Issues
Select Version
နိဿယ
မြန်မာဘာသာ
Itivuttakapāḷi
Itivuttakapāḷi

5. Duccaritasuttaṃ

Author: နိဿယ @ IAPT

တီီဏိမာနိ ဘိက္ခဝေ ဒုစ္စရိတာနိ (လ) တီဏိ ဒုစ္စရိတာနီ'တိ၊ ဒုစ္စရိတာနိ'ဟူသော။ ဧတံ၊ ဤဒုစ္စရိတသုတ်ကို။ ဘဂဝတာ၊ သည်။ ဝုတ္တံ၊ ပြီိ။ အရဟတာ၊ သည်။ ဝုတ္တံ၊ ပြီ။ အရဟတာ၊ သည်။ ဝုတ္တ'န္တိ၊ အပ်ပြီ'ဟူ၍။ မေ၊ အကျွန်ုပ်အာနန္ဒာသည်။ သုတံ၊ နာခံမှတ်သားဆောင်ထားအပ်ပါပြိီ။

ဘိက္ခဝေ၊ တို့။ ဒုစ္စရိတာနိ၊ မကောင်းသော အကျင့်တို့သည်။ ဝါ၊ အကျင့်ပျက်တို့သည်။ ဣမာနိ တီဏိ၊ ဤသုံးပါးတို့တည်း။

ကတမာနိ တီဏိ၊ အဘယ်သုံးပါးတို့နည်း။

ကာယဒုစ္စရိတံ၊ ခန္ဓာကိုယ်ဖြင့် မကောင်းသဖြင့် ပြုကျင့်ခြင်းလည်းကောင်း။ ဝါ၊ ခန္ဓာကိုယ်နှင့် ပတ်သက်သော အကျင့်ပျက်လည်းကောင်း။ ဝစီဒုစ္စရိတံ၊ နှုတ်ဖြင့် မကောင်းသဖြင့်ပြုကျင့်ခြင်းလည်းကောင်း။ ဝါ၊ နှုတ်နှင့် ပတ်သက်သော အကျင့်ပျက်လည်းကောင်း။ မနောဒုစ္စရိတံ၊ စိတ်ဖြင့် မကောင်းသဖြင့် ပြုကျင့်ခြင်းလည်းကောင်း။ ဝါ၊ စိတ်နှင့် ပတ်သက်သော အကျင့်ပျက်လည်းကောင်းတည်း။

ဘိက္ခဝေ၊ တို့။ ဒုစ္စရိတာနိ၊ မကောင်းသောအကျင့်တို့သည်။ ဝါ၊ အကျင့်ပျက်တို့သည်။ ဣမာနိ ခေါ တီဏီ၊ ဤသုံးမျိုးတို့တည်း။

ဧတမတ္ထံ၊ ဤအနက် အဓိပ္ပါယ်ကို။ ဘဂဝါ၊ သည်။ အ‌ဝေါစ၊ ပြီ။ဒုစရိုက်နှစ်မျိုး။ ။ ပညတ္တိဒုစရိုက် ကမ္မပထဒုစရိုက်ဟူ၍ နှစ်မျိုးရှိ၏။ ထိုတွင် ကာယဒွါ၇၌ ပညတ်အပ်သော သိက္ခာပုဒ်ကို ကျူးလွန်ခြင်းသည် ကာယဒုစရိုက်, ဝစီိဒွါရ၌ပညတ်အပ်သော သိက္ခာပုဒ်ကို ကျူးလွန်ခြင်းသည် ဝစိဒုစရိုက်, ကာယဝစီနှစ်ပါးလုံး၌ ပညတ်အပ်သော သိက္ခာပုဒ်ကို လွန်ကျူးခြင်းသည် မနောဒုစရိုက်မည်၏။
စေတနာဟံ ဘိက္ခဝေ ကမ္မံ ဝဒါမိ-ဟူသော ပါဠိနှင့်အညီ ကာယနှင့်ဝစီ ဒုစရိုက် နှစ်မျိုးကား တရားကိုယ်အားဖြင့် စေတနာရသောကြောင့် ကာယကံ ဝစီကံဟု သတ်မှတ်ခြင်းသည် သင့်တန်စေ။ စေတနာကို အရမကောက်ပါပဲလျက် အဘိဇ္စျာစသောသုံးမျိုးသည် စေတနာမဟုတ်သော်လည်း အဘိဇ္စျာ ‌ဗျာပါဒေါ မိစ္ဆာဒိဋ္ဌိတိ တယောစေတနာသမ္ပယုတ္တဓမ္မာ မနောဒုစရိတန္တိ ဟူသော အဋ္ဌကထာအလို စေတနာသမ္ပယုတ္တဖြစ်သောကြောင့် ဝါ-စေတနာနှင့်ယှဉ်သော သမ္ပယုတ်တရား ဖြစ်ခြင်းကြောင့် မနောကံအမည်ရသည်ဟူလို။
တတ္ထ၊ ထိုသုတ်၌။ ကာယဒုစ္စရိတံ ကတွာ (လ) ဣတိ မေ သုတ'န္တိ၊ မေသုတံဟူသော။ ဧတံ၊ ဤဂါထာကို။ ဣတိ၊ ဤအတိုင်း။ ဝုစ္စတိ၊ အပ်၏။
ကာယဒုစ္စရိတံ၊ ကိုလည်းကောင်း။ ဝစီဒုစ္စရိတာနိစ၊ တို့ကိုလည်းကောင်း။ ကတွာ၊ ပြုခြင်းကြောင့်။ မနောဒုစ္စတံ၊ ကိုလည်းကောင်း။ ‌ဒေါသသဉှိတံ၊ ရာဂစသောအပြစ်နှင့်တကွသော။ အညံ၊ ကမ္မပထမြောက်သော ဒုစရိုက် သုံးမျိုးမှတစ်ပါးသော။ ယံ ပါပံ စ၊ အကြင်ပထမမြောက်သော မကောင်းမှုကိုလည်းကောင်း။ ကတွာ၊ ပြုခြင်းကြောင့်။ ဒုပ္ပညော၊ ပညာမဲ့သော။ သော၊ ထိုသူသည်။ ကာယဿ၊ ဥပါဒိန္နကခန္ဓာကိုယ်၏။ ဘေ‌ဒေါ၊ ပျက်စီးသည်မှ။ ပရံ၊ နောက်၌။ နိရယံ၊ ငရဲ၌။ ဝါ၊ ငရဲသို့။ ဥပပဇ္ဇတိ၊ ဖြစ်၏။ ဝါ၊ ကပ်ရောက်ရ၏။
ကုသလံကမ္မံ၊ ကိုသုလ်ကံကို။ အကတွာ၊ မပြုလုပ်မှု၍။ ဗဟုံ၊ များစွာသော။ အကုသလံ၊ အကုသိုလ်ကို။ ကတွာ၊ ပြုလုပ်ခြင်းကြောင့်။ ဒုပ္ပညော၊ သော။ သော၊ သည်။ ကာယဿ၊ ၏။ ဘေဒေါ၊ မှ။ ပရံ၊ ၌။ နိရယံ၊ ၌။ ဝါ၊ သို့။ ဥပပဇ္ဇတိ၊ ဖြစ်၏။ ဝါ၊ ကပ်ရောက်ရ၏။
အယမ္ပိ အတ္ထော၊ စသည် ပေးမြဲ။
ပဉ္စမံ။ဂါထာအဓိပ္ပါယ်။ ။ ပဌမဂါထာ ရှေ့သုံးပါဒဖြင့် ဒုဂ္ဂတိသို့ ကျရောက်စေနိုင်သော ကမ္မပထပ္ပတ္တအကုသိုလ်ကိုယူရမည်။ ကမ္မပထမမြောက်သော အကုသိုလ်သာမန်ကို "ယဉ္စညံ ဒေါသသဉှိတံ"ဟူသော စတုတ္ထပါဒဖြင့် သိမ်းယူစေလိုသည်။ ယင်းသို့ဖြစ်လျှင် "နိရယံ သော ဥပပဇ္ဇတိ"ဟူသော စတုတ္ထပါဒဖြင့် သိမ်းယူစေလိုသည်။ ယင်းသို့ဖြစ်လျှင် "နိရယံ သော ဥပပဇ္ဇတိ"ဟူသော ဒု-ဂါထာ စတုတ္ထပါဒသည် "ယဉ္စညံဒေါသသဉှိတံ"နှင့်မဆိုင်။ ထို့ကြောင့် ယထာရဟစပ်၍ အဓိပ္ပါယ်ကို ယူလေ။ ကမ္မပထပ္ပတ္ထောယေဝ ပါပဓမ္မော ကာယဒုစ္စရိတာဒိဘာဝေန ဝုတ္တောတိ တဒညံ ပါပဓမ္မံ သင်္ဂဏှိတုံ၊ ယဉ္စညံ ‌ဒေါသသဉှိတန္တိ ဝုတ္တံ။ (ဋ္ဌ၊ ၂၀၃)
ပညာတတ် လူပြန်တော်ကြီးတစ်ဦးက "ဥုဇင်း ငရဲကြီးဖို့များ လွယ်တယ်များမှတ်သလပား။ အကုသိုလ်ဖြစ်တိုင်း ငရဲမကြီးဘူး ဥုးဇင်းရဲ့"ဟု လျှောက်ထားဖူးသည်။ ထိုစကားကြားရစဉ် ဒကာကြီး ဘာအဓိပ္ပါယ် ပြောတာပါလိမ့် ဟု ဖြစ်ခဲ့သည်။ ယဉ္စညံ ဒေါသသဉှိတံ ဟူသောပါဠိနှင့် ယင်းအဖွင့်ကို ရည်ရွယ်ပြောလေသလားဟု ဤစာ‌ရေးစဉ် အကြံ ဖြစ်မိသည်။