Issues
Select Version
နိဿယ
မြန်မာဘာသာ
Itivuttakapāḷi
Itivuttakapāḷi

9. Antarāmalasuttaṃ

Author: နိဿယ @ IAPT

ဘိက္ခဝေ၊ တို့။ တယော၊ သုံးမျိုးကုန်သော။ ဣမေ၊ ဤတရားတို့သည်။ **အန္တရာ**၊ စိတ်၌ (မှီ၍) ဖြစ်ကုန်သော။ မလာ (မှီရာစိတ်ကိုညစ်နွမ်းအောင်ပြုတတ်သော) အညစ်အကြေးတို့တည်း။ အန္တရာ၊ စိတ်၌ (မှီ၍) ဖြစ်ကုန်သော။


ရန်သူတစ်ဦးတစ်ယောက်သည် ပျော့ကွက် ဟာကွက်အပေါက်ကို တွေ့ခဲ့သော် ရန်သူ၏ ဦးခေါင်းကို ဓားဖြင့် ပိုင်းဖြတ်သကဲ့သို့ အခြားနည်းအားဖြင့်သော်လည်း အကျိုးမဲ့ကို ပြုလုပ်သကဲ့သို့ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၏ စက္ခုဒွါရ၌ ဣဋ္ဌဖြစ်သောရူပါရုံ ထင်လျှင် နှစ်သက်သာယာခြင်းလောဘ၊ အနိဋ္ဌဖြစ်သော ရူပါရုံ ထင်လာလျင် မကျေနပ်ခြင်း ဒေါသ၊ ထိုထင်လာသော ဣဋ္ဌ, အနိဋ္ဌ ရူပါရုံတို့ကို ရုပ်တရားဟု မမြင်ပုဂ္ဂိုလ်သတွာဟု အထင်လွဲခြင်း၊ ဒုက္ခဟုမမြင် သုခဟု အထင်လွဲခြင်း၊ အနိစ္စဟုမမြင် နိစ္စဟု အထင်လွဲခြင်းတည်းဟူသော မောဟတို့ ဖြစ်ကြခြင်း ထိုပုဂ္ဂိုလ်၏ ပညာတည်းဟူသော ဦးခေါင်းကို ပြုတ်အောင် ဖြုတ်လိုက်ခြင်းပင်တည်း။

ထို့အပြင် အဆိုပါ လောဘာဒိအကုသိုလ်စေတသိက်တို့သည် ကမ္မနိဒါန ကံအကြောင်းတရား လက်ကိုင်ရရှိကြသည်ဖြစ်၍ အဏ္ဍဇ ဇလာဗုဇစသော ယောနိလေးပါးသို့ကပ်၍ ပို့ဆောင်ကြ၏။ ထို့အခါ ယောနိလေးပါးသို့ ကပ်ရောက်ခြင်းလျှင်အမြစ်အရင်းရှိသော နှစ်ဆယ့်ငါးပါးသောဘေး သုံးဆယ့်နှစ်ပါးသော ကံကြံမ္မာတို့သည် ထိုပုဂ္ဂိုလ်၏ ထံသို့ ရောက်လာကုန်တော့၏။

ထို့သို့ စိတ်ကို မှီ၍ မှီစရာစိတ်ကို ညစ်နွမ်းစေတတ် စိတ်၏မှီရာ စက္ခဒိဝတ္ထုပိုင်ရှင် ပုဂ္ဂိုလ်သတွာတို့ကိုလည်း အကျိုးမဲ့ပြုတတ် ဒုက္ခအမျိုးမျိုးတို့ကို ဖန်တီးတတ်သောကြောင့် အဆိုပါ လောဘာဒိတရားသုံးမျိုးတို့ကို အန္တရာမလ အန္တရာအမိတ္တ သပတ္တ ဝဓက ပစ္စတ္ထိကတို့ဟူ၍ ဘုရားရှင် သတ်မှတ်တော်မူသည်။

အမိတ္တာ၊ (မိတ်ဆွေ၏ဆန်ကျင်ဘက်ဖြစ်သောကြောင့်) မိတ်ပျက်ဆွေပျက်တို့တည်း။ အန္တရာ၊ စိတ်၌ (မှီ၍) ဖြစ်ကုန်သော။ သပတ္တာ၊ (ရန်သူတို့၏ အလုပ်ကို လုပ်သောကြောင့်) ရန်သူတို့ပင်တည်း။ အန္တရာ၊ စိတ်၌ (မှီ၍) ဖြစ်ကုန်သော။ ဝဓကာ၊ (ညှင်းပန်းနှိပ်စက်ကြသော) အသတ်အဖြတ်သမားတို့တည်း။ အန္တရာ၊ စိတ်၌ (မှီ၍) ဖြစ်ကုန်သော။ ပစ္စတ္ထိကာ၊ ဆန့်ကျင်ဘက်အတိုက်ခံ တရားတို့သည်။

တယော၊ သုံးမျိုးသောတရားတို့ဟူသည်။ ကတမေ၊ အဘယ်သည်တို့နည်း။
ဝါ၊ အဘယ်တရားတို့နည်း။ ဘိက္ခဝေ၊ တို့။ လောဘော၊ သည်။ အန္တရာမလော၊ စိတ်၌ (မှီ၍) ဖြစ်သော အညစ်အကြေးပင်တည််း။ အန္တရာအမိတ္တော၊ စိတ်၌ (မှီ၍) ဖြစ်သော (ရန်သူ၏အလုပ်ကို လုပ်သောကြောင့်) ရန်သူပင်တည်း။ အန္တရာဝဓကော၊ စိတ်၌ (မှီ၍) ဖြစ်သော (ညှင်းပန်းနှိပ်စက်တတ်သော) အသတ်အဖြတ်သမားပင်တည်း ။ အန္တရာ ပစ္စတ္ထိကော၊ စိတ်၌ (မှီ၍) ဖြစ်သော ဆန့်ကျင်ဘက် အတိုက်အခံ ပင်တည်း။
ဘိက္ခဝေ၊ တို့။ ဒေါသော၊ သည်။ အန္တရာမလော၊ တည်း။ (လ) အန္တရာ-ပစ္စတ္ထိကော၊ တည်း။ ဘိက္ခဝေ၊ တို့။ မောဟော၊ သည်။ အန္တရာမ‌လော၊ တည်း။ (လ) အန္တရာမပစ္စတ္ထိကော၊ တည်း။
(အန္တရာမလာ စသော ဗဟုဝစနန္တပုဒ်တို့၌ အဓိပ္ပါယ်ပေါ်လွင်စေရန် အန္တရာနှင့်မလာစသည်ကို နာနာပဒ ဝါကျအနေဖြင့် အနက်ယောဇနာ၍ အန္တရမလောစသော ဧကဝစနန္တပုဒ်တို့၌ကား အန္တရာကို နိပါတပဋိရူပက ကြံ၍ သမာသ်အနေဖြင့် အနက်ယောဇနာလိုက်သည်။)
ဘိက္ခဝေ၊ တို့။ တယော၊ သုံးမျိုးကုန်သော။ ဣမေ ခေါ၊ ဤလောဘစသော တရားတို့သည်။ အန္တရာ၊ စိတ်၌ (မှီ၍) ဖြစ်ကုန်သော။ မလာ၊ (မှီရာစိတ်ကိုညစ်နွမ်း‌အောင်ပြုတတ်သော) အညစ်အကြေးတို့တည်း။ အန္တရာ၊ ကုန်သော။ အမိတ္တာ၊ (မိတ်တွေ၏ ဆန့်ကျင်ဘက်ဖြစ်သောကြောင့်) ရန်ဘက် မိတ်ဆွေပျက်တို့တည်း။ အန္တရာ၊ ကုန်သော။ သပတ္တာ၊ (ရန်သူ၏ အလုပ်ကိုလုပ်သောကြောင့် ) ရန်သူတို့တည်း။ အန္တရာ၊ ကုန်သော။ ဝဓကာ၊ အသတ်အဖြတ်သမားတို့တည်း။ အန္တရာ၊ ကုန်သော။ ပစ္စတ္ထိကာ၊ ဆန့်ကျင်ဘက် အတိုက်အခံ တို့တည်း။
ဧတမတ္ထံ ဘဂဝါ အဝေါစ၊ ပေးမြဲ။
တတ္ထ၊ ထိုအန္တရာမလသုတ်၌။ အနတ္ထ-ဇနနော လောဘော (လ) အာဒိစ္စော ဝုဒယံ တမ’န္တိ၊ တမံ” ဟူသော။ ဧတံ၊ ဤဂါထာ အနက်အဓိပ္ပါယ်ကို ။ ဣတိ၊ သို့။ ဝုစ္စတိ၊ ဆိုအပ်၏။
လောဘော၊ သည်။ အနတ္ထဇနနော၊ အကျိုးမဲ့ ဖြစ်စေတတ်၏။ လောဘော၊ သည်။ စိတ္တပကောပနော၊ စိတ်ကို ချောက်ချားဖောက်ပြားစေတတ်၏။ အန္တ-ရတော၊ မိမိအတွင်းစိတ်၌။ ဇာတံ၊ မှီ၍ဖြစ်သော။ တံ ဘယံ၊ ထိုဘေး တည်းဟူသော လောဘကို။ ဝါ၊ ထိုဘေးဖြစ်ကြောင်းလောဘကို။ ဇနော၊ လူအပေါင်းသည်။ နာဝဗုစ္ဇျတိ၊ မသိမြင်။

လုဒ္ဓေါ၊ လောဘရမက်ကြီးသူသည်။ အတ္တံ၊ သူ့အကျိုး ကိုယ့်အကျိုးနှစ်ဦးသားတို့၏ အကျိုးကို။ န ဇာနာတိ၊ ဟုတ်တိုင်းမှန်စွာ မသိ။ လု‌ဒ္ဓေါ၊ သည်။ ဓမ္မံ၊ ကုသိုလ်ကမ္မပထထထက် သာလွန်သော စျာန်မဂ်ဖိုလ် တရားကို သိဖို့ကား ဆိုဖွယ်မရှိပြီ။) ယံ ယသ္မိံ ကာလေ၊ အကြင်အခါ၌။ လောဘော၊ သည်။ နရံ၊ လူကို။ သဟတေ၊ လွှမ်းမိုးနှိပ်စက်၏။ တဒါ၊ ထိုအခါ၌။ အန္ဓတမံ၊ ကန်းအောင် ပြုတတ်သော အမိုက်မှောင်ကြီးသည်။ ဟောတိ၊ ဖြစ်တော့၏။

တစ်နည်း-ယံ-ယသ္မာ၊ အကြင်ကြောင့်။ လောဘော၊ သည်။ ဥပ္ပဇ္ဇမာ‌နော၊ ဖြစ်သည်ရှိသော်။ နရံ၊ လူကို။ သဟတေ၊ လွှမ်းမိုးနှိပ်စက်၏။ တသ္မာ၊ ထို့ကြောင့်။ တဒါ၊ ထိုအခါ၌။ အန္ဓတမံ၊ ကန်းအောင်ပြုတတ်သော အမိုက် မှောင်ကြီးသည်။ ဟောတိ၊ ဖြစ်တော့၏။

တစ်နည်း-လောဘော၊ သည်။ နရံ၊ လူကို။ ယံ သဟတေ၊ အကြင်လွှမ်းမိုး နှိပ်စက်၏။ ဧတံ၊ ထိုလောဘ လွှမ်းမိုးနှိပ်စက်ခြင်းသည်။ အန္ဓတမံ ဟောတိ၊ အမှန်တရား ပျောက်ကွယ်သွားအောင် ကန်းအောင်ပြုတတ်သော အမိုက် မှောင်ကြီး ကျလာခြင်းပင်တည်း။

တစ်နည်း-ယံနရံ၊ အကြင်လူကို။ လောဘော၊ သည်။ သဟတေ၊ လွှမ်းမိုးနှိပ်စက်၏။ ထိုလောဘ လွှမ်းမိုးခံရသော ထိုသူ၏သန္တာန်၌။ တဒါ၊ ထိုအခါ၌။ အန္ဓတမံ ဟောတိ၊ အမြင်မှန် မရအောင် ကန်းအောင် ပြုတတ်သော အမိုက်မှောင်ကြီး ကျလာတော့၏။

(အနက်ဉာန်ရင့်သန်စေရန် အဋ္ဌကထာဖွင့်အတိုင်း အမျိုးမျိုး ယောဇနာလိုက်သည်။ တတော၊ ထို့ကြောင့်။ လုဒ္ဓေါ၊ သည်။ အတ္ထံ၊ ကို။ န ဇာနာတိ၊ မသိ။ လု‌ဒ္ဓေါ၊ သည်။ ဓမ္မံ၊ ကို။ န ပဿတိ၊ မမြင်။ ဟု ရှေ့ပါဒ ပြန်စပ်နိုင်သည်။ စပ်လိုက်စပ်လေ။)

ယောစ၊ အကြင်သူသည်ကား။ လောဘံ၊ ကို။ ပဟန္တွန၊ (သမထဘာဝနာ တရုဏဝိပဿနာတို့၏ တဒင်္ဂ ဝိက္ခမ္ဘနပဟာန်၏ အစွမ်းအားဖြင့်) ပယ်ပြီး၍။ ဝါ၊ ပယ်ပြီးနောက်။ လောဘနေယျ၊ (အနီး၌တည်သော နတ်၌ဖြစ်သော ရူပါရုံစသော) လောဘဖြစ်စရာအာရုံ၌သော်မှလည်း။ န လုဗ္ဘတိ၊ မတက်မက်။ ပေါက္ခရာ၊ ပဒုမ္မာကြာဖက်မှ။ ဥဒဗိန္ဒူ၊ ရေပေါက်သည်။ ပဂ္ဃရတိ ဣဝ၊ လျှောကျသကဲ့သို့။ တမှာ၊ ထိုအရိယာပုဂ္ဂိုလ်မှ။ လောဘော၊ ကို။ အရိယမဂ္ဂေန၊ အရဟတ္တမဂ်သည်။ ပဟီယတိ၊ ဗလဝဝိပဿနာအစွမ်းဖြင် ပယ်ရှားအပ်၏။
ဒေါသော၊ သည်။ အနတ္တဇနနော၊ အကျိုးမဲ့ကို ဖြစ်စေတတ်၏။ ဒေါသော၊ သည်။ စိတ္တပ‌ကောပနော၊ စိတ်ကို ချောက်ချားဖောက်ပြားစေတတ်၏။ အန္တရတော၊ အတွင်းစိတ်၌။ ဇာတံ၊ မှီ၍ဖြစ်သော။ ဘယံ၊ ဘေးတည်းဟူသော။ ဝါ၊ တားမြစ်ကြောင်းဖြစ်သော။ တံ၊ ထိုဒေါသကို။ ဇနော၊ အမျက်ထွက်နေသောလူသည်။ နာဝဗုဇ္စျတိ၊ မသိနိုင်။
ဒုဋ္ဌော၊ ဒေါသဖျက်ဆီခံရသောသူသည်။ အတ္ထံ၊ မိမိအကျိုး သူတစ်ပါးအကျိုးနှစ်ဥုးသားအကျိုးကို။ န ဇာနာတိ၊ မသိ။ ဒုဋ္ဌော၊ ဒေါသဖျက်ဆီးခံရသောသူသည်။ ဓမ္မံ၊ ကုသိုလ်ကမ္မပထဆယ်ပါးမျှကိုသော်မှ။ န ဇာနာတိ၊ မသိ။ (စျာန်မဂ်ဖိုလ်ဟူသော ဥတ္တရိမနုဿဓမ္မကို သိဖို့ကား ဆိုဖွယ်မရှိ ဝေးပါသေး၏။) ယံ၊ အကြင်ခါ၌။ ဒေါသော၊ သည်။ နရံ၊ ကို။ သဟတေ၊ လွှမ်းမိုးနှိပ်စက်၏။ တဒါ၊ ထိုအခါ၌။ အန္ဓတမံ ဟောတိ၊ အမြင်မှန် မရအောင် ကန်းအောင်ပြုတတ်သော အမိုက်မှောင်ကြီးကျလာလေတော့၏။
ယော၊ အကြင်သူသည်။ ဒေါသံ၊ ကို။ ပဟန္တွန၊ (သမထဘာဝနာ တရုဏဝိပဿနာဘာဝနာတို့၏ တဒင်္ဂ ဝိက္ခမ္ဘနပဟာန်တို့၏ အစွမ်းဖြင့်) ပယ်ပြီး၍။ ဝါ၊ ပယ်ပြီးနောက်။ ဒေါသေနေယျေ၊ အမျိုးမျိုးနှိပ်စက်နေသော ဒေါသ ဖြစ်စရာ ရန်သူ့အပေါ်၌သော်မှလည်း။ န ဒုဿတိ၊ အမျက်မထွက်။ ဗန္ဓနော၊ အညှာမှ။ တာလပက္ကံ၊ မှည့်နေသော ထန်းသီးသည်။ (ပဝုတ္တံ ဣဝ၊ ကြွေကျသကဲ့သို့။) တမှာ၊ ထိုအရိယာပုဂ္ဂိုလ်မှ။ ဒေါသော၊ ကို။ မဂ္ဂေန၊ အနာဂါမိမဂ် သည်။ ပဟီယတိ၊ ဗလဝ ဝိပဿနာ၏ အစွမ်းဖြင့် ပယ်ရှားအပ်၏။
မောဟော၊ သည်။ အနတ္တဇနနော၊ အကျိုးမဲ့ကို ဖြစ်စေ၏။ မောဟော၊ သည်။ စိတ္တပကောပနော၊ မိမိ၏ မှီရာစိတ်ကို ချောက်ချားဖောက်ပြားစေ၏။ အန္တရတော၊ အတွင်းစိတ်၌။ ဇာတံ၊ မှီ၍ဖြစ်သော။ ဘယံ၊ ဘေးတည်းဟူသော။ ဝါ၊ ကြောက်စရာကောင်းသော။ ဝါ၊ ဘေးဖြစ်ခြင်း၏ အကြောင်းဖြစ်သော။ တံ၊ ထိုမောဟကို။ ဇနော၊ တွေဝေနေသော သူသည်။ နာဝဗုဇ္စျတိ၊ မသိနိုင်။ ဝါ၊ မသိတော့ပေ။
မူဠှော၊ တွေဝေနေသောသူသည်။ အတ္ထံ၊ မိမိအကျိုး သူတစ်ပါးအကျိုးနှစ်ဦးသားအကျိုးကို။ န ဇာနာတိ၊ မသိ။ မူဠှော၊ သည်။ ဓမ္မံ၊ ကုသလကမ္မပထဆယ်ပါးမျှကိုသော်မှ။ န ဇာနာတိ၊ မသိ။ (အထက်တန်းစား စျာန်မဂ်ဖိုလ်တရားတို့ကို သိဖို့ကား ဆိုဖွယ်မရှိ။) ယံ၊ အကြင်အခါ၌။ မောဟော၊ သည်။ နရံ၊ လူကို။ သဟတေ၊ လွှမ်းမိုး မင်းမူ၏။ တဒါ၊ ထိုအခါ၌။ အန္ဓတမံ ဟောတိ၊ ဘာမျှမသိအောင် ကန်းအောင်ပြုတတ်သောအမိုက်မှောင်ကြီး ကျလာတော့၏။
ယော၊ အကြင်သူသည်။ မောဟံ၊ ကို။ ပဟန္တွန၊ (သမထယာဝနာ တရုဏ-ဝိပဿနာဘာဝနာတို့၏ တဒင်္ဂ ဝိက္ခမ္ဘနပဟာန်၏ အစွမ်းဖြင့်) ပယ်ရှားပြီး၍။ ဝါ၊ ပြီးနောက်။ မောဟေနေယျ၊ သစ္စာလေးရပ် ပဋိစ္စသမုပ္ပါဒ် တည်း ဟူသော သံမူဠှဌာန၌သော်မှလည်း။ န မုယှတိ၊ မတွေမဝေ။ အာဒိစ္စော၊ နေမင်းသည်။ ဥဒယံ၊ တက်လာထွက်လာသည်ရှိသော်။ တမံ၊ အမိုက်မှောင်ကို။ အပနေတိ-ဣဝ၊ ပယ်ရှားသကဲ့သို့။ သော၊ ထိုအရိယာပုဂ္ဂိုလ်သည်။ သဗ္ဗံ၊ အလုံးစုံသော။ မောဟံ၊ ကို။ အရိယမဂ္ဂေန၊ အရိဟတ္တမဂ်ဖြင့်။ ဟန္တိ-ဟနတိ၊ ပယ်ဖျောက်ပစ်၏။
အယမ္ပိ အတ္ထော ဝုတ္တော၊ စသည် ပေးမြဲ။
နဝမံ။