီး၏ ဝေဒယိတဒုက္ခကိုသာမက သံသာရဒုက္ခကိုပါ ထိုးထွင်းသိမြင်သဖြင့် ခန္ဓာကိုယ်ကြီး၏ အပြစ်ကို အကြီးအကျယ် သိကာ နောက်ဆုံးအသင်္ခတဓာတ်ကို အာရုံပြုသော အရဟတ္တမဂ်တိုင်အောင် ပေါ်ပေါက်ကာ ဒုက္ခအကုန်ချုပ် ဒုက္ခတွေ အကုန်ငြိမ်းသွားသောအခါ သန္တိသုခ အလိုလို ပေါ်လာလေတော့၏။ ဤသန္တိသုခသည်ပင် နိဗ္ဗာန်ချမ်းသာတည်း။ ပဘင်္ဂုရံ၊ သဘာဝ ဥပက္ကမနှစ်ပါးကြောင့် လွန်စွာ ပျက်စီးတတ်သော။
အာဟာရနေတ္တိပ္ပဘဝံ၊ အာဟာရ ၄-ပါး တဏှာဟူသောနေတ္တိလျှင်ဖြစ်ကြောင်းရှိသော။ (အာဟာရဟူသော နေတ္တိလျှင် ဖြစ်ကြောင်းရှိသော ဟု ကမ္မဓာရယဂဗ္ဘဗဟုဗ္ဗီ-အနက်လည်းပေးနိုင်သည်။ဋ္ဌ) တံ၊ အကြောင်းအမျိုးမျိုးတို့နှင့် ဆက်သွယ်နေသော အနိစ္စတုံး ဒုက္ခတုံးဖြစ်သော ဥပါဒိန္နကခန္ဓာငါးပါးကို။ အဘိနန္ဒိတုံ၊ ငါ့ဟာ ငါဟု တဏှာဒိဋ္ဌိဖြင့် နှစ်သက်သာယာခြင်းငှာ။ နာလံ၊ မသင့်တော်ပေ။
တဿ၊ ဇာတံ ဘူတံ စသည်ဖြင့် ပြဆိုအပ်ခဲ့သော ထိုရုပ်နာမ်သင်္ခတတရား၏။ နိဿရဏံ၊ ထွက်မြောက်ရာ ဖြစ်သော။ ဝါ၊ ထွက်ပေါက်တည်းဟူသော။ သန္တံ၊ (ရာဂါဒိကိလေသာပူမရှိသဖြင့်)ငြိမ်သက်အေးမြသော။ ဝါ၊ (ရာဂါဒိကိလေသာ အပူကင်းသဖြင့်) ချီးမွမ်းသင့် ချီးမွမ်းထိုက်သော။ အတက္ကာဝစရံ၊ အတွေးအခေါ်သ္မားတို့ ကျက်စားရာ အာရုံမဟုတ်သော။ ဓုဝံ၊ ဥပါဒ်စွန်း ဘင်စွန်းမရှိသဖြင့် မြဲသော။