ဤဣတိဝုတ်ပါဠိ၌ ပါရှိသမျှသုတ်တို့သည် ဘုရားဟောမှ ဘုရားဟောပါ။ အရှင်သာရိပုတ္တရာစသော သာဝကများ ဟောအပ်သော သာဝကများ ဟောအပ်သော သာဝကဘာသိတ မဟုတ်ပါဟူသောအဓိပ္ပါယ်ကိုလည်းကောင်း၊ ဘုရားရှင် ဟောတော််မူအပ်သော အမှန်ပါ၊ ဘုရားရှင်မှ တစ်ပါး အခြားတစ်ဥုး တစ်ယောက်ထံမှ ကြားခဲ့တဲ့ သုတ်မဟုတ်ပါ-ဟူသောအဓိပ္ပါယ်ကိုလည်းကောင်း သိစေလိုသောကြောင့် နှစ်ဝါကျ ဟောတော်မူခြင်းဖြစ်သည်။ (ဖြေ)]
အမှာ။ ။ နှစ်ဝါကျဟောခြင်းနှင့်စပ်၍ ရှင်းလင်းချက်များစွာ ရှိသေး၏။ အဋ္ဌကထာ ရှုလေ။
ဧဝါ ဘိက္ခဝေ။ ။ တရားဟောရမှာ မဟောသေးဘဲ ဘိက္ခဝေ-ဟု ခေါ်တော်မူခြင်းသည် တရားနာပရိတ်သတ်တို့ကို သတိပေးသည့်အနေဖြင့် ခေါ်တော်မူခြင်းတည်း။ (ဋ္ဌ။) ဝေါ- သည် ပဌမာ, ဒုတိယာ, ကရိုဏ်း, သာမိအနက်တို့ကို မဟော၊ သမ္ပဒါန်အနက်ဟော သမ္ပဒါနဝါစက။
ပါဋိဘောဂေါ။ ။ ငွေချေးငှားသူ မြီစားကို အကြောင်းပြု၍ မြီရှင်ငွေရှင်ကို အာမခံသူ၊ မြီရှင် ငွေရှင်ကို အကြောင်းပြု၍ မြီစား ငွေချေးငှားအတွက် အာမခံသူတာဝန်ယူသူကို ပဋိသူ-ဟု ခေါ်ဆိုအပ်၏။ ထို့အတူ ဘုရားရှင်သည်လည်း ကာမရာဂကို ပယ်စွန့်သော ပုဂ္ဂိုလ်အတွက် အနာဂါမ်ဖြစ်ရန် တာဝန်ခံသည်။ ထို့ကြောင့် ဘုရားရှင်လည်း ပဋိဘူ-ပုဂ္ဂိုလ်တည်း။ ထို့ကြောင့် "ပါဋိဘောဂေါတိ ပဋိဘူ၊ သောဟိ ဓာရဏကံ ပဋိစ္စ ဓနိကဿ ဓနိကံ ပဋိစ္စ ဓာရဏကဿ ပဋိနိဓိဘူတော ဓနိကသန္တကဿ တတော ဟရဏာဒိသင်္ခါတေန ဘုဉ္ဇနေန ဘောဂေါတိ ပဋိဘောဂေါ၊ ပဋိဘောဂေါ ဧဝ ပါဋိဘောဂေါ"ဟု မိန့်ပြီ။ (ဋ္ဌ၊ ၃၆)
လောဘံ ဘိက္ခဝေ။ ။ နောက်ထပ် လောဘံ ဘိက္ခဝ-ဟုခေါ်တော်မူခြင်းသည် ရှေးရှုနားထောင် နားစွင့်နေသော ဓမ္မပဋိဂ္ဂါဟကတို့အား ထိုတရားတော်၌ ရိုသေလေးစားစေရန် ဖြစ်သည်။ အာဒရဇနနတ္ထံ။ (ဋ္ဌ၊၃၈)
လောဘံ ပဇဟထ။ ။ လောဘံ ပဇဟထ- ဖြင့် ပဟာနပရိညာ-ကို တိုက်ရိုက်သိစေသည်။ ထို ပဟာနပရိညာ-သည် တီရဏပရိညာ၌ တည်သောကြောင့် တီရဏပရိညာနှင့် မကင်းနိုင်။ တီရဏပရိညာသည်လည်း ဉာတပရိညာ၌ တည်သောကြောင့် ဉာတပရိညာနှင့် မကင်းနိုင်။ ထို့ကြောင့် ပရိညာသုံးပါးလုံးကို သိစေသည်-ဟုဆိုအပ်၏။ ပရိညာသုံးပါးအထူးကို ဋ္ဌ-နှာ ၅၀-၌ ရှု။ ပါဋိဘောဂေါ၊ အာမခံ၏။ ဝါ၊ အာမခံပုဂ္ဂိုလ်တည်း။
ဒုဂ္ဂတိံ။ ။ ဒုဂ္ဂတိံ ၌ ဒုအရ မကောင်းသောသူတို့ကို အချို့နေရာ၌ ဖွင့်ဆိုသော်လည်း ဤ၌ ဒု-ကို ဒုက္ခဿ-ဟုဖွင့်ဆိုခြင်းကြောင့် ဒုက္ခ၏ ဖြစ်ရာ တည်ရာဖြစ်သော ငရဲ တိရစ္ဆာန် ပြိတ္တာတို့ကို ဒုဂ္ဂတိ-ဟုဆိုလိုသည်။ ဂါထာရှေ့ထက်ဝက်၏ ဆိုလိုရင်းကား အာယတန ၁၂-ပါးတို့၌ လောဘဖြင့် တပ်မက်တွယ်တာ ကပ်ငြိသော သတ္တဝါတို့သည် ငရဲစသော ဒုဂ္ဂတိဘုံဌာနသို့ ပဋိသန္ဓေနေသောအားဖြင့် ရောက်ကုန်ကြသည် ဟူလို။ **ဝိပဿိနော**၊ ရုပ်နာမ်နှစ်ဖြာ ဥပါဒါနက္ခန္ဓာကို အနိစ္စစသည်ဖြင့် ရှုမြင်ကုန်သောသူတို့သည်။ **တံ လောဘံ**၊ ထိုလောဘကို။ သမ္မာ၊ မှန်ကန်စွာ။ **အညာယ**၊ ဉာတပရိညာ တီရဏပရိညာဟု ဆိုအပ်သော ပညာဖြင့် သိ၍။ ပဇဟန္တိ၊ ပယ်စွန့်ကုန်၏။ **ပဟာယ**၊ ပယ်စွန့်၍။ **ဣမံ လောကံ**၊ ဤလောကသို့။ **ကုဒါစနံ**၊ တစ်ခါတစ်ရံမျှ။ **ပုန**၊ နောက်ထပ်။ **န အာယန္တိ**၊ မလာတော့ကုန်။
ယေန လောဘေန လုဒ္ဓါသေ-ဂါထာမှ တစ်မျိုးတစ်ဖုံ တစ်နည်းပြောင်း၍ ယေနဒေါသေန ဒုဋ္ဌာသေ-ဂါထာကို အနက်ပြန်ဆိုလိုက်သည်။
ထိုကြောင့် ဂါထာ၌ မက္ခာသေ-ပုဒ်ကိုလည်း ပရေသံ ဂုဏာနံ မက္ခိတာရောဟူ၍၎င်း၊ တတော ဧဝ အတ္တနောပိ ဓံသိတဂုဏာတိအတ္တော-ဟူ၍၎င်း နှစ်မျိုးရအောင်ဖွင့်ဆိုလေသည်။ တံ မက္ခံ၊ ထို သူ့ကျေးဇူးကို ချေဖျက်တတ်သော မက္ခကို။ သမ္မာ၊ မှန်ကန်စွာ။ ဝါ၊ သင့်သော အကြောင်း ယုတ္တိဖြင့်။ အညာယ၊ ဉာတပရိညာ တီရဏပရိညာပညာဖြင့် သိ၍။ ပဟာယ၊ အကြွင်းမဲ့ ပယ်စွန့်ခြင်းကြောင့်။ ဣမံ လောကံ၊ ဤကာမဘုံ ကာမဓာတ်သို့။ ကုဒါစနံ၊ တစ်ခါတစ်ရံမျှ။ ပုန၊ နောက်ထပ်။ န အာယန္တိ၊ မလာရောက်တော့ကုန်။
အနာဂါမ်အမျိုးအစား ၅-ပါး။ ။ သုဒ္ဓါဝါသဘုံ၌ အသီးသီး ပဋိသန္ဓေနေမှုကို အကြောင်းပြု၍ အဝိဟာ-အနာဂါမ်, အတပ္ပါအနာဂါမ်, သုဒဿာအနာဂါမ်, သုဒဿီအနာဂါမ်, သုဒဿီအနာဂါမ်, အကနိဋ္ဌအနာဂါမ်-ဟု ၅-မျိုး။ ထို ၅-မျိုးတွင် ရှေ့လေးမျိုးတို့၌ တစ်မျိုးမျိုးလျှင် အန္တရာပရိနိဗ္ဗာယီ, ဥပဟစ္စပရိနိဗ္ဗာယီ, ဥပဟစ္စပရိနိဗ္ဗာယီ, အသင်္ခါရပရိနိဗ္ဗာယီ, သသင်္ခါရပရိနိဗ္ဗာယီ, ဥဒ္ဓံသောတပရိနိဗ္ဗာယီ-ဟု ၅-မျိုးရ၏။ နောက်ဆုံး အကနိဋ္ဌအနာဂါမ်၌ကား ဥဒ္ဓံသောတအကနိဋ္ဌ အနာဂါမ် မရှိသောကြောင့် လေးမျိုး ရ၏။
အဝိဟာအနာဂါမ် ၅-မျိုး၊
အတပ္ပါအနာဂါမ် ၅-မျိုး၊
သုဒဿာအနာဂါမ် ၅-မျိုး၊
သုဒဿီအနာဂါမ် ၅-မျိုး၊
အကနိဋ္ဌအနာဂါမ် ၄-မျိုးသာ (ဥဒ္ဓံသောတမရသောကြောင့်)ဟူလို။
**တစ်နည်းအနာဂါမ် ၄၈**။ ။ အထက်ပါ အဝိဟာအနာဂါမ် ၅-မျိုး အနက်အသင်္ခါရပရိနိဗ္ဗာယီအနာဂါမ်၊ သသင်္ခါရပရိနိဗ္ဗာယီအနာဂါမ် ပုဂ္ဂိုလ်မည်မျှရှိသလဲဟု ထပ်မံ စစ်ကြည့်လျှင် ကပ္ပါတစ်ရာ၏အထက် တစ်ချိန်ချိန် ပရိနိဗ္ဗာန်စံမည့် အန္တရာပရိနိဗ္ဗာယီ ၁, ကပ္ပါနှစ်ရာ၏အဆုံး၌ ပရိနိဗ္ဗာန်စံမည့် အန္တရာပရိနိဗ္ဗာယီ ၁, ကပ္ပါငါးရာ မပြည့်မီ ပရိနိဗ္ဗာန်စံမည့် အန္တရာပရိနိဗ္ဗာယီ ၁၊ ပေါင်း အန္တရာပရိနိဗ္ဗာယီ ၃-ယောက်၊ ဥပဟစ္စအန္တရာပရိနိဗ္ဗာယီ ၁-ယောက်၊ ဥဒ္ဓံသောတအကနိဋ္ဌဂါမီ ၁-ယောက်၊ပေါင်း၃+၁+၁၊ ၅- ယောက်။ ထို ၅-ယောက်သည် အသင်္ခါရပရိနိဗ္ဗာယီပုဂ္ဂိုလ် ၅-ယောက်လည်း ဟုတ်၏၊ သသင်္ခါရပရိနိဗ္ဗာယီပုဂ္ဂိုလ် ၅-ယောက်လည်း ဟုတ်၏။ ထိုကြောင့်--
အဝိဟာအနာဂါမ်ကို အသင်္ခါရ, သသင်္ခါရနှစ်မျိုးဖြင့် စိစစ်ဝေဖန်သောအခါအထက်ပါအတိုင်း အသင်္ခါရ ၅-ယောက်၊ သသင်္ခါရ၅-ယောက် ပေါင်း ၁၀-ယောက်ရ၏။ အတပ္ပါ, သုဒဿာ, သုဒဿီ-တို့၌လည်း ၁၀-ယောက် စီပင်ရ၏။ နောက်ဆုံး အကနိဋ္ဌအနာဂါမ်ကား ဥဒ္ဓံသောတပုဂ္ဂိုလ်မရနိုင်သောကြောင့် အသင်္ခါရ ၄-ယောက် သသင်္ခါရ ၄-ယောက် ပေါင်း ၈-ယောက်သာ ရ၏။ နောက်ဆုံခြုံလိုက် လျှင် အဝိဟာစသော ရှေ့လေးဘုံရှိ အနာဂါမ်က ၁၀-ယောက်စီရသောကြောင့် ၄၀၊ နောက်အကနိဋ္ဌ အနာဂါမ်က ၈-ယောက်သာရ၍ ပေါင်း အနာဂါမ်ပုဂ္ဂိုလ် ၄၈-ယောက်ဖြစ်၏။
ဥဒ္ဓံသောတ အကနိဋ္ဌဂါမီအနာဂါမ် ၄-မျိုး သုဒ္ဓါဝါသအောက်လေးဘုံ၌ နေပြီးနောက် အကနိဋ္ဌဘုံရောက်မှ ပရိနိဗ္ဗာန်စံလျှင် ဥဒ္ဓံသောတအကနိဋ္ဌဂါမီအနာဂါမ်တည်း။ ယေန မာနေန၊ အကြင်မာနဖြင့်။ မတ္တာသေ-မတ္တာ၊ ဇာတိမာန် ပုရိသမာန် ပညာမာန်စသောအားဖြင့် ကိုယ့်ကိုယ်ကို ပင့်မြှောက်ကာ မူးမေ့နေကြကုန်၏ မတ္တတ္တာ၊ ကြောင့်။ သတ္တာ၊ သတ္တဝါတို့သည်။ ဒုဂ္ဂတိံ၊ ဆင်းရဲဒုက္ခ၏ ဖြစ်ရာတည်ရာ ဒုဂ္ဂတိဘုံဘဝသို့။သုဒ္ဓါဝါသအောက်သုံးဘုံ၌ နေပြီးနောက် စတုတ္ထသုဒဿီဘုံရောက်မှ ပရိနိဗ္ဗာန်စံလျှင် ဥဒ္ဓံသောတ န အကနိဋ္ဌဂါမီအနာဂါမ်တည်း။
ပဋိသန္ဓေနေသောအားဖြင့် သုဒဿီဘုံရောက်နေသော အနာဂါမ်သည် အကနိဋ္ဌဘုံရောက်မှ ပရိနိဗ္ဗာန်စံခဲ့လျှင် န ဥဒ္ဓံသောတ အကနိဋ္ဌဂါမီအနာဂါမ်တည်း။
သုဒ္ဓါဝါသအောက်လေးဘုံသို့ ပဋိသန္ဓေနေသောအားဖြင့် ရောက်လာ၍၊ ထိုရောက်ရာဘုံအသီးသီး၌ပင် ပရိနိဗ္ဗာန်စံလျှင် န ဥဒ္ဓံသောတ န အကနိဋ္ဌဂါမီအနာဂါမ်တည်း။
အနာဂါမ် ၅-မျိုးအထူး အကြင်အနာဂါမ်သည် အဝိဟာစသော သုဒ္ဓါဝါသဘုံတို့၌ ပဋိသန္ဓေနေ၏။ ထိုအနာဂါမ်သည် မိမိပဋိသန္ဓေနေရာဘုံ၏ သက်တမ်းတစ်ဝက်ကို၊ ဝါ၊ သက်တမ်းအလယ်ကို မလွန်ဘဲ ရဟန္တာဖြစ်၍ ပရိနိဗ္ဗာန်စံလျှင် အန္တရာပရိနိဗ္ဗာယီအနာဂါမ်တည်း။
အကြင်အနာဂါမ်သည် မိမိပဋိသန္ဓေနေရာဘုံ၏ သက်တမ်းထက်ဝက်၊ ဝါ၊ သက်တမ်းအလယ်ကိုလွန်၍ ရဟန္တာဖြစ်ကာ ပရိနိဗ္ဗာန်စံလျှင် ဥပဟစ္စပရိနိဗ္ဗာယီ အနာဂါမ်တည်း။
လွန်လွန်ကဲကဲ လုံ့လပယောဂမစိုက်ရဘဲ မငြိုမငြင် အနည်းငယ်သော ဆင်းရဲဖြင့် ရဟန္တာဖြစ်၍ ပရိနိဗ္ဗာန်စံလျှင် အသင်္ခါရပရိနိဗ္ဗာယီအနာဂါမ်တည်း။
လွန်လွန်ကဲကဲ လုံလပယောဂစိုက်၍ ငြိငြင်ဆင်းရဲစွာ ရဟန္တာဖြစ်၍ ပရိနိဗ္ဗာန်စံလျှင် သသင်္ခါရပရိနိဗ္ဗာယီအနာဂါမ်တည်း။
အဝိဟာဘုံတို့၌ ပဋိသန္ဓေနေသောအားဖြင့် ရောက်လာကြသော အနာဂါမ်တို့သည် ရဟန္တာအဖြစ်သို့ မရောက်နိုင်ဘဲ ထိုရောက်ရာဘုံ၏ သက်တမ်းရှိသမျှ တည်နေပြီး အကနိဋ္ဌဘုံသို့ ပဋိသန္ဓေတည်နေသောအားဖြင့် ရောက်သွားလျှင် ထိုအနာဂါမ်သည် ဥဒ္ဓမဿ တဏှာသောတံ ဝဋ္ဋသောတံ မဂ္ဂသောတမေဝဝါတိ ဥဒ္ဓံသောတော၊ ပဋိသန္ဓိဂ္ဂဟဏဝသေန အကနိဋ္ဌံ ဂစ္ဆတီတိ အကနိဋ္ဌဂါမီနှင့်အညီ ဥဒ္ဓံသောတ အကနိဋ္ဌဂါမီအနာဂါမ်မည်၏။ (ဋ္ဌ၊၄၈) ဂစ္ဆန္တိ၊ ပဋိသန္ဓေတည်နေသောကြောင့် ရောက်ကြကုန်၏။ ဝိပဿိနော၊ ရုပ်နာမ်ဓမ္မ ဥပါဒါနက္ခန္ဓကို အနိစ္စစသော အထူးထူးသောအခြင်းအရာတို့ဖြင့် ရှုမှတ်သောယောဂီတို့သည်။ တံ မာနံ၊ ထိုထောင်လွှားခြင်းမာန်ကို။ သမ္မာ၊ မှန်ကန်စွာ။ ဝါ၊ မှန်ကန်စွာ အကြောင်းယုတ္တိဖြင့်။ အညာယ၊ ဉာတပရိညာ တီရဏပရိညာ ပညာဖြင့် သိ၍။ ပဇဟန္တိ၊ အကြွင်းမဲ့ ပယ်စွန့်ကြကုန်၏။ ပဟာယ၊ ပယ်စွန့်ခြင်းကြောင့်။ ဣမံ လောကံ၊ ဤကာမဘုံ ကာမဓာတ်သို့။ ကုဒါစနံ၊ တစ်ခါတစ်ရံမျှ။ ပုန၊ နောက်ထပ်။ န အာယန္တိ၊ မလာရောက်တော့ကုန်။
ထိုအကျယ်လေးမျိုးကို အကျဥ်းနှစ်မျိုး၌ သွင်းလျှင် သဗ္ဗသဗ္ဗသည် နိပ္ပဒေသသဗ္ဗ၊ ကျန်သုံးမျိုးသည် သပ္ပဒေသသဗ္ဗတည်း။ အကျဥ်းနှစ်မျိုး ဖြစ်ဖြစ် အကျယ်လေးမျိုးဖြစ်ဖြစ် သဗ္ဗသဒ္ဒါမှန်သမျှ၏ ဟောနက်ကား အနဝသေသ၊ အကြွင်းမဲ့အနက်ဟောချည်းတည်း။ ဤအဓိပ္ပါယ်ကို သတိရှိစေ။ အနဝသေသ=အကြွင်းမဲ့ အနက်ကိုဟောသော်လည်း သဗ္ဗပုဒ်၏ စပ်ရာ ဝိသေသျကို ကြည့်၍ အနဝသေသကို ခွဲခြားရာ၏။ ဥပမာ-သဗ္ဗံ ရူပံ ဝေဒနာ၊ သဗ္ဗသက္ကာယ ပရိယာပန္နေသု ဓမ္မေသု-ဟူသောပါဠိတို့၌ ပဌမသဗ္ဗသည် ရူပံ၏ ဝိသေသန ဖြစ်သောကြောင့် ရုပ်မှန်သမျှ အကြွင်းမဲ့အကုန် ဟောရကား အနဝသေသဝါစကတည်း။ ဝေဒနာ သညာစသည်ကို မဟောလို့ ဤသဗ္ဗကို အနဝသေသဝါစကမဟုတ်၊ သာဝသေသသဗ္ဗဟု မဆိုသင့်။ သဗ္ဗာ ဝေဒနာ၌ သဗ္ဗလည်း ဝေဒနာ၏ ဝိသေသန၊ဝါ၊ ဝေဒနာနှင့်သာ ဝိသေသန ဝိသေသျစပ်သောကြောင့် ဝေဒနာမှန်သမျှ အကြွင်းမဲ့ ဟောရကား အနဝသေသဝါစကတည်း။ ရုပ်သညာ သင်္ခါရတို့ကို မဟောလို့ သာဝသေသသဗ္ဗဟု မဆိုသင့်။
ထိုကြောင့် ဤသုတ်လာ သဗ္ဗသဒ္ဒါကို အကျဥ်းနှစ်မျိုး၌ သွင်းလျှင် သပ္ပဒေသသဗ္ဗ အကျယ်လေးမျိုး၌သွင်းလျှင် ဝိပဿာနာဉာန်၏ အာရုံဖြစ်သော တေဘူမက ဥပါဒါနက္ခန္ဓာကို ရသောကြောင့် သက္ကာယသဗ္ဗ။ ဟောနက်ဝစ္စအနေအားဖြင့် အနဝသေသဝါစက-ဟု မှတ်။
**မှတ်သားဖွယ်**။ ။ ဤဂါထာ၌ သဗ္ဗတ္ထေသု န ရဇ္ဇတိ-ဖြင့် တဏှာဂါဟ၊ တဏှာစွဲကင်းကြောာင်း မုချအားဖြင့် သိစေသည်။ အကြောင်းတဏှာစွဲကင်းသဖြင့် အကျိုးဒိဋ္ဌိစွဲမာနစွဲတို့ ကင်းကြောင်းကိုလည်း အဝိနာဘာဝနည်းဖြင့် သိစေသည်။ သဗ္ဗတ္ထ-ဟူသောဝိဘတ္တိ ပစ္စယန္တနောင် သုဒ္ဓဝိဘတ်ဖြစ်သော သတ္တမီ သုဝိဘတ်သက် ထားခြင်းသည် သတိထား မှတ်သားဖွယ်ရာတည်း။ သို့မဟုတ် သဗ္ဗနှင့်တကွ သမာသ်၊ ထို့နောင် ဝိဘတ်သက်သည်ဟူ၍သော်လည်း ကြံ။
အပရိဇာနံ ပရိညာသုံးမျိုး အာရဒ္ဓဝိပဿက ယောဂါဝစရပုဂ္ဂိုလ်သည် တေဘူမက ရုပ်နာမ်ဓမ္မကို သိသည်ဟုဆိုရာ၌ ပရိညာသုံးမျိုးဖြင့် သိမှသာ သိသည်မည်၏။ ထို့ကြောင့် ပရိညာသုံးမျိုးအထူးကို ပြဥုးအံ့။
က။ ဘူတရုပ် ဥပါဒါရုပ်စသော ရုပ်တရားနှင့် ဖဿစသော နာမ်တရားတို့ကို လက္ခဏရသ စသောအားဖြင့်လည်းကောင်း၊ ထိုရုပ်နာမ်တို့၏ဖြစ်ကြောင်းအဝိဇ္ဇာ သင်္ခါရ စသော ပစ္စယအားဖြင့်လည်းကောင်း ကွဲကွဲပြားပြားသိခြင်းသည် ဉာတပရိညာတည်း။
ခ။ ဤသို့ ဉာတပရိညာဖြင့် သိပြီး၍ ထိုရုပ်နာမ်ဓမ္မတို့ကို အနိစ္စတော ဒုက္ခတော ပရတော စသော ၄၂-ပါး သော အခြင်းအရာဖြင့် ဆုံးဖြတ်နိုင်ခြင်းသည် တီရဏ ပရိညာတည်း။
ဂ။ ထိုသို့ဆုံးဖြတ်ပြီးနောက် ထိုရုပ်နာမ်ဓမ္မတို့၌ တွယ်တာကပ်ငြိသော ဆန္ဒဘဝကို အရဟတ္တမဂ်ဖြင့် ပယ်ခြင်းသည် ပဟာနပရိညာတည်း။
တစ်နည်း ပရိညာသုံးမျိုး အထူး က။ ဒိဋ္ဌိဝိသုဒ္ဓိ, ကင်္ခါဝိတရဏဝိသုဒ္ဓိနှစ်မျိုးသည် ဉာတပရိညာ။ ခ။ မဂ္ဂါမဂ္ဂဉာနဒဿနဝိသုဒ္ဓိ, ပဋိပဒါဉာနဒဿနဝိသုဒ္ဓိနှစ်မျိုးသည် တီရဏပရိညာ။ တစ်နည်း- ကလာပသမ္မသနအစ အနုလောမတိုင်အောင်သော ဝိပဿနာဉာန်သည် တီရဏပရိညာ။
သဗ္ဗဉ္စ ခေါ ဘိက္ခဝေ အဘိဇာနံ ပရိဇာနံ တတ္ထ စိတ္တံ ဝိရာဇယံ ပဇဟံ ဘဗ္ဗော ဒုက္ခက္ခယာယ-ဝါကျ၏ ပိဏ္ဍတ္ထ
သဗ္ဗံ အဘိဇာနံ။ ။ ထင်ရှားရှိသော ဥပါဒါနက္ခန္ဓပဉ္စက အားလုံးကို သရုပ်အားဖြင့်လည်းကောင်း၊ ပစ္စည်းအားဖြင့်လည်းကောင်း၊ ဉာန်အားရှေးရှု မျက်မှောက်ပြုသည်၏ အစွမ်းဖြင့် ထူးသောဉာန်ဖြင့် သိမည်၊
ပရိဇာနံ။ ။ ဖြစ်ပြီး၍ မရှိတော့သော အခြင်းအရာစသည်ကို သိမ်းဆည်းသောအားဖြင့် ထိုခန္ဓပဉ္စကကို အနိစ္စစသော လက္ခဏာတို့ဖြင့် ပိုင်းခြားသိမည်၊
ဝိရာဇယံ။ ။ မှန်ကန်စွာ အနိစ္စစသော အခြင်းအရာဖြင့် ထိုးထွင်းသိခြင်းကြောင့် ဖြစ်ပေါ်လာသော ဘယဉာန် အာဒီနဝဉာန် နိဗ္ဗိဒါဉာန်တို့၏ အာနုဘော်ဖြင့် မိမိ၏စိတ်အစဥ်ကို တပ်မက်ခြင်းကင်းအောင် တပ်မက်မှုပျက်ပြယ်အောင်ပြုမည်၊
ပဇဟံ။ ။ ဝုဋ္ဌာနဂါမိနီ ဝိပဿာနာနှင့်တကွ မဂ်ဉာန်ဖြင့် သမုဒယအသင်းဝင် ကိလေသဝဋ်ကို အကြွင်းမဲ့ ပယ်နိုင်မည်ဆိုလျှင်-
ဘဗ္ဗော ဒုက္ခက္ခယာယ။ ။ ကိလေသာ အငြစ်အကြေးကို ပယ်သဖြင့် ကမ္မဝဋ်ပြုတ်၊ ကမ္မဝဋ်ပြုတ်သဖြင့် ဝိပါကဝဋ်လည်းချုပ်ကာ အလုံးစုံသော သံသရာဝဋ်ဒုက္ခ ပြုတ်ပြုတ်ပြုန်း၍ အနုပါဒိသေသနိဗ္ဗာန်သို့ ရရောက်ဖို့ သေချာ၏- ဟူလို။
ဤဝါကျ၏ ပိဏ္ဍတ္ထကို ပြောင်းပြန်လှန်လျှင် 'သဗ္ဗံ ဘိက္ခဝေ အနဘိဇာနံ အပရိဇာနံ'စသော ဝါကျ၏ ပိဏ္ဍတ္ထကိုလည်း သိနိုင်၏။ (ဋ္ဌ၊၅၁)
'ယော သဗ္ဗံ သဗ္ဗတော ဥတွာ (လ) သဗ္ဗဒုက္ခမုပစ္စဂါ'တိ၊ **မုပစ္စဂါ'**ဟူသော။ ဧတံ၊ ဤဂါထာအနက်အဓိပ္ပါယ်ကို။ ဘဂဝတာ၊ သည်။ ဣတိ၊ ဤသို့။ ဝုစ္စတိ၊ မိန့်ဆိုတော်မူအပ်၏။
ယော သဗ္ဗံ သဗ္ဗတော ဉတွာ-ဂါထာအနက် ယော၊ အကြင်အာရဒ္ဓဝိပဿကပုဂ္ဂိုလ်သည်။ သဗ္ဗံ၊ အလုံးစုံသော တေဘူမကသင်္ခါရကို။ သဗ္ဗတော၊ (ကုသိုလ် အကုသိုလ်, သာဝဇ္ဇ အနဝဇ္ဇ, ခန္ဓာအာယတန ဓာတ် သစ္စာစသော) အလုံးစုံသောအဖို့အားဖြင့်။ ဝါ၊ ဒုက္ခစသောအဖို့အစု၊ ပိဠနစသော အဖို့အစုအားဖြင့်။ တစ်နည်း၊ သဗ္ဗတော၊ (ကက္ခဠဖုသနစသော လက္ခဏာ အနိစ္စစသော) အလုံးစုံသောအခြင်းအရာအားဖြင့်။ ဉတွာ၊ ဝိပဿနာရှေ့သွားရှိသော မဂ်ဉာန်ဖြင့် သိ၍။ ဝါ၊ ဝိပဿနာဉာန်ဖြင့်သိခြင်းကြောင့်။ သဗ္ဗတ္ထေသု၊ (အတိတ်အနာဂတ်စသည်ပြားသော) အလုံးစုံသောသက္ကာယဓမ္မတို့၌။ န ရဇ္ဇတိ၊ မတပ်မက်။ ဝေ၊ စင်စစ်။ ဝါ၊ ထင်ထင်ရှားရှား။ သဗ္ဗပရိညာ၊ အလုံးစုံသော တေဘူမကသင်္ခါရတို့ကို ပိုင်းခြား၍သိခြင်းကြောင့်။ (သဗ္ဗပရိညာ-သည် တွာပစ္စယန္တမဟုတ်၊ ကာရဏတ္ထ ပဉ္စမျန္တ၊ ထိုကြောင့်သဗ္ဗနှင့် ပရိညာသမာသ်စပ်သည်။) သော၊ ထိုအာရဒ္ဓဝိပဿက ယောဂါဝစရပုဂ္ဂိုလ်သည်။ ဝါ၊ အရိယာပုဂ္ဂိုလ်သည်။ သဗ္ဗဒုက္ခံ၊ အလုံးစုံသော ဝဋ်ဒုက္ခကို။ အစ္စဂါ၊ လွန်မြောက်ပြီ။
မာနဂန္ထာ ဘဝေ ရတာ။ ။ မာနအနှောင့်အဖွဲ့ခံရသူတို့သည် ယင်းသို့ခံရသည့်အတွက် ကြာမြင့်စွာ မာန၏ အထုံအမွှမ်းရရှိခံစားသည်အားလျော်စွာ 'အဟံကာရ' မာန၏အစွမ်းဖြင့် ကာမာဒိဘဝ၌ မွေ့လျော်ကြကုန်၏။
တစ်နည်း။ ။ 'ဧဝံ မမ'ဟူသော တဏှာစွဲဖြင့် သင်္ခါရတရားတို့၌ မျိုချသည့်အလား သိမ်းပိုက်ဖန်များသောကြောင့် နိစ္စ၊ သုခ၊ သုဘ၊ အတ္တ-ဟူသော ဝိပလ္လာသ၏အစွမ်းအားဖြင့်လည်း ထိုကာမာဒိဘုံဘဝ၌ မွေ့လျော်ကြကုန်၏။
အာဂန္တာရော ပုနဗ္ဘဝံ။ ။ ပုနကို အာယတိံ၊ ဘဝံကို ဥပတ္တိဘဝံ၊ အာကိုအပရာပရံ ပရိဝတ္တနဝသေန၊ ဂန္တာရောကို ဥပဂန္တာရောဟု ဖွင့်ခြင်းကြောင့် တစ်ဖန်နောင်တစ်ချိန် ဥပပတ္တိဘဝသို့ အကြိမ်ကြိမ် လည်ပတ်သောအားဖြင့် ကပ်ရောက်ကြရသည်။ (ဋ္ဌ၊ ၅၂)
တစ်နည်း။ ။ ပုနဗ္ဘဝကို သံသာရံ၊ အာဂန္တာရောကို ရှေးနည်းတူ ဖွင့်ခြင်းကြောင့်အဖန်ဖန် ဖြစ်ခြင်းဟူသော သံသရာသို့ အကြိမ်ကြိမ် ကျင်လည်သောအားဖြင့် ကပ်ရောက်ကြရသည် ဟူလို။
ယေ စ မာနံ ပဟန္တွာန။ ။ ယေ စ ကို ယေ ပန၊ ပဟန္တွာနကို အရဟတ္တမဂ္ဂေန သဗ္ဗတော ပဇဟိတွာ၊ မာနံကို မာနံဟုဖွင့်ခြင်းကြောင့် ဘာကြောင့်လွတ်မြောက်တော်မူကြသနည်း၊ အရဟတ္တမဂ်ဖြင့် မာနကို အကြွင်းမရှိ ပယ်လိုက်သောကြောင့်ဟူလို။ မေ၊ အကျွန်ုပ်အာနန္ဒာသည်။ သုတံ၊ နာခံမှတ်သား ဆောင်ထားအပ်ပါပြီ။ ဘိက္ခဝေ၊ တို့။ လောဘံ၊ လောဘကို။ အနဘိဇာနံ၊ ထူးသောဉာန်ဖြင့် မသိသော်။ အပရိဇာနံ၊ ဉာတပရိညာ တီရဏပရိညာဖြင့် ပိုင်းခြား၍ မသိသော်။ တတ္ထ၊ ထိုလောဘ၌။ စိတ္တံ၊ ကို။ အဝိရာဇယံ၊ တပ်မက်ခြင်းမကင်းစေသော်။ ဝါ၊ တပ်မက်ခြင်းကင်းအောင် မပြုနိုင်သော်။ အပ္ပဇဟံ၊ အကြွင်းမဲ့ မပယ်နိုင်သော်။ ဒုက္ခက္ခယာယ၊ ဆင်းရဲကုန်ခြင်းငှာ။ အဘဗ္ဗော၊ မထိုက်။
သန္ဓာဝန္တိ သံသရန္တိ။ ။ မဟန္တေသု စေဝ ခုဒ္ဒကေသု စ ဘဝါဒီသု အပရာ-ပရုပ္ပတ္တိဝသေန သဗ္ဗတော ဓာဝန္တိ စေဝ သံသရန္တိ စ-ဟူသော ဋ္ဌ-အ လို သန္ဓဝန္ဓာဝနနှင့် သံသရာမထူး။ အာရမ္မဏန္တရသင်္ကမနဝသေန သန္ဓာဝနံ။ အာရုံတစ်မျိုးမှ အာရုံတစ်မျိုးသို့ ပြောင်းလွှဲခြင်းသည် သန္ဓာဝန။ ဘဝန္တရသင်္ကမနဝသေန သံသရဏံ-ဘဝတစ်ခုမှ ဘဝတစ်ခုသို့ ပြောင်းရွှေ့ခြင်းသည် သံသရဏ။ (ဋ္ဌ၊၅၄)
**တစ်နည်း**။ ။ စိတ္တက္ခဏတစ်ခု၌ ဥပါဒ် ဌီ ဘင်ဟု ခဏတ္တဘ၊ အခိုက်အတန့်သုံးခုရှိ၏။ ထိသုံးတွင် ဥပါဒ်သည် ဇာတိ, ဌီသည် ဇရာ, ဘင်သည် မရဏတည်း။လက်ဖျစ် တစ်တွက်အတွင်း၌ စိတ္တက္ခဏပေါင်း ကုဋေချီ၍ ဖြစ်သည်။ တစ်ဘဝအတွင်း၌ စိတ္တခဏ မည်မျှဟု ပြောပြလို့ပင် မဖြစ်နိုင်။ ထိုမဖြစ်နိုင်သော စိတ္တခဏတိုင်း၌ ဘငါဟူသော အခိုက်အတန့်မရဏ မရေမတွက်နိုင်အောင် ပါဝင်သောအားဖြင့် တစ်ဘဝတည်းမှာပင် တစ်ဘင်တည်းဘင်၊ တစ်သေတည်း သေနေခြင်းသည် သန္ဓာဝန။ လောကအလိုအားဖြင့် ပုခက်နှင့် ခေါင်းကြားကာလသည် တစ်ဘဝ၊ ပရမတ် အလိုအားဖြင့် ပဋိသန္ဓေ တည်နေသည်မှ နောက်ဆုံးစုတိိတ်အတွင်းသည် တစ်ဘတမည်၏။ သတ္တတါ တစ်ဥုး တစ်ယောက် နောက်ဆုံးစုတီိ စိတ်ကျခြင်း ဖြစ်ခြင်းကို မရဏ=သေသည်ဟုဆိုအပ်၏။ ထိုသေခြင်းကို သမ္မတိမရဏဟုခေါ်ဆို၏။ ဘတပေါင်းများစွာ ဘဝတိုင်း ဘဝတိုင်း သမ္မုတိမရဏအနေဖြင့် အကြိမ်ကြိမ်ဖြစ်ခြင်းသည် သန္ဓာဝန၊ ကံနေ ကံအလို အားဖြင့် အကြိမ်ကြိမ် ဖြစ်ခြင်းသည် သံသရဏ။ ဤသို့ သန္ဓာတန္တိနှင့် သံသရန္တိထူး၏။
**အဝိဇ္ဇာနိီဝရဏ။ ။ ပရတ်မျက်စိဖြင့် ကြည့်လျှင် ယောကျာ်းလည်း မရှိ၊ မိန်းမလဲမရှိ၊ယောကျာ်းရယ် မိန်းမရယ် မရှိသော်လည်း ရုပ်နာမ််အနေ ရုပ်နာမ်အနေ ရုပ် ဝေဒနာ သညာ သင်္ခါရ ဝိညာဉ်အနေအားဖြင့် ရှိ၏။ ပထဝီ အာပေါ တေဇ ဝါယော ဖဿဟေတု၊ သံသရာ၏ မူလဝဋ်မြစ် မမောဟေသည်။ န ဝိဇ္ဇ၊ မရှိတော့။ (တသ္မာ၊ကြောင့်။ထည့်)တေ၊ ထိုရဟန္တာအရိယာ သာဝကတို့သည်။ ပုန၊ နောက်ထပ်။ န သံသရန္တိ၊ တစ်ပြေားပြောင်း တစ်ပြန်ပြန် မကျင်လည်ရတော့ကုန်။
အာဒီနဝပဋိစ္ဆာဒနေန ကာမစ္ဆန္ဒာဒီနံဝသေသပ္ပစ္စယဘာဝတော၊ အပြစ်ကို ဖုံးကွယ်ထားသဖြင့် ကာမစ္ဆန္ဒနီဝရဏ စသည်တို့ ဖြစ်ခြင်း၏ ထူးကဲသောအကြောင်းဖြစ်သောကြောင့် အဝိဇ္ဇာနီဝရဏေန ဘိက္ခဝေ-ဟုသာ ဟောတော်မူ၍ ကာမစ္ဆန္ဒနီဝရဏေနဘိက္ခဝေ-စသည်ဖြင့် ဟောတော်မမူခြင်းဖြစ်သည်။
**ယေနေတ နိဝုတာ ပဇာ၊ ယထာ မောဟေန အာဝုတာ**။ ။ ဤနှစ်ပါးဒဝယ် ယထာကို ယေန ပကာယေန၊ ယေနကို မေဟေန-ဟု ဖွင့်၏။ တစ်ဖန် မောဟေနကို အဝိဇ္ဇာနီဝရဏသခင်္ါတေန-ဟုဖွင့်၏။ နိဝုတာကို နိဝိရိတာ ပလိဂုဏ္ထိတာ ပဋိစ္ဆာဒိ-တာတိ အတ္တော-ဟုဖွင့်၏။ ထို့ကြောင့် ၎င်းနှစ်မျိုးကို အဓိပ္ပါယ်တူ ပေါင်းစပ်၍ အနက်ယောဇာနာလိုက်သည်။ (ဋ္ဌ၊၅၄) ဟေတု၊ သံသရာ၏ မူလမြစ်ဝဋ် မောဟသည်။ န ဝိဇ္ဇတိ၊ မရှိတော့။ (တသ္မာ၊ ကြောင့်။ထည့်) တေ၊ ထိုရဟန္တာ အရိယာ သာဝကတို့သည်။ ပုန၊ နောက်ထပ်။ န သံသရန္တိ၊ တစ်ပြောင်းပြောင်း တစ်ပြန်ပြန် မကျင်လည် ရတော့ကုန်။
**တစ်နည်း။ ။ အဝိဇ္ဇာသည် နိဗ္ဗာန်ချမ်းသာကို အထူးသဖြင့် ပိတ်ဆို့တတ်သောကြောင့် ရှေ့သုတ်၌ အဝိဇ္ဇာကို နီဝရဏ၊ တဏှာသည် သတ္တဝါတို့ကို သံသရာဒုက္ခနှင့် အထူးဆက်သွယ်ပေးတတ်သောကြောင့် ဤသုတ််၌ တဏှာကို သံယောဇဉ်ဇန-ဟု ဟောတော်မူသည်။
တစ်နည်း။ ။ အဝိဇ္ဇာသည် နိဗ္ဗာန်ကို မဂ်ဉာန်ဖြင့် သိမြင်ခြင်း မျက်မှောက်ပြုခြင်းကို၎င်း၊ မှားယွင်းသောအမြင်ကို၎င်း အထူးသဖြင့် အန္္တာယ်ပြုသည်။ တဏှာသည် နိဗ္ဗာန်ေရာက်ကြောင်း အကျင့်ကောင်း အကျင့်မှန်သမျှကို အထူးသဖြင့်အန္တာရယ် ပြုသည်။ ထို့ကြောင့် ရှေ့သုတ်၌ အဝိဇ္ဇာကို နီဝရဏ၊ ဤသုတ်၌ တဏှာကို သံယောဇဥ််န-ဟု နှစ်မျိုးဟောတော်မူသည်။
တစ်နည်း။ ။ အသိဉာန်မဲ့သော ပုဂ္ဂိုလ်သည် မိုက်မဲသည်၏အဖြစ်ကြောင့်ကိုယ်ကျိုးကို လည်းယုတ်စေ၏။ မိမိ၏အကျိုးကိုလည်း ပြုလုပ်၏။ မသင့်လျှော်သည်ကိုပြုလုပ်ခြင်း ကြောင့် နာကျင်ရသော မလိမ္မာသော လူမမာနှင့်တူ၏။ လူမိုက်သည် သိလျက်နဲ့ မိုက်သည်၏အဖြစ်ကြောင့် ကိုယ်ကျိုးယုတ််စေ၏။ မိမိ၏အကျိုးမဲ့ကိုပြု၏။ သိလျက်နှင့် မသင့်တာ မှီဝဲသော ရေဂါသည်နှင့် တူ၏။ ဤသို့ အကျိုးမဲ့ ဖြစ်စေသောအကြောင်း ၂-ပါးကို ပြုခြင်းငှာ ရှေ့သုတ်နှင့် ဤတဏှာသံယောဇဉ်သုတ် ၂_သုတ်ကို ဟောတော်မူ၏။ တစ်နည်း- အဝိဇ္ဇာ၏နယ်ပယ်သည် အတိတ်ကာလ၊ အဝိဇ္ဇာသည် အတိတ်ကာလ၏ ( အတိတ်ကာလကို လွမ်းဆွတ်ခြင်း၏) အကြောင်းအရင်း။ တဏှာ၏နယ်ပယ် သည် အနာဂတ်ကာလ ၊ တဏှာသည် အနာဂတ်ကာလ၏ (အနာဂတ်ကာလကိုတောင်းတခြင်း၏)မူလအကြောင်းအရင်း။ ဤသို့ သိစေခြင်းငှာ ရှေသုတ်၌ အဝိဇ္ဇာ၊ ဤသုတ်၌ တဏှာကို ဟောတော်မူသည်။
**ဣတ္တဘာဝညထာဘာဝံ**။ ။ ဣမဿ+ဘာဝေါ၊ ဣတ္္ဘာဝေါ၊ မနုဿတ္တအရကောက် ။ အညေသံ+ ဘာဝေါ=အညာထာဘာဝေါ၊ လူ့အဖြစ်မှ ကြွင်းကျန်သော သတ္တဝါတို့၏အဖြစ် ကောက်။ ယင်းနှစ်ပုဒ် ဒွန်တွဲ၊ အဿတ္တိဆင့်၊ သံသရာ အရကောက်။သံဿရံနှင့် ဝိသေသန ဝိသေသျစပ်။ ဤကား ဋ္ဌ-ပ နည်းအရအနက်ယောဇနာသည်။ သံသာရံ၊ ခန္ဓာ အာယတန ဓာတ်တို့၏ မပြတ်ဖြစ်ရာသံသရာကို။ နာတိဝတ္တိ၊ မလွတ်မြောက်နိုင်။
တစ်နည်း။ ။ ဣတ္ထသာဘဝအရ လက်ရှိလူ့ခန္ဓာသဘောနှင့် လက််ရှိလူ့ခန္ဓာကိုယ် အတ္တသဘောမှတစ်ပါးသော အလားတူ လူ့ခန္ဓာကိုယ် အတ္တဘောဖြစ်စေ အရကောက်၍ အညထာဘာဝေါအရ လူ့ခန္ဓာကိုယ်အတ္တဘောလုံးဝမဟုတ်သော အခြားခန္ဓာကိုယ် အတ္တဘောကို ကောက်ပြီးလျှင် သံသာရံ၌ ဝိသေသနဝိသေသျစပ်ကာ- တတိယနည်းအလိုလည်းပေနိုင်သည်။
သပ္ပတိဿာ။ ။ သပ္ပတိဿာတိ ပတိဿဝသင်္ခါတေန သဟ ပတိဿေနာတိ သပ္ပတိသော၊ ကလျာဏမိတ္တဿ ဩဝါဒံ သိရသာ သမ္ပဋိစ္ဆကော သုဗ္ဗစောတိ အတ္ထော။ ဤအလို သပ္ပတိဿာကို သဟ+ ပတိသော နှစ်ပုဒ်ခွဲ။ သ-ကို သဟ၊ ပတိဿော-ကို ပတိဿဝေါ-ဟု ဖွင့်၍ သဟ+ပတိဿန+ ယော ဝတ္တတီတိ သပ္ပတိ သော-ဟု ပဌမာဗဟုဗွီဟိပြု။ ပတိသော-ကား ပတိပုဗ္ဗ သုဓာတ်၊ဏ-ပစ္စည်း။ ပတိဿဝနံ-ပတိ ဿော-ဟု ဘာဝသာဓ်ပြု။ သဟနှင့် ဗဟုဗွီဟိတွဲလျှင် နားထောင်ခြင်း နှင့်တကွဖြစ်သူ။ ကလျာဏမိတ်၏ အဆုံးအမကို နားထောင်သူ။
အထ ဝါ ဟိတသုခေ ပတိဌာပနေန ပတိ ဣသေတီတိ ပတိဿော။ ဩဝါဒ ဒါယ ကော။ ဂရုအားရယောဂေန တေန ပတိဿန သဟ ဝတ္တတီတိ သပ္ပတိသော။ ဂရုသု ဂရုစိတ္တိကာရဗဟုလော။ ဤအလို ပတိဿောကို ပတိပုဗ္ဗဣသဓာတ်၊ အ-ပစ္စည်း၊ သို့မဟုတ် ဏ-ပစ္စည်း။ ပတိ+ဣသေတီတိ ပတိသော-ဟုပြု။ ဩဝါဒ ဒါယကကို အရကောက်။ သဟ+ပတိဿေန+ ယော ဝတ္တတီတိ သပ္ပတိဿော-ဟု ပဌမာဗဟုဗွီဟိတွဲ။ အဆုံးအမပေးသူရှိသောသူ အရကောက်။ အဆုံးအမပေးသူ ရှိသည်-ဟု ဆိုသဖြင့် နတ်နေကိုင်း ထားသူ၊ ဝါ၊ နတ်နေကိုင်းသဖွယ်ဖြစ်သော ဆရာ အကြီးအကဲရှိသူ-ဟုအဓိပ္ပါယ် ရ၏။ ဆရာမရှိ ဆုံးမပဲ့ပြင်သူမရှိသော ပေါက်လွှတ်ပဲစား မဟုတ်ဟူလို။ **မိတ္တာနံ**၊ မိတ်ကောင်းတို့၏။ **ဝစနံ**၊ ဆုံးမစကားကို။ **ကရံ**-ကရောန္တော၊ လိုက်နာပြုကျင့်၏။ သမ္ပဇာနော၊ ကောင်းစွာအပြားအားဖြင့်သိ၏။ ပတိဿတော၊ ပေါ်လာသောအာရုံကို မြင်တယ် မြင်တယ် စသည်ဖြင့် သတိပြုရှုမှတ်၏။ သော ဘိက္ခု၊ သည်။ အနုပုဗ္ဗေန၊ ဝိသုဒ္ဓိအစဉ် ဝိပဿနာဉာန်စဉ် မဂ်ဉာန် အစဉ်ဖြင့်။ သဗ္ဗသံယောဇနက္ခယံ၊ အလုံးစုံသော သံယောဇဉ်တို့ကို ကုန်စေ တတ်သော မဂ်၏အဆုံးအရဟတ္တဖိုလ်သို့။ ဝါ၊ အရိဟတ္တဖိုလ်၏ အာရုံဖြစ်သော နိဗ္ဗာန်သို့။ ဝါ၊ ကို။ ပါပုဏေ၊ ရောက်ရာ ရရာ၏။
မဲခွဲပြီးနောက် သံဃာ ၄-ပါးဖြစ်စေ သီးခြား ပါတိမောက် ပြသောအားဖြင့် ဥပေါသထကံ ပြုသည်ဖြစ်စေ၊ အခြားသ့ခကံ တစ်ခုခုပြုသည်ဖြစ်စေ သံဃဘေဒ၊ သံဃာ ကွဲသွားပြီ။ သံဃဘေဒေါ ဥပ္ပဇ္ဇတိ-ဟု တိဘက်ကို ဝတ္တမာနာ ပစ္စုပ္ပန္နေ-ဖြင့် ကွဲပြားဆဲ ပစ္စပ္ပန်ကာလ၌သက်ကာ 'ဥပ္ပဇ္ဇိတိ'ကြိယာဖြင့်ဖွင့်ဆို၏။
သံဃာချင်းခွဲလို့ ကွဲပြားပြီး နောက်ပိုင်းကာလကို ဥပ္ပန္နော-ဟု အတီတောတ-တဝန္တ,တာဝီသုတ်ဖြင့် အတီတ ကာလိက တပစ္စည်းဖြင့်ပြီးသော 'ဥပ္ပန္န' သဒ္ဒါဖြင့် ဋ္ဌ_၌ ဖွင့်ဆိုတော်မူ၏။ (ဋ္ဌ၊၆၅)
အညမညံ၊ ပရိတ်သတ်လေးပါးနှင့် ၎င်းပရိတ်သတ်၏ ဘက်တော်သားအချင်းချင်း။ ဘဏ္ဍနာနိ စေဝ၊ ဓမ္မဟုတ်မဟုတ်စသည်ဖြင့် ငြင်းခုံခြင်းသည် လည်းကောင်း။ အညမညံ၊ အချင်းချင်း။ ပရိဘသာစ၊ အကျိုးမဲ့အောင်မည်သို့ပြုလုပ်မည်ဟု ခြိမ်းခြောက်ခြင်းသည်လည်ကောင်း။ အညမညံ၊ အချင်းချင်း။ ပရိက္ခေပေါ စ၊ အမျိုးမျိုး မှိုချိုး မျှစ်ချိုး ဆဲဆိုတိုင်းထွာခြင်း၊ ရှုတ်ချခြင်း တို့သည်လည်ကောင်း။ အညမညံ၊ အချင်းချင်း။ ပရိစ္စဇနာ စ၊ ဥက္ခေပနီယကံပြုခြင်းဖြင့် စွန့်ပစ်နှင်ထုတ်ခြင်းတို့သည်လည်ကောင်း။ ဟောန္တိ၊ ဖြစ်ကုန်၏။
သမဂ္ဂါနံ အနုဂဟော။ ။ ညီညွတ်မှုကို ကောင်းချီးပြုသောအားဖြင့် ညီညွတ်သူတို့အား ချီးမြှောက်ခြင်းသည် သမဂ္ဂါနုဟမည်၏။ ကြင်ခြင်းအားဖြင့် ပြောဆိုလုပ်ကိုင်လျှင် ညီညွတ်မှု မပျက်စီးမပြိုကွဲနိုင်။ထိုအခြင်းအရာအားဖြင့် နှုတ််ဖြင့် ဖြစ်စေ ကိုယ်ထိလက်ရောက်ဖြစ်စေ အားပေးခြင်းသည် 'သမဂ္ဂါနုဂ္ဂဟ'ဟုဆိုလိုသည်။ သုခေါ၊ ချမ််းသာခြင်း၏ အကြောင်းတည်း။ သမဂ္ဂရတော၊ ညီညွတ်သောသံဃာ၌ မွေ့လျှော်သည်ဖြစ်၍။ ဓမ္မဋ္ဌော၊ တရား၌တည်သောသူသည်။ ယောဂက္ခေမာ၊ ( ယောဂ လေးပါးတို့သည် မနှိပ်စက်အပ်သည်ဖြစ်၍) ယောဂဘေးကင်းရာနိဗ္ဗာန်မှ။ န ဓံသတိ၊ မဆုတ်ယုတ်ပေ။ သံဃံ၊ ကွဲပြားသောသံဃာကို။ ဝါ၊ ကွဲတော့မလို့ အက်ကြောင်းထင်နေသောသံဃာကို= သမဂ္ဂ၊ တစ်စည်းတစ်လုံးတည်း ညီညွတ်သည်ကို။ ကတွာန၊ ပြုလုပ်ပေးခြင်း ကြောင့်။ ကပ္ပံ၊ အာယုကပ်ပတ်လုံး။ သဂ္ဂမှိ၊ ကာမာဝစရနတ်ပြည်ခြောက်ထပ်၌။ မောဒတိ၊ (ဒိဗ္ဗေန သုခေန ဒိဗ္ဗေန အာယုနာ စသော ၁ဝ-မျိုးတို့ဖြင့် မြေ အခြားသော နတ်တို့ကို လွှမ်းမိုး၍) နတ်စည်းစိမ် ခံစားကာ မွေ့လျော်ရ၏။
**သဂ္ဂံ။ ။ သု+အဂ္ဂ၊ သုဋ္ဌု အဂ္ဂ။ ရူပ သဒ္ဒစသော ငါးဖြာသောအာရုံ ကာမဂုဏ်စည်းစိမ်တို့ဖြင့် ကောင်းမွန် ကောင်းမြတ်သောဘုံ။ နတ်ဘုံဟု ဋ္ဌ-ဖွင့်။ (ဋ္ဌ၊၇၀) သဂ္ဂေ၊ နတ်ပြည်၌။ နက္ခိတ္တော၊ ချထားအပ်ပြီ။ ဟိ၊ မှန်၏။ စေတောပသာဒဟေတု၊ စိတ်ကြည်လင်ခြင်းဟူသောအကြောင်းကြောင့်။ သတ္တာ၊ တို့သည်။ သုဂတိံ၊ ကောင်းသောသူတို့၏ လားရာသုဂတိဘုံဘဝသို့။ ဂစ္ဆန္တိ၊ ရောက်ကြကုန်၏။
အာယတတ္တံ့။ ။ ဝိပုလဖလတာယ ဥဠာရဖလတာယ အာယတဂ္ဂံ-ဟူ ဋ္ဌ-အလို အာယဂ္ဂံ-သည် အာယတ+အဂ္ဂ နှစ်ပုဒ်ခွဲထားသည်။ ပိယမနာပဖလာတာ-ယဝါ အာယတိံ ဥတ္တမန္တိ-အလို အာယတိနှင့်အဂ္ဂ ၂-ပုဒ်တွဲ ထားသည်။ အာယေန ယောနိသောမနသိကာရာဒိပ္ပစ္စယေန ဥဠာရကမေန အဂ္ဂံ-ဟူသော အဖွင့်အ အာယ-ပုဒ် အဂ္ဂ-ပုဒ် ၂-ပုဒ်တွဲထားသည်။ တ-ကား ပဒသန္နိရ။ အထဝါ အာယေန ပုညဖလေန အဂ္ဂံပဓာနံ-အလိုလည်း အာယပုဒ် အဂ္ဂပုဒ် ၂-ပုဒ်တွဲပင်။ တ-ပဒသန္ဓိ ကရပင်။ အာယ-ပုဒ်အရ ပုညဖလ အဂ္ဂသည်ပဓာန၊ ဤသို့ အနက်သာ ထူး၏၊ ဘာဝယေ၊ မိမိသန္တာန်၌ဖြစ်စေ တိုးပွားစေရာ၏။
ဧကဓမ္မံ အတီတဿ (လ) သမ္ပဇာန မုသာဝါဒေါ’တိ၊ သမ္ပဇာနမုသာဝါဒေါ’ဟူသော။ ဧတံ၊ ဤမုသာဝါဒသုတ်ကို။ ဘဂဝတော၊ သည်။ ဝုတ္တံ၊ ပြီ။ အရဟတာ၊ သည်။ ဝုတ္တန္တိ၊ ပြီ’ဟူ၍။ မေ၊ အကျွန်ုပ်အာနန္ဒာသည်။ သုတံ၊ နာခံမှန်သား ဆောင်ထားအပ်ပြီ။
ဘိက္ခဝေ၊ တို့။ ဧကဓမ္မံ၊ ဝစီသစ္စာတည်းဟူသော တစ်ခုသော တရားဖြစ်သော။ သမ္မာဝါစာ၊ ကို။ အတီတဿ၊ ကျော်လွန်ပြုကျင့်သော။ ပုရိသပုဂ္ဂလဿ၊ ပုဂ္ဂိုလ်အား။ ဝါ၊ အတွက်။ (ဝဒါမိ-၌ သမ္ပဒါန်စပ်) တဿ၊ ထိုပုဂ္ဂိုလ်သည်။ အကရဏီယံ၊ မပြုနိုင်သော။ ကိဉ္စိ၊ တစ်စုံတစ်ခုသော။ ပါပကမ္မံ၊ မကောင်းမှုသည်။ န၊ မရှိ။ ဣတိ၊ ဤသို့။ အဟံ၊ ငါဘုရားသည်။ ဝဒါမိ၊ ဟောတော်မူ၏။ ဧကဓမ္မံ၊ တစ်ခုတည်းသောတရားဟူသည်။
ယောနိ ကာနိစိ ဘိက္ခဝေ(လ) ဝိရောစတိ စာ’တိ၊ ဝိရောစတိ စ’ဟူသော။ ဧတံ၊ ဤမေတ္တာဘာဝနာသုတ်ကို။ ဘာဂဝတာ၊ သည်။ ဝုတ္တံ၊ ဟောတော်မှုအပ်ပြီ။ အရဟတာ၊ သည်။ ဝုတ္တ’န္တိ၊ ပြီ’ဟူ၍။ မေ၊ အကျွန်ုပ်အာနန္ဒာသည်။ သုတံ၊ နာခံမှတ်သား ဆောင်ထားအပ်ပါပြီ။ ဘိက္ခဝေ၊ တို့။ **သြပဓိကာနိ**၊ ခန္ဓာဟူသော ဥပဓိကိုဖြစ်စေတတ်ကုန်သော။ ယာနိကာနိစိ၊ အလုံးစုံကုန်သော။ ပုညကိရိယဝတ္ထူနိ၊ ပုညကြိယဝတ္ထု ကုသိုလ်တို့သည်။
ကာမကာမိနော။ ။ ကာမကာမိနော-၌ ပဌမကာမကို ကာမေတဗ္ဗနံ ဥဠာရာနံ ဒေဝဘောဂါနံ-ဟုဖွင့်သောကြောင့် ကာမအရ နတ်တို့၏ ဥဠာရဒေတဘောဂကိုယူ။ ကာမီယန္တီတိ ကာမာ-ဟု ဝစနတ္ထပြု။ ဝတ္ထုကာမကို အရကောက်။ ကာမိနော-ကို သမင်္ဂိနော-ဟု ဖွင့်သောကြောင့် သမင်္ဂိသမ္ပန္နပုဂ္ဂိုလ်ကို ကောက်လေ။ ‘လိုလားအပ်သော မြတ်သော နတ်အသုံးဆောင် ဝတ္ထုကာမနှင့် ပြည်စုံသူတို့ဟု ဆိုလိုသည်။ အခြားတစ်နေရာ၌ ကာမပုဒ်ကို ကမ္မသာဓ်ပြု၍ ကာမကာမော ဖြစ်အောင် ဝိစ္ဆာ အာဘိက္ခ-ညေသု ဒေါ-ဖြင့် ဒွိတ္တပြု။ အဿတ္ထိ ဆင့်လျှင် လိုအပ်သမျှ ဝတ္ထုကာမတွေရှိကြသည်။ ဝါ၊ ပြည့်စုံကြသည်ဟူသော အဓိပ္ပာယ်ရ၏ဟု ရေးခဲ့ပြီ။
**သြပဓိကာနိ**။ ။ ဥပဓိ+ဣက ဟုခွဲ၊ ဥပဓိ-အရ ခန္ဓုပဓိ-ကိုယူ။ဥပဓိဿ ကရာဏံ သီလံ ဧတေသန္တိ သြပဓိကာနိ ဟု ဝိဂ္ဂဟပြု။ သို့မဟုတ် ဥပဓိ+ပယောဇနံ-ယေသန္တိသြပဓိကာနိဟူ၍ သော်လည်းပြု။ ပြုထိုက်သော ကုသိုလ်ဖြစ်၍ ‘ပုညကြိယ၊’ထိုထိုကောင်းကျိုးတို့၏ တည်ရာဖြစ်၍ ‘ဝတ္တု’၊ ပုညကိရိယာ စ+တာ+ဝတ္ထူနိ စာတိ ပုညကိရိယဝတ္ထူနိ-ဟုတွဲ။ စိတ်၏ဆန့်ကျင်ဖက်နီဝရဏတို့မှ ကောင်းကောင်းကြီး လွတ်မြောက်သောကြောင့် အပ္ပနာစျာန်ကို 'စေတောဝိမုတ္တိ'ဟုခ ခေါ်ဆိုသည်။ ထိုအပ္ပနာ စျန်သည်လည်း မေတ္တာယနှင့် ဝိသေသန ဝိသေယျ-စပ်သောကြောင့်မေတ္တာဘာဝနာ အပ္ပစျာန်ကိုသာ ဤ၌ယူရမည်။ ဥပစာရစျာန်ကိုမယူရ။
**ကလံ နာဂ္ဃန္တိ သေဠသိံ**။ ။ မေတ္တာ အပ္ပနာစျာန်၏ အကျိုးကို ၁၆-စိတ် စိတ်၊၎င်းတစ်စိတ်ကို တစ်ဖန် ၁၆-စိတ်စိတ်, တစ်စိတ်၊ ၎င်းစိတ်တစ်စိတ်ကိုပင် သြပဓိကပုညကြိယဝတ္ထုကုသိုလ်၏ အကျိုးက မမီပေ။ ဆိုလိုရင်းကား မေတ္တာအပ္ပနာစျာန်၏အကျိုးကို ၂၅၆-စိတ်စိတ်ပါ။ ထို ၂၅၆စိတ်၏ တစ်စိတ်ကို ပင် ပုညကြိယဝတ္ထုကုသိုလ်၏ အကျိုးက မမီလို။
{{nissaya|**စန္ဒိယာ ပဘာယ**။ ။ စန္ဒဿ+အယန္တိ|စန္ဒီ၊ တဿာ စန္ဒိယာ-ဟူသော ဋ္ဌကထာ အလို 'စန္ဒိယာ၊ လမင်းပိုင်ဖြစ်သော။ ပဘာယ၊ အရောင်ဖြင့်'ဟုပေးလေ။}}
သန္တိ၊ ရှိကုန်၏။ သဗ္ဗာနိ၊ အလုံးစုံကုန်သော။ တာနိ၊ တို့သည်။ မေတ္တာယ စေတောဝိမုတ္တိယာ၊ မေတ္တာအပ္ပနာစျာန်၏။ **သောဠသိံ၊ ၁၆-စိတ်စိတ်လျှင် တစ်စိတ်မျှသော။ **ကလံ**၊ အစိတ်အပိုင်းကို။ **နာဂ္ဃန္တိ၊ မထိုက်တန်ကုန်။
ဘိက္ခဝေ၊ တို့။ ဧဝမေဝံ ခေါ၊ ဤအတူသာလျှင်။ဘာသာတေ စ တပတေ စ။ ။ ဘာသတေတိ ဥပက္ကိလေသဝိသုဒ္ဓိယာ ဒိပ္ပတိ-ဟူသော ဋ္ဌ-အလို ဘာသတေ စ၊ ထွန်းလည်း ထွန်းလင်း၏-ဟုပေးလေ။တပတေတိ တတောဧဝ အနသေသအဋိပက္ခဓမ္မေ သန္တတပတိ- ဟူသော ဋ္ဌ-အလို တပတေ စ၊ဆန့်ကျင်ဖက် တရားတို့ကို ရှို့မြှိုက်လည်း ရှို့မြှိုက်တတ်၏ဟု ပေးလေ။(ဋ္ဌ၊၈၆)
သြဓိကာနိ၊ ခန္ဓုပဓိကို ဖြစ်စေတတ်ကုန်သော။ ယာနိ ကာနိစိ၊ အလုံးစုံကုန်သော။ ပုညကြိယဝတ္ထု ကုသိုလ်တို့သည်။ သန္တိ၊ ကုန်၏။ သဗ္ဗာနိ၊ ကုန်သော။ တာနိ၊ ထိုပုညကြိယဝတ္ထု ကုသိုလ်တို့သည်။ မေတ္တာယစေတောဝိမုတ္တိယာ၊ မေတ္တာ အပ္ပနာစျာန်၏။ သေဋ္ဌသိံ၊ ၁၆-စိတ်စိတ်တစ်စိတ်မျှသော။ ကလံ၊ အစိတ်အပိုင်းကို။ နာဂ္ဃန္တိ၊ မထိုက်တန်ကုန်။ မေတ္တာယေဝ စေတောဝိမုတ္တိ၊ မေတ္တာ အပ္ပစျာန်ကသာ။ အဓိဂ္ဂဟေတွာ၊ လွှမ်းမိုး၍။ ဘာသတေ စ၊ ထွန်းလည်း ထွန်းလင်း၏။ တပတေ စ၊ တောက်လည်းတော်ကပ၏။ ဝိရောစတိ စ၊ တင့်လည်း တင့်တယ်၏။
အထ ဝါ တနူ သံယောဇနာ ဟောန္တီတိ ပဋိဃော စေဝ ပဋိဃသမ္ပယုတ္တ သံယောဇာန စ တနုကာ ဟောန္တိ-ဟူသော ဋ္ဌ-တတိယတိကပ်အလို မေတ္တာအပ္ပနာစျာန်ကိုပွားများသော ယောဂီဖြစ်သည်အားလျှော်စွာ မေတ္တာ၏ ဆန့်ကျင်ဖက် ပဋိဃသံယောဇဉ်နှင့် ထိုပဋိဃနှင့်ယှဉ်သော ပတ်သက်သော သံယောဇဉ်တို့သည် မေတ္တာအပ္ပနာစျာန်ကို ရခြင်း၏အစွမ်းအားဖြင့် ခေါင်းပါးကုန်၏ဟု ဆိုလိုသည်။
အထက်ပါ တတိယကပ်၏ အဆိုကို 'ပဿ ဥပဓိက္ခယ'န္တိ တေသံယေဝကိလေသူပဓီနံ ခယသင်္ခါတံ မေတ္တံ အဓိဂမဝသေန ပဿန္တဿာတိ ဧဝမေတ္တ အတ္တော ဒဋ္ဌဗ္ဗော-ဟူသော အဖွင့်နှင့် ဆက်စပ်ကြည့်လျှင် ဥပဓိက္ခယ ပုဒ်၏အရ ရှေ့နှစ်ဝိကပ်ကဲ့သို့ နိဗ္ဗာန်ကိုအရမကော်ကမူ၍ 'ကိလေသူနပဓီနံ ခယသင်္ခါတံ မေတ္တံ'ဟူသော အဖွင့် နှင့်အညီ မေတ္တာမဂ်အပ္ပနာစျာန်ကို ကောက်ရမည်။ ထိုမေတ္တာမဂ်အပ္ပနာစျာန်ကို ရသဖြင့် ထိုမေတ္တာမဂ်အပ္ပနာစျာန်ဖြင့် နိဗ္ဗာန် ကိုမြင်သည်။၏ ထိုမေတ္တာမဂ်အပ္ပမာ စျာန်ဖြင့် နိဗ္ဗာန်ကို မြင်ဖြင်းဖြစ်၍ အခြားသံယောဇဉ်တို့ကို အမည်သီးခြား မတပ်ဘဲ မေတ္တာ၏ ဆန့်ကျင်ဖက် ပဋိဃနှင့်သမ္ပယုတ္တသံယောဇဉ်တို့ကို ဥုးစားပေးကာ ဖွင့်ဆိုတော်မှုသည်။
သမ္မာပါသ။ ။ ပြည်သူလူထုကို လက်မှတ်ရေးထိုးစေ၍ အတိုးမယူဘဲ တစ်ထောင် နှစ်ထောင် ထုတ်ချေးခြင်းသ်ည သမ္မာ၊ အလွန်ကောင်းသော။ပါသ၊ အုပ််ချုပ်သူ လူတန််းစားကား အအုပ်ချုပ်ခံလူထုအား မိမိ၏ စည်းရုံးရေး ပိုက်ကွန်ထဲ ထည့်သွင်းလိုက်ခြင်းတစ်မျိုးတည်း။
ဝါစာပေယျ။ ။ အမှုထမ်း အရာထမ်း ပြ်သူလူထုနှင့် ဆက်ဆံရာ၌ ဥုးလေး စသည်ဖြင့် ယဉ်ယဉ်ကျေးကျေး ပြောဆိုခြင်းသည် ပေယျ၊ ဆစ်ဖက်သားကျေနပ် နှစ်သက်ဖွယ်စကားကို ဝါစ၊ သုံးနှုန်းပြောဆိုလိုက်ခြင်းပင်။ အထက်ပါ သင်္ဂဟဝတ္ထုလေးမျိုးတို့ဖြင့် လူတန်းစားအသီးသီးအား ချီးမြှောက် ဆက်ဆံလျှင် တိုင်းပြည်လည်း တိုးတက် ငြိမ်သက်၊ ပြည်သူလူထုလည်း ဝမ်းသာ ကျေနပ်သော နည်းကောင်းတည်း။ ယညာ၊ ပေးကမ်းချီးမြှောက်ပူဇော်မှုတို့သည်။ သုဘာဝိတဿ၊ ကောင်းစွာပွားမြားအပ်သော။