Issues
Select Version
နိဿယ
မြန်မာဘာသာ
Itivuttakapāḷi
Itivuttakapāḷi

1. Aggappasādasuttaṃ

Author: နိဿယ @ IAPT

ဝုတ္တံဟေတံ (လ) မေ သုတံ- ပေးမြဲ။

ဘိက္ခဝေ၊ တို့။ အဂ္ဂပ္ပသာဒါ၊ အမွန်မြတ်ဆုံး၌ ကြည်ညိုခြင်းတို့သည်။ ဝါ၊ အမြတ်ဆုံးကြည်ညိုခြင်းတို့သည်။ ဣမေ တယော၊ ဤသုံးမျိုးတို့တည်း။

ကတမေ တယော၊ အဘယ်သုံးမျိုးတို့နည်း။
ဘိက္ခဝေ၊ တို့။ ယာဝတာ၊ အကြင်မျှလောက်ကုန်သော။ အပဒါ သတွာ ဝါ၊ အခြေမရှိသော သတွာတို့သည်လည်းကောင်း။ ဒွိပဒါ သတ္တာ ဝါ၊ ခြေနှစ်ချောင်းရှိသော သတွာတို့သည်လည်းကောင်း။ စတုပ္ပဒါ သတ္တာဝါ ဝါ၊ ခြေလေးချောင်းရှိသော သတွာတို့သည်လည်းကောင်း။ ဗဟုပ္ပဒါ သတ္တာ ဝါ၊ ခြေများစွာရှိသော သတွာတို့သည်လည်းကောင်း။ ရူပိနော သတ္တာ ဝါ၊ ရုပ်ရှိသော ရူပီသတွာတို့သည်လည်ကောင်း။ သညီနော သတ္တာ ဝါ၊ သညာရှိသော သညီသတွာတို့သည် လည်းကောင်း။ အသညိနော သတ္တာ ဝါ၊ သညာမရှိသော အသညီသတွာတို့သည် လည်းကောင်း။ နေဝသညိနာသညိနော သတ္တာ ဝါ၊ သညာရှိသည်လည်းမဟုတ် မရှိသည်လည်း မဟုတ်သော သတွာတို့သသည်လည်းကောင်း။ အတ္ထိ၊ ရှိကုန်၏။ တေသံ၊ ထိုများပြားလှစွာသော သတွာအပေါင်းတို့တွင်။ အရဟံ၊ ပူဇော်အထူးကို ခံတော်မူထိုက်သော။ သမ္မာသမ္ဗုဒ္ဓေါ၊ သိရန်ရှိသမျှ မကျန်ရအောင် တိကျမှန်ကန်စွာကိုယ်တိုင်သိရှိတော်မူသော။ တထာဂတော၊ မြတ်စွာဘုရားကို။ **အဂ္ဂံ၊ အ‌ဂ္ဂေါ**= အမွန်မြတ်ဆုံး ချီးမွမ်းထိုက်ဆုံးဟူ၍။ **အက္ခာယတိ**၊ ပြောပြအပ်၏။**အဂ္ဂမက္ခာယတိ**၊ ဤသုတ်၌ပါရှိသော ဗုဒ္ဓ ဓမ္မ သံဃသုံးမျိုးတို့တွင် အဂ္ဂ-ဖြစ်ပုံကို သိသင့်၏။ အပဒ-သတွာ ဒွိပဒ-သတွာ ဒွိပဒသတွာစသည် အားဖြင့် သတွာ ၉-မျိုးရှိ၏။ ထိုတွင် အပဒ စတုပ္ပဒသတွာတို့သည် သေဋ္ဌအတန်းစား၌ မပါဝင်နိုင်။ ထို့ကြောင့်ဟီနသတွာများသာ ဖြစ်၏။ နတ်လူဟူသော ဒွိပဒသတွာသည် သေဋ္ဌ မြင့်မြတ်၏။ ထို သေဋ္ဌဒွိ-ပဒသတွာ တို့တွင် မြတ်စွာဘုရားသည် လောကဓာတ်ကြီး တစ်ခုလုံးကို မိမိအလိုတိုင်း ဖြစ်စေနိုင်သော တန်ခိုးသတ္တိရှိသောကြောင့် တစ်သောင်းသော လောကဓာတ်မျှကိုသာ အလိုတိုင်း ဖြစ်စေနိုင်သော မဟာဗြဟ္မာကြီးထက်သာ၏။ မဟာဗြဟ္မာသည် ဘုရား၏ ကပ္ပိယ၊ ဘုရား၏ ကျောင်းစောင့်အဆင့်မျှသာ ဖြစ်၏။ ထို့ကြောင့် ဘုရားရှင်သည် နတ်လူဟူသော ဒွိပဒ သေဋ္ဌသတွာတို့ထက် အဖက်ဖက်မှသာလွန်သောကြောင့် သေဋ္ဌတရ= အဂ္ဂ ဖြစ်တော်မူသည်။
ထို့အပြင် ဘုရားဆုပန်ခြင်း ပါရမီ ၁၀-ပါး ဖြည့်ဆည်းပူးခြင်းကို အစပြု၍ ဗောဓိ-သမ္ဘာရဂုဏ် အရဟတ္တမဂ်ရသည်နှင့် တစ်ပြိုင်နက် အလိုလို ပြည့်စုံသော သကလ-ဗုဒ္ဓဂုဏ်တို့ကြောင့် မည်သူတစ်ဥုးတစ်ယောက်နှင့်မျှ မတူသောကြောင့်လည်း အဂ္ဂ၊ သေဋ္ဌတရ ဖြစ်တောမူ၏။ ရင်ဝယ်သားသကဲ့သို့ သတွာတို့အပေါ် သနားဖြင်း မဟာကရုဏာ, အကျိုးစီးပွား လိုလာခြင်း မေတ္တာတည်းဟူသော ထူးခြားသော ဂုဏ်တို့ကြောင့် သဗ္ဗသတ္တုတ္တမ ဖြစ်တော်မူသည့်အတွက် အဂ္ဂ=သေဋ္ဌတရ ဖြစ်တော်မူ၏။ ပွင့်တော်မူပြီးသော ဘုရားအဆူဆူတို့သည် မည်သည့်သတွာနှင့်မျှ မတူသောကြောင့် အသမမည်ကုန်၏။ ထိုအသမ ဘုရားရှင်တို့နှင့်သာ ရူပကာယ ဓမ္မကာယအားဖြင့် တူသည့် အသမဂုဏ်ကြောင့် လည်း အဂ္ဂ= သေဋ္ဌတရ ဖြစ်တော်မူ၏။
ထို့အပြင် ခဲခဲယဉ်းယဉ်း ပွင့်ထွန်းပေါ်ပေါက်လာခြင်း အံ့ချီးစရာ လူသားတစ်ယောက်ဖြစ်ခြင်း များစွာသော သတွာတို့၏ စီးပွားချမ်းသာဆောင်ယူပေးခြင်း တစ်လောကလုံးမှာ တန်းတူရည်တူ နှစ်ဆူမရှိ အဒုတိယ အသဟာဂုဏ်တို့ကြောင့်လည်း အဂ္ဂ၊ သေဋ္ဌတရဖြစ်တော်မူ၏။
ဗုဒ္ဓသာ အဂ္ဂ၊ သေဋ္ဌတရ ဖြစ်သည် မဟုတ်၊ ဓမ္မနှင့်သံဃာလည်း အသဒိသဂုဏ်ဝိသိဋ္ဌဂုဏ် ဒုလ္လဘပါတုဘာဝ ဂုဏ် အစ္ဆရိယဘာဝဂုဏ် ဗဟုဇနတိ သုခါဝဟဂုဏ်အဒုတိယ အသဟာယဂုဏ်တို့ကြောင့် အဂ္ဂ=သေဋ္ဌတရ ဖြစ်ကုန်၏။
အဆိုပါ အဂ္ဂဖြစ်တော်မူသော ရတနတ္တယ၌ ကြည်ညိုခြင်းသဒ္ဓပါသာဒ သည်လည်း အဂ္ဂေသု+ပသာဒါ၊ အဂ္ဂပသာဒါနှင့်အညီ အဂ္ဂပသာဒါနှင့် အညီအဂပသာဒမည်၏။ ထိုအဂ္ဂရတနတ္တယနှင့်စပ်၍ ဖြစ်ပေါ်လာသော သဒ္ဓါပသာဒသည်လည်း အာရုံက အဂ္ဂဖြစ်၍ အာရမ္မဏိကပသာဒလည်း အဂ္ဂဖြစ်တော့သည်သာ။
ထို့ကြောင့် အဂ္ဂဘူတာ+ ပသာဒါ၊ အဂ္ဂပသာဒါနှင့်အညီ အဂ္ဂပသာဒမည်၏။ ဤနောက်ဝိကပ်အလို မဂ်ဖြင့် ပြီးသော အဝေစ္စသာဒသာ မုချအစစ် အဂ္ဂပသာဒဟုဆိုနိုင်သည်။ ဩကပ္ပနစသော အခြားသော ပသာဒတို့ကား အကျိုးဝိပါက်က အဂ္ဂဖြစ်၍ အကြောင်းပသာဒကို အဂ္ဂပသာဒဟု ဆိုရပေသည်။
ဘိက္ခဝေ၊ တို့။ ယေ၊ အကြင်သူတို့သည်။ ဗုဒ္ဓေ၊ ရှင်တော်မြတ်ဘုရား၌။ ပသန္နာ၊ ကြည်ညိုကြသည်မည်၏။
အဂ္ဂေ၊ အမွန်မြတ်ဆုံး၌။ ပသန္နာနံ ခေါ၊ ကြည်ညိုသောသူတို့၏။ **အဂ္ဂေါ**၊ အကောင်းမွန်ဆုံးဖြစ်သော။ **ဝိပါကော**၊ အကျိုးသည်။ **ဟောတိ**၊ ဖြစ်၏။
ဘိက္ခဝေ၊ တို့။ ယာဝတာ၊ ကုန်သော။ သင်္ခတာ၊ အကြောင်းတရားတို့သည် စုပေါင်းပြုပြင် စီရင်အပ်ကုန်သော။ ဓမ္မာ ဝါ၊ သဘောတရားတို့သည် လည်းကောင်း။ အသင်္ခတာ၊ အကြောင်းတရားတို့သည် စုပေါင်း၍မပြုမစီရင်အပ်ကုန်သော။ ဓမ္မာ ဝါ၊ သဘောတရားတို့သည် လည်းကောင်း။ အတ္ထိ၊ ရှိကုန်၏။ မဒနိမ္မဒနော၊ မာနမဒ ပုရိသမဒတို့ကို နှိမ်နှင်းရာဖြစ်‌ေသာ။ ပိပါသ-ဝိနယော၊ ကိလေသာ ဆာလောင်မွတ်သိပ်မှုကို ပယ်ရှားရာဖြစ်သော။ အာလယသမုဂ္ဃာတော၊ ကပ်ငြိတွယ်တာမှုကို ပယ်‌ဖျောက်ရာဖြစ်သော။ ဝဋ္ဋုပစ္ဆေဒေါ၊ ဝဋ်သုံးမျိုး ကိုဖြတ်တောက်ရာဖြစ်သော။ တဏှာက္ခယော၊ တဏှာကုန်ခန်းရာဖြစ်သော။ ဝိရာဂါ၊ ရာဂကင်းရာ ရာဂကင်းရာ ရာဂပျက်ပြယ်ရာဖြစ်သော။ နိရောဓော၊ ဒုက္ခအားလုံးချုပ်စပ်တတ်သော ဝါနမရှိရာဖြစ်သော။ ယဒိဒံ၊ ယောအယံဝိရာဂေါ၊ အကြင်ဝိရာဂမည်သော အသင်္ခတသဘောတရားသည်။ အတ္တိ၊ ရှိ၏။ သော ဝိရာ‌ဂေါ၊ ထိုဝိရာဂအသင်္ခတသဘောတရားသည်။ အတ္ထိ၊ ရှိ၏။ သော ဝိရာဂေါ၊ ထိုဝိရာဂအသင်္ခတသဘောတရားကို။ တေသံ၊ ထိုသင်္ခတအသင်္ခတတရားအားလုံးတို့ထက်။ အဂ္ဂံ၊ အ‌ဂ္ဂေါ= အမွန်မြတ်ဆုံး အကောင်းမွန်ဆုံးဟူ၍။ အက္ခာဘတိ၊ ပြောပြအပ်၏။‌အဂ္ဂေါ ဝိပါကော ဟောတိ။ ။ ရတနတ္တယဟူသော အဂ္ဂ၊ ထိုအဂ္ဂတို့၌ကြည်ညိုသောပသာဒကို အဂ္ဂပသာဒ-ဟုသိပြီးနောက် အဂ္ဂဝိပါက-ကိုလည်း သိသင့်၏။ ရတနတ္တယအဂ္ဂ၌ ကြည်ညိုခြင်းကြောင့် အပါယ်ဘေးကို တားဆီပေးခြင်းနှင့်တကွ သူတစ်ပါးထက် အသက်ရှည်ခြင်း အဆင်းလှခြင်း ချမ်းသာခြင်း အခြွေအရံပေါခြင်း ဩဇာအာဏာထက်မြက်ခြင်း ကောင်းမြတ်သောဣဋ္ဌ ကန္တမနာပဖြစ်သော ရူပ သဒ္ဒ ဂန္ဓ ရသ ဖောဋ္ဌဗ္ဗအာရုံတို့နှင့်သာ တွေ့ကြုံ ခံစားရခြင်းတည်းဟူသော လောကီအကျိုးရရှိနိုင်၏။ သာမညဖလ ဝိပါကဒါယက ဝဋ္ဋဒုက္ခနိဝတ္တကဟူသော လောကီအကျိုးရရှိနိုင်၏။ သမညဖလ ဝိပါကဒါယက ဝဋ္ဋဒုက္ခနိဝတ္တကဟူသော အကျိုးတို့ငိုလည်း လောကုတ္တရာပသာဒသည် ဖြစ်စေ၏။
ဘိက္ခဝေ၊ တို့။ ယေ၊ အကြင်သူတို့သည်။ ဝိရာဂေ၊ ရာဂကင်းရာ ရာဂပျက်ပြယ်ရာဖြစ်သော။ ဓမ္မေ၊ အသင်္ခတ နိဗ္ဗာန်တရား၌။ ပသန္နာ၊ ကုန်၏။
တေ၊ ထိုသူတို့သည်။ အ‌ဂ္ဂေ၊ အမွန်မြတ်ဆုံး၌။ ပသန္နာ၊ ကြည်ညိုကြသည်မည်၏။ အဂ္ဂေ၊ အမွန်မြတ်ဆုံး၌။ ပသန္နာနံ၊ ကြည်ညုသူတို့၏။ အဂ္ဂေါဝိပါကော၊ အကောင်းမွန်ဆုံးအကျိုးသည်။ ဟောတိ၊ ဖြစ်၏။
ဘိက္ခဝေ၊ တို့။ ယာဝတာ၊ ကုန်သော။ သံဃာ ဝါ၊ တရုတ် ကုလားမခွဲခြားဘဲလူသားမှန်သမျှ လူ့လောက လူအပေါင်းတို့သည်လည်းကောင်း။ ဂဏာ ဝါ၊ တရုတ်စသည် ခွဲခြား၍ မျိုးဇာတ်အားဖြင့်ဖြစ်သော လူအပေါင်းတို့သည်လည်းကောင်း။ အတ္ထိ၊ ရှိကုန်၏။ တထာဂသာဝကသံဃော၊ အယူသီလတူမျှသည်၏ အဖြစ်ဖြင့် ပေါင်းအပ်သော ဘုရား၏ တပည့်သာဝကအပေါင်းသံဃာကို။ တေသံ၊ ထိုလူအပေါင်းတည်းဟူသော သံဃဂဏတို့ထက်။ အဂ္ဂံ- အဂ္ဂေါ၊ အမွန်မြတ်ဆုံးဟူ၍။ အက္ခာတိ၊ ပြောပြအပ်၏။ စတ္တာရိ၊ လေးမျိုးကုန်သော။ ယဒိဒံ- ယာနိ ဣမာနိ ပုရိသယုဂါနိ၊ ပဌမမဋ္ဌာန် ပဌမဖလဋ္ဌာန် စသော ယောက်ျားမြတ်အစုံတို့လည်းကောင်း။ အဋ္ဌ၊ ရှစ်မျိုးကုန်သော။ ယဒိဒံ- ယေ ဣမေ ပုရိသပုဂ္ဂလာ၊ ပဌမမဂ္ဂဋ္ဌာန် တစ်ယောက်,ပဌမဇလဋ္ဌာန် တစ်ယောက် စသော ယောက်ျားမြတ် ရှစ်ယောက်တို့သည်လည်းကောင်း။ သန္တိ၊ ရှိကုန်၏။ ဘဂဝတော၊ မြတ်စွာဘုရား၏။ ဧသသာဝက၊ သံဃော။ ဤအယူသီလတူမျှသည်၏ အဖြစ်ကြောင့် စုပေါင်း အပ်သော အရိယာသံဃာတော်သည်။ ဝါ၊ ကို။ အာဟုနေယျော၊ အဝေးမှ သည်ဆောင်ယူလာသော ပစ္စည်းဝတ္တုကိုလည်း ခံယူထိုက်၏။ ဝါ၊ အဝေးမှ လာ၍လှူဒါန်း အပ်သော ပစ္စည်းဝတ္ထုကိုလည်း ခံယူထိုက်၏။ ပါဟုနေယျော၊ အရပ်ရှစ်မျက်နှာမှလာသော ဧည့်သည် အကျိုးငှာ စီရင်ထားသောပစ္စည်းဝတ္ထုကိုလည်းပေးလှူခြင်း လှူဒါန်းအပ်သော ပစ္စည်း ဝတ္ထုကိုလည်းခံယူထိုက်၏။ ဒက္ခိဏေယျော၊ တမလွန်လောကကို ယုံကည်၍ လှူဒါန်းအပ်သော ပစ္စည်း ဝတ္ထုကိုလည်း ခံယူထိုက်၏။ အဉ္ဇလီ-ကရဏီယော၊ လက်ဆယ်ဖြာ ထိပ်မှာမိုး၍ ရှိခိုးခြင်း အဉ္ဇလီအမှုကိုလည်းခံယူထိုက်၏။ လောကဿ၊ တစ်လောကလုံး၏။ အနုတ္တရံ၊ အတုမဲ့ဖြစ်သော။ ပုညခေတ္တံ၊ ကောင်းမှု၏ စိုက်ပျိုးရာ လယ်မြေကောင်းသဖွယ် ဖြစ်၏။
ဘိက္ခဝေ၊ တို့။ ယေ၊ အကြင်သူတို့သည်။ သံဃေ၊ သံဃာ၌။ ပသန္နာ၊ ကြည်ညိုကုန်၏။
တေ၊ ထိုသူတို့သည်။ အဂ္ဂေ၊ အမွန်မြတ်ဆုံး၌။ ပသန္နာ၊ ကြည်ညိုကုန်သည်မည်၏။ အဂ္ဂေ၊ အမြတ်ဆုံး၌။ ပသန္နာနံ ခေ၊ ကြည်ညိုသူတို့၏။ အဂ္ဂေါ ဝိပါကော၊ အကောင်းမွန်ဆုံးအကျိုးသည်။ ဟောတိ၊ ဖြစ်၏။
ဘိက္ခဝေ၊ တို့။ ဣမေ တယော၊ ဤသုံးမျိုးတို့သည်။ အဂ္ဂပ္ပသာဒါ၊ အမွန်မြတ်ဆုံး၌ ကြည်ညိုကြခြင်းပေတည်း။ ဝါ၊ အကောင်းမွန်ဆုံးသော ကြည်ညိုခြင်းတို့ပေတည်း။
ဧတမတ္ထံ၊ ဤပြဆိုအပ်သော အနက်အဓိပ္ပါယ်ကို။ ဘဝါ၊ သည်။ အဝေါစ၊ ဟောတော်မူပြီ။
တတ္ထ၊ ထို အဂ္ဂပ္ပသာဒသုတ်၌။ အဂ္ဂေတော ဝေ ပသန္နာနံ (လ) အဂ္ဂပ္ပတ္တော ပမောဒတီတိ၊ ပမောဒတိ’ဟူသော။ ဧတံ၊ ဤဂါထာကို။ ဣတိ၊ သို့။ ဝုစ္စတိ၊ ဆိုအပ်၏။

အဂ္ဂတော-အဂ္ဂေ၊ အမွန်မြတ်ဆုံးရတနာသုံးပါး၌။ တစ်နည်း- အဂ္ဂတော-အဂ္ဂဘာဝတော၊ အမွန်မြတ်ဆုံး အဖြစ်ဖြင့်။ ပသန္နာနံ၊ အဝေစ္စပသာဒ ဪကပ္ပ-နပသာဒ စသောသဒ္ဓါဖြင့် ကြည်ညိုကုန်သော။ အဂ္ဂံ ဓမ္မံ၊ ဗုဒ္ဓ၏ဗုဒ္ဓအစစ် ဓမ္မ၏ ဓမ္မအစစ် သံဃာ၏လမ်းမှန်သောအကျင့်ကို ကျင့်ခြင်းဟူသော မွန်မြတ်သောသဘောကို။ ဝိဇာနတံ၊ သိမြင်ကုန် သည်ဖြစ်၍။ (ဥဠာရံ ပရိစ္စာဂံ၊ မြတ်သောလှူဒါန်းစွန့်ကြဲခြင်းကိုလည်းကောင်း။ ဥဠာရံ- ပူဇာသက္ကာရံ၊ မြတ်သောပူဇော်သက္ကာရကိုလည်းကောင်း။ ပဝတ္တေန္တာနံ၊ ဖြစ်စေသော ပုဂ္ဂိုလ်တို့အား။) (ထည့်)။ အဂ္ဂပုညံ၊ မြင့်မြတ်သော ကုသိုလ်သည်။ ပဝဍ္ဎတိ၊ နေ့စဉ်တိုးပွား၏။

အနုတ္တရေ၊ အတုမဲ့ဖြစ်သော။ ဝါ၊ မိမိထက်သာလွန်သူ မရှိသော။ ဒက္ခိ-ဏေယျ၊ တမလွန်လောကကို ယုံကြည်၍ လှူဒါန်းအပ်သော ပစ္စည်း ဝတ္ထုကို ခံယူခြင်းငှာ ထိုက်တော်မူသော။ အဂ္ဂေ၊ အမွန်မြတ်ဆုံးဖြစ်သော။ ဗုဒ္ဓေ၊ မြတ်စွာဘုရား၌။ ပသန္နာနံ၊ ကြည်ညိုသူတို့အား။ အဂ္ဂပုညံ၊ မွန်မြတ်သောကုသိုလ်သည်။ ပဝဍ္ဎတိ၊ တိုးပွား၏။

ဝိရာဂေ၊ ရာဂအပေါင်း ပျက်ပြုန်းကြောင်းဖြစ်သော။ ဥပသမေ၊ ကိလေသာခပ်သိမ်း ငြိမ်းအေးကြောင်းဖြစ်သော။ သုခေ၊ ဝဋ်ဒုက္ခ မှန်သမျှ ကုန်ခမ်း၍သင်္ခါရခပ်သိမ်းအေးငြိမ်းခြင်းဖြင့် ချမ်းသာလှသော။ အဂ္ဂေ၊ အမွန်မြတ်ဆုံးဖြစ်သော။ ဓမ္မေ၊ တရားတော်၌။ ပသန္နာနံ၊ ကြည်ညိုသူတို့အား။ အဂ္ဂံ ပုညံ၊ မွန်မြတ်သောကုသိုလ်သည်။ ပဝဍ္ဎတိ၊ တိုးပွား၏။

အနုတ္တရေ၊ အတုမဲ့ဖြစ်သော။ ဝါ၊ မိမိထက်သာလွန်သောသံဃာမရှိ‌သော။ ပုညက္ခေတ္တေ၊ ကုသိုလ်ကောင်းမှု ပြုလုပ် စိုက်ပျိုးကြဲချရာ လယ်ယာ မြေကောင်းသဖွယ်ဖြစ်သော။ အဂ္ဂေ၊ အမွန်မြတ်ဆုံးဖြစ်သော။ သံဃေ၊ အယူသီလ တူမျှသဖြင့် စုပေါင်း အပ်သော ဘုရား၏သာဝကသံဃာတော်၌။ ပသန္နာနံ၊ ကြည်ညိုသူတို့အား။ အဂ္ဂံပုညံ၊ မွန်မြတ်သောကုသိုလ်သည်။ ပဝဍ္ဎ၊ တိုးပွား၏။

အဂ္ဂသ္မိံ၊ အမြတ်ဆုံးဖြစ်သော ရတနာသုံးပါး၌။ ဒါနံ၊ လှူဖွယ်ဝတ္ထုကို။ ဒဒတံ၊ ပေးလှူကုန်သော သူတို့အား။ အဂ္ဂံ ပုညံ၊ မွန်မြတ်သောသည်။ ပဝဍ္ဎ၊ တိုးပွား၏။ အဂ္ဂံ-အဂ္ဂေါ၊ အမွန်မြတ်ဆုံးဖြစ်သော။ အာယု၊ လူ့အသက် နတ်၏အသက်သည်။ ပဝဍ္ဎတိ၊ အဆင့်ဆင့် တိုးပွား၏။ အဂ္ဂေ-အဂ္ဂေါ၊ အမွန်မြတ်ဆုံးဖြစ််သော။ ဝဏ္ဏော စ၊ အဆင့်နှင်းပြည့်စုံခြင်းသည်လည်းကောင်း။ ယသော စ၊ အခြံအရံနှင့် ပြည့်စုံခြင်းသည်လည်းကောင်း။ အဂ္ဂံ-အဂ္ဂေါ၊ အမွန်မြတ်ဆုံးဖြစ်သော။ ကိတ္တိ စ၊ ကျော်စောခြင်းသည် လည်းကောင်း။ အဂ္ဂံ၊ အမွန်မြတ်ဆုံးဖြစ်သော။ ဗလံ စ၊ ကိုယ်အားညာန်အားနှစ်မျိုး နှစ်စားသည် လည်းကောင်း။ ပဝဍ္ဎတိ၊ တိုးပွား၏။
အဂ္ဂဿ၊ ရတနာမြတ်သုံးပါးအား။ ဒါတော၊ ပေးလှူသော။ ဒါနံ၊ လှူဖွယ်ဝတ္ထုကို။ (ဥဠာရံ ကတွာ၊ ကောင်းမွန်စွာပြု၍။ အဂ္ဂဿ-ဒေယျဓမ္မဿ၊ လှူဖွယ်ဝတ္ထုကို။ ဒါတာ၊ ပေးလှူသော-ဟု သော်လည်း ပေးလေ။) အဂ္ဂဓမ္မ-သမာဟိတော၊ မြတ်သော သဒ္ဓါတရား မြတ်သောဒါန စသော တရားနှင့်ပြည့်စုံသော။ (မြတ်သောအစလသဒ္ဓါ တရားနှင့်ပြည့်စုံသောဟု သော်လည်းပေး။) မောဓာဝီိ၊ ပညာရှိသည်။ ဒေဝဘူတော ဝါ၊ နတ်ဖြစ်သော်လည်းကောင်း။ မနုဿောဝါ၊ လူဖြစ်သော်လည်းကောင်း။ အဂ္ဂပ္ပတ္တော၊ ဖြစ်လေရာ ဘုံဘဝ၌ အထွတ်အထိပ် သို့ ရောက်သည်ဖြစ်၍။ ဝါ၊ အမွန်မြတ်ဆုံးသော အရဟတ္တဖိုလ်ကို ရရှိသည်ဖြစ်၍။ ပမောဒတိ၊ မွေ့လျော်ဝမ်းသာရ၏။
အယမ္ပိ အတ္ထော (လ) ဣတိ မေ သသုတန္တိ၊ ပေးမြဲ။
ပဌမံ။