ဝုတ္တံဟေတံ ဘဂတာ ဝုတ္တမရဟတာတိ မေ သုတံ- ပေးမြဲ။
ဘိက္ခဝေ၊ တို့။
အယံကာယော၊ (အင်္ဂါကြီးငယ်် ဆံပင််စသည်တို့၏ အပေါင်းဖြစ်သော) ဤရုပ်ကာယသည်။
(စက်ဆုပ်ဖွယ်ရာကျင်ကြီးကျင်ငယ်် ချွဲသလိပ် စသည်တို့၏ စုဝေးတည်နေရာ ဤရူပကာသည်ဟုသော်လည်း ပေးလေ။)
(ရူပကယ ဟူသည် တရားကိုယ်အားဖြင့် ဘူတရုပ်ဥပါဒတို့၏ အစုအပေါင်းပင်) ဘိဒုရော၊ ပျက်လေ့ပျက်ထ ခဏခဏပျက်တတ်သော သဘောရှိ၏။
ဝိညာဏံ၊ အာရုံတစ်ခု ရမှုအနေဖြင့် သိတတ်သောဝိညာဉ်သည်။
ဝိရာဂဓမ္မံ၊ ပျက်စီးခြင်းသဘောရှိ၏။
(သညာကဲ့သို့ကောင်းစွာမှတ်သားခြင်း ပညာကဲ့သို့ ပိုင်းခြား၍ထိုးထွင်း၍ သိခြင်းသဘောမရှိ။
ထို့ကြောင့် "အာရုံတစ်ခု၊ ရမှုကိုပင်-အသိတွင်-ဝိညာဉ်အသိမှတ်" ဆိုသည့် အတိုင်း ယံ ဟိ သဉ္ဇာနနံ ပဇာနနဝိဓုရံ အာရမ္မဏဝိဇာနနံ ဥပလဒ္ဓိ-ဟု အဋ္ဌကထာဆရာမိန့်ပြီ။
တရားကိုယ်အားဖြင့် တေဘူမက လောကီကုသိုလ်စိတ် စသည် ကောက်။
လောကုတ္တရာစိတ် ၈-ပါး မပါ။)
သဗ္ဗေ၊ အလုံးစုံကုန်သော။
**ဥပဓီိ**၊ ဆင်းရဲတို့၏ တည်ရာ ဥပဓိလေးမျိုးတို့သည်။
မနိစ္စာ၊ ဖြစ်ပြီိးလျှင် မရှိတော့သောကြောင့် မမြဲကုန်။
ဒုက္ခာ၊ ဖြစ်ခြင်း ပျက်ခြင်းဖြင့် နှိပ်စက်အပ်သောကြောင့် ဆင်းရဲကုန်၏။
ဝိပရိဏာမဓမ္မာ၊ ပကတိဘဘောကို စွန့်တတ်သောကြောင့် ဖောက်ပြန်ပြောင်းလဲခြင်း သဘောရှိကုန်၏။
ဧတမတ္ထံ ဘဂဝါ အဝေါစ၊ ပေးမြဲ။
တတ္ထ၊ ထိုဘိဒုရသုတ်၌။
ကာယဉ္စ ဘိန္ဒန္တံ ဉ တွာ (လ) ကာလံ ကင်္ခတိ ဘာတိတတ္တောတိ၊ ဘာတိတတ္တော'ဟူသော။
ဧတံ၊ ဤဂါထာကို။
ဣတိ၊ ဤသို့။
ဝုစ္စတိ၊ ဆိုအပ်၏။
ကာယဉ္စ၊ (အင်္ဂါကြီးငယ် ဆံပင်စသည်တို့၏ အပေါင်းဖြစ်သော) ကိုယ်ကာယကိုလည်း။
ဘိန္ဒန္တံ၊ ပျက်စီးတတ်သည်ကို။
ဉ တွာ၊ ဝိပဿနာဉာန်ဖြင့်သိ၍။
ဝိညာဏဉ္စ၊ အာရုံတစ်ခုရမှုအနေဖြင့် သိတတ််သောလောစိတ်ဝိဉာဏ်ကိုလည်း။
ဝိရဇာနံ၊ ပျက်စီးတတ်သည်ကို။
ဉ တွာ၊ သိ၍။
ဥပဓီသု၊ ဥပဓိလေးပါးတည်းဟူသော ဥပါဒါနက္ခန္ဓာ တို့၌။
ဘယံ၊ ကြောက်မက်ဖွယ်၏အဖြစ်ကို။
ဒိသွာ၊ မြင်၍။
ဇရာမရဏံ၊ ရင့်ရော်အိုမင်းသေရခြင်းကို။
အစ္စဂါ၊ လွန်မြောက်ပြီ။
ပရမံ၊ မြတ်သော။
သန္တံ၊ ငြိမ်းချမ်းမှုနိဗ္ဗာန်သို့။
သံပတွာ၊ ကောင်းစွာ ရောက်၍။
ဥပဓိ။ ။ ဥပဓီယတိ ဧတ္တ ဒုက္ခန္တိ ဥပဓိ-ဟူသည်နှင့်အညီ ဆင်းရဲတို့၏ စုဝေးတည်နေရာဖြစ်၍ တေဘူမကတရားအားလုံးကို ဥပဓိဟု ဆိုအပ်၏။ ထိုတေဘူမက တည်းဟူသော ဥပဓိကိုပင် ခန္ဓုပဓိ ကိလေသုပဓိ အဘိသင်္ခါရုပဓိ ကာမ-ဂုဏူပဓိ လေးမျိုး ခွဲခြားကာ အနိစ္စာနနုပဿနာ ဒုက္ခာနုပဿနာ နှစ်မျိုးတင်၍ ဆင်ခြင်သုံးသပ် သည်။ ယံ ဒုက္ခံ တဒနတ္တာ-ဟု ဟောတော်မူသောကြောင့် ဒုက္ခာလက္ခဏာဖြင့် အနတ္တ လက္ခဏာ ပြပြီိးဖြစ်၍ သီးခြား မပြတော့။ ရူပက္ခန္ဓာနှင့် ဝိညာဏက္ခန္ဓာတို့ကို အနိစ္စ လက္ခဏာ ထင်လွယ်မြင်လွယ်သောကြောင့် ဥပဓိဟူသော တေဘူမကဥပါဒါနက္ခန္ဓာ၌ ပါဝင်စေကာမူ ဥပဓိမှ သီးခြားဟောတော်မူသည်။
**ဘာဝိတတ္တော**၊ ပွားများအပ်ပြီးသော ကိုယ်စိတ်ရှိသူသည်။
ဝါ၊ ရဟန္တာသည်။
**ကာလံ**၊ ပရိနိဗ္ဗာန်စံရာ အချိန်အခါကို။
**ကင်္ခတိ**၊ တောင့်တတော်မူသည်။
အယမ္ပိ အတ္ထော၊ စသည် ပေးမြဲ။
အဋ္ဌမံ။