တထာဂတံ ဘိက္ခဝေ အရဟန္တံ (လ) ကိံ ပဇဟာမာ’တိ၊ ကိံ ပဇဟာမ’ ဟူသော။ ဧတံ၊ ဤဝိကတ္ကသုတ်ကို။ ဘဂဝတာ၊ သည်။ ဝုတ္တံ၊ ပြီ။ အရဟတာ၊ သည်။ ဝုတ္တ’န္တိ၊ ပြီ’ဟူ၍။ မေ၊ အကျွန်ုပ်အာနန္ဒာသည်။ သုတံ၊ နာခံမှတ်သားဆောင်ထားအပ်ပါပြီ။
ဘိက္ခဝေ၊ တို့။ **အရဟန္တံ**၊ ပူဇော်အထူးကိုခံတော်မူထိုက်သော။ **သမ္မာသမ္ဗုဒ္ဓံ၊ အလုံးစုံသော ညေယျဓမ်တရားတို့ကို ဆရာမရှိ ကိုယ်တိုင် မှန်ကန်စွာ သိတော်မူသော။ တထာဂတံ အရဟန္တံ သမ္မာသမ္ဗုဒ္ဓံ။ ။ သမုဒါစရန္တိကို သံ+ဥ+အာ+စရန္တိ-ဟု ပုဒ်ခွဲ။ သံသည် သမံ သမ္မာ ၂-နက်ဟော။ ဥ-သည် ဝိစ္ဆာ ဥဒ္ဓံဝါစက။ အာ-ကား မရိယာဒဝါစက။ စရန္တိ-ကား ပဝတ္တနတ္ထ။ မရိယာဒဝါစက အာ-၏ အယှဉ်ဖြစ်သောကြောင့် တထာဂတံ စသောသုံးပုဒ်ကို တထာဂတဿ-စသည်ဖြင့် ဆဋ္ဌီဝိဘတ္တုန္တ-အားဖြင့် အနက် ယောဇနာသည်။ ထို့ကြောင့် (ဋ္ဌ-၁၃၇၌) တထာ-ဂတဿ အရဟတော သမ္မာသမ္ဗုဒ္ဓဿ အတ္တနော ဝိသယေ သမံ သမ္မာ စ အညမညံ မရိယာဒံ အနတိက္ကမန္တာ ဥဒ္ဓမုဒ္ဓံ ဗဟုလံ အဘိဏှံ စရန္တိ ပဝတ္တန္တီတိ- ဟု ဖွင့်သည်။ **တထာဂတံ**၊ မြတ်စွာဘုရား၏ ဉာန်အာရုံ၌။ ဒွေဝိတက္ကာ၊ အကြံအစည်နှစ်မျိုးတို့သည်။ ဗဟုလံ၊ အကြိမ်များစွာ။ သမုဒါစရန္တိ၊ အညီအမျှ ကောင်းစွာ အချင်းချင်း အပိုင်းအခြားကို မလွန်မူ၍ တက်ကာ တက်ကာ ဆက်လက်ဖြစ်ပေါ်ကြကုန်၏။
ခေမော၊ ဘေးကင်းခြင်းကို ပြုတတ်သော။ ဝိတက္ကော စ၊ အဗျာပါဒ အဝိဟိံသာဝိတက်လည်းကောင်း။ ပဝိဝေကော၊ ကာယဝိဝေက, စိတ္တဝိဝေက, ဥပဓိဝိဝေကနှင့် စပ်ယှဉ်သော။ ဝိတက္ကော စ၊ နေက္ခမ္မဝိတက်လည်းကောင်းတည်း။
ဘိက္ခဝေ၊ တို့။ တထာဂတော၊ သည်။ အဗျာပဇ္ဈာရာမော၊ မညှင်းဆဲ မနှိပ်စက်ခြင်းလျှင် မွေ့လျော်အပ်သော အာရုံရှိ၏။ အဗျာပဇ္ဈရတော၊ မညှင်းဆဲမနှိပ်စက်ခြင်း၌ မွေ့လျော်တော်မူ၏။
ဘိက္ခဝေ၊ တို့။ ဧသေဝ ဝိတက္ကော၊ သည်သာ။ အဗျာပဇ္ဈာရာမံ၊ မညှင်းဆဲ မနှိပ်စက်ခြင်းလျှင် မွေ့လျော်အပ်သော အာရုံရှိတော်မူသော။ အဗျာပဇ္ဈရတံ၊ မညှင်းဆဲ မနှိပ်စက်ခြင်း၌ မွေ့လျော်တော်မူသော။
တထာဂတဿ ဘိက္ခဝေ(လ) ပရိယာယေန ဘဝန္တီ’တိ၊ ဘဝန္တိ’ဟူသော။ ဧတံ၊ ဤဒေသနာသုတ်ကို။ ဘဂဝတာ၊ သည်။ ဝုတ္တံ၊ ပြီ။ အရဟတာ၊ သည်။ ဝုတ္တ’န္တိ၊ အပ်ပြီဟူ၍။ မေ၊ အကျွန်ုပ်အာနန္ဒာသည်။ သုတံ၊ နာခံမှတ်သားဆောင်ထားအပ်ပါပြီ။
ဘိက္ခဝေ၊ တို့။ အရဟတော၊ ပူဇော်အထူးကို ခံတော်မူထိုက်သော။ သမ္မာသမ္ဗုဒ္ဓဿ၊ အလုံးစုံသော တရားတို့ကို မဖောက်မပြန်အမှန်အတိုင်းကိုယ်တိုင်သိမြင်တော်မူသော။ တထာဂတဿ၊ ၏။ ဒွေ ဓမ္မဒေသနာ၊ တရားဟောခြင်း နှစ်မျိူးတို့သည်။ **ပရိယာယေန**၊ အကြောင်းအားဖြင့်။ ဝါ၊ အလှည့်အားဖြင့်။ ဘဝန္တိ၊ ကုန်၏။
အဝိဇ္ဇာ ဘိက္ခဝေ ပုဗ္ဗင်္ဂမာ (လ) အနွဒေဝ ဟိရောတ္တပ္ပ’န္တိ၊ ဟိရောတ္တပ္ပံ' ဟူသော။ ဧတံ၊ ဤဝိဇ္ဇာသုတ်ကို။ ဘဂဝတာ၊ သည်။ ဝုတ္တံ၊ ပြီ။ အရဟတာ၊ သည်။ ဝုတ္တ’န္တိ၊ အပ်ပြီ’ဟူ၍။ မေ၊ အကျွန်ုပ်အာနန္ဒာသည်။ သုတံ၊ နာခံမှတ်သား ဆောင်ထားအပ်ပါပြီ။
ဘိက္ခဝေ၊ တို့။ အဝိဇ္ဇာ၊ အမှန် မသိမှု မောဟသည်။ အကုသလာနံ ဓမ္မာနံ၊ တို့၏။ ဝါ၊ တို့ကို။ သမာပတ္တိယာ၊ ဖြစ်ခြင်းငှာ။ ဝါ၊ သဘာဝအားဖြင့် ရခြင်းငှာ။ ပုဗ္ဗင်္ဂမာ၊ ရှေ့သွားပဓာနအကြောင်းတည်း။ အဟိရိကံ၊ မကောင်းမှုမှ မရှက်ခြင်းသည်၎င်း။ အနောတ္တပ္ပံ၊ မကောင်းမှုမှ မကြောက်မလန့်ခြင်းသည်၎င်း။ အနွဒေဝ၊ အကုသိုလ်ဖြစ်ခြင်း၏ နောက်လိုက်သာတည်း။
ဘိက္ခဝေ၊ တို့။ ဝိဇ္ဇာ၊ အမှန်တရားလေးပါးကိုသိမှု ပညိန္ဒြေသည်။ ကုသလာနံ ဓမ္မာနံ၊ တို့၏။ ဝါ၊ တို့ကို။ သမာပတ္တိယာ၊ ဖြစ်ခြင်းငှာ။ ဝါ၊ သဘာဝအားဖြင့် ရခြင်းငှာ။ ပုဗ္ဗင်္ဂမာ၊ ရှေ့သွားပဓာနအကြောင်းတည်း။
(အဝိဇ္ဇာ ဣစ္ဆာလောဘဟူသော ကိလေသဝဋ်ကို ပယ်သဖြင့် ကမ္မဝဋ်နှင့် ဝိပါကဝဋ်ကို အရင်းလှဲလျှင် အဖျားထင်းဖြစ်သကဲ့သို့ အလိုလို ပယ်ပြီးဖြစ်တော့၏)
ဣစ္ဆာနှင့်လောဘအထူး။ ။ အသမ္ပတ္တဝိသယပရိယေသနလက္ခဏာယ ဣစ္ဆာယနှင့်အညီ မရသေးသည်ကို ရှာကြံလိုချင်မူသည် ဣစ္ဆာ၊ သမ္ပတ္တဝိသယ လုဗ္ဘနလက္ခဏေန-ဟူသည်နှင့်အညီ ရပြီးသည်ကို စုံမက်ခြင်းသည် လောဘ၊ ဤသို့ထူး၏။ သမုဿာယာကို သမုဿိတာ ဥပစိတာ-ဟု ဖွင့်ခြင်းကြောင့် ဣစ္ဆာလောဘတို့သည် တိုးပွားစေအပ်ကုန်၏ဟု မြန်မာပြန်လေ။ ဒု-ဂါထာ ပါပိစ္ဆပုဒ်နှင့်စပ်၍ အဋ္ဌကထာဆရာက အဝိဇ္ဇာဖုံးကွယ်မှုကြောင့် ပါပိစ္ဆဖြစ်သည်။ ပါပိစ္ဆအဖြစ်ရောက်သို့ အပြစ်ကိုမမြင်၊ အပြစ်မမြင်လို့ မရှိဂုဏ်ကို အရှိလုပ် ဖော်ထုတ်ကာ တစ်ဖက်သားတို့အား မအံ့ဩဘဲမနေနိုင် အံ့ဩအောင် ပြုလုပ်သည်ဟု ဖွင့်သည်။
တေ ဘိက္ခဝေ သတ္တာ(လ) သုဂတိ ပါဋိကင်္ခါ’တိ၊ ပါဋိကခင်္ဂါ’ဟူသော။ ဧတံ၊ ဤပညာပရီဟီနသုတ်ကို။ ဘဂဝတာ၊ သည်။ ဝုတ္တံ၊ ပြီ။ အရဟတာ၊ သည်။ ဝုတ္တ’န္တိ၊ ပြီ’ဟူ၍။ မေ၊ အကျွန်ုပ်အာနန္ဒာသည်။ သုတံ၊ နာခံမှတ်သားဆောင်ထားအပ်ပြီ။
ဘိက္ခဝေ၊ တို့။ ယေ၊ အကြင်သတ္တဝါတို့သည်။ အရိယာယ၊ သန့်ရှင်းစင်ကြယ်သော။ ပညာယ၊ ဝိပဿနာပညာ, မဂ်ပညာမှ။ ပရိဟီနာ၊ ဆုတ်ယုတ်ကုန်၏။ တေ သတ္တာ၊ တို့သည်။ သုပရိဟီနာ၊ လွန်စွာဆုတ်ယုတ်ဆုံးရှုံးကြကုန်၏။ ဝါ၊ အကြီးအကျယ် ဆုတ်ယုတ်ဆုံးရှုံးကြကုန်၏။
ဒွေမေ ဘိက္ခဝေ သုက္ကာဓမ္မာ (လ) ‘ဂရုနံ ဒါရာ’တိ ဝါ’တိ၊ ‘ဂရူနံ ဒါရာတိ’ဝါ’ဟူသော။ ဧတံ၊ ဤ သုက္ကဓမ္မသုတ်ကို။ ဘဂဝတာ၊ သည်။ ဝုတ္တံ၊ ပြီ။ အရဟတာ၊ သည်။ ဝုတ္တ’န္တိ၊ အပ်ပြီး’ဟူ၍။ မေ၊ အကျွန်ုပ်အာနန္ဒာသည်။ သုတံ၊ နာခံမှတ်သား ဆောင်ထားအပ်ပါပြီ။
ဘိက္ခဝေ၊ တို့။ သုက္ကာ၊ ဖြူစင်ကုန်သော။ ဣမေ ဒွေ ဓမ္မာ၊ ဤတရားနှစ်ပါးတို့သည်။ လောကံ၊ သတ္တလောကကို။ ပါလေန္တိ၊ စောင့်ရှောက်ကြကုန်၏။
အဇ္ဈတ္တသမုဋ္ဌာနာ ဟီရိ။ ။ ငါလို အမျိုးမြတ်သူ ငါလို ဆွေကြီး မျိုးကြီးတစ်ယောက်က ဒုစရိုက်မှုတွေ မပြုသင့်ဘူး။ ဇာတ်နိမ့်သူ တံငါ မုဆိုး စသော ကလေကချေတွေသာ ဒုစရိုက်ကို လွန်ကျူးကြတာ စသည်ဖြင့် အမျိုးဇာတ်ကို ဆင်ခြင်သုံးသပ်ကာ ဒုစရိုက် မလုပ်တော့ဘဲ ဟိရီ ဖြစ်ပေါ်လာပေ၏။
ဝယ အရွယ်။ ။ ဒုစရိုက်ဆိုတာ ပုဆိုးမမြဲတမြဲ မြဲကာစ သာသာ လူပျိုပေါက်ကျောင်းသားလေးများသာ လုပ်လေ့လုပ်ထရှိတယ်။ ငါလို သိတတ်တဲ့ အရွယ်ရောက်နေတဲ့သူက ဒါမျိုးကိုမလုပ်သင့်ဘူး ဟု အရွယ်ကို ဆင်ခြင်သုံးသပ်၍လည်း မကောင်းမှုမှ ရှောင်ကြဉ်ခြင်း ဟိရီ ဖြစ်တတ်သည်။ လောကော၊ လူ့လောကကြီးသည်။ သမ္ဘေဒံ၊ မကွဲပြားတော့ဘဲ ရောနှောခြင်းသို့။ အဂမိဿ၊ ရောက်သွားရာ၏။
ဗာဟုဿစ္စ။ ။ ဒုစရိုက်မှန်း သုစရိုက်မှန်းမသိ၊ ကုသိုလ်မှန်း အကုသိုလ်မှန်းမသိ၊ လုပ်သင့် မလုပ်သင့် မခွဲခြားတတ်သောသူများသာ မကောင်းမှုကို လွန်ကျူးကြတာ။ ငါလို ဒုစရိုက်စသည်ကို ခွဲခြားသိတတ်သော ဗဟုသုတနှင့် ပြည့်စုံသူတစ်ယောက်က လိမ်ခြင်းညာခြင်း သူများပစ္စည်းခိုးခြင်းဝှက်ခြင်း လာဘ်စားခြင်းစသည်ကို မလုပ်သင့်ဟု ဆုံးဖြတ်ကာ ရှောင်ကြဉ်ကာ ဟိရီကို ဖြစ်စေတော့၏။ န ဝိဇ္ဇတိ၊ မရှိ။ ဝါ၊ မရအပ်။ တေ၊ ထိုသူတို့သည်။ သုက္ကမူလာ၊ ကုသိုလ်မှန်သမျှတို့၏ တည်ရာ အမြစ်သဖွယ်ဖြစ်သော ဟိရီဩတ္တပ္ပ သုက္ကတရားနှစ်ပါး။ ဝေါက္ကန္တာ၊ လျှောကျကင်းကွာကြကုန်သည်ဖြစ်၍။ ဇာတိမရဏဂါမိနော၊ အဖန်ဖန် ပဋိသန္ဓေနေရခြင်း သေရခြင်းသဘောသို့ ဆိုက်ရောက်ကြကုန်၏။
အိုဘယ့်လာသား မြို့ကြီးသူမြို့ကြီးသားများသည် တစ်ချို့ခရီးသည်တို့၏ ကားရထားပေါ်၌ တံတွေးထွေးခြင်း ငှက်ပျောခွံမြေပဲခွံစသည်ကို စွန့်ပစ်ခြင်းစသည်ကို တွေ့မြင်၍ လူကြီးလူကောင်းများသည် စိတ်ပျက်ကာ ကိုယ်တိုင်ရှောင် ကြဉ်ကြသကဲ့သို့ ကိုယ်ကျင့်စာရိတ္တကောင်းသူမှန်သမျှ မကောင်းမှုမှ ရှောင်ကြဉ်ကြပါလျက် အဘယ်ကြောင့် အသင်လူသားသည် မကြောက်မရွံ့မကောင်းမှုကို ပြုလုပ်ဘိသနည်းဟု မကောင်းမှုပြုရမှာ မကြောက်ရွံ့သူကို ပညာရှင်တို့ ကဲ့ရဲ့ကြလိမ့်မည်ဟု ပတ်ဝန်းကျင် အကြောင်းပြု၍ မကောင်းမှုဒုစရိုက်မှ ရှောင်ကြဉ်ခြင်း ဩတ္တပ္ပတရား ဖြစ်ပေါ်ပေ၏။
ဤသို့ အဋ္ဌကထာ၌ မှတ်သားစရာများစွာ ဖွင့်ပြတော်မူသည်။ ရှုလေ။
အတ္ထိ ဘိက္ခဝေ အဇာတံ (လ) နိဿရဏံ ပညာယတီ’တိ၊ ပညာယတိ’ ဟူသော။ ဧတံ၊ ဤအဇာတ သုတ်ကို။ ဘဂဝတာ၊ သည်။ ဝုတ္တံ၊ ပြီ။ အရဟတာ၊ သည်။ ဝုတ္တ’န္တိ၊ ပြီ’ဟူ၍။ မေ၊ အကျွန်ုပ်အာနန္ဒာသည်။ သုတံ၊ နာခံမှတ်သား ဆောင်ထားအပ်ပါပြီ။
ဘိက္ခဝေ၊ တို့။ **အဇာတံ**၊ ဝေဒနာစသည်တို့ကဲ့သို့ အကြောင်းညီညွတ်မှ ဖြစ်ပေါ်သော တရားမျိုး မဟုတ်သော။ **အဘူတံ**၊ အကြောင်းမဲ့ အလိုအလျောက် ထင်ရှားသော တရားလည်း မဟုတ်သေငာ။ **အကတံ**၊ တစ်စုံတစ်ခုသော အကြောင်းသည် ပြုအပ်ဖြစ်စေအပ်သည် မဟုတ်သော။ အသင်္ခတံ၊ နိဗ္ဗာန်ဟူသော အသင်္ခတတရားသည်။ အတ္ထိ၊ အထင်အရှား ရှိ၏။
ဘိက္ခဝေ၊ တို့။ အဇာတံ၊ ဝေဒနာစသော တရားတို့ကဲသို့ အကြောင်းညီညွတ်မှ ဖြစ်ပေါ်လာသော တရားမဟုတ်သော။ အဘူတံ၊ အကြောင်းမဲ့အလိုအလျောက် ထင်ရှားလာသော တရားလည်း မဟုတ်သော။ အကတံ၊ တစ်စုံတစ်ခုသော အကြောင်းတစ်မျိုးတည်းက ပြုအပ် ဖြစ်စေအပ်သည်လည်းမဟုတ်သော၏။ ဧတံ အသင်္ခတံ၊ နိဗ္ဗာန်တည်းဟူသော ဤ အသင်္ခတဓာတ်သည်။ နော စေ အဘဝိဿ၊ အကယ်၍ မရှိငြားအံ့။
ဣဓ၊ ဤသင်္ခါရလောက၌။ ဇာတဿ၊ အကြောင်းညီညွတ်မှ (ဥပါဒါ ဌီဘင်အားဖြင့်) ဖြစ်သော။ ဘူတဿ၊ အကြောင်းမဲ့ အလိုအလျောက် ထင်ရှားဖြစ်ပေါ်လာသော။ ကတဿ၊ အကြောင်းတစ်စုံတစ်ခုသည် ပြုအပ် ဖြစ်စေအပ်သော။ သင်္ခတဿ၊ ရုပ်နာမ်ဟူသော သင်္ခတတရား၏။ နိဿရဏံ၊ လွတ်မြောက်ရာ ထွက်ပေါက်သည်။
မှတ်ချက်။ ။ အဇာတံ အဘူတံ အကတံဟူသော ရှေ့သုံးပုဒ်သည် ဝိသေသန အသင်္ခတံသည် ဝိသေသျ၊ ဤသို့ ဝိသေသန-သျ ယောဇနာဖြင့် ဇာတသဘာဝဘူတသဘာဝ ကတသဘာဝတို့သည် ရုပ်နာမ်သင်္ခတဓမ္မတို့၏ သဘာဝ။ နိဗ္ဗာန်ဟူသော အသင်္ခတဓမ္မ၌ထိုဇာတ ဘူတ ကတသဘာဝများ လုံးဝ မရှိ။ ဤကား အနု-လောမအားဖြင့် ယောဇနာ-ခြင်းကြောင့် ရအပ်သိအပ်သော အနက်အဓိပ္ပါယ်တည်း။ ဝါ၊ ထွက်ပေါက်ကို။ န ပညာယေထ၊ မသိသာ ထင်ရှားရာ။ ဝါ၊ မသိအပ်မသိနိုင်ပါ။
အသင်္ခတံ အကတံ အဘူတံဟူသော နောက်သုံးပုဒ်က ဝိသေသန၊ အဇာတံ၊ ဟူသော ပဌမဆုံးပုဒ်ကဝိသေသျ စပ်ရမည်။ ထို့ပြင်- အသင်္ခတံ-ဖြင့် အကြောင်းများစွာ စုပေါင်းဖန်တီးခြင်းကို တားမြစ်ခဲ့လျှင် နည်းစွာသော အကြောင်း တစ်ခုတစ်လေကြောင့်ဖြစ်သည်ဟု ယုံမှားယူဆမည်စိုး၍ အကတံ-ပုဒ်ကို ဟောရပြန်သည်။ အကတံ-ဖြင့် တစ်စုံတစ်တည်းသော အကြောင်းသည် ပြုလုပ်အပ်သည် မဟုတ်လျှင် အကြောင်းမဲ့အလိုအလျောက်ဖြစ်သော နိဗ္ဗာန်ဟူသော အမြိုက်တရား၏ ဤပြဆိုအပ်ခဲ့သော အသင်္ခတသဘော အကတသဘော အဘူတသဘောသည် အရင်းစစ်လျှင် လုံးဝ မရှိခြင်းဟူသော ပင်မအကြောင်းကြောင့်ဟု ထင်ရှားသိသာသည်။ အခြားအကြောင်းကြောင့် မဟုတ်ဟု အဇာတံ-ဟူသော ဝိသေသျပုဒ်က သိစေသည်။
မှတ်ချက်။ ။ “နိဗ္ဗာန်ဟူသည် တကယ်ရှိသော တရားမဟုတ်။ အဘာဝပညတ်သာ” ဟူသော အယူဝါဒကို ပယ်ရှား၍ အတ္ထိ ဘိက္ခဝေ အဇာတံ စသော ပါဠိဖြင့် နိဗ္ဗာန်ဟူသည် မဖောက်မပြန် မှန်ကန် တိကျသော ပရမတ္ထ ပရမတ္ထ သဘာဝတရားဖြစ်ကြောင်း သိစေရန် ဘုရားရှင် ဟောတော်မူအပ်၏။
ဤပါဠိ ၃-ဝါကျဖြင့်ပင် နိဗ္ဗာန်ဟူသော အသင်္ခတဓာတ်သည် အဟုတ်အမှန် ပရမတ္ထအားဖြင့် ရှိကြောင်း သိသာသော်လည်း အဋ္ဌကထာဆရာက မြဲရာ သံပတ်သဘောဖြင့် အောက်ပါအတိုင်း ဖွင့်ပြတော်မူ၏။
အဋ္ဌကထာအဆို။ ။ ကာမရူပတည်းဟူသော ‘သဥတ္တရဓမ္မ၏’ နိဿရဏထွက်ပေါက် ထွက်မြောက်ရာ မဂ်ဖိုလ်နိဗ္ဗာန်ဟူသော အနုတ္တရတရား ရှိသကဲ့သို့၊ ဇာတဘူတ ကတသဘောရှိကြသော ရုပ်နာမ် သင်္ခတဓမ္မတို့၏ ဆန့်ကျင်ဘက် သဘာဝချင်းဘယ်လိုမှ ဆက်စပ်မရနိုင်သော အချင်းချင်း သဘာဝအားဖြင့် ခြားနားဝေးကွာလှသော သင်္ခတမဟုတ်သော အခြားတရားတစ်မျိုးရှိရမည်၊ ရှိနိုင်သည်။ ထိုတရားသည် အခြားမဟုတ် နိဗ္ဗာန်ဟူသော အသင်္ခတဓာတ်တည်းဟူ၍လည်းကောင်း။
ဝိပဿနာဉာန်တို့တွင်ပဌမတန်းဖြစ်သော အနုလောမဉာန်သည် ကိလေသာတို့ကို သမုစ္ဆေဒအားဖြင့် မပယ်နိုင်ချေ။ အဘယ်ကြောင့်ဆိုသော် အနုလောမဉာန်၏ အာရုံက သင်္ခတအာရုံဖြစ်သောကြောင့်တည်း။
ကာမကုသိုလ်ထက် မြင့်မြတ်ပါသည်ဆိုသော ပဌမဇ္ဈာန်ဒိမဟဂ္ဂုတ်ကုသိုလ်နှင့် ယှဉ်သော ဉာန်သည်လည်း ကိလေသာတို့ကို သမုစ္ဆေဒပဟာန်အားဖြင့် မပယ်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် သမ္မုတိသစ္စာဟူသော ပညတ်ကို အာရုံပြုသောကြောင့်တည်း။
ဝေဒယိတသုခမဟုတ်၍ ချမ်းသာပုံကို နားလည်အောင် ပြောပြဖို့ မလွယ်လှ။ သို့သော် ဤစာရေးနေစဥ် ရှေးကတွေ့ဖူးသော ကိုယ်တွေ့တစ်ခုကို ပြပါမည်။ မန္တလေးမြို့မှ ဒေါ်စောမေဆိုသော ဒကာမကြီးတစ်ယောက်သည် မျက်စိ ပေါက်ထွက်မတတ်ကိုက်လှသဖြင့် တစ်အော်တည်း အော်နေရသည်။ လုံးဝ စားလို့အိပ်လို့ မရပါ။ ဦးခေါင်းကိုလည်း လုံးဝ အထိမခံနိုင်ပါ။ ရင်ခွင်တွင် ခေါင်းအုံး ၃-လုံးဆင့်၍ လက်ထောက်ကာ ၃-၄ရက် လက်ထောက် ထိုင်နေရသည်။ မြင်ရသူအပေါင်းက မကြည့်ရက် မကြားရက်သဖြင့် ဒေါက်တာ ပါဆုဒေးဆိုတဲ့ ဆရာဝန်ကို ခေါ်ဖို့ တိုက်တွန်းသည်။ ခေါ်ပေးကြသည်။ ည ၈-နာရီလောက်ဆရာရောက်သောအခါ မျက်စိကို ကိရိယာတစ်ခုဖြင့် နောက်ပါတပည့်ဖြစ်သူအား နောက်ထပ် လက်နှိပ်ဓာတ်မီးဖြင့် သေသေချာချာကြည့်သည်။ နောက်ပါတပည့်ဖြစ်သူအား နောက်ထပ် လက်နက်တစ်ခု မျက်ရိပ်မျက်ခြေပြကာအကြော ဖြူတူတူစိမ်းတိမ်းတိမ်းလေးကို ကပ်ကြေးဖြင့် ဒက်ကနဲ ကိုက်ဖြတ်လိုက်သည်။ အကြောပြတ်သွားသည်နှင့် တစ်ပြိုင်နက် အမယ်လေး ခုမှ ချမ်းသာတော့တယ်။ ဒေါ်စောမေ ဒကာမကြီး ချမ်းသာတယ်ဆိုတာ မြင်ချင်တာမြင်ရ ကြားချင်တာ ကြားရစားချင်တာစားရလို့ ဝေဒယိတသုခ မဟုတ်ပါ။ ကိုက်ခဲနေသော ဝေဒနာငြိမ်းသက်သွားခြင်း အော်ဟစ်နေရလောက်အောင် ခံစားနေရသော ဒုက္ခငြိမ်းသွားခြင်းသာ ဖြစ်သည်။
ထို့အတူ ဝိပဿနာအားထုတ်ကြသော ယောဂီသူတော်စင်များသည် ဝိပဿနာဘူမိ၊ ပစ်မှတ်ဖြစ်တဲ့ ဥပါဒိန္နခန္ဓာကိုယ်ကို မြင်လျှင် မြင်တယ် ကြားလျှင်ကြားတယ် ကြွလျှင်ကြွတယ် ချလျှင်ချတယ် ထိလျှင်ထိတယ် စသည်ဖြင့် သတိကို လွှတ်မပေးဘဲမပြတ် ရှုမှတ်သောအခါ ဤခန္ဓာကိုယ်ကြီး၏ ဝေဒယိတဒုက္ခကိုသာမက သံသာရဒုက္ခကိုပါ ထိုးထွင်းသိမြင်သဖြင့် ခန္ဓာကိုယ်ကြီး၏ အပြစ်ကို အကြီးအကျယ် သိကာ နောက်ဆုံးအသင်္ခတဓာတ်ကို အာရုံပြုသော အရဟတ္တမဂ်တိုင်အောင် ပေါ်ပေါက်ကာ ဒုက္ခအကုန်ချုပ် ဒုက္ခတွေ အကုန်ငြိမ်းသွားသောအခါ သန္တိသုခ အလိုလို ပေါ်လာလေတော့၏။ ဤသန္တိသုခသည်ပင် နိဗ္ဗာန်ချမ်းသာတည်း။ ပဘင်္ဂုရံ၊ သဘာဝ ဥပက္ကမနှစ်ပါးကြောင့် လွန်စွာ ပျက်စီးတတ်သော။
အာဟာရနေတ္တိပ္ပဘဝံ၊ အာဟာရ ၄-ပါး တဏှာဟူသောနေတ္တိလျှင်ဖြစ်ကြောင်းရှိသော။ (အာဟာရဟူသော နေတ္တိလျှင် ဖြစ်ကြောင်းရှိသော ဟု ကမ္မဓာရယဂဗ္ဘဗဟုဗ္ဗီ-အနက်လည်းပေးနိုင်သည်။ဋ္ဌ) တံ၊ အကြောင်းအမျိုးမျိုးတို့နှင့် ဆက်သွယ်နေသော အနိစ္စတုံး ဒုက္ခတုံးဖြစ်သော ဥပါဒိန္နကခန္ဓာငါးပါးကို။ အဘိနန္ဒိတုံ၊ ငါ့ဟာ ငါဟု တဏှာဒိဋ္ဌိဖြင့် နှစ်သက်သာယာခြင်းငှာ။ နာလံ၊ မသင့်တော်ပေ။
တဿ၊ ဇာတံ ဘူတံ စသည်ဖြင့် ပြဆိုအပ်ခဲ့သော ထိုရုပ်နာမ်သင်္ခတတရား၏။ နိဿရဏံ၊ ထွက်မြောက်ရာ ဖြစ်သော။ ဝါ၊ ထွက်ပေါက်တည်းဟူသော။ သန္တံ၊ (ရာဂါဒိကိလေသာပူမရှိသဖြင့်)ငြိမ်သက်အေးမြသော။ ဝါ၊ (ရာဂါဒိကိလေသာ အပူကင်းသဖြင့်) ချီးမွမ်းသင့် ချီးမွမ်းထိုက်သော။ အတက္ကာဝစရံ၊ အတွေးအခေါ်သ္မားတို့ ကျက်စားရာ အာရုံမဟုတ်သော။ ဓုဝံ၊ ဥပါဒ်စွန်း ဘင်စွန်းမရှိသဖြင့် မြဲသော။
ဒွေမာ ဘိက္ခဝေ နိဗ္ဗာနဓာတုဠော (လ) ဣမာ ခေါ ဘိက္ခဝေ ဒွေနိဗ္ဗာနဓာတုယော’တိ၊ နိဗ္ဗာနဓာတုယော’ ဟူသော။ ဧတံ၊ ဤနိဗ္ဗာန-ဓာတုသုတ်ကို။ ဘဂဝတာ၊ သည်။ ဝုတ္တံ၊ ပြီ။ အရဟတာ၊ သည်။ ဝုတ္တ’န္တိ၊ ပြီ’ဟူ၍။ မေ၊ အကျွန်ုပ်အာနန္ဒာသည်။ သုတံ၊ နာခံမှတ်သား ဆောင်ထားအပ်ပါပြီ။
ဘိက္ခဝေ၊ တို့။ နိဗ္ဗာနဓာတုယော၊ နိဗ္ဗာန ဓာတ်တို့သည်။ ဣမာ ဒွေ၊ ဤနှစ်ပါးတို့တည်း။
**အနုပ္ပတ္တသဒတ္တော**။ ။ အနုပ္ပတ္တော+သဒတ္ထိန္တိ အနုပ္ပတ္တသဒတ္ထော။ ကိုယ့်အကျိုးစီးပွားကို လက်ဆုပ်လက်ကိုင်ရရှိထားသူ။ အနုပ္ပတ္တော+သဒတ္ထော+ဧတေနာတိ အနုပ္ပတ္တသဒတ္တော။ ဗဟုဗ္ဗီပြုသည်သာ ထူး၏။ အတ္တနော အယန္တိ သကော။ သကောဧဝ+အတ္ထော၊ သကတ္ထော။ ကကို ဒပြု၍ သဒတ္ထော ဖြစ်သည်။ သမ္မာ၊ သင်္ခါရမှန်သမျှ မမြဲကြ-စသည်ဖြင့် အမှန်အတိုင်း။ အညာယ၊ သိ၍။ ဝိမုတ္တော၊ အလုံးစုံသော ကိလေသာတို့မှ လွတ်မြောက်သည်။ ဟောတိ၊ ၏။
စက္ခုမတာ၊ 'ဗုဒ် ဓမ် ဒိပ် ပဉ်, သမန်မြင်'သည့် ငါးအင်မျက်စိကောင်းကောင်းကြီး ပိုင်ဆိုင်ရရှိတော်မူသော။ အနိဿိတေန၊ တဏှာဒိဋ္ဌိတို့၏ မှီရာအဖြစ်ဖြင့် မည်သည့်တရားကိုမျှ မှီတော်မမူသော။ တာဒိနာ၊ ဆဋ္ဌင်္ဂု-ပေက္ခာ၏ အစွမ်းဖြင့် ဣဋ္ဌာနိစသည်တို့၌ တသဘောတည်း ရှုမြင်တော်မူသော ဘုရားရှင်သည်။ ဒုဝေ၊ နှစ်မျိုးနှစ်စားကုန်သော။ ဣမာ နိဗ္ဗာနဓာတူ၊ ဤနိဗ္ဗာနဓာတ်တို့ကို။ ပကာသိတာ၊ ထင်ရှားပြအပ်ကုန်ပြီ။
ဟိ၊ မှန်၏။ ဧကာ ဓာတု၊ နိဗ္ဗာနဓာတ်တစ်မျိုးသည်။ ဣဓဋ္ဌဓမ္မိကာ၊ ဤလက်ရှိပစ္စုပ္ပုန်အတ္တဘောင်၌ဖြစ်၏။ သဥပါဒိသေသာ၊ (တဏှာဒိဋ္ဌတို့ကပ်ရောက်အပ်သောကံသည် ၎င်း၏ အကျိုးတရားအဖြစ် စွဲယူအပ်သော) ခန္ဓာငါးပါးနှင့်တကွဖြစ်၏။ ဘဝနေတ္တိသင်္ခယာ၊ ဘဝထိုထိုသို့ ပို့ဆောင်တတ်ရောက်စေတတ်သောတဏှာ၏ ကုန်ရာဖြစ်၏။
အနုပါဒိသေသာ၊ အနုပါဒိသေသနိဗ္ဗာနဓာတ်သည်ကား။ သမ္ပရာယိကာ၊ ခန္ဓာပျက်စီးသည်မှ နောက်အဖို့၌ဖြစ်၏။ ယမှိ၊ ယင်းအနုပါဒိသေသ နိဗ္ဗာနဓာတ်၌။ ဘဝါနိ၊ ဥပပတ္တိဘဝတို့သည်။ (လိင်္ဂဝိပလ္လာသ) သဗ္ဗသော၊ အကြွင်းမကျန်ရှိသောအားဖြင့်။ နိရုဇ္စန္တိ၊ ချုပ်ပျောက်လျက်မဖြစ်တော့ကုန်။
ပဋိသလ္လာနာရာမာ ဘိက္ခဝေ (လ) အနာဂါမိတာ'တိ၊ အနာဂါမိနာ'ဟူသော။ ဧတံ၊ ဤပဋိသလ္လာန သုတ်ကို။ ဘဂဝတာ၊ သည်။ ဝုတ္တံ၊ ပြီ။ အရဟတာ၊ သည်။ ဝုတ္တ'န္တိ၊ အပ်ပြီဟူ၍။ မေ၊ အကျွန်ုပ်အာနန္ဒာသည်။ သုတံ၊ နာခံမှတ်သားဆောင်ထားအပ်ပါပြီ။
ဘိက္ခဝေ၊ တို့။
တုမှေ၊ တို့သည်။
**ပဋိသလ္လာနာရာမာ**၊ ပုဂ္ဂိုလ်သတွာ ရုပ်နာမ် သင်္ခါရမှ ဖဲခွာ၍ ကိန်းအောင်းခြင်းကို နှစ်သက်သဘောကျကုန်သည်။
ဟုတွာ၊ ၍။
ဝိဟရထ၊ ကုန်လော့။
**ပဋိသလ္လာနရတာ**၊ ပုဂ္ဂိုလ် သတွာ သင်္ခါရမှဖဲခွာ၍ ကိန်းအောင်းနေခြင်း၌ မွေ့လျော်ကြကုန်သည်။
အဇစ္စျတ္တံ-အတ္တနော၊ မိမိ၏။
စေတောသမထံ၊ စိတ်၏ငြိမ်းအေးခြင်း၌။
အနုယုတ္တာ၊ ယှဉ်ကုန်သည်။**ပဋိသလ္လာနရာမာ**။ ။ သတ္တသင်္ခါရေဟိ ပဋိနိဝတ္တိတွာ+သလ္လာနံ၊ ပပဋိသလ္လာနံ။ ဝစနတ္ထ။ ဧကဝိဟာရော၊ ဧကမန္တသေဝိတာ အရကောက်။ ပဋိသလ္လာနံ+ ရမန္တိ ရောစန္တီတိ ပဋိသလ္လနရာမာ။
**ပဋိသလ္ခာနာရာမာ**။ ။ ပဋိသလ္လာနံ+အာရမိတဗ္ဗတော အာရာမော+ ဧတေသန္တိ၊ ပဋိသလ္လာနာရာမော။
**ပဋိသလ္လာနရတာ။ ။ ပဋိသလ္လာနေ+ရတာ၊ ပဋိသလ္လာနရတာ။
ဤသုံးပုဒ်တို့ဖြင့် ဇာဂရိယာနုယောဂ ဝူပကဋ္ဌကာယတာကိုပြသည်။ ဇာဂရိယာနု ယောဂသည်လည်း သီလသံ၏ဝရ ဣန္ဒြိယေသု ဂုတ္တဒွါရတာ ဘောဇေန မတ္တညုတာ သတိ သမ္ပဇညတို့နှင့် မကင်းနိုင်သောကြောင့် ၎င်းတို့ကိုလည်း ပြအပ်ပြီးဖြစ်၏။ထို့ကြေင့် ၎င်းတို့ကိုလည်း ဟောတော်မူအပ်သည်ဟု သိလေ။ (ဘုမ္မတ္ထေ စေတံ သမထန္တိ အနုသဒ္ဒယောဂန ဥပယောဂဝစနံ။ဋ္ဌ)
အနိရာ-ကတဇ္စျနာ၊ အပသို့ မပို့ဆောင်အပ်သောစျာန်ရှိကုန်သည်။
ဝါ၊ မဖျက်ဆီးအပ်သောစျာန်ရှိကုန်သည်။
(ဗဟိ အနီဟတဇ္စျနာ၊ အဝိနာသိ-တဇ္စျာနာဝါ=ဋ္ဌ။)
ဝိပဿနာယ၊ ခုနှစ်ပါးသောဝိပဿနာဉာန်နှင့်။
သမန္နဂတာ၊ ပြည့်စုံကြကုန်သည်။
**သုညာဂါနံ**၊ ဘာဝနာပွားများရန် လျော်သော ဆိတ်ငြိမ်သောဌာနတို့ကို။
ဗြူဟေတာရော၊ တိုးပွားစေကုန်သည်။
ဟုတွာ၊ ၍။
ဝိဟရထ၊ ကုန်လော့။
(ယုဏွုတုဏီ ပစ္စည်းမှီ ဆဋ္ထီကံနေစေ-နှင့်အညီ ဗြူဟေတာရော-ဟူသော တုပစ္စယန္တ-အယဉ် သုဉာဂါနံ-ဟု ဆဋ္ဌီဖြင့်ရှိသည်)
အဇ္စျတ္တံ စေတောသမထမနုယုတ္တာ အနိရာကတဇ္စျာနာ ၂-ပုဒ်ဖြင့် သမထဘာဝနာ၊ ဝိပဿနာယသမန္နဂတာ-ဖြင့် ဝိပဿနာဘာဝနာကို ပြ၏။
မှတ်ချက်။ ။ ဝိပဿနာယ သမန္နာဂတာ-၌ ဝိပဿနာ ၇-ပါးကား အနိစ္စနု-ပဿနာ ဒုက္ခာနုပဿနာ အနုတ္တနုပဿနာ နိဗ္ဗိဒါနုပဿနာ ဝိရာဂါနုပဿနာ နိရောဓာနုပဿနာ ပဋိနိဿဂ္ဂါနုပဿနာ-ဟူသော ဤ ၇-ပါးတည်း။(ဋ္ဌ၊၁၆၀) ဥပါဒိသေသေ၊ ကိလေသုပါဒိ ကြွင်းကျန်သေးသည်။ သတိ၊ ဖြစ်သော်။ အနာဂါမိတာဝါ၊ အနာဂါမိဖိုလ်ကိုသော်လည်ကောင်း။ အညတရံ၊ မှတ်မထား တစ်ပါးပါးသော။ ဖလံ၊ ဖိုက်ကို။ ပါဋိကင်္ခံ၊ မချွတ် အလိုရှိအပ်၏။ ဧတမတ္တံ၊ ဤအနက်အဓိပ္ပာယ်ကို။ ဘဂဝါ၊ သည်။ အဝေါစ၊ ပြီ။
**ဇာတိခယန္တဒဿိံ။ ။ ခယော ဧဝ+အန္တောတိ ခယန္တော။ သုတ္တန္တော၌ အန္တကဲ့သို့ အန္တေအနက်မဲဲ့။ ဇာတိယဠာ+ခယန္တော၊ နိဗ္ဗာန်အရကောက်။
တစ်နည်း။ ။ ခယော ဝါ မရဏံ-နှင့်အညီ ခယအရ မရဏအရကောက်။ ဇာတိနှင့် ခယဒွန်တွဲ။ ဇာတိခယာန္တံ+ပဿတီတိ ဇာတိခယန္တဒဿီ-ဟုပြု။ မုနိအရကောက်။
ယင်းသို့ အန္တတ္ထအရ ကိလေသာကို သေနာအဖြစ် ကောက်ယူပြီးဖြစ်သောကြောင့် ဒေ ကိ ခန် မစ် ဘိမာရ်စစ်-ဟူသော မာရ်ငါးပါး ဗာဟျတ္ထအရ မကောက်ယူရတော့ဘဲ ကိလေသမာရ်လျှော့ကာ ကျန်မာရ်လေးပါးကိုသာ ယူရတော့သည်။ ထို့ကြောင့် မာရံသသေနံ အဘိဘုယျာတိ ကိလေသသေနာယ အနဋ္ဌသေနာယ စ သသေနံ အနဝသေသံ စတုဗ္ဗိဓမ္ပိ မာရံ အဘိဘဝိတွာ-ဟူ၍၎င်း၊ ဒေဝပုတ္တမာရဿပိ ဟိ ဂုဏမာရဏေ သဟာယဘာဝူပဂမနတော ကိလေသသေနာတိ ဝုစ္စန္တိ။ တထာ ရောဂါဒယော အနဋ္ဌာမစ္စုမာရဿ-ဟူ၍၎င်း ဋ္ဌ-၁၆၄ ၌ ဖွင့်တော်မူ၏။
ဒွေမေ ဘိက္ခဝေ အာပါယိကာ (လ) ဣဒမပ္ပဟာယာ’တိ၊ ဣဒမပ္ပပဟာယ’ ဟူသော။ ဧတံ၊ ဤ အာပါယိကသုတ်ကို။ ဘဂဝတာ၊ သည်။ ဝုတ္တံ၊ ပြီ။ အရဟတာ၊ သည်။ ဝုတ္တ’န္တိ၊ အပ်ပြီ’ဟူ၍။ မေ၊ အကျွန်ုပ်အာနန္ဒာသည်။ သုတံ၊ နာခံမှတ်သား ဆောင်ထားအပ်ပါပြီ။
ဘိက္ခဝေ၊ တို့။ ဒွေ၊ နှစ်ယောက်ကုန်သော။ ဣမေ၊ ဤသူတို့သည်။ ဣဒံ၊ ဤဆိုလတ္တံ့သော ယုတ်သော အကျင့်ကို။ **အပ္ပယာယ**၊ မပယ်စွန့်ခြင်းကြောင့်။ ဣမေပ္ပဟာယ။ ။ အောက်တန်းစား အဗြဟ္မစာရီ ဖြစ်ပါလျက် အထက်တန်းစား ဗြဟ္မစာရီဟု မိမိကိုယ်ကို မြှင့်တင်သောအားဖြင့် ပြောဆိုခြင်း ဗြဟ္မစာရီမဟုတ်ပါဘဲလျက် ဗြဟ္မစာရီဟု ဝန်ခံလိုသော စိတ်နေစိတ်ထားဖြင့် ယင်းကဲ့သို့သော အယူဝါဒကို မစွန့်ခြင်း၊ စင်ကြယ်သော ပုဂ္ဂိုလ်မှန်းသိပါလျက် မစင်ကြယ်သော အဗြဟ္မစရိယ ပါရာဇိကဝတ္ထုဖြင့် စွပ်စွဲပြောဆိုခြင်း၊ ပြောဆိုချင်သော စိတ်နေစိတ်ထားဖြင့် ယင်းကဲ့သို့သော အယူဝါဒကို မစွန့်လွှတ်ခြင်းသည် ဒုဝိဓပါပသမာစာရကို မစွန့်သည်မည်၏။ ဣဒမပ္ပဟာယာတိ ဣဒံ ဣဒါနိ ဝက္ခမာနံ ဒုဝိဓံ ပါပသမာစာရံ အပ္ပဇဟိတွာ၊ တထာ ပဋိတတ္တိ တထာ ပဂ္ဂဟဏဝသေန ပဝတ္တံ ဝါစံ စိတ္တံ ဒိဋ္ဌိဉ္စ အပ္ပဋိနိဿဇ္ဇိတွာတိ အတ္ထော။ (ဋ္ဌ၊၁၆၇) အာပါသိကာ၊ အပါယ်ကျရောက်မည့်သူတို့တည်း။ နေရယိကာ၊ (အပါယ်လေးဘုံတွင်လည်း) ငရဲကျရောက်မည်သူတို့တည်း။
ဒွီဟိ ဘိက္ခဝေ ဒိဋ္ဌိဂတေဟိ (လ) စက္ခုမန္တော ပဿန္တီ’တိ၊ ပဿန္တိ’ဟူသော။ ဧတံ၊ ဤဒိဋ္ဌိဂတသုတ်ကို။ ဘဂဝတာ၊ သည်။ ဝုတ္တံ၊ ပြီ။ အရဟတာ၊ သည်။ ဝုတ္တ’န္တိ၊ အပ်ပြီ’ဟူ၍။ မေ၊ အကျွန်ုပ်အာနန္ဒာသည်။ သုတံ၊ နာခံမှတ်သား ဆောင်ထားအပ်ပါပြီ။
ဘိက္ခဝေ၊ တို့။ ဒွီဟိ၊ နှစ်မျိုးကုန်သော။ ဒိဋ္ဌိဂတေဟိ၊ အယူဝါဒတို့သည် (ဂတအနက်မဲ့)။ ဒိဋ္ဌိဂတေဟိ၊ အယူဝါဒဖြစ်ကာမျှတို့သည် (ဂဟိတာကာရ သုညတာယဝါ ဒိဋ္ဌီနံ ဂတမတ္တာနီတိ ဒိဋ္ဌိဂတာနိ။ ဋ္ဌ။ အယူဝါဒဖြစ်သော မျှသာ၊ ဘာမှအဓိပ္ပါယ်မရှိဟူလို)။ ပရိယုဋ္ဌိတာ၊ နှိပ်စက်နှောင့်ယှက်အပ်ကုန်သည်ဖြစ်၍။ ဧကေ၊ အချို့ကုန်သော။ ဒေဝမနုဿ၊ နတ်လူတို့သည်။ ဩလီယန္တိ၊ ကပ်ငြိတွယ်တာကြကုန်။ (လွန်စွာမြတ်နိုးသော ပစ္စည်းတစ်ခုခုကို ပေးရငှားရမှာ တွန့်တိုသကဲ့သို့ ဘဝ၌မြတ်နိုးသူ တွယ်တာသူတို့သည် ဘဝနှင့်ကင်းကွာမှာ တွန့်တိုတွန့်ဆုတ်ကြသည်။ ထို့ကြောင့် အဝလီယန္တိ အလ္လီယန္တိ သင်္ကောစံ၊ အာပဇ္ဇန္တိ၊ န တတော နိဿရန္တိ-ဟု ဋ္ဌ-ဖွင့်တော်မူသည်။) **ဧကေ**၊ အချို့သောသူတို့သည်။ **အတိဓာဝန္တိ**၊ လွန်သွားကြကုန်၏။
စက္ခုမန္တော၊ ပညာမျက်စိရှိသူတို့သည်။ စ၊ ဆိုခဲ့ပြီးသော ဧကေပုဂ္ဂိုလ်တို့၏အယူဝါဒနှင့် ပြောင်းပြန်အားဖြင့်။ တစ်နည်း၊ စက္ခုန္တော စ၊ ပညာမျက်စိရှိသူတို့သည်ကား။ ပဿန္တိ၊ မြင်ကြကုန်၏။
ဘိက္ခဝေ၊ တို့။ ဒေဝမနုဿာ၊ တို့သည်။ ဘဝါရာမာ၊ ကာမ ရူပစသော ဘဝတို့ဖြင့် နှစ်ခြိုက်နေကြကုန်၏။
ဧကေ အတိဓာဝန္တိ။ ။ ပရမတ္ထသဘာဝအားလျော်စွာ ပျက်စီးခြင်း သဘောရှိသော ရုပ်နာမ်ဓမ္မ သင်္ခါရ တရားတို့သည် သဟဇာတမျိုး ဝတ္ထုမျိုး အာရမ္မဏမျိုး အနန္တရမျိုး ပကတူပမျိုး စသော ပဋ္ဌာန်းနည်းအားဖြင့် အချင်းချင်းဆက်သွယ်နေသည်။ အတိတ်အကြောင်း ၅-ပါးကြောင့် ပစ္စုပ္ပန်အကျိုးဆက်သွယ်နေသည်။ အတိတ်အကြောင်း ၅-ပါးကြောင့် ပစ္စုပ္ပန်အကျိုး ပစ္စုပ္ပန်အကြောင်း ငါးပါးကြောင့် အနာဂတ်အကျိုး စသော ပဋိစ္စသမုပ္ပါဒ်နည်းအားဖြင့် အချင်းချင်း ဆက်သွယ်နေသည်-ဟူသော အကြောင်းအကျိုးဝါဒကို လက်မခံဘဲ အခြားယုတ္တိမရှိသော နည်းအမျိုးမျိုးကို လက်ခံကာ ‘ဥစ္ဆိဇ္ဇတိ အတ္တာ စ လောကော စ၊ န ဟောတိ ပရံ မရဏာ’ ဟူသော ဥစ္ဆေဒဝါဒ ဥစ္ဆေဒဒိဋ္ဌိသို့ ပြေးသွားကြသည်။ ထိုကိုရည်၍ ဋ္ဌ-ဆရာသည် ပရမတ္ထတော ဘိန္နသဘာ-ဝါနမ္ပိ သဘာဝဓမ္မာနံ ယွာယံ ဟေတုဖလဘာဝေန သမ္ဗန္ဓော၊ တံ အဂ္ဂဟေတွာ နာနတ္ထယဿာပိ ဂဟေဏေန တတ္ထ တတ္ထေဝ ဓာဝန္တိ။ တသ္မာ ဥစ္ဆိဇ္ဇတိ အတ္တာ စ လောကော စ၊ န ဟောတိ ပရံ မရဏာ’တိ ဥစ္ဆေဒေ ဝါ ဘဝနိရောဓ-ပဋိပတ္တိယာ ပဋိက္ခေပဓမ္မတံ အတိဓာဝန္တိ အတိက္ကမန္တိ-ဟု မိန့်တော်မူသည်။
ဧကေပုဂ္ဂိုလ်နှစ်မျိုးတို့တွင် ပဌမဧကေတို့က သဿတအယူဝါဒ ဒုတိယဧကေတို့က ဥစ္ဆေဒဝါဒယူကြသော်လည်း စက္ခုမန္တပုဂ္ဂိုလ်တို့သည်ကား ပုဂ္ဂိုလ် သတွာ ငါကောင် သူကောင်ဟူ၍မရှိ။ ရုပ်နာမ်သာရှိ၏။ ထိုရုပ်နာမ် တို့သည် အကြောင်းမဲ့လည်းမဖြစ်။ တစ်စုံတစ်ယောက်က ဖန်တီးလို့ ဖြစ်သည်လည်း မဟုတ်။ အကြောင်းတစ်ခုခုကို စွဲ၍ ဖြစ်ပေါ်လာသော အကျိုးတရားမျှသာ။ ထိုကြောင့် သဿတအယူဝါဒ ဥစ္ဆေဒအယူဝါဒမှ လွတ်မြောက်ကာ အမှန်အတိုင်း သိမြင်ကြကုန်၏။ အမြင်မှန် ရကြကုန်၏-ဟူလို။ ဘဝရတာ၊ ကာမ ရူပစသောဘဝတို့၌ မွေ့လျော်ကြကုန်၏။
ဘဝသမ္မုဒိတာ၊ ကာမရူပစသော ဘဝတို့၌ ပျော်ပိုက်ကြကုန်၏။
တေသံ၊ ထိုနတ်လူတို့အား။
ဘဝနိရောဓာယ၊ ဘဝချုပ်ငြိမ်းရေးအတွက်။
ဝါ၊ နောက်ထပ် ဘဝမဖြစ်ပေါ်ရေးအတွက်။
ဓမ္မေ၊ သံသရာမှလွတ်ကြောင်း နိယျာနိကဓမ္မကို။
ဒေသိယမာနေ၊ ဟောအပ်သည်ရှိသော်။
စိတ္တံ၊ ထိုသူတို့၏စိတ်သည်။
န ပက္ခန္ဒတိ၊ နိယျာနိကဓမ္မေ၌ မပြေးသွားမသက်ဝင်။
နပသီဒတိ၊ မကြည်လင်။
ဝါ၊ မယုံကြည်။
န သန္တိဋ္ဌတိ၊ ထိုနိယျာနိကဓမ္မေ၌ မတည်။
နာဓိမုစ္စတိ၊ နိယျာနိကဓမ္မကို နှလုံးမသွင်း။
ခေါပန၊ စင်စစ်။ ဧကေ၊ တို့သည်။ ဘဝေန၊ အိုနာသေရေး ဒုက္ခဘေးတို့နှင့် ရောထွေးနေသော ထိတ်လန့်ဖွယ်ဘဝဖြင့်။ အဋ္ဋီယမာနော၊ မိမိကိုယ်ကို နှိပ်စက်သကဲ့သို့ ဖြစ်ကုန်၍။ ဟရာယမာနာ၊ ရှက်ကြောက်ကြကုန်၍။ ဇိဂုစ္ဆမာနာ၊ စက်ဆုပ်ရွံမုန်းကြကုန်၍။ ဝိဘဝံ၊ ဘဝပြတ်ခြင်း ဥစ္ဆေဒ အယူကို။ အဘိနန္ဒန္တိ၊ တဏှာဒိဋ္ဌိတို့ဖြင့် ဒုံးဒုံးကျ အဆုံးတိုင် နှစ်သက်ကြကုန်၏။
ဘော၊ အချင်းတို့။ ယတော၊ အကြင်အခါ၌။ အယံ အတ္တာ၊ ကာရက ဝေဒကခန္ဓာ၏။ ဘေဒါ၊ ပျက်သည်မှ။ မရဏာ၊ သေသည်မှ။ ပရံ၊ နောက်၌။ ဥစ္ဆိဇ္ဇတိကိရ၊ လက်စသတ် ပြတ်သတဲ့။ ဝိနဿတိ ကိရ၊ ပျက်စီးသည်ဖြစ်၍ မတွေ့မမြင်ရ မရှိခြင်းသို့ ရောက်သွားသတဲ့။ မရဏာ၊ သေသည်မှ။ ပရံ၊ အထက်ဖြစ်သော နောက်ကာလ၌။ န ဟောတိ ကိရ၊ မဖြစ်တော့ဘူးတဲ့။ တတော၊ ထိုအခါ၌။ ဧတံ၊ ဤလတ်စသတ် ပျောက်ကွယ် မမြင်ရ သေသည်မှနောက်မတွေ့ရတော့ခြင်းသည်။ သန္တံ၊ ငြိမ်းချမ်း၏။ ဧတံ၊ သည်။ ပဏီတံ၊ ငြိမ်းအေးသည့်အတွက် ကောင်းမွန်၏။ ဧတံ၊ သည်။ ယာထာဝံ၊ မှန်ကန်တိကျ သဘာဝကျ၏၊ ဣတိ၊ ဤသို့။ ဝိဘဝံ၊ ကို။ အဘိနန္ဒန္တိ၊ ကုန်၏။ (သန္တံ ပဏိတံ ၂-ပုဒ်ဖြင့် တဏှာစွဲ။ ယထာဝံဖြင့် ဒိဋ္ဌိစွဲ ကွဲ၏။)
ထို ဘူတဖြစ်သော ခန္ဓာပဉ္စကကို ဖုသန ကက္ခဠ စသော အသီးသီးသော လက္ခဏာ၊ ရုပ်အားလုံး၏ ရုပ္ပန-လက္ခဏာ၊ နာမ်အားလုံး၏ နမနလက္ခဏာ စသော သာမညအားဖြင့် အမှန်အတိုင်းမြင်သည်။ ယင်းသို့ မြင်သည်ကို ‘ဘူတံ ဘူတတော ပဿတိ’ ဟု ဟောတော်မူအပ်၏။
ထိုစကားမှန်ကြောင်း ထပ်၍ ရှင်းပြအံ့။ ခန္ဓာပဉ္စကဟူသည် ပုဂ္ဂိုလ်လည်းမဟုတ်။ သတွာမဟုတ်၊ သူလည်းမဟုတ်၊ ငါလည်းမဟုတ်၊ ရုပ်နှင့်နာမ် သက်သက်သာတည်း။ ထိုခန္ဓာ ပဉ္စကတွင် ပထဝီစသည်တို့သည် ရုပ်၊ ဖဿစသည်တို့သည် နာမ်၊ ဖုသန ကက္ခဠ စသည်တို့သည် ထိုခန္ဓာပဉ္စက ရုပ်နာမ်ဓမ္မတို့၏ အမှတ်အသား လက္ခဏာများတည်း။ အဝိဇ္ဇာ သင်္ခါရ စသည်တို့သည် ထိုရုပ်နာမ်ဓမ္မ ခန္ဓာပဉ္စကတို့၏ အကြောင်းတရား တို့တည်း။ ဤသို့အကြောင်းနှင့်တကွ ရုပ်နာမ်ဓမ္မတို့ကို ရှုမှတ်သည်၏အစွမ်း အားဖြင့်လည်း အမှန်အတိုင်း သိမြင်၏။
ထို့ပြင် ဤရုပ်နာမ်ဓမ္မ အားလုံးသည် ရှေးကမရှိပါဘဲလျက် အကြောင်း အားလျော်စွာ ဖြစ်ပေါ်လာကြသည်။ ဖြစ်ပေါ်လာပြီးနောက် ချုပ်ပျောက်ကြကုန်၏။ ဒါကြောင့် ရုပ်နာမ်ဓမ္မတို့သည် မမြဲကုန်။ မမြဲသည့်အတွက် ဘာမျှ တန်ဖိုးမရှိ၊ အချည်းနှီး ဒုက္ခတို့သာ။ အချည်းနှီးဖြစ်သောကြောင့် ခန္ဓာပဉ္စကသည် ငါကောင် အတ္တကောင်မဟုတ်။ သူကောင် ပရကောင်ဟူသည် အတ္တကောင်ရှိမှ အတ္တကောင်ကိုထောက်၍ သူကောင်းဟု ယူဆကြ ပြောဆိုကြခြင်းဖြစ်သည်။ အတ္တကောင် မရှိလျှင် ပရဆိုတဲ့ သူကောင်ရှိ၊ မရှိ မစဉ်းစားဖွယ်မလို။ ဤသို့ အနိစ္စ ဒုက္ခ အနတ္တအနေအားဖြင့်လည်း ရုပ်နာမ်ဓမ္မခန္ဓာပဉ္စကကို အမှန်တိုင်း ရှုမြင်သည်။ပုဂ္ဂိုလ်သတွာ ငါကောင်သူကောင်ဟူသော အမှားအားဖြင့် မရှုမြင်။ ဆိုလိုရင်းကို ခြုံလိုက်လျှင် ဘူတံ ဘူတတော ပဿာတိ-ဖြင့် နာမရူပပရိစ္ဆေဒဉာန် ပစ္စယပရိဂ္ဂဟဉာန် သမ္မသနဉာန်တည်း-ဟူသော တရုဏ ဝိပဿနာဉာန်ဖြစ်ပြီဟု ဆိုလိုသည်။
နိဗ္ဗိဒါယစသည်။ ။ ဘူတံ ဘူတတော ပဿတိဖြင့် တရုဏဝိပဿနာဉာန်၏ ရှုကွက် ဝိပဿနာဘူမိကိုပြသည်။ နိဗ္ဗိဒါယဖြင့် ဗလဝဝိပဿနာကို ပြသည်။ ဝိရာဂါယ နိရောဓာယဖြင့် မဂ်ကိုပြသည်။
တစ်နည်း။ ။ နိရောဓာယဖြင့် ပဋိပဿဒ္ဓိ နိရောဓနှင့်တကွ အနုပါဒိသေသ နိဗ္ဗာန်ကို ပြသည်။ ဒိသွာ၊ မြင်ခြင်းကြောင့်။ ဘူတဿ၊ ရုပ်နာမ်ဓမ္မ ခန္ဓာပဉ္စကို။ နိဗ္ဗိဒါယ၊ ငြီးငွေ့ခြင်းငှာ။ ဝိရာဂါယ၊ တက်မက်မှုကင်းခြင်းငှာ။ ဝါ၊ တက်မက်ခြင်းပျက်ပြယ်ဖို့ရာ။ နိရောဓာယ၊ (နောက်ထပ် မဖြစ်တော့သောအားဖြင့်) ချုပ်ခြင်းအကျိုးငှာ။ ပဋိပန္နော၊ ကျင့်သည်။ ဟောတိ၊ ၏။
အတိက္ကမံ၏ ဝိဘတျန္တကို၎င်း အစပ်ကို၎င်း ဤနေရာ၌မဖွင့်ပြ။ ဒု-ဂါထာ ရောက်မှ အတိက္ကမနုပါယေန မဂ္ဂေန ဘဝတဏှာပရီက္ခယာ- ဟုဖွင့်၏။ ထို့ကြောင့် ၎င်းအဖွင့်အတိုင်း ယောဇနာလိုက်သည်။ ဤဂါထာပဌမပါဒဖြင့် ပရိညာဘိသမယ၊ ဒု-ပါဒဖြင့် ဘာဝနာဘိဿမယ၊ တ_ပါဒဖြင့် သစ္ဆိကိရီယာဘိသမယ၊ စတုတ္ထပါဒဖြင့် သမုဒယပ္ပဟာကို ပြသည်။
သ ဝေဘူတပရိညော သော။ ။ သ ဝေ-နိပါတမတ္တ။ ဘူတပရိညောကို ဘူတဿ အတိက္ကမနုပါယေန မဂ္ဂေန ဘဝတဏှာပရိက္ခယာ ပရိညာတက္ခန္ဓော-ဟုဖွင့်၏။ ထိုရဟန်းသည် လက်ရှိ ခန္ဓာငါးပါးမှ လွတ်မြောက်ကြောင်း မဂ်ဖြင့် ဘဝတဏှာ ကုန်ခမ်းခြင်းကြောင့် ခန္ဓာငါးပါးကို ပိုင်းခြား၍ကောင်းစွာသိသွားပြီ။
ထိုသို့ ဘဝကြီးဘဝငယ်တို့၌ တွယ်တာခြင်း ကင်းခြင်းကြေင့် ဥပါဒိန္နကခန္ဓာဟူသော အတ္တဘော နောက်ထပ်မဖြစ်တော့။ ယင်းသို့ ဘဝသစ်သို့ မရောက်ဘဲ အပညတ္တိကအဖြစ်သို့ ရော်ကသွားလေတော့၏-ဟူလို။ ဝိဘဝါ၊ နောက်ထပ် မဖြစ်ခြင်းကြောင့်။ ပုနဗ္ဘဝံ၊ နောက်ထပ်ဖြစ်ခြင်းသို့။ နာဓိဂစ္ဆတိ၊ မရောက်တော့။ ပုနဗ္ဘဝံ နာဓိဂစ္ဆတိ၊ အပညတ္တိအဖြစ်သို့သာရောက်သွား၏။
**ဒုကနိပါတော၊ ဒုကနိပါတ်သည်။**
**နိဋ္ဌိတော၊ ဆုံးခန်းတိုင်ပြီးမြောက်ပြိီ။**