ပါတိမောက္ခသံဝရသံဝုတော ။ ။ ဤပါတိမောက္ခသံဝရသံဝုတောပုဒ်ကို အမျိုးမျိုး ဖွင့်ပြ၏။ ထိုတွင် ဣဒံ ဟိ သီလံ သယံ တဒင်္ဂဝသေန သမာဓိသဟိတံ ပညာသဟိတဉ္စ ဝိက္ခမ္ဘနဝသေန သမုစ္ဆေဒဝသေနစ အစ္စန္တံ မောက္ခေတိ မောစေတီတိ ပါတိမောက္ခံ-ဟူသော ဋ္ဌ-။ သံဝရတိ ပိဒဟတိ ဧတေနာတိ သံဝရော။ ပါတိမောက္ခမေဝ သံဝရောတိ ပါတိမောက္ခသံဝရော။ အတ္ထတော ပန တတော တတော ဝီတိက္ကမိ-ကဗ္ဗတော ဝိရတိယော စေတနာ ဝါ- ဟူသော ဋ္ဌ။ တေန ပါတိမောက္ခသံဝရေနဥပေတော သမန္နာဂတော ပါတိမောက္ခသံဝရသံဝတောတိ ဝုတ္တော-ဟူသော ဋ္ဌ-၂၉၁ နည်းအရ အနက်ယောဇနာလိုက်သည်။ **အာစာရဂေါစရ-သမ္ပန္နော**၊ ရဟန်းတို့အား လျော်သောအကျင့်, ရဟန်းတို့အား သင့်လျော်သော ဌာနဟူသော ကျက်စားစရာနှင့် ပြည့်စုံသည်။ **အဏုမတ္တေသု**၊ အနည်းငယ်မျှ အဏုမြူပမာဖြစ်ကုန်သော။ **ဝဇ္ဇေသု**၊ သဉ္စိစ္စကင်း အနာဒရလည်း အလျဉ်းမရှိပါဘဲလျှက်အချို့သော သေခိယသိက္ခာပုဒ်ကို လွန်ကျူးမိခြင်း ဟူသော အပြစ်တို့၌။ **ဘယဒဿာဝီ**၊ ကြောက်မက်ဖွယ်ဘေးဟု ရှုမြင်သည်။ ဟုတွာ၊ ၍။အာစာရဂေါစရသမ္ပန္နော။ ။ အာစရသမ္ပန္န မပြမီ အနာစရ ကို ရှေးဥုးစွာပြမည်။ သစ်သီပေးခြင်း ပန်းပေးခြင်း သစ်ဝါးပေးခြင်းသည်လည်းကောင်း ကိုယ်အမူအရာ နှုတ်အမူအရာ ရိုင်းပြကြမ်းတမ်းခြင်းသည်လည်းကောင်း ရဟန်းတို့မပြုသင့်သော အကျင့် ဖြစ်၍ အနာစာရ-မည်၏။ ထိုအနာစာရတို့ကိုရှောင်ရှား၍ ကိုယ်ရော နှုတ်ပါနှစ်ဖြာ မလွန်ကျူးခြင်းဟူသော ရဟန်းများနှင့်လျော်သော အကျင့်အာစာရနျင့် ပြည့်စုံသောရဟန်းသည် အာစာရသမ္ပန္န- မည်၏။
ဂေါစရ၏ ရှေးဦးစွာ ဂေါစရကို သိသင့်၏။ “သူရာသောက်ထုပ်၊ သေတင်းကုတ်၊ ပဏ္ဍုက်ဘိက္ခုမ။ အပျိုဟိုင်းနှင့်၊ လူတိုင်းသွားလာ၊ ပြည့်တန်ဆာ၊ လင်ကွာမုဆိုးမ” တို့သည် ရဟန်းတို့အား မလျော်သော ကျက်စားရာဌာနဖြစ်၍ အဂေါစရ။ ထိုအဂေါစရတို့ကို ရှောင်ရှား၍ အခြား ရဟန်းတော်များနှင့်လျော်သော ဌာနတို့သို့ ဆွမ်းခံလှည့်လည်ခြင်း စသော အမှုနှင့်ပြည့်စုံသော ရဟန်းသည် ဂေါစရသမ္ပန္န-မည်၏။
တစ်နည်း- ဘုရား၌ ကြည်ညိုလေးစားခြင်း ဉုးထိပ်ထားခြင်း, သီတင်းသုံးဘော်တို့အပေါ်၌ လေးစားဦးထိပ်ထားခြင်း,ဟိရိဩတ္တပ္ပနှင့်ပြည့်စုံခြင်းသင်္ကန်းကို ကောင်းစွာဝတ်ရုံခြင်း,ကြည်ညိုဖွယ်ကောင်းသော သွားပုံ,လာပုံ,ကြည့်ပုံ,ရှုပုံ,လက်ခြေတို့ကို ကွေးဆန့်ပုံ,မျက်လွှာချ၍ကြည့်ခြင်း,စက္ခုန္ဒြေစသော ဣန္ဒြေခြောက်ပါး တံခါးပေါက်တို့ကို သတိထား ပိတ်ဆို့ခြင်း,ဆွမ်း သင်္ကန်းစသည်ကို သုံးစွဲရာ၌ လိုအပ်သည်ထထက်မပိုစေဘဲ သင့်လျော်မျှတရုံ ရှာမှီးခြင်း, အလှူခံခြင်း သုံးစွဲခြင်းစသည်ကို နားလည်ခြင်း, နိုးနိုးကြားကြား အားထုတ်ခြင်း, သတိသမ္ပဇဉ်အမြော်အမြင်နှင့် ပြည့်စုံခြင်း အလိုနည်း၍ ရသမျှဖြင့်ရောင့်ရဲခြင်း,လူသူလေးပါးနှင့် မရောမနှောဘဲ ဆိတ်ငြိမ်ရာ ချဉ်းကပ်လျက် အာဘိသမာစာရဖြစ်သော အထက်တန်းစားစျာန်တရား စသည်ကို ရအောင် အားထုတ်ခြင်း စသည်နှင့် ပြည့်စုံလျှင် အာစရသမ္ပန္န- မည်၏။
အကြင်ပုဂ္ဂိုလ်ကို အားကိုးတစ်ခု အမှီပြု၍နေလျှင် မကြားဖူးတာ ကြားရ ကြားဖူးတာလဲ ပို၍ရှင်းလင်း၊ အယူလည်းဖြောင့်၊ ယုံမှားခြင်းလည်းပျောက်၊ စိတ်လည်းကြည်ကြည်လင်လင်ဖြစ်၍ ထိုသူသည် ဥပနိဿယဂေါစရ။
အကြင်ပုဂ္ဂိုလ်ကို အတုလိုက်၍ ကျင့်ကြံခဲ့သော် သဒ္ဓါ သီလ သုတ စာဂ ပညာတိုးပွား၏။ ထိုပုဂ္ဂိုလ်သည်လည်း ဥပနိဿယဂေါစရမည်၏။
အကြင်ပုဂ္ဂိုလ်သည် မြို့တွင်းရွာတွင်း ဝင်၍ လမ်းပေါ်ရော်ကလျှင် စက္ခုဒွါရကို ပိတ်ဆို့ထားသည့်အနေဖြင့် မျက်လွှာချ ထမ်းပိုးတစ်ပြန်မျှ ကြည့်ရှုလျက် သွား၏။ ကား ရထား ကျွဲ နွား ဆင် မြင်းတို့ကိုလည်း မကြည့်၊ ဘေးဘီလည်းမကြည့်မူ၍ သွား၏။ ထိုသို့ စက္ခုန္ဒြေထိန်းသိမ်းစောင့်ရှောက်ခြင်းသည် အာရက္ခဂေါစရ မည်၏။
သတိပဋ္ဌာန်လေးပါးသည် ဥပနိဗန္ဓဂေါစရတည်း။ ထိုသတိပဋ္ဌာန်လေးပါး၌ မိမိစိတ်ကို ချည်နှောင်၍ ထားသဖြင့် အခြား ဟိုဟိုဒီဒီ အာရုံသို့ မရောက်တော့ပေ။ ထို့ကြောင့် သတိပဋ္ဌာန် လေးပါးကိုဥပနိဗန္ဓဂေါစရ-ဟု ဆိုအပ်၏။ ပြဆိုအပ်သောဂေါစရသုံးမျိုးနှင့် ပြည့်စုံသောရဟန်းသည် ဂေါစရသမ္ပန္န မည်၏။
**အဏုမတ္တေသု ဝဇ္ဇေသု ဘယဒဿဝီ** ။ ။ အဏုမတ္တဝဇ္ဇ၊ အနည်းငယ်မျှအဏုမြူပမာဏ အပြစ်ဟူသည် သိက္ခာပုဒ်ကိုကျူးလွန်လိုသော စေတနာဆိုး မရှိဘဲအမှုမဲ့အမှတ်မဲ့ ပရိမဏ္ဍလသိက္ခာပုဒ် နှင့် ဆန့်ကျင်လျက် သင်္ကန်းကို မညီမညာဝတ်ရုံမိခြင်း အာပတ်ခုနစ်ဖုံတို့တွင် သဗ္ဗလဟုကဖြစ်သော ဒုဗ္ဘာသိတအာပတ် သင့်ခြင်းမျိုးတည်း။
ထိုဒုဗ္ဘာသိတ အာပတ် သင့်ခြင်းမျိုးကိုပင် ပါရာဇိက အာပတ်သင့်သလောက် ဘေးဘယဟုထင်မြင် ယူဆခြင်း၊ ပရိမဏ္ဍလသိက္ခာပုဒ်နှင့် ဆန့်ကျင်ကာ သင်္ကန်းဝတ်ရုံမိခြင်းကို ဧရာမမြင့်မိုရ်တောင်လောက် ကြီးသောဘေးဟု ယူဆခြင်းသည် အဏုမတ္တေသုဝဇ္ဇေသုဘယဒဿနာမည်၏။ ထို့သို့ယူဆသောရဟန်းသည် အဏုမတ္တေသုဝဇ္ဇေသု ဘယဒဿာဝီမည်၏။ ဝိဟရတိ၊ နေ၏။ သိက္ခာပေဒေသု၊ သိက္ခာပုဒ်တို့တွင်။ ဝါ၊ တို့၌။ သမာဒါယ၊ ကျင်ရမည့် သိက္ခာပုဒ်ကို လိုလေသေးမရှိ ဆောက်တည်၍။ သိက္ခတိ၊ ဖြည့်ကျင့်၏။
စေတောဝိမုတ္တိ ။ ။ အရဟတ္တဖိုလ် သမာဓိသည် ရာဂမှ လွတ်မြောက် သောကြောင့် စေတောလည်းမည် ၊ ဝိမုတ္တိလည်းမည်၏။
ပညာဝိမုတ္တိ ။ ။ အရဟတ္တဖိုလ်သမာဓိနှင့် ယှဉ်သော ပညာသည် အဝိဇ္ဇာမှလွတ်မြောက်သောကြောင့် ပညာလည်းမည်၊ ဝိမုတ္တိလည်းမည်၏။ တစ်နည်းအားဖြင့်သမဌ၏ ဖလသည် စေတောဝိမုတ္တိ။ ဝိပဿနာ၏ဖလသည် ပညာဝိမုတ္တိ မည်၏။ အကျယ်ကို ဒေဝသဒ္ဒသုတ်အဋ္ဌကထာရှုလေ။
ယော၊ အကြင်ရဟန်းသည်။ ဣဓေဝ၊ ဤပစ္စုပ္ပန်ဘဝ၌ပင်။ အတ္တနော၊ မိမိ၏။ ဒုက္ခဿ၊ ဆင်းရဲခြင်းအကြောင်း ကိလေသာအပေါင်း၏။ (ခယံ-၌စပ်) (အာသဝက္ခယာဓိဂမေန၊ အာဿဝေါကုန်ရာ အရဟတ္တမဂ်ကို ရခြင်းကြောင့်)(ထည့်)။ ခယံ၊ ကုန်ခြင်း။ ဝါ၊ ပယ်ဖြင်းကို။ ပဇာနာတိ၊ သိ၏။ အနာသဝံ၊ အာသဝေါကင်းသော။ တံ ဘိက္ခုံ၊ ထိုရဟန်းကို။ ကလဏျာပညော၊ ကောင်းသော မဂ်ပညာ ဖိုလ်ပညာ ရှိသော ရဟန်းဟူ၍။ အာဟု၊ ဆိုကြကုန်ပြီ။
တစ်နည်း-ယော၊ အကြင်ရဟန်းသည်။ ဣဓေဝ၊ ဤပစ္စုပ္ပန်အတ္တဘော၌ပင်။ အတ္တနော၊ မိမိ၏။ ဒုက္ခဿ၊ ဝဋ်ဆင်းရဲ၏။ စရိမစိတ္တနိရောဓေန၊ နောက်ဆုံးစိတ်ချုပ်ခြင်းကြောင့် (ထည့်)။ ခယံ၊ ခီဏဘာဝံ။ ကုန်သည်၏ အဖြစ်ကို။ ပဇာနာတိ၊ သိ၏။ အနာသဝံ၊ သော။ တံ၊ ကို။ ကလျာဏပညော၊ သော။ ဘိက္ခူတိ၊ ဟူ၍။ အာဟု၊ ကုန်ပြီ-ဟုပေး။