ဘိက္ခဝေ၊ တို့။ စီဝရာနံ၊ သင်္ကန်းတို့တွင်။ **ပံသုကူလံ**၊ ပံသုကူသင်္ကန်းသည်။ ဝါ၊ ကို။ အပ္ပဉ္စ၊ အနည်းငယ်မျှ သေးငယ်လည်း သေးငယ်လှ၏။ သုလဘဉ္စ၊ လွယ်ကူသဖြင့်လည်း ရအပ်၏။
ဝါ၊ နေရာတိုင်းလိုလို ရနိုင်၏။ တံ၊ ထိုပံသုကူသင်္ကန်းသည်။ အနဝဇ္ဇဉ္စ၊ အပြစ်လည်း ကင်း၏။
ဘိက္ခဝေ၊ တို့။
ဘေသဇ္ဇာနံ၊ ဆေးပစ္စည်းတိုတွင်။
**ပူတိမုတ္တံ**၊ နွားကျင်ငယ်ရည် တည်းဟူသော ဆေးသည်။
ဝါ၊ ကို။
အပ္ပဉ္စ၊ (အရေအတွက် အပိုင်းအခြားတန်ဖိုးအားဖြင့်) အနည်းငယ်မျှ သေးငယ်လည်း သေးငယ်လှ၏။လမ်းမြေသည် လမ်းပေါ်သွားသူတိုင်းကို ဖုံအညစ်အကြေး ပေကျံတတ်သည့်အတွက် စက်ဆုပ်စိတ်ပျက်စရာ ကောင်းသကဲ့သို့ ထိုလမ်းပေါ် ကျနေသော အဝတ်စသည်လည်း မသန့်ရှင်းသဖြင့် စက်ဆုပ်ဖွယ်ပင်။ ထိုစက်ဆုပ်ဖွယ် အဝတ်စသည်လည်း မသန့်ရှင်းသဖြင့် စက်ဆုပ်ဖွယ်ပင်။ ထိုစက်ဆုပ်ဖွယ် အဝတ်စဖြင့် ချုပ်လုပ်ထားသော သင်္ကန်းသည်လည်း မြေမှုန့်ကဲ့သို့ စက်ဆုပ်စရာပင်တည်း။
ပိဏ္ဍိယာလောပ။ ။ သလုံးမြင်းခေါင်း ကြွက်သားဆိုင် အားအစွမ်းဖြင့် အိမ်စဉ်လှည့်လည်၍ ရအပ်သော တစ်ဇွန်းတစ်ယောက်မ တစ်လုပ်စာမျှသော ဆွမ်းသည် ရဟန်းတော်များအား စားရေးသောက်ရေးနှင့် ပတ်သက်၍ မပူပင်ရအောင် ဖြေရှင်း ပေးနိုင်၏။
ရုက္ခမူလ ။ ။ ကာယဝိဝေက စိတ္တဝိဝေကဖြစ်၍ ရဟန်းတို့အား လျောက်ပတ်သော သစ်ပင်ရင်း၌ ဝါးရုံစသော နေရာသည်လည်း ရဟန်းများသီတင်းသုံးရန်ကျောင်းတစ်မျိုးပင်တည်း။
ပူတိမုတ္တ။ ။ရွှေအဆင်းကဲ့သို့ ဝါဝင်းလှသော ကိုယ်ခန္ဓာပင် ဖြစ်စေကာမူ ‘ပူတိကာယ’ပုတ်သော ကာယဟု ဆိုအပ်သကဲ့သို့၊ နွားသတွာမှ လောလောဆယ်ဆယ် ယိုးစီကျလာသော လတ်လတ်ဆတ်ဆတ် ကျင်ငယ်ရေဖြစ်သော်လည်း ထိုနွားကျင်ငယ်ရေကို ရဟန်းတို့အား ဆေးပစ္စည်းအဖြစ် ညွှန်ပြတော်မူ၏။ နွားကျင်ငယ်ရေဖြင့် စိမ်ထားသော ဆီဖြူ သျှိသျှားစသည်ကိုလည်း ပူတိမုတ္တဟု ကေစိဆရာတို့ကမိန့်ကြသည်။ ပိုင်ရှင်တို့က စွန့်ပစ်အပ်သော ထိုထိုစားဆေး သောက်ဆေး ထိုဆေးတို့ကိုလည်း နွားကျင်ငယ်ရေနှင့် မစပ်သော်လည်း ပူတိမုတ္တ-နှင့် အလားတူ သုံးဆောင်နိုင်သည်ဟု အပရေတို့က ဆိုကြ၏။
မှီရာလေးပါး ။ ။ အထက်ပါ ပံသုကူလစသော ပစ္စည်းလေးမျိုးသည်သုံးစွဲသုံးဆောင်သူ ရဟန်းတော်များအဖို့ ရလွယ်ခြင်း အပြစ်ကင်းခြင်း အရေအတွက်အားဖြင့်ဖြစ်စေ၊ ပမာဏအားဖြင့်ဖြစ်စေ၊ တန်ဖိုးအားဖြင့်ဖြစ်စေ မများနည်းပါးဖြင်းကြောင့် ဘုရားရှင်က မှီရာလေးပါးအဖြစ် သတ်မှတ် ညွှန်ကြားခြင်း ဖြစ်သည်။ ထိုလေးမျိုးထက် အဆင့်မြင့်သော ပစ္စည်းများကိုလည်း လှူသူရှိလို့ရလျှင် သုံးစွဲရန်ခွင့်ပြုသည်သာ။။
**သုလဘ** ။ ။ဂဏန ပမာဏ အဂ္ဃအားဖြင့် အပ္ပ-နည်းပါးခြင်း, နေရာမရွေးရဖို့ လွယ်ကူ၍ သုလဘ-ဖြစ်ခြင်း, ပံသုကူသင်္ကန်း စသော ပစ္စည်းလေးမျိုးကို သုံးစွဲရသဖြင့် ငါမို့ ဤသင်္ကန်းမျိုး ဤဆွမ်းမျိုး ဤကျောင်းမျိုးသုံးစွဲရသည်ဟု သာယာခြင်း မာန်မာန တက်ခြင်းမရှိသောကြောင့် အနဝဇ္ဇ၊ အပြစ်ကင်းခြင်းဟူသော ဂုဏ်သုံးမျိုနှင့် ပံသုကူ သင်္ကန်းစသော မှီရာလေးပါးမှာ ပြည့်စုံ၏။
သုလဘဉ္စ၊ လွယ်ကူသဖြင့်လည်း ရအပ်၏။ ဝါ၊ နေရာတိုင်းလိုလို ရနိုင်၏။ တံ၊ ထို နွားကျင်ငယ်ဆေးသည်။ အနဝဇ္ဇဉ္စ၊ အပြစ်လည်း ကင်း၏။
**သမညဿ**၊ သမထ ဝိပဿနာဟူသော ရဟန်းတရားအား။ ဝါ၊ အရိယာမဂ်အား။ အနုလောမိကာ၊ လျော်ကုန်သော။ ယေ စ ဓမ္မာ၊ အကြင် အပ္ပိစ္ဆတာ သန္တုဋ္ဌိတာ စသော အကျင့်တရားတို့ကိုလည်း။ အဿ၊ ထိုဘုရားရှင်သည်။ အက္ခာတာ၊ ဟောတော်မူအပ်ကုန်ပြီ။ အပ္ပမတ္တဿ၊ မမေ့မလျော့သော။
သမမည။ ။ ထို့အပြင် သုလဘဂုဏ်ကြောင့် ပရိယေသနဒုက္ခကင်းသည်။ အပ္ပဂုဏ်ကြောင့် စောင့်ရှောက်ထိန်းသိမ်းရခြင်း ဒုက္ခငြိမ်းသည်။ အကဲ့ရဲ့လွတ်မှု အနဝဇ္ဇ-ဂုဏ်ကြောင့် ရဟန်းတို့နှင့် လျော်လျောက်ပတ်ခြင်း အကျိုးရသည်။ အပ္ပ-ဂုဏ်ကြောင့်အလိုနည်းသူ၏ တည်ရာဝတ္ထုမဟုတ်ခြင်း,အနဝဇ္ဇဂုဏ်ကြောင့် သံသရာမှလွတ်မြောက်ကြောင်း ပညာ၏ တည်ရာဝတ္ထုဖြစ်ခြင်းဟူသော အကျိုးအဆက်ရရှိနိုင်သည်။
တစ်နည်း- တန်ဖိုးနည်းခြင်းစေသော အပ္ပ-ဂုဏ်ဖြင့် ရခြင်းကြောင့် ဝမ်းသာခြင်း,သုလဘဘဂုဏ်ဖြင့် မရခြင်းကြောင့် ဝမ်းမနည်းခြင်း, အနဝဇ္ဇဂုဏ်ဖြင့် ဝိပ္ပဋိသာရဖြစ်ကြောင်း အညာနုပေက္ခမဖြစ်နိုင်ဟူသော အကျိုးကိုသိရ၏။
သာမည ။ ။ ယတော ခေါ ဘိက္ခဝေ (လ) ဣဒမဿာဟံ ‘အညံတရံ သာမညင်္ဂ’န္တ ဝဒါမိ။ အပ္ပ သုလဘ အနဝဇ္ဇဂုဏ်နှင့် ပြည့်စုံသော ပစ္စည်းလေးပါးဖြင့် ရောင့်ရဲတင်းတိမ်သော ရဟန်းအား ထိုတင်းတိမ်ခြင်းကြောင့် စတုပါရိသုဒ္ဓိသီလနှင့်လည်း ပြည့်စုံသည်။ သမထ ဝိပဿနာ ဘာဝနာနှစ်ပါးနှင့်လည်း ပြည့်စုံနိုင်သည်။ ထို့ကြောင့် ဤတင်းတိမ်မှု သန္တောသကို သံဝရတရား ၄-ပါးတို့တွင် ကိလေသာငြိမ်းကြောင်း တစ်ခုသောအင်္ဂါရပ် တစ်ခုတည်းသော အကြောင်းဟု ဘုရားရှင်ဟောတော်မူသည်။
တစ်နည်းအားဖြင့် သမည-အရ အရိယာမဂ်ကို ကောက်လျှင် ထိုအရိယာမဂ်ဖြစ်ခြင်းကြောင့် သပ္ပုရိသူပနိဿယ, သဒ္ဓမ္မဿဝနဟူသော ဗာဟိရအင်္ဂါ၊ ယောနိသောမနသိကာရ ဓမ္မာနုဓမ္မပဋိပတ္တိ-ဟူသော အဇ္စျတ္တိကအင်္ဂါ ဤအင်္ဂါနှစ်ရပ်ပြည့်စုံရမည်။ ဓမ္မာနုဓမ္မပဋိပတ္တိအင်္ဂါ ပြည့်စုံဖို့ရန် အပ္ပိစ္ဆတာ သန္တုဋ္ဌိတာ ပဝိဝိတ္တတာ အသံသဋ္ဌ အာရဒ္ဓဝီရိယတာ-စသော အခြေခံအကြောင်းရှိမှ ဖြစ်မည်။ ထို့ကြောင့် အပ္ပိစ္ဆတာ သန္တုဋ္ဌိစသော မူလအခြေခံ အကြောင်းများအပါအဝင် ဗာဟိရအဇ္စျတ္တ အင်္ဂါနှစ်ရပ်ကို တစ်ခုတည်းသော “သာမညင်္ဂ’ဟူ၍ ဘုရားရှင် ဟောတော်မူသည်။ တုဋ္ဌဿ၊ တင်းတိမ်ရောင့်ရဲသော။
ဘိက္ခုနော၊ သည်။
တေ ဓမ္မာ၊ ထိုအလုံးစုံသော တရားတို့ကို။
**အဓိဂ္ဂဟိတာ**၊ သိမ်းကြုံးယူအပ်ကုန်ပြီ။