ဒိဒ္ဓေါ၊ အဆိပ်လူးအပ်သော။ သရော၊ မြားသည်။ အလိတ္တံ၊ အဆိပ်မလူးအပ်သေးသော။ ကလာပံ၊ မြားအပေါင်းကို။ ဝါ၊ မြားစည်းကို။ ဝိသေသန၊ အဆိပ်ဖြင့်။ (ထည့်)။ ဥပလိမ္ပ တိ ဣဝ၊ လူးလည်း ပေကျံသွားသကဲ့သို့။ ဧဝံ၊ ပမာမခြား ဤအလား တူစွာ။ ပရံ၊ ပကတိစင်ကြယ်သော အခြားသူကို။ သေဝမာနော၊ မှီဝဲ ဆည်းကပ်သောလူယုတ်မာသည်။ ပါပေန၊ မကောင်းမှုဖြင့်။ တံ၊ ထိုသူတစ်ပါးကို။ ဥပလိမ္ပတိ၊ လူးလည်းပေကျံ၏။ တစ်နည်း- **သေဝမာနော**-သေဝိယမာနော၊ မှီဝဲဆည်းကပ်ခံရသောသူယုတ်မာသည်။ **သေဝမာနံ**၊ (အချိန်အခါ အားလျော်စွာ)မိမိကို မှီဝဲဆည်းကပ်သူကို။ ပါပေန၊ ဖြင့်။ (ထည့်) ဥပလိမ္ပတိ၊ လူးလည်းပေကျံတော့၏။
သံဖုဋ္ဌော၊ ပကတိစင်ကြယ်သူနှင့်အတူနေကာ ဆက်ဆံခြင်းဖြင့် ပကတိစင်ကြယ်သူနှင့် တွေ့ကြုံဆုံဆည်းရသူသည်။ သံဖုသံ၊ (သယမ္ပိ တထာ တံ ဖုသန္တော) မိမိကိုယ်တိုင်ကလည်း ထိုတွေ့ဆုံပေါင်းသင်းဆက်ဆံ ခြင်းဖြင့် ထိုပကတိစင်ကြယ်သူကို တွေ့ထိလျက်။ ပရံ၊ သူတစ်ပါးကို။ ဥပလိမ္ပတိ၊ လူးလည်း လိမ်းကျံမိ၏။
ဓီရော၊ ပညာရှိသည်။ ဥပလေပဘယာ၊ မကောင်းမှု လိမ်းကျံခြင်းမှကြောက်ခြင်းကြောင့်။ ပါပသခါ၊ မကောင်းသော အပေါင်းအသင်း မိတ်ဆွေရှိသည်။ နေဝ သိယာ၊ လုံးဝ မဖြစ်ရာ။