ဘိက္ခဝေ၊ တို့။
လောကေ၊ သတ္တလောက၌။
ဧကဓမ္မော၊ အပြစ်ကြီးသော အကုသိုလ်တရားတစ်ခုသည်။
ဥပ္ပဇ္ဇမာနော၊ ဖြစ်လတ်သော်။
ဗဟုဇနာဟိတာယ၊ လူအများ၏ စျာန်ချမ်းသာ မဂ်ချမ်းသာစသော ပြည့်စုံမှုကို တားဆီးခြင်းဖြင့် စီးပွားမဲ့ခြင်းငှာ။
ဗဟုဇနာ သုခါယ၊ လူအများ၏ နတ်ခြမ်းသာကို တားဆီးခြင်းဖြင့် ချမ်းသာမဲ့ခြင်းငှာ။
ဗဟုနော ဇနဿ၊ များစွာသော လူအပေါင်း၏။
အနတ္တာယ၊ အပါယ်လားသောအားဖြင့် အကျိုးမဲ့ခြင်းငှာ။
ဒေဝမနုဿာနံ၊ နတ်လူတို့၏။
(ပုဂ္ဂိုလ်သာမညမှ ပုဂ္ဂိုလ်ဝိသေသ အထက်တန်းစားတို့ကို ဥက္ကဋ္ဌနိဒ္ဒေသနည်းဖြင့် ပြပြန်သည်။
အဟိတာယ၊ မဂ်စီးပွားမဲ့ရန် အလို့ငှာ။
ဒုက္ခာယ၊ အရိယာ ချမ်းသာမှ လွဲသွားခြင်းဖြင့် ဝဋ်ဆင်းရဲအလို့ငှာ။
ဥပ္ပဇ္ဇတိ၊ ဖြစ်၏။
ဧကဓမ္မော၊ တစ်ခုသောတရားသည်။
ကတမော၊ နည်း။
**သံဃဘေဒေါ**၊ သံဃာကွဲခြင်းပင်တည်း။
ဘိက္ခဝေ၊ တို့။
သံဃေ ဘိန္နေ၊ သံဃာကွဲပြားခြင်းကြောင့်။သံဃဘေဒေါ။ ။ သံဃာလောက၌ ဘဏ္ဍန ပရိဘာသနစသည် ဖြစ်သော် လည်းကောင်း၊ ဓမ္မ, အဓမ္မစသော ဘေဒကရဝတ္တု ၁၈-ပါးထဲမှ တစ်ခုခုထုတ်ပြကာ ပြောကြဆိုကြသော်လည်းကောင်း၊ ထို့သို့ပြောပြ ရာ၌ နှစ်သိမ့် သဘောကျစေရန် ထပ်မံကြားသိစေကြကုန်သော်လည်းကောင်း၊ ကြားသိစေပြီးနောက် မဲခွဲသော်လည်းကောင်း။သံဃဘေဒဖြစ်တော့မလို့ ကွဲအက်နေပြီ။ ကွဲပြားလတ္တံဟူလိုသည်။ ကွဲလတ္တံ့ ကို 'ဥပ္ပဇ္ဇမာနော' ဟုသေသေဿန္တု မာနာနာသုတ်ဖြင့် မာနပစ္စည်းကို အနာဂတ် ကာလ ဝါစီကြံကာ ဋ္ဌ- ဆရာ ဖွင့်ဆိုသည်။
မဲခွဲပြီးနောက် သံဃာ ၄-ပါးဖြစ်စေ သီးခြား ပါတိမောက် ပြသောအားဖြင့် ဥပေါသထကံ ပြုသည်ဖြစ်စေ၊ အခြားသ့ခကံ တစ်ခုခုပြုသည်ဖြစ်စေ သံဃဘေဒ၊ သံဃာ ကွဲသွားပြီ။ သံဃဘေဒေါ ဥပ္ပဇ္ဇတိ-ဟု တိဘက်ကို ဝတ္တမာနာ ပစ္စုပ္ပန္နေ-ဖြင့် ကွဲပြားဆဲ ပစ္စပ္ပန်ကာလ၌သက်ကာ 'ဥပ္ပဇ္ဇိတိ'ကြိယာဖြင့်ဖွင့်ဆို၏။
သံဃာချင်းခွဲလို့ ကွဲပြားပြီး နောက်ပိုင်းကာလကို ဥပ္ပန္နော-ဟု အတီတောတ-တဝန္တ,တာဝီသုတ်ဖြင့် အတီတ ကာလိက တပစ္စည်းဖြင့်ပြီးသော 'ဥပ္ပန္န' သဒ္ဒါဖြင့် ဋ္ဌ_၌ ဖွင့်ဆိုတော်မူ၏။ (ဋ္ဌ၊၆၅)
အညမညံ၊ ပရိတ်သတ်လေးပါးနှင့် ၎င်းပရိတ်သတ်၏ ဘက်တော်သားအချင်းချင်း။ ဘဏ္ဍနာနိ စေဝ၊ ဓမ္မဟုတ်မဟုတ်စသည်ဖြင့် ငြင်းခုံခြင်းသည် လည်းကောင်း။ အညမညံ၊ အချင်းချင်း။ ပရိဘသာစ၊ အကျိုးမဲ့အောင်မည်သို့ပြုလုပ်မည်ဟု ခြိမ်းခြောက်ခြင်းသည်လည်ကောင်း။ အညမညံ၊ အချင်းချင်း။ ပရိက္ခေပေါ စ၊ အမျိုးမျိုး မှိုချိုး မျှစ်ချိုး ဆဲဆိုတိုင်းထွာခြင်း၊ ရှုတ်ချခြင်း တို့သည်လည်ကောင်း။ အညမညံ၊ အချင်းချင်း။ ပရိစ္စဇနာ စ၊ ဥက္ခေပနီယကံပြုခြင်းဖြင့် စွန့်ပစ်နှင်ထုတ်ခြင်းတို့သည်လည်ကောင်း။ ဟောန္တိ၊ ဖြစ်ကုန်၏။

တတ္ထ၊ ထိုသို့သံဃာကွဲပြားရာ၌။
တစ်နည်း- ထို့သံဃာကွဲပြားကြောင်းဖြစ်သော ငြင်းခုံခြင်းစသည်ကို ပြုရာ၌။
အပ္ပသန္နာစေဝ၊ သာဿနာကို မကြည်ညိုသေးသောသူတို့သည်လည်း။
န ပသီဒန္တီ၊ မကြည်ညိုတော့ကုန်။
ပသန္နာနံ၊ ကြည်ညိုပြီးကုန်သော။
ဧကစ္စာနဥ္စ၊ အချို့သောသူတို့၏လည်း။
အညထတ္တံ၊ ကြည်ညိုသည်မှတစ်ပါး မကြည်ညိုခြင်းသည်။ ဟောတိ= ၏။
ဧတမတ္ထံ ဘဂဝါ အဝေါစ၊ ပေးမြဲ။
တတ္ထ၊ ထိုသံဃဘေဒသုတ်၌။
အာပါယိကော (လ) နိရဘံ ပစ္စတီ'တိ၊ ပစ္စတိ'ဟူသော။
ဧတံ၊ ဤဂါထာအနက် အဓိပ္ပါယ်ကို။
ဝုစ္စတိ၊ ဆိုအပ်၏။
အာပါယိကော၊ အပါယ်လေးဘုံ၌ ဖြစ်ထိုက်သော။
နေရယိကော၊ အဝီစိငရဲ၌ဖြစ်လတ္တံသော။
ကပ္ပဋ္ဌော၊ အဝီစိငရဲ၌ အန္တရကပ်ပတ်လုံး တည်လတ္တံ့သော။
ဝဂ္ဂရာမော၊ သံဃာကွဲပြားသူတို့၏ အစု၌ မွေ့လျှော်ပျော်ပိုက်သော။
အဓ္ဓဋ္ဌော၊ မတရားမှု၌တည်သော။
သံဃဘေဒကော၊ သံဃာကွဲပြားအောင် သင်းခွဲတတ််သူသည်။
ယောဂက္ခေမာ၊ ယောဂလေးပါးနို့ မနှိပ်စက်အပ်သောကြောင့် ယောဂက္ခေမမည်သော အရဟတ္တဖိုလ်နိဗ္ဗာန်မှ။
ပဓံသတိ၊ ဆုတ်ယုတ်၏။
ကမ္မ, ဥဒ္ဒေသ, ဝေါဟာရ, အနုဿာဝနာ, သလာဂ္ဂါဟ-ဟု သံဃာကွဲခြင်းကြောင်း ၅-မျိုးရှိရာ ကမ္မနှင့် ဥဒေသ ၂-မျိုးသာလိုရင်း ပမာဏ၊ ကျန်သုံးမျိုးတို့က ရှေ့ပြေး ပုဗ္ဗဘာဂအလုပ်သာ။
သမဂ္ဂံ သံဃ၊ ညီညွတ်သောသံဃာကို။
ဘေတွာန- ဘိန္ဒိတွာ၊ ခွဲခြင်းကြောင့်။
ကပ္ပံ၊ အန္တရကပ်ပတ်လုံး။
(ကပ္ပန္တိ အာကုကပ္ပံ၊ သော ပနေတ္တ အန္တရကပ္ပေါဝ။ဋ္ဌ)
နိရယမှိ၊ အဝီစိငရဲ၌။
ပစ္စတိ၊ ကျက်ရ၏။
(ပစ-ဓာတ်သည် ကျက်ခြင်းချက်ခြင်း ၂-နက်.
ချက်ချင်းအနက်ကား သဗျာပါရ- ကျက်ခြင်းအနက်ကား အဗျာပါရ၊ အဗျာပါရအနက်ဟောလျှင် ပစတိ- ဟု ဘူဝါဒိ။
ဤ၌ ပစ္စတိ- ဟုဒိဝါဒိတည်း။
အယမ္ပိ အတ္ထော၊ စသည် ပေးမြဲ။
အဋ္ဌမံ။