တိဿော ဣမာ ဘိက္ခဝေ (လ) တိဿော ဧသနာ’တိ၊ ဧသနာ’ ဟူသော။ ဧတံ၊ ဤပဌမဧသနာသုတ်ကို။ ဘဂဝတာ၊ သည်။ ဝုတ္တံ၊ ပြီ။ အရဟတာ၊ သည်။
ဥပေက္ခာဝေဒနာသည် ပင်ကိုယ်အားဖြင့် သန္တသဘောရှိသောကြောင့် သုခ ဒုက္ခ-တို့ထက် သာလွန်သော ငြိမ်သက်မှုရှိသော်လည်း ပျက်စီးခြင်းအနိစ္စ သဘောဖြင့် နိဂုမ်းချုပ်ရသောကြောင့် ဥပေက္ခာကို အနိစ္စဟု ရှုရန် ဟောတော်မူသည်။ သုခဝေဒနာကို ဝိပရိဏာမဒုက္ခ၊ ဒုက္ခဝေဒနာကို သလ္လဆူးငြောင့်ဟု ဥပေက္ခာဝေဒနာကို အနိစ္စဟု အမြင်မှန်ရသောရဟန်းသည် ဝေဒနာအမှူးရှိသော သင်္ခတနယ်မှ လွတ်မြောက်၍ အသင်္ခတနယ်သို့ရောက်၏။ ဝါ။ “ဝေဒနာပစ္စယာ တဏှာ” ဟူသည်နှင့်အညီ ဝေဒနာတို့၌ တွယ်တာနှောင်ဖွဲ့သော တဏှာကို အရဟတ္တမဂ်က သမုစ္ဆေဒပဟာန်ဖြင့် ပယ်လိုက်သည့်အတွက် သင်္ခတနယ်မှ လွတ်ကာ အသင်္ခတနယ်သို့ ရောက်၏။ အဘိညဉ်ခြောက်ပါးဖြင့် ကိစ္စအားလုံးကို ပြီးဆုံးစေအပ်ပြီးဖြစ်၍ အေးအေးဆေးဆေး ထိုရဟန်းသည် ယောဂလေးပါးကို လွန်မြောက်လေတော့၏ ဟူလို။
ဥဘယဟိတမုနနတော မုနိ-ဟူသော ဋ္ဌ-ကို ထောက်လျှင် မုနိ-သည် မနဓာတ် မဟုတ်။ မုနဓာတ်ဖြစ်သည်။ ကပစ္စည်း၌လည်း မုနာဒီဟိ စိ-ဟု သုတ်ရှိသည်။ ထို့အတူ သီမာသမ္မုတိ-ပုဒ်၌လည်း မုနဓာတ်ပင်ဖြစ်ရာ၏။ သီမာသမ္မတာ-၌ သမ္မတာ-ပုဒ်ကား သံပုဗ္ဗမနဓာတ်ပင်။ ဝုတ္တ’န္တိ၊ အပ်ပြီ’ဟူ၍။
မေ၊ အကျွန်ုပ်အာနန္ဒာသည်။
သုတံ၊ နာခံမှတ်သား ဆောင်ထားအပ်ပါပြီ။
ဘိက္ခဝေ၊ တို့။ ဧသနာ၊ ရှာမှီးခြင်းတို့သည်။ ဣမာ တိဿော၊ ဤသုံးပါးတို့တည်း။
ဘဝေသနာ။ ။ ဘဝဿ+ဧသနာဟု ဆဋ္ဌီတွဲ။ ဘဝဿ၊ ရူပဘဝ, အရူပဘဝ-ကို။ ဧသနာ၊ တောင့်တရှာမှီးခြင်း။ ဘဝေသနာ၊ ရူပါရူပဘဝ-ကို တောင့်တရှာမှီးခြင်း။ ဗြဟ္မာ့စည်းစိမ်ကို လိုလားတောင့်တခြင်း။ ကိုယ်ရောင်ကိုယ်ဝါ တောက်ပစွာဖြင့် ကမ္ဘာပေါင်း သိန်းသန်းချီ၍ မပူမပင်နေချင်ခြင်းသည် ဘဝေသနာ-ပင်တည်း။
ဗြဟ္မစရိယေသနာ။ ။ သံသရာဝဋ်မှ လွတ်မြောက်ရေးအတွက် အဖြေမှန်ရဖို့ရန် အမျိုးမျိုး တွေးခေါ်ကြံဆကြသော်လည်း သတ္တလောကကြီးသည် အဆက်မပြတ်ဖြစ်နေသည်-ဟူ၍လည်းကောင်း၊ အဆက်ပြတ်သည်ဟူ၍လည်းကောင်း၊ ဘဝဟူသည် မည်ရွေ့မည်မျှဟု အဆုံးအပိုင်းအခြားရှိသည်, မရှိဘူးဟူ၍လည်းကောင်း၊ အသက်လိပ်ပြာ ဝိညာဉ်ကောင်းသည်ပင် သရီရ-ကိုယ်ကောင်၊ သရီရ-သည်ပင် အသက်လိပ်ပြာဝိညာဉ်ကောင် စသည်ဖြင့် မှားယွင်းသော အဖြေသာထွက်သောကြောင့် ဗြဟ္မစရိယ-ပုဒ်သည် ပင်ကိုယ်မူလအနက် အားဖြင့် မြင့်မြတ်သော အကျင့်လမ်းစဉ်ကို ရှာမှီးခြင်းဟု ကောင်းမွန်သောအနက်ကို ဟောသော်လည်း ဤသို့မှားယွင်းသော အယူဝါဒကို ရှာမှီးခြင်းဟူသော မကောင်းသော အနက်အဓိပ္ပါယ်သို့ ပြောင်းသွားလေ၏။ ထို့ကြောင့် ဝေဒိတဗ္ဗာ-ဟု ဖွင့်ဆိုလေသည်။ ထိုအဖွင့်နှင့်အညီ ဗြဟ္မစရိယဿ+ဧသနာ-ဟု ဆဋ္ဌီတွဲ၍ ဒိဋ္ဌိအရ-ကောက်ရမည်။ ဘိက္ခဝေ၊ တို့။ ဧသနာ၊ တို့သည်။ ဣမာ တိဿော၊ ဤသုံးပါးတို့တည်း။