တိဿော ဘိက္ခဝေ (လ) အန္တမကာသိ ဒုက္ခဿာ’တိ၊ ဒုက္ခဿ’ဟူသော။ ဧတံ၊ ဤဒုတိယဝေဒနာသုတ်ကို။ ဘဂဝတာ၊ သည်။ ဝုတ္တံ၊ ပြီ။ အရဟတာ၊ သည်။ ဝုတ္တ’န္တိ၊ အပ်ပြီ’ဟူ၍။ မေ၊ အကျွန်ုပ်အာနန္ဒာသည်။ သုတံ၊ နာခံမှတ်သားဆောင်ထားအပ်ပါပြီ။
ဘိက္ခဝေ၊ တို့။ ဝေဒနာ၊ တို့သည်။ ဣမာ တိဿော၊ ဤသုံးပါးတို့တည်း။
ဘိက္ခဝေ၊ တို့။ ယတော၊ အကြင်အခါ၌။ ဝါ၊ အကြင်ကြောင့်။ ဘိက္ခုနော၊ သည်။ **သုခါ ဝေဒနာ**၊ ကို။ **ဒုက္ခတော**၊ ဝိပရိဏာမဒုက္ခအဖြစ်ဖြင့်။ ဒိဋ္ဌာ၊ တွေ့မြင်အပ်သည်။ ဟောတိ၊ ၏။ **ဒုက္ခာဝေဒနာ**၊ ကို။ **သလ္လတော**၊ ဒုက္ခမှတကယ့်ဒုက္ခဖြစ်၍ သလ္လဟု။ ဝါ၊ သလ္လအဖြစ်ဖြင့်။ ဒိဋ္ဌာ၊ တွေ့မြင်အပ်သည်။ ဟောတိ၊ ၏။ အဒုက္ခမသုခါ၊ ဥပေက္ခာဝေဒနာကို။ အနိစ္စတော၊ အနိစ္စဟု။ ဒိဋ္ဌာ၊ သည်။ ဟောတိ၊ ၏။
ဘိက္ခဝေ၊ တို့။
တတော၊ ထိုအခါ၌။
ဝါ၊ ထို့ကြောင့်။
အယံဘိက္ခု၊ ဤရဟန်းကို။
အရိယော၊ ကိလေသာတို့မှ ဝေးကွာခြင်း၌ ထက်ဝန်းကျင် စင်ကြယ်သည်ဖြစ်၍။
သမ္မဒ္ဒသော၊ ဝေဒနာအားလုံးကို အမှန်သိသည်ဖြစ်၍။
ဝါ၊ သစ္စာလေးပါးတို့ကို အမှန်အတိုင်း သိသည်ဖြစ်၍။
တဏှံ၊ အကြောင်းရင်းဖြစ်သော တဏှာကို။
အစ္ဆိဇ္ဇိ၊ ဖြတ်ပြီ။
သံယောဇနံ၊ သံယောဇဉ် ၁ဝ-ပါးကို။သုခကိုဒုက္ခ၊ ဒုက္ခကိုသလ္လ။ ။ ဥပေက္ခာဝေဒနာကိုသာ အနိစ္စရှုရမည်မဟုတ်။ ဝေဒနာသုံးမျိုးလုံးကို အနိစ္စဟုရှုရမည်။ သို့သော် ဒုက္ခဟုရှုခြင်း သလ္လဟုရှုခြင်းသည် အနိစ္စဟု ရှုမြင်ခြင်းထက် ပိုမို၍ ရာဂပျက်ပြယ် ကင်းဝေးစေနိုင်သောကြောင့် သုခကို ဒုက္ခဟု ဒုက္ခကို သလ္လဟု ရှုဖို့ မိန့်ဆိုခြင်းဖြစ်သည်။
တစ်နည်းအားဖြင့် ပုထုဇဉ်သတွာတို့သည် ထိုထိုဝေဒနာတို့ကို သုခဟု ယူဆကြသည်။ ထိုပုထုဇဉ်တို့အား ဝေဒနာတို့၌ တပ်မက်ခြင်းကင်း၍ ငြီးငွေ့စေခြင်းငှာ သုခါယ ဝေဒနာယ ဒုက္ခတော ဒဋ္ဌဗ္ဗာ-စသည်ဖြင့် ဟောတော်မူခြင်းဖြစ်သည်။ အဓိပ္ပါယ်ကား သုခဝေဒနာကို သင်္ခါရဒုက္ခအနေဖြင့် တစ်မျိုး၊ ဝိပရိဏာမဒုက္ခ အနေဖြင့် တစ်မျိုး၊ ဒုက္ခ ဝေဒနာကို သင်္ခါရဒုက္ခအနေဖြင့် တစ်မျိုး၊ ဒုက္ခမှတကယ့်ဒုက္ခ၊ ဒုက္ခဒုက္ခဖြစ်၍ သလ္လအနေဖြင့် တစ်မျိုးရှုကြည့်ရမည်။ ဥပေက္ခာ ဝေဒနာကိုတော့ သင်္ခါရဒုက္ခမျှသာဖြစ်၍ ဝိပရိဏာမဒုက္ခမဟုတ်ခြင်းကြောင့် ဒုက္ခဟု သိစေလိုသော ဘုရားရှင်သည် အနိစ္စဟု ရှုကြည့်ရမည်-ဟု ဟောတော်မူ သည်ဟူလို။
တစ်နည်းအားဖြင့် သုခဝေဒနာသည် ရာဂါနုသယကိန်းတတ်သောကြောင့် ထိုရာဂကင်းရေးအတွက် ရာဂပပျောက်စေရန် သုခကိုဒုက္ခဟု။ ဒုက္ခဝေဒနာ၌ ပဋိဃာနုသယကိန်းတတ်သောကြောင့် ထိုပဋိဃာနုသယမကိန်းအောင် ဥပေက္ခာဝေဒနာကို အနိစ္စဟု ရှုဖို့ ဘုရားရှင် ဟောတော်မူသည်ဟူလို။ (အကျယ် ကို ဋ္ဌ-ရှုလေ) ဝိဝတ္တယိ၊ ကင်းစေပြီ။
ဝါ၊ အမြစ်ပြုတ်အောင် ပြုပြီ။
သမ္မာ၊ အကြောင်းအားဖြင့်။
မာနာဘိသမယာ၊ မာနကို အရဟတ္တမဂ်ဖြင့် မြင်အပ် ပယ်အပ်သည်၏အဖြစ်ကြောင့်။
ဒုက္ခဿ၊ ဝဋ်ဒုက္ခ၏။
အန္တံ၊ အဆုံးအပိုင်းအခြားကို။
ဝါ၊ နောက်ဆုံးခန္ဓာမျှကြွင်းကျန်သည်ကို။
အကာသိ၊ ပြုပြီ။
ဣတိ၊ သို့။
ဝုစ္စတိ၊ ၏။
ငြောင့်တံကျင်သည် အသားအသွေးထဲသို့ စူးဝင်ဆဲမှာရော စူးဝင်ပြီး အခါမှာရော နှုတ်လိုက်တဲ့အချိန်မှာရော တစ်ချိန်မျှမသက်သာစေ၊ နာကျင်အောင် နှိပ်စက်သကဲ့သို့ ဒုက္ခဝေဒနာသည် ဖြစ်ဆဲ တည်ဆဲ ပျက်စီးသုံးမျိုးလုံး၌ နှိပ်စက်သည်သာ။ ထို့ကြောင့် ဒုက္ခကို သလ္လ၊ ငြောင့်တံကျင်ဟု ရှုရန်ဟောတော်မူသည်။ သန္တော၊ (ကိလေသာမီးငြိမ်းခြင်းကြောင့်) ငြိမ်သက်၏။ သ-သော မုနိ၊ ထိုရဟန်းသည်။ ဝေ၊ စင်စစ်။ ယောဂါတိဂေါ၊ ယောဂလေးပါးကို လွန်မြောက်လေတော့၏။
ဣတိ၊ သို့။ အယမ္ပိ အတ္ထော၊ ဤအနက်အဓိပ္ပါယ်ကိုလည်း။ ဘဂဝတာ၊ သည်။ ဝုတ္တော၊ အပ်ပြီ။ ဣတိ၊ သို့။ မေ၊ ငါအာနန္ဒာသည်။ သုတံ၊ တစ်ဆင့်စကား ကြားနာမှတ်သား ဆောင်ထားအပ်ပြီ။
အယမ္ပိ အတ္ထော ဝုတ္တော၊ စသည် ပေးမြဲ။