တယောမေ ဘိက္ခဝေ အဒ္ဓါ (လ) တယော အဒ္ဓါ'တိ၊ အဒ္ဓါ'ဟူသော။
ဧတံ၊ ဤအဒ္ဓါသုတ်ကို။
ဘဂဝတာ၊ သည်။
ဝုတ္တံ၊ ပြီ။
အရဟတာ၊ သည်။
ဝုတ္တ'န္တိ၊ အပ်ပြီ'ဟူ၍။
မေ၊ အကျွန်ုပ်အာနန္ဒာသည်။
သုတံ၊ နာခံမှတ်သားဆောင် ထားအပ်ပါပြီိ။
ဘိက္ခဝေ၊ တို့။
အဒ္ဓါ၊ ကာလတို့သည်။
ဣဗမ တယော၊ ဤသုံးပါးတို့တည်း။
ကတမေ တယော၊ အဘယ်သုံးပါး တို့နည်း။
အတီတော အဒ္ဓါ၊ အတိတ် ကာလလည်းကောင်း။
အနာဂတော အဒ္ဓါ၊ အနာဂတ်ကာလ၎င်း။
ပစ္စုပ္ပန္နော အဒ္ဓါ၊ ပစ္စုပ္ပာန်ကာလလည်းကောင်းတည်း။
ဘိက္ခဝေ၊ တို့။
တယော အဒ္ဓါ၊ ကာလသုံးပါးတို့သည်။
ဣမေ ခေါ၊ ဤသည်တို့ပင်တည်း။
ဧတမတ္တံ၊ ဤအနက်သဘောကို။
ဘဂဝါ၊ သည်။
အဝေါစ၊ ပြီ။
တတ္ထ၊ ထိုသုတ်၌။
အက္ခေယျသညိနော သတ္တာ (လ) သင်္ချံ နောပတိ ဝေဒဂူတိ၊ ဝေဒဂူဟူသော။
ဧတံ၊ ဤဂါထာကို။
ဣတိ၊ ဤသို့။
ဝုစ္စတိ၊ အပ်၏။
အက္ခေယျသညိနော၊ အက္ခေယျဟုဆိုအပ်သောခန္ဓာငါးပါး၌ ငါကောင် သူကောင် ပုဂ္ဂိုလ်သတွာကောင် ယောကျာ်းမိန်းမကောင်ဟု မှတ်ထင်ခြင်း ရှိကုန်သော။
သတ္တာ၊ သတွာတို့သည်။
အက္ခေခယျသ္မိံ၊ အက္ခေယျဟု ပြောဆိုအပ်သော ခန္ဓာငါးပါး၌။
ပတိဋ္ဌိတာ၊ တဏှာ ဒိဋ္ဌိတို့၏ အစွမ်းအားဖြင့် တည်နေကြကုန်၏။ပဌမဂါထာ၏ဆိုလိုရင်း။ ။ အက္ခာယတိ ကထီယတိ ပညာပီယတီတိ အက္ခေယျံ။ ယောကျာ်း မိန်းမ ငါ သူ-စသော အပြောအဆို စကားအသုံးနှုန်းတို့၏ တည်ရာဖြစ်သော ခန္ဓာငါးပါး ရ၏။ မှန်၏၊ ခန္ဓာမရှိလျှင် ယောကျာ်းရယ် မိန်းမရယ် စသည်ဖြင့် ပြောဆိုမသုံးနှုန်းနိုင်တော့။ ခန္ဓာရှိမှသာ ယောကျာ်းစသည် ခေါ်နိုင်းသုံးနှုံး ပြောဆိုနိုင်သည်။ သို့ဖြစ်၍ ခန္ဓာသည် စကား၏ တည်ရာ ကထာဝတ္ထုတည်း။
ပုဂ္ဂိုလ်သတွာ မဟုတ်ပါဘဲလျက် ခန္ဓာငါးပါးကို ပုဂ္ဂိုလ်သတွာဟု အထင်အမြင်လွဲနေကြသော သတ္တဝါတို့သည် ခန္ဓာငါးပါး၌ ငါ့ခြေ ငါ့လက် ငါ့မျက်စိ စသော တဏှာစွဲဖြင့်တည်၏။ ငါကောင်သူကောင်ဟူသော အတ္တစွဲအားဖြင့်လည်း တည်၏။ တစ်နည်း-လောဘသ္မားကလည်း လောဘ၏အစွမ်းအားဖြင့်, ဒေါသ သ္မားကလည်း ဒေါသ၏အစွမ်းအားဖြင့်, မောဟသ္မားကလည်း မောဟ၏ အစွမ်းအားဖြင့်, မကောင်းမြင် အမှားမြင်သ္မားများကလည်း ဒိဋ္ဌိ၏အစွမ်းအားဖြင့်, ကိလောသာတို့ကို ပရိယုဋ္ဌာန စသည်ဖြင့် ဖြစ်စေနိုင်သော စွမ်းအင် လက်ကိုင်ရှိသူတို့ကလည်း အနုသယ၏ အစွမ်းအားဖြင့်,လက်မထောင်သော အထောင် အလွှားသ္မားတို့ကလည်း မာန၏ အစွမ်းအားဖြင့်, မရေမရာသ္မားတို့ကလည်း ဝိစိကိစ္ဆာ၏ အစွမ်းအားဖြင့်, မတည်မငြိမ်သူတို့ကလည်း ဥဒ္ဓစ္စ၏ အစွမ်းအားဖြင့်, (ပေါင်း ရှစ်မျိုး၏အစွမ်းအားဖြင့်) ခန္ဓာငါးပါး၌တည်နေ၏။
ခန္ဓာငါးပါးတည်းဟူသော အက္ခေယျ-ကို ပရိညာသုံးပါးဖြင့် အတိအကျ မသိကြသည့်အတွက် သေမင်းနှင့် ပတ်သက်် ဆက်သွယ်နေရ၏။ တစ်နည်းအားဖြင့် အက္ခေယျကို ပရိညာဉ်သုံးပါးဖြင့် ပိုင်ပိုင်နိုင်နိုင် မသိခြင်းကြောင့် သေမင်းဖြန့်ကျက်ထောင်ထားအပ်သော ပိုက်ကွန်ကျော့ကွင်းသို့ ကပ်ရောက်ကြရသည်ဟူလို။ ဝါ၊ လော,ဒေါ,မော,ဒိဋ္ဌ်- နု, မာ, ကိစ်ဝြွိက္ခိပ်, ဥဒ္ဓစ် ရှစ်၏ အစွမ်းအားဖြင့် တည်ကြကုန်၏။ အက္ခေယျသ္မိံ၊ အက္ခေယျဟု ခေါဆိုအပ်သော တေဘူမကသင်္ခါရတရား၌။ အပရိညာယ၊ ပရိညာသုံးပါးဖြင့် ပိုင်းခြား၍ မသိခြင်းကြောင့်။ မစ္စုနော၊ သေမင်းနှင့်။ ယောဂံ၊ ဆက်သွယ်ပတ်သက်ခြင်းသို့။ အာယန္တိ ဥပဂစ္ဆန္တိ၊ ကပ်ရောက်ကြရကုန်၏။ တစ်နည်း- မစ္စုနော၊ သည်။ ယောဂံ၊ ယှဉ်စပ် ဖြန့်ထောင်ထားအပ်သော ပိုက်ကွန်သို့။ အာယန္တိ ဥပဂစ္ဆန္တိ၊ ကပ်ရောက်ကြရကုန်၏။

အက္ခေယျံ၊ တေဘူမက ခန္ဓပဉ္စကကို။
ပရိညာယ၊ ဝိပဿနာမဂ်ပညာဖြင့် ဒုက္ခဟုပိုင်းခြားကာ သိသောကြောင့်။
အက္ခာတာရံ၊ ကာရက ဝေဒက သာမီနိဝါသီဟု ပြောပြဘိသကဲ့သို့ဖြစ်သော တစ်စုံတစ်ခုသော အတ္တကောင်ဟု။
နမညတိ၊ မမှတ်ထင်။
ဝါ၊ အထင်မလွဲတော့။
(ယေန၊ အကြင့်ကြောင့်) မနသာ-အရဟတ္တဖိုလ်စိတ်ဖြင့်။
ဝိမောက္ခော၊ သင်္ခတအားလုံးမှ လွတ်မြောက်သော နိဗ္ဗာန်ကို။
ဖုဋ္ဌော ဖုသိတော ပတ္တော၊ တွေ့ထိရ ရောက်ရအပ်ပြိီ။
အနုတ္တရံ၊ အတုမဲ့ဖြစ်သော။
သန္တိပဒံ၊ ကိလေသာအပူငြိမ်းသော နိဗ္ဗာန်သို့။
မနသာ၊ အရဟတ္တဖိုလ်စိတ်ဖြင့်။
ဖုဋ္ဌော ဖုသိတော ပတ္တော၊ တွေ့ထိရ ရောက်ရလေပြီီ။
(တေန၊ ထို့ကြောင့်) အက္ခတာရံ= ကဦရက ဝေဒက သာမိ နိဝါသီဟု ပြောသကဲ့သို့ဖြစ်သော တစ်စုံတစ်ခုသော အတ္တကောင်ဟု။
န မညတိ၊ မမှတ်ထင်တော့။ဒုတိယဂါထာ၏ ဆိုလိုရင်း။ ။ အက္ခေယျဖြစ်သော ခန္ဓာငါးပါးကို ဝိပဿနာဉာန်မဂ်ဉာန်ဖြင့် ပိုင်းခြားသိခြင်းကြောင့် "ကာရကော ဝေဒကော သာမီ" စသည်ဖြင့် ဝါ-ငါသည်ပင ပြုစီမံသူလည်းကောင်း၊ ငါသည် ပင်ပိုင်ရှင်ဟု မပြောသော်လည်း ပြောသကဲ့သို့ဖြစ်သော အတ္တကောင်ကို အသိအမှတ်မပြုတော့၊ မယုံကြည်တော့ လက်မခံတော့ပေ။
သင်္ခတနယ်မှ လွတ်မြောက်လာသော အသင်္ခတဖြစ်သောနိဗ္ဗာန်၊ ကိလေသာ အပူငြိမ်းသော နိဗ္ဗာန်ကို အရဟတ္တဖိုလ်စိတ်ဖြင့် တွေ့ထိအပ်် ရောက်အပ်ပြီဖြစ်သောကြောင့် ကာရကဟူ၍လည်းကောင်း၊ ဝေဒကဟူ၍လည်းကောင်း၊ သာမီဟူ၍လည်းကောင်း၊ ပြောပြသကဲ့သို့ဖြစ်သော အတ္တကောင်ကို အသိအမှတ်မပြုတော့၊ မယုံကြည် လက်မခံတော့ဟူလို။ ထို့အပြင် ဖုဋ္ဌော (လ) မနုတ္တရံ- ဟူသောဝါကျက ဟေတု၊ အက္ခာတာရံ န မညိတိ-က ဖလ အဖြစ်ဖြင့်လည်း အဓိပ္ပါယ်တစ်မျိုးယူလေ။ တစ်နည်း-ဝိမောက္ခာ၊ ကိလေသာအားလုံးမှ လွတ်မြောက်သော အရဟတ္တမဂ်ကို။ မနသာ၊ အရဟတ္တမဂ်စိတ်ဖြင့်။ ဖုဋ္ဌော ဖုသိတော ဘာဝိတော၊ တွေ့ထိအပ် ပွားများအပ်ပြီ။ အနုတ္တရံ၊ အတုမဲ့ဖြစ်သော။ သန္တိပဒံ၊ ကိလေသာအပူ ဇာတ်သိမ်း ငြိမ်းအေးသော နိဗ္ဗာန်ကို။ ဖုဋ္ဌံ ဖုသိတံ သစ္ဆိကတံ၊ မျက်မှောက်ပြုအပ်ပြိီ။

အက္ခေယျသမ္ပန္နော၊ ခန္ဓပဉ္စကဟူသော အက္ခေယျကို ပိုင်းခြား၍ သိခြင်းတို့နှင့် ပြည့်စုံသော။
သော၊ ထိုရဟန္တာသည်။
ဝေ၊ စစ်စစ်။
သန္တော၊ ကိလေသာအပူငြိမ်းသည်ဖြစ်၍။
သန္တိပဒေ၊ နိဗ္ဗာန်၌။
ရတော၊ မွေ့လျော်၏။
သင်္ခါယ၊ ပစ္စည်းလေးပါးတို့ကို ဉာဏ်ဖြင့် ဆင်ခြင်၍။
သေဝီ၊ မှီဝဲလေ့ရှိ၏။
ဓမ္မဋ္ဌော၊ အသေက္ခတရား၌တည်၏။
ဝါ၊ နိဗ္ဗာန်တရား၌ တည်၏။
ဝေဒဂူ၊ သိထိုက်သော သစ္စတရား၏ ကမ်းတစ်ဖက်သို့ ရောက်သော ရဟန္တာသည်။
သင်္ချံ၊ နတ်လူဟူ၍ ရေတွက်အပ်သည်၏ အဖြစ်သို့။
န ဥပေတိ၊ မရောက်။
အယမ္ပိ အတ္ထော ဝုတ္တော၊ စသည် ပေးမြဲ။တတိယဂါထာ၏ ဆိုလိုရင်း။ ။ ပုထုဇဉ်တို့သည် ဝိပလ္လာသတရားကို မပယ်နိုင်သေးသည့်အတွက် မိမိ၏ ခန္ဓာကို နိစ္စ သုခ အတ္တ သုဘဟု အထင်မှားကြ၏။ ယင်းသို့ခန္ဓာငါးပါး၏ လှည့်စားသမျှ ခံရသောကြောင့် ကိုယ်ခန္ဓာကို ပိုင်သည်ဟု မဆိုနိုင်။ အက္ခေယျတည်းဟူသော ခန္ဓာငါးပါးနှင့် ပြည့်စုံသော "အက္ခေယျ သမ္ပန္န" မဟုတ်ပေ။
ရဟန္တာတို့ကိုကား ၎င်းတို့၏ ခန္ဓာငါးပါးက နိစ္စ သုခ သုဘ အတ္တဟု အထင်မှားအောင်မလှည့်စားနိုင်တော့ပေ။ ထို့ကြောင့် ရဟန္တာတို့သည် ၎င်းတို့၏ခန္ဓာငါးပါးကို ပိုင်သည်ဟု ဆိုနိုင်၏။ ဆိုနိုင်သောကြောင့် အက္ခေယျသမ္ပန္န တို့မည်၏။
အဆိုပါ အက္ခေယျသမ္ပန္နဖြစ်သော ရဟန္တာသည် ငြိမ်းချမ်းသော နိဗ္ဗာန်၌ မွေ့လျော်ကာ ပစ္စည်းလေးပါးတို့ကို ပညာဖြင့် ဆင်ခြင် သုံးဆောင်မှီဝဲ၍ နိဗ္ဗာန်တရား၊ သို့မဟုတ်အသေက္ခတရားတို့၌ တည်သောကြောင့် ပုဂ္ဂိုလ်သတွာ ယောကျာ်းမိန်းမ ဟူသောခေါ်ဝေါ်သုံးနှုန်းအပ်သည်၏ အဖြစ်သို့ မရောက်တော့ဘဲ အနုပါဒိသေသနိဗ္ဗာန် ဝင်စံနေတော့၏ ဟူလို။

စတုတ္ထံ။