ဝုတ္တံဟေတံ ဘဂဝတာ ဝုတ္တမရဟတာတိ မေ သုတံ၊ ပေးမြဲ။
ဘိက္ခဝေ၊ တို့။ တယော၊ သုံးမျိုးကုန်သော။ ဣမေ ဓမ္မာ၊ ဤတရားတို့သည်။
အသံသဂ္ဂေန ဆိဇ္ဇတိ ။ ။ သံသဂ္ဂါ ဝနထော ဇာတော-ဖြင့် ဟီနာဓိမုတ္တိကြောင့် ကိလေသာဖြစ်ပုံ သမုဒယကို၊ အသံသဂ္ဂေန ဆိဇ္ဇတိ- ဖြင့် ကိလေသာချုပ်ငြိမ်းပုံအတ္ထင်္ဂမကို အကျဉ်းချုပ် ပြသည်။ သေခဿ၊ ကျင့်ဆဲဖြစ်သော။ ဘိက္ခုနော၊ သေက္ခရဟန်း၏။ **ပရိဟာနာယ**၊ မကြီးပွားခြင်း ဆုတ်ယုတ်ခြင်းငှာ။ **သံဝတ္တန္တိ**၊ ဖြစ်ကုန်၏။
တယော၊ တရားသုံးမျိုးတို့ဟူသည်။
ဘိက္ခဝေ၊ တို့။ ဣဓ၊ ဤသာသနာ၌။ **သေခေါ**၊ ကျင့်ဆြဖြစ်သော။ **ဘိက္ခု**၊ သေက္ခရဟန်းသည်။ ကမ္မာရာမော၊ မွေ့လျော်နှစ်ခြိုက်အပ်သောအမှုကိစ္စရှိသည်။ ဝါ၊ အမှုကိစ္စ်လျှင် မွေ့လျော်ရာရှိသည်။ န ဟောတိ၊ မဖြစ်။ ကမ္မရတော၊ ကမ္မရတော= အမှုကိစ္စ၌ မွေ့လျော်သည်။ န ဟောတိ၊ မဖြစ်။ ကမ္မာရာမတံ၊ အမှုကိစ္စ၌ မွေ့လျော်ခြင်းကို။ အနုယုတ္တော၊ အားထုတ်သည်။ န ဟောတိ၊ မဖြစ်။
ဘဿာရာမော၊ မွေ့လျော်နှစ်ခြိုက်အပ်သော စကားပြောဆိုခြင်းရှိသည်။ န ဟောတိ၊ မဖြစ်။ ဘဿရတော၊ စကားပြောဆိုခြင်း၌ မွေ့လျော်သည်။ န ဟောတိ၊ မဖြစ်။ ဘသာရာမတံ၊ စကာပြောခြင်း၌ မွေ့လျော်ခြင်းကို။ အနုယုတ္တော၊ အားထုတ်သည်။ န ဟောတိ၊ မဖြစ်။
နိဒ္ဒါရာမော၊ မွေ့လျ်ေအပ်သောအိပ်ခြင်းရှိသည်။ ဝါ၊ အိပ်ခြင်းလျှင် မွေ့လျော်ရာရှိသည်။ န ဟောတိ၊ မဖြစ်။ နိဒ္ဒါရတော၊ အိပ်ခြင်းမွေ့လျော်သည်။ န ဟောတိ၊ မဖြစ်။ နိဒ္ဒါရာမတံ၊ အိပ်ခြင်း၌ မွေလျော်ခြင်းကို။ အနုယတ္တော၊ အားထုတ်သည်။ နဟောတိ၊ မဖြစ်။ သေခဘိက္ခု။ ။ ဧတ္တ စ ပုထုဇ္ဇနကလျာဏကောပိ သေခေါတွဝ ဝေဒိတဗ္ဗော-ဟူသော ဋ္ဌ-နှင့်အညီ သေက္ခပုဂ္ဂိုလ် ၇-ယောက်သာမက ကလျာဏပုထုဇဉ် သေခ-အရ ယူ။ တသ္မာ တဿ သဗ္ဗဿာပိ ဝိသေသာဓိဂမဿ ပရိဟာနာယ သံဝတ္တ-န္တိ-ဟူသော ဋ္ဌ-နှင့်အညီ ကလျာဏပုထုဇဉ်တည်းဟူသော သေက္ခပုဂ္ဂိုလ်၌ မဂ်-၄-ပါး ဖိုလ် ၄- ပါး အားလုံး လက်လွတ် ဆုတ်ယုတ်နိုင်သည်။ ဣတရေသံ ဥပရိ ဝိသေသာဓိ-ဂမဿ စ ပရိဟာနာယ သံဝတ္တန္တိ-နှင့်အညီ သောတာပန်၌ အထက်မဂ် ၃-ခု၊ သကဒါ-ဂါမ်၌ အထက် ၂-မဂ်၊ အနာဂါမ်၌ အထက် အရဟတ္တမဂ် လက်လွတ် ဆုတ်ယုတ်နိုင်သည်။ ဖိုဠ်လည်း မဂ်နည်းတူသိလေ။ (ကမ္မာရာမ ဘဿာရာမ နိဒ္ဒါရာမ ပုဂ္ဂိုလ် ၃-မျိုး ဋ္ဌ- ရှု။)
ဒွေ၊ နှစ်ခုကုန်သော။ ဒိဋ္ဌီ၊ မိစ္ဆာဒိဋ္ဌိ သမ္မာဒိဋ္ဌိသုတ်တို့လည်းကောင်း။ နိဿရဏံ၊ နိဿရဏိယသုတ်လည်းကောင်း။ ရူပံ၊ သန္တတရသုတ်လည်းကောင်း။ အဝုဋ္ဌိကေန၊ အဝုဋ္ဌိကသုတ်နှင့်တကွ။ ပုတ္တောစ၊ ပုတ္တသုတ်လည်းကောင်း။ သုခါစ၊ သုခပတ္ထနာသုတ်လည်းကောင်း။ ဘိဒုရာ၊ ဘိဒုရသုတ်လည်းကောင်း။ ပရိဟာနေန၊ ပရိဟာနသုတ်နှင့်တကွ။ ဓာတု၊ ဓာတုသံသန္ဒနသုတ်ကိုလည်းကောင်း။ ဣတိ၊ ဤသို့။ တေ၊ ထိုသုတ်တို့သည်။ ဒသ၊ ဆယ်သုတ်တို့တည်း။ ဣတိ၊ ဤသည်ပင်တည်း။
တိကတတိယဝဂ် ပြီးပြီ။