Issues
Select Version
နိဿယ
မြန်မာဘာသာ
Itivuttakapāḷi
Itivuttakapāḷi

2. Jīvikasuttaṃ

Author: နိဿယ @ IAPT

ဘိက္ခဝေ၊ တို့။ ယဒိဒံ ပိဏ္ဍောလျံ၊ အကြင်ဆွမ်းခံခြင်းသည်။ အတ္ထိ၊ ၏။ ဣဒံ၊ ဤဆွမ်းခံခြင်းသည်။ ဇီဝိကာနံ၊ အသက်မွေးမှုတိုတွင်။ အန္တံ၊ အယုတ်ဆုံးတည်း။ (အန္တံ ပစ္ဆိမံ လာကမံ သဗ္ဗနိဟီနံ ဇိဝိကန္တိ အတ္ထော၊ ဋ္ဌ။) ဘိက္ခဝေ၊ တို့။ ပတ္တပါဏိ၊ ခွက်လက်စွဲသူသည်။
ပိဏ္ဍောလော၊ ထမင်းကိုတောင်းလျက်။ ဝိစရသိ၊ လှည့်လည်ဘိ၏။ ဣတိ၊ ဤသို့။ လောကသ္မိံ၊ လောဘ၌။ အယံ အဘိသာပေါ၊ ဤသို့သဘောရှိသော ဆဲရေးခြင်းသည်။ အတ္ထိ၊ ရှိ၏။
ဘိက္ခဝေ၊ တို့။ တဉ္စခေါ၊ ထိုသပိတ်ပိုက်၍ ဆွမ်းခံခြင်းသည်။ အဘိသပံ၊ မလိုလားသူတို့၏ ဆဲ‌ရေးသော အသုံးအနှုန်းသည်။ သမာနမ္ပိ၊ ဖြစ်သော်လည်း။ ဧတံ၊ ဤဆွမ်းခံခြင်းအမှုကို။ ကုကပုတ္တာ၊ အမျိုးကောင်းသားတို့သည်။ **အတ္ထဝသိကာ**၊ အကျိုးကို လိုလားကုန်သည်ဖြစ်၍။ အတ္ထဝသံ၊ အကျိုးကိုလိုလားမှုကို။ ပဋိစ္စ၊ စွဲ၍။ ဥပေန္တိ၊ ကပ်ရောက်ကုန်၏။အတ္ထဝီသိကာ စသည်။ ။ အတ္ထသဒ္ဒါ များစွာသော အနက်တို့တွင် ပယောဇနာအနက်၊ ဝသ-သဒ္ဒါ အစွမ်း အပြား အစပ် အလိုဟူသော အနက်တို့တွင် အဓိပ္ပါယ-အလိုဟူသော အနက် ကြံ၍ အတ္ထဝသိကာ၊ အကျိုးကို လိုလားကုန်သည် ဖြစ်၍-ဟု ပေးသည်။ အကယ်၍ အတ္ထ၏အနက်ကြံ၍ အတ္ထဝသိကာ၊ အကျိုးကို လိုလားကုန်သည်ဖြစ်၍-ဟု ပေးသည်။ အကယ်၍ အတ္ထ၏ အနက်ကို ကာရဏ-အနက်,ဝသ၏ အနက်ကီု အဓိန-စပ်ခြင်း ပတ်သက်ခြင်း အနက် ကြံလျှင် အတ္ထဝိသကာ၊ မိမိနှင့် ပတ်သက်သော စပ်သော လုံလောက်သော အကြောင်းရှိသည်ဖြစ်၍ ဟု ပေးလေ။ ဋ္ဌ-၌လည်း အတ္ထဝသိကာ ကာရဏဝသိကာ ဟုတွာ ကာရဏဝသံ ပဋိစ္စ ဥပေန္တိ ဥပဂစ္ဆန္တိ-ဟုဖွင့်၏။ တဉ္စ ခေါ ဧတံနှင့် တနှင့် ဧတကို “သဗ္ဗနာမ်ပုဒ်၊နှစ်ဆင့်ထုတ်၊ နောက်ပုဒ်အနက်မဲ့သာများသတည်း’ ဟူသည်နှင့် အညီ အနက်မဲ့မကြံဘဲ နှစ်ပုဒ် သတ္ထက ကြံ၍ ပေးသည်။ `` ကုဘပုတ္တာ၊ အမျိုးကောင်းသားတို့သည်။ ဧတံ၊ ဤဆွမ်းခံခြင်းအမှုသို့။ ရာဇာဘိနီတာ၊ မင်းသည်ဖမ်းဆီးခေါ်ဆောင်အပ်သည်ဖြစ်၍။ န ဥပေန္တိ၊ ကပ်ရောက်ကြသည်မဟုတ်။ စောရာဘိနီတာ၊ ခိုးသားဓားပြတို့သည် ဖမ်းဆီးခေါ်ဆောင်အပ်ကုန်သည်ဖြစ်၍။ န ဥပေန္တိ၊ ကပ်ရောက်ကြသည်မဟုတ်။ ဣဏဋ္ဋာ၊ ကြွေးမဆပ်နိုင်သဖြင့် ကြွေးမြီးနှိပ်စက်အပ်ကုန်သည်ဖြစ်၍။ န ဥပေန္တိ၊ ကပ်ရောက်ကြသည်မဟုတ်။ ဘယဋ္ဋာ၊ ဘေးအမျိုးမျိုးနှိပ်စက်အပ်ကုန်သည်ဖြစ်၍။ နဥပေန္တိ၊ ကပ်ရောက်ကြသည်မဟုတ်။ အာဇာဝီကာပကတာ၊ အသက်မွေးဝမ်းကျောင်းမှု နှိပ်စက်အပ်ကုန်သည်ဖြစ်၍။ န ဥပေန္တိ၊ ကပ်ရောက်ကြသည်မဟုတ်။ (ဗျတိရေကအားဖြင့် ချဲ့ပြပြီး၍ အနွယအားဖြင့် ချဲ့၍ ဟောလိုရကား အပိ စ ခေါ ဩတိဏ္ဏာမှ စသည်မိန့်သော်။)
အပိ စ ခေါ၊ စင်စစ်သော်ကး။ ဇာတိယာ၊ ပဌမဆုံးခန္ဓာဖြစခြင်းဟူသော ပဋိ‌န္ဓေဇာတိဖြင့်။ ဇရာယ၊ ရင့်ကျက် ရင့်ရော်ခြင်းဖြင့်။ မရဏေ၊ ခန္ဓာပျက်စီးခြင်းဖြင့်။ သောကေဟိ၊ အသံတိတ်အတွင်းဆွေး စိုးရိမ်ခြင်းတို့ဖြင့်။ ပရိဒေဝေဟိ၊ အသံထုတ်၍ငိုကြွေးမည်တမ်းခြင်းတိုဖြင့်။ ဥပါယောသေဟိ၊ ပြင်းစွာပင်ပန်းနွမ်းနယ်ခြင်းတို့ဖြင့်။ မယံ၊ ငါတို့သည်။ ဩတိဏ္ဏာ၊ သံသရာဝဋ်တွင်းသို့သက်ဆင်း ကြရောက်ကြကုန်သည်။ အမှ၊ ဖြစ်ကုန်၏။ မယံ၊ ငါတို့သည်။ ဒက္ခောတိဏ္ဏာ၊ ဇာတိစသောဆင်းရဲတို့သည် ခန္ဓာကိုယ်အတွင်းသို့ ပူးဝင်ခြင်းခံရကုန်သည်။ ဒုက္ခပရေတာ၊ ဇာတိစသောဒုက္ခတို့၏ အနှိပ်သက်ခံရကုန်သည်။ အမှ၊ ဖြစ်ကုန်၏။ ကေဝလဿ၊ အလုံးစုံသော။ အဿ ဒုက္ခက္ခန္ဓဿ၊ ထိုဇာတိစသောဆင်းရဲခြင်းအစုအပုံ၏။ အန္တကိရိယာ၊ အဆုံးအပိုင်းအခြားကို ပြုမူသည်။ အပ္ပေဝ နာမ ပညာယေထ၊ ထင်ရှားဖြစ်ပေါ်တန်ရာ၏။ ဣတိ၊ ဤသို့သော ရည်ရွယ်ချက်ဖြင့်။ ဧတံ၊ ဤသပိတ်ပိုက်ကာ ဆွမ်းလိုက်ရှာခြင်းအမှုသို့။ ကုလပုတ္တာ၊ တို့သည်။ ဥပေန္တိ၊ ကပ်ရောက်ကြကုန်၏။ (ဩတိဏ္ဏာမှ-၌ ဩတိဏ္ဏကို ကတ္တုဝါစက၊ ဒုက္ခတောတိဏ္ဏာ၌ဩတိဏ္ဏာကို ကမ္မဝါစက ခွဲခြား၍ ယောဇနာ လိုက်သည်။)
ဘိက္ခဝေ၊ တို့။ ဧဝံ၊ ဤသို့ပြဆိုသည့်အတိုင်း ကောင်းသော ရည်ရွယ်ချက်ဖြင့်။ အယံ ကုလပုတ္တော၊ သည်။ ပဗ္ဗဇိတော စ၊ ရဟန်းကာကားပြုခဲ့ပြီ။ သော၊ ထိုရဟန်းသည်။ အဘိဇ္စျာလု၊ သူတစ်ပါးပစ္စည်းရလိုမှု လွန်လွန်ကဲကဲကြံစည်စိတ်ကူးသည်။ ကာမေသု၊ ငါးဖြာအာရုံ ကာမဂုဏ်တို့၌။ တိဗ္ဗသာရာ‌ဂေါ၊ အားကြီးသော တက်မက်ခြင်းရှိသည်။ ဗျာပန္နိစိတ္တော၊ ဖောက်ပြန်သောစိတ်ရှိသည်။ ပဒုဋ္ဌမနသင်္ကပ္ပေါ၊ ပျက်စီးသော စိတ်အကြံရှိသည်။ မုဋ္ဌဿတိ၊ ပျောက်ပျက်သောသတိရှိသည်။ (ဒါလုပ်နေသော်လည်း ဒီအထဲစိတ်မ‌ရောက်ပဲ အခြားစိတ်ရောက်နေခြင်းပင်။ ဣဓ ကတံ ဧတ္ထ န သရတိ၊ ဋ္ဌ။) အသမ္ပဇာနော၊ ပညာအဆင်အခြင်ကင်းမဲ့သည်။ (ရုပ်နာမ်ခန္ဓာစသည်ကို ပိုင်းခြားမှုကင်းမဲ့ခြင်းမဲ့ခြင်းပင် နိပ္ပညော ခန္ဓာဒိပရိစ္ဆေဒရဟိတော၊ ဋ္ဌ။) အသမာဟိ‌တော၊ တည်ငြိမ်မှုမရှိသည်။ ဝိဗ္ဘန္တစိတ္တော၊ အထူးထူးသော အာရုံတို့၌ ချာချာလည်၍ တစ်ခုတည်းသော အာရုံ၌ တုန်လှုပ်သောစိတ်ရှိသည်။ (နာနာရမ္မဏေသု ဝိဗ္ဘမတိ၊ ဧကောရမ္မဏေ ဝိပ္ဖန္ဒတိ= မူလပဏ္ဏာသအဋ္ဌကထာ။) ပါကတိန္ဒြိယော၊ (စက္ခုန္ဒြေ စသည်ကို မစောင့်စည်းသဖြင့်) သိသာ ထင်ရှားသော ဣန္ဒြေရှိသည်။ ဟောတိ၊ ဖြစ်၏။
ဘိက္ခဝေ၊ တို့။ ဥဘတောပဒိတ္တံ၊ နှစ်ဖက်အစွန်း၌ မီးစွဲနေသော။ မဇ္စျေ၊ အလယ်၌။ ဂူထဂတံ၊ မစင်လိမ်းကျံ ထားအပ်သော။ ဆဝါလာတံ၊ လူသေကောင်မီးရှို့ရာ၌ ကြွင်းကျန်နေသော လက်ရှစ်သစ်မျှ မီးစသည်။ ဂါမေ၊ ရွာ၌။ ကဋ္ဌတ္ထံ၊ လယ်တဲယာတဲ အခင်းစသည်ပြဖို့ သစ်သားအလို့ငှာ။ နေဝ ဖရတိသေယျထာပိ၊ အသုံးမကျသကဲ့သို့လည်းကောင်း။ အရညေ၊ ၌။ ကဋ္ဌတ္ထံ၊ ငှာ။ န ဖရတိ သေယျထာပိ၊ လည်းကောင်း။ ဧဝမေဝ၊ လျှင်။ ဘိက္ခဝေ၊ တို့။ ဣမံ ပုဂ္ဂလံ၊ (သီလ စင်ကြယ်သော်လည်း ပျင်းရိ၍ အဘိဇ္စျာအားကြီးခြင်း စသည်ရှိသော) ဤ ပုဂ္ဂိုလ်ကို။ တထူပမံ၊ ထိုထင်းမီးစနှင့် တူသူဟူ၍။ အဟံ၊ ငါဘုရားသည်။ ဝဒါမိ၊ ဟောတော်မူ၏။ (အယံ ပုဂ္ဂလော၊ ဤပုဂ္ဂိုလ်သည်။ ထည့်-)ဂီဟိဘောဂေါ၊ လူ့စည်းစိမ်ချမ်းသာ ခံစားခြင်းမှလည်း။ ပရိဟီနော၊ ယုတ်လျော့လက်လွတ်၏။ သာမညတ္ထံ၊ ပရိယတ် ပဋိဝေဓ၏ အစွမ်းအားဖြင့် ရအပ်သော သုတမယ မဂ္ဂဖလပညာတည်းဟူသော ရဟန်းဖြစ်ရကျိုးကိုလည်း။ ဝါ၊ ပရိယတ် အကြားအမြင် ပဋိဝေဓအကြားအမြင်ဟူသော ရဟန်းဖြစ်ရကျိုးကိုလည်း။ န ပရိပူရေတိ၊ မပြည့်စုံစေ။
ဧတမတ္ထံ၊ စသည် ပေးမြဲ။
တတ္ထ၊ ထိုဇီဝိကသုတ်၌။ ဂီဟိဘောဂါ ပရိဟိနော (လ) ရဋ္ဌပိဏ္ဍပသညတော’တိ၊ အသညတော’ဟူသော= ဧတံ= ဤဂါထာကို။ ဣတိ၊ သို့။ ဝုစ္စတိ၊ ၏။

(က) ဂီဟိဘောဂါ၊ လူ့စည်းစိမ်ချမ်းသာကို ခံစားသုံးတောင်ခြင်းမှ။ ပရိဟီနော၊ ယုတ်လျော့လက်လွန်သည် ဖြစ်၍။ သာမညတ္ထဉ္စ၊ ပဋိဝေဓအကြားအမြင် ပရိယတ်အကြားအမြင်ဟူသော ရဟန်းဖြစ်ရကျိုးကိုလည်း။ အလဘန္တော၊ မရသောသူသည်။ (ထည့်)။ ဒုဗ္ဘဂေါ၊ ဘုန်းကျက်သ‌ရေမဲ့သည်ဖြစ်၍။ ဆဝါ-လာတံ၊ လူသေမီးရှို့ရာ၌ ကြွင်းကျန်သော မီးစသည်။ နဿတိ ဝိယ၊ ပျက်စီးသကဲ့သို့။ ပရိဓံသမာနော၊ ပျက်စီးလျက်။ ပကိရေတိ-ဝိဒ္ဓံသေတိ၊ မိမိဘဝကိုဖျက်ဆီး၏။

ကျန် (ခ+ဂ) နှစ်ဂါထာလုံး ဒုနိပါတ် အာပါယီကသုတ်၌ ပေးပြီး ဖြစ်သည်။ ရှလေ။

အယမ္ပိ အတ္ထော၊ စသည် ပေးမြဲ။
ဒုတိယံ။