တီဏိမာနိ ဘိက္ခဝေ (လ) အကုသလမူလာနီ'တိ၊ အကုသလမူလာနိ'ဟူသော။
ဧတံ၊ ဤမူလသုတ်ကို။
ဘဂဝတာ၊ သည်။
ဝုတ္တံ၊ အပ်ပြီ။
အရဟတာ၊ သည်။
ဝုတ္တိ'န္တိ၊ အပ်ပြီ'ဟူ၍။
မေ၊ အကျွန်ုပ်အာန္ဒာသည်။
သုတံ၊ နာခံမှတ်သားဆောင်ထားအပ်ပါပြီ။
ဘိက္ခဝေ၊ တို့။
**အကုသလ မူလာနိ**၊ အကုသိုလ်၏ အခြေအမြစ် ဖြစ််သော အကြောင်းတို့သည်။
ဣမာနိ တီဏိ၊ ဤသုံးပါးတို့သည်း
ကတမာနိ တီိဏိ၊ အဘယ်သုံးပါးတို့နည်း။
လောဘော၊ လောဘဟူသော။
အကုသလမူလံ၊ အကုသိုလ်၏ အခြေခံအမြစ်ဖြစ်သော အကြောင်းလည်းကောင်း။
ဒေါသော၊ ဒေါသဟူသော။
အကုသလမူလံ၊ အကုသိုလ်၏ အခြေအမြစ်ဖြစ်သော အကြောင်းလည်းကောင်း။
မောဟော၊ မောဟဟူသော။
အကုသလမူလံ၊ လည်း ကောင်းတည်း။
အကုသလမူလာနိ။ ။ အကုသလာနိ စ+တာနိ+မူလာနိ စာတိ-ဟု ကမ္မဓာရဲတစ်မျိုး။အကုသလာနံ+ ဟေတုပစ္စယပဘတဇနကသမုဋ္ဌာပကနိဗ္ဗတ္တကဋ္ဌေန မူလာနိ စာတိ-ဟု ဆဋ္ဌီတပ္ပုရိသ်တစ်မျိုး ၂-မျိုး ဋ္ဌ-၌ ဖွင့်၏။ ထိုတွင် တပ္ပရိသ်အလိအားဖြင့် 'အကုသလမူလာနီတိ အကုသလာနံ သုပ္ပတိဋ္ဌတဘာဝသာဓနာနိ၊ ကာရဏာနီတိ ဝုတ္တံ ဟောတိ' ဟူသည်နှင့် အညီ အကုသိုလ်တရားတို့၏ တည်တံ့ခိုင်မြဲခြင်း၏ အကြောင်းဖြစ်သောကြောင့် လောဘ ဒေါသ မောဟ-တို့သည် အကုသိုလ် သစ်ပင်ကြီး၏ရေသောက်မြစ်နှင့် တူသော အကြောင်းတရားများဖြစ်၍ 'အကုသလမူလ' တို့မည်၏ဟု ဆိုလိုသည်။
ဘိက္ခဝေ၊ တို့။
ဣမာနိ ခေါ တီဏိ၊ ဤသုံးပါးတို့သည်််။
အကုသလူမလာနိ၊ အကုသိုလ်၏ အခြေအမြစ်ဖြစ်သော အကြောင်းတို့တည်း။
ဧတမတ္တံ၊ ဤအနက်အဓိပ္ပာယ်ကို။
ဘဂဝါ၊ သည်။
အဝေါစ၊ ပြီ။
တတ္ထ၊ ထိုမူလသုတ်၌။
လေဘော ဒေါသော စမောဟော စ (လ) တစသာရံဝ သမ္ဖလ'န္တိ၊ သမ္ဖလံ'ဟူသော။
ဧတံ၊ ဤဂါထာကို။
ဣတိ၊ သို့။
ဝုစ္စတိ၊ ဆိုအပ်၏။
သမ္ဖလံ၊ မိခင်သဖွယ်ဖြစ်သော မိမိဝါးပင်ကြီးမှ မွေးထုတ်လိုက်သကဲ့သို့သော ဝါးသီးသည်။
တစသာရံ၊ အခွံလျှင်အနှစ်ရှိသော မိခင်သဖွယ်ဖြစ်သော ဝါးပင်ကြီးကို။
ဟန္တိ ဣတ၊ နှိပ်စက်သတ်ဖြတ်ဘိသကဲ့သို့။
အတ္တသမ္ဘူတာ၊ မိမိကမွေးထုတ်လိုက်သည့်အလား မိမိသန္တာန်၌ ဖြစ်ပွားကြကုန်သော။
လောဘော စ၊ လောဘသည်၎င်း။
ဒေါသော စ၊ သည်၎င်း။
မောဟော စ၊ သည်၎င်း။
ပါပစေတသံ၊ ယုတ်ညံံ့သော စိတ်ထားရှိသော။
ပုရိသံ၊ ပုဂ္ဂိုလ် သတွာကို။
**ဟိံသန္တိ**၊ နှိပ်စက်ညှင်းပန်းကြကုန်၏။
အယမ္ပိ အတ္ထော၊ စသည် ပေးမြဲ။
ပဌမံ။ဟိံသန္တိ။ ။ လောဘော စသော ကတ္တား ၃-ခု အပေါင်းကို ငဲ့သော စယာသိတ အနေအားဖြင့် 'ဟိန္တိ ဟိံသတိ'ဟု ဧကဝုစ်ဖြင့် မချဘဲ အစိတ်အစိတ်ကို ငဲ့သော အင်္ဂါသိတ အနေဖြင့် ဗဟုဝုစ်ဖြင့် ဟိံသန္တိ-ဟု ချသည်။ ထို့ကြောင့် ဤနည်းအတိုင်း "အယံ စ နာဂေါ အယံ စ ဒတ္တော တိဿဿ ဥပသမ္ပါပေက္ခာ'ဟု ဗဟုဝုစ်ဖြင့် ဒွန်ကမ္မဝါစာများ ရေးသားကြသည်ကို တွေ့ရှိလေသည်။
ရှားပင်သည် အတွင်း၌ အနှစ်ရှိသကဲ့သို့ ဝါးပင်သည်အတွင်း၌ အနှစ်မရှိဘဲဲ အပြင်၌သာ အနှစ်သောကြောင့် မိမိဟူသော ဝါးပင်မှ မွေးထုတ်ဘိသည့် အလား ဝါးပင်မှဖြစ်ပွားသော ဝါးသီးသည် မိခင်သဖွယ်ဖြစ်သော ဝါးပင်ကြီးကို သတ်ဘိသကဲ့သို့ အတွင်းသန္တာန်၌ သီလစသော အနှစ်သာရမရှိသော ယုတ်ညံ့သော စိတ်ထားရှိသော ပုဂ္ဂိုလ်ကို ၎င်းတို့သန္တာန်၌ဖြစ်သော လောဘစသော တရားများက နှိပ်စက်ညှင်းပန်းကြကုန်၏ ဟူလို။
ရှားပင်သည် အတွင်း၌ အနှစ်ရှိသကဲ့သို့ ဝါးပင်သည်အတွင်း၌ အနှစ်မရှိဘဲဲ အပြင်၌သာ အနှစ်သောကြောင့် မိမိဟူသော ဝါးပင်မှ မွေးထုတ်ဘိသည့် အလား ဝါးပင်မှဖြစ်ပွားသော ဝါးသီးသည် မိခင်သဖွယ်ဖြစ်သော ဝါးပင်ကြီးကို သတ်ဘိသကဲ့သို့ အတွင်းသန္တာန်၌ သီလစသော အနှစ်သာရမရှိသော ယုတ်ညံ့သော စိတ်ထားရှိသော ပုဂ္ဂိုလ်ကို ၎င်းတို့သန္တာန်၌ဖြစ်သော လောဘစသော တရားများက နှိပ်စက်ညှင်းပန်းကြကုန်၏ ဟူလို။