တထာဂတဿ ဘိက္ခဝေ(လ) ပရိယာယေန ဘဝန္တီ’တိ၊ ဘဝန္တိ’ဟူသော။ ဧတံ၊ ဤဒေသနာသုတ်ကို။ ဘဂဝတာ၊ သည်။ ဝုတ္တံ၊ ပြီ။ အရဟတာ၊ သည်။ ဝုတ္တ’န္တိ၊ အပ်ပြီဟူ၍။ မေ၊ အကျွန်ုပ်အာနန္ဒာသည်။ သုတံ၊ နာခံမှတ်သားဆောင်ထားအပ်ပါပြီ။
ဘိက္ခဝေ၊ တို့။ အရဟတော၊ ပူဇော်အထူးကို ခံတော်မူထိုက်သော။ သမ္မာသမ္ဗုဒ္ဓဿ၊ အလုံးစုံသော တရားတို့ကို မဖောက်မပြန်အမှန်အတိုင်းကိုယ်တိုင်သိမြင်တော်မူသော။ တထာဂတဿ၊ ၏။ ဒွေ ဓမ္မဒေသနာ၊ တရားဟောခြင်း နှစ်မျိူးတို့သည်။ **ပရိယာယေန**၊ အကြောင်းအားဖြင့်။ ဝါ၊ အလှည့်အားဖြင့်။ ဘဝန္တိ၊ ကုန်၏။
ကတမာ ဒွေ၊ အဘယ်နှစ်ပါးတို့နည်း။
**ပါပံ**၊ မကောင်းမှုမှန်သမျှကို။
**ပါပကတော**၊ ယုတ်ညံ့သောအကျင့်ဟူ၍။
ဝါ၊ ယုတ်ညံ့သောတရားအနေအားဖြင့်။
**ပဿထာ**တိ၊ အမြင်ရှင်းအောင်ရှုကြကုန်လော့’ဟူသော။
အယံ၊ ဤဟောခြင်းသည်။
ပဌမာ၊ သော။
ဓမ္မဒေသနာ၊ တရားဟောခြင်းတစ်မျိုးတည်း။
ပါပံ၊ ကို။
ပါပကတော၊ ဟူ၍။
ဝါ၊ အားဖြင့်။
ဒိသွာ၊ သိမြင်၍။
တတ္ထ၊ ထိုမကောင်းမှု၌။
ပါပံ ပါပကတော ပဿထ။ ။ ခုရော နောင်ပါ အကျိုးမဲ့အောင် ဒုက္ခရောက်အောင် လုပ်ဆောင်တတ်သောကြောင့် အကုသိုလ်သည် ‘လာမက’။ ပင်ကိုယ်ပကတိအားဖြင့် အရောင်တလက်လက်ထွက်နေသောစိတ်၊ ကြည်လင်နေသော စိတ်ကိုညစ်နွမ်းစေသောကြောင့် အကုသိုလ်သည် ‘သံကိလေသ’။ အကြိမ်ကြိမ် ဘဝဒုက္ခကို ဖြစ်စေတတ်သောကြောင့် အကုသိုလ်သည် ‘ပေါနောဗ္ဘဝိက’ ပူပန်မှုနှင့်တကွဖြစ်သောကြောင့် အကုသိုလ်သည် သဒရထ’။ ဆင်းရဲဒုက္ခကိုသာ အကျိုးပေးသောအားဖြင့် ရင့်ကျက်စေတတ်သောကြောင့် အကုသိုလ်သည် ‘ဒုက္ခဝိပါက’။ ကာလအပိုင်းအခြားမရှိ ဇာတိဇရာမရဏတို့ကို ဖြစ်စေတတ်သောကြောင့် အကုသိုလ်သည် ‘အာယတိံ ဇာတိဇရာမရဏိယ’။ အကျိုးစီးပွားမှန်သမျှ စည်းစိမ်ချမ်းသာ မှန်သမျှကို ဖျက်ဆီးတတ်သောကြောင့် အကုသိုလ်တရားသည် ‘သဗ္ဗဟိတသုခဝိဒ္ဓံသန’ တရားဟု နာ, သေ, စသော ဒုက္ခတွေ အကုန်ငြိမ်းမည်ဟု အကုသိုလ်နှင့်ပတ်သက်၍ အကျိုးအာနိသင်ကို လည်း မြင်ရမည်။
**နိဗ္ဗိန္ဒထ**၊ အပြစ်ကို သိမြင်ကာ ငြီးငွေ့ကြကုန်လော့။
**ဝိရဇ္ဇထ**၊ ငြီးငွေ့ပြီးနောက် ဝိပဿနာပွား၍ မဂ်ရခြင်းဖြင့် တပ်မက်ခြင်းကင်းကြကုန်လော့။
**ဝိမုစ္စထာ**တိ၊ မကောင်းမှုမှ လွတ်မြောက်အောင် ပြုကြကုန်လော့ ဟူသော။
အယံ၊ ဤဟောခြင်းသည်။
ဒုတိယော၊ သော။
ဓမ္မဒေသနာ၊ တည်း။
ဘိက္ခဝေ၊ တို့။
အရဟတော၊ သော။
သမ္မာသမ္ဗုဒ္ဓဿ၊ သော။
တထာဂတဿ၊ ၏။
ဒွေ၊ ကုန်သော။
ဣမာ ဓမ္မဒေသနာ၊ တို့သည်။
ပရိယာယေန၊ အကြောင်းအားဖြင့်။
ဝါ၊ အလှည့်အားဖြင့်။
ဘဝန္တိ၊ ကုန်၏။
ဧတမတ္ထံ၊ ပေးမြဲ။
တတ္ထ၊ ထိုဒေသနာသုတ်၌။
တထာဂတဿ ဗုဒ္ဓဿ (လ) ဒုက္ခဿန္တံ ကရိဿထာ’တိ၊ ကရိဿထ’ဟူသော။
ဧတံ၊ ဤဂါထာအနက်အဓိပ္ပါယ်ကို။
ဣတိ၊ သို့။
ဝုစ္စတိ၊ ၏။
သဗ္ဗဘူတာနုကမ္ပိနော၊ သတွာအားလုံးကို မဟာကရုဏာဖြင့် စောင့်ရှောက်တော်မူသော။
ဗုဒ္ဓဿ၊ အလုံးစုံ သောတရားတို့ကို အကုန်အစင် သိမြင်တော်မူသော။
တထာဂတဿ၊ ၏။
ပရိယာယဝစနံ၊ အကြောင်းအားလျော်စွာဟောကြားအပ်သော တရားဒေသနာကို။
ပဿ၊ ဉာန်မျက်စိဖြင့်မြင်အောင်ရှုလော့။
တထာဂတေန၊ သည်။
(ထည့်)။
ဒွေ ဓမ္မာ၊ တရားနှစ်မျိုးတို့ကို။
ပကာသိတာ၊ ပြတော်မူအပ်ကုန်ပြီ။
ဧတံ ပါပကံ၊ ဤမကောင်းမှုကို။
ပါပတော၊ ဟူ၍။
ပဿထ စ၊ အမြင်မှန်ရအောင် ရှုလည်း ရှုကြကုန်လော့။
တတ္ထ၊ ထိုအကုသိုလ် မကောင်းမှု၌။
ဝိရဇ္ဇထ စ၊ ဝိပဿနာဉာန်အမြင်ဖြင့် တပ်မက်ခြင်းကင်းအောင်လည်းပြုကြကုန်လော့။
တတော၊ ထိုမကောင်းမှုမှ။
ဝိရတ္တစိတ္တာ၊ တပ်မက်ခြင်းကင်းသော စိတ်ရှိကြကုန်သည်ဖြစ်၍။
နိဗ္ဗိန္ဒထ ဝိရဇ္ဇထ ဝိမုစ္စထ။ ။ အကုသိုလ်၏ အကျိုးအမြတ်ကိုမြင်မှ ငြီးငွေ့မည်။ ငြီးငွေ့မှ ဝိပဿနာ ပွားများကာ မဂ်ကိုရခြင်းဖြင့် မကောင်းမှု အကုသိုလ်တို့၌ တပ်မက်ခြင်းကင်းမည်။ ယင်းသို့ကင်းမှ မကောင်းမှု အကုသိုလ်မှ လွတ်မြောက်မည်။ ထို့ကြောင့် “ပါပံ ပါကတော ပဿထ၊ နိဗ္ဗိန္ဒထ ဝိရဇ္ဇထ ဝိမုစ္စထ” ဟု ဘုရားရှင်ဟောတော်မူခြင်း ဖြစ်သည်။ (ဋ္ဌ၊၁၄၆)
ဒုက္ခဿ၊ ဆင်းရဲအားလုံး၏။
အန္တံ၊ အဆုံးကို။
ကရိဿထ၊ ပြုနိုင်ကြကုန်လိမ့်မည်။
ဘဂဝတာ၊ သည်။
အယမ္ပိ အတ္ထော၊ ဤအဓိပ္ပါယ်ကိုလည်း။
ဝုတ္တောတိ၊ ဟောတော်မူအပ်ပြီဟူ၍။
မေ၊ အကျွန်ုပ် အာနန္ဒာသည်။
သုတံ၊ နာခံမှတ်သား ဆောင်ထားအပ်ပါပြီ။
ဣတိ၊ ဤတွင် ပြီး၏။
ဒုတိယံ။