ဝုတ္တံဟေတံ ဘဂဝတာ ဝုတ္တမရဟတာတိ မေ သုတံ- ပေးမြဲ။
ဘိက္ခဝေ၊ တို့။ ဓာတုသော၊ အဇ္စျာသယဓာတ်အားဖြင့်။ သတ္တာ၊ သတ္တဝါတို့သည်။ သတ္တေဟိ၊ တိုနှင့်။ သန္ဒီံ၊ အတူတကွ။ သံသန္ဒန္တိ၊ နှီးနှောကြ ကုန်၏။ သမေန္တိ၊ ပေါင်းဆုံကြကုန်၏။
ဟီနာဓိမုတ္တိကေဟိ၊ ယုတ်ညံ့သော နှလုံးသွင်းရှိကုန်၏။
သတ္တာ၊ တို့သည်။
ဟီနာဓိမုတ္တိကေဟိ၊ ယုတ်ညံ့သောနှလုံးသွင်းရှိကုန်သော။
သတ္တေဟိ၊ တို့နှင့်။
သဒ္ဓိံ၊ တကွ။
သံသန္ဒန္တိ၊ နှီးနှောကြကုန်၏။
သမေန္တိ၊ ပေါင်းဆုံကြကုန်၏။
ကလျာဏာဓိမုတ္တိကာ၊ ကောင်းသောနှလုံးသွင်းရှိကုန်သော။**ကာလံ ကင်္ခတိ ဘာဝိတတ္တော** ။ ။ ကာယကိုလည်း ပွားများအပ်ပြီးသီလကိုလည်း ပွားများအပ်ပြီး စိတ်ကိုလည်း ပွားများအပ်ပြီး ပညာကိုလည်းပွားများအပ်ပြီးဖြစ်၍ ဘာဝိတော + အတ္တာ၊ ယေနာတိ ဘာဝိတတ္တော-ဟူသော ဝစနတ္ထအရ ရဟန္တာသည် ဘာဝိတတ္တ ဖြစ်တော်မူ၏။
နာဘိနန္ဒာမိ မရဏံ၊ နာဘိန္ဒာမိ ဇီဝိတံ။
ကာလဉ္စ ပဋိကင်္ခါမိ၊ နာဗ္ဗိသံ ဘတကော ယထာ -
ဟူသည်နှင့်အညီိ သေခြင်း ကိုလည်း မနှစ်သက်မတွယ်တာ၊ အသက်ရှည်ခြင်းကိုလည်း မသာယာ မနှစ်သက် ၊ အလုပ်သမားအမှုထမ်းယောက်ျားသည် အလုပ်ပြီးမှုကို မလိုလား အလုပ်ပြီးဖို့ထက် အလုပ်ချိန်စေ့ဖို့ အလုပ်ချိန်ကုန်ဖို့သာ မျှော်လင့်သကဲ့သို့ ရဟန္တာသည်လည်း ပရိနိဗ္ဗာန်စံရမည့် အချိန်အခါကိုသာ ငံံ့လင့်၍နေတော်မူ၏ ဟူသောဂါထာနှင့် ကာလံ ကင်္ခတိ ဘာဝိတတ္တော- တူ၏။ (ထေရဂါထာ ဋ္ဌ-ဒု နှာ- ၂၁၇-ရှုလေ)
သတွာ၊ တို့သည်။ ကလျာဏာဓိမုတ္တိကေဟိ၊ ကုန်သော။ သတ္တေဟိ၊ တို့နှင့်။ သဒ္ဓိံ၊ တကွ။ သံသန္ဒန္တိ၊ နှီးနှောကြကုန်၏။ သမေန္တိ၊ ပေါင်းဆုံကြကုန်၏။ (အဋ္ဌကထာ၌ တာယ ဧဝ သမာနဇ္စျာသယတာယ ဧကစိတ္တာ ဟုတွာ သမာ-ဂစ္ဆန္တိ အညမညံ ဘဇန္တိဥပသင်္ကမန္တိ-ဟူ၍လည်းကောင်း၊ အတ္တနော ရုစိဘာဝ- ခန္တိဒိဋ္ဌိယော ဝါ တတ္ထ တတ္ထ သမေ ကရောန္တာ ပဝတ္တန္တိ-ဟူ၍လည်းကောင်း သမေန္တိကို ဖွင့်၏။ နိဿယနက်ကား ကျဉ်း၏။ အဋ္ဌကထာလောက် မသိသာ။)
**သံသဂ္ဂါ**၊ မရိုးမသားအတူနေခြင်းစသည်ဖြင့် ရောနှောခြင်းကြောင့်။ ဝနထော၊ အနုသယကိလေသာသည်။ ဇာတော၊ ပရိယုဋ္ဌာန်အနေဖြင့် ဖြစ်ပေါ်လာ၏။
အသံသဂ္ဂေန ဆိဇ္ဇတိ-အရ မဂ်မရမီ ရှေ့အဖို့ ကာယတိဝေကစသော အခိုက်အတန့်ဝယ် တဒင်္ဂပဟာန် အားဖြင့် ကိလေသာ ပြတ်၏။ မဂ်ရသောအခါ လုံးဝ သံသဂ္ဂမဖြစ်တော့ဘဲ သမုစ္ဆေဒပဟာန်ဖြင့် ကိလေသာ ပြတ်တော့၏။
(တစ်နည်း- သံသဂ္ဂါ၊ သံသဂ္ဂငါးမျိုးတွင် တစ်စုံတစ်ရာအားဖြင့် ရောနှောခြင်းကြောင့်။ ဝနထော၊ သည်။ ဇာတော၊ ၏။ ဟူ၍သော်လည်း၊ ပေးလေ။) **အသံသဂ္ဂေန**၊ မရောနှောခြင်းကြောင့်။ ဝနထော၊ သည်။ **ဆိဇ္ဇတိ**၊ ပြတ်၏။
ပရိတ္တံ၊ သေးငယ် သော။ ဒါရုံ၊ အသားဖောင်းကို။ အာရုယှ၊ တက်စိီးမိ၍။ မဟဏ္ဏဝေ၊ သမုဒြာ၌။ သီဒေ- သီဒေယျ ယထာ၊ နစ်မြုပ်သကဲ့သို့တည်း။