၁၀၀။အဟမသ္မိ ဘိက္ခဝေ (လ) ဓမ္မယာဂေါ’တိ၊ ဓမ်မယာဂေါ’ဟူသော။ ဧတံ၊ ဤဗြဟ္မဏယာဂသုတ်ကို။ ဘဂဝတာ၊ ရွှေဘုန်းတော်သခင် ဘုရားရှင်သည်။ ဝုတ္တံ၊ ဟောတော်မူအပ်၏။ အရဟတာ၊ ပူဇော်အထူးကို ခံယူတော်မူထိုက်သောဘုရားရှင်သည်။ ဝုတ္တိန္တိ၊ ဟောတော်မူအပ်၏’ဟူ၍။ မေ၊ အကျွန်ုပ်အာနန္ဒာသည်။ သုတံ၊ နာခံမှတ်သား ဆောင်ထားအပ်ပါပြီ။
ဘိက္ခဝေ၊ တို့။ အဟံ၊ ငါဘုရားသည်။ ဗြဟ္မဏော၊ မျှောအပ်ပြီးသော မကောင်းမှုရှိသူသည်။ ဝါ၊ ဝဋ်မှ လွတ်မြောက်ကြောင်း တရားတို့ကို ဟောကြားတော်မူသော ပရမတ္ထဗြဟ္မဏသည်။ အသ္မိ၊ ဖြစ်၏။
အဟံ၊ ငါဘုရားသည်။ သဒါ၊ အခါခပ်သိမ်း။ ယာစယောဂေါ၊ ဒေသေတုဘန္တေ ဘဂဝါ ဓမ္မံ-ဟု တရားတောင်းသူ ဝေနေယျတို့နှင့် ဆက်သွယ်နေသူတည်း။ တစ်နည်း- ယာစယောဂေါ၊ တောင်းဆိုခြင်းငှာ သင့်သူ တောင်းထိုက်သူတည်း။ သဒါ၊ အခါခပ်သိမ်း။ ပယတပါဏိ၊ တရားဖြန့်ဝေ လှူဒါန်းရန် စင်ကြယ်သော လက်ရှိသူတည်း။
တစ်နည်း- ပယတပါဏိ၊ တရားဖြန့်ဝေလှူဒါန်းရန် ရှည်ပြန့်သောလက်ရှိသူတည်း။ ဝါ၊ တရားဖြန့်ဝေ လှူဒါန်းရန် အားထုတ်အပ်သောလက်ရှိသူတည်း။ အန္တိမဒေဟဓရော၊ နောက်ဆုံး ခန္ဓာဝန်ကို ဆောင်ထားသူတည်း။ အနုတ္တရော၊ (ကုနိုင်ခဲသော ဝဋ်ဒုက္ခရောဂါကို ကုသသောကြောင့်) အတုမရှိ မြတ်သော။ ဘိသက္ကော၊ ဆေးဆရာတည်း။
တစ်နည်း-အနုတ္တရော၊ (အခြားဆရာတို့ မနှုတ်နိုင်သော ကိလေသာငြောင့်တို့ကို ခွဲစိတ်သောအားဖြင့် အငုတ်မကျန် ထုတ်ဆောင်တတ်သောကြောင့်) အတုမရှိ မြတ်သော။ သလ္လကတ္တော၊ ကိလေသာငြောင့်ရောဂါ ခွဲစိပ်ကုဆရာတည်း။ (အနုတ္တရော ဘိသက္ကောဖြင့် သမားတော်ကြီး၊ အနုတ္တရော သလ္လ-ကတ္တောဖြင့် ခွဲစိတ်ကုပါရဂူကြီးဟု ဆိုလိုသည်။)
ဘိက္ခဝေ၊ တို့။ တုမှေ၊ သင်တို့သည်။ **သြရသာ**၊ ရင်၌ဖြစ်ကုန်သော။ ဝါ၊ ရင်နှင့်စပ်ကုန်သော။ **ပုတ္တာ**၊ သား တို့သည်။ ဟော၊ ဖြစ်ကြကုန်လော့။
ကဿ မေ၊ ထိုငါ၏။ **မုခတော**၊ ရွှေနှုတ်တော်မှ။ **ဇာတာ**၊ မွေးဖွားကြကုန်သော။ ပုတ္တာ၊ တို့သည်။ ဟောထ၊ ဖြစ်ကြကုန်လော့။
တုမှေ၊ သင်တို့သည်။ ဓမ္မဇာ၊ သီလ သမာဓိ ပညာဟူသော သာသနဓမ္မ အရိယမဂ္ဂ၌ မွေးဖွားသူတို့သည်။ ဟောထ၊ ဖြစ်ကြကုန်လော့။ ဓမ္မနိမ္မိတာ၊ သီလ သမာဓိ ပညာဟူသော သာသနဓမ္မ, အရိယဓမ္မတို့က ဖန်ဆင်းထားသူတို့သည်။ ဟောထ၊ ဖြစ်ကြကုန်လော့။
ရင်ဝယ်သား ။ ။ လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း ပါရမီဖြည့်မှ ရရှိအပ်သောသဗ္ဗညုတဉာန် ဒေသနာဉာန်တို့သည် ဘုရားရှင်၏ ရွှေရင်တွင်းရှိ နှလုံးသား၌ မှီနေတည်နေ၏။ ထိုဉာန်ကြောင့် ဝေနေယျသတ္တဝါတို့သည် သရဏဂုံတည်ကြ သီလ စင်ကြယ်ကြ စျာန်ရ အဘိညာဉ်ရဖြစ်ကြ မဂ်ရ ဖိုလ်ရ ဖြစ်ကြရသည်။ ထို့ကြောင့် ထိုဝေနေယျတို့သည် ရာဟုလာသတို့သား မဟုတ်သော်လည်း ဘုရား၏ ရွှေရင်နှလုံးသားနှင့် ပတ်သက်နေကား ရာဟုလာနှင့်မခြား ရင်၌ဖြစ်သော ရင်နှင့်စပ်သော သားများဟု ဆိုနိုင်သည်။ ဤကိုရည်၍ သင်တို့သည် ငါ၏ရင်နှစ် သားချစ်သမီးချစ်များဖြစ်အောင် ကြိုးစားကြဟု မိန့်တော်မူခြင်းဖြစ်သည်။
ခံတွင်းမှမွေးဖွားသူ ။ ။ ဘုရားရှင်၏ ရင်တွင်းရှိ ဟဒယဝတ္ထုကိုမှီ၍ ဒေသနာဉာန် သဗ္ဗညုတဉာန်ဖြစ်ရုံ၊ ထိုဉာန်ကြောင့် မနသာဝဝတ္ထပိတသဒ္ဒ-တို့ဖြစ်ရုံနဲ့ သရဏဂုံတည်ခြင်း သီလ သမာဓိ ဝိပဿနာ မဂ် ဖိုလ်တု့ ဝေနေယျတို့၌ မရနိုင်။ မနသာ-ဝဝတ္ထပိတသဒ္ဒ-မှ ဝစီဘေဒသဒ္ဒ-ဖြစ်အောင် နှုတ်မြွက်တော်မူရသည်။ သို့မှသာဝေနေယျတို့ သရဏဂုံတည်ခြင်း စသောအကျိူးတို့ကို ရရှိခံစားနိုင်သည်။ ဤကိုရည်၍ဘုရားရှင်က သင်တို့သည် ငါ၏ခံတွင်းမှ မွေးဖွားလာသော သားသမီးများဖြစ်အောင်ကြိုးစားကြဟု မိန့်တော်မူခြင်းဖြစ်သည်။
ပုထုဇဉ်ဘဝမှ အရိယာ ဘဝသို့ ။ ။သီလသိက္ခာ သမာဓိသိက္ခာ ပညာသိက္ခာတို့ကို တစ်ဘဝထက်တစ်ဘဝ ရင့်ကျက်အောင် လေ့ကျင့်ပေးမည်ဆိုလျှင် ကျင့်ကြိုးကုတ်မည်ဆိုလျှင် ပုထုဇဉ်ဇာတ်မျ အရိယာဇာတ် အရိယာအဖြစ်သို့ ပြောင်းလွဲ ဖြစ်သွားနိုင်သည်။ ယင်းသို့ ပုထုဇဉ်ဘဝမှ အရိယာဘဝသို့ရောက်ကာ ပြောင်းလွဲမွေးဖွားနိုင်အောင်ကြိုးစားကြဟု မိန့်တော်မူခြင်းဖြစ်သည်။ တုမှေ၊ သင်တို့သည်။
**ဓမ္မနိမ္မိတာ**၊ သာသနဓမ္မ အရိယမဂ္ဂဓမ္မတို့က ဖန်ဆင်းလိုက် ဖန်ဆင်းအပ်သူတို့သည်။
ဟောထ၊ ဖြစ်ကြကုန်လော့။
တုမှေ၊ တို့သည်။ ဓမ္မဒါယာဒါ၊ သတိသဗ္ဗောဇ္စျင်စသော တရားဓမ္မအမွေခံတို့သည်။ ဟောထ၊ ကုန်လော့။ နော အာမိသဒါယာဒါ၊ ဆွမ်းစသော ပစ္စယာ-မိသ လူ့စည်းစိမ် နတ်စည်းစိမ်တည်းဟူသော ပစ္စယာမိသ-အမွေခံ မဖြစ်ကြကုန်လင့်။
တတ္ထ၊ ထိုဗြာဟ္မဏဓမ္မယာဂသုတ်၌။ ယော ဓမ္မယာဂံ အယဇီ အမစ္ဆရီ (လ) ဘဝဿ ပါရဂု’န္တိ၊ ဘဝဿ ပါရဂုံ’ဟူသော။ ဧတံ၊ ဤဂါထာအနက်အဓိပ္ပါယ်ကို။ ဣတိ၊ သို့။ ဝုစ္စတိ၊ ဆိုအပ်၏။
**ယာဂါ** ။ ။ တတ္ထ ယာဂါတိ မဟာယညာ၊ မဟာဒါနာနီတိ အတ္ထော။ ယာနိယိဋ္ဌာနီတိပိ ဝုစ္စန္တိ-ဟူသော ဋ္ဌ-အလု ယာဂါဟု ဟောသော်လည်း ဒါနမှတစ်ပါး သီးခြားယာဂ-မဟုတ်။ ကြီးကျယ်သော ယညပူဇော်မျု ပေးလှူမှုကိုပင် ယာဂါ-ဟုဟောတော်မူခြင်းဖြစ်သည်ဟူလို။ ထို့ကြောင့် အာမိသယာဂ-ဟူသည် ဝေလာမ-၏ အလှူ၊ ဝေဿန်တာရာမင်း၏ အလှူမျိုး၊ ဓမ္မယာဂ-ဟူသည် သားတော် ရာဟုလာအား ဘုရားရှင်ဟောကြားအပ်သော စုဋ္ဌာရာဟုလောဝါဒသုတ္တန်စသည်ကို ဆိုလိုသည်ဟု နမူနာအနေဖြင့် အဋ္ဌကထာဆရာဖွင့်ပြထားသည်။
ဘိက္ခဝေ၊ တို့။ စီဝရာနံ၊ သင်္ကန်းတို့တွင်။ **ပံသုကူလံ**၊ ပံသုကူသင်္ကန်းသည်။ ဝါ၊ ကို။ အပ္ပဉ္စ၊ အနည်းငယ်မျှ သေးငယ်လည်း သေးငယ်လှ၏။ သုလဘဉ္စ၊ လွယ်ကူသဖြင့်လည်း ရအပ်၏။
ဝါ၊ နေရာတိုင်းလိုလို ရနိုင်၏။ တံ၊ ထိုပံသုကူသင်္ကန်းသည်။ အနဝဇ္ဇဉ္စ၊ အပြစ်လည်း ကင်း၏။
ဘိက္ခဝေ၊ တို့။
ဘေသဇ္ဇာနံ၊ ဆေးပစ္စည်းတိုတွင်။
**ပူတိမုတ္တံ**၊ နွားကျင်ငယ်ရည် တည်းဟူသော ဆေးသည်။
ဝါ၊ ကို။
အပ္ပဉ္စ၊ (အရေအတွက် အပိုင်းအခြားတန်ဖိုးအားဖြင့်) အနည်းငယ်မျှ သေးငယ်လည်း သေးငယ်လှ၏။လမ်းမြေသည် လမ်းပေါ်သွားသူတိုင်းကို ဖုံအညစ်အကြေး ပေကျံတတ်သည့်အတွက် စက်ဆုပ်စိတ်ပျက်စရာ ကောင်းသကဲ့သို့ ထိုလမ်းပေါ် ကျနေသော အဝတ်စသည်လည်း မသန့်ရှင်းသဖြင့် စက်ဆုပ်ဖွယ်ပင်။ ထိုစက်ဆုပ်ဖွယ် အဝတ်စသည်လည်း မသန့်ရှင်းသဖြင့် စက်ဆုပ်ဖွယ်ပင်။ ထိုစက်ဆုပ်ဖွယ် အဝတ်စဖြင့် ချုပ်လုပ်ထားသော သင်္ကန်းသည်လည်း မြေမှုန့်ကဲ့သို့ စက်ဆုပ်စရာပင်တည်း။
ပိဏ္ဍိယာလောပ။ ။ သလုံးမြင်းခေါင်း ကြွက်သားဆိုင် အားအစွမ်းဖြင့် အိမ်စဉ်လှည့်လည်၍ ရအပ်သော တစ်ဇွန်းတစ်ယောက်မ တစ်လုပ်စာမျှသော ဆွမ်းသည် ရဟန်းတော်များအား စားရေးသောက်ရေးနှင့် ပတ်သက်၍ မပူပင်ရအောင် ဖြေရှင်း ပေးနိုင်၏။
ရုက္ခမူလ ။ ။ ကာယဝိဝေက စိတ္တဝိဝေကဖြစ်၍ ရဟန်းတို့အား လျောက်ပတ်သော သစ်ပင်ရင်း၌ ဝါးရုံစသော နေရာသည်လည်း ရဟန်းများသီတင်းသုံးရန်ကျောင်းတစ်မျိုးပင်တည်း။
ပူတိမုတ္တ။ ။ရွှေအဆင်းကဲ့သို့ ဝါဝင်းလှသော ကိုယ်ခန္ဓာပင် ဖြစ်စေကာမူ ‘ပူတိကာယ’ပုတ်သော ကာယဟု ဆိုအပ်သကဲ့သို့၊ နွားသတွာမှ လောလောဆယ်ဆယ် ယိုးစီကျလာသော လတ်လတ်ဆတ်ဆတ် ကျင်ငယ်ရေဖြစ်သော်လည်း ထိုနွားကျင်ငယ်ရေကို ရဟန်းတို့အား ဆေးပစ္စည်းအဖြစ် ညွှန်ပြတော်မူ၏။ နွားကျင်ငယ်ရေဖြင့် စိမ်ထားသော ဆီဖြူ သျှိသျှားစသည်ကိုလည်း ပူတိမုတ္တဟု ကေစိဆရာတို့ကမိန့်ကြသည်။ ပိုင်ရှင်တို့က စွန့်ပစ်အပ်သော ထိုထိုစားဆေး သောက်ဆေး ထိုဆေးတို့ကိုလည်း နွားကျင်ငယ်ရေနှင့် မစပ်သော်လည်း ပူတိမုတ္တ-နှင့် အလားတူ သုံးဆောင်နိုင်သည်ဟု အပရေတို့က ဆိုကြ၏။
မှီရာလေးပါး ။ ။ အထက်ပါ ပံသုကူလစသော ပစ္စည်းလေးမျိုးသည်သုံးစွဲသုံးဆောင်သူ ရဟန်းတော်များအဖို့ ရလွယ်ခြင်း အပြစ်ကင်းခြင်း အရေအတွက်အားဖြင့်ဖြစ်စေ၊ ပမာဏအားဖြင့်ဖြစ်စေ၊ တန်ဖိုးအားဖြင့်ဖြစ်စေ မများနည်းပါးဖြင်းကြောင့် ဘုရားရှင်က မှီရာလေးပါးအဖြစ် သတ်မှတ် ညွှန်ကြားခြင်း ဖြစ်သည်။ ထိုလေးမျိုးထက် အဆင့်မြင့်သော ပစ္စည်းများကိုလည်း လှူသူရှိလို့ရလျှင် သုံးစွဲရန်ခွင့်ပြုသည်သာ။။
**သုလဘ** ။ ။ဂဏန ပမာဏ အဂ္ဃအားဖြင့် အပ္ပ-နည်းပါးခြင်း, နေရာမရွေးရဖို့ လွယ်ကူ၍ သုလဘ-ဖြစ်ခြင်း, ပံသုကူသင်္ကန်း စသော ပစ္စည်းလေးမျိုးကို သုံးစွဲရသဖြင့် ငါမို့ ဤသင်္ကန်းမျိုး ဤဆွမ်းမျိုး ဤကျောင်းမျိုးသုံးစွဲရသည်ဟု သာယာခြင်း မာန်မာန တက်ခြင်းမရှိသောကြောင့် အနဝဇ္ဇ၊ အပြစ်ကင်းခြင်းဟူသော ဂုဏ်သုံးမျိုနှင့် ပံသုကူ သင်္ကန်းစသော မှီရာလေးပါးမှာ ပြည့်စုံ၏။
သုလဘဉ္စ၊ လွယ်ကူသဖြင့်လည်း ရအပ်၏။ ဝါ၊ နေရာတိုင်းလိုလို ရနိုင်၏။ တံ၊ ထို နွားကျင်ငယ်ဆေးသည်။ အနဝဇ္ဇဉ္စ၊ အပြစ်လည်း ကင်း၏။
**သမညဿ**၊ သမထ ဝိပဿနာဟူသော ရဟန်းတရားအား။ ဝါ၊ အရိယာမဂ်အား။ အနုလောမိကာ၊ လျော်ကုန်သော။ ယေ စ ဓမ္မာ၊ အကြင် အပ္ပိစ္ဆတာ သန္တုဋ္ဌိတာ စသော အကျင့်တရားတို့ကိုလည်း။ အဿ၊ ထိုဘုရားရှင်သည်။ အက္ခာတာ၊ ဟောတော်မူအပ်ကုန်ပြီ။ အပ္ပမတ္တဿ၊ မမေ့မလျော့သော။
သမမည။ ။ ထို့အပြင် သုလဘဂုဏ်ကြောင့် ပရိယေသနဒုက္ခကင်းသည်။ အပ္ပဂုဏ်ကြောင့် စောင့်ရှောက်ထိန်းသိမ်းရခြင်း ဒုက္ခငြိမ်းသည်။ အကဲ့ရဲ့လွတ်မှု အနဝဇ္ဇ-ဂုဏ်ကြောင့် ရဟန်းတို့နှင့် လျော်လျောက်ပတ်ခြင်း အကျိုးရသည်။ အပ္ပ-ဂုဏ်ကြောင့်အလိုနည်းသူ၏ တည်ရာဝတ္ထုမဟုတ်ခြင်း,အနဝဇ္ဇဂုဏ်ကြောင့် သံသရာမှလွတ်မြောက်ကြောင်း ပညာ၏ တည်ရာဝတ္ထုဖြစ်ခြင်းဟူသော အကျိုးအဆက်ရရှိနိုင်သည်။
တစ်နည်း- တန်ဖိုးနည်းခြင်းစေသော အပ္ပ-ဂုဏ်ဖြင့် ရခြင်းကြောင့် ဝမ်းသာခြင်း,သုလဘဘဂုဏ်ဖြင့် မရခြင်းကြောင့် ဝမ်းမနည်းခြင်း, အနဝဇ္ဇဂုဏ်ဖြင့် ဝိပ္ပဋိသာရဖြစ်ကြောင်း အညာနုပေက္ခမဖြစ်နိုင်ဟူသော အကျိုးကိုသိရ၏။
သာမည ။ ။ ယတော ခေါ ဘိက္ခဝေ (လ) ဣဒမဿာဟံ ‘အညံတရံ သာမညင်္ဂ’န္တ ဝဒါမိ။ အပ္ပ သုလဘ အနဝဇ္ဇဂုဏ်နှင့် ပြည့်စုံသော ပစ္စည်းလေးပါးဖြင့် ရောင့်ရဲတင်းတိမ်သော ရဟန်းအား ထိုတင်းတိမ်ခြင်းကြောင့် စတုပါရိသုဒ္ဓိသီလနှင့်လည်း ပြည့်စုံသည်။ သမထ ဝိပဿနာ ဘာဝနာနှစ်ပါးနှင့်လည်း ပြည့်စုံနိုင်သည်။ ထို့ကြောင့် ဤတင်းတိမ်မှု သန္တောသကို သံဝရတရား ၄-ပါးတို့တွင် ကိလေသာငြိမ်းကြောင်း တစ်ခုသောအင်္ဂါရပ် တစ်ခုတည်းသော အကြောင်းဟု ဘုရားရှင်ဟောတော်မူသည်။
တစ်နည်းအားဖြင့် သမည-အရ အရိယာမဂ်ကို ကောက်လျှင် ထိုအရိယာမဂ်ဖြစ်ခြင်းကြောင့် သပ္ပုရိသူပနိဿယ, သဒ္ဓမ္မဿဝနဟူသော ဗာဟိရအင်္ဂါ၊ ယောနိသောမနသိကာရ ဓမ္မာနုဓမ္မပဋိပတ္တိ-ဟူသော အဇ္စျတ္တိကအင်္ဂါ ဤအင်္ဂါနှစ်ရပ်ပြည့်စုံရမည်။ ဓမ္မာနုဓမ္မပဋိပတ္တိအင်္ဂါ ပြည့်စုံဖို့ရန် အပ္ပိစ္ဆတာ သန္တုဋ္ဌိတာ ပဝိဝိတ္တတာ အသံသဋ္ဌ အာရဒ္ဓဝီရိယတာ-စသော အခြေခံအကြောင်းရှိမှ ဖြစ်မည်။ ထို့ကြောင့် အပ္ပိစ္ဆတာ သန္တုဋ္ဌိစသော မူလအခြေခံ အကြောင်းများအပါအဝင် ဗာဟိရအဇ္စျတ္တ အင်္ဂါနှစ်ရပ်ကို တစ်ခုတည်းသော “သာမညင်္ဂ’ဟူ၍ ဘုရားရှင် ဟောတော်မူသည်။ တုဋ္ဌဿ၊ တင်းတိမ်ရောင့်ရဲသော။
ဘိက္ခုနော၊ သည်။
တေ ဓမ္မာ၊ ထိုအလုံးစုံသော တရားတို့ကို။
**အဓိဂ္ဂဟိတာ**၊ သိမ်းကြုံးယူအပ်ကုန်ပြီ။
ဘိက္ခဝေ၊ တို့။ ဇာနတော၊ ဉာန်ဖြင့် သိသောသူအား။ ဝါ၊ ၏။ (အာသဝါနံ၌စပ်) ပဿတော၊ ဉာန်၏ အစွမ်းသတ္တိဖြင့် မြင်သောသူအား။ ဝါ၊ ၏။ အာသ-ဝါနံ၊ အာသဝေါတရားတို့၏။ ခယံ၊ ကုန်ကြောင်းဖြစ်သောမဂ်ကို။ အဟံ၊ ငါဘုရားသည်။ ဝဒါမိ၊ ဟောတော်မူ၏။ အဇာနတော၊ ဉာဏ်ဖြင့် မသိသော သူအား။ အပသတော၊ ဉာဏ်၏ အစွမ်းအားဖြင့် မမြင်သောသူအား။ နောဝဒါမိ၊ ဟောတော်မူသည်မဟုတ်။ (ဣန္ဒြိယသုတ္တေ ဣဓ စ မဂ္ဂေါ “အဿ-ဝက္ခ-ယော”တိ ဝုတ္တော။) ဉာန်,ဉာန်၏ အစွမ်းသတ္တိဖြင့် သိမြင်သော သူအားအရိယာမဂ်ကို ရနိုင်သည်ဟူလို။ ယထာ ဝုတ္တနယေနဝ ဇာနန္တဿ ပဿန္တဿ အဟံ အရိယာမဂ္ဂါဓိဂမံ ဝဒါမီတိ ဝုတ္တံ ဟောတိ။ (ဋ္ဌ၊ ၃၁၁)
တစ်နည်း-ဇာနတော၊ အနုဗောဓဉာန်ဖြင့် သိသောသူအား။ ဝါ၊ ၏။ ပဿ-တော၊ ပဋိဝေဓဉာန်ဖြင့် မြင်သော သူအား။ ဝါ၊ ၏။
တစ်နည်း- (အထက်ပါအနက်ကို ပြောင်းပြန် ပြန်လျှင်) ပဿတော၊ (အဋ္ဌင်္ဂိကမဂ်တည်းဟူသော) ဒဿနမဂ်ဖြင့် မြင်သောသူအား။ ဝါ၊ ၏။ ဇာနတော၊ ပဉ္စင်္ဂိမဂ်တည်းဟူသော ဘာဝနာဉာန်ဖြင့် သိသောသူအား။အဓိဂ္ဂဟိတာ ။ ။ “အဓိဂ္ဂဟိတာ ပဋိပက္ခဓမ္မံ အဘိဘဝိတွာ ဂဟိတာဟောန္တိ’ဟူသော ဋ္ဌ-အလို ဆန့်ကျင်ဘက်တရားတို့ကို လွှမ်းမိုး၍ ယူအပ်ကုန်ပြီ-ဟုပေး၊ လွှမ်းမိုးယူအပ်-ဟူသည် တင်းတိမ်ရောင့်ရဲသော ရဟန်း၏ အဇ္စျတ္တသန္တာန်၌ အပ္ပိ-စ္ဆတာ သန္တုဋ္ဌိတာစသော အကျင့်တရားတွေ တည်ရှိသွားခြင်းပင်တည်း။ ထို့ကြောင့် အဗ္ဘန္တရဂတာ န ဗာဟိရဂတာ-ဟု ထပ်မံဖွင့်ဆိုတော်မူသည်။ ဝါ၊ ၏။ အာသဝါနံ၊ တို့၏။ ခယံ၊ ကုန်ကြောင်းဖြစ်သော အရိယာမဂ်ကို။ အဟံ၊ သည်။ ဝဒါမိ၊ ၏။
တစ်နည်း- ဇာနတော၊ ပရိညာသုံးပါးဖြင့် သိသောသူအား။ ဝါ၊ ၏။ ပဿ-တော၊ (သိခါပတ္တ ဝိပဿနာ ဉာန်ဖြင့်) မြင်သောသူအား။ ဝါ၊ ၏။ (ကေစိအလို)
တစ်နည်း- ဇာနတော၊ ဒုက္ခကို ပိုင်းခြား၍ သိသောသူအား။ ဝါ၊ ၏။ ပဿ-တော၊ နိရောဓသစ္စာကို မျက်မှောက်ပြုသောအားဖြင့် မြင်သောသူအား။ ဝါ၊ ၏။ အာသဝါနံ၊ တို့၏။ ခယံ၊ ကုန်ကြောင်းဖြစ်သော အရိယာမဂ်ကို။ အဟံ၊ သည်။ ဝဒါမိ၊ ၏။ အဇာနတော၊ ဒုက္ခကို ပိုင်းခြား၍ မသိသောသူအား။ အပဿတော၊ နိရောဓသစ္စာကို မျက်မှောက်ပြုသောအားဖြင့် မမြင်သောသူအား။ အာသဝါနံ၊ တို့၏။ ခယံ၊ ကုန်ကြောင်းဖြစ်သော အရိယာမဂ်ကို။ အဟံ၊ သည်။ ဝဒါမိ၊ ၏။ အဇာနတော၊ ဒုက္ခကိုပိုင်းခြား၍ မသိသောသူအား။ အပဿတော၊ နိရောဓသစ္စာကို မျက်မှောက်ပြုသောအားဖြင့် မမြင်သောသူအား။ အာဿဝါနံ၊ တို့၏။ ခယံ၊ ကို။ နော ဝဒါမိ၊ ဟောတော်မူသည်မဟုတ်။ (ဒုက္ခနှင့် နိရောဓကို ပြသဖြင့် အကြောင်းသစ္စာနှစ်ပါးကိုလည်း ပဟာနာဘိ သမယ ဘာဝနာဘိသမယ- အားဖြင့် သိမြင်ခြင်းကို ဖလာနုမာနသိဒ္ဓိအားဖြင့်ပြီးသည်သာ။ ထို့ကြောင့် ဇာနတော ပဿတော-နှစ်ပုဒ်ဖြင့် စတုသစ္စာဘိသမယဟောတော်မူအပ်၏။)
ဘိက္ခဝေ၊ တို့။ ဣဒံ ဒုက္ခန္တိ၊ ဤကား ဒုက္ခဟု။ ဇာနတော၊ အားသာ။ ဝါ၊ ၏သာ။ ပဿတော၊ မြင်သောသူအားသာ။ ဝါ၊ မြင်သောသူ၏သာ။ အာသဝါနံ၊ တို့၏။
ဇာနတော။ ။ ဤ၌ ဇာနတော-အရ သိခြင်းဇာနနသည် သစ္စာလေးပါးကို သိခြင်းဇာနန,ရဟန်းများနှင့်လျော်သော သင်္ကန်းချုပ်ခြင်း ဆိုးခြင်းစသည်၌ တတ်သိနားလည်ခြင်း ဇာနန၊ ရဟန်းများနှင့်မလျော်သော ဆေးကုခြင်းစသည်၌ တတ်သိခြင်း ဇာနနဟု အမျိုးမျိုးရှိ၏။ ထိုတွင် ကိဉ္စ-ဝယ် ‘အဝဓာရဏတ္ထ စ’၏ ဂဟေတဗ္ဗ-ကား သစ္စာလေးပါးကို သိခြင်းတည်း။ ဝတ္ထာသီသ- အားဖြင့် သင်္ကန်းချုပ် ဆိုခြင်း၌ တတ်သိမှုဇာနနသည် အနုညာတတ္ထ-တည်း။ ဆေးကုခြင်း၌ တတ်သိခြင်း ဇာနနကား ဆဋ္ဋေ-တဗ္ဗတ္ထတည်း။ ခယော၊ ကုန်ကြောင်းအရိယာမဂ်သည်။ ဟောတိ၊ ၏။
တတော၊ ထိုနောက်၌။ အညာ- အညာယ၊ အရဟတ္တဖိုလ်ဖြင့်။ ဝိမုတ္တဿ၊ ကိလေသာမှ လွတ်မြောက်ပြီးသော သူ၏။ ဥတ္တမံ၊ မြတ်သော။ (အကြောင်းအာရုံနိဗ္ဗာန်က မြတ်သောကြောင့် အကျိုးပစ္စဝေက္ခဏာဉာန်လည်းမြတ်တော့ သည်သာ။ ထို့ကြောင့် “ဥတ္တမံ” ဟုဝိသေသနပြုသည်။) ဝိမုတ္တိဉာနံ၊ နိဗ္ဗာနပစ္စဝေက္ခဏာဉာန် ဖလပစ္စဝေက္ခဏာ ဉာန်သည်။ ဥပ္ပဇ္ဇတိ၊ ၏။ ခယေဉာနံ၊ အရဟတ္တမဂ္ဂပစ္စဝေက္ခဏာဉာန်သည်။ ဥပ္ပဇ္ဇတိ၊ ၏။ သံယောဇနာ၊ ကိလေသာ သံယောဇဉ်တို့သည်။ ခီဏာတိ၊ ကုန်ပြီဟူသော။ ဉာနံ၊ ပဟီန-ကိလေသ ပစ္စဝေက္ခဏာဉာန်သည်။ ဥပ္ပဇ္ဇတိ၊ ၏။ (ဤဂါထာဖြင့် နိဗ္ဗာနပစ္စဝေက္ခဏာ ဖလပစ္စဝေက္ခဏာ မဂ္ဂပစ္စဝေက္ခဏာ ပဟီနကိလေသပစ္စဝေက္ခဏာ-လေးမျိုးကိုပြသည်။ အရဟတ္တဖလာဓိဂမ- အရာဖြစ်၍ အဝသိဋ္ဌကိလေသပစ္စဝေက္ခဏာ-မလို။)
(အဓိပ္ပါယ်ပေါ်လွင်အောင် ယောဇနာလိုက်သည်။ ပေးရိုးအတိုင်း အနက်ယောဇနာသော်- ခယေ၊ အာသဝ သံယောဇဉ်တို့၏ ကုန်ကြောင်း ဖြစ်သော အရဟတ္တမဂ်၊ ကုန်ခြင်းကိုပြုတတ်သော အရဟတ္တမဂ်၌။ ဉာနံ၊ ပစ္စဝေ-က္ခဏာဉာန်သည်။ ဥပ္ပဇ္ဇတိ၊ ၏။ သံယောဇနာ၊ တို့သည်။ ခီဏာတိ၊ ကုန်ပြီဟူသော။ ဉာနံ၊ ပဟီနကိလေဿာဉာန်သည်။ ဥပ္ပဇ္ဇတိ၊ ၏-ဟု ပေးရာ၏။)
ဘိက္ခဝေ၊ တို့။ ကေစိ၊ အချို့ကုန်သော။ ယေ သမဏာ ဝါ၊ အကြင်သမဏတို့သည်လည်းကောင်း။ ယေ ဗြဟ္မဏာ ဝါ၊ အကြင်ဗြဟ္မာဏတို့သည် လည်းကောင်း။ ‘ဣဒံ ဒုက္ခ’န္တိ’၊ ဤကား ဒုက္ခဟု။ ယထာဘူတံ၊ ဟုတ်တိုင်းမှန်စွာ။ န ပဇာနန္တိ၊ ဝိပဿနာဉာန်နှင့်တကွ မဂ်ဉာန်ဖြင့် ထိုးထွင်း၍ မသိကြကုန်။ ‘အယံ ဒုက္ခသမုဒယော’တိ၊ ဤကား ဒုက္ခဖြစ်ခြင်းအကြောင်းဟု။ ယထာဘူတံ၊ စွာ။ န ပဇာန္တိ၊ ဝိပဿနာဉာန်နှင့်တကွ မဂ်ဉာန်ဖြင့် ထိုးထွင်း၍ မသိကြကုန်။ အယံ ဒုက္ခသမုဒယော’တိ၊ ဤကား ဒုက္ခဖြစ်ခြင်းအကြောင်းဟု။ ယထာဘူတံ၊ စွာ။ န ပဇာနန္တိ၊ မသိကြကုန်။ အယံ ဒုက္ခနိရောဓဂါမိနီပဋိပဒါတိ၊ ဤကားဒုက္ခခပ်သိမ်းချုပ်ငြိမ်းရာ နိဗ္ဗာန်သို့ ရောက်ကြောင်းအကျင့်ဟု။ ယထာဘူတံ၊ ဟုတ်တိုင်းမှန်စွာ။ န ပဇာနန္တိ၊ ဝိပဿနာဉာန်နှင့်တကွ မဂ်ဉာန်ဖြင့် ထိုးထွင်း၍ မသိကြကုန်။
ဘိက္ခဝေ၊ တို့။ မေ၊ ငါဘုရားသည်။ တေ သမဏာ ဝါ၊ ထိုသမဏတို့ကိုလည်းကောင်း။ တေ ဗြဟ္မာဏာ ဝါ၊ ထိုဗြဟ္မဏတို့ကိုလည်းကောင်း။ သမ-ဏေသု၊ ငြှိမ်းအပ်ပြီးသောကိလေသာရှိသူတို့၏။ ဝါ၊ ငြိမ်းပြီးသော ကိလေသာရှိသူတို့၌။ န သမဏသမ္မတာ၊ အပါအဝင်ဖြစ်သောသမဏဟု အသိအမှတ်မပြုအပ်ကုန်။ ဗြာဟ္မဏေသု၊ မြှောအပ်ပြီးသော ကိလေသာရှိသူတို့၌။ ဝါ၊ ကိလေသာမျောပြီးသူတို့၌။ န ဗြာဟ္မဏသမ္မတာ၊ အပါအဝင်ဖြစ်သော ဗြဟ္မဏဟု အသိအမှတ် မပြုအပ်ကုန်။
ဧတေ အာယသ္မန္တော၊ ဤအရှင်တို့သည်။ **သာမညတ္ထံ** ဝါ၊ ကိလေသာငြိမ်းသူဖြစ်ကြောင်း အရဟတ္တဖိုလ်ဟူသော အကျိုးကိုလည်းကောင်း။ ဗြဟ္မ-ညတ္ထံ၊ ကိလေသာမျောပြီးသူဖြစ်ကြောင်း အရဟတ္တဖိုလ်ဟူသော အကျိုးကိုလည်းကောင်း။ ဒိဋ္ဌေဝ ဓမ္မေ၊ ပစ္စုပ္ပန်မျက်မှောက်ဘဝ၌ပင်။ သယံ၊ ကိုယ်တိုင်။ အဘိညာ၊ ထူးသော ဉာန်ဖြင့်။ သစ္ဆိကတွာ၊ မျက်မှောက်ပြ၍။ ဥပသမ္ပဇ္ဇ၊ ရောက်၍။ ဝါ၊ ပြည့်စုံစေ၍။ န ဝိဟရန္တိ၊ နေသူတို့ မဟုတ်ကုန်။
ဘိက္ခဝေ၊ တို့။
ကေစိ၊ အချို့ကုန်သော။
ယေ စ ခေါ သမဏာ ဝါ၊ အကြင်သမဏတို့သည်လည်းကောင်း။
ယေ စ ခေါ ဗြာဟ္မဏာ ဝါ၊ အကြင်ဗြဟ္မဏတို့သည်လည်းကောင်း။
ဣဒံ ဒုက္ခန္တိ၊ ဤကား ဒုက္ခဟု။
ယထာဘူတံ၊ ဟုတ်တိုင်းမှန်စွာ။
ပဇာနန္တိ၊ သိကြကုန်၏။
အယံ ဒုက္ခသမုဒယောတိ၊ ဤကားဒုက္ခဖြစ်ကြောင်းဟု။
ယထာဘူတံ၊ စွာ။
ပဇာနန္တိ၊ ကုန်၏။
အယံ ဒုက္ခနိရော-ဓောတိ၊ ဤကား ဒုက္ခချုပ်ခြင်းနိဗ္ဗာန်ဟု။
ယထာဘူတံ၊ စွာ။
ပဇာနန္တိ၊ ကုန်၏။
အယံ ဒုက္ခနိရောဂါမိနီပဋပဒါတိ၊ ဤကား ဒုက္ခချုပ်ခြင်းသို့ ရောက်စေတတ်သော။
ဝါ၊ ချုပ်ခြင်းကို ဖြစ်စေ တတ်သော အကျင့်ဟု။
ယထာဘူတံ၊ စွာ။
ပဇာနန္တိ၊ ကုန်၏။**သာမညတ္ထ**။ ။ ကိလေသေ သမိံသူတိ သမဏာ၊ ရဟန္တာ ရ၏။ သမဏာနံ+ ဘာဝေါ၊ သမညံ။ ကိလေသာငြိမ်းသူဖြစ်ခြင်း၏ အကြောင်းတရား ရ၏။ သာမည-သင်္ခါတံ+အတ္ထံ= သာမညတ္ထံ။ ကိလေသာငြိမ်းသူဖြစ်ကြောင်းတရားဟူသည် တခြားမဟုတ်၊ ဖိုလ်လေးပါးတည်း။ ထို့ကြောင့် သာမညတ္ထံ- အရ ဖိုလ်လေးပါးကို ကောက်အပ်၏။ သစ္စာလေးပါးကို ထိုးထွင်း၍ မသိသူတို့သည် သမညတ္ထကို ရသူ သာမညတ္ထ-သို့ရောက်သူ ပြည့်စုံစေသူတို့ မဟုတ် ဟူလို။ ထို့ကြောင့် ဘုရားရှင်က သမဏ-ဟု အသိ အမှတ်မပြု။ ပဗ္ဗဇ္ဇာမတ္တသမဏ-ဟု ဆိုလိုသည်။
ကိလေသေ ဝါဟေသုန္တိ ဗြဟ္မာဏ ၊ ရဟန္တာ ကောက်။ ဗြဟ္မဏာ၊ ရဟန္တာ ကောက်။ ဗြာဟ္မဏာနံ+ဘာဝေါ၊ ဗြဟ္မညံ၊ ဗြဟ္မဏဖြစ်ခြင်း အကြောင်းတရား ကောက်။ ထိုဖြစ်ကြောင်းတရားသည် ဖိုလ်လေးပါးပင်ဖြစ်သောကြောင့် ဗြဟ္မညသင်္ခါတံ+ အတ္ထံ= ဗြဟ္မညတ္ထံ-ဟု ကမ္မဓာ-ရဲတွဲ။ ကိလေသာတို့ကို မျောပြီးသူဖြစ်ကြောင်း ဖိုလ်လေးပါးတို့ မျက်မှောက်မပြုရသေး မပြည့်စုံသေးလျှင် ၎င်းတို့ကို ဗြာဟ္မဏစာရင်း မသွင်းနိုင်။ သာမန်ဇာတိဗြဟ္မဏသာ ဖြစ်နိုင်သည် ဟူလို။
ဘိက္ခဝေ၊ တို့။ မေ၊ ငါဘုရားသည်။ တေ သမဏာ ဝါ၊ ထိုသမဏတို့ကိုလည်းကောင်း။ တေ ဗြဟ္မဏာ ဝါ၊ ထိုဗြဟ္မဏတို့ကိုလည်းကောင်း။ သမ-ဏေသု စ၊ ငြှိမ်းအပ်ပြီးသောမကောင်းသောမှုရှိသူ။ ဝါ၊ မကောင်းမှုတို့ကို ငြိမ်းပြီးသူတို့၌လည်း။ သမဏသမ္မတာ၊ အပါအဝင်သမဏတို့ဟူ၍ သမုတ်အပ်ကုန်ပြီ။ ဗြာဟ္မဏေသု စ၊ အပပြုအပ်ပြီးသော မကောင်းမှုရှိသူ-ဝါ-မကောင်းမှုတို့ကိုမျှောပြီးသူတို့၌လည်း။ ဗြဟ္မဏသမ္မတာ၊ အပါအဝင်ဗြဟ္မဏတို့ဟူ၍ သမုတ်အပ်ကုန်ပြီ။ စ၊ ဆက်၍ဆိုဦးအံ့။ တေ ပန အာယသ္မန္တော၊ ထိုအရှင်တို့သည်ကား။ သာမညတ္ထဉ္စ၊ မကောင်းမှုငြိမ်းပြီးသူဖြစ်ကြောင်း အရဟတ္တဖိုလ်တည်းဟူသော အကျိုးကိုလည်းကောင်း။ ဗြဟ္မညတ္တဉ္စ၊ မကောင်းမှုတို့ကိုမျှောပြီးသူဖြစ်ကြောင်း အကျိုးအရဟတ္တဖိုလ်တရားကိုလည်းကောင်း။ ဒိဋ္ဌေဝဓမ္မေ၊ မျက်ဝါးထင်ထင် တွေ့မြင်အပ်သော ပစ္စုပ္ပန်ဘဝ၌ပင်။ သယံ၊ ကိုယ်တိုင်။ အဘိညာ၊ ထူးသောဉာန်ဖြင့်။ သိစ္ဆကတွာ၊ မျက်မှောက်ပြု၍။ ဥပသမ္ပဇ္ဇ၊ ရောက်၍။ ဝါ၊ ပြည့်စုံစေ၍။ ဝိဟရန္တိ၊ နေကြကုန်၏။
ဘိက္ခဝေ၊ တို့။ ယေ တေ ဘိက္ခူ၊ အကြင်ရဟန်းတို့သည်။ သီလသမ္ပန္နာ၊ သီလနှင့် ပြည့်စုံကုန်၏။ သမာဓိသမ္ပန္နာ၊ သမာဓိနှင့် ပြည့်စုံကုန်၏။ ပညာသမ္ပန္နာ၊ ပညာနှင့် ပြည့်စုံကုန်၏။ ဝိမုတ္တိသမ္ပန္နာ၊ (ကိလေသာတို့မှလွတ်မြောက်သော) အရဟတ္တဖိုလ်နှင့် ပြည့်စုံကုန်၏။ ဝိမုတ္တိဉာနဒဿနာသမ္ပန္နာ၊ ကိလေသာတို့မှ လွတ်မြောက်သော အရဟတ္တတဖိုလ်ကို သိမြင်သော ပေစ္စဝေက္ခဏာဉာန်နှင့် ပြည့်စုံကုန်၏။
ဩဝါဒကာ၊ (ပစ္စုပ္ပန်တမလွန် နှစ်တန်သောအကျိုးတို့ဖြင့်) ဆုံးမတတ်ကုန်၏။ ဝိညာပကာ၊ ကံ ကံ၏အကျိုးကို သိစေတတ်ကုန်၏။ ဝါ၊ (ကုသိုလ် အကုသိုလ်ခန္ဓာ အာယတန သာမညဝိသေသလက္ခဏာဟူသော) အထူးထူးသော နည်းတို့ဖြင့် ဓမ္မတို့ကို သိစေတတ်ကုန်၏။ (ဝိဝိဓေဟိ နယေတိ ဓမ္မာနံ ဉာပကာ။ ဋ္ဌ။) သန္ဒဿကာ၊ လက်ဖြင့် ကိုင်ပြသကဲ့သို့ ပြတတ်ကုန်၏။ သမာဒပကာ၊ မဆောက်တည်ရသေးသော သီလတို့ကို ဆောက်တည်စေတတ်ကုန်၏။ သမုတ္တေဇကာ၊ စိတ်ကို ကောင်းစွာ ထက်သန်စေတတ်ကုန်၏။ သမ္ပဟံသကာ၊ စိတ်ကို ကောင်းစွာ ရွှင်လန်းစေတတ်ကုန်၏။ သဒ္ဓမ္မဿ၊ သူတော်ကောင်းစိတ်ကို ကောင်းစွာ ရွှင်လန်းစေတတ်ကုန်၏။ သဒ္ဓမ္မဿ၊ သူတော်ကောင်းတရားကို။ အလံ သမက္ခာတာရော၊ စွမ်းစွမ်းတမံ ကောင်းစွာပြောပြတတ်ကုန်၏။
ဘိက္ခဝေ၊ တို့။ တေ သံ ဘိက္ခူနံ၊ ထိုရဟန်းတို့ကို။ ဒဿနမ္ပိ၊ ဖူးမြင်ရရုံမျှကိုလည်း။ ဗဟုပကာရံ၊ များသောကျေးဇူးရှိ၏ဟူ၍။ ဝါ၊ ကျေးဇူးများ၏ဟူ၍။ အဟံ၊ ငါဘုရားသည်။ ဝဒါမိ၊ မိန့်တော်မူ၏။ ဘိက္ခဝေ၊ တို့။ တေသံ ဘိက္ခူနံ၊ ထိုရဟန်းတို့ကို။ သဝနမ္ပိ၊ ကြားရုံမျှကိုလည်း။ ဗဟုပကာရံ၊ ကျေးဇူးများ၏ဟူ၍။ အဟံ၊ ငါဘုရားသည်။ ဝဒါမိ၊ မိန့်တော်မူ၏။ ဘိက္ခဝေ၊ တို့။ တေသံ ဘိက္ခူနံ၊ ထိုရဟန်းတို့ကို။ သဝနမ္ပိ၊ ကြားရုံမျှကိုလည်း။ ဗဟုပကာရံ၊ ကျေးဇူးများ၏ဟူ၍။ အဟံ၊ ငါဘုရားသည်။ ဝဒါမိ၊ မိန့်တော်မူ၏။ ဘိက္ခဝေ၊ တို့။ တေ သံ ဘိက္ခူနံ၊ တို့ကို။ ဥပသင်္ကမနမ္ပိ၊ (လှူမည် ဒါန်းမည် ဝတ်ပြုမည် မေးမြန်းမည်ဟူသောစိတ်ဖြင့်) ချည်းကပ်ခြင်းကိုမျှလည်း။ ဗဟုပကာရံ၊ ဟူ၍။ အဟံ၊ ငါသည်။ ဝဒါမိ၊ ၏။ ဘိက္ခဝေ၊ တို့။ တေသံ ဘိက္ခူနံ၊ တို့ကို။ ပယိရူပါသနမ္ပိ၊ (ချဉ်းကပ်ကာလှူဒါန်း ဝတ်ပြု၍ ကုသိုလ်ဟူသည် အဘယ်နည်း စသည်ဖြင့် ) မေးမြန်းသော အားဖြင့် ဆည်းကပ်ခြင်းကိုမျှလည်း။ ဗဟုပကာရံ၊ ဟူ၍။ အဟံ၊ သည်။ ဝဒါမိ၊ ၏။ (ဝေယျာဝစ္စာဒိ ကရဏံ ပယိရူပါသနမေဝံ ဟူသော ဋ္ဌ-နှင့်အညီ ထိုရဟန်းတို့၏ ဝေယျာဝစ္စပြုလုပ်ခြင်းသည်လည်း ပယိရူပါသနပင်တည်း)။
ဘိက္ခဝေ၊ တို့။ တေသံ ဘိက္ခုနံ၊ တို့၏။ အနုဿရဏမ္ပိ၊ ထူးခြားသောဂုဏ်ကို အဖန်ဖန်သတိရခြင်းကိုမျှလည်း။ ဗဟူပကာရံ၊ ဟူ၍။ အဟံ၊ ငါသည်။ ဝဒါမိ၊ ၏။ ဘိက္ခဝေ၊ တို့။ တေသံ ဘိက္ခုနံ၊ ထိုရဟန်းတို့၏ အထံ၌။ အနုပဗ္ဗဇ္ဇမ္ပိ၊ အတုလိုက်၍ ရဟန်းပြုခြင်းမျှကိုလည်း။ ဗဟူပကာရံ၊ ဟူ၍။ အဟံ၊ ငါသည်။ ဝဒါမိ၊ ၏။
ဘိက္ခဝေ၊ တို့။ တထာရူပေ၊ ထိုသို့သဘောရှိကုန်သော။ ဘိက္ခူ၊ အရိယာရဟန်းတို့ကို။ **သေဝတော**၊ မှီဝဲသော။ **ဘဇတော**၊ ဆည်းကပ်သော။ ပယိရူပါသနတော၊ ချဉ်းကပ်သောသူ၏။ (သီလက္ခန္ဓောစသည်၌စပ်) အပရိပူရော၊ မပြည့်စုံသော။ သီလက္ခန္ဓောပိ၊ သီလအစုသည်လည်း။ ဘာဝနာပါရိပူရိံ၊ တိုးပွားပြည့်စုံခြင်းသို့။ ဂစ္ဆတိ၊ ရောက်၏။ အပရိပူရော၊ မပြည့်စုံသော။ သမာဓိက္ခန္ဓောပိ၊ သမာဓိအစုသည်လည်း။ ဘာဝနာပါရိပူရိံ၊ တိုးပွားပြည့်စုံခြင်းသို့။ ဂစ္ဆတိ၊ ရောက်၏။
သေဝန ဘဇန ။ ။ အရိယဒဿန သဝန-စသည်၏ ဗဟုပကာရဖြစ်ခြင်းအကြောင်းကိုပြလို၍ "တထာရူပေ ဘိက္ခဝေ ဘိက္ခု"စသော ဝါကျကိုမိန့်တော်မူသည်။ ယင်းသို့ ဒဿန သဝန စသည်တို့၏ ဗဟုပကာရ-ဖြစ်ကြောင်းပြသော်လည်း ဒဿန သဝန အနုဿရဏ-တို့ကို ချန်လှပ်၍ သေဝန ဘဇန-စသည်တို့ကိုသာထိုဝါကျ၌တွေ့ရသည်။ အဘယ်ကြောင့် နည်းဟု မေးဖွယ်ရှိ၏။ ဒဿန သဝနအနုဿရဏတို့သည် ဥပသင်္ကမန ပယိရူပါသနပြုကာ မေးမြန်းခြင်း ဝေယျဝစ္စပြုခြင်း အကျိုးတို့ကို ဖြစ်ပေါ်စေကုန်၏။ ထိုမေးမြန်းချဉ်းကပ်ခြင်းကြောင့် ရရှိအပ်သော သဝနာနုတ္တရိယသည် မပြည့်သေးသော သီလ-စသည်တို့ ပြည့်စုံစေခြင်းဟသော ဗဟုပကာရများစွာ ဖြစ်ပေါ်စေသည်။ ဤအကြောင်းအကျိုး အဆက်အစပ်ကို ကြည့်လျှင် "ဒဿန သဝန အနုဿရဏ"တို့သည် အကြောင်း၏ အကြောင်းမျှသာ ဖြစ်၍ အဓိကမဟုတ်တော့ပေ။ ထို့ကြောင့် ဗဟုပကာရ-ဖြစ်ခြင်းအကြောင်းကိုပြသော ဝါကျ၌ ဒဿန-စသည် အပါတော့ဘဲ 'သေဝတော ဘဇတော ပယိရူ- ပါသနတော' တို့သာ ပါဝင်တော့သည်ဟူလို။
ဝတ်ကြီိး ဝတ်ငယ်ပြုခြင်း၏ အစွမ်းဖြင့် မှီဝဲခြင်းသည် 'သေဝန'၊ ချစ်မြတ်နိုးသည်၏ အစွမ်းဖြင့် ဆည်းကပ်ခြင်းသည် 'ဘဇန'၊ ပြဿနာကို မေးမြန်းခြင်း ပဋိပတ်ကို အတုလိုက်၍ကျင့်ခြင်း အစွမ်းအားဖြင့် ဆည်းကပ်ခြင်းသည် 'ပယိရူပါသန' မည်၏။ အပရိပူရော၊ သော။
ပညက္ခန္ဓောပိ၊ ပညာအစုသည်လည်း။
ဘာဝနာပါရိပူရိံ၊ သို့။
ဂစ္ဆတိ၊ ၏။
အပရိပူရော၊ သော။
ဝိမုတ္တိက္ခန္ဓောပိ၊ ကိလေသာမှ လွတ်မြောက်သော အရဟတ္တဖိုလ်အစုသည်လည်း။
ဘာဝနာပါရိပူရိံ၊ သို့။
ဂစ္ဆတိ၊ ၏။
အပရိပူရော၊ သော။
ဝိမုတ္တိဉာနဒဿနက္ခန္ဓောပိ၊ ကိလေသာတို့မှလွတ်မြောက်သော အရဟတ္တဖိုလ် ပေစ္စဝေက္ခဏဉာန်အမြင်အစုသည်လည်း။
ဘာဝနာပါရိပူရိံ၊ သို့။
ဂစ္ဆတိ၊ ၏။
ဘိက္ခဝေ၊ တို့။ စီဝရဟေတု ဝါ၊ သင်္ကန်းဟူသောအကြောင်း ကြောင့်မူလည်း။ ဘိက္ခုနော၊ ရဟန်း၏သန္တာန်၌။ ဥပ္ပဇ္ဇမာနာ၊ ဖြစ်လေ့ရှိသော။ တဏှာ၊ တဏှာသည်။ ဥပ္ပဇ္ဇတိ၊ ၏။ ဘိက္ခဝေ၊ တို့။ ပိဏ္ဍပါတဟေတု ဝါ၊ ဆွမ်းဟူသော အကြောင်းကြောင့်မူလည်း။ ဘိက္ခုနော၊ ရဟန်း၏ သန္တာန်၌။ ဥပ္ပဇ္ဇမာနာ၊ ဖြစ်လေ့ရှိသော။ တဏှာ၊ တဏှာသည်။ ဥပ္ပဇ္ဇတိ၊ ၏။ ဘိက္ခဝေ၊ တို့။ သေနာသနဟေတု ဝါ၊ ကျောင်း အိပ်ရာနေရာဟူသော အကြင်ကြောင့်မူလည်း။ ဘိက္ခုနော၊ ရဟန်း၏ သန္တာန်၌။ ဥပ္ပဇ္ဇ-မာနာ၊ ဖြစ်လေ့ရှိသော။ တဏှာ၊ တဏှာသည်။ ဥပ္ပဇ္ဇတိ၊ ၏။ ဘိက္ခဝေ၊ တို့။ ဣတိ၊ ဤသင်္ကန်းစသည်ကြောင့် တဏှာ ဖြစ်တတ်သည့် နည်းတူ။ **ဘဝါ-ဘဝဟေတု** ဝါ၊ ကောင်းမွန်သည်ထက် ကောင်းမွန်သော ထောပတ်ဆီးဦးစသော ဆေးပစ္စည်းကြောင့်မူလည်း။
ဘဝါဘဝဟေတု ။ ။ ဘဝါဘဝနိစေတ္ထ ပဏီတပဏီတာနိ သပ္ပနဝနီတာဒီနိပိ အဓိပ္ပေတာနိ၊ ဘဝတိ အာရောဂျံ ဧတေနာတိ ကတွာဟူသည့်နှင့်အညီ အထက်ပါအတိုင်း ယောဇနာသည်။ အကယ်၍ သမ္မတ္တိဘဝေသု ပဏီတပ္ပဏီတကရော ဘဝါ-ဘဝါတိပိ ဝဒန္တိ-ဟူသော ဝဒန္တိဝါဒနှင့် အညီပေးမူ “ဣတိ၊ ဤသင်္ကန်းစသည် ကြောင့် တဏှာဖြစ်သည့်နည်းတူ။ ဘဝါဘဝဟေတု ဝါ၊ ပဏီတဖြစ်သော စည်းစိမ်ဥစ္စာ ဂုဏ်သိရ်အာဏာ ပါဝါ၊ ပဏီတတရ ဖြစ်သော စည်းစိမ်ဥစ္စာ ဂုဏ်သိရ် အာဏာ ပါဝါ-ဟူသော အကြောင်းကြောင့်လည်း။ ဥပ္ပဇ္ဇမာနာ၊ ဖြစ်လေ့ရှိသော။ တဏှာ၊ သည်။ ဥပ္ပဇ္ဇတိ၊ ၏”ဟု ပေးရာ၏။ ဘိက္ခုနော၊ ရဟန်း၏ သန္တာန်၌။ ဥပ္ပဇ္ဇမာနာ၊ ဖြစ်လေ့ရှိသော။ တဏှာ၊ တဏှာသည်။ ဥပ္ပဇ္ဇတိ၊ ၏။
ဘိက္ခဝေ၊ တို့။ စတ္တာရော၊ လေးပါးကုန်သော။ တဏှုပ္ပါဒါ၊ တဏှာဖြစ်ခြင်းအကြောင်းတို့သည်။ ဣမေ ခေါ၊ ဤသည်တို့ပင်တည်း။ ယတ္ထ၊ ယင်းသင်္ကန်းစသောအကြောင်းတို့ကြောင့်။ ဘိက္ခုနော၊ ၏။ တဏှာ၊ တဏှာသည်။ ဥပ္ပဇ္ဇ-မာနော၊ ဖြစ်တတ်သည်ဖြစ်၍။ ဝါ၊ ဖြစ်လေ့ရှိသည်ဖြစ်၍။ ဥပ္ပဇ္ဇတိ၊ ဖြစ်၏။ (ဘိက္ခုနော၊ ၏သန္တာန်၌ဟု မပေးဘဲ တဏှာ၌ စပ်ရန် ဘိက္ခုနော-၏ ဟုသော်လည်း ပေးလေ။)
ဣတ္ထဘာဝ ။ ။ ဒွန်သမာသ်အခိုက် ဣတ္ထဘာဝအရ ဤလူ့အဖြစ် လူဘဝကောက်၍ အညထာဘဝ-အရ အခြားသော သတ္တဝါအဖြစ် အခြားသတ္တဝါ၏ ဘဝကောက်။ ဗဟုဗ္ဗီဟိ-အခိုက် ခန္ဓာအာယတန-တို့၏ မပြတ်ဖြစ်ခြင်း အစဉ်ဟူသော သံသရာကို ကောက်လေ။ တစ်နည်း-ဣတ္ထဘာဝ-အရ သတွာ-အားလုံးတို့၏ ပစ္စုပ္ပန်အတ္တဘော၊ ဝါ-ဘဝကိုကောက်၍ အညထာဘာဝ- အရ အဆိုပါသတွာ-တို့၏အနာဂတ် အတ္တဘော ဝါ- အနာဂတ်ဘဝကို ကောက်လေ။ တစ်ညန်း -ဣတ္ထဘာဝ-အရ ဤလက်ရှိပုံစံ အတ္တဘော-ဖြစ်စေ အခြားပုံစံ အတ္တဘော-ဖြစ်စေ နှစ်မျိုးလုံးကိုအရကောက်။ အညထာဘာဝအရ ဤလက်ရှိ ပုံစံအတ္တဘော-မှ တစ်ပါတစ်ခြားဖြစ်သော ပုံစံအတ္တဘောကိုသာ အရကောက်လေ။ ဗဟုဗ္ဗီဟိ- အခိုက်၌ကား ခန္ဓာအာယတန-တို့ မပြတ်ဖြစ်ခြင်း အစည်ဟူသော သံသရာချည်း ကောက်လေ။
မာတာပိတူသု၊ မိဘတို့၌။ တာယပါရိပူရိယာယ၊ ထိုလုပ်ကျွေးခြင်းကြောင့်။ ပဏ္ဍိတာ၊ ပညာရှိတို့သည်။ နံ၊ ထိုလုပ်ကျွေးပြုစုသူကို။ ဣဓေဝ၊ ဤလက်ရှိဘဝ၌ပင်။ ပသံသန္တိ၊ ချီးကျူးကြကုန်၏။ (တယာ နံ၌ နံအနက်မဲ့) သော၊ ထိုလုပ်ကျွေးပြုစုသူသည်။ (ထည့်) ပေစ္စ၊ တမလွန်ဘဝသို့ ရောက်၍။ ဝါ၊ တမလွန်ဘဝဟူသော။ သဂ္ဂေ၊ နတ်ပြည်၌။ ပမောဒတိ၊ ဝမ်းမြောက်ရ၏။ (ပေစ္စာတိ ပရလောကံ ဂန္တွ သဂ္ဂေ ဌိတော မာတာမိတုပဋ္ဌာကော ဒိဗ္ဗသမ္ပတ္တီဟိ မောဒတိ ပမောဒတိ အဘိနန္ဒတီတိ။) (ဋ္ဌ၊ ၃၂၂)
(မာတာပိတူသု၊ တို့၌။ တာယ ပါရိစရိယာယ၊ ကျွေးမွေးမပျက် ဆောင်ရွက်စီမံ မွေခံထိုက်စေ လှူမျှဝေ၍ စောင့်လေမျိုးနွယ် ဝတ်ငါးသွယ် ထိုပြုစုခြင်းဖြင့်။ ဝါ၊ ထို့ကြောင့်။ ပဏ္ဍိတာ၊ တို့သည်။ ဣဓေဝ၊ ၌ပင်လျှင်။ ပသံသန္တိ၊ ချီးကျူးကြကုန်၏ဟု တစ်နည်းပေးလေ။)
ဘိက္ခဝေ၊ တို့။ ယေ၊ အကြင်သူတိူ့သည်။ ဝေါ၊ သင်တို့အား။ စီဝရပိဏ္ဍပါတ-သေသနာသနာနဂိလာနပစ္စယယေသဇ္ဇပရိက္ခာရေဟိ၊ သင်္ကန်း ဆွမ်း ကျောင်းသူနာ၏ အထောက်အပံ့ အသက်၏ အရံကာဆေးတည်းဟူသော အသုံးအဆောင်တိုဖြင့်။ ပစ္စပဋ္ဌိတာ၊ ရှေးရှုအနီး၌ ကပ်တည်ရှိကြကုန်၏။ (သဒ္ဒတ္ထ)ဝါ၊ လုပ်ကျွေးပြုစုကြကုန်၏။ တေ **ဗြဟ္မဏဂဟပတိကာ**၊ ထိုဗြဟ္မဏနှင့် အိမ်ရှာင်လူဝတ်ကြောင်တို့သည်။**ဗြဟ္မဏပဟပတိကာ။ ။ တောအုံကနား၌ အိမ်ရာမထောင်ပဲ တရားကျင့်သူတို့သည် ဗြဟ္မဏမည်၏။ အိမ်ရာထောင်၍ အိုးအိမ် အုပ်ချုပ်ကာနေသော အိမ်ရှင်လူဝတ်ကြောင်တို့သည် ဂဟပတိ-မည်၏။ “ဌပေတွာ ဗြဟ္မဏေ ကေစိ အဂါရံ အဇ္စျာဝသန္တာ ဣဓ ဂပတိကာတိ ဝေဒိတဗ္ဗာ။ (ဋ္ဌ၊ ၃၂၂) တုမှာကံ၊ သင်တို့အား။ ဗဟုကာရာ၊ များသောကျေးဇူးရှိကုန်၏။
ယေ တုမှေ၊ အကြင်သင်တို့သည်။ နေသံ၊ ထိုဗြဟ္မဏဂပတိတို့အား။ **အာဒိကလျာဏံ**၊ အစ၌ကောင်းဖြင်းရှိသော။ မဇ္စျေကလျာဏံ၊ အလယ်၌ကောင်းခြင်းရှိသော။ ပရိယောသာနကလျာဏံ၊ အဆုံး၌ကောင်းခြင်းရှိသော။ သာတ္ထံ၊ အနက်နှင့် ပြည့်စုံသော။ သဗျဉ္ဇဇနံ၊ သဒ္ဒါနှင့်ပြည့်စုံသော။ ကေဝလ-ပရိပုဏ္ဏံ၊ ထက်ဝန်းကျင် ပြည့်စုံသော။ ဓမ္မံ၊ တရားကို။ ဒေသထ၊ ဟောကုန်ရာ၏။ ပရိသုဒ္ဓံ၊ ထက်ဝန်းကျင် စင်ကြယ်သော။ (ဗြဟ္မစရိယံ၊ မြတ်သောသူတို့သည်ကျင့်အပ်သော) ဓဂ္ဂဗြဟ္မစရိယ သာသနဗြဟ္မရိယကို။ ပကာသေထ၊ ပြကုန်ရာ၏။
ဘိက္ခဝေ၊ တို့။ တေ တုမှေပိ၊ ထိုသင်တို့သည်လည်း။ ဗြဟ္မဏဂဟ-ပတိကာနံ၊ (အိမ်ရာမထောင်သော) ဗြဟ္မဏနှင့် အိမ်ထောင်ရှင်လူဝတ်ကြောင်တို့အား။ ဗဟုကာရာ၊ ကျေးဇူးများကုန်၏။ ဝါ၊ များသောကျေးဇူးရှိကုန်၏။
(၄-ယေ (?) ဟူသော အောက်ချေမှတ်ချက် အားလျော်စွာ ပေးအပ်သောအနက်တည်း။ ယံ နေသံ ဓမ္မံ ဟူသော လက်ရှိအမူအတိုင်း အနက်ယောဇနာလျှင်- ကေဝပရိပုဏ္ဏံ၊ ထက်ဝန်းကျင် ပြည့်စုံသော။ ယံ ဓမ္မံ၊ အကြင်တရားကို။
အာဒိကလျာဏစသည် ။ ။ မှန်ကန်စွာ ကျင့်ခြင်းကြောင့် ရရှိသိရှိသောအဘိသမ္ဗောဓိဉာန်အားဖြင့် အာဒိကလျာဏ၊ ပစ္စေကဗောဓိဉာန်ဖြင့် မဇ္စျေကလျာဏ။ သာဝကဗောဓိဉာဏ်အားဖြင့် ပရိယောသနာကလျာ။ တစ်နည်း- ကြားနာရသော် နီဝရဏ-တို့ကို ပယ်ခွာခြင်းကြောင့် ကြားရုံဖြင့်လည်း အာဒိကလျာဏ၊ ကျင့်ခဲ့သော် သမထချမ်းသာ ဝိပဿနာချမ်းသာကို ဆော်ငယူ ပေးသော ကြောင့် ပဋိပတ်အားဖြင့်မဇ္စျေကလျာဏ၊ ကျင့်ပြီးနောက် တာဒိဂုဏ်ကို ဆောင်ယူပေးသောကြောင့် ပဋိပတ္တိ-ဖလအားဖြင့် ပရိယောသနကလျာဏ။ ဘုရားလျှင် အမွန်အစ ရှိသောကြောင့် ပဘဝသုဒ္ဓိ-အားဖြင့် အာဒိကလျာဏ။ ဘုရားလျှင် အမွန်အစ ရှိသောကြောင့် ပဘဝသုဒ္ဓိ-အားဖြင့် အာဒိကလျာဏ။ ကောင်းကျိုးပေးသောကြောင့် အတ္ထသုဒ္ဓိ-အားဖြင့် မဇ္စျေကလျာဏ၊ လုပ်ဆောင်ချက် စင်ကြယ်သောကြောင့် ကိစ္စသုဒ္ဓိ-အားဖြင့် ပရိယောသာနကလျာဏ- ဟုဖွင့်ပုံ စိတ်ဝင်စားဖွယ်ကောင်း၏။ တိကနိပါတ်စတုတ္ထဝဂ်၊ ပဉ္စမသုတ် အဖွင့် ရှုလေ။ ဗြဟ္မစရိယ-၏ အရကိုလည်း “ယံ ပန ဘဂဝါ ဓမ္မံ ဒေသေန္တော သာသန ဗြဟ္မစရိယံ မဂ္ဂဗြဟ္မစရိယဉ္စ ပကာသေတိ’ဟု ထိုပဉ္စမသုတ်၌ဖွင့်၏။ (တုမှေ၊ သင်တို့သည်။ ထည့်)ဒေသေထ၊ ဟောကုန်၏။ ပရိသုဒ္ဓံ၊ ထက်ဝန်းကျင်စင်ကြယ်သော။ ယံ၊ ဗြဟ္မစရိယံ= ကို။ ပကာသေထ၊ ပြကုန်၏ ဟုပေးနိုင်သည်။ တုမှေပိ ဘိက္ခဝေ-ဟူသော ရှေ့ဝါကျ ပြန်စပ်လေ။)
**ဣဓ ဓမ္မံ စရိတွာန၊ မဂ္ဂံ သုဂတိဂါမိနံ ဂါထာ** ။ ။ ဤဂါထာ၌ ဋ္ဌ-အလို’ သုဂ-တိဂါမိနော ‘ပါဌ် ရှိရမည်။ ထိုအတိုင်း အနက်ယောဇနာသည်။ ပါဠိတော်၌ သုဂတိဂါမိနံဟု ဒုတိယန္တဖြင့် ရှိသည်။ ထိုအလို သုဂတိဂါမိနံ၊ သုဂတိဘုံသို့ ရောက်ကြောင်းဖြစ်သော။ ဝါ၊ ရောက်စေတတ်သော။ မဂ္ဂံ၊ လမ်းစဉ်တည်းဟူသော။ ဓမ္မံ၊ သီလစသောတရားကိုဟုပေးလေ။ ဝါ၊ လိုအပ်သမျှ ဝတ္ထုကာမနှင့် ပြည့်စုံကြကုန်သည်ဖြစ်၍။ မောဒန္တိ၊ ပမောဒန္တိ= အမျိုးမျိုးအဖုံဖုံ ဝမ်းမြောက်ဝမ်းသာ ချမ်းသာ၍ နေကြကုန်၏။
ဘုရားကိုရည်စူး၍ ရဟန်းပြုကြသောကြောင့် န မာမကာ-မမိန့်သင့်။ မာမကာ-ဟုသာ မိန့်သင့်သည် မဟုတ်လောဟု စောဒနာဖွယ်ရှိ၏။ ကောင်းကောင်း မွန်မွန် မကျင့်ဘဲ ကုဟန လပန-စသည်တို့ကို လုံးပန်းနေကြသောကြောင့် န မာမကာ-ဟုသာ မိန့်သင့်သည် ဟူလို။ ဘိက္ခဝေ၊ တို့။ တေ ဘိက္ခူ၊ တို့သည်။ ဣမသ္မိံ ဓမ္မဝိနယ၊ ဤ သုတ် အဘိဓမ္မာဝိနည်းတည်းဟူသော ဤသာသာန၌။ ဝုဒ္ဓိံ၊ ကြီးပွားခြင်းသို့။ ဝိရုဋ္ဌိံ၊ စည်ပင်ခြင်းသို့။ ဝေပုလ္လံ၊ ပြန့်ပြောခြင်းသို့။ န စ အာဂစ္ဆန္တိ၊ မရောက်ကုန်သည်သာ။ (သီ-မူ အတိုင်း ပေးလိုက်သည်။)
တေခေါ မေ ဘိက္ခဝေ ဘိက္ခူ မာမကာ-၌ ငါဘုရားတည်းဟူသော မိမိကို ရည်၍ ရဟန်းပြုသောကြောင့် မေ ဘိက္ခူ-ဟူ၍လည်းကောင်း။ ကောင်းစွာကျင့်ကြံနေထိုင်သောကြောင့် မာမကာဟူ၍လည်းကောင်း မိန့်တော်မူသည်။ အရဟတ္တမဂ်အထိစည်ပင်ဆဲ၊ အရဟတ္တဖိုလ် ရောက်လျှင် စည်ပင်ပြီးဟု ခွဲခြားလေ။
ကိဉ္စာပိ ဩဝုယှသိ၊ အကယ်ကား အောက်မြစ်အကြေသို့ သယ်ဆောင်ပေးအပ်ပါ၏။ စ၊ ထိုသို့ပင် သယ်ဆောင်ပေးအပ်သော်လည်း။ ဧတ္တ၊ ဤမြစ်၌။ ဟေဋ္ဌာ၊ အောက်အကြေ၌။ သဥုမိ၊ ကြီးမားသော လှိုင်းထမ်းပိုးနှင့် တကွသော။ သာဝဋ္ဋော၊ ဗလဝါမုခသဖွယ် ဝဲသြဃနှင့် တကွသော။ သဂဟော၊ ဖမ်းယူတတ်သော ငါးမကရ်းနှင့်တကွသော။ သရက္ခသော၊ စောင့်ကာ ဖမ်းစားတတ်သော ဘီလူးရက္ခိုသ်နှင့် တကွသော။ ရဟဒေါ၊ ရေအိုင်ကြီးသည်။ အတ္ထိ၊ ရှိ၏။
အမ္ဘော ပုရိသ၊ အမောင်ယောက်ျား။ ယံ တွံ၊ အကြင်သင်သည်။ ရဟဒံ၊ ရေအိုင်ကြီးသို့။ ပါပုဏိတွာ၊ ရောက်သွားခဲ့သော်။ မရဏံ ဝါ၊ သေကျေခြင်းသို့သော်လည်း။ နိဂစ္ဆသိ၊ ရောက်နိုင်၏။ မရဏမတ္တံ ဝါ ဒုက္ခံ၊ သေလုနီးပါးဆင်းရဲရခြင်းသို့သော်လည်း။ နိဂစ္ဆသီတိ၊ ရောက်နိုင်သည်ဟူ၍။ ဧဝံ၊ ဤသို့။ ဝဒေယျ၊ ပြောပြရာ၏။
နဒီသောတေ-သည် စတင်ဖြစ်ရာမှ သမုဒြာ-တိုင် ဖြစ်သွားသည်အထိ ရေလုံးရေကြောင်း မပြတ်သကဲ့သို့ တဏှာ-သည်လည်း စတင်ဖြစ်ရာမှ အပါယ်ငရဲဟူသော သမုဒြာ-ရောက်သည်အထိ အဆက်မပြတ် ဖြစ်၏။ ဤသို့ အနုပ္ပဗန္ဓ-အားဖြင့်လည်းကောင်း။
နဒီသောတ-သည် ၎င်း၏ အတွင်းသို့ သက်ဆင်းမျောပါလာသူတို့ကို နှစ်မြှုပ်ခြင်းဖြင့်စေသေစေတတ်၊ မသေသော်လည်း သေလုမတတ်ဒုက္ခ ရောက်စေသကဲ့သို့ တဏှာသောတ-သည် ၎င်း၏ အတွင်းသို့ သက်ဆင်းလာသူ သတွာ-တို့ကို ပညာဥက္ခောင်းမပေါ်အောင် နှစ်မြှုပ်ခြင်း’ကုသိုလ်၏အမြစ်တို့ကို ဖြတ်တောက်ခြင်းဖြင့် ပူပန် ညစ်ငြူးခြင်းသို့ ရောက်စေသောအားဖြင့် သေခြင်း သို့မဟုတ် သေလုမတတ် ဒုက္ခကိုပေးတတ်၏။ ဤသို့ ဩသီဒါပနအားဖြင့်လည်းကောင်း။
နဒီသောတသည် ရေစီးအလွန်သန်သောအခါ လှေ ဖောင် မော်တော် သင်္ဘောစသည် တစ်မျိုးမျိုးဖြင့် ကျွမ်းကျင်သူကို အမှီပြုကာ သွားမှသာ တစ်ဖက်ကမ်းရောက်နိုင်သည်။ တော်အောင် ရော်အောက် ကူးရုံဖြင့် တစ်ဖက်ကမ်း မရောက်နိုင်သလို တဏှာသောတ-သည်လည်း သံသာကမ်းတိုင် ရောက်နိုင်ဖို့အရေး အဇ္စျသယကိုရှေးဥုးစွာ မွေး၍ ထို့နောက် ကလျာဏမိတ်ကို အမှီပြုကာ သမထ ဝိပဿနာဟူသော လှေဖောင်ကို စီးပြီးလျှင် မှန်ကန်သောလုံ့လဖြင့် ကူးမှသာအောင်မြင်နိုင်သည်။ သာမန်လုံ့လ သာမန်မိတ်ဆွေ တွေ့ရုံဖြင့်မအောင်မြင်နိုင်။ ဤသို့ဒုက္ကရဏအားဖြင့်လည်းကောင်း နဒီသောတနှင့်တဏှာ တူ၏။
ဘိက္ခဝေ၊ တို့။ **’ဟေဋ္ဌာ ရဟဒေါ’**တိ၊ ရဟဒေါ’ဟူသော။ ဧတံ၊ ဤအမည်သည်။ ပဉ္စန္နံ၊ ငါးပါးကုန်သော။ **ဩရမ္ဘာဂိယာနံ**၊ အောက်အဖို့၌ဖြစ်ကုန်သော။ သံယောဇနာနံ၊ သံယောဇဉ်တို့၏။ အဓိဝစနံ၊ အမည်တည်း။
ပိယရူပသာတရူပနှင့် အဇ္စျတ္တိကာယန။ ။ ရူပံ လောကေ ပိယရူပံသာတရူပံ၊ ဧတ္ထေသာ တဏှာ ဥပ္ပဇ္ဇမာနာ ဥပ္ပဇ္ဇတိ’ဟူသည်နှင့် အညီ ရူပါယတန သဒ္ဒါယတန စသည်လည်း နှစ်သက်သာယာမှုတဏှာဖြစ်ခြင်း၏ အကြောင်းဖြစ်၍ ပိယရူပသာတရူပ-တို့ပင်တည်း။ သို့သော် စက္ခာယတန-စသော အဇ္စျတ္တိကာယတန-တို့ကို ချန်လှပ်၍ ခန္ဓာကိုယ်အတ္တဘော-ဟု ပညတ်ရန် မဖြစ်နိုင်သောကြောင့် “ငါ့မျက်စိ ငါ့နား”ဟု လွန်လွန်ကဲကဲ တဏှာကို ဖြစ်စေတတ်သော စက္ခုစသည်ကိုသာ ပိယရူပသာတရူပ-အနေဖြစ် ဤ၌ ဟောတော်မူသည်။
**ဟေဋ္ဌာ ရဟဒနှင့် ဩရမ္ဘာဂိယသံယောဇဉ်**။ ။ ကာမဓာတု-သည် ဩရ၊ ထိုကာမဓာတ် ဩရ၌ အကျုံးဝင်သော စိတ် စေတသိက် ရုပ်တရားတို့သည် ဩရံ+ဘာဂါ၊ ဩရမ္ဘာဂါ-ဟူသည်နှင့် အညီ ဩရမ္ဘာဂ။ ဩရမ္ဘဂါနံ+ဟိတာ= ဩရမ္ဘာဂိယာ-အရကာမဘဝတည်းဟူသော ဩရမ္ဘာဂ-နှင့် သတွာ-တို့ကို ဆက်သွယ်ပေးတတ်သောကြောင့် ‘သက္ကာယဒိဋ္ဌိ ဝိစိကိစ္ဆာ သီလဗ္ဗတပရာမာသ ကာမရာ ဗျာပါဒ’ ဟူသော သံယောဇဉ်ငါးပါးတို့ကို ကောက်ယူရာ၏။
ရူပဓာတ် အရူပဓာတ်နှင့် စာလျှင် အောက်ကျသော ကာမဓာတ် ကာမဓာတု ပရိပန္န-တရားတို့နှင့် သတွာ-တို့ကို ဆက်သွယ်ပေးတတ်သောကြောင့် သက္ကာယဒိဋ္ဌိ-စသော သံယောဇဉ်ငါးပါးတို့သည် ဟေဋ္ဌာရဟဒ-နှင့် တူ၏။ ဘိက္ခဝေ၊ တို့။
**ဥုမိဘယန္တိ**၊ ဥုမိဘယံ-ဟူသော။
ဧတံ၊ ဤအမည်သည်။
**ကောဓုပါယာသဿ**၊ အမျက်ထွက်ခြင်း ပြင်းပြစွာပူပန်ခြင်း၏။
အဓိဝစနံ၊ အမည်တည်း။
ဘိက္ခဝေ၊ တို့။ **’သဝဋ္ဋ’**န္တိ၊ သာဝဋ္ဋံ-ဟူသော။ ဧတံ၊ ဤအမည်သည်။ ပဉ္စန္နံ၊ ငါးပါးကုန်သော။ **ကာမဂုဏာနံ**၊ ရုပါရူံစသော ကာမဂုဏ်တို့၏။ အဓိဝစနံ၊ အမည်တည်း။
ဘိက္ခဝေ၊ တို့။ **ဂဟရက္ခသော’**တိ၊ ဂဟရက္ခသော’ဟူသော။ ဧတံ၊ ဤအမည်သည်။ **မာတုဂါမဿ**၊ မာတုဂါမ၏။ အဓိဝစနံ၊ အမည်တည်း။
ဥုမိဘယနှင့်ကောဓုပါယာသ။ ။ နဒီသောတ-၌ မျောပါလာသူတို့ကို လှိုင်းထမ်းပိုးတို့က လွှမ်းမိုးရိုက်ခတ်နှစ်မြှုပ်တတ်သကဲ့သို့ ကောဓနှင့်ဥပါယာသတို့သည်လည်း ပုဂ္ဂိုလ်တစ်ယောက်သန္တာန်၌ အကြိမ်ကြိမ် ဖြစ်၍ မိမိနှင့် အညီအမျှ တစ်သားတည်းဖြစ်သော သတွာ- ကို ဥက္ခောင်းမဖော်နိုင်အောင် ညှင်းဆဲဖျက်ဆီးသည်။ ဤသို့ဥုမိဘယ-နှင့် ကောဓုပါယာသ-တူသည်။
ကာမဂုဏ်နှင့်အာဝဋ္ဋ။ ။ နဒီသောတ၌ ရှိသောဝဲသည် မျောပါလာသူတို့ကို ဝဲမှ မထွက်နိုင်အောင် ခြာခြာလည်စေကာ နှစ်မြှုပ်တတ်သကဲ့သို့ ငါးဖြာအာရုံ ကာမဂုဏ်တို့သည်လည်း ကိလေသာလွှမ်းမိုးခြင်းခံရသော သတွာတို့ကို မိမိတည်းဟူသောရူပါရုံသဒ္ဒါရုံစသည်၌ အကြိမ်ကြိမ်လည်ပတ်စေကာ နှိပ်စက်ဖျက်ဆီး၏။ ဤသို့ကာမဂုဏ်ငါးပါးနှင့် မြစ်၌ ဖြစ်ပေါ်သောဝဲ တူသည်။
ဂဟရက္ခသနှင့်မာတုဂါမ။ ။ ဖမ်းစားတတ်သော ဘီလူးရက္ခိုက်သည် အစောင့်အရှောက်မဲ့၍ မိမိပိုင်နက်သို့ ရောက်လာသူကို အနိုင်ကျင့်ဖမ်းဆီး၍ ပိုင်နက်ထဲမရောက်လာသူတို့ကိုလည်း ဘီလူးတို့၏ မာယာဖြင့် ပိုင်နက်ထဲသွင်း၍ ကြောက်မက်ဖွယ်ရုပ်အဆင်းပြခြင်းစသည်ဖြင့် အလိုမတူသူကို မိမိအား ကျေးဇူးများမည့် အလုပ်ကို မလုပ်နိုင်အောင် ပြုပြီး၍ အတင်းဝင်ပူးခြင်းဖြင့် ဝဏ္ဏ ဗလ ဘောဂ သုခတို့မှ ကင်းစေကာ အကြီးအကျယ်ပျက်စီးစေသကဲ့သို့ မာတုဂါမ သည်လည်း ယောနိသော-မနသိကာရ-နည်းပါး၍ သူရဲဘောကြောင်သူမိန်းမတို့၏ အသွင်ပြင် အမူအရာတည်းဟူသော တင့်တယ်သောအပြုအမူ ဟန်ပန်တို့ဖြင့် အမိဖမ်းစားတတ်၏။ ရဲရင့်သော သူရဲကောင်းကိုလည် ကိုယ်ပိုင် ကာမဂုဏ်တို့ဖြင့် ဖျားယောင်းကာ မိန်းမတို့ မာယာဖြင့် ပူးကပ်ပြီးလျှင် အလိုမတူသူကို မိမိအား ကျေးဇူးများသော သီလစသော အရာတို့ မပြည့်စုံအောင် ပြုလျက် ဂုဏ်ကျေးဇူ ဆုတ်ယုတ်စေကာ ပျက်စီးအောင်ဖျက်ဆီး တတ်၏။ ဤသို့ ကာမဂုဏ်နှင့် မာတုဂါမ တူ၏။ ဩပမ္မသံသန္ဒန-လွယ်၏။ ဘိက္ခဝေ၊ တို့။
**ပဋိသောတော’တိ**၊ ပဋိသောတော’ဟူသော။
ဧတံ၊ ဤအမည်သည်။
**နေက္ခမ္မဿ**၊ ကာမ-မှ ထွက်မြောက်ကြောင်း နေက္ခမ္မတရား၏။
အဓိဝစနံ၊ အမည်တည်း။
ဘိက္ခဝေ၊ တို့။ **ဟတ္ထေဟိ စ ပါဒေဟိ စ ဝါယာမော’**တိ၊ ဝါယာမော’ဟူသော။ ဧတံ၊ ဤအမည်သည်။ **ဝီရိယာရမ္ဘဿ**၊ ကြိုးစားအားထုတ်ခြင်း၏။ အဓိဝစနံ၊ အမည်တည်း။
ဘိက္ခဝေ၊ တို့။
**စက္ခုမာ ပုရိသော တီရေ ဌိတော’**တိ၊ စက္ခုမာ ပုရိသောတီရေ ဌိတော’ဟူသော။
ဧတံ၊ ဤအမည်သည်။
အရဟတော၊ ပူဇော်အထူးကိုခံယူတော်မူထိုက်သော။
သမ္မာသမ္ဗုဒ္ဓဿ၊ သစ္စာလေးပါးအမှန်တရားကို ဆရာသမားမရှိ မိမိဘာသာ တိကျပိုင်နိုင်စွာ သိတော်မူသော။
**တထာဂတဿ**၊ မြတ်စွာဘုရား၏။
အဓိဝစနံ၊ အမည်တည်း။**ပဋိသောတနှင့်နေက္ခမ္မ။ ။ ပဗ္ဗဇ္ဇာ ဥပစာရစျာန်နှင့်တကွ အပ္ပနာပဌမဇ္စျာန်,ဝိပဿနာဉာန်,နိဗ္ဗာန်, ကုသိုလ်အားလုံးသည် သံသရာဝဲဩဃ-မှ ထွက်မြောက်စေတတ်၏။ တဏှာကား သံသရာရေယဉ်ကျော၌ မျောစေတတ်၏။ ဤသို့ တဏှာက-အစုံ၊ နေက္ခမ္မက-အဆန်ဖြစ်သောကြောင့် ပဋိသောတ-အမည်သည် နေက္ခမ္မ-၏ အမည်ဟု မိန့်တော်မူသည်။
ဟတ္ထပါဒေဟိ ဝါယာမနှင့်ဝီရိယာရမ္ဘ။ ။နဒီသောတ-မျောပါမသွားအောင် လက်ခြေလှုပ်ရှားကူးခပ်မှုကို ကြိုးစားရခြင်းနှင့် တဏှာသောတ-၏တစ်ဖက်ကမ်းသို့ ရောက်ဖို့ရန် သမ္မပ္ပဓာန်တရားလေးပါးဟူသော ဝီရိယာရမ္ဘဓာတ်ကို အသုံးပြုရသည်။ ဤသို့ ဟတ္ထပါဒါဝါယာနှင့်ဝီရိယာရမ္ဘဓာတ် တူ၏။
တီရဋ္ဌိတစက္ခုမန္တပုရိသနှင့် တထာဂတ။ ။ မျက်စိအမြင်ရှိသော မြစ်ကမ်း၌ရပ်တည်နေသော ယောက်ျားနှင့် ဩဃလေးဖြားကို ကူမြောက်ပြီး၍ နိဗ္ဗာန်တည်းဟူသော တစ်ဖက်ကမ်း၌ ရပ်တည်တော်မူသော စက္ခုငါးမျိုး ရှိတော်မူသော ဘုရားရှင်တူ။ (ဩပမ္မသံသန္ဒန-လွယ်၏။ ဋ္ဌ-ရှု။)
အာဒိကမ္ပိက ယောဂီရဟန်းသာ ဒုက္ခနှင့်တကွ ကိလေသာကာမ-တို့ကို ပယ်ခွာ ပယ်ပစ်မည်လော မေးဖွယ်ရှိ၍ ယောဂက္ခေမံ၊ အနာဂါမိမ် အရဟတ္တမဂ်ကို။ ပတ္ထယ-မာနော၊ လိုလားသော။ ဘိက္ခုပိ၊ ယောဂီရဟန်းသည်လည်း။ “ယဒိပိ ဧတရဟိ ကိစ္ဆေနကသိရေ စျာနပုရိမမဂ္ဂေ အဓိဂစ္ဆာမိ’ အကယ်၍လည်း ဆင်းရဲပင်ပန်းကြီးစွာ စျာန် ပုရိမမဂ်တို့ကို ရစေကာမူ” ဒုက္ခနေ၊ ဆင်းရဲနှင့်။ သဟာပိ၊ အတူတကွလည်း။ ကာမေ၊ ကိလေသာကာမတို့ကို။ ပဇဟေယျ၊ စျာန်တို့ဖြင့် ပယ်ရှားပစ်ရာ၏။
ယော ဘိက္ခု၊ စျာန်မဂ်ရရန် ဘာဝနာအားထုတ်သော ရဟန်းသည်။ ဒုက္ခေန၊ ဆင်းရဲနှင့်။ သဟာပိ၊ အတူတကွလည်း။ ကာမေ၊ ကိလေသာကာမ တို့ကို ပဇယေယျ၊ ပဌမစျာန်ဖြင့် ပယ်ခွာ အနာဂါမိမဂ်ဖြင့် အကြွင်းမဲ့ ပယ်ရှားပစ်ရာ၏။
အာယတိံ၊ နောင်အခါ၌။ ယောဂက္ခေမံ၊ ယောဂလေးပါးတို့၏ ကုန်ရာ နိဗ္ဗာန်ကို။ ပတ္ထယာနော၊ လိုလားတောင့်တသော။ သမ္မပ္ပဇာနော၊ ဝိပဿနာဉာန် မဂ်ဉာန်တို့ဖြင့် ကောင်းစွာ အပြားအားဖြင့် သိသော။ သုဝိမုတ္တိစိတ္တော၊ ဖလဝိမုတ္တိဖြင့် ကောင်းစွာ ကိလေသာတို့မှလွတ်သောစိတ်ရှိသော။ ပုဂ္ဂလော၊ သည်။ တတ္ထ တတ္ထ၊ ထိုမဂ်ဖိုလ်ကို ရသော အခါ၌။ ဝိမုတ္တိယာ၊ နိဗ္ဗာန်ကို။ ဝါ၊ သို့။ ဖဿယေ၊ တွေ့ထိရာ၏။ ဝါ၊ ရောက်ရာ ရရာ၏။ တစ်နည်း- တတ္ထ တတ္ထ၊ ထိုထို ဖလသမာပတ် တင်စားရာအခါ၌။ ဖလစိတ္တံ၊ မိမိမ၏အာရမ္မဏိက ဖြစ်သော ဖိုလ်စိတ်သည်။ ဝိမုတ္တိယာ၊ အာရုံဖြစ်သော နိဗ္ဗာန်နှင့်။ ဝါ၊ နိဗ္ဗာန်သို့။ ဖဿယေ၊ တွေ့ထိရာ၏။ ဝါ၊ ရောက်ရာ၏။ (ပဌမနည်း၌ ဖဿယေ၌ ကတ္တားသည် ပုဂ္ဂိုလ်။ ဒု- နည်း၌ ကတ္တားသည် ဖလစိတ္တံ၊ ပဌမနည်း၌ ဝိမုတ္တိယာသည် ဥပယောဂတ္ထဆဋ္ဌီ-ဒု-နည်း၌ ဖဿယေယျသည် ဖုသန-အနက်ဟောခိုက် တတီယန္တ။ ပါပုဏန- အနက် ဟောခိုက် သတ္တမျန္တ၊ သာဝတ္ထိယံ- သို့ ဟု ပေးသကဲ့သို့ ပေးရသည်။)
အထက်ပါ နှစ်ဝါကျတွင် ပဌမဝါကျဖြင့် “စျာန်မဂ်ကို လုံးဝမရဖူးသေးသော ယောဂီသည် စျာန်မဂ် ရရှိရေးအတွက် ကျင့်ကြံခြင်းဟူသော ပုဗ္ဗဘာဂပဋိပဒါ- အခိုက်ဝယ် ဆင်းရဲပင်းပန်းခြင်းတို့နှင့် တွေ့ရတတ်သည်။ တွေ့စေကာမူ နောက်မဆုတ်ဘဲ ထိုဒုက္ခကို ရဲရဲဝံ့ဝံ့ရင်ဆိုင်ကာ စျာန်တရား မဂ်တရားဖြင့် ပယ်ခွာ ပစ်ပါ၊ အကြွင်းမဲ့ဖယ်ရှားပစ်ပါ”ဟု ဆိုလိုသည်။
ဒုတိယဝါကျဖြင့် “စျာန်နှင့် ပုရိမမဂ်တို့ကို ရစဉ်အခါက ဆင်းရဲငြိုငြင်ပင်ပန်းစေကာမူ နောက်မဆုတ်ဘဲ ထိုဒုက္ခကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်ခြင်းဖြင့် ဝါ- ဒုက္ခခ့ကာ အနာဂါမိမဂ် အရဟတ္တမဂ်ကို လိုချင်သော ဝါ-အနာဂါမ် ရဟန္တာ ဖြစ်လိုသော ပုဂ္ဂိုလ်သည် ကိလေသာကာမ-တို့ကို ပယ်ခွာပယ်ရှားပစ်ပါဟု ဆိုလိုသည်။
(တစ်နည်း- ကာမဝိတက်လွန်စွာအားကြီးသောပုဂ္ဂိုလ်သည် ထိုကာမဝိတက်ကို ပယ်ခွာရာ၌ မျက်ရည်ပေါက် ကြီးငယ် ကျရသည်အထိ ငိုကြွေးပြီးမှ ဝါ-ငိုကြွေး ရသည်အထိ ကြိုးစားကျင့်ကြ့ရသည်။ ထိုသို့ မျက်ရည်ကျသည်အထိ ကျင့်ကြံ အားထုတ်ခြင်း ယင်းသို့အားထုတ်ခြင်းဖြင့် ကိလေသာကာမတို့ကို ပယ်ရှားသည်ကို ရည်ရွယ်၍ ‘သဟာပိ ဒုက္ခနေ ပဇဟေယျ ကာာမေ’ဟု ဟောတော်မူခြင်း ဖြစ်သည်။
ထိုသို့ ဆင်းရဲပင်းပန်းခံကာ ကိလေသာကာမတို့ကို ပယ်ခွာခြင်းကြောင့် စျာန်ရ၊ ထိုစျာန်ကို အခြေခံ၍ ဝိပဿနာပွားသောအခွ အစဉ်အတိုင်း အရဟတ္တမဂ်ရကာ ရဟန္တာအဖြစ်သို့ ရောက်နိုင်သည်။ ထိုကို ရည်၍ ‘ယောဂက္ခမံ အာယတိံ ပတ္ထယ-မာနော’ဟု ဟောတော်မူသည်။
ဤအဋ္ဌကထာလာ အထ ဝါ နည်း၌ ‘သဟာပိ ဒုက္ခန ပဇဟေယျ ကာမေ၌ ပဇဟေယျ-၏ ကတ္တား နှစ်မျိုးမပြား တစ်မျိုးတည်းသာ။
“ဤဣတိဝုတ် ပါဠိအဋ္ဌကထာ- အလို ‘စျာနာနံ ပုဗ္ဗဘာဂပဋိပဇ္ဇန္တော ကိစ္ဆေန ကသိရေန အဿုမုခေါ ရောဒမာနော တံ ဝိတက္ကံ ဝိက္ခမ္ဘေတိ’’ကို ထောက်လျှင် ခုခေတ် အချို့သော ရိပ်သာများ၌ ခေတ်စားနေသော ငိုတရားကို အတည်ပြုထောက်ခံ့ရမည်ကဲ့သို့ရှိ၏။
သို့သော်-ပုဂ္ဂလပညတ် စတုက္ကစာပိုဒ် ၁၈၈-အဋ္ဌကထာနှင့် ညှိ၍ ငိုကြွေးရာရောက် ငိုကြွေးသည်မည်၏ဟု နာမသဒ္ဒါ-ဖြင့် ဋ္ဌ-၌ ဖွင့်ပြထားသည်။ ထိုကိုထောက်လျှင်မုချ ငိုကြွေးသည် မဟုတ်ဟု ယူဆရသည်။”
စျန်တရား မဂ်တရားရရှိရေးအတွက်
တရားအားထုတ််သော ယောဂီများ တရားအားထုတ်နေစဉ်
ငို, မငို
“သဟာပိ ဒုက္ခန ဇဟေယျကာမေ”ဟူသော ဣတိဝုတ်ပါဠိတော်နှင့် ပတ်သက်၍ “စျာန်နာဒီနံ ပုဗ္ဗဘာဂဋိတ္တိံ ပဋိပဇ္ဇန္တော ကိစ္ဆေန ကသိရေန အဿုမု ခေါ ရောဒမာနော တံ ဝိတက္ကံ ဝိက္ခမ္ဘေတိ၊ စျာန်စသည် ရရှိရေးအတွက် မရမီ ရှေ့အဖို့၌ ပုဗ္ဗဘာဂပဋိပဒါ (ပဉ္စင်္ဂိကမဂ်) အကျင့်ကို ကျင့်သော ယောဂီသည် ငြိုငြင်ပင်ပန်းကြီးစွာ ဒုက္ခခံပြီးကျင့်ရသဖြင့် မျက်ရည်ကျသည်အထိ ငိုကြွေးကာ ကာမဝိတက်ကို ဝိက္ခမ္ဘနပဟာန်ဖြင့်ပယ်နိုင်သည်။ ဝါ= လိုချင်သော စျာန်ကို ရသည်” ဟု အဋ္ဌကထာဆရာ ဒုတိယဝိကပ်အနေဖြင့် ဖွင့်ဆို၏။
“စျာန်မဂ္ဂါမိဂမတ္တံ သမထာဝိပဿနာနုယောဂံ ကရောန္တော ဘိက္ခု ယဒိပိ တေသံ ပုဗ္ဗဘာဂပဋိပဒါ ကိစ္ဆေန ကသိရေန သမ္ပဇ္ဇတိ (လ) တထာ သတိ သဟာပိ ဒုက္ခေန ဇဟေယျ ကာမေ၊ ပဌမဇ္စျာနေန ဝိက္ခမ္ဘောန္တော တတိဘမဂ္ဂေန သမုစ္ဆိန္ဒန္တော ကိလေသကာမေ ပဇဟေယျ၊ ဧတေန ဒုက္ခပဋိပဒေ စျာနမဂ္ဂေ ဒဿေတိ၊ စျာန်တရား၊ မဂ်တရား ရရှိရေးအတွက် သမထဝိဿနာ အားထုတ်သော ယောဂီရဟန်းသည် ထိုစျာန်မဂ်တို့ကို မရမီ ရှေ့အဖို့၌ ဖြစ်သော ပုဗ္ဗဘာဂပဋိပဒါခေါ် ပဉ္စင်္ဂိကမဂ်အကျင့်သည် လွယ်လွယ်ကူကူဖြင့် မပြီး၊ ငြိုငြိုငြင်ငြင် ပင်ပင်ပန်း ကျင့်မှ ပြီးစေကာမူ ထိုငြိုငြင်ပင်ပန်း ဒုက္ခခံကာ ကျင့်ခြင်းကြောင့် ရရှိအပ်သောစျာန်၏ ဝိက္ခမ္ဘန ပဟာန်ဖြင့် ကိလေသာကာမတို့ကို ပယ်ရာ၏။။ရရှိအပ်သော တတိမဂ်သည် ကိလေသာကာမတို့ကို သမုစ္ဆေဒပဟာန်ဖြင့် ပယ်ရာ၏ဟူ၍လည်းကောင်း”
‘’ဤစကားရပ်ဖြင့် သုခပဋိပဒါဖြင့် ရအပ်သော စျာန်မဂ်မဟုတ်၊ ဒုက္ခပဋိပဒါဖြင့်ရအပ်သော စျာန်မဂ်တို့ဖြစ်သည်” ဟူ၍လည်းကောင်း အဋ္ဌကထာဆရာ ဖွင့်တော်မူ၏။
အထက်ပါ နှစ်ဝိကပ်တို့တွင် ဒုတိယဝိကပ်၌ ပါရှိသော “သဟာပိဒုက္ခေန ဟူသောပါဠိနှင့် ထိုစာအဖွင့် ‘’ကိစ္ဆေန ကသိရေန” ဟူသော အဋ္ဌကထာစကား၊ ပထမဝိကပ်၌ ပါရှိသော “ဧတေန ဒုက္ခပဋိပဒေ စျာနမဂ္ဂေ ဒဿေတိ”ဟူသော အဋ္ဌကထာစကားတို့ကို ထောက်လျှင် ပုဗ္ဗဘာဂပါဋိပဒါအကျင့်ကို ကျင့်စဉ်အကြီးအကျယ် ဒုက္ခခံပြီး ကျင့်ရသည် ဟူသော အဓိပ္ပါယ် ထင်ရှား၏။
ဤသို့ကာယိကဒုက္ခ ရောက်လျှင် စေတသိက ဒုက္ခလည်းနောက်ဆက်တွဲအနေဖြင့်အနေဖြင့်အနေဖြင့်အနေဖြင့်ကပ်၍လိုက်လာ၏။ ထိုစေတသိကဒုက္ခဖြင့် ၎င်းနှင့်ယှဉ်ဖက် ပဋိဃတို့၏ နောက်ဆက်တွဲ သောကစသော အကုသိုလ် ကိလေသာတွေ အထိုက်အလျောက် ပေါ်လာတော့၏။ ပေါ်လျှင် ထိုဒုက္ခစသည်တို့၏ ဒဏ်ကို မခံနိုင်သောကြောင့် ယောဂီမျက်စိမှ မျက်ရည်စို့ခြင်း၊ ကျခြင်း ဖြစ်ရလေတော့၏။
ထိုစကား မှန်၏။ စတုက္ကင်္ဂုတ္တရ အနုသောတသုတ် စာပိုဒ် ၅-၌လည်း “သဟာပိဒုက္ခေန သဟာပိ ဒေါမနဿေန အဿုမုခေါ ရုဒမာနော ပရိပုဏ္ဏံ ပရိသုဒ္ဓံ ဗြဟ္မစရိယံ စရတိ-ဟု ဟောတော်မူ၏။ ထိုပါဠိ၌ “အဿုမုခေါ ရုဒမာနော” ၂-ပုဒ် ထောက်လျှင် ပုဗ္ဗဘာဂပဋိပဒါ ကျင့်နေစဉ်မျက်ရည်စို့ခြင်း (သို့မဟုတ်) ကျခြင်းမှာ ယုံမှားဖွယ် မရှိ။
ယင်းသို့ မျက်ရည်ကျလျှင် ငိုသည်မှာ သေချာ၏၊ ဘာကြောင့် ငိုတာ သေချာတယ် ဆိုနိုင်သလဲ၊ ငို,မငို
ကို မျက်ရည်ကျ,မကျ မျက်ရည်စို့, မစို့ဖြင့်တိုင်းတိာကာ ဆုံးဖြတ်ရသောကြောင့်တည်း။
ဤမျှဖြင့်မလုံလောက်သေးပါ၊ ငိုခြင်းသည် မျက်ရည်စို့ရုံ, မသိမသာ မျက်ရည်ကျရုံငိုခြင်းတစ်မျိုး၊ စိတ္တဇဝိပလ္လာသသဒ္ဒဖြင့် မြည်တမ်းကာ ငိုခြင်းတစ်မျိုးဟု နှစ်မျိုးရှိ၏။
မဋ္ဌကုဏ္ဍလီ၏ ဖခင်ကြီးသည် မဋ္ဌကုဏ္ဍလီအလောင်း မြှုပ်ရာ မြေပုံသို့ ရောက်၍ “ကဟံ ဧကပုတ္တက၊ ကဟံ ဧကပုတ္တက - သနားစဖွယ် ငါ့သားငယ်,သင် ဘယ်သွားနေသလဲ၊ သင်ဘယ်မှာလဲ’’ ဟု အသံထုတ်၍ ငိုကြွေးမြည်တမ်းဖြင်းသည် သာမာန်မဟုတ်၊ ပရိဒေဝအဆင့်ထိ ရောက်အောင် ငိုခြင်းတည်း။
သိဒ္ဓတ္ထမင်းသား တောထွက်သွားသတဲ့ဟူသော သတင်းစကား ကြားရတော့ ခမည်းတော် သုဒ္ဓေါဒနဘုရင်ကြီး၏ ငိုခြင်းသည် လင်သေ- မယားသေလို့ငို သားသေ-သမီးသေလို့ငိုသော ပရိဒေဝ ငိုကြွေးခြင်းအဆင့် မရောက်ဘဲ မသိမသာ မျက်ရည်စို့ မျက်ရည်ကျရုံမျှ ငိုကြွေခြင်းတည်း။
ယောဂီတို့၏ ဒုက္ခပါဋိပဒါကြောင့် ငိုခြင်း၊ ဗဟုလကာမဝိတက်ကြောင့် ငိုခြင်းသည်လည်း သုဒ္ဒေါဒနဘုရင်ကြီးကဲ့သို့ မျက်ရည်စို့ရုံ ကျရုံ ပရိဒေဝအဆင့် မရောက်သော မသိမသာငိုခြင်းသာ ဖြစ်သည်။
မဟာသိဝထေရ်၏ ငိုခြင်းကားအသံထွက်သည်ဖြစ်စေ၊ အသံတိတ် မသိမသာငိုသည်ဖြစ်စေ၊ ပဋိပဒါအခိုက် ငိုခြင်းမဟုတ်၊ သူများတွေ တရားထူးသော်လည်းငါ မရလေခြင်း,သူများတွေ သီတင်းကျွတ် ဝိသုဒ္ဓိပဝါရဏာပြုကြသော်လည်း - ငါကား သုဒ္ဓိပဝါရဏ, မပြုနိုင်လေခြင်းဟု သူများတစ်ကာကို အားကျ,သူ့ကိုယ်သူ အားမရသောငိုကြွေးခြင်း ဖြစ်၍ဤယောဂီတို့ ငို, မငိုနျင့် မဆိုင်ချေ။
ထို့ကြောင့် ယခုခေတ် အချို့သောတရားစခန်းတို့၌ လင်သေ သားသေ မယားသေ သမီးသေလို့ ငိုခြင်မျိုးဖြင့် အသံထွက် ပရိဒေဝငိုကြွေးမြည်တမ်းခြင်းသည် သမထဝိပဿနာတရားတို့၏ ဂုဏ်ကိုပင် ထိခိုက်သောကြောင့် အဓိပ္ပါယ်မရှိသောကြောင့် ငိုကြွေးခြင်းသာဟု သံသယကင်းစွာ မှတ်လေ။
ဤအဓိပ္ပါယ်ကို ရည်၍ သဟာပိ ဒုက္ခေန သဟာပိ ဒေါမနဿေန - ဗြဟ္မစရိယံ စရတိ -ဟူသော ပုဂ္ဂလပညတ်ပါဋ္ဌိစာပိုဒ် ၁၈၈၈- ၏ အဖွင့်၌ “ဣမိန, ဝါရေန သောတာပန္နသကာဒါမနော ကထိတာ။ ကိံ ပ န တေရုဒန္တာ စရန္တီတိ အာမ။ ကိလေသ-ရောဒနေန ရုဒန္တာစရန္တိနာမ -ဟု အသံထွက် ပရိဒေဝ- စိတ္တဇဝိပလ္လာသသဒ္ဒဖြင့် ငိုကြွေးသည်ဟု ယူဆမှာ စိုးသဖြင့် စရန္တိ နာမသဒ္ဒါထည့်ကာ ခပ်ထိန်းထိန်း ခပ်အုပ်အုပ် ဖွင့်ဆိုတော်မူသတည်း။
(ဤကား တရားအားထုတ်နေကြသော ယောဂီများ တရားအားထုတ်နေစဉ်အတွင်း ငို, မငို အဆုံးအဖြတ်တည်း။) သ-သော၊ ထိုပုဂ္ဂိုလ်ကို။
ဝေဒဂူ၊ မဂ်ဉာန်ဖြင့် သစ္စာလေးပါးကို သိသူဟူ၍။
ဝုသိတဗြဟ္မစရိယော၊ မြတ်သော အကျင့်ကို ကျင့်သုံးပြီးသူဟူ၍။
လေကန္တဂူ၊ ခန္ဓာလောက၏ အဆုံးသို့ ရောက်သူဟူ၍။
ပါရဂတော၊ သံသရာတစ်ဖက်ကမ်းသို့ ရောက်သူဟူ၍။
ဝုစ္စတိ၊ ဆိုအပ်၏။
ယော စ၊ အကြင်သူသည်ကား။ စရံ ဝါ၊ သွားသော်လည်းကောင်း။ တိဋ္ဌံ ဝါ၊ ရပ်စဉ်သော်လည်းကောင်း။ နိသန္နော ဝါ၊ ထိုင်နေစဉ်သော်လည်းကောင်း။ ဥဒ၊ သို့မဟုတ်။ သယံ ဝါ၊ လျောင်းနေစဉ်သော်လည်းကောင်း။ ဝိတက္ကံ၊ ဝိတက်သုံးမျိုးကို။ သမယိတွာန၊ ပဋိသင်္ခါနဘာဝနာဖြင့် ငြိမ်းစေ၍။ ဝိတက္ကူပသမေ၊ မိစ္ဆာဝိတက်တို့၏ ငြိမ်းရာ အရဟတ္တမဂ် နိဗ္ဗာန်၌။**ဂေဟနိဿိတ။ ။ ဂေဟံ ဝုစ္စတိ ဝတ္ထုကာမော-ဟူသည်နှင့် အညီ ဝတ္ထုကာမသည် ပုထုဇဉ်တို့၏ ပျော်မွေ့ရာ အိမ်သဖွယ်ဖြစ်၍ ဂေဟ-အရ ဝတ္ထုကာမ-ကောက်။ ‘ကာမဝိတက္ကာဒိ ဂေဟနိဿိတံ နာမ’နှင့် အညီကာမဝိတက္ကာဒိ-သည် ထိုဝတ္ထုကာမတည်းဟူသော အိမ်၌ မှီသောကြောင့်၊ ဝါ-ဝတ္ထုကာမသည် နိဿယ,ကာမဝိတက္ကာဒိသည် နိဿိတ-ဖြစ်သောကြောင့် ဂေဟနိဿိတံ-အရ ကာမဝိတက္ကာဒိ-ကို အရကောက်။
(အဇ္စျသယေန၊ အားကြီးသော ဆန္ဒဖြင့်။ ဋ္ဌ။) ရတော၊ မွေ့လျော်၏။ တာဒိသော၊ ထိုသို့သော သဘောရှိသော။ သော ဘိက္ခု၊ ထိုရဟန်းသည်။ ဥတ္တမံ၊ မြတ်သော။ သမ္ဗောဓိံ၊ မဂ်ဉာန်ကို။ ဖုဋ္ဌုံ၊ ရခြင်းငှာ။ ဘဗ္ဗော၊ ထိုက်တန်၏။
ဘိက္ခဝေ၊ တို့။ (တုမှေ၊ သင်တို့သည်။ ထည့်) **သမ္ပန္နသီလာ**၊ စတုပါရိသုဒ္ဓိ-သီလနှင့် ပြည့်စုံကုန်သည်ဖြစ်၍။ သမ္ပန္နပါတိမောက္ခာ၊ ပါတိမောက္ခာသံဝရ-သီလနှင့် ပြည့်စုံကုန်သည်ဖြစ်၍။ ဝိဟရထ၊ နေကြကုန်လော့။
ပါတိမောက္ခာသံဝရသံဝုတာ၊ ပါတိမောက္ခသံဝရသီလကို စောင့်ထိန်းကုန်သည်ဖြစ်၍။ အာစာရဂေါစရသမ္ပန္နာ၊ (သစ်သီးပေးခြင်း ပန်းပေးခြင်းစသောအနာစာရမှ ရှောင်ကြဉ်၍) အာစာရနှင့်ပြည့်စုံ (သုရာသောက်ထုပ်-သေတင်းကုတ်-ပဏ္ဍက် ဘိက္ခုမ-စသော အဂေါစရမှ ရှောင်ကြဉ်၍) ဂေါစရနှင့် ပြည့်စုံကုန်သည်ဖြစ်၍။ ဝိဟရထ၊ နေကြကုန်လော့။ အဏုမတ္တေသု၊ အဏုမြူမျှဖြစ်ကုန်သော။ ဝဇ္ဇေသု၊ အပြစ်တို့၌။ ဘယဒဿာဝိနော၊ ကြောက်မက်ဖွယ်ရာဘေးဟု ရှုလေ့ရှိကုန်သည်ဖြစ်၌။ သိက္ခာပဒေသု၊ ကျင့်ရမည်အကျင့်ပေါင်းများစွာတို့၌။ တုမှေ၊ သင်တို့သည်။ (ထည့်)။ သိက္ခထ၊ ကျင့်ကြကုန်လော့။ ဝါ၊ (တစ်ရက်ထက်တစ်ရက် တစ်လထက်တစ်လ တစ်နှစ်ထက်တစ်နှစ် ပိုမိုကောင်းမွန်လာအောင်) လေ့ကျင့်ပေးကြကုန်လော့။သမ္ပန္နသီလ ။ ။သမ္ပန္နသီလ-ဖြင့် စတုပါရိသုဒ္ဓိသီလ-ခေါ် သီလလေးပါးလုံးပြည့်စုံဖို့ မိန့်သည်။ သမ္ပန္နပါတိမောက္ခ- ဖြင့် သီလလေးပါးအတက် မုချသီလဖြစ်သော ဇေဋ္ဌကသီလ-နှင့် ပြည့်စုံဖို့ သီးခြား အထူးမိန့်သည်။
ယတံ- ယတမာနော၊ (အကုသိုလ်မဖြစ်စေရ ကုသိုလ်ဖြစ်စေရမည်ဟူသော) သမ္မပ္ပဓာန်လုံ့လဖြင့် ကြိုးစားအားထုတ်လျက်။ စရေ- စရေယျ၊ သွားရာ၏။ ယတံ- ယတမာနော၊ သမ္မပ္ပဓာန်လုံ့လဖြင့်ကြိုးစားအားထုတ်လျက်။ တိဋ္ဌေ- တိဋ္ဌေယျ၊ ရပ်ရာ၏။ ယတံ- ယတမာနော၊ သမ္မပ္ပဓာန်လုံ့လဖြင့်ကြိုးစားအားထုတ်လျက်။ အစ္ဆေ၊ ထိုင်နေရာ၏။
ယတံ၊ ယတမာနော= လျက်။ သယေ-သယျေ၊ လဲလျောင်းရာ၏။ ဘိက္ခု၊ သည်။ ယတံ-ယတမာနော၊ လျက်။ ဧနံ၊ ဤခြေလက်ကို။ သမိဉ္ဇယေ၊ ကွေးရာ၏။ ပသာရယေ၊ ဆန့်ရာ၏။
**လောကသမုဒယော ဘိက္ခဝေ တထာဂတေန အဘိသမ္ဗုဒ္ဓေါ** ။ ။ဥပါဒါနက္ခာန္ဓာ-လောကကို ဖန်တီးပေးနေသော တဏှာ၊ သို့မဟုတ် အဘိသင်္ခါရ-နှင့်တကွသော ကိလေသာ-ထောင့်ငါးရာကိုလည်း ထူးကဲသော သယမ္ဘူဉာန်ဖြင့် မှန်မှန်ကန်ကန်ထိုးထွင်း၍ သိပြီးပြီ။ ယင်းသို့ သိသောကြောင့် လောကသမုဒယော တထာဂတဿ ပဟီနော၊ ဥပါဒါနက္ခန္ဓာ လောကကို ဖန်တီးတတ် ဖြစ်စေတတ်ကဲ့ တဏှာလောဘကိုလည်း အရဟတ္တမဂ်ဖြင့် အပြီးအပြတ် ပယ်ရှားပြီးပြီ။
လောကနိရောဓော ဘိက္ခဝေ တထာဂတေန အဘိသမ္ဗုဒ္ဓေါ။ ။ဥပါဒါနက္ခန္ဓာ- လောက အပြီးပြတ်စစ်စစ် ချုပ်ငြိမ်းခြင်းဟူသော နိဗ္ဗာန်ကိုလည်း ထူးကဲသောဉာန်ဖြင့် အမှန်တကယ် ထိုးထွင်း၍ ဘုရားရှင် သိပြီးပြီ။ ထို့ကြောင့် ထိုနိဗ္ဗာန်ကို ဘုရားရှင် ကိုယ်တော်မြတ်သည် အာရုံပြသောအားဖြင့် မျက်ဝါးထင်ထင် တွေ့မြင်ပြီးပြီ’ မျက်မှောက်ပြုအပ်ပြီးပြီ ဖြစ်၍ လောကနိရောဓော တထာဂတဿ သစ္ဆိကတောဟု မိန့်တော်မူသည်။
**ဘိက္ခဝေ**၊ တို့။ **လောကနိရောဓော**၊ ဥပါဒါနက္ခန္ဓာလောက၏ ချုပ်ငြိမ်းခြင်းကို။ **တထာဂတေန**၊ သည်။ **အဘိသမ္ဗုဒ္ဓေါ**၊ ထူးသော သယမ္ဘူဉာန်ဖြင့် မဖောက်မပြန် မှန်မှန်ကန်ကန် ထိုးထွင်း၍သိပ်ပြီ။ လောကနိရောဓော၊ ဥပါဒါနက္ခန္ဓာ-လောက၏ ချုပ်ငြိမ်းခြင်းကို။ တထာဂတဿ၊ သည်။ သစ္ဆိကတော၊ မျက်မှောက်ပြုအပ်ပြီ။
**ဘိက္ခဝေ**၊ တို့။ **လောကနိရောဓော**၊ ဥပါဒါနက္ခန္ဓာလောက၏ ချုပ်ငြိမ်းခြင်းကို။ **တထာဂတေန၊ သည်။ **အဘိသမ္ဗုဒ္ဓေါ**၊ ထူးသော သယမ္ဘူဉာန်ဖြင့် မဖောက်မပြန် မှန်မှန်ကန်ကန် ထိုးထွင်း၍ သိအပ်ပြီ။ လောကနိရောဓော၊ ဥပါဒါနက္ခန္ဓာ-လောက၏ ချုပ်ငြိမ်းခြင်းကို။ တထာဂတဿ၊ သည်။ သစ္ဆိကတော၊ မျက်မှောက်ပြုအပ်ပြီ။
တစ်နည်း ။ ။ ယံ ဘိက္ခဝေ သဒေဝကဿ လောကဿ (လ) တသ္မာတထာဂတောတိ ဝုစ္စတိ-ဝါကျဖြင့် လူ့ဘုံ နတ်ဘုံ ဗြဟ္မာ့ဘုံဟူသော သုံးဘုံရှိ ဒိဋ္ဌ သုတ မုတ ဝိညာတ ပတ္တ ပရိယေသိတ အနုဝိစရိတံ- တရားခြောက်မျိုးကို ထိုသုံးဘုံရှိ အထက်တန်းစား ပုဂ္ဂိုလ် သိရှိသကဲ့သို့ ဘုရားရှင်ကိုယ်တော်မြတ်သည် တစ်ခုမကျန်ထူးသောဉာန်ဖြင့် အမှန် အတိုင်း ထိုးထွင်းသိရှိတော်မူသည်သာ။ ယင်းသို့သိသဖြင့် “ယံ ဒိဋ္ဌာဒိလောကေန အဘိသမ္ဗုဒ္ဓံ ယထာ၊ တထာဂတဿ ဂတော အဘိသမ္ဗုဒ္ဓေါတိ တထာဂတော”ဟူသော အနွတ္ထဗျူပ္ပတ်ဝစနတ်ကို သိစေသည်။ ဤနည်း၌ တထာဂ-တောဝယ် တထာသည် ဥပမေယျဇောတက။
**တစ်နည်း**။ ။ ယဉ္စ ဘိက္ခဝေ ရတ္တိံ-စသော ဝါကျဖြင့် အမှန်အတိုင်း ဟောကြားတော်မူသောကြောင့် တထာဂတ မည်သည်၏ အဖြစ်ကို သိစေသည် ထို့ကြောင့် တထာ ဂဒတီတိ တထာဂတော ဟု ဝစနတ္ထ ပြု။ ဤဝိကပ်၌ ဒကို တပြု။ တထံ ဂဒတီတိ တထာဂတော ဥဇုကတ္တ။ တစ်နည်း- အာဂဒနံ၊ အာဂဒေါ၊ ဝစနရ၏။ တထော= အဝိပရီတော+ အာဂဒေါ+ ယဿာတိ တထာဂတော-ဟု ဗဟုဗ္ဗီဟိပြု။ ဒကိုလည်း တပြု။ မဖောက်မပြန် မှန်မှန်ကန်ကန် ပြောဟောခြင်း ရှိတော်မူသည်၏အဖြစ်ကြောင့် ဘုရားရှင် တထာဂတမည်တော်မူသည် ဟူလို။
ထို့ကြောင့် ‘အဂဒေါ ဝိယာတိ အဂဒေါ၊ ဒေသနာဝိလာသ’နှင့် ပုညုဿယ-ကို အရကောက်။ တထော၊ အဝိပရီတော+အဂဒေါ ဒေသနာဝိလာသော ပုညုဿယော+အဿာတိ တထာဂတော-ဟု ဝစနတ္ထ-ပြု။ ဤ၌ ဒ-ကို တ-ပြု။
သော၊ ထိုဘုရာရှင်သည်။ ဝေ၊ စစ်စစ်။ သဗ္ဗာဘိသူ၊ အလုံးစုံသော အာရုံ, သင်္ခါရ, မာရ်တို့ကို လွှမ်းမိုးတော်မူ၏။ ဓီရော၊ ဇွဲလုံ့လရှိတော်မူသည်ဖြစ်၍။ သဗ္ဗဂန္တပမောစနော၊ ကိုယ်တိုင်လည်း အနှောင်အဖွဲ့ လေးမျိုးမှ လွတ်မြောက် သတ္တဝါတို့ကိုလည်း လွတ်မြောက်စေတော်မူ၏။ အဿ၊ ထိုဘုရားရှင်သသည်။ ပရမာ၊ အကောင်းမွန်ဆုံးဖြစ်သော။ သန္တိ၊ နိဗ္ဗာန်ဟူသော အငြိမ်းဓာတ်ကို။ ဖုဋ္ဌာ၊ တွေ့ထိအပ်ပြီ။ (တွေ့ထိဆိုသော်လည်း တစ်စုံတစ်ခုကိုလက်ဖြင့် ထိခြင်းမျိုးမဟုတ်။) (ယေန၊ အကြင်ကြောင့်)။ ဉာနဖုသနေန၊ ဉာန်ဖြင့်တွေ့ထိခြင်းဖြင့်။ နိဗ္ဗာနံ၊ ကို။ ဖုဋ္ဌံ၊ တွေ့ထိအပ်ပြီ။ တေနေဝ၊ ထို့ကြောင့်ပင်လျှင်) နိဗ္ဗာနံ အကု-တော ဘယန္တိ၊ နိဗ္ဗာနံ အကုတော ဘယံဟူ၍။ ဝါ၊ နိဗ္ဗာန်သည် မည်သည့်တစ်စုံတစ်ခုသော အကြောင်းကြောင့်မျှ ဘေးအန္တရာယ်မရှိဟူ၍။ အာဟ၊ မြတ်ဘုရား မိန့်ကြားတော်မူ၏။
တစ်နည်း- အဿ၊ ထိုဘုရားရှင်သည်။ ပရမာ၊ ဥတ္တမာ-မြတ်သော။ သန္တိ၊ အငြိမ်းဓာတ်ကို။ ဖုဋ္ဌာ၊ တွေ့ထိအပ်ပြီ။ သာ၊ ထိုတွေ့ထိအပ်သော ပရမသန္တိဟူသည်။ ကတမာ၊ အဘယ်နည်း။ နိဗ္ဗာနံ၊ နိဗ္ဗာန်တည်း။ ယသ္မာ၊ အကြင့်ကြောင့်။ နိဗ္ဗာနေ၊ ၌။ ကုတောစိ၊ တစ်စုံတစ်ခုသော အကြောင်းကြောင့်။ ဥပ္ပန္နံ၊ ဖြစ်သော။ ဘယံ၊ ဘေးအန္တရာယ်သည်။ နတ္တိ၊ မရှိ။ တသ္မာ၊ ကြောင့်။ တံ၊ ထိုနိဗ္ဗာန်ကို။ အကုတော ဘယန္တိ၊ အကုတောဘယဟူ၍။ ဝုစ္စတိ၊ ၏။