မောဟဂ္ဂိ၊ မော၏မီးသည်။ သံမူဠှေ၊ မောဟလွှမ်းမိုး နှိပ်စက်သဖြင့် ပြင်းစွာတေဝေမိန်းမောကုန်သော။ အရိယဓမ္မေ၊ သမထ ဝိပဿနာ လောကုတ္တရာဟူသော မြင့်မြတ်သော တရား၌။ အကောဝိဒေ၊ (ခန္ဓာအာယတန ဓာတ်သသစ္စာတို့ကို မသင်ကြားမေးမြန်းခြင်းမရှိခြင်းကြောင့်) မကျွမ်းကျင်မလိမ္မာကုန်သောသူတို့ကို။ ဒဟတိ၊ ရှို့မြှိုက်လောင်ကျွမ်းစေ၏။
ဧတေအဂ္ဂီ၊ ပြဆိုခဲ့သောဤမီးတို့ကို။ အဇာနန္တာ၊ (ပစ္စုပ္ပန်သံသရာ နှစ်ဖြာရှို့မြှိုက်တတ်သော တရားတို့ကိုဟူ၍ ပရိညာဘိသမယ ပဟာနာဘိသမယအားဖြင့်) ထိုးထွင်း၍ မသိကုန်သော။ ပဇာ၊ သတွာတို့သည်။ သက္ကာယာဘိရတာ၊ ထင်ရှားရှိသော ဥပါဒါနက္ခန္ဓာငါးပါး၌ တဏှာ မာန ဒိဋ္ဌိတို့၏ အစွမ်းအားဖြင့်နှစ်သက်မွေ့လျော်ကြကုန်၏။
တေ၊ ထိုတဏှာစွဲ မာနစွဲ ဒိဋ္ဌိစွဲအားဖြင့် မိမိ၏ဥပါဒါနက္ခန္ဓာ၌ အစွဲကြီး စွဲနေကြကုန်သော သတွာတို့သည်။ နိရယံ၊ ငရဲကိုလည်းကောင်း။ တိရစ္ဆာနဉ္စယောနိယော၊ တိရစ္ဆာန်ယောနိတို့ကိုလည်းကောင်း။ အသုရံ၊ အသူရကာယ်ဘုံကိုလည်းကောင်း။ ပေတ္တိဝိသယဉ္စ၊ ပြိတ္တာဘုံကိုလည်းကောင်း။ ဝဍ္ဎယန္တိ၊ အဖန်ဖန်ဖြစ်ခြင်း၏ အစွမ်းအားဖြင့် တိုးပွားစေကြကုန်၏။ မာရဗန္ဓနာ၊ ကိလေသာမာရ်၏ အနှောင့်အဖွဲ့မှ။ အမုတ္တာ၊ မလွတ်မြောက်နိုင်ကြကုန်။
(မီးသုံးမျိုးမပယ်ရှားနိုင်သဖြင့် သံသရာဝဋ်လည် ပုံပြပြီး၍ ထိုသုံးမျိုးကို ပယ်ရှားသဖြင့် ဝဋ်ဆင်းရဲငြိမ်းပုံ ဝိဝဋ္ဋကထာကိုပြလို၍ ယေ စ ရတ္တိန္ဒိဝါ ယုတ္တာ- စသည်ကို ဟောတော်မူပြန်၏။)