Issues
Select Version
နိဿယ
မြန်မာဘာသာ
Itivuttakapāḷi
Itivuttakapāḷi

1. Puññakiriyavatthusuttaṃ

Author: နိဿယ @ IAPT

တီဏိမာနိ ဘိက္ခဝေ (လ) တီဏိ ပုညကိရိယဝတ္ထုနီ'တိ၊ ပုညကိရိယ-ဝတ္ထုနိ'ဟူသော။ ဧတံ၊ ဤပုညကိရိယဝတ္ထုသုတ်ကို။ ဘဂဝ‌တာ၊ သည်။ ဝုတ္တံ၊ ပြီိ။ အရဟတာ၊ သည်။ ဝုတ္တန္တိ၊ အပ်ပြီ'ဟူ၍။ မေ၊ အကျွန်ုပ်အာနန္ဒာသည်။ သုတံ၊ နာခံမှတ်သား ဆောင်ထားအပ်ပါပြီ။

ဘိက္ခဝေ၊ တို့။ **ပုညကိရိယဝတ္ထူနိ**၊ ပုညကိရိယဝတ္ထုတို့သည်။ ဣမာနိ တီဏိ၊ ဤသုံးပါးတို့တည်း။

ကတမာနိ တီဏိ၊ အဘယ်သုံးပါးတို့နည်း။

**ဒါနမယံ**၊ ဒါနတည်းဟူသော။ ပုညကိရိယဝတ္ထု၊ လည်းကောင်း။ **သိီလမယံ**၊ သီလတည်းဟူသော။**ပုညကိရိယဝတ္ထု**။ ။ ပုဇ္ဇဘဝဖလံ နိဗ္ဗတ္တေန္တိ ပုညာနိဖြစ်‌စေ, အတ္တနော သန္တာနံ ပုနန္တီ ပုညာနိ ဟုဖြစ်စေ ဝိဂြိုလ်ပြု။ ဟေတုပစ္စယေဟိ ကာတဗ္ဗာတိ ကိရိယာ-ဟုပြု။ တေသံ တေသံ အာနိသံသာန ဝသန္တိ+ဧတ္ထာတိ ဝတ္ထူနိဟုပြု။ ပုညာနိစ+တာနိ+ကိရိယာစေတိ၊ ပုညကိရိယာ။ ပုညကိရိယာ‌ဧဝ+ဝတ္ထူနိ=ပုညကိရိယဝတ္ထူနိဟု ကမ္မဓာရဲတွဲ။ ပြုလည်းပြုသင့် ထိုထိုအကျိုးတို့၏ တည်ရာလည်းဖြစ် ပုဇ္ဇဖလကိုလည်းဖြစ်စေတတ်၊ ဝါ- မိမိ၏စိတ် အစဉ်ကိုလည်း ဖြူစင်စေတတ်သော ကုသိုလ်တို့ကို အရကောက်။
ဒါနမယံ။ ။ ဒီယတိ ဧတာယာတိ ဒါနံ။ ဒါနမေဝ ဒါနမယံ-ဟု ဝိဂြိုလ်ပြု။ မိမိအောက်နိမ့်သူအား ချိီးမြှောက်သည့်အနေဖြင့် မိမိထက်မြင့်သူအား ပူဇော်သည့်အနေဖြင့် ကိုယ်ပိုင်ပစ္စည်းကို သူတစ်ပါးတို့အား စွန့်လွှတ်ခြင်း စေတနာအရကောက်။ ပုဗ္ဗ မုဉ္စ အပရ-ဟူသော သုံမျိုးတွင် မုဉ္စ-သည် မုချ။ ပုဗ္ဗ အပရ-တို့ကား ဥပစာဒါန။
သီလမယံ။ ။ တိဝိဓသမ္ပတ္တိသုခံ သီလတိ ပတိဋ္ဌာတိ+ဧတ္တာတိ သိီလံ-ဟုပြု။ လူနာတ်နိဗ္ဗာန် သုံးတန်သော ချမ်းသာသည် သီလစင်ကြယ်မှရနိုင်သောကြောင့် သီလသည် ချမ်းသာ၏ တည်ရာ ဖြစ်၏။ နိစ္စသီလ ဥပေါသထ နိယမ-ဟူသော ငါးပါး ရှစ်ပါး ဆယ်ပါးသိီလ အရကောက်။ ပါတိမောက္ခသံဝရသီလ-ကို သဒ္ဓါ-ဖြင့် ပစ္စယသံနိဿိတသီလ-ကို ပညာဖြင့်၊ ဣန္ဒြိယသံဝရသီလ-ကို သတိဖြင့်၊ အာဇာဝ- ပါရိသုဒ္ဓိသီလ-ကို ဝီရိယဖြင့် စောက်ရှောက်မှ လုံခြုံသည်။
ပုညကိရိယဝတ္ထု၊ လည်းကောင်း။ **ဘာဝနာမယံ**၊ ဘဝနာတည်းဟူသော။ ပုညကိရိယဝတ္ထု၊ လည်းကောင်း။ (ဒါနမယစသည်၌ မယပစ္စည်းသွတ္ထ)

ဘိက္ခဝေ၊ တို့။ ဣမာနိ တီဏိ၊ ဤသုံးပါးတို့သည်။ ပုညကိရိယဝတ္ထူနိ၊ ပုညကိရိယဝတ္ထုတို့တည်း။

ဧတမတ္ထံ၊ ကို။ ဘဂဝါ၊ သည်။ အဝေါစ၊ ပြိီ။
တတ္ထ၊ ထိုပုညကိရိယဝတ္ထုသုတ်၌။ ပုညမေဝ သောသိက္ခေယျ (လ) ပဏ္ဍိတောဥပပဇ္ဇတိဟူသော။ ဧတံ၊ ဤဂါထာဗန္ဓကို။ ဣတိ၊ သို့။ ဝုစ္စတိ၊ ၏။**ဘာဝနာမယံ**။ ။ ဘာဝေတိ+ဧတာယာတိ၊ ဘာဝနာ။ ဘာဝနာ ဧဝ ဘာဝနာ-မယံ-ဟုပြု။ စက္ခု စက္ခုဝိညာဏ်စသော ဆဆက္က- တရားတို့ကို အနိစ္စ ဒုက္ခ အနတ္တ-ဟုရှုသူ၏ စေတနာ၊ ပထဝီကသိုဏ်း‌စသော ၃၈-ပါးသော ကမ္မဋ္ဌာန်းတို့ကို ပွားများခြင်းကြောင့် ရရှိလာသော စျာနစေတနာ၊ အပြစ်ကင်းသော ကမ္မ သိပ္ပ ဝိဇ္ဇာ-တို့ကို လေ့လာခြင်း နှလုံးသွင်းခြင်းကြောင့် ဖြစ်‌ပေါ်လာသော စေတနာတို့ကို အရကောက်။
လှူပုံ ကွဲ၍ ဒါနသုံးမျိုး ကွဲပြား။ ။ အလှူပေးပုဂ္ဂိုလ်က ဤဆွမ်းကို လှူဒါန်းပါ၏ဟု လှူသည်ဖြစ်စေ၊ ဤဆွမ်းအလှူသည်ဗောဓိဉာန်၏ အထောက်အပံ့ ဖြစ်ပါစေဟု ဆင်ခြင်၍ လှူသည်ဖြစ်စေ ထိုအလှူသည် ဒါနမယပုညကိရိယဝတ္ထုမည်၏။ မိဘလက်ထက် ဆွမ်းလောင်းတယ် ဆွမ်းကျွေးတယ်၊ ငါ့လက်ထက်မာလည်း ထိုဝတ်မပျက်အောင်ရည်ရွယ်၍ လှူလျှင် ထိုအလှူသည် သီလမယပုညကိရိယဝတ္ထု-ဖြစ်၏။ လှူဖွယ်ဝတ္ထု အလှူခံပုဂ္ဂိုလ် အလှူပေးပုဂ္ဂိုလ်တို့ကို ခဘဝယ-အားဖြင့် သုံးသပ်၍ လှူသော်လည်းကောင်း၊ ကံကံ၏ အကျိုးကို သုံးသပ်၍ လှူသော်လည်းကောင်း ထိုအလှူသည် ဘာဝနာမယ ပုညကိရိယဝတ္ထု-ဟု ခေါ်ဆိုရလေသည်။
ပုညကိရိယဝတ္ထု ၁၀-ပါး။ ။ ဤသုတ်၌ တီဏိမာနိ ဘိက္ခဝေ ပုညကိရိယဝတ္ထူနိ ဟု သုံးမျိုးသာဟောအပ်‌‌သော်လည်း အပစာယန, ဝေယျာဝစ္စ, ပတ္တိဒါန၊ အဗ္ဘာ-နုမောဒန, ဓမ္မဿဝန,ဓမ္မဒေသနာ, ဒိဋ္ဌိဇုကမ္မ-ဟု ၇-မျိုး ရှိသေးသည်။ ထိုထို ၇မျိုးနှင့် ဒါနသီလ ဘာဝနာပေါင်းလျှင် ၁၀-မျိုးအထိ ရှိသည်။ ထို ၇-မျိုးတွင် သရဏဂုံ ဆောက်တည်ခြင်းကို ဒိဋ္ဌိ ဇုကမ္မ-၌ သွင်းယူရမည်ဟု 'သရဏဂမနမ္ပိ ဟိ ဒိဋ္ဌိဇုဂတဝသေန သင်္ဂယှတိ'ဟု အဋ္ဌကထာဆရာမိန့်သည်။
အဗ္ဘာနုမောဒန။ ။ အလှူရှင်တို့က ပေးဝေသော ကုသိုလ်ကို သာဓု ခေါ်မှ အဗ္ဘာမုမောဒန-ဖြစ်သည် မဟုတ်။ သူတစ်ပါးတိုပြုလုပ်အပ်သော ကိုသုလ်ကို မိမိဘာသာ ဝမ်းသာအည့်လဲ သာဓုခေါ်ဆိုလျှင်လည်းအဗ္ဘာနုမောဒနပုညကိရိယဝတ္ထုကုသိုလ်ဖြစ်၏။

(ယော၊ အကြင်အမျိုးကောင်းသားသည်။ အတ္ထကာမော၊ အကျိုးစီိးပွားကိုလိုလား၏။) သော၊ ထိုအမျိုးကောင်းသားသည်။ အာယတဂ္ဂံ၊ ကြီးကျယ်ပြန့်ပြော၍ အထက်တန်းကျသောအကျိူးရှ်ိသော။ ဝါ၊ (မြတ်နိုးအပ်သော အကျိုးရှိသောကြောင့်) နောင်တစ်ချိန်၌ကောင်းမွန််သော။ သုခုဒြယံ၊ ချမ်းသာကိုပွားတိုးစေတတ်သော။ ပုညမေဝ၊ (ပုဇ္ဇဖလက်ို ဖြစ်စေတတ်၊ မိမိ စိတ်အစဉ်ကို ဖြူစင်စေတတ်သောကြောင့် ပုည-ဟုခေါ်ဆိုအပ်သော) ဒါန သီိလ ဘာဝနာ တည်းဟူသော ကုသိုလ်သုံးမျိုးကို။ သိက္ခေယျ၊ လေ့ကျင့် ဆည်းပူးရာ၏။

(ကတမံ ပုညံ၊ အဘယ်ကုသိုလ်ကို။ ကထံ သိက္ခေခယျ။ ဘယ်ပုံလေ့ကျင့် ဆည်းပူးရမည်နည်း။) ဒါနဉ္စ၊ ဒါနကုသိုလ်ကို လည်းကောင်း။ သမာစရိယဉ္စသုစရိုက်ဆယ်ပါးတည်းဟူသော သီိလကုသိုလ်ကိုလည်းကောင်း။ မေတ္တစိတ္တဉ္စ၊ မေတ္တာနှင့်ယှဉ်သော စိတ်ကိုလည်းကောင်း။ ဘာဝယေ၊ မိမိသန္တာန်၌ ဖြစ်စေရာ၏။ သုခ သမုဒ္ဒယေ၊ ချမ်းသာခြင်း အကျိုးရှိကုန် သော။ တယော၊ သုံးပါးကုန်သော။

ဧတေဓမ္မေ၊ ဤကုသိုလ်တရားတို့ကို။ ဘာဝယ်ိတွာ၊ ဖြစ်စေခြင်းကြောင့်။ အဗျာပဇ္ဇံ၊ ဗျာပါဒကင်း၍ ဆင်းရဲခြင်းမရှိသော။ သုခံ လောကံ (စျာန်သမာပတ်၏ အစွမ်းအားဖြင့်) တကယ့်ချမ်းသာသော ဗြဟ္မာ့လောကသို့။ပုညကိရိယဝတ္ထု ၁၀-ပါး ဖြစ်ပါလျက် သုံးပါသာ ဟောတော်မူခြင်း။ ။ ဒါန သီလ ဘာဝနာ-တည်းဟူသော ပင်မ ပုညကိရိယဝတ္ထု ၃-မျိုးတွင် အပစာယနနှင့် ဝေယျာဝစ္စ ၂-မျိုးကို သီလ၌သွင်း၊ ပတ္တိဒါန-နှင့် အဗ္ဘာမောဒနာ-ကို ဒါန၌သွင်း၊ ဓမ္မဒေသနာ-နှင့် ဓမ္မဿဝန-ကို ဘာဝနာ-၌ သွင်း၊ ဒိဋ္ဌဇုကမ္မ-ကို ဒါ, သီ,ဘာ, သုံးမျိုးလုံး၌ သွင်းရမည်။ သွင်းလို့ရသည်။ ထို့ကြောင့် ဤသုတ်၌ သုံးမျိုးသာ ဟော၏။
ဒါ သီ ဘာ သုံးမျိုး၌ သွင်းပုံ ဝါဒကွဲ။ ။ ဒါနသီလာ၊ ဘာဝနာ၊ သုံးဖြာစဉ်တိုင်းခင်း။ စ နှစ်ကို လယ်,လယ်နှစ်ကို စ၊ နောက်မှ နောက်ချင်းသွင်းဟူသော လင်္ကာအရအပစာယန-နှင့် ဝေယျဝစ္စ-ကို သီလ၌သွင်း၊ ပတ္တိဒါန-နှင့် အဗ္ဘာနုမောဒန-ကို ဒါန၌သွင်း၊ ကျန်် ဓမ္မဒေသနာ ဓမ္မဿဝန ဒိဋ္ဌိဇုကမ္မ ၃-မျိုး ဘာဝနာ၌ သွင်းရမည်ဟုဝါဒတစ်မျိုး ရှိသေး၏။ ဒိဋ္ဌိဇုကမ္မ-ကို သုံးမျိုးလုံး၌ သွင်းခြင်းနှင့် ဘာဝနာ-တစ်မျိုး၌သာ သွင်းခြင်းထူး၏။
ဝါ၊ (အခြားသော ကာမာဝဏရ ကုသိုလ်၏ အစွမ်းအားဖြင့်) သမ္ပတ္တိယတတည်းဟူသော လူ့လောက နတ်လောကသို့။ ပဏ္ဍိတော၊ သည်။ ဥပပဇ္ဇတိ၊ ကပ်‌ရောက််ရ၏။
အယမ္ပိ အတ္ထော-စသည် ပေးမြဲ။
ပဌမံ။