၁၀၀။အဟမသ္မိ ဘိက္ခဝေ (လ) ဓမ္မယာဂေါ’တိ၊ ဓမ်မယာဂေါ’ဟူသော။ ဧတံ၊ ဤဗြဟ္မဏယာဂသုတ်ကို။ ဘဂဝတာ၊ ရွှေဘုန်းတော်သခင် ဘုရားရှင်သည်။ ဝုတ္တံ၊ ဟောတော်မူအပ်၏။ အရဟတာ၊ ပူဇော်အထူးကို ခံယူတော်မူထိုက်သောဘုရားရှင်သည်။ ဝုတ္တိန္တိ၊ ဟောတော်မူအပ်၏’ဟူ၍။ မေ၊ အကျွန်ုပ်အာနန္ဒာသည်။ သုတံ၊ နာခံမှတ်သား ဆောင်ထားအပ်ပါပြီ။
ဘိက္ခဝေ၊ တို့။ အဟံ၊ ငါဘုရားသည်။ ဗြဟ္မဏော၊ မျှောအပ်ပြီးသော မကောင်းမှုရှိသူသည်။ ဝါ၊ ဝဋ်မှ လွတ်မြောက်ကြောင်း တရားတို့ကို ဟောကြားတော်မူသော ပရမတ္ထဗြဟ္မဏသည်။ အသ္မိ၊ ဖြစ်၏။
အဟံ၊ ငါဘုရားသည်။ သဒါ၊ အခါခပ်သိမ်း။ ယာစယောဂေါ၊ ဒေသေတုဘန္တေ ဘဂဝါ ဓမ္မံ-ဟု တရားတောင်းသူ ဝေနေယျတို့နှင့် ဆက်သွယ်နေသူတည်း။ တစ်နည်း- ယာစယောဂေါ၊ တောင်းဆိုခြင်းငှာ သင့်သူ တောင်းထိုက်သူတည်း။ သဒါ၊ အခါခပ်သိမ်း။ ပယတပါဏိ၊ တရားဖြန့်ဝေ လှူဒါန်းရန် စင်ကြယ်သော လက်ရှိသူတည်း။
တစ်နည်း- ပယတပါဏိ၊ တရားဖြန့်ဝေလှူဒါန်းရန် ရှည်ပြန့်သောလက်ရှိသူတည်း။ ဝါ၊ တရားဖြန့်ဝေ လှူဒါန်းရန် အားထုတ်အပ်သောလက်ရှိသူတည်း။ အန္တိမဒေဟဓရော၊ နောက်ဆုံး ခန္ဓာဝန်ကို ဆောင်ထားသူတည်း။ အနုတ္တရော၊ (ကုနိုင်ခဲသော ဝဋ်ဒုက္ခရောဂါကို ကုသသောကြောင့်) အတုမရှိ မြတ်သော။ ဘိသက္ကော၊ ဆေးဆရာတည်း။
တစ်နည်း-အနုတ္တရော၊ (အခြားဆရာတို့ မနှုတ်နိုင်သော ကိလေသာငြောင့်တို့ကို ခွဲစိတ်သောအားဖြင့် အငုတ်မကျန် ထုတ်ဆောင်တတ်သောကြောင့်) အတုမရှိ မြတ်သော။ သလ္လကတ္တော၊ ကိလေသာငြောင့်ရောဂါ ခွဲစိပ်ကုဆရာတည်း။ (အနုတ္တရော ဘိသက္ကောဖြင့် သမားတော်ကြီး၊ အနုတ္တရော သလ္လ-ကတ္တောဖြင့် ခွဲစိတ်ကုပါရဂူကြီးဟု ဆိုလိုသည်။)
ဘိက္ခဝေ၊ တို့။ တုမှေ၊ သင်တို့သည်။ **သြရသာ**၊ ရင်၌ဖြစ်ကုန်သော။ ဝါ၊ ရင်နှင့်စပ်ကုန်သော။ **ပုတ္တာ**၊ သား တို့သည်။ ဟော၊ ဖြစ်ကြကုန်လော့။
ကဿ မေ၊ ထိုငါ၏။ **မုခတော**၊ ရွှေနှုတ်တော်မှ။ **ဇာတာ**၊ မွေးဖွားကြကုန်သော။ ပုတ္တာ၊ တို့သည်။ ဟောထ၊ ဖြစ်ကြကုန်လော့။
တုမှေ၊ သင်တို့သည်။ ဓမ္မဇာ၊ သီလ သမာဓိ ပညာဟူသော သာသနဓမ္မ အရိယမဂ္ဂ၌ မွေးဖွားသူတို့သည်။ ဟောထ၊ ဖြစ်ကြကုန်လော့။ ဓမ္မနိမ္မိတာ၊ သီလ သမာဓိ ပညာဟူသော သာသနဓမ္မ, အရိယဓမ္မတို့က ဖန်ဆင်းထားသူတို့သည်။ ဟောထ၊ ဖြစ်ကြကုန်လော့။
ရင်ဝယ်သား ။ ။ လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း ပါရမီဖြည့်မှ ရရှိအပ်သောသဗ္ဗညုတဉာန် ဒေသနာဉာန်တို့သည် ဘုရားရှင်၏ ရွှေရင်တွင်းရှိ နှလုံးသား၌ မှီနေတည်နေ၏။ ထိုဉာန်ကြောင့် ဝေနေယျသတ္တဝါတို့သည် သရဏဂုံတည်ကြ သီလ စင်ကြယ်ကြ စျာန်ရ အဘိညာဉ်ရဖြစ်ကြ မဂ်ရ ဖိုလ်ရ ဖြစ်ကြရသည်။ ထို့ကြောင့် ထိုဝေနေယျတို့သည် ရာဟုလာသတို့သား မဟုတ်သော်လည်း ဘုရား၏ ရွှေရင်နှလုံးသားနှင့် ပတ်သက်နေကား ရာဟုလာနှင့်မခြား ရင်၌ဖြစ်သော ရင်နှင့်စပ်သော သားများဟု ဆိုနိုင်သည်။ ဤကိုရည်၍ သင်တို့သည် ငါ၏ရင်နှစ် သားချစ်သမီးချစ်များဖြစ်အောင် ကြိုးစားကြဟု မိန့်တော်မူခြင်းဖြစ်သည်။
ခံတွင်းမှမွေးဖွားသူ ။ ။ ဘုရားရှင်၏ ရင်တွင်းရှိ ဟဒယဝတ္ထုကိုမှီ၍ ဒေသနာဉာန် သဗ္ဗညုတဉာန်ဖြစ်ရုံ၊ ထိုဉာန်ကြောင့် မနသာဝဝတ္ထပိတသဒ္ဒ-တို့ဖြစ်ရုံနဲ့ သရဏဂုံတည်ခြင်း သီလ သမာဓိ ဝိပဿနာ မဂ် ဖိုလ်တု့ ဝေနေယျတို့၌ မရနိုင်။ မနသာ-ဝဝတ္ထပိတသဒ္ဒ-မှ ဝစီဘေဒသဒ္ဒ-ဖြစ်အောင် နှုတ်မြွက်တော်မူရသည်။ သို့မှသာဝေနေယျတို့ သရဏဂုံတည်ခြင်း စသောအကျိူးတို့ကို ရရှိခံစားနိုင်သည်။ ဤကိုရည်၍ဘုရားရှင်က သင်တို့သည် ငါ၏ခံတွင်းမှ မွေးဖွားလာသော သားသမီးများဖြစ်အောင်ကြိုးစားကြဟု မိန့်တော်မူခြင်းဖြစ်သည်။
ပုထုဇဉ်ဘဝမှ အရိယာ ဘဝသို့ ။ ။သီလသိက္ခာ သမာဓိသိက္ခာ ပညာသိက္ခာတို့ကို တစ်ဘဝထက်တစ်ဘဝ ရင့်ကျက်အောင် လေ့ကျင့်ပေးမည်ဆိုလျှင် ကျင့်ကြိုးကုတ်မည်ဆိုလျှင် ပုထုဇဉ်ဇာတ်မျ အရိယာဇာတ် အရိယာအဖြစ်သို့ ပြောင်းလွဲ ဖြစ်သွားနိုင်သည်။ ယင်းသို့ ပုထုဇဉ်ဘဝမှ အရိယာဘဝသို့ရောက်ကာ ပြောင်းလွဲမွေးဖွားနိုင်အောင်ကြိုးစားကြဟု မိန့်တော်မူခြင်းဖြစ်သည်။ တုမှေ၊ သင်တို့သည်။
**ဓမ္မနိမ္မိတာ**၊ သာသနဓမ္မ အရိယမဂ္ဂဓမ္မတို့က ဖန်ဆင်းလိုက် ဖန်ဆင်းအပ်သူတို့သည်။
ဟောထ၊ ဖြစ်ကြကုန်လော့။
တုမှေ၊ တို့သည်။ ဓမ္မဒါယာဒါ၊ သတိသဗ္ဗောဇ္စျင်စသော တရားဓမ္မအမွေခံတို့သည်။ ဟောထ၊ ကုန်လော့။ နော အာမိသဒါယာဒါ၊ ဆွမ်းစသော ပစ္စယာ-မိသ လူ့စည်းစိမ် နတ်စည်းစိမ်တည်းဟူသော ပစ္စယာမိသ-အမွေခံ မဖြစ်ကြကုန်လင့်။
တတ္ထ၊ ထိုဗြာဟ္မဏဓမ္မယာဂသုတ်၌။ ယော ဓမ္မယာဂံ အယဇီ အမစ္ဆရီ (လ) ဘဝဿ ပါရဂု’န္တိ၊ ဘဝဿ ပါရဂုံ’ဟူသော။ ဧတံ၊ ဤဂါထာအနက်အဓိပ္ပါယ်ကို။ ဣတိ၊ သို့။ ဝုစ္စတိ၊ ဆိုအပ်၏။
**ယာဂါ** ။ ။ တတ္ထ ယာဂါတိ မဟာယညာ၊ မဟာဒါနာနီတိ အတ္ထော။ ယာနိယိဋ္ဌာနီတိပိ ဝုစ္စန္တိ-ဟူသော ဋ္ဌ-အလု ယာဂါဟု ဟောသော်လည်း ဒါနမှတစ်ပါး သီးခြားယာဂ-မဟုတ်။ ကြီးကျယ်သော ယညပူဇော်မျု ပေးလှူမှုကိုပင် ယာဂါ-ဟုဟောတော်မူခြင်းဖြစ်သည်ဟူလို။ ထို့ကြောင့် အာမိသယာဂ-ဟူသည် ဝေလာမ-၏ အလှူ၊ ဝေဿန်တာရာမင်း၏ အလှူမျိုး၊ ဓမ္မယာဂ-ဟူသည် သားတော် ရာဟုလာအား ဘုရားရှင်ဟောကြားအပ်သော စုဋ္ဌာရာဟုလောဝါဒသုတ္တန်စသည်ကို ဆိုလိုသည်ဟု နမူနာအနေဖြင့် အဋ္ဌကထာဆရာဖွင့်ပြထားသည်။