တိဿေ ဣမာ ဘိက္ခဝေ (လ) တိဿော ဝေဒနာ’တိ၊ ဝေဒနာ’ဟူသော။ ဧတံ၊ ဤပဌမဝေဒနာသုတ်ကို။ ဘဂဝတာ၊ သည်။ ဝုတ္တံ၊ ပြီ။ အရဟတာ၊ သည်။ ဝုတ္တ’န္တိ၊ အပ်ပြီ’ဟူ၍။ မေ၊ အကျွန်ုပ်အာနန္ဒာသည်။ သုတံ၊ နာခံမှတ်သား ဆောင်ထားအပ်ပါပြီ။
ဘိက္ခဝေ၊ တို့။ ဝေဒနာ၊ တို့သည်။ ဣတိမာ တိဿော၊ ဤသုံးပါးတို့တည်း။
ကတမာ တိဿော၊ အဘယ်သုံး ပါးတို့နည်း။
**သုခါ ဝေဒနာ**၊ ဣဋ္ဌာရုံကို ခံစားတတ်သော သုခဝေဒနာလည်းကောင်း။
**ဒုက္ခာ** ဝေဒနာ၊ အနိဋ္ဌာရုံကို ခံစား တတ်သော ဒုက္ခဝေဒနာလည်းကောင်း။
**အဒုက္ခမသုခဝေဒနာ**၊ မဇ္ဈတ္တာရုံကို ခံစားတတ်သော ဥပေက္ခာဝေဒနာ လည်းကောင်းတည်း။
ဘိက္ခဝေ၊ တို့။
ဝေဒနာ၊ တို့သည်။
ဣမာ တိဿော၊ ဤသုံးပါးတို့တည်း။
ဧတမတ္ထံ၊ ဤအနက်အဓိပ္ပါယ်ကို။
ဘဂဝါ၊ သည်။
အဝေါစ၊ ပြီ။သုခ ဒုက္ခ အဒုက္ခဝေဒနာ။ ။ ဝေဒနာသုံးပါးဟု ဘုရားရှင် ဟောတော်မူသော်လည်း သုခနှင့် ဒုက္ခဝေဒနာနှစ်ပါးကသာ ထင်ရှား၍ အဒုက္ခမသုခဝေဒနာကား မထင်ရှားပေ။ သားကောင်၏ အတက်ခြေရာ ဆင်းသက်သော ခြေရာနှစ်ခုကို ထောက်၍ ကျောက်ဖြာ၌ မထင်ရှားသော ခြေရာကို မှန်းဆ သိရသကဲ့သို့ သုခ၏ထင်ရှားသော ဣဋ္ဌာရမ္မဏာနုဘဝန, ဒုက္ခ၏ အနိဋ္ဌာရမ္မဏာနုဘဝနကို ထောက်ဆ၍ မထင်ရှားသော ကျောက်ဖျာပေါ်မှ ခြေရာနှင့်တူသော ‘မဇ္ဈတ္တာရမ္မဏာနုဘဝန ဥပေက္ခာဝေဒနာ’ ကို မိဂပဒဝဠဉ္ဇနနည်းဖြင့်သာ သိနိုင်သည်။
ဤနေရာ၌ ဝေဒနာသုံးပါး ဟောကြားထားသော်လည်း အချို့နေရာ၌ ဝေဒနာသည် ဒုက္ခဝေဒနာတစ်မျိုးတည်းသာ ရှိသည်ဟူ၍လည်းကောင်း, ဝေဒနာသည် သုခနှင့်ဒုက္ခနှစ်မျိုးသာ ရှိသည်ဟူ၍လည်းကောင်း၊ သုခဝေဒနာကိုပင် တည်ရှိခိုက်သုခ၊ ဖောက်ပြန်ပျက်စီးသွားလျှင် ဒုက္ခ။ ဒုက္ခဝေဒနာကို တည်ရှိခိုက် ဉာနသုခ အဉာန ဒုက္ခ-ဟု လည်းကောင်း ဝေဒနာသုံးပါးတို့ နှစ်မျိုးစီ အသီးသီး ကွဲပြားသည်ဟူ၍လည်းကောင်း၊ ဟောတော်မူသည်လည်း ရှိ၏။
သုခနှင့်အဒုက္ခမသုခဝေဒနာ ၂-ပါးတို့သည် ဒုက္ခသဘောလက္ခဏာ မရှိသောကြောင့် ဒုက္ခဝေဒနာ မဖြစ်နိုင်။ ဝေဒနာသည် ဒုက္ခတစ်မျိုးသာ, ဝေဒနာသည် သုခနှင့် ဒုက္ခနှစ်မျိုးသာ ဟောခြင်းသည် ပရိယာယဒေသနာသာ ဖြစ်သည်။ သုံးမျိုးဟု ဟောခြင်းသာ (မုချ) နိပ္ပရိယာယ ဒေသနာတည်း။ ဤကား အာစရိယသမာနကထာ တည်း။ ဣမာနိ တီဏိ၊ ဤသုံးပါးတို့တည်း။

ဧတမတ္ထံ ဘဂဝါ အဝေါစ၊ ပေးမြဲ။
တတ္ထ၊ ထိုစက္ခုသုတ်၌။
ဧတံ၊ ဤဆိုအပ်လတ္တံ့သောဂါထာ ကို။
ဣတိ၊ ဤသို့။
မံသစက္ခု ဒိဗ္ဗစက္ခု (လ) သဗ္ဗဒုက္ခာ ပမုစ္စတီ’တိ၊ ပမုစ္စတိဟူ၍။
ဝုစ္စတိ၊ ဆိုအပ်၏။ဝိတဏ္ဍဝါဒီ။ ။ စိတ်ဝင်စားဖွယ်ကောင်းသောကြောင့် ဝိတဏ္ဍုဝါဒီ၏ အဆိုနှင့် ထိုအဆိုကို ချေပထားသော အဋ္ဌကထာဆရာ၏ ရှင်းချက်ကို အနည်းငယ် ချုံး၍ပြဥုးအံ့။ ဝေဒနာသည် ဒုက္ခတစ်မျိုးသာ ဖြစ်ပါလျက် အချို့ဒုက္ခကိုသုခ၊ အချို့ဒုက္ခကို အဒုက္ခမသုခဟု မူလဒုက္ခဝေဒနာ၌ ၂-မျိုး ၂-စား ခွဲခြားကာ ထပ်ထည့်ပြသောကြောင့် ‘တိဿေ ဣမာ ဝေဒနာ’ ဟူသော ဝါဒသာလျှင် ပရိယာယဒေသနာ ဖြစ်သည်။ ဝေဒနာသည် ဒုက္ခတစ်မျိုးတည်းသာ ဝါဒသည် နိပ္ပရိယာယဝါဒဟု ဝိတဏ္ဍိကဆို၏။
ယံ ကိဉ္စိ ဝေဒယိတံ၊ သဗ္ဗံ တံ ဒုက္ခသ္မိ’န္တိ- ဟူသော ဒုက္ခတစ်မျိုးတည်းသာ ဟူသော ဝါဒ၏ ပရိယာဒေသနာဖြစ်ကြောင်း ‘သင်္ခါရ နိစ္စတံ အာနန္ဒ မယာ သန္ဓာယဘာသိတံ သင်္ခါရဝိပရိဏာမတံ- ဟူသော ဤပါဠိကိုထောက်သဖြင့်သိနိုင်၏။ အကယ်၍ ‘တိဿေ ဣမာ ဝေဒနာ’ဟူသော ဝေဒနာ သုံးပါးဝါဒ၏။ ပရိယာယ ဒေသနာဖြစ်ခဲ့ပါလျှင် ‘ဣဒံ မယာ သန္ဓာယ ဘာသိတံ တိဿေ ဝေဒနာ’ ဟု ဟောတော်မူရာ၏။ ဟောတော်မမူပါ။ ထို့ကြောင့် ဝေဒနာသုံးပါးဝါဒသည် ပရိယာယ ဒေသနာ မဟုတ်၊ နိပ္ပရိယာယ (မုချ) ဒေသနာဖြစ်ကြောင်း သေချာ၏ဟု အဋ္ဌကထာဆရာ ရှင်းပြချေပ၏။
နောက်တစ်မျိုး။ ။ ဝေဒနာသည် ဒုက္ခဝေဒနာသည် တစ်မျိုးတည်း ဖြစ်ပါလျက် မသိမသာ မုဒုဖြစ်သောဒုက္ခကိုတော့ သုခဟု၊ သိသာလွန်ကဲသော ဒုက္ခကိုတော့ ဒုက္ခဟုအလယ်အလတ်ဖြစ်သောဒုက္ခကိုတော့ အဒုက္ခမသုခဟု ဝေနေယျဇ္ဈာသယအားဖြင့် ဝေဒနာသုံးပါးဟု ယူဆကြသည်ဟု ဝိတဏ္ဍီက ဆိုပြန်၏။
ဝေဒနာသည် ဒုက္ခတစ်မျိုးတည်းသာ ဟူသောဝါဒ၊ သုံးမျိုးဟူသောဝါဒ၊ ဘယ်ဝါဒမှန်သည်ကို သဘာဝပေတံ သဘာဝချိန်ခွင်ဖြင့် တိုင်းတာကြည့်ရာ၏။ အကြင်ဝေဒနာဖြစ်ပေါ်လာခဲ့သော် ထိုဝေဒနာမှ လွတ်ကင်းချင်စိတ် ပေါ်လာအံ့၊ ထိုဝေဒနာသည် ဒုက္ခဝေဒနာတည်း။ အကြင်ဝေဒနာ ဖြစ်ပေါ်လာခဲ့သော် ထိုဝေဒနာမှ မလွတ်ကင်းခြင်းကို အလိုရှိကြသည်။ လွတ်ကင်းခြင်း၊ မလွတ်ကင်းခြင်း နှစ်မျိုးကို အလိုမရှိကြ။ ထို (သုခ၊ ဥပေက္ခာ) ဝေဒနာသည် ဒုက္ခ ဘယ်နည်းနှင့်မျှ မဟုတ်နိုင်။ ထို့ကြောင့် ဝေဒနာသည် ဒုက္ခတစ်မျိုးတည်းမဟုတ်။ သဘာဝအားဖြင့် သုံးမျိုးသာ ဖြစ်သည်ဟု အဋ္ဌကထာဆရာ ချေပရှင်းလင်း၏။
အကြင်ဝေဒနာသည် မိမိမှီခိုရာ တည်ရာ ပုဂ္ဂိုလ်ကို နှိပ်စက်တတ်၏။ ထို ဝေဒနာသည် ဒုက္ခဝေဒနာတည်း။ အကြင်ဝေဒနာသည် မိမိမှီရာတည်ရာပုဂ္ဂိုလ်ကို ကောင်းစားအောင် ချီးမြှောက်မှုပြု၏။ ထိုဝေဒနာသည် ဒုက္ခ ဘယ်နည်းနှင့်မျှ မဟုတ်နိုင်။ ထို့ကြောင့် ဒုက္ခဝေဒနာ တစ်မျိုးတည်း မဟုတ်။ သုံးမျိုးဖြစ်ရမည်ဟု ချေပရှင်းလင်းပြန်၏။
အရိယာပုဂ္ဂိုလ်တို့သည် တေဘူမကခန္ဓပဉ္စကကို ဒုက္ခဟု ရှုတော်မူကြ၏။ ယင်းသို့ ရှုခြင်းသည် သင်္ခါရဒုက္ခဖြစ်၍ အဘိဏှသဘာဝအားဖြင့် ရှုမြင်ခြင်းသာ။ ထို့ကြောင့် ဒုက္ခဝေဒနာကိုပင် မုဒုကာ, အမိမတ္တာ, မဇ္ဈိမာဟူသော အခိုက်အတန့်သုံးမျိုးဖြင့် ဝေဒနာသုံးမျိုးဟု ခွဲပြခြင်း မဟုတ်။ သဘာဝအားဖြင့် သုံးမျိုးရှိခြင်းကြောင့် သုံးမျိုးဟု ဟောတော်မူခြင်းဖြစ်သည်ဟု ချေပရှင်းပြပြန်၏။
ဝေဒနာမှန်သမျှ သဗ္ဗေ သင်္ခါရာ ဒုက္ခာ ဟူသော ဒေသနာအရ သုခ, အဒုက္ခမသုခဟု မရှိနိုင်၊ ဒုက္ခတစ်မျိုးတည်းသာ ရှိရမည်ဆိုလျှင် ‘တိဿော ဣမာ ဘိက္ခဝေ ဒုက္ခတာယောယော ဒုက္ခဒုက္ခ ဝိပရိဏာမဒုက္ခတာ သင်္ခါရဒုက္ခတာ-ဟု ဒုက္ခသုံးမျိုးခွဲခြားဝေဖန်သည့် ဒေသနာ အချည်းနှီး ဖြစ်သွားရာ၏။ ထိုဒေသနာကို ပယ်ရာလည်း ရောက်ရာ၏။
ဒုက္ခဝေဒနာ တစ်မျိုးတည်းကိုပင် မုဒုကာ အဓိမတ္တာ မဇ္ဈိမတာဖြင့် ခွဲခြား၍ သုခဒုက္ခ အဒုက္ခမသုခ-ဟု ဝေဒနာသုံးမျိုးဖြစ်အောင် ကြံဖန်တီထွင်ခြင်းသာ ဖြစ်လျှင် သမာပတ်ရှစ်ပါးတို့တွင် ပ, ဒု, တ, ဟူသော ရူပဈာန်သုံးပါးက သုခဝေဒနာနှင့် ယှဉ်ခြင်းကြောင့် ပဏီတတရသန္တတရစတုတ္ထဈာန်နှင့် အရူပဈာန်တို့က ဥပေက္ခာနှင့် ယှဉ်ခြင်းကြောင့် သန္တပဏီတမျှသာဟူသော အဓိပ္ပါယ် သက်ရောက်ရာ၏။ ပ ဒု တ ဈာန်တို့က အဆင့်မြင်၍ ရူပစတုတ္ထနှင့် အရူပဈာန်တို့က အဆင့်နိမ့်ခြင်းသည် သဘာဝမကျ၊ မဟုတ်နိုင်ဟု ချေပရှင်းပြပြန်၏။
အထက်ပါ စကားရပ်အားလုံးကို မှတ်ချက်ချလျှင်ခ ဝေဒနတ္တယဒေသနာသည် နိပ္ပရိယာယ (မုချ) ဒေသနာ။ ဝေဒနာဟူသည် ဧက ဒွယဟူသောဒေသနာသည် ပရိယာယဒေသနာမျှသာ ဟူလိုသည်။
ထို့ပြင် ဒုက္ခေ သုခန္တိ သညာဝိပလ္လာသော-ဟူသော ပါဠိတော်ကို ကိုး၍ ဒုက္ခကိုပင်သုခဟု အထင်အမြင်လွဲခြင်းသာ၊ သုခဝေဒနာမရှိဟု ယူဆကာ ဒီဒေသနာကို ဘယ်လိုယူဆမလဲ၊ ဘယ်လိုပြောချင်သလဲဟု ဝိဘဏ္ဍီက မေးခွန်းထုတ်ပြန်၏။
ဝိပရိဏာမဒုက္ခနှင့် သင်္ခါရဒုက္ခကို အတိအကျ အမှန်အတိုင်း မသိသည့်အတွက် တကယ့်သုခအစစ်ဟု မှတ်ထင်ခြင်း၊ ဒုက္ခကိုပင် သုခဟု အထင်လွဲခြင်းကို ရည်၍ ဟောတော်မူခြင်း ဖြစ်သည်။ ဒုက္ခဝေဒနာ တစ်မျိုးတည်းသာ ရှိပါလျက် ၎င်းဒုက္ခကို သုခဟု အထင်လွဲခြင်း မဟုတ်ဟု အဋ္ဌကထာဆရာ ရှင်းပြ၏။
ထို့ပြင် ‘သုခါ ဘိက္ခဝေ ဝေဒနာ ဒုက္ခတော ဒဋ္ဌဗ္ဗာ’ ဟူသော ပါဠိကိုထုတ်ပြ၍ ဤပါဠိ၏ ဆိုလိုရင်းက ဘယ်လိုလဲဟု အမေး ထုတ်ပြန်၏။ သုခဝေဒနာကို ဒုက္ခဟုသာ မှတ်ရမည်ဟု ဟောတော်မူခြင်းသည် စင်စစ် သုခဝေဒနာဆိုတာ မရှိ၊ ထို့ကြောင့် ဒုက္ခဟု မှတ်ရမည်ဟု ဟောတော်မူသည်ဟု ဝိတဏ္ဍီက ယူဆသည်။ ထိုကို ဋ္ဌ-ဆရာက သုခကို ဒုက္ခဟုရှုမှတ်ခြင်းက ရာဂပျက်ပြယ်ခြင်းအကြောင်း ဖြစ်သောကြောင့်လည်းကောင်း၊ သုခဝေဒနာ၏ နောက်သို့ ဒုက္ခတွေ တစ်သီတစ်တန်းကြီး လိုက်ပါသောကြောင့်လည်းကောင်း၊ ဝိပရိဏာမဒုက္ခကို ရှုစေရန် ဟောတော်မူခြင်း ဖြစ်သည်။ သုခဝေဒနာဟူ၍ မရှိ၊ ဒုက္ခတစ်မျိုးတည်းသာ ရှိသည်ဟု အဓိပ္ပါယ်ဖြင့် ဟောတော်မူခြင်း မဟုတ်ဟု ရှင်းပြချေပ၏။
ထို့ပြင် သုခဝေဒနာ၏ ဟေတု တစ်ထစ်ချ သတ်မှတ်ချက် မရှိသောကြောင့် သုခ ဝေဒနာဆိုတာ လုံးဝမရှိဟု ဝိတဏ္ဍီက ဆိုပြန်၏။ ထို့သို့ ဆိုရုံမက သုခ၏ ဟေတုမမြဲပုံကို အောက်ပါအတိုင်း ပြဆိုပြန်သည်။
ဆာလောင်မွတ်သိပ်မှုကို ဖြေဖျောက်ခြင်းစသည်သည် သုခ၏ ဟေတုဟု သတ်မှတ်ကြသည်။ ယင်းသို့ သတ်မှတ်သော်လည်း ဆာလောင်မှုကို ဖြေဖျောက်သည့်အနေဖြင့် လွန်လွန်ကဲကဲ အစားအစာကို မှီဝဲသော်လည်းကောင်း၊ အချိန်မဟုတ် မှီဝဲသော်လည်းကောင်း ထိုဖြေဖျောက်မှုသည် သုခဟေတုမဖြစ်တော့ပဲ ဒုက္ခဟေတု အဖြစ်သို့ပြောင်းလွဲသွား၏။ ဆာလောင်မှု ဖြေဖျောက်ခြင်း တစ်ခုတည်းက သူသည်ပင် သုခဟေတု သူသည်ပင် ဒုက္ခဟေတုဟု ယူဆလျှင် ယုတ္တိမရှိ၊ ထို့ကြောင့် ထိုဖြေဖျောက်မှုသည် သုခဟေတု ဘယ်နည်းနှင့်မျှ မဟုတ်တော့ပေ။
ဆက်လက်၍ နောက်တစ်မျိုး ဝိဝဏ္ဍဝါဒီက ပြောပြန်သည်။ ရပ်နေရတာ ကြာလို့ ညောင်းညာမှုဒုက္ခ ဖြစ်လျှင် ထိုင်ခြင်းစသော ဣရိယာပုထ် တစ်မျိုး ပြောင်းပစ်သော်လည်းကောင်း၊ လေးလံသော ဝန်ထုပ်ဝန်ပိုးကြီးကို သယ်ဆောင်ရတာ ကြာ၍ ဒုက္ခရောက်လျှင် ထိုဝန်ထုပ်ကို မသယ်တော့ဘဲ ချပစ်ခြင်းဖြင့်သော်လည်းကောင်း၊ ဒုက္ခပျောက်၍ သုခဖြစ်သည်ဟု ထင်ကြသည်။ ထိုအထင်သည် သုခအကြောင်း မဟုတ်ဘဲ သုခ၏ အလင်းဟု နားမလည်သူတို့၏ အထင်မျှသာ။ ဒုက္ခပျောက်ရုံသာ ပျောက်၍သုခကား ဖြစ်မလာ၊ ထို့ကြောင့် သုခဝေဒနာဆိုတာ လုံးဝမရှိ-ဟူ၏။
ဋ္ဌ-ဆရာ၏ ရှင်းလင်းချေပချက်။ ။ အာရုံသည်သာ သုခဝေဒနာဖြစ်ခြင်းအကြောင်းဟု ရည်ရွယ်၍ ဝိဝဏ္ဍီက သုခဟေတုနိယာမ မရှိဟုဆို၏။ စင်စစ် သုခ ဟေတုသည် ဣဋ္ဌာရုံတစ်ခုတည်းသာ မဟုတ်၊ အတွင်းအစိတ်အပိုင်းဖြစ်သောကိုယ်ခန္ဓာ၏ အခါတစ်ပါးနှင့်မတူသော အခိုက်အတန့်အားဖြင့် ထူးခြားမှုဟူ၍ ရှိသည်။ ဥပမာ-အလွန် မြတ်နိုးလိုလားအပ်သော ပုဂ္ဂိုလ်က ကျေကျေနပ်နပ် အတွေ့ခံ၍ တွေ့မြင်ရသောအခါ ၎င်းပုဂ္ဂိုလ်ထံမှ ကိုယ်ကြားချင်သော အဖြေကို ကြားရသောအခါ ကိုယ် ကိုင်တွယ်တွေ့ထိချင်သော ကိုယ်အင်္ဂါကို တွေ့ထိခွင့်ပြု၍ တွေ့ထိသောအခါတို့၌ အခိုက်အတန့်အားဖြင့် ထူးခြားမှု ထူးခြားချက်ကို ဉာန်ဖြင့် သုံးသပ်လျှင် သိနိုင်ပေသည်။ ထိုထူးခြားမှုသည် သူချည်းသက်သက် မဖြစ်။ ဣဋ္ဌဖြစ်သော ရူပ သဒ္ဒဖောဋ္ဌဗ္ဗတို့နှင့် တွဲဖက်၍ တစ်ပြိုင်နက်ဖြစ်သော အဝတ္ထာဝိသေသတည်း။ ထို့ကြောင့် သုခဟေတုသည် ဣဋ္ဌာရုံနှင့် အဇ္ဈတ္တိကသရီရ၏ အဝတ္ထာဝိသေသ နှစ်မျိုးဖြစ်သည်ဟု သတ်မှတ်ချက်ရှိ သည်သာ။ ဝိတဏ္ဍီပြောသကဲ့သို့ နိယမာဘာဝမဟုတ်ဟု ဋ္ဌ-ဆရာ ရှင်းပြချေပ၏။ ထို့ကြောင့် ဝေဒနာသည် ဒုက္ခတစ်မျိုးသာ ရှိသည်မဟုတ်၊ သုခဝေဒနာလည်း ရှိသည်-ဟူလို။
ဋ္ဌ-ဆရာ၏ ရှင်းလင်းချက်နောက်ဆက်တွဲ။ ။ ဒုက္ခကင်းကာမျှ၌ သုခဟု ထင်မှတ်ခြင်း မဟုတ်၊ သုခအစစ်၌ သုခဟု အမှန်အတိုင်း ထင်မြင်ယူဆခြင်းလည်းရှိသည်။ ထို့ကြောင့် တစ်ခါတစ်ရံ ဒုက္ခကင်းခြင်းကြောင့် သုခဟူသော ဝေဒနာအထူးကို ရအပ်ရနိုင်၏။ ထိုကို နမူနာဖြင့် ရှင်းပြဥုးအံ့။ မိုင်ပေါင်းမြောက်များစွာ သွားရ၍ ပင်ပန်းနွမ်းနွယ်နေသော ခရီးသည်အား နင်းနှိပ်ဆုတ်နယ်ပေးသောအခါ ထိုသူ့၌ သုခတကယ်ဖြစ်၏။ ဒုက္ခကင်းရုံမျှဖြင့် ချမ်းသာသုခ မဖြစ်ပါ။ ဒုက္ခကင်းရုံမျှဖြင့် ချမ်းသာအစစ်ဖြစ်သော သုခဝေဒနာအထူး ဘယ်နည်းနှင့်မျှ မဖြစ်ပေါ်လာနိုင်ပါ။ ဒုက္ခကင်းလျှင် ထိုဒုက္ခ၏အစား သုခဝေဒနာပေါ်လာသည်ဟုထင်လျှင် ထိုသူ၏ ထင်မြင်ချက်မျှသာ။ တကယ် မဟုတ်ပါ။
အထက်ပါ ခရီးပန်းသူအား နင်းနှိပ်ဆုပ်နယ်ပေးခြင်းကြောင့် ဖြစ်ပေါ်လာသော သုခသည် ဒုက္ခကင်းရုံမျှကြောင့် ဖြစ်ပေါ်လာသော သုခ မဟုတ်၊ တကယ်ဖြစ်လာသော သုခဖြစ်သည့်အတွက် သုခဝေဒနာဆိုတာ တကယ်ရှိ ပရမတ္ထအားဖြင့် အဟုတ်ရှိသော တရားဖြစ်သောကြောင့် “နတွေဝ သုခဝေဒနာ” ဟူသော ဝိတဏ္ဍီစကား အမှားသာ။
ဋ္ဌ-ဆရာ၏ ရှင်းလင်းချက် နောက်ဆက်တွဲ မပြီးသေး။ ။ ပုထုဇဉ်သတွာတို့သည် ကောင်းသည်ထက်ကောင်း, မွန်မြတ်သည်ထက် မွန်မြတ်သော အာရုံစည်းစိမ်တို့ကို လိုလားတောင့်တကြ၏။ သတွာတို့၏ တဏှာကြောင့် ထိုတောင့်တချက်သည် သာမန် ရရုံဖြင့် မကျေနပ်ကြ။ ယင်းသို့ တောင့်တခြင်းသည် တံလျှပ်ကို ရေထင်သော ရွှေသမင်ကဲ့သို့ ဒုက္ခကို သုခထင်၍ တောင့်တခြင်း မဟုတ်။ ဒုက္ခာပဂမမတ္တ-ဒုက္ခကင်းရုံမျှ၌ သုခထင်၍ တောင့်တခြင်းသည် မဟုတ်၊ တကယ့်သုခအစစ်ကို တွေ့ကြုံဖူးလို့ တောင့်တခြင်းသာ။
ယာနဒွါရနှင့် မွှေးကြိုင်သောအနံ့၊ ဇိဝှါဒွါရနှင့် ကောင်းမွန်သော အစားအစာကာယဒွါရနှင့် ချမ်းသာသော အတွေ့တို့ အသီးသီးထိခိုက် တွေ့ထိသောအခါ ဖြစ်ပေါ်လာသော ထူးခြားသောသုခကို မည့်သည့်ဆိုးဝါးသော ဒုက္ခကင်းခြင်းကြောင့် သုခသညာ ဖြစ်တာပါဟု ပြောမလဲ?
သောတဒွါရ၌ ဒိဗ္ဗဂီတနှင့်တူသော သာယာလှပသော တူရိယာအသံတို့ ပေါင်းဆုံထိခိုက်ခြင်းကြောင့် ဖြစ်ပေါ်လာသော ထူးခြားသော ချမ်းသာသုခကို မည်သည့်ဆိုးဝါးသော ဒုက္ခမှ ကင်းခြင်းကြောင့် ဖြစ်ပေါ်လာသော သုခသညာ ဖြစ်တာပါဟု ပြောမလဲ?
ဆိုးဝါးသော ဒုက္ခပျောက်သွားလို့ ထိုဒုက္ခကိုပင် သုခဟု မြင်ခြင်းလည်း မဟုတ်၊ ဒုက္ခာပဂမမတ္တ၊ ဒုက္ခကင်းရုံမျှကိုပင် သုခဟုထင်မြင်ခြင်းလည်း မဟုတ်ပါ။ “သုခေယေဝ သုခသညာ” ဟု အထက်က ပြခဲ့သည့်အတိုင်း သုခဖြစ်၍ သုခ၌ သုခဟု မှန်ကန်သော မှတ်ထင်ယူဆခြင်းသာ။ ထို့ကြောင့် တိဿော ဝေဒနာ-ဟူသော ဝေဒနတ္တယဒေသတာသည် နီတတ္ထဒေသနာသာ၊ နေယျတ္ထပရိယာယဒေသနာမဟုတ်-ဟု နိဿံသယမှတ်လေဟု အဋ္ဌကထာ-ဆရာ နိဂုမ်းချုပ်ရှင်းပြ ချေပတော်မူသည်။
ယောဂီတို့အတွက် နာမ်ကမ္မဋ္ဌာန်းသည်လည်း ဖဿ ဝေဒနာ စိတ္တ-ဟု သုံးမျိုး ရှိ၏။ ထိုတွင် စက္ခုစသော အဇ္ဈတ္တိကာယတနှင့် ရူပါရုံစသော ဗဟိဒ္ဓါယတနတို့ ပေါင်းဆုံထိခိုက်သောအခါ ဖဿထင်ရှားသောယောဂီအား ဖဿကမ္မဋ္ဌာန်း၊ ခံစားမှုထင်ရှားသော ယောဂီအား ဝေဒနာကမ္မဋ္ဌာန်း၊ အာရုံကို သိတဲ့ သဘော ထင်ရှားသော ယောဂီအား စိတ္တကမ္မဋ္ဌာန်းကို ပေးတော်မူ၏။ ဟောတော်မူ၏။
ဖဿထင်ရှား၍ ဖဿကို ရှုလျှင် ဖဿသာ ထင်သည် မဟုတ်၊ အာရုံကို ခံစားမှုဝေဒနာ၊ အာရုံကို မှတ်သားမှုသညာ၊ ကြောင့်ကြမှု စေတနာ၊ သိမှုဝိဉာဏ်တို့ ထင်ရှားတော့သည်သာ။ ယင်းသို့ ဖဿပဉ္စက ထင်ရှားသောယောဂီအား ဤငါးပါးသည် ဘယ်၌ မှီသလဲ စူးစမ်းသောအခါ ဝတ္ထု၌ မှီသည်။ ဝတ္ထုဟူသည် ကရဇကာယတည်း။ ကရဇကာယဟူသည် ဘူတရုပ်ဥပါဒါရုပ်ပင်တည်းဟု သိ၏။ (ရုပ်သည် ရူပက္ခန္ဓာ၊ ဖဿစသည်သည် နာမ်ခန္ဓာလေးပါး ပေါင်းခန္ဓာငါးပါးမျှ ခန္ဓပဉ္စကမတ္တပင် ဖြစ်၏။) (ဝတ္ထုသည် ရုပ်၊ ဖဿပဉ္စကသည် နာမ်၊) ရုပ်နာမ်မှတစ်ပါး ခန္ဓပဉ္စက ဟူ၍ ခန္ဓာပဉ္စကမှ အလွတ် ရုပ်နာမ်ဟူ၍မရှိ။ ထိုခန္ဓပဉ္စကသည် အကြောင်းမဲ့ ဖြစ်လာသည်မဟုတ်။ အဝိဇ္ဇာ-စသည်ကြောင့် ဖြစ်ပေါ်လာသည်။
ထိုကြောင့် အဝိဇ္ဇာစသော ပစ္စယနှင့် ခန္ဓပဉ္စကဟူသော အကျိုးပစ္စယုပ္ပန်မှ တစ်ပါးအခြား ပုဂ္ဂိုလ် သတွာ ယောကျ်ား မိန်းမငါကောင် သူကောင်ဟူ၍ မရှိ။ သက်သက်ရုပ်နာမ်ဓမ္မ သင်္ခါရတရားအစုမျှသာ ဖြစ်ချေ၏။ ထိုရုပ်နာမ် ဓမ္မပုဉ္ဇမျှကို အနိစ္စဒုက္ခ အနတ္တဟု ဆက်လက် သုံးသပ်သောအခါ ယောဂီ၌ နာမရူပပရိစ္ဆေဒဉာန် ပစ္စယပရိဂ္ဂယဉာန် သမ္မသနဉာန် အနုလောမတိုင်အောင်သော ဗလဝဝိပဿနာဉာန်ရဟန္တာအဖြစ်သို့ ရောက်ရှိတော့၏။ ထို့ကြောင့် ဝေဒနာ နာမ်ကမ္မဋ္ဌာန်း အားထုတ်မှ မဂ်ဖိုလ်ရမည့် ယောဂီအားရည်၍ ဤဝေဒနတ္တယဒေသနာကို ဘုရားရှင် ဟောတော်မူအပ်သတည်း။
လက္ခဏဉ္စ အဓိဋ္ဌာနံ၊ ဥပ္ပတ္တိ အနုသယော တထာ။ ဌာနံ ပဝတ္တိကာလော စ၊ ဣန္ဒြိယဉ္စ ဒွိဓာဒိတာ- ဟု မာတိကာခေါင်းစဉ်၈-မျိုးရှိ၏။ ထိုတွင် လက္ခဏာကို ဤသုတ်အစ၌ အဋ္ဌကထာဆရာပြခဲ့ပြီ။ ဒုတိယဖြစ်သော အဓိဋ္ဌာန ဟူသည် ပဒဋ္ဌာန်ပင်တည်း။ ထို့ကြောင့် ဝေဒနာ၏ အဓိဋ္ဌာန် ဝါ-ပဒဋ္ဌာန်သည် “ဖဿပစ္စယာ ဝေဒနာ” ဟူသည်နှင့် အညီဖဿပင်တည်း။ “ဝေဒနာပစ္စယာ တဏှာ”ဟူသည်နှင့်အညီ ဝေဒနာသည် တဏှာ၏ ပဒဋ္ဌာန်တည်း။ ဝေဒနာသုံးမျိုးတို့တွင် သုခဝေဒနာခံစားရသူ၏ နောက်ထပ်သုခကို ခံစားလိုသော တဏှာဖြစ်ခြင်းသည် သဘာဝကျ၏။ ဒုက္ခဝေဒနာ ခံစားရသူတစ်ယောက်အဖို့ နောက်ထပ်ဒုက္ခရောက်ဖို့ ဒုက္ခဝေဒနာခံစားချင်သော တောင့်တမှု တဏှာဘယ်နည်းနှင့်မျှ မဖြစ်တန်ရာ။ ထို့ကြောင့် ဒုက္ခဝေဒနာခံစာချင်သော တောင့်တမှု တဏှာဘယ်နည်းနဲ့မျှ မဖြစ်တန်ရာ။ ထို့ကြောင့် ဒုက္ခဝေဒနာကြောင့် တဏှာ ဘယ်ပုံဖြစ်သနည်းဟု မေးဖွယ်ရှိ၏။ ဤမေးခွန်းမျိုး မေးနိုင်သည်ဟု ကြိုတင် သိနေသော အဋ္ဌကထာဆရာက “သုခဝေဒနာ တာဝ တဏှာယ ပဒဋ္ဌာနံ ဟောတု။ ဣတရာ ပန ကထန္တိ” ဟု အမေး ထုတ်၍ ဝုစ္စတေ သုခသမင်္ဂီပိ တာဝ တံသဒိသံ တတော ဝါ ဥတ္တရိတရံ သုခံ အဘိပတ္ထေတိ၊ ကိမင်္ဂံ ပန ဒုက္ခသမင်္ဂီဘူတော၊ အဒုက္ခမသုခါ စ သန္တဘာဝေန သုခမိစ္စေဝ ဝုစ္စတီတိ တိဿောပိ ဝေဒနာ တဏှာယ ပဒဋ္ဌာနံ-ဟု ဖွင့်ဆိုတော်မူ၏။
သုခဝေဒနာခံစားရသော သုခသမင်္ဂီပုဂ္ဂိုလ်သည် လက်ရှိခံစားဆဲသုခနှင့် အလားတူ သုခကိုဖြစ်စေ၊ လက်ရှိထက် သာလွန်သော သုခကိုဖြစ်စေ တောင့်တခဲ့လျှင် ဒုက္ခရောက်နေသော ဒုက္ခသမင်္ဂီပုဂ္ဂိုလ်သည် အဘယ်ကြောင့် သုခကို မတောင့်တဘဲရှိပါအံ့နည်း။ တောင့်တမည်သော။ တောင့်တလျှင် ဒုက္ခဝေဒနာသည်လည်း တဏှာ၏ ပဒဋ္ဌာန်ဖြစ်ကြောင်း သံသယဖြစ်စရာ မလို။ ငြိမ်သက်သော သဘောရှိသောကြောင့် အဒုက္ခမသုခဝေဒနာသည်လည်း သုခဝေဒနာ တစ်မျိုးပင် ဖြစ်၏။ ထို့ကြောင့် အဒုက္ခမ သုခ ဝေဒနာသည်လည်း တဏှာ၏ ပဒဋ္ဌာန်ပင် ဖြစ်၏။ ထို့ကြောင့် ဝေဒနာသုံးပါးလုံးသည် တဏှာ၏ ပဒဋ္ဌာန် ဖြစ်၏ ဟု ဖြေဆိုတော်မူ၏။
တတိယဥပ္ပတ္တိဟူသည် ဥပတ္တိကာရဏကို ဆိုလိုသည်။ သုခ၏ ဥပ္ပတ္တိကာရဏကား ဣဋ္ဌဖြစ်သော သတွာနှင့် သက်မဲ့သင်္ခါရ၊ ဒုက္ခ၏ ဥပ္ပတ္တိကာရဏကား အနိဋ္ဌဖြစ်သော သတွာနှင့်သက်မဲ့သင်္ခါရ၊ အဒုက္ခမသုခ၏ ဥပ္ပတ္တိကာရဏကား မဇ္ဈတ္တဖြစ်သော သတွာနှင့် သက်မဲ့သင်္ခါရဟု အသီးသီး သိလေ။
စတုတ္ထအနုသယ။ ။ သုခဝေဒနာ၌ ဘဝရာဂါနုသယ၊ ဒုက္ခဝေဒနာနှင့် ပဋိယာနုသယ၊ အဒုက္ခမသုခဝေဒနာနှင့် အဝိဇ္ဇာနုသယ အသီးသီး ကိန်း၏။ ဒိဋ္ဌာနုသယနှင့် မာနာနုသယကို ရာဂထဲ သွင်း၊ ဝိစိကိစ္ဆာနုသယကို အဝိဇ္ဇာနုသယ၌ သွင်းလျှင် ဝေဒနာသုံးပါးနှင့် အနုသယ (၇)ပါး တွဲပြီး ဖြစ်၏။
သုခဝေဒနာ၌ ရာဂါနုသယကိန်း၏ဟူသည် မဂ်ဖြင့်မပယ်သတ်ရသေး၏ အကြောင်းညီညွတ်လျှင် လျော်သော အကြောင်းရသော် ဖြစ်ထိုက်သောရာမ မကိန်းသော်လည်း ကိန်းသကဲ့သို့ ဖြစ်ခြင်းကိုပင် သုခဝေဒနာ၌ ရာဂါနုသယ ကိန်းသည်ဟု သုံးနှုန်းခြင်းဖြစ်သည်။ ယင်းသို့ ဆိုလျှင် အနုသယဆိုသော ဘာလဲဟု မေးစရာရှိ၏။ “အနုသယာနဉ္စတတ္ထ တတ္ထ သန္တာနေ အပ္ပဟီနဘာဝေန ထာမဂမနံ” ဟူသော အဋ္ဌကထာနှင့်အညီ ထိုထိုဝေဒနာသုံးပါးအစဉ်၌ မဂ်ဖြင့် မပယ်ရသေး၍ ဖြစ်ပေါ်လာနိုင်သော အစွမ်းသတ္တိ ဝါ-စွမ်းအင်ပင် ဝါ-စွမ်းအင်ကို အနုသယဟု ဆိုအပ်၏။ ဥပမာ-ထမင်းစားနေသော လူတစ်ယောက်ကို ခင်ဗျား ဆေးလိပ်သောက်သလားမေးလျှင် သောက်နေကျပုဂ္ဂိုလ်က ဟုတ်ကဲ့ သောက်တယ်ဟု ဖြေပေလိမ့်မည်။ သို့သော် ထိုအချိန်၌ ဆေးလိပ်မသောက်ပါ။ ထမင်းစားနေခြင်းသာ ဖြစ်သည်။ ဆေးလိပ်သောက်နေသူတစ်ယောက်ကို ခင်ဗျားအမဲသား စားသလားဟု မေးလျှင် စားမေကျ အမဲသားမဖြတ်သေးသူ တစ်ယောက်က ဟုတ်ကဲ့ ကျွန်တော်အမဲသားစားပါတယ်ဟု ဖြေပေလိမ့်မည့်။ ထိုသို့ ဖြေသော်လည်း အမဲသား စားနေခြင်း မဟုတ်ပါ။ ဆေးလိပ် သောက်နေခြင်းသာ။ ဘာကြောင့် ဤသို့ ဖြေရသနည်းဆိုသော် ဆေးလိပ်မပြတ်၍ ခံတွင်းချဉ်လျှင် သောက်ချင်လျှင် သောက်မှာမို့လို့ အမဲသားမပြတ်၍ စားလျှင်လျှင် အကြောင်းညီညွတ်လျှင် စားမှာမို့ ဆေးလိပ်သောက်တယ်၊ အမဲသားစားတယ် ဖြေဆိုခြင်း ဖြစ်သည်။ ထို့ပြင် ပါဏာတိ ပါတကံ အဒိန္နာဒါနကံ လွန်ကြူးသောသူ၌ အပြစ်ရှိသည်ဟုဆိုလျှင် ဘယ်ပုံရှိသလဲ၊ မောင်ဖြူဟာ အရည်အချင်း ရှိသည်ဟုဆိုလျှင်မောင်ဖြူ၌ အရည်အချင်း ဘယ်ပုံရှိနေတာလဲစသည်ဖြင့် မေး၍ ဖြေကြည့်လျှင် အနုသယဆိုတာ ဘယ်လို ရှိနေတယ်ဆိုတာ ပေါ်လာပါလိမ့်မည်။ တတ္ထ၊ ထိုပဌမဝေသုတ်၌။ သမာဟိတော သမ္ပဇာနော (လ) နိစ္ဆာသော ပရိနိဗ္ဗုတော'တိ၊ ပရိနိဗ္ဗုတော'ဟူသော။ ဧတံ၊ ဤဂါထာအနက်အဓိပ္ပာယ်ကို။ ဣတိ၊ ဤသို့။ ဝုစ္စတိ၊ ဆိိုအပ်၏။

သမာဟိတော၊ (ဥပစာရသမာဓိ အပ္ပနာသမာဓိဖြင့်) ကောင်းစွာ တည်ကြည်သော။
သမ္ပဇာည၊ သမ္ပဇည လေးပါးဖြင့် ကောင်းစွာ အပြားအားဖြင့် သိတော်မူသော။**ရာဂါနုသယကိန်းပုံ**။ ။ သုခါယ ဝေဒနာယ၊ ၌။ ရာဂါ နုသယော၊ သည်။ အနုသေတိ။ ကိန်း၏။ ဟု မြန်မာပြန်ကြ၏။ အမိဝမ်း၌ သန္ဓေသား ကိန်းသကဲ့သို့ ကိန်းတာလား ကိန်းဆိုတာ အသုံးအနှုန်းသည် စင်စစ်မုချအားဖြင့် တကယ်ကိန်းလို့ ‘ကိန်း’ ဟု မြန်မာပြန်ကြတာလား- ဤအမေးကို ‘သုခါယ ဝေဒနာယ ရာဂါနုသယော အနုသေတီတိ မဂ္ဂေန အပ္ပဟီနတ္တာ အနုရူပကာရဏလာဘေ ဥပ္ပဇ္ဇနာရဟော ရာဂေါ တတ္ထ သယိတောဝိယ ဟောတီတိ အတ္ထော၊ သန္ဓေသားကိန်းသကဲ့သို့ တကယ်မုချ ကိန်းခြင်းမဟုတ်၊ ကိန်းသကဲ့သို့ ဖြစ်ခြင်းကိုပင် ‘ကိန်း’ သည်ဟု သဒိသူပစာဖြင့် တင်စားသုံးနှုန်းခြင်းသာ-ဟု အဋ္ဌကထာ ဆရာ သယိတော ဝိယဟု ဝိယသဒ္ဒါဖြင့် ရှင်းရှင်း ဖွင့်ပြတော်မူသည်။
သမာဟိတော- ဖြင့် သမထဘာဝနာအားထုတ်ခြင်းကို ပြသည်။ သမ္ပဇာနော- ဖြင့် ဝိပဿနာဘာဝနာအားထုတ်ခြင်းကို ပြသည်။ သတော-ဖြင့် သမထရော ဝိပဿနာပါနှစ်မျိုးလုံး ပြည့်စုံသည်ကို ပြ၏။ ဝေဒနာ ပရိဇာနာတိ-အရ ပိုင်းခြားသိဟူသည် ဝိပဿနာဉာန်ဖြင့်သိပုံ မဂ်ဉာန်ဖြင့်သိပုံဟု နှစ်မျိုးရှိ၏။ ထိုတွင် ဤတရားတို့သည် အနုဘဝနိယလက္ခဏာရှိသော ဝေဒနာတွေပါတကားဟု သဘာဝအားဖြင့်လည်း ပိုင်းခြားသိ၏။ ဝေဒနာသည် တစ်မျိုးတည်း မဟုတ်၊ သုံးမျိုးတောင်ပါကလားဟု ဝိဘာဂအားဖြင့်လည်း ပိုင်းခြားသိ၏။ ဝေဒနာတို့သည် အနိစ္စ ဒုက္ခ ဝိပရိဏာမတရား တို့ပါ တကားဟု လက္ခဏာရေးသုံးပါးအားဖြင့်လည်း သိ၏။ ဤသို့ မဂ်မရမီရှေ့အဖို့၌ ပရိညာ သုံးပါးဖြင့် သိ၍ ဆက်လက် ဝိပဿနာပွားသောအခါ မဂ်ဖြင့် ထိုးထွင်းကာ ပဋိဝေဓ အနေအားဖြင့်လည်း ပိုင်းခြား၍ သိသဖြင့် တဏှာ မျိုးပြုတ်ပြီးလျှင် သင်္ခါရဇာတ်သိမ်း အငြိမ်းကြီး ငြိမ်းလေတော့၏ဟူလို။ သတော၊ အမှတ်သတိပြုလေ့ရှိသော။ (သတောကာရီ၊ ဋ္ဌ။) ဗုဒ္ဓဿသာဝကော၊ ဗုဒ္ဓ၏ သာဝကသည်။ ဝေဒနာ၊ တို့ကို။ ပဇာနာတိ၊ ပိုင်းခြား၍ သိ၏။ ဝေဒနာနံ၊ တို့၏။ သမ္ဘဝံ စ၊ ဖြစ်ကြောင်းသမုဒယသစ္စာကိုလည်းကောင်း။

ယတ္ထ၊ အကြင်နိဗ္ဗာန်၌။
ဧတာ၊ ဤဝေဒနာတို့သည်။
နိရုဇ္ဈန္တိ၊ ချုပ်ကုန်၏။
တံ စ၊ ထိုနိရောဓသစ္စာကိုလည်းကောင်း။
ခယဂါမိနံ၊ ဝေဒနာတို့၏ ကုန်ကြောင်းဖြစ်သော။
မဂ္ဂဉ္စ၊ မဂ္ဂသစ္စာကို လည်းကောင်း။
ပဇာနာတိ၊ ပိုင်းခြား၍သိ၏။
ဝေဒနာနံ၊ တို့၏။
ခယာ၊ နောက်ထပ် မဖြစ်တော့သောအားဖြင့် ကုန်ခြင်းချုပ်ခြင်းကြောင့်။
ဘိက္ခု၊ သည်။
နိစ္ဆာတော၊ ဆာလောင်မွတ်သွပ်ခြင်းတဏှာ မရှိသည်ဖြစ်၍။
ပရိ-နိဗ္ဗုတော၊ ကိလေသာ ခန္ဓာ နှစ်ဖြာလုံး ငြိမ်းအေးလေတော့၏။
အယမ္ပိ အတ္ထော ဝုတ္တော၊ စသည် ပေးမြဲ။
တတိယံ။