အသုဘာနုပဿီ-စသော ရှေ့နှစ်ဝါကျ။ ။ အသုဘာနုပဿီ အာနာပါန-ဿတိ ရှေ့ပါဠိ နှစ်ဝါကျဖြင့် ရာစရိုက် ဝိတက်စရိုက် သမားများနှင့်လျော်သော ပဋိကူမနိသိကာရ ကာယာနုပဿနာတို့၏ အစွမ်းဖြင့် သထမရော ဝိပဿနာပါ တွဲအားထုတ် ရန် အကျဉ်းပြသည်။
အနိစ္စာပနုပဿိနော။ ။ ဤ အနိစ္စနုပဿိနော ဝါကျဖြင့်ကား သမထဖက်ဝိပသနာဘာဝနာ သက်သက် အားထန်ရန်ပြသည်။ ဤနည်း၌ ၁။ အနိစ္စ ၂။ အနိစ္စလက္ခဏာ ၃။ အနိစ္စာနုပဿနာ ၄။ အနိစ္စာနုပဿီ-ဟု လေးမျိုးကို အထူးသိထားဖို့ လိုသည်။
ဘိက္ခဝေ၊ တို့။
ကာယသ္မိ့၊ ကိုယ်ခန္ဓာ၌။
အသုဘာနုပဿီနံ၊ မတင့်တယ်သော အခြင်းအရာကို (၃၂-ကောဋ္ဌာသ အဖြင်းအရာ၏ အစွမ်း= အလောင်းကောင်၌ ယူအပ်ပြီးသော နိမိတ်ကို ကပ်ဆောင်ခြင်း၏ အစွမ်းဖြင့်) အဖန်ဖန်ရှုကြကုန်သည်ဖြစ်၍။၁။ဟုတွာ အဘာဝတော၊ ဖြစ်ပြီးသည်နှင့် တစ်ပြိုင်နက် မရှိတော့ဘဲပျောက်သွားခြင်း။ ဥဒယဗ္ဗယယောဂတော၊ဖြစ်ခြင်းပျက်ခြင်းမက်း ယှဉ်စပ်နေခြင်း။ တာဝကာလိကတော၊ လျှပ်တစ်ပြက်ပင်မကြာ တစအောင့် တစ်ခဏမျှသာ ခံခြင်း။ နိစ္စပဋိပက္ခတော၊ ခိုင်မြဲခြင်းနိစ္စသဘောနှင့် ဆန့်ကျင်ဘက် ဖြစ်ခြင်းကြောင့် ခန္ဓာပဉ္စက-ခန္ဓာငါးပါးသည်အနိစ္စ။
၂။ ဖြစ်သည်နှင့်တစ်ပြိုင်နက် မရှိတော့ဘဲ ပျောက်ပျက်သွားသော အခြင်းအရာသည် တဿ ယော ဟုတွာ အဘာဝါကောရော။ တံ အနိစ္စလက္ခဏံ-ဟူသည်နှင့် အညီ”အနိစ္စလက္ခဏာ”။
၃။ တံ အာရဗ္တ ပဝတ္တာ ဝိပဿနာနှင့်အညီ ထိုအခြင်းအရာကို အာရုံပြု၍ဖြစ်သော ဝိပဿနာသည် အနိစ္စာနုပဿနာ။
၄။ တံ အနိစ္စန္တိ ဝိပဿကော၊ ထိုခန္ဓာငါးပါးကို အနိစ္စဟု ရှုသော ယောဂီသည် အနိစ္စာနုပဿီမည်၏။
အထက်ပါလေးမျိုးနှင့် ပတ်သက်၍ ဝိပဿနာရှဒပုံ ရှုနည်းကို သိသင့်၏။ ဥပမာ-အဆောက်အအုံတစ်ခုကို မလှမ်းမကမ်းမှ ကြည့်လျှင် အိမ်၏ တစ်ထပ် နှစ်ထပ် အကြီးအငယ် အနိမ့်အမြင့် ဆင်ဝင်ပါ, မပါစသည်တော့သိနိုင်၏။ ထိုအိမ်၏ တိုင်တန်းထုတ်လျောက် ဒိုင်းမြား ကျည်းခွေစသည်တို့၏ အသားမာလား အခြားသားလား ကျွန်းလား စသည် မသိနိုင်။ လက်သမားမျက်စိဖြင့်ကြည့်မှ အထူးအားဖြင့် အနီးကပ်ကြည့်မှ ပုံသဏ္ဌာန်နိမိတ်ကို အာရုံမပြုဘဲ အသားမျိုး မှန်မမှန် ထိုအဆောက်အအုံ ထိုအိမ်၏အုတ် အသားသွပ်တို့၏ ခိုင်မခိုင် ကြာရှည်ခံ မခံကို သိနိုင်သည်။ အိမ်၏ အကြီးအငယ် အနိမ့်အမြင့် ဆင်ဝင်ပါမပါ ပုံ အချိုးကျမကျကို ကြည့်လျှင် ခိုင်မခိုင် ရည်ရှည်ခံ မခံ မသိနိုင်။
ထို့အတူ မိမိ၏ကိုယ်ခန္ဓာကို အားလုံး ခြုံငုံကြည့်လျှင် အပိန်အဝ အနိမ့်အမြင့် သွားက ဘယ်လို မျက်စိက ပြူးတယ် မှေးတယ် နှာခေါင်းက ချွန်တယ် ပြားချပ်ချပ်ရယ်စသော ပုံသဏ္ထာန်နိမိတ်ကိုသာ အသိရောက်မည်။
နိမိတ်ကိုသာ အသိရောက်လျှင် ကျိုးသွားပြီး၊ ဒူးပွန်းနေတယ် ခေသလုံး အနာပေါက်တယ်စသည်ဖြင့် ပညတ်အနေဖြင့် ဖောက်ပြန်ပုံကိုသာ သိမည်။
ထို့ကြောင့် ဒွါရခြောက်ပါးဝယ် ပေါ်လာသော အာရုံတို့ကို ပေါ်လာတိုင်း ပေါ်လာတိုင်း ပေါ်တုန်းဆဲဆဲမှာ သတိချပ် ရှုမှတ်ရမည်။ အကယ်၍ စက္ခဒွါရခေါ် မျက်စိထဲမှာ ပေါ်လာသော ရူပါရုံကို မြင်လျှင် မြင်ရတဲ့ အဆင်ရူပါရုံ ရူပက္ခန္ဓာ၊ ထိုရူပါရုံကိုမြင်ရအောင် ကြောင့်ကျစိုက်တဲ့ စေတနာ၊ နှလုံးသွင်းတဲ့ မနသိကာရကြောင့် ဖြစ်ပေါ်လာသော တွေ့ထိခြင်း ဖဿ စသည် တို့က သင်္ခါရက္ခန္ဓာ၊ ထိုဖသကြောင့် ကောင်း,မကောင်း ခံစားမှုဝေဒနာက ဝေဒနာက္ခန္ဓာ၊ စက္ခုဒွါရ (မျက်စိ) ၌ ပေါ်လာသော အာရုံကို အဆင်းရူပါရုံဟု မှတ်ထားတဲ့ သဘောက သညာက္ခန္ဓာ၊ မြင်သိစိတ် စက္ခုဝိညာဏ်က ဝိညာက္ခန္ဓာ-ဟု ခန္ဓာငါးပါး၌ အသိရောက်မည်။ ဝါ၊ ဝေဒနာ သညာသင်္ခါရ ဝိညာဉ်ဟူသော နာမ်ခန္ဓာ ၄-ပါးက နာမ်တရား၊ ရူပါရုံ ရုပ်တရားဟု ရုပ်နာမ်တည်းဟူသော တကယ့်အရှိတရား၌ အသိရောက်မည်။ ယင်းသို့ ရုပ်နာမ်ခန္ဓာပဉ္စသင်္ခါရ၌ အသိရောက်မှသာ ရုပ်နာမ်ကွဲတဲ့ နာမရူပပရိစ္ဆေဒဉာန်၊ ဤမျက်စိ၌ပေါ်လာတဲ့ ရုပ်နာမ်ခန္ဓာတွေဟာ အကြောင်းမဲ့ ပေါ်ပေါက်လာသည်မဟုတ်၊ မျက်စိရယ် အဆင်းရယ် အလင်းရောင်ရယ် နှလုံးသွင်းခြင်းရယ်ဟု ဆိုအပ်သော အကြောင်းကြောင့်သာ ပေါ်လာသည်ဟု သိသော ပစ္စယပရိဂ္ဂဟဉာန်၊ ထိုပေါ်ပေါက်လာသော ရုပ်နာမ်ဓမ္မ ခန္ဓာပဉ္စကတို့သည် အခုမြင် အခုပျက် ပေါ်ပေါက်လာပြီး ပျောက်ပျောက်ပျက်သွားကြတယ်။ ထိုအဖြစ်အပျက်၏ ဒဏ် ခံနေရသည့်အတွက် တန်ဖိုးမရှိ အချည်းအနှီးဒုက္ခ၊ မပျက်စေချင် ဒုက္ခမရောက်စေချင်ပေမဲ့ တားမရသောကြောင့် အနတ္တဟု ဉာန်၌ ပေါ်လာခြင်းသမ္မသနဉာန်ဟူသော ဉာန်သုံးပါးတို့သည် မျက်စိ၌ ပေါ်လာခိုက် ရုပ်နာမ်ခန္ဓာကို ရှုခြင်းကြောင့် ယောဂီ၏ သန္တာန် ထင်ရှားစွာ သိရှိလာပေမည်။ ဤအထိ တရုဏဝိပဿနာအဆင့် ရောက်ပြီ။
ဆက်ရှုလျှင် ထိုရုပ်တို့၏အဖြစ်အပျက်ကို၌ သိမြင်သော ဥဒယဗ္ဗယဉာန်၊ အပျက်ချည့်သိမြင်သော ဘင်္ဂဉာန်, ဆက်လက်၍ ကြောက်စရာ ရုပ်နာမ်တွေပါလား သိမြင်သော ဘယဉာန်,နောက် ထိုရုပ်နာမ်တွေကို ငြီးငွေ့တဲ့နိဗ္ဗိဉာန်,ထို ရုပ်နာမ်တွေပါလား သိမြင်သော ဘယဉာန်,နောက ထိုရုပ်နာမ်တို့မှ လွတ်မြောက်ချင်သော မုစ္စိတုကမျတာဉာန်စသည် ပေါ်ပေါက်ကာ မဂ်ဖိုလ်အထ ပေါက်ရောက်သွားပေမည်။ စက္ခုဒွါရ၌ ပေါ်ပေါက်လာသော ရုပ်နာမ်ဓမ္မ ခန္ဓာပဉ္စကကိုသိလျှင်၊ ကျန်ဒွါရငါးပါး၌ ပေါ်လာသော ရုပ်နာမ်တို့ကိုလည်း နည်းတူ သိလေ။
ဤကား “ဒွါရခြေက်ဖုံ၊ ပေါ်လာကုန်သည့်၊ အာရုံမှန်သမျှ၊ မလွတ်ရအောင်၊ မုချလက်ငင်း၊ ရှုမှတ်ခြင်း၊ မှတ်လျှင်း ဝိပဿနာ”ဟူသည်နှင့်အညီ ဝိပဿနာ ရှုပုံအကျဉ်း အမြွက်တည်း။
ဝိဟရတံ၊ နေကြသော ယောဂီတို့၏။
**သုဘာယဓာတုယာ**၊ တင့်တယ်သည်၏ အဖြစ်ဟူသော သုဘနိမိတ်အာရုံ၌။
**ယောရာဂါနုသယော**၊ အကြင်ဖြစ်ထိုက်သော ကာမရာဂါနုသယသည်။
ဟောတိ၊ လျော်သော အကြောင်းကို ရခြင်းကြောင့် ဖြစ်၏။
သော၊ ထို ကာမရာဂါ-နုသယကို။
မဂ္ဂေန၊ အနာဂါမိမဂ်သည် (ထည့်)။
ပဟီယတိ၊ ပယ်အပ်၏။သုဘာယ ဓာတု ရာဇဂါနုသယော ။ ။ သုဘာယ ဓာတုယာ ရာဂ်နုသယော-ဟူသော ပါဠိကို သုဘာယဓာတုယာတိ သုဘာဝေ သုဘနိမိတ္တေ-ဟု လည်းကောင်း၊ ရာဂါနုသယောတိ သုဘာရမ္မဏေ ဥပ္ပဇ္ဇနာရာဟော ကာမရာဂါနုသယောဟု လည်းကောင်း ဖွင့်သောကြောင့် အနုသယသည် အတွင်းအဇ္စျတ္တစိတ် အစဉ်တည်းဟူသော သန္တာန်၌ကိန်းသော သန္တာနာနုသယသာရှိသည် မဟုတ်။ အာရုံ၌ကိန်းသော အာရမ္မဏာနုသယဟူ၍လည်း ရှိသောကြောင့် သုဘာရမ္မဏေ ဥပ္ပဇ္ဇနာ-ရဟော ကာမရာဂါနုသယော-ဟု ဋ္ဌ-ဖွင့်ဆိုချက်ဖြင့် တိတိပပ သိရသည်။ ဥပမာ- ဖိုးသတွာသည် မသတွာ၏တင်ရင်၏ပုံသဏ္ဍာန် နိမိတ်အာရုံ မျက်စိ နှာခေါင်း ပါးစပ်စသော အင်္ဂါငယ်တို့၏ ပုံသဏ္ဌန်နိမိတ်ကို အာရုံပြလျှင် အယောနိသောလည်း ဖြစ်ခဲ့လျှင် နှစ်သက်သော သာယာမှုကာမဂတဏှာကို ဥပါဒ် ဌီ ဘင်အားဖြင့် ဖြစ်၏။ ထိုကား ပရိယုဌာနကိလေသာတည်း။ မသတွာ၏ သုဘနိမိတ်အာရုံ လူချင်း ကွဲ၍ မျက်စိအောက်မှ ပျောက်သွားသော်လည်း သတိရတိုင်းရတိုင်း ထိုကိလေသာ ကာမရာဂ ပေါ်လာနိုင်သည်။ ယင်းသို့ ပေါ်လာနိုင်သောကြောင့် ကုသိုလ်ကောင်းမှုပြုခိုက် ကာမ ရာဂ ဥပါဒ် ဌီ ဘင်အားဖြင့်မဖြစ်သည့်အတွက် ထိုဖိုသတွာ၌ ကိလေသာ ကာမရာဂ လုံဝမရှိဟု မဆိုနိုင်။ အကြောင်း ညီညွတ်လျှင် ပေါ်လာပေမည်။ မဂ်ဖြင့် မပယ်ရ သေးသည့်အတွက် ပေါ်လာနိုင်သေးသည်ကိုပင် ကာမရာဂါနုသယ ကိန်းသည်ဟု ဆိုရပေသည်။
ဥပမာ- ထမင်းစားနေသော လူတစ်ယောက်ကို ခင်ဗျား ဆေးလိပ်သောက် သလားဟု မေးလျှင် ဟုတ်ကဲ့ ကျွန်တော် ဆေးလိပ်သောက်ပါတယ်။ ဘာဆေးလိပ်သောက်သလဲဟုထပ်မေးလျှင် ဆေးပြင်းလိပ်သောက်ပါတယ်။ ဘာဆေးသောက်သလဲဟု ထပ်မေးလျှင် ဆေးပြင်းသောက်ပါတယ်ဟု ဖြေအံ့။ ထိုအဖြေ မှားတယ်ထင်ရ၏။ မမှားပါ၊ အဘယ်ကြောင့်ဆိုသော် ထမင်းစားတုန်းမို့ ဆေးလိပ်သောက်တာ မမြင်ရ စေကာမူ ထမင်းစားပြီးလို့ အကြောင်းညီညတ်လျှင် ဆေးပြင်းလိပ်ကို ဖွာမိပေလိမ့်မည်။ ဘာကြောင့်နည်း။ သောက်လက်စလည်းရှိတယ်၊ ဖြတ်လည်းမဖြတ်သောကြောင့်တည်း။ ထို့အတူ လောလောဆယ် ကာမရာဂမဖြစ်စေကာမူ အကြောင်းညီညွတ်လျှင် ဖြစ်နိုင်သော သတ္တိရှိသည်ကိုပင် သုဘနိမတ်အာရုံ၌ ကာမရာဂါနုသယ ကိန်းသည်ဟု အဋ္ဌကထာဆရာ ဖွင့်ဆိုခြင်းဖြစ်သည်။
သဗ္ဗသင်္ခါရေသု၊ အလုံးစုံသော တေဘူမကသင်္ခါရတရားတို့၌။ **အနိစ္စာ-နုဿီနံ**၊ အနိစ္စဟု အဖန်ဖန် ရှုသည်ဖြစ်၍။ ဝိဟရတံ၊ နေသောသူတို့၏ သန္တာန်၌။
ထိုကာမရာဂါနုသယကို အသုဘာနုပဿနာဘာဝနာက ပယ်နိုင်ပါသလား၊ အကြွင်းမဲ့တော့ တိုက်ရိုက်မပယ်နိုင်။ တဒင်္ဂသာ ပယ်နိုင်သည်။ သို့သော် အသုဘဟု ပွားများဖန်များလျှင် ပဌမဇ္စျာန်ရနိုင်သည်။ ထိုပဌမစျာန်ကို အခြေခံ၍ ဝိပဿနာဘဝနာ ဆက်လက် ရှုမှတ်ခြင်းဖြင့် အနာဂါမိမဂ်အထိ ရနိုင်သည်။ ရလျှင် ထိုအနာဂါမိမဂ်က ကာမရာဂါနုသယကို သမုစ္ဆေဒပဟာန်ဖြင့် အကြွင်းမဲ့ ပယ်ရှားနိုင်တော့၏။ ထို့ကြောင့် အသုဘာ ဘာဝေတဗ္ဗာ၊ ကာမရာဂသော ပဟာနာယ ‘ဟု အံ့-၃-၁၆၉၊ ခု၁-၁၂၀တို့၌ မိန့်ပြီ။
မိစ္ဆာဝိတက်ကို ပယ် ။ ။ အတွင်းအကျဆုံးသော သားသမီးပင်ဖြစ်စေကာမူ မိဘ၏ အကျိုးမဲ့ကို ပြုလုပ်လျှင် သားသမီးအဖြစ်မှစွန့််၍ အပသို့ထုတ်ပစ်ရသည်။ ဝိတက္ကာသယတည်းဟူသော မိစ္ဆာဝိတက်တို့သည်လည်း မိမိ၏ အတွင်းသန္တာန်၌ ဖြစ်စေကာ အပြင်ပငါးဖြာအာရုံ ကာမဂုဏ်ကို မှီငြိမ်းပြုခြင်း၊ မိစ္ဆာဝိက္ကီပုဂ္ဂိုလ်၏ အကျိုးမဲ့ ပြုခြင်းကြောင့် ဗာဟိရ ချမ်းသာဖို့မမြင် ဆင်းရဲဒုက္ခရောက်ဖို့သာရှိခြင်းကြောင့် ဝိဃာတပက္ခိကတို့သာဖြစ်ကြ၏။
ထို့ကြောင့် အာနာပါနသတိ ဘာဝနာ၌ပွားများလျှင် သမာဓိတည်၏။ ထိုသမာဓိကို မှီငြမ်းပြု၍ ဝိပဿနာရှုလျှင် အကြွင်းမဲ့ပယ်ရှားနိုင်တော့သည်သာ။ အာနာပါနဿတိဘာဝေတဗ္ဗာ၊ ဝိတက္ကုပစ္ဆေဒါယ’ဟု အံ့-၃-၁၆၉၊ ခု-၁-၁၂၀-တို့၌မိန့်ပြီ။
အနိစ္စာနုပဿီနံ။ ။ဤကား သုက္ခဝိပဿကရဟန္တာကိုရည်၍ ဟောအပ်သောဒေသနာတည်း။ မှန်၏။ သုက္ခဝိပဿကရရဟန္တာလောင်းလျာသည် ခန္ဓာပဉ္စက ရုပ်နာမ်သင်္ခါရတို့ကို အနိစ္စ ဒုက္ခ အနတ္တဟု သုံးသပ်ရှုမှတ်ခြင်းကြောင့် ဝုဋ္ဌာနဂါမိနီဝိပဿနာ အဆင့်ထိဆိုက်ရောက်သဖြင့် သောတာပတ္တိမဂ်နှင့် ဆက်သွယ်မိ၏။ ထိုအခါ အမှန်သဘာဝကို ဖုံးလွှမ်းသော အဝိဇ္ဇာအမှောင်ထုလျော့သွား ပျော့သွား၏။ သကဒါဂါမိမဂ် အနာဂါမိမဂ် အထိရောက်လျှင် အမှောင်ထုလုံးဝ ပျောက်၍ ဝိဇ္ဇာဉာန်ရောင်အဆင်းသည် ထင်းချင်း တိုင်းထင်း လင်းချင်တိုင်း လင်းလေ၏။ လက္ခဏာရေးသုံးပါးတို့တွင် အနိစ္စလက္ခဏာသည် ကျန်နှစ်ပါး
ထက် ထင်ရှားခြင်းကြောင့်၎င်း အနိစ္စလက္ခဏာသည် ကျန်နှစ်ပါး ရခြင်း၏ အကြောင်းဖြစ်သောကြောင့်၎င်း ဒုက္ခာနုပဿီ အနတ္တာနုပဿီဟု မဟောဘဲ အနိစ္စာနုပဿီနံဟုသာ ဟောတော်မူသည်။ ထို့ကြောင့်ယဒနိစ္စံ တံ ဒုက္ခံ၊ ယံ ဒုက္ခံ တဒနတ္တာ’ဟု သံ-၂-၁၉-၌ဟောတော်မူပြီ။ ယာ အဝိဇ္ဇာ၊ (အမှန်သဘာဝကို ဖုံးလွှမ်းတတ်-အကျိုးမဲ့အားလုံးကို ဖန်တီးတတ် ဝဋ်ဆင်းရြအားလုံး၏ ပင်မူလဖဖြစ်သော) အကြင်အဝိဇ္ဇာသည်။
အတ္ထိ၊ ၏။
သာ၊ ထိုအဝိဇ္ဇာကို။
ပဟီယတိ၊ မဂ်ဖြင့်ပယ်အပ်၏။
ယာ အဝိဇ္ဇာ၊ အဝိဇ္ဇာမှောင်ထုကို ဖောက်ခွင်းနိုင်သော အကြင်ဝိဇ္ဇာသည်။
အတ္ထိ၊ ၏။
သာဝိဇ္ဇာ၊ ထိုအရဟတ္တမဂ်ဉာန်ဝိဇ္ဇာသည်။
ဥပ္ပဇ္ဇတိ၊ ဖြစ်ပေါ်လာ၏။