ဝုတ္တံဟေတံ (လ) မေ သုတံ- ပေးမြဲ။
ဘိက္ခဝေ၊ တို့။ အဂ္ဂပ္ပသာဒါ၊ အမွန်မြတ်ဆုံး၌ ကြည်ညိုခြင်းတို့သည်။ ဝါ၊ အမြတ်ဆုံးကြည်ညိုခြင်းတို့သည်။ ဣမေ တယော၊ ဤသုံးမျိုးတို့တည်း။
ထို့အပြင် ဘုရားဆုပန်ခြင်း ပါရမီ ၁၀-ပါး ဖြည့်ဆည်းပူးခြင်းကို အစပြု၍ ဗောဓိ-သမ္ဘာရဂုဏ် အရဟတ္တမဂ်ရသည်နှင့် တစ်ပြိုင်နက် အလိုလို ပြည့်စုံသော သကလ-ဗုဒ္ဓဂုဏ်တို့ကြောင့် မည်သူတစ်ဥုးတစ်ယောက်နှင့်မျှ မတူသောကြောင့်လည်း အဂ္ဂ၊ သေဋ္ဌတရ ဖြစ်တောမူ၏။ ရင်ဝယ်သားသကဲ့သို့ သတွာတို့အပေါ် သနားဖြင်း မဟာကရုဏာ, အကျိုးစီးပွား လိုလာခြင်း မေတ္တာတည်းဟူသော ထူးခြားသော ဂုဏ်တို့ကြောင့် သဗ္ဗသတ္တုတ္တမ ဖြစ်တော်မူသည့်အတွက် အဂ္ဂ=သေဋ္ဌတရ ဖြစ်တော်မူ၏။ ပွင့်တော်မူပြီးသော ဘုရားအဆူဆူတို့သည် မည်သည့်သတွာနှင့်မျှ မတူသောကြောင့် အသမမည်ကုန်၏။ ထိုအသမ ဘုရားရှင်တို့နှင့်သာ ရူပကာယ ဓမ္မကာယအားဖြင့် တူသည့် အသမဂုဏ်ကြောင့် လည်း အဂ္ဂ= သေဋ္ဌတရ ဖြစ်တော်မူ၏။
ထို့အပြင် ခဲခဲယဉ်းယဉ်း ပွင့်ထွန်းပေါ်ပေါက်လာခြင်း အံ့ချီးစရာ လူသားတစ်ယောက်ဖြစ်ခြင်း များစွာသော သတွာတို့၏ စီးပွားချမ်းသာဆောင်ယူပေးခြင်း တစ်လောကလုံးမှာ တန်းတူရည်တူ နှစ်ဆူမရှိ အဒုတိယ အသဟာဂုဏ်တို့ကြောင့်လည်း အဂ္ဂ၊ သေဋ္ဌတရဖြစ်တော်မူ၏။
ဗုဒ္ဓသာ အဂ္ဂ၊ သေဋ္ဌတရ ဖြစ်သည် မဟုတ်၊ ဓမ္မနှင့်သံဃာလည်း အသဒိသဂုဏ်ဝိသိဋ္ဌဂုဏ် ဒုလ္လဘပါတုဘာဝ ဂုဏ် အစ္ဆရိယဘာဝဂုဏ် ဗဟုဇနတိ သုခါဝဟဂုဏ်အဒုတိယ အသဟာယဂုဏ်တို့ကြောင့် အဂ္ဂ=သေဋ္ဌတရ ဖြစ်ကုန်၏။
အဆိုပါ အဂ္ဂဖြစ်တော်မူသော ရတနတ္တယ၌ ကြည်ညိုခြင်းသဒ္ဓပါသာဒ သည်လည်း အဂ္ဂေသု+ပသာဒါ၊ အဂ္ဂပသာဒါနှင့်အညီ အဂ္ဂပသာဒါနှင့် အညီအဂပသာဒမည်၏။ ထိုအဂ္ဂရတနတ္တယနှင့်စပ်၍ ဖြစ်ပေါ်လာသော သဒ္ဓါပသာဒသည်လည်း အာရုံက အဂ္ဂဖြစ်၍ အာရမ္မဏိကပသာဒလည်း အဂ္ဂဖြစ်တော့သည်သာ။
ထို့ကြောင့် အဂ္ဂဘူတာ+ ပသာဒါ၊ အဂ္ဂပသာဒါနှင့်အညီ အဂ္ဂပသာဒမည်၏။ ဤနောက်ဝိကပ်အလို မဂ်ဖြင့် ပြီးသော အဝေစ္စသာဒသာ မုချအစစ် အဂ္ဂပသာဒဟုဆိုနိုင်သည်။ ဩကပ္ပနစသော အခြားသော ပသာဒတို့ကား အကျိုးဝိပါက်က အဂ္ဂဖြစ်၍ အကြောင်းပသာဒကို အဂ္ဂပသာဒဟု ဆိုရပေသည်။
အဂ္ဂတော-အဂ္ဂေ၊ အမွန်မြတ်ဆုံးရတနာသုံးပါး၌။ တစ်နည်း- အဂ္ဂတော-အဂ္ဂဘာဝတော၊ အမွန်မြတ်ဆုံး အဖြစ်ဖြင့်။ ပသန္နာနံ၊ အဝေစ္စပသာဒ ဪကပ္ပ-နပသာဒ စသောသဒ္ဓါဖြင့် ကြည်ညိုကုန်သော။ အဂ္ဂံ ဓမ္မံ၊ ဗုဒ္ဓ၏ဗုဒ္ဓအစစ် ဓမ္မ၏ ဓမ္မအစစ် သံဃာ၏လမ်းမှန်သောအကျင့်ကို ကျင့်ခြင်းဟူသော မွန်မြတ်သောသဘောကို။ ဝိဇာနတံ၊ သိမြင်ကုန် သည်ဖြစ်၍။ (ဥဠာရံ ပရိစ္စာဂံ၊ မြတ်သောလှူဒါန်းစွန့်ကြဲခြင်းကိုလည်းကောင်း။ ဥဠာရံ- ပူဇာသက္ကာရံ၊ မြတ်သောပူဇော်သက္ကာရကိုလည်းကောင်း။ ပဝတ္တေန္တာနံ၊ ဖြစ်စေသော ပုဂ္ဂိုလ်တို့အား။) (ထည့်)။ အဂ္ဂပုညံ၊ မြင့်မြတ်သော ကုသိုလ်သည်။ ပဝဍ္ဎတိ၊ နေ့စဉ်တိုးပွား၏။
အနုတ္တရေ၊ အတုမဲ့ဖြစ်သော။ ဝါ၊ မိမိထက်သာလွန်သူ မရှိသော။ ဒက္ခိ-ဏေယျ၊ တမလွန်လောကကို ယုံကြည်၍ လှူဒါန်းအပ်သော ပစ္စည်း ဝတ္ထုကို ခံယူခြင်းငှာ ထိုက်တော်မူသော။ အဂ္ဂေ၊ အမွန်မြတ်ဆုံးဖြစ်သော။ ဗုဒ္ဓေ၊ မြတ်စွာဘုရား၌။ ပသန္နာနံ၊ ကြည်ညိုသူတို့အား။ အဂ္ဂပုညံ၊ မွန်မြတ်သောကုသိုလ်သည်။ ပဝဍ္ဎတိ၊ တိုးပွား၏။
ဝိရာဂေ၊ ရာဂအပေါင်း ပျက်ပြုန်းကြောင်းဖြစ်သော။ ဥပသမေ၊ ကိလေသာခပ်သိမ်း ငြိမ်းအေးကြောင်းဖြစ်သော။ သုခေ၊ ဝဋ်ဒုက္ခ မှန်သမျှ ကုန်ခမ်း၍သင်္ခါရခပ်သိမ်းအေးငြိမ်းခြင်းဖြင့် ချမ်းသာလှသော။ အဂ္ဂေ၊ အမွန်မြတ်ဆုံးဖြစ်သော။ ဓမ္မေ၊ တရားတော်၌။ ပသန္နာနံ၊ ကြည်ညိုသူတို့အား။ အဂ္ဂံ ပုညံ၊ မွန်မြတ်သောကုသိုလ်သည်။ ပဝဍ္ဎတိ၊ တိုးပွား၏။
အနုတ္တရေ၊ အတုမဲ့ဖြစ်သော။ ဝါ၊ မိမိထက်သာလွန်သောသံဃာမရှိသော။ ပုညက္ခေတ္တေ၊ ကုသိုလ်ကောင်းမှု ပြုလုပ် စိုက်ပျိုးကြဲချရာ လယ်ယာ မြေကောင်းသဖွယ်ဖြစ်သော။ အဂ္ဂေ၊ အမွန်မြတ်ဆုံးဖြစ်သော။ သံဃေ၊ အယူသီလ တူမျှသဖြင့် စုပေါင်း အပ်သော ဘုရား၏သာဝကသံဃာတော်၌။ ပသန္နာနံ၊ ကြည်ညိုသူတို့အား။ အဂ္ဂံပုညံ၊ မွန်မြတ်သောကုသိုလ်သည်။ ပဝဍ္ဎ၊ တိုးပွား၏။
(က) ဂီဟိဘောဂါ၊ လူ့စည်းစိမ်ချမ်းသာကို ခံစားသုံးတောင်ခြင်းမှ။ ပရိဟီနော၊ ယုတ်လျော့လက်လွန်သည် ဖြစ်၍။ သာမညတ္ထဉ္စ၊ ပဋိဝေဓအကြားအမြင် ပရိယတ်အကြားအမြင်ဟူသော ရဟန်းဖြစ်ရကျိုးကိုလည်း။ အလဘန္တော၊ မရသောသူသည်။ (ထည့်)။ ဒုဗ္ဘဂေါ၊ ဘုန်းကျက်သရေမဲ့သည်ဖြစ်၍။ ဆဝါ-လာတံ၊ လူသေမီးရှို့ရာ၌ ကြွင်းကျန်သော မီးစသည်။ နဿတိ ဝိယ၊ ပျက်စီးသကဲ့သို့။ ပရိဓံသမာနော၊ ပျက်စီးလျက်။ ပကိရေတိ-ဝိဒ္ဓံသေတိ၊ မိမိဘဝကိုဖျက်ဆီး၏။
ကျန် (ခ+ဂ) နှစ်ဂါထာလုံး ဒုနိပါတ် အာပါယီကသုတ်၌ ပေးပြီး ဖြစ်သည်။ ရှလေ။
ဘိက္ခဝေ၊ တို့။ ဘိက္ခု၊ သည်။ **သင်္ဃာဋိကဏ္ဏေ**၊ ဘုရားရှင်၏ သင်္ကန်းစွန်း၌။ **ဂဟေတွာ**၊ ဆွဲကိုက်၍။ ပါဒေ၊ ဘုရားရှင်၏ ခြေတော်ရုပ်သိမ်းပြီးစဘုရားရှင် ချနင်းအပ်သော ခြေရာ၌။
** သင်္ဃာဋိကဏ္ဏေ ဂဟေတွာ**။ ။ သင်္ကန်းစွန်းကို ဆွဲကိုင်၍ ဘုရားရှင်ခြေတော်ရုပ်သိမ်းသည်နှင့် တစ်ပြိုင်နက် ရဟန်းက ဘုရား၏ ခြေချသည့်နေရာကိုနင်းကာ တကောက်ကောက် လိုက်နေသည်ဟု ဆိုသော်လည်း တကယ်စင်စင် သင်္ကန်းစွန်းဆွဲကိုင်သည် မဟုတ်၊ ပါဒေ ပါဒနိက္ခိပန အမှုပြုသည်မဟုတ်။ ဘုရားရှင် ကြွသွားလျှင် နောက်တော်မှ တစ်ဖဝါးမကွာလိုက်ပါလျက် ဘုရားရှင်ထိုင်နေ ရပ်နေလျောင်းနေလည်း အနီးအပါး ရှိနေကြောင်း ထင်ရှားစေရန် စေပိ အဿ-ဟုပရိကပ္ပဝစနအားဖြင့်ဟောတော်မူသည်။ ထို့ကြောင့် သုဂတ မဟာစီဝရဿ ကဏ္ဏေ ပရာမသန္တော ဝိယ မံ အနုဂစ္ဆေယျ-ဟု ဝိယသဒ္ဒါဖြင့် အဋ္ဌကထာ ဆရာမိန့်ပြီ။
**သော အာရကာဝ မယှံ** ။ ။ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၏ စိတ်သည်အကယ်၍ အဘိဇ္စျာ တိဗ္ဗသာရာဂ စသော တရားတို့၏ အဖျက်ဆီးခံရလျှင် ထိုသူ၏ စိတ်၌ အလွန် အထက်တန်းကျသော လောကုတ္တရာတရား ဘယ်နည်းနှင့်မျှ မဖြစ်နိုင်။ ထို့ကြောင့်”ဓမ္မံ ဟိ သော ဘိက္ခဝေ ဘိက္ခု န ပဿတိ” ဟု အဘိဇ္စျာစသည်အားကြီးသော ရဟန်းကို ရည်ရွယ်၍ ဟောတော် မူ၏။ နိဿိတဖြစ်သော လောကုတ္တရာ တရားကို မမြင်လျှင် နိဿယဖြစ်သော ဓမ္မကာယ၊ ဗုဒ္ဓကို မြင်ပါသည်ဆိုလျှင် အဓိပ္ပါယ်မရှိပေ။ ထို့ကြောင့် ဓမ္မံ အပဿန္တော မံ န ပဿတိ-ဟု ဟောတော်မူ၏။ ဤအဓိပ္ပါယ်ကို ဓမ္မော နာမနာဝတိဓောလောကုတ္တရာ ဓမ္မော။ သော စ အဘိဇ္စျာဒီဟိ ဒူသကိစိတ္တေန န သက္ကာ ပဿိတုံ။ တသ္မာ ဓမ္မဿ အဒဿနတောဓမ္မကာယဉ္စ န ပဿတီတိ ဟု အဋ္ဌကထာ၌ မိန့်ပြီ။ (ဋ္ဌ၊ ၂၈၀) ပါဒံ၊ မိမိ၏ခြေကို။
နိက္ခိပန္တော၊ ချနင်းလျက်။
ပိဋ္ဌိတော ပိဋ္ဌိတော၊ ဘုရားရှင်၏ နောက်မှနောက်။
အနုဗန္ဓော၊ တကောက်ကောက်လိုက်သည်။
စေပိအဿ၊ အကယ်၍ ဖြစ်စေကာမူလည်း။
သောစ၊ ထိုရဟန်းကား။ အဘိဇ္စျာလု၊ သူတစ်ပါးဥစ္စာကို ရလိုမှုဖြင့် လွန်လွန်ကဲကဲ ကြံစည်စိတ်ကူးသည်။ ကာမေသု၊ ငါးဖြာသောအာရုံကာမဂုဏ်တို့၌။ တိဗ္ဗသာရာဂေါ၊ အားကြီးသောမက်မောမူရှိသည်။ ဗျာပန္နစိတ္တော၊ ဖောက်ပြန်သော စိတ်ရှိသည်။ ပဒုဋ္ဌမနသင်္ကပ္ပေါ၊ (ဒေါသသည်ဖျက်ဆီးအပ်သည်ဖြစ်၍)ပျက်စီးသောစိတ်အကြံရှိသည်။ မုဋ္ဌဿတိ၊ ပျက်သောသတိရှိသည်။ အသမ္ပ-ဇာနော၊ ကောင်းစွာအပြားအားဖြင့် မသိသည်။ (ရုပ်မာမ်ခန္ဓာကို ပိုင်းခြားသိသော နာမရူပပရိစ္ဆေဒဉာန်ပင်မရှိ-ဟူလိုသည်။) အသမာဟိတော၊ မတည်ငြိမ်သည်။ ဝိဗ္ဘန္တစိတ္တော၊ အထူးထူးသော အာရုံ၌ ချာချာလည်၍ တစ်ခုတည်းသော အာရုံ၌ တုန်လှုပ်သောစိတ်ရှိသည်။ ပါကတိန္ဒြိယော၊ (စက္ခုစသည်ကို မစောင့်စည်း သဖြင့်) သိသာ ထင်ရှားသော ဣန္ဒြေရှိသည်။ ဟောတိ၊ ဖြစ်၏။
**သော**၊ (အဘိဇ္စျာလုကတာ စသော အပြစ်အနာဆာများသော) ထိုရဟန်းသည်။ အထ ခေါ၊ စစ်စစ်။ **မယှံ**၊ ငါဘုရားမှ။ **အာရကာဝ**၊ ဝေးကွာလှသည်သာ။ အဟဉ္စ၊ ငါဘုရားသည်လည်း။ တဿ၊ ထိုရဟန်းမှ။ အာရကာဝ၊ ဝေးကွာသည်သာ။
သော၊ ထိုရဟန်းသည်။ အန ဘိဇ္ဈာလု၊ အဘိဇ္ဈာ မများသည်။ ကာမေသု၊ ငါးဖြာအာရုံ ကာမဂုဏ်တို့၌။ န တိဗ္ဗသာရာဂေါ၊ အားကြီးပြင်းစွာ မမက်မောသည်။ အဗျာပန္နစိတ္တော၊ ဖောက်ပြန်သော စိတ်မရှိသည်။ အပဒုဋ္ဌမနသင်္ကပ္ပေါ၊ ပျက်စီးသော စိတ်အကြံမရှိသည်။ ဥပဋ္ဌိတဿတိ၊ အာရုံ၌ကပ်၍ တည်သောသတိရှိသည်။ သမ္ပဇာနော၊ ကောင်းစွာ အပြားအားဖြင့် သိမြင်သည်။ သမာဟိတော၊ ကောင်းကောင်းကြီးတည်ငြိမ်သည်။ ဧကဂ္ဂစိတ္တော၊ တစ်ခုတည်းသော အာရုံရှိသော စိတ်ရှိသည်။ (ဗဟုဗ္ဗီဟိဂဗ္ဗဗဟုဗ္ဘီဟိသမာသ်) သံဝုတတိန္ဒြိယော၊ စောင့်ရှောက်အပ်သော ဣန္ဒြေရှိသည်။ ဟောတိ၊ ၏။ (အနုဘိဇ္ဈာလု (လ) သံဝုတိန္ဒြိယပုဂ္ဂိုလ်ဟူသည်အောက်ထစ်ဆုံး သောတာပန်ပုဂ္ဂိုလ်တည်း။)
အထ ခေါ၊ စင်စစ်။ သော၊ ထို အနဘိဇ္ဈာလုစသော ပုဂ္ဂိုလ်သည်။ မယှံ၊ ငါဘုရားမှ။ သန္တိကေဝ၊ နီးသည်သာ။ အဟဉ္စ၊ ငါဘုရားသည်လည်း။ တဿ၊ ထိုအနဘိဇ္ဈာလု စသော ပုဂ္ဂိုလ်မှ။ သန္တိကေဝ၊ နီးသည်သာ။
သော၊ သစ္စာလေးပါးကို ပိုင်းခြား၍ သိပြီးသော ထိုရဟန္တာသည်။ အနေဇော၊ တုန်လှုပ်ခြင်းသဘောမရှိသည်ဖြစ်၍။ အနေဇဿ၊ တုန်လှုပ်ခြင်းသဘောမရှိသော ဘုရားရှင်၏။ နိဗ္ဗုတော၊ ကိလေသာအပူမီး ငြိမ်းအေးပြီးဖြစ်၍။ နိဗ္ဗုတဿ၊ ကိလေသာအပူမီး ငြိမ်းအေးတော်မူပြီးသော ဘုရားရှင်၏။
အဂိဒ္ဓေါ၊ တပ်မက်သော သဘောမရှိသည်ဖြစ်၍။ ဝီတဂေဓဿ၊ တပ်မက်ခြင်းသဘောရှိတော်မမူသော ဘုရားရှင်၏။ ယာဝဉ္စ၊ ယတ္တကံ၊ အတိုင်းအရှည်အားဖြင့်အကြင်မျှလောက်။ သန္တိကေ၊ နီး၏။ တာဝဉ္စ၊ တတ္တကံ၊ မည်မျှအထိနီးသည်ဟူသောထိုပမာဏကို။ ပဿ၊ ဉာန်မျက်စိဖြင့် သိမြင်ပါစေလော့။
မောဟဂ္ဂိ၊ မော၏မီးသည်။ သံမူဠှေ၊ မောဟလွှမ်းမိုး နှိပ်စက်သဖြင့် ပြင်းစွာတေဝေမိန်းမောကုန်သော။ အရိယဓမ္မေ၊ သမထ ဝိပဿနာ လောကုတ္တရာဟူသော မြင့်မြတ်သော တရား၌။ အကောဝိဒေ၊ (ခန္ဓာအာယတန ဓာတ်သသစ္စာတို့ကို မသင်ကြားမေးမြန်းခြင်းမရှိခြင်းကြောင့်) မကျွမ်းကျင်မလိမ္မာကုန်သောသူတို့ကို။ ဒဟတိ၊ ရှို့မြှိုက်လောင်ကျွမ်းစေ၏။
ဧတေအဂ္ဂီ၊ ပြဆိုခဲ့သောဤမီးတို့ကို။ အဇာနန္တာ၊ (ပစ္စုပ္ပန်သံသရာ နှစ်ဖြာရှို့မြှိုက်တတ်သော တရားတို့ကိုဟူ၍ ပရိညာဘိသမယ ပဟာနာဘိသမယအားဖြင့်) ထိုးထွင်း၍ မသိကုန်သော။ ပဇာ၊ သတွာတို့သည်။ သက္ကာယာဘိရတာ၊ ထင်ရှားရှိသော ဥပါဒါနက္ခန္ဓာငါးပါး၌ တဏှာ မာန ဒိဋ္ဌိတို့၏ အစွမ်းအားဖြင့်နှစ်သက်မွေ့လျော်ကြကုန်၏။
တေ၊ ထိုတဏှာစွဲ မာနစွဲ ဒိဋ္ဌိစွဲအားဖြင့် မိမိ၏ဥပါဒါနက္ခန္ဓာ၌ အစွဲကြီး စွဲနေကြကုန်သော သတွာတို့သည်။ နိရယံ၊ ငရဲကိုလည်းကောင်း။ တိရစ္ဆာနဉ္စယောနိယော၊ တိရစ္ဆာန်ယောနိတို့ကိုလည်းကောင်း။ အသုရံ၊ အသူရကာယ်ဘုံကိုလည်းကောင်း။ ပေတ္တိဝိသယဉ္စ၊ ပြိတ္တာဘုံကိုလည်းကောင်း။ ဝဍ္ဎယန္တိ၊ အဖန်ဖန်ဖြစ်ခြင်း၏ အစွမ်းအားဖြင့် တိုးပွားစေကြကုန်၏။ မာရဗန္ဓနာ၊ ကိလေသာမာရ်၏ အနှောင့်အဖွဲ့မှ။ အမုတ္တာ၊ မလွတ်မြောက်နိုင်ကြကုန်။
(မီးသုံးမျိုးမပယ်ရှားနိုင်သဖြင့် သံသရာဝဋ်လည် ပုံပြပြီး၍ ထိုသုံးမျိုးကို ပယ်ရှားသဖြင့် ဝဋ်ဆင်းရဲငြိမ်းပုံ ဝိဝဋ္ဋကထာကိုပြလို၍ ယေ စ ရတ္တိန္ဒိဝါ ယုတ္တာ- စသည်ကို ဟောတော်မူပြန်၏။)
ယထာ ယထာ၊ အကြင် အကြင် အပြားအားဖြင့်။ **အဿ**၊ ဤအာရဒ္ဓဝိပဿကရဟန်းသည်။ ဥပပရိက္ခတော၊ ရုပ်နာမ်သင်္ခါရကို လက္ခဏာယဉ်တင်၍ သုံးသပ်စဉ်။ **ဝိညာဏံ**၊ ဝိပဿာနာစိတ်သည်။ **ဗဟိဒ္ဓါ**၊ ကမ္မဋ္ဌာန်းအာရုံမှ ပြင်ပ ရူပသဒ္ဒစသော အာရုံ၌။ **အဝိက္ခိတ္တံ**၊ မပျံ့လွင့် တည်ငြိမ်သည်။ **အဝိသဋံ**၊ (တည်ငြိမ်သည့်အတွက်) အာရုံရေလျင်ကြောမျောကာ မကျယ်ပြန့်သည်။ ဟောတိ၊ ၏။ ဘိက္ခဝေ၊ တို့။ တထာ တထာ၊ ထိုထိုအပြားအားဖြင့်။ ဘိက္ခု၊ သည်။ ဥပပရိက္ခေယျ၊ (စူးစမ်းချိန်ဆ) သုံးသပ်ရာ၏။ (ဝီမံသေယျ ပရိတုလေယျသမ္မသေယျ။ အဋ္ဌကထာ။)
ယထာယထာ၊ အကြင်အကြင် အပြားအားဖြင့်။ အဿ၊ ဤအာရဒ္ဓဝိပဿကရဟန်းသည်။ ဥပပရိက္ခတော၊ ရုပ်နာမ်သင်္ခါရကို လက္ခဏာယဉ်တင်၍ သုံးသပ်စဉ်။ ဗဟိဒ္ဓါ စဿ ဝိညာဏံ အဝိက္ခတ္တံ အဝိသဋံ။ ။ သမ္မသနဉာန် ဝိပဿနာရှုပုံအခြင်းအရာကို ပေါ်လွင်စေရန် တစ်ဝါကျတည်း ပေါင်း၍ မယောဇနာပဲ သုံးဝါကျခွဲ၍ အဋ္ဌကထာလာတိုင်း အနက်ယောဇနာသည်။ ထိုသုံးဝါကျတို့တွင် ပဌမဝါကျဖြင့် ဝီရိယလွန်ကဲလျှင် ဥဒ္ဓစ္စ ဖြစ်တတ်သည်။ ထို့ကြောင့် ဝီရိယကို လိုအပ်သည်ထက်မပိုစေဘဲ အလောတော် မျှတရုံ အားထုတ်လျှင် ကမ္မဋ္ဌာန်း အာရုံမှ ပြင်ပရူပါရုံစသည်၌ ယောဂီ ရဟန်း၏စိတ်သည် မကျရောက်တော့ပေ။ ထိုအခါ အဝိက္ခိတ္တ မပျံ့လွင့်တည်ငြိမ်၏။ တည်ငြိမ်ခြင်းကြောင့် ဟိုရောက်ဒီရောက် စိတ်မလေမလွင့် မကျယ်ပြန့်တော့ပေ။ ယင်းသို့ဖြစ်အောင် ရုပ်နာမ်သင်္ခါရကို အနိစ္စ ဒုက္ခ အနတ္တဟု ရှုမှတ်သုံးသပ်ရမည်ဟု သိစေသည်။ ဝိညာဏံ၊ ဝိပဿနာစိတ်သည်။ **အဇ္ဈတ္တံ**၊ ဂေါစရဇ္ဈတ္တဖြစ်သော ကမ္မဋ္ဌာန်းအာရုံ၌။ **အသဏ္ဌိတံ**၊ တွန့်ဆုတ်သည်၏ အစွမ်းအားဖြင့် ရပ်တည်၍ မနေသည်။ ဟောတိ၊ ၏။ ဘိက္ခဝေ၊ တို့၏။ တထာ တထာ၊ ထိုထိုသို့သော အပြားအားဖြင့်။ ဘိက္ခု၊ သည်။ ဥပပရိက္ခေယျ၊ စူးစမ်းချိန်ဆ သုံးသပ်ရာ၏။
ယထာ ယထာ၊ အကြင်အကြင် အပြားအားဖြင့်။ အဿ၊ ဤအာရဒ္ဓဝိပဿကရဟန်းသည်။ ဥပပရိက္ခတော၊ ရုမ်နာမ်သင်္ခါရကို လက္ခဏာယဉ်တင်၍သုံးသပ်စဉ်။ ကဉ္စိ သင်္ခါရံ၊ တစ်စုံတစ်ခုသော သင်္ခါရကို။ **အနုပါဒါယ***၊ ငါကောင် ငါ့ဥစ္စာဟု တဏှာဒိဋ္ဌိဖြင့် စွဲစွဲလမ်းလမ်း မယူမူ၍။ **န ပရိတဿေယျ**၊ (စွဲစွဲလမ်းလမ်း မယူခြင်းကြောင့်) တဏှာဒိဋ္ဌိဖြင့် မလိုလား မနှစ်သက် မတွယ်တာရာ။ ဘိက္ခဝေ၊ တို့။ တထာ တထာ၊ ထိုထိုအပြားအားဖြင့်။ ဘိက္ခု၊ ရဟန်းသည်။ ဥပပရိက္ခေယျ၊ စူးစမ်းချိန်ဆ လက္ခဏာယဉ်တင် သုံးသပ်ရာ၏။
အနုပါဒါယ န ပရိတဿေယျ။ ။ တတိယဝါကျဖြင့် ရုပ်နာမ်သင်္ခါရဝါ- ဥပါဒါနက္ခန္ဓာ ငါးပါးကို ငါကောင်ဟူ၍လည်းကောင်း၊ ငါ့ဥစ္စာဟူ၍လည်းကောင်း စွဲစွဲလမ်းလမ်း ဖြစ်နေလျှင် ထိုသင်္ခါရတို့ကို တဏှာဒိဋ္ဌိဖြင့် မနှစ်သက်ဘဲ မတွယ်တာဘဲ မနေတော့ပေ။ နှစ်သက်တွယ်တာ တော့သည်သာ။ တွယ်တာလျှင် လက္ခဏာယဉ်တင်၍ သုံးသပ်မှု မပြုနိုင်။ ယင်းသို့ စွဲလမ်းခြင်းကင်း တွယ်တာခြင်းကင်းရှင်းစွာဖြင့် အနိစ္စ ဒုက္ခ အနတ္တ ဟု ရှုမှတ်သုံးသပ်ရမည်ဟု သိစေသည်။ သတိ၊ ဖြစ်လတ်သော်။ **အာယတိံ**၊ နောင်အခါ၌။ **ဇာတိဇရာမရဏဒုက္ခ သမုဒယသမ္ဘဝေါ**၊ အလုံးစုံဝဋ်ဒုက္ခဖြစ်ခြင်း၏ အကြောင်းဖြစ်သော ဇာတိဇရာ- မရဏ ဖြစ်ပေါ်ခြင်းသည်။ **န ဟောတိ**၊ မဖြစ်တော့ပေ။ ဝါ၊ ဇာတိတည်းဟူသော ဒုက္ခဖြစ်ပေါ်ကြောင်း ဇရာမရဏတည်းဟူသော ဒုက္ခဖြစ်ပေါ်ခြင်းသည်။ န ဟောတိ၊ မဖြစ်တော့ပေ။ (နောက်နည်း၌ ဇာတိနှင့် ဒုက္ခသမုဒယ ဇရာမရဏ နှင့် ဒုက္ခသမ္ဘဝ တွဲ၍ ယောဇနာသည်။)
ဘဝယောဂယုတ္တော ။ ။ ဘဝရာဂသည် လူ့လောကသို့ လာရောက်ကြောင်းမဟုတ်။ သို့သော် ကာမယောဂယုတ္တဖြစ်လျှင် ဘဝယောဂယုတ္တအဖြစ် သေချာသောကြောင့် ကာမယောဂယုတ္တော ဘိက္ခဝေ အာဂါမီ ဟောတိ အာဂန္တွ ဣတ္တတ္တံ-ဟုသာ မဟောဘဲ ဘဝယောဂယုတ္တော ပုဒ်ကိုပါ ဟောတော်မူသည်။
ကာမယောဂတိသံယုတ္တော- စသည်။ ။ ဘဝယောဂဟူသည် ရူပါရူပါဘဝတို့၌ တက်မက်သောရာဂ၊ ရူပါရူပစျာန်၌ တပ်နှစ်သက် သော စျာနနိကန္တိ၊ သဿတဒိဋ္ဌိနှင့် တကွဖြစ်သော ရာဂ ဤသုံးမျိုးတည်း။ ကာမယောဂ- ဝိသံယုတ္တဖြစ်လျှင် ဘဝယောဂယုတ္တဖြစ်စေကာမူ အာဂါမီ မဟုတ်တော့၊ အနာဂါမီသာဖြစ်၏။ ကာမ-ယောဂ-ရော ဘဝယောဂ-ရော နှစ်ပါး ဝိသံယုတ္တဖြစ်လျှင် အာဂါမီလည်းမဟုတ်အနာဂါမီလည်းမဟုတ်၊ ရဟန္တာတည်း။
လက်ရှိဒေသနာ၌ခညည်း အနာဂါမ်ပုဂ္ဂိုလ်နှင့်သာ အထူးသက်ဆိုင်သော ကာမ-ယောဂဝိသံယုတ္တောပုဒ်ကိူ ထည့်ရန် မလို။ ဘဝယောဂဝိသံယုတ္တော တစ်ပုဒ်တည်းဖြင့် ရဟန္တာအတွက် လုံလောက်၏။ သို့ပါလျက် ကာမယောဂ ဝိသံယုတ္တောပုဒ်ကို ထည့်ဖြင်းသည် ရဟန္တာ၏ အရဟတ္တမဂ်ကို ဂုဏ်တင်ဂုဏ်ပြသောအားဖြင့် ထည့်ဟောခြင်းဖြစ်သည်။
သတ္တာ ဂစ္ဆန္တိ သံသာရံ ။ ။ပုထုဇဉ် သောတာပန် သကဒါဂါမ် ဤသုံးမျိုးကို ရည်၍ သတ္တာ ဂစ္ဆန္တိ သံသာ-ရံဟုမိန့်သည်။ ထိုသုံးမျိုးတို့တွင် ကာမဘုံသား သတ္တက္ခတ္တုပရမသောတာပန်သည် ၇-ဘဝထက် ပို၍ ၈-ဘဝထိအောင် သံသရာမကျင်လည်ရ။ ကျန်ဧကဗီဇ ကောလံကောလ သောတာပန်တို့လည်း ပိုင်းခြားထားသော ဇာတိအားလျော်စွာသော ဧကဗီဇ ၁-ဘဝ ကောလံကောလ ၆-ဘဝသာကျင်လည်ရ၏။ ရူပ အရူပ သောတာပန်တို့ကား ပါရမီ မရင့်ကျက်မခြင်း ကျင်လည်သည်။ ပဋိသမ္ဘိဒါမဂ် ဋ္ဌ-ကိုလည်းရှု။
**သကဒါဂါမ် နှစ်မျိုး**။ ။ ဒေဝမနုဿဝေါမိဿက သကဒါမ် ဒေဝမနုဿ-သုဒ္ဓကဒါဂါမ်ဟု နှစ်မျိုးရှိရာ ပဌမအမျိုးသည် ဤလူ့ပြည်၌ သကဒါဂါမဂ်ရ၍ နတ်ပြည်သို့သွားကာ ပဋိသန္ဓေ နေပြီးလျှင် ဤလူ့ပြည်သို့ ပဋိသန္ဓေနေသောအားဖြင့် ပြန်လာပါက သကိံ+အာဂါမီ၊ သက်ဒါဂါမီဟူသည်နှင့်အညီ သံသရာ၌ တစ်ကြိမ်သာ၊ အကြိမ်ကြိမ် မကျင်လည်ရတော့ ပေ။ ဒုတိယအမျိုးကား လူ့ပြည်မှာ ပဋိသန္ဓေနေ၍ မဂ်ရပြီးလျှင် နတ်ပြည်သို့ မသွားတော့သည်ဖြစ်အံ့။ နတ်ပြည်မှ ပဋိသန္ဓေနေ၍ မဂ်ရပြီးလျှင် လူ့ပြည်သို့ မလာတော့သည်ဖြစ်အံ့။ အထက်မဂ် ရရှိရေးအတွက် ဣန္ဒြေမရင့်ကျက်မချင်း မိမိရောက်ရာ လူ့ဘုံ၌ဖြစ်စေ နတ်ဘုံ၌ဖြစ်စေ တစ်ကြိမ်သာမက, အကြိမ်ကြိမ် သံသရာ၌ ကျင်လည် ရမည် ကျင်လည်နိုင်သည်သာ။ ဋ္ဌ- ၂၈၈ ရှု။
ဆိန္နသံသယာ၊ ခီဏမာနပုနဗ္ဘဝါ။ ။ ယုံမှားသံသယကို သောတာပတ္တိမဂ်ဖြင့် ပယ်ပြီးဖြစ်သော်လည်း အရဟတ္တမဂ်ကို ဂုဏ်ပြုချီးကျူးသော အားဖြင့် အရဟတ္တမဂ်က ပယ်သယောင် ဤ၌ထည့်၍ ဆိန္နသံသယာ-ဟု ဟောတော်မူသည်။ အဝိဇ္ဇာ စသော တရားတို့ကိုလည်း ပယ်မှသာ ရဟန္တာဖြစ်နိူင်သော်လည်း မာနနှင့် အဆင့်တူ ဧကဋ္ဌဖြစ်၍ အဝိဇ္ဇာစသည်တို့ကို လက္ခဏာဟာရနေတ္တိနည်းအရ ပယ်ပြီးဟုသိရ၏။ ထို့ကြောင့် ဤ၌ ခီဏမာနဟုသာ ဟောတော်မူသည်။ ခီဏမာနဖြင့် သဥပါဒိ-သေသနိဗ္ဗာနဓာတ်ကို ပြ၍ ခီဏပုနဗ္ဘဝဖြင့် အနုပါဒိသေသနိဗ္ဗာဓာတ်ကို ပြသည်။ တတော ဧဝ၊ ထို့ကြောင့်ပင်။ ဇာတိမရဏဂါမိနော၊ ပဋိသန္ဓေနေရခြင်း သေရခြင်းသဘောသို့လည်း ရောက်ကြရကုန်၏။ ဝါ၊ ပဋိသန္ဓေလည်းန သေလည်း ဟေရကုန်၏။
ပါတိမောက္ခသံဝရသံဝုတော ။ ။ ဤပါတိမောက္ခသံဝရသံဝုတောပုဒ်ကို အမျိုးမျိုး ဖွင့်ပြ၏။ ထိုတွင် ဣဒံ ဟိ သီလံ သယံ တဒင်္ဂဝသေန သမာဓိသဟိတံ ပညာသဟိတဉ္စ ဝိက္ခမ္ဘနဝသေန သမုစ္ဆေဒဝသေနစ အစ္စန္တံ မောက္ခေတိ မောစေတီတိ ပါတိမောက္ခံ-ဟူသော ဋ္ဌ-။ သံဝရတိ ပိဒဟတိ ဧတေနာတိ သံဝရော။ ပါတိမောက္ခမေဝ သံဝရောတိ ပါတိမောက္ခသံဝရော။ အတ္ထတော ပန တတော တတော ဝီတိက္ကမိ-ကဗ္ဗတော ဝိရတိယော စေတနာ ဝါ- ဟူသော ဋ္ဌ။ တေန ပါတိမောက္ခသံဝရေနဥပေတော သမန္နာဂတော ပါတိမောက္ခသံဝရသံဝတောတိ ဝုတ္တော-ဟူသော ဋ္ဌ-၂၉၁ နည်းအရ အနက်ယောဇနာလိုက်သည်။ **အာစာရဂေါစရ-သမ္ပန္နော**၊ ရဟန်းတို့အား လျော်သောအကျင့်, ရဟန်းတို့အား သင့်လျော်သော ဌာနဟူသော ကျက်စားစရာနှင့် ပြည့်စုံသည်။ **အဏုမတ္တေသု**၊ အနည်းငယ်မျှ အဏုမြူပမာဖြစ်ကုန်သော။ **ဝဇ္ဇေသု**၊ သဉ္စိစ္စကင်း အနာဒရလည်း အလျဉ်းမရှိပါဘဲလျှက်အချို့သော သေခိယသိက္ခာပုဒ်ကို လွန်ကျူးမိခြင်း ဟူသော အပြစ်တို့၌။ **ဘယဒဿာဝီ**၊ ကြောက်မက်ဖွယ်ဘေးဟု ရှုမြင်သည်။ ဟုတွာ၊ ၍။အာစာရဂေါစရသမ္ပန္နော။ ။ အာစရသမ္ပန္န မပြမီ အနာစရ ကို ရှေးဥုးစွာပြမည်။ သစ်သီပေးခြင်း ပန်းပေးခြင်း သစ်ဝါးပေးခြင်းသည်လည်းကောင်း ကိုယ်အမူအရာ နှုတ်အမူအရာ ရိုင်းပြကြမ်းတမ်းခြင်းသည်လည်းကောင်း ရဟန်းတို့မပြုသင့်သော အကျင့် ဖြစ်၍ အနာစာရ-မည်၏။ ထိုအနာစာရတို့ကိုရှောင်ရှား၍ ကိုယ်ရော နှုတ်ပါနှစ်ဖြာ မလွန်ကျူးခြင်းဟူသော ရဟန်းများနှင့်လျော်သော အကျင့်အာစာရနျင့် ပြည့်စုံသောရဟန်းသည် အာစာရသမ္ပန္န- မည်၏။
ဂေါစရ၏ ရှေးဦးစွာ ဂေါစရကို သိသင့်၏။ “သူရာသောက်ထုပ်၊ သေတင်းကုတ်၊ ပဏ္ဍုက်ဘိက္ခုမ။ အပျိုဟိုင်းနှင့်၊ လူတိုင်းသွားလာ၊ ပြည့်တန်ဆာ၊ လင်ကွာမုဆိုးမ” တို့သည် ရဟန်းတို့အား မလျော်သော ကျက်စားရာဌာနဖြစ်၍ အဂေါစရ။ ထိုအဂေါစရတို့ကို ရှောင်ရှား၍ အခြား ရဟန်းတော်များနှင့်လျော်သော ဌာနတို့သို့ ဆွမ်းခံလှည့်လည်ခြင်း စသော အမှုနှင့်ပြည့်စုံသော ရဟန်းသည် ဂေါစရသမ္ပန္န-မည်၏။
တစ်နည်း- ဘုရား၌ ကြည်ညိုလေးစားခြင်း ဉုးထိပ်ထားခြင်း, သီတင်းသုံးဘော်တို့အပေါ်၌ လေးစားဦးထိပ်ထားခြင်း,ဟိရိဩတ္တပ္ပနှင့်ပြည့်စုံခြင်းသင်္ကန်းကို ကောင်းစွာဝတ်ရုံခြင်း,ကြည်ညိုဖွယ်ကောင်းသော သွားပုံ,လာပုံ,ကြည့်ပုံ,ရှုပုံ,လက်ခြေတို့ကို ကွေးဆန့်ပုံ,မျက်လွှာချ၍ကြည့်ခြင်း,စက္ခုန္ဒြေစသော ဣန္ဒြေခြောက်ပါး တံခါးပေါက်တို့ကို သတိထား ပိတ်ဆို့ခြင်း,ဆွမ်း သင်္ကန်းစသည်ကို သုံးစွဲရာ၌ လိုအပ်သည်ထထက်မပိုစေဘဲ သင့်လျော်မျှတရုံ ရှာမှီးခြင်း, အလှူခံခြင်း သုံးစွဲခြင်းစသည်ကို နားလည်ခြင်း, နိုးနိုးကြားကြား အားထုတ်ခြင်း, သတိသမ္ပဇဉ်အမြော်အမြင်နှင့် ပြည့်စုံခြင်း အလိုနည်း၍ ရသမျှဖြင့်ရောင့်ရဲခြင်း,လူသူလေးပါးနှင့် မရောမနှောဘဲ ဆိတ်ငြိမ်ရာ ချဉ်းကပ်လျက် အာဘိသမာစာရဖြစ်သော အထက်တန်းစားစျာန်တရား စသည်ကို ရအောင် အားထုတ်ခြင်း စသည်နှင့် ပြည့်စုံလျှင် အာစရသမ္ပန္န- မည်၏။
အကြင်ပုဂ္ဂိုလ်ကို အားကိုးတစ်ခု အမှီပြု၍နေလျှင် မကြားဖူးတာ ကြားရ ကြားဖူးတာလဲ ပို၍ရှင်းလင်း၊ အယူလည်းဖြောင့်၊ ယုံမှားခြင်းလည်းပျောက်၊ စိတ်လည်းကြည်ကြည်လင်လင်ဖြစ်၍ ထိုသူသည် ဥပနိဿယဂေါစရ။
အကြင်ပုဂ္ဂိုလ်ကို အတုလိုက်၍ ကျင့်ကြံခဲ့သော် သဒ္ဓါ သီလ သုတ စာဂ ပညာတိုးပွား၏။ ထိုပုဂ္ဂိုလ်သည်လည်း ဥပနိဿယဂေါစရမည်၏။
အကြင်ပုဂ္ဂိုလ်သည် မြို့တွင်းရွာတွင်း ဝင်၍ လမ်းပေါ်ရော်ကလျှင် စက္ခုဒွါရကို ပိတ်ဆို့ထားသည့်အနေဖြင့် မျက်လွှာချ ထမ်းပိုးတစ်ပြန်မျှ ကြည့်ရှုလျက် သွား၏။ ကား ရထား ကျွဲ နွား ဆင် မြင်းတို့ကိုလည်း မကြည့်၊ ဘေးဘီလည်းမကြည့်မူ၍ သွား၏။ ထိုသို့ စက္ခုန္ဒြေထိန်းသိမ်းစောင့်ရှောက်ခြင်းသည် အာရက္ခဂေါစရ မည်၏။
သတိပဋ္ဌာန်လေးပါးသည် ဥပနိဗန္ဓဂေါစရတည်း။ ထိုသတိပဋ္ဌာန်လေးပါး၌ မိမိစိတ်ကို ချည်နှောင်၍ ထားသဖြင့် အခြား ဟိုဟိုဒီဒီ အာရုံသို့ မရောက်တော့ပေ။ ထို့ကြောင့် သတိပဋ္ဌာန် လေးပါးကိုဥပနိဗန္ဓဂေါစရ-ဟု ဆိုအပ်၏။ ပြဆိုအပ်သောဂေါစရသုံးမျိုးနှင့် ပြည့်စုံသောရဟန်းသည် ဂေါစရသမ္ပန္န မည်၏။
**အဏုမတ္တေသု ဝဇ္ဇေသု ဘယဒဿဝီ** ။ ။ အဏုမတ္တဝဇ္ဇ၊ အနည်းငယ်မျှအဏုမြူပမာဏ အပြစ်ဟူသည် သိက္ခာပုဒ်ကိုကျူးလွန်လိုသော စေတနာဆိုး မရှိဘဲအမှုမဲ့အမှတ်မဲ့ ပရိမဏ္ဍလသိက္ခာပုဒ် နှင့် ဆန့်ကျင်လျက် သင်္ကန်းကို မညီမညာဝတ်ရုံမိခြင်း အာပတ်ခုနစ်ဖုံတို့တွင် သဗ္ဗလဟုကဖြစ်သော ဒုဗ္ဘာသိတအာပတ် သင့်ခြင်းမျိုးတည်း။
ထိုဒုဗ္ဘာသိတ အာပတ် သင့်ခြင်းမျိုးကိုပင် ပါရာဇိက အာပတ်သင့်သလောက် ဘေးဘယဟုထင်မြင် ယူဆခြင်း၊ ပရိမဏ္ဍလသိက္ခာပုဒ်နှင့် ဆန့်ကျင်ကာ သင်္ကန်းဝတ်ရုံမိခြင်းကို ဧရာမမြင့်မိုရ်တောင်လောက် ကြီးသောဘေးဟု ယူဆခြင်းသည် အဏုမတ္တေသုဝဇ္ဇေသုဘယဒဿနာမည်၏။ ထို့သို့ယူဆသောရဟန်းသည် အဏုမတ္တေသုဝဇ္ဇေသု ဘယဒဿာဝီမည်၏။ ဝိဟရတိ၊ နေ၏။ သိက္ခာပေဒေသု၊ သိက္ခာပုဒ်တို့တွင်။ ဝါ၊ တို့၌။ သမာဒါယ၊ ကျင်ရမည့် သိက္ခာပုဒ်ကို လိုလေသေးမရှိ ဆောက်တည်၍။ သိက္ခတိ၊ ဖြည့်ကျင့်၏။
စေတောဝိမုတ္တိ ။ ။ အရဟတ္တဖိုလ် သမာဓိသည် ရာဂမှ လွတ်မြောက် သောကြောင့် စေတောလည်းမည် ၊ ဝိမုတ္တိလည်းမည်၏။
ပညာဝိမုတ္တိ ။ ။ အရဟတ္တဖိုလ်သမာဓိနှင့် ယှဉ်သော ပညာသည် အဝိဇ္ဇာမှလွတ်မြောက်သောကြောင့် ပညာလည်းမည်၊ ဝိမုတ္တိလည်းမည်၏။ တစ်နည်းအားဖြင့်သမဌ၏ ဖလသည် စေတောဝိမုတ္တိ။ ဝိပဿနာ၏ဖလသည် ပညာဝိမုတ္တိ မည်၏။ အကျယ်ကို ဒေဝသဒ္ဒသုတ်အဋ္ဌကထာရှုလေ။
ယော၊ အကြင်ရဟန်းသည်။ ဣဓေဝ၊ ဤပစ္စုပ္ပန်ဘဝ၌ပင်။ အတ္တနော၊ မိမိ၏။ ဒုက္ခဿ၊ ဆင်းရဲခြင်းအကြောင်း ကိလေသာအပေါင်း၏။ (ခယံ-၌စပ်) (အာသဝက္ခယာဓိဂမေန၊ အာဿဝေါကုန်ရာ အရဟတ္တမဂ်ကို ရခြင်းကြောင့်)(ထည့်)။ ခယံ၊ ကုန်ခြင်း။ ဝါ၊ ပယ်ဖြင်းကို။ ပဇာနာတိ၊ သိ၏။ အနာသဝံ၊ အာသဝေါကင်းသော။ တံ ဘိက္ခုံ၊ ထိုရဟန်းကို။ ကလဏျာပညော၊ ကောင်းသော မဂ်ပညာ ဖိုလ်ပညာ ရှိသော ရဟန်းဟူ၍။ အာဟု၊ ဆိုကြကုန်ပြီ။
တစ်နည်း-ယော၊ အကြင်ရဟန်းသည်။ ဣဓေဝ၊ ဤပစ္စုပ္ပန်အတ္တဘော၌ပင်။ အတ္တနော၊ မိမိ၏။ ဒုက္ခဿ၊ ဝဋ်ဆင်းရဲ၏။ စရိမစိတ္တနိရောဓေန၊ နောက်ဆုံးစိတ်ချုပ်ခြင်းကြောင့် (ထည့်)။ ခယံ၊ ခီဏဘာဝံ။ ကုန်သည်၏ အဖြစ်ကို။ ပဇာနာတိ၊ သိ၏။ အနာသဝံ၊ သော။ တံ၊ ကို။ ကလျာဏပညော၊ သော။ ဘိက္ခူတိ၊ ဟူ၍။ အာဟု၊ ကုန်ပြီ-ဟုပေး။
ဓမ္မဒါန။ ။ နိဗ္ဗာန်ရောက်ကြောင်းတရားကို ဟောကြားခြင်းသည် ဓမ္မဒါနမည်၏။ ထင်ရှား အောင် ပြဥုးအံ့။ နိဗ္ဗာန်သို့ရောက်စေတတ်သော သဘောတရားသည် ဓာရေတီတိ ဟူသော ဝစနတ္ထအရ ဓမ္မလည်းဟုတ်၏။ ဟောကြားသောအားဖြင့် ပေးလှူအပ်သောကြောင့် ဒါတဗ္ဗန္တိဟူသော ဝစနတ္ထအရ ဒါနလည်းဟုတ်သောကြောင့်ဓမ္မဒါနမည်၏။ တစ်နည်း- နိဗ္ဗာန်ရောက်ကြောင်းဓမ္မကို ပေးလှူကြောင်း စေတနာသည်လည်း ဒီယတေ+ဧတေနာတိ ဓါနံ၊ ဓမ္မဿ ဒါနံ ဓမ္မါနံနှင့် အညီ ဓမ္မဒါနမည်၏။
စာတတ်ပေတတတ် ရဟန်းဒြပ်ကို ဆွမ်းကပ်ခြင်း သင်္ကန်းစသည်ကို လှူဒါန်ခြင်းပြုလုပ်လျှင် ထိုပုဂ္ဂိုလ်၏ သန္တာန်၌ တည်သော ပရိယတ္တိဓမ္မကို လှူဒါန်းရာရောက်၏။ ထို့ကြောင့် ဌာနီ ပရိယတ်တတ်မြောက်ထားသော စာပေသည် ဓမ္မလည်းမည်၊ ဆွမ်းကပ်ခြင်းစသည်ဖြင့် လှူဒါန်းအပ်သောကြောင့် ဒါနည်း မည်ရကား ဓမ္မဒါနပင်တည်း။ တစ်နည်း-ကျွမ်းကျင်တတ်မြောက်ထားသော ပရိယတ္တိဓမ္မကို ဆွမ်းကပ်ခြင်းစသည်ဖြင့် ပေးလှူကြောင်းစေတနာသည်လည်း ဒီယေတေ+ဧတေနာတိ ဒါနံ၊ ဓမ္မဿ+ဒါနံ၊ ဓမ္မဒါနံနှင့်အညီ ဓမ္မဒါနပင်တည်း။ ထို့အတူ လဇ္ဇီပေသလပုထုဇဉ်နှင့် အရိယာသံဃာတို့ကို သင်္ကန်းစသည် လှူဒါန်းခြင်းသည်လည်း ဌာနီပဋိပတ္တိဓမ္မနှင့် ပဋိဝေဓ-ဓမ္မတို့ကို ပေးလှူရာရောက်သောကြောင့် ဒါတဗ္ဗန္တိ ဒါနံ= ဓမ္မဒါနံ= ဓမ္မဒါနံနှင့်အညီ ဓမ္မဒါနမည်၏။ ဒီယတေ+ဧတေနောတိ ဒါနံ၊ ဓမ္မဿ+ဒါနံ= ဓမ္မဒါနံနှင့်အညီ တစ်နည်းအားဖြင့် ဓမ္မဒါနမည်သည်သာ။ ဝါ၊ ပစ္စည်းလေးပါးဟူသော အာမိသဝတ္ထုကို ပေးလှူကြောင်းစေတနာလည်းကောင်း။ **ဓမ္မဒါနဉ္စ**၊ နိဗ္ဗာန်ရောက်ကြောင်း တရားတည်းဟူသော ပေးလှူဖွယ်ဝတ္ထုလည်းကောင်း။ ဝါ၊ နိဗ္ဗာန်ရောက်ကြောင်း တရားဓမ္မကိုပေးလှူကြောင်းစေတနာလည်းကောင်း။ ဝါ၊ နိဗ္ဗာန်ရောက်ကြောင်း တရားဓမ္မကိုပေးလှူကြောင်းစေတနာလည်းကောင်း။ ဣမာနိ ဒွေ၊ ဤနှစ်ပါးတို့တည်း။
(တစ်နည်းအားဖြင့် ဝိဝဋ္ဋဂါမိဒါန၊ ဝဋ္ဋဂါမိဒနဟု နှစ်မျိုးရှိ၏။ ထိုတွင် ပဌမအမျိုးအစားသည် အလုံးစုံသော အကျိုးမဲ့မှ လွတ်မြောက်၍ ဝဋ်ဆင်းရြအားလုံးကို လွန်မြောက်စေနိုင်၏။ ဒုတိယအမျိုးအစားသည် ဒါနအားလုံး၏ ဖြစ်ကြောင်း စည်းစိမ်ချမ်းသာတို့၏ အမြစ်သဖွယ် ဖြစ်၏။ သူတစ်ပါးအသက်ကို ကယ်ဆယ်ဖြင်း၊ ပါဏာတိပါတမှ ရှောင်ကြဉ်ခြင်း အဘယ ဒါနကို ဓမ္မဒါန၌ သွင်းယူလေ။)
ဒွေ သံဝိဘာဂါ ။ ။ မိမိတစ်ဦးတည်းပိုင် ပစ္စည်းဖြစ်စေကာမှု မိမိတစ်ဦးတည်း မသုံးတောင် မသုံးစွဲမှု၍ မိမိနှင့် အလားတူ အခြားသူတို့ပါ သုံးဆောင်စေလိုသောဆန္ဒ ခွဲခြမ်းဝေဘန် မျှတ သုံးစွဲခြင်းသည် အာမိသသံဝိဘာဂမည်၏။ မိမိသိထားရထားသောတရားကို ကြောင့်ကြမဲ့မနေဘဲ သူတစ်ပါးတို့ကိုလည်း သိစေလိုသော ဆန္ဒဖြင့် ညွှန်ပြခြင်းသည် ဓမ္မသံဝိဘာဂမည်၏။
**ယံ ဒါနံ**၊ အကြင်အာမိသဒါနကို။ **အနုတ္တရံ**၊ အတုမရှိ။ **ပရမံ**၊ မြတ်၏ဟူ၍။ **အာဟု**၊ ဘုရားအဆူဆူတို့ မိန့်တော်မူကုန်ပြီ။ ယံ သံဝိဘာဂံ၊ အကြင် ဓမ္မသံဝိဘာဂကို။ **အနုတ္တရံ**၊ အတုမရှိ။ ပရမံ၊ မြတ်၏ ဟူ၍။ ဘဂဝါ၊ သည်။*ယမာဟုဒါနံ ပရမံ အနုတ္တရံ။ ။စိတ်ထားလည်း ကြည်လင်၊ ဘုရား အရိယာသံဃာဟူသော အလှူခံ ပုညခောတ်က အထက်တန်းကျပြန်၊ လှူဖွယ်ဝတ္ထုကလည်းအပြစ်ကင်းသောကြောင့် ဒါနသည် ကောင်းမြတ်၏။ တစ်နည်းအားဖြင့် ဒါနသည်လူနတ်နိဗ္ဗာန် သုံးတန်သော ချမ်းသာကိုပေးတတ်၊ ဆန့်ကျင်ဖက် လောဘေ မစ္ဆရိယ စသည်ကို နှိမ်နင်းတတ်သောကြောင့် ကောင်းမြတ်၏။ အလှူပေးပုဂ္ဂိုလ်၏ စေတနာသုံးတန် ထက်သန်ခြင်း ရတနတ္တယနှင့် ကမ္မ ကမ္ဖလကိုသက်ဝင်ယုံကြည်မှု သဒ္ဓါတရားပြည့်စုံ၍လွန်ကဲစွာ ထက်ထက်သန်သန် ဖြစ်ခြင်းကြောင့် ဒါန၏ မြင့်မြတ်ရုံမကအကျိုးပေးလည်း အဆင့်မြင့်သောကြောင့် ဒါနကို သူ့ထက် သာလွန်ခြင်းကင်း၍ အတုမဲ့အဖြစ် ပြီးစေဘတ်၏ဟု ဘုရားအဆူဆူတို့ ချီးကျူးတော်မူသည်။ အဝဏ္ဏယိ၊ ချီးမွမ်းတော်မူပြီ။ အဂ္ဂမှိ၊ သီလစသော ဂုဏ်ထူးနှင့် ယှဉ်ခြင်းကြောင့်မြတ်သော။ ခေတ္တမှိ၊ ကောင်းမှုတိူ့၏ စိုက်ပျိုးရာ မြေကောင်းသဖွယ်ဖြစ်သော ဘုရား အရိယာသံဃာ၌။ ပသန္နစိတ္တော၊ ကြည်ညိုသော စိတ်ရှိသော။ ပဇာနံ- ပဇာနန္တော၊ ကံ၏ အကျိုးကို ကောင်းစွာ သိသော။ ကော ဝိညူ၊ အဘယ်ပညာရှိသည်။ ကာလေ၊ အလှူခံပုဂ္ဂိုလ်အား ပေးလှူရန် သင့်လျော်သော အခါ၌။ ဝါ-သဒ္ဓေါ၊ ဒေယျဓမ္မ ပါဋိဂ္ဂါဟက သုံးပါးစုံရာအချိန်အခါ၌။ ဒါနံ၊ ပေးလှူမှုကို။ န ယဇေထ၊ မပေးလှူဘဲ ရှိပါအံ့နည်း။ ယဇထ ယေဝ၊ ပေးလှူရာသည် သာတည်း။
ယမာဟုဒါနံ ပရမံ အနုတ္တရံ- ဂါထာဖြင့် အာမိသဒါန အာမိသသံဝိဘာဂါ-နုဂ္ဂဟကို ပြပြီး၍ ယခုအခါ ဓမ္မဒါန ဓမ္မသံဝိဘာဂါနုဂ္ဂဟကို ပြလိုသောကြောင့် ယေ စ ဘာသန္တိ စသော ဂါထာကို မိန့်တော်မူသည်။အဂ္ဂမှိ ခေတ္တမှိ ပသန္နစိတ္တော၊
ဝိညူ ပဇာနံ ကော နယဇေထ ကာလေ။
အလှူခံကလည်း သီလ သမာဓိ ပညာဟူသော မြတ်သောဂုဏ်တို့၏ တည်ရာ ပုညခေတ္တလည်းဖြစ်မည်၊ အလှူပေးကလည်း သဒ္ဓါတရား ထက်သန်မှုကြောင့် မစ္ဆေရ အညစ်အကြေးတွေ လွင့်စင်ကာ စိတ်ထားကြည်လင်မည်၊ ကံ ကံ၏ အကျိုးကိုလည်း ကောင်းမွန်စွာ သိသည့် ပညာရှင်ဖြစ်မည်ဆိုလျှင် အလှူခံပုဂ္ဂိုလ်အား ပေးလှူသင့်သောအခါ၊ သို့မဟုတ် သဒ္ဓါ လှူဖွယ်ဝတ္ထု အလှူခံပုဂ္ဂိုလ်အား ပေးလှူသင့်သောအခါ၊ သို့မဟုတ် သဒ္ဓါ လှူဖွယ်ဝတ္ထု အလှူခံဝတ္ထု အလှူခံ သုံးမျိုးစုံသော အခါ၌ အဘယ်ပညာရှိသည် မပေးလှူဘဲရှိပါအံ့နည်း။ ပေးလှူမည်မှာ သေချာ၏။
ဒါနပြုရာ၌ စိတ်ထားကြည်ကြည်လင်လင်နှင့် မြင့်မြတ်သော အလှူခံပုဂ္ဂိုလ်ကို တွေ့ကြုံဖို့ အရေးကြီးသည်။ လှူဖွယ်ဝတ္ထု နည်းမှုများမှုသည် ပဓာန မဟုတ်။ ရှေ့နှစ်ပါး ပြည့်စုံလျှင် လှူဖွယ်ဝတ္ထုနည်းသော်လည်း ကြီးကျယ်သော အကျိုးပေး၏။
ယေ စေဝ ဘာသန္တိ သုဏန္တိ စူဘယံ၊
ပသန္နစိတ္တာ သုဂတဿ သာသနေ။
တေသံ သော အတ္ထော ပရမော ဝိသုဇ္စျတိ၊
မြတ်ဗုဒ္ဓသာသနာ၌ သက်ဝင်ယုံကြည်ကြသော အကြင်ဒေသက ပဋိဂ္ဂါဟကနှစ်ဥုးတို့သည် ဟောသူကဟော၍ နာသူကနာယူကြမည်ဆိုလျှင် ထိုပုဂ္ဂိုလ်နှစ်ဥုးတို့၏ ဓမ္မဒါနသံဝိဘာဂ- တို့ဖြင့် ချီးမြှောက်ခြင်းဟု ဆိုအပ်သော အနုဂ္ဂဟသည် မြင့်မြတ်သော အကျိုးကိုပြီးစေတတ်သောကြောင့် အနုဂ္ဂဟတ္ထနှစ်ပါးသည်လည်း ပရမ၊ မြတ်တော့၏။ ကိလေသာအညစ်အကြေးကို သုဓ်သင်တတ်သောကြောင့် လွန်စွာ ဖြူစင်သန့်ရှင်းတော့၏။
ယေ အပ္ပမတ္တာ သုဂတဿ သာသနေ
မြင့်မြတ်သန့်ရှင်းစင်ကြယ်သည်ဆိုသော်လည်း ငါးဖြာအာရုံ ကာမဂုဏ်တို့၌ ယစ်မူးခြင်းကင်း၍ မမေ့မလျော့ သိက္ခာသုံးရပ်ကို ပြည့်အောင် ဖြည့်ကျင့်ကြသော ယောဂီတို့သာ ဖြူစင်သန့်ရှင်းနိုင်သည် ဟူလို။
ယေ၊ အကြင်သူတို့သည်။ ဘာသန္တိ စေဝ၊ တရားကိုလည်း ဟောတော်မူကြကုန်၏။ သုဏန္တိ စ၊ တရားတို့ကိုလည်း နာကြားကြကုန်၏။ တေ ဥဘယံ၊ ထိုဟောသူ နာသူနှစ်ဥုးသားတို့သည်။ သုဂတဿ သာသနေ၊ ဘုရားသာသနာတော်၌။ ပသန္နစိတ္တာ၊ ကြည်ညိုသောစိတ်ရှိကုန်၏။ တေသံ၊ ထိုနှစ်ဥုးသားတို့၏။ သော အတ္ထော၊ ထိုဓမ္မဒါန ဓမ္မသံဝိဘာဂ ဓမ္မာနုဂ္ဂဟဟု ဆိုအပ်သော သဘောသည်။ ပရမော၊ မြတ်သောအကျိုးကို ပြီးစေတတ်သောကြောင့် မြတ်၏။ ဝိသုဇ္စျတိ၊ အလုံးစုံသော ကိလေသာ အညစ်အကြေးကို သုဓ်သင်တတ်သောကြောင့် သန့်ရှင်းဖြူစင်၏။
ကီဒိသာနံ၊ အဘယ်ကဲ့သို့သော ပုဂ္ဂိုလ်တို့အား။ ဝိသုဇ္စျတိ၊ စင်ကြယ်သနည်း။ (ထည့်)။ သုဂတဿ သာသနေ၊ ဘုရားရှင် သာသနာတော်၌။ ဝါ-သဗ္ဗပါပဿအကရဏံ၊ ကုသလဿ ဥပသမ္ပဒါ။ သစိတ္တပရိယောဒါပနံ၊ ဧတံ ဗုဒ္ဓါန-သာသနံ-ဟူသော အဆုံးအမသုံးဖြာ မြတ်ဗုဒ္ဓသာသနာ၌။ ယေ၊ အကြင်သူတို့သည်။ အပ္ပမတ္တာ၊ မမေ့လျော့ကုန်သည်ဖြစ်၍။ အဓိသီလသိက်ခာဒယော၊ အဓိသီလသိက္ခာအစရှိသည်တို့ကို။ သက္ကစ္စံ၊ ရိုသေစွာ။ သမ္ပါဒေန္တိ၊ ပြည့်စုံစေကြကုန်။ တေသံ၊ ထိုပုဂ္ဂိုလ်တို့အား။ ဝိသုဇ္ဇျတိ၊ အရဟတ္တဖိုလ် ဝိသုဒ္ဓိဖြင့် လွန်စွာ သန့်ရှင်းဖြူစင်၏။
ဝုတ္တံဟေတံ ဘဂဝတာ (လ) မေ သုတံ ပေးမြဲ။
ဘိက္ခဝေ၊ တို့။ အဟံ၊ ငါဘုရားသည်။ ဓမ္မေန၊ (မှန်ကန်သော အကျင့်ဟုဆိုအပ်သော) သင့်မြတ်သော အကြောင်းအားဖြင့်။ တေဝိဇ္ဇံ၊ ပု ဒိ အာ-ဟူသော ဝိဇ္ဇာသုံးပါးနှင့် ပြည့်စုံသော ပုဂ္ဂိုလ်ကို။ ဗြာဟ္မဏံ၊ ဗြာဟ္မာဟူ၍။ ဝါ၊ မကောင်းမှုကို အပပြုပြီးသူဟူ၍။ ပညာပေမိ၊ သိစေ၏။ ဝါ၊ ပညတ်၏။ လပိတလာပန-မတ္တေန၊ ရွတ်ဆိုအပ်သော မန္တာန်ကိုရွတ်ဆိုကာမျှဖြင့်။ အညံ၊ ဝိသုဒ္ဓိဗြဟ္မဏ မဟုတ်သော အခြားသော ဇာတိဗြာဟ္မဏဟူ၍။ ဝါ၊ မကောင်းမှုကို အပပြုပြီးသော ဗြဟ္မဏဟူ၍။ န ပညာပေမိ၊ သိစေတော်မမူ။ ဝါ၊ မသိစေ-မပညတ်။
ဘိက္ခဝေ၊ တို့။ ဣဓ၊ ဤသာသနာ၌။၊ ဘိက္ခု၊ သည်။ အနေကဝိဟိတံ၊ တစ်ပါးမက များပြားလှသော။ **ပုဗ္ဗေနိဝါသံ**၊ ရှေး၌နေဖူးသော မိမိ၏ ခန္ဓာအစဉ်ကို။ **အနုဿရတိ**၊ တစ်ဘဝပြီး တစ်ဘဝ အစဉ်အတိုင်း အောက်မေ့၏။ ဣဒံ၊ ဤရှေးဘဝ မိမိခန္ဓာအစဉ်ကို အောက်မေ့ခြင်းဟူသည်။ပုဗ္ဗေနနိဝါသဉာန်၏ ကျက်စားရာနယ်ပယ် ။ ။ အခြားမဲ့ အတိတ်ဘဝမှစ၍ ထိုထိုဘဝတို့၌ မိမိသန္တာန်ဝယ် ဖြစ်ဖူး ခံစားဖူးသော ခန္ဓာအစဉ်သည် ပုဗ္ဗေနိဝါသမည်၏။ တစ်နည်းအားဖြင့် မိမိစိတ်ဝိဉာဉ်၏ ကျက်စားစရာ အာရုံအဖြစ်ဖြင့် သိအပ်သော ပစ္စုပ္ပန်အနေဖြင့် ထင်ရှားမရှိတော့သော်လည်း တစ်ချိန်က ဖြစ်ဖူးသောဓမ္မနှင့် ဝဋ်မြစ် ပြတ်ပြီးကုန်သော ဆိန္နဝဋ္ဋုမကပုဂ္ဂိုလ်တို့ကို ပုဗ္ဗေနိဝါဉာန်ဖြင့် အောက်မေ့ရာ၌ ထိုဆိန္န ဝဋ္ဋုမကပုဂ္ဂိုလ်တို့၏ စိတ်ဝိညာဉ်၏ ကျက်စားရာအာရုံ အဖြစ်ဖြင့် သိအပ်သော ဖြစ်ဖူးသော သမထဘာဝနနာ ဝိပဿနာဉာန် မဂ်ဉာန်စသော တရားသည်လည်း ပုဗ္ဗေဝါသပင်တည်း။ ထို့ကြောင့် ပုဗ္ဗေနိဝါသအဘိညာဉ်၏ ကျက်စားရာနယ်ပယ်သည် မိမိသန္တာန်၌ ဖြစ်၍ ချုပ်ပြီးသော ခန္ဓာအစဉ်ကိုသာ အောက်မေ့နိုင်သည်မဟုတ်။ သူတစ်ပါးစိတ်ဖြင့် သိအပ်၍ ဖြစ်ဖူးသော တရားတို့ကိုပါ အောက်မေ့နိုင်သည်ကို သတိပြုရာ၏။
သေယျထာ၊ အဘယ်နည်း။ ဧကမ္ပိ ဇာတိံ၊ တစ်ဘဝကိုလည်းကောင်း။ ဒွေပိ ဇာတိယော၊ နှစ်ဘဝတို့ကိုလည်းကောင်း။ (လ) ဝီသမ္မိဇာတိယော၊ ဘဝနှစ်ဆယ်တို့ကိုလည်းကောင်း။ တိံသမ္ပိ ဇာတိယော၊ ဘဝသုံးဆယ်တို့ကိုလည်းကောင်း။ စတ္တာလီသမ္ပိ ဇာတိယော၊ ဘဝငါးဆယ်တို့ကိုလည်းကောင်း။ ဇာတိသတမ္မိ၊ ဘဝတရာကိုလည်းကောင်း။ ဇာတိသဟဿမ္ပိ၊ ဘဝတစ်ထောင်ကိုလည်းကောင်း။ ဇာတိသတသဟဿမ္ပိ၊ ဘဝတစ်သိန်းကိုလည်းကောင်း။ အနေကေ၊ တစ်ပါးမက များလှကုန်သော။ သံဝဋ္ဋကပ္ပေပိ၊ ဆုတ်ယုတ်သော ကပ်တို့ကိုလည်းကောင်း။ အနေကေ၊ ကုန်သော။ ဝိဝဋ္ဋေကပ္ပေ၊ တိုးပွားတိုးတက်သော ကပ်တို့ကိုလည်းကောင်း။ အနေကေ၊ ကုန်သော။ သံဝဋ္ဋဝိဝဋ္ဋ-ကပ္ပေပိ၊ ဆုတ်ယုတ် တိုးတက်သော သံဝဋ္ဋကပ် ဝိဝဋ္ဋကပ်တို့ကိုလည်းကောင်း။ (သံဝဋ္ဋ ကပ်ဖြင့် သံဝဋ္ဋဌာယီကပ်၊ ဝိဝဋ္ဋကပ်ဖြင့် ဝိဝဋ္ဋကပ်ကိုယူ၊ ထိုကပ်လေးမျိုးသည် စတ္တရိမာန ဘိက္ခဝေ ကပ္ပဿ အသေင်္ချေယျာနိ-ဟူသော အသင်္ချေယျ ကပ် လေးကပ်တည်း။ ဋ္ဌ။)
အဿ၊ ထိုရဟန်းသည်။ ဒုတိယာ၊ နှစ်ခုမြောက်သော။ အယံဝိဇ္ဇာ၊ ဤအသိဉာန်ကို။ ဝါ၊ သည်။ အဓိဂတာ၊ ရအပ်သည်။ ဟောတိ၊ ၏။
အပ္ပမတ္တဿ၊ မမေ့မလျော့သည်ဖြစ်၍။ အာတာပိနော၊ အာရမ္မဏူပဇ္စျာန်လက္ခဏူပနိဇ္စျာန်ဖြင့် ပြင်းစွာ ကိလေသာတို့ကို ရှိုမြှိုက်သည်ဖြစ်၍။ ပဟိတ္တဿ၊ နိဗ္ဗာန်သို့ ပို့လွှတ်အပ်သော စိတ်ရှိသည်ဖြစ်၍။ ဝိဟရတော၊ နေသောသူအား။ ဝါ၊ ၏သန္တာန်၌။ အဝိဇ္ဇာ ဝိဟတာ၊ မသိမှုအဝိဇ္ဇာ ပျောက်၍။ ဝိဇ္ဇာ ဥပန္နာ ယထာ၊ အသိဉာန်ဝိဇ္ဇာ ဖြစ်ပေါ်လာသကဲ့သို့။ တမော ဝိဟတော၊ အမှောင်ပျောက်၍။ အာလောကော ဥပ္ပန္နော ယထာ၊ အလင်းရောင် ဖြစ်ပေါ်လာသကဲ့သို့။ ဧဝမေဝ၊ ဤအတူသာ။ အဿ၊ အား။ ဝါ၊ ၏သန္တာန်၌။ အဝိဇ္ဇာ ဝိဟတာ၊ မသိမှု အဝိဇ္ဇာပျောက်၍။ ဝိဇ္ဇာဥပ္ပန္နာ၊ ထိုးထွင်း သိမြင်သော ဝိဇ္ဇာဖြစ်ပေါ်လာပြီ။ တမော ဝိဟတော၊ အမှောင်ပျောက်၍။ အာလောကောဥပန္နော၊ အလင်းရောင် ဖြစ်ပေါ်လာပြီ။
အဿ၊ ထိုရဟန်းအား။ ဝါ- တတိယာ၊ သုံးခုမြောက်သော။ အယံ ဝိဇ္ဇာ၊ ဤအရဟတ္တ မဂ်ဉာန်ဝိဇ္ဇာကို။ ဝါ၊ သည်။ အဓိဂတာ၊ ရအပ်သည်။ ဟောတိ၊ ၏။
အပ္ပမတ္တဿ၊ မမေ့မလျော့သည်ဖြစ်၍။ အာတာပိနော၊ အရမ္မဏူပစျာန်လက္ခဏူပစျာန်တို့ဖြင့် ပြင်းစွာ ကိလေသာတို့ကို ရှို့မြိုက်တတ်သော လုလ္လရှိသည်ဖြစ်၍။ ပဟိတတ္တဿ၊ ကိုယ်နှင့် အသက်မငဲ့ကွက်ဘဲ နိဗ္ဗာန်သို့ စေလွှတ်အပ်သော စိတ်ရှိသည်ဖြစ်၍။ ဝိဟရတော၊ နေသောသူအား။ ဝါ၊ သူ၏သန္တာန်၌။ အဝိဇ္ဇာ ဝိဟတာ၊ သစ္စာလေးပါးကို ဖုံးလွှမ်းတတ်သော မသိမှုကင်းပျောက်၍။ ဝိဇ္ဇာ ဥပ္ပန္နာ ယထာ၊ အရဟတ္တမဂ်ဉာန်အသိ ဖြစ်ပေါ်လာသကဲ့သို့။ တမော ဝိဟတော၊ အမှောင်ပျောက်၍။ အာလောကော ဥပ္ပန္နော-ယထာ၊ အရဟတ္တမဂ်ဉာန် အလင်းရောင် ဖြစ်ပေါ်လာသကဲ့သို့။ ဧဝမေဝ၊ ဤအတူသာလျှင်။ အဿ၊ ထိုရဟန်းအား။ ဝါ၊ ၏သန္တာန်၌။ အဝိဇ္ဇာ ဝိဟတာ၊ သစ္စာလေးပါးကို ဖုံးတတ်သော အဝိဇ္ဇာ ပျောက်၍။ ဝိဇ္ဇာ ဥပ္ပန္နာ၊ အရဟတ္တ မဂ်ဉာန်တည်းဟူသော အသိဉာန်ဖြစ်ပေါ်လာ၏။ တမော ဝိဟတော၊ အမှောင် ပျောက်၍။ အာလောကော ဥပ္ပန္နော၊ အလင်းရောင် ဖြစ်ပေါ်လာလေပြီ။
တဿ၊ ထိုပဉ္စမဝဂ်၏။ ဥဒ္ဒါနံ၊ အကျဉ်းကား။
ပသာဒဇီဝိကသင်္ဃဋိ၊ အဂ္ဂိဥပရိက္ခယာ-အဂ္ဂပသာဒသုတ်- ဇီဝကသုတ်-သင်္ဃာဋိကဏ္ဏသုတ်-အဂ္ဂိသုတ်-ဥပပရိက္ခာသုတ်တို့လည်းကောင်း။ ဥပတတ္တကာမကလျာဏံ၊ ကာမူပပတ္တိသုတ်-ကာမယောဂသုတ်-ကလျာဏသီလသုတ်တု့လည်းကောင်း။ ဓမ္မေန၊ တေဝိဇ္ဇသုတ်နှင့်။ သဟ၊ အတူတကွ။ ဒါနံ၊ ဒါနသုတ်လည်းကောင်း။ ဣတိ၊ ဤသို့။ တေ၊ ထိုသုတ်တို့သည်။ ဒသ၊ ဆယ်သုတ်တို့တည်း။ ဣတိ၊ ဤတွင် ပြီးပြီး။