Issues
Select Version
နိဿယ
မြန်မာဘာသာ
Itivuttakapāḷi
Itivuttakapāḷi

7. Sabbapariññāsuttaṃ

Author: နိဿယ @ IAPT

'သဗ္ဗံ ဘိက္ခဝေ အနဘိဇာနံ (လ) ဘဗ္ဗော ဒုက္ခက္ခယာယာ'တိ၊ ဒုက္ခက္ခယာယ'ဟူသော။ ဧတံ၊ ဤသဗ္ဗပရိညာသုတ်ကို။ ဘဂဝတာ၊ ရွှေဘုန်းတော်သခင်ဘုရားရှင်သည်။ ဝုတ္တံ၊ ‌ဟောတော်မူအပ်ပြီ။ အရဟတာ၊ ပူဇော်အထူးကိုခံတော်မူထိုက်သော မြတ်စွာဘုရားသည်။ ဝုတ္တ'န္တိ၊ ဟောတော်မူအပ်ပြီ' ဟူ၍။ မေ၊ အကျွန်ုပ်အာနန္ဒာသည်။ သုတံ၊ နာခံမှတ်သား ဆောင်ထားအပ်ပါပြီ။ (ဒုက္ခက္ခယာယာတိ-ဟူသောသုတ်အဆုံး ဣတိကို မေ သုတံဝယ် သုတံ၌ရှေးရှေးသုတ်တို့၌ စပ်၍ အနက်ယောဇနာခဲ့သည်။ ဤသုတ်၌ သဗ္ဗံ ဘိက္ခဝေ (လ) ဒုက္ခက္ခယာယာတိ၊ ဒုက္ခက္ခယာယ-ဟူသောဟု ဝုတ္တံဟေတံ၌ ဧဝံဝယ်အာကာရဝိသေသနအနေဖြင့် အနက်ယောဇနာသည်။ ဝုတ္တမရဟတာတိ၌ ဣတိကိုလည်း ရှေးရှေးသုတ်တို့၌ နိဒဿနတ္ထ ကြံ၍ သုတံ၌ စပ်ခဲ့သည်။ ဤသုတ်၌ ဣတိကို ဝုတ္တံနှင့်တွဲ၍ အာကာရတ္ထ ကြံပြီးလျှင် သုတံ၌ စပ်ရသည်။ အနက်ဉာန် ကြီးစေရန် နှစ်နည်းပေးလိုက်သည်။) **ဘိက္ခဝေ**၊ တို့။ **သဗ္ဗံ**၊ အလုံးစုံသော တေဘူမကရုပ်နာမ်ဓမ္မသင်္ခါရကို။ အနဘိဇာနံ၊ ထူးသောဉာန်ဖြင့် မသိသော်။ **အပရိဇာနံ**၊ ဉာတ ပရိညာ တီရဏေပရိညာနှစ်မျိုးဖြင့် ပိုင်းခြား၍မသိသော်။ တတ္ထ၊ ထိုပရိညေယျ တေဘူမက ရုပ်နာမ်ဓမ္မ၌။ စိတ္တံ၊ မိမိ၏ စိတ်အစဥ်ကို။ အဝိရာဇယံ၊ တပ်မက်ခြင်းမကင်းစေနိုင်သော်။ ဝါ၊ တပ်မက်ခြင်း ကင်းအောင်မပြုနိုင်သော်။ အပ္ပဇဟံ၊ တေဘူမက၌ ပယ်ထိုက်သော ကိလေသာဝဋ်ကို မပယ်သော်။ ဒုက္ခက္ခယာ၊ ဆင်းရဲကုန်ခန်းခြင်းငှာ။ အဘဗ္ဗော၊ မထိုက်။သဗ္ဗပရိညာသုတ်၌ သိမှတ်ဖွယ် **သဗ္ဗံ ဘိက္ခဝေ**- ၌ သဗ္ဗသဒ္ဒါသည် အနဝသေသဝါစက၊ အကြွင်းမဲ့ဟူသော အနက်ကို ဟော၏။ ဤသဗ္ဗမှ မဟုတ်၊ မည်သည့်သဗ္ဗသဒ္ဒါမဆို အနဝသေသ=အကြွင်းမဲ့အနက်ဟောချည်းတည်း။ ထိုသဗ္ဗသည် အကျဥ်းအားဖြင့် နိပ္ပ‌ဒေသ သဗ္ဗ, သပ္ပဒေသ-သဗ္ဗ-ဟုနှစ်မျိုး၊ အကျယ်အားဖြင့် ၁-သဗ္ဗသဗ္ဗ၊ ၂-ပဒေသသဗ္ဗ၊ ၃-အာယာတနသဗ္ဗ၊ ၄-သက္ကာယသဗ္ဗဟု ၄-မျိုး။
ထိုအကျယ်လေးမျိုးကို အကျဥ်းနှစ်မျိုး၌ သွင်းလျှင် သဗ္ဗသဗ္ဗသည် နိပ္ပဒေသသဗ္ဗ၊ ကျန်သုံးမျိုးသည် သပ္ပဒေသသဗ္ဗတည်း။ အကျဥ်းနှစ်မျိုး ဖြစ်ဖြစ် အကျယ်လေးမျိုးဖြစ်ဖြစ် သဗ္ဗသဒ္ဒါမှန်သမျှ၏ ဟောနက်ကား အနဝသေသ၊ အကြွင်းမဲ့အနက်ဟောချည်းတည်း။ ဤအဓိပ္ပါယ်ကို သတိရှိစေ။ အနဝသေသ=အကြွင်းမဲ့ အနက်ကိုဟောသော်လည်း သဗ္ဗပုဒ်၏ စပ်ရာ ဝိသေသျကို ကြည့်၍ အနဝသေသကို ခွဲခြားရာ၏။ ဥပမာ-သဗ္ဗံ ရူပံ ဝေဒနာ၊ သဗ္ဗသက္ကာယ ပရိယာပ‌န္နေသု ဓမ္မေသု-ဟူသောပါဠိတို့၌ ပဌမသဗ္ဗသည် ရူပံ၏ ဝိသေသန ဖြစ်သောကြောင့် ရုပ်မှန်သမျှ အကြွင်းမဲ့အကုန် ဟောရကား အနဝသေသဝါစကတည်း။ ဝေဒနာ သညာစသည်ကို မဟောလို့ ဤသဗ္ဗကို အနဝသေသဝါစကမဟုတ်၊ သာဝသေသသဗ္ဗဟု မဆိုသင့်။ သဗ္ဗာ ဝေဒနာ၌ သဗ္ဗလည်း ဝေဒနာ၏ ဝိသေသန၊ဝါ၊ ဝေဒနာနှင့်သာ ဝိသေသန ဝိသေသျစပ်သောကြောင့် ဝေဒနာမှန်သမျှ အကြွင်းမဲ့ ‌ဟောရကား အနဝသေသဝါစကတည်း။ ရုပ်သညာ သင်္ခါရတို့ကို မဟောလို့ သာဝသေသသဗ္ဗဟု မဆိုသင့်။
ထိုကြောင့် ဤသုတ်လာ သဗ္ဗသဒ္ဒါကို အကျဥ်းနှစ်မျိုး၌ သွင်းလျှင် သပ္ပဒေသသဗ္ဗ အကျယ်လေးမျိုး၌သွင်းလျှင် ဝိပဿာနာဉာန်၏ အာရုံဖြစ်သော တေဘူမက ဥပါဒါနက္ခန္ဓာကို ရသောကြောင့် သက္ကာယသဗ္ဗ။ ဟောနက်ဝစ္စအနေအားဖြင့် အနဝသေသဝါစက-ဟု မှတ်။
**မှတ်သားဖွယ်**။ ။ ဤဂါထာ၌ သဗ္ဗတ္ထေသု န ရဇ္ဇတိ-ဖြင့် တဏှာဂါဟ၊ တဏှာစွဲကင်းကြောာင်း မုချအားဖြင့် သိစေသည်။ အကြောင်းတဏှာစွဲကင်းသဖြင့် အကျိုးဒိဋ္ဌိစွဲမာနစွဲတို့ ကင်းကြောင်းကိုလည်း အဝိနာဘာဝနည်းဖြင့် သိစေသည်။ သဗ္ဗတ္ထ-ဟူသောဝိဘတ္တိ ပစ္စယန္တနောင် သုဒ္ဓဝိဘတ်ဖြစ်သော သတ္တမီ သုဝိဘတ်သက် ထားခြင်းသည် သတိထား မှတ်သားဖွယ်ရာတည်း။ သို့မဟုတ် သဗ္ဗနှင့်တကွ သမာသ်၊ ထို့နောင် ဝိဘတ်သက်သည်ဟူ၍သော်လည်း ကြံ။
အပရိဇာနံ ပရိညာသုံးမျိုး အာရဒ္ဓဝိပဿက ယောဂါဝစရပုဂ္ဂိုလ်သည် တေဘူမက ရုပ်နာမ်ဓမ္မကို သိသည်ဟုဆိုရာ၌ ပရိညာသုံးမျိုးဖြင့် သိမှသာ သိသည်မည်၏။ ထို့ကြောင့် ပရိညာသုံးမျိုးအထူးကို ပြဥုးအံ့။
က။ ဘူတရုပ် ဥပါဒါရုပ်စသော ရုပ်တရားနှင့် ဖဿစသော နာမ်တရားတို့ကို လက္ခဏရသ စသောအားဖြင့်လည်းကောင်း၊ ထိုရုပ်နာမ်တို့၏ဖြစ်ကြောင်းအဝိဇ္ဇာ သင်္ခါရ စသော ပစ္စယအားဖြင့်လည်းကောင်း ကွဲကွဲပြားပြားသိခြင်းသည် ဉာတပရိညာတည်း။
ခ။ ဤသို့ ဉာတပရိညာဖြင့် သိပြီး၍ ထိုရုပ်နာမ်ဓမ္မတို့ကို အနိစ္စတော ဒုက္ခတော ပရတော စသော ၄၂-ပါး သော အခြင်းအရာဖြင့် ဆုံးဖြတ်နိုင်ခြင်းသည် တီရဏ ပရိညာတည်း။
ဂ။ ထိုသို့ဆုံးဖြတ်ပြီးနောက် ထိုရုပ်နာမ်ဓမ္မတို့၌ တွယ်တာကပ်ငြိသော ဆန္ဒဘဝကို အရဟတ္တမဂ်ဖြင့် ပယ်ခြင်းသည် ပဟာနပရိညာတည်း။
တစ်နည်း ပရိညာသုံးမျိုး အထူး က။ ဒိဋ္ဌိဝိသုဒ္ဓိ, ကင်္ခါဝိတရဏဝိသုဒ္ဓိနှစ်မျိုးသည် ဉာတပရိညာ။ ခ။ မဂ္ဂါမဂ္ဂဉာနဒဿနဝိသုဒ္ဓိ, ပဋိပဒါဉာနဒဿနဝိသုဒ္ဓိနှစ်မျိုးသည် တီရဏပရိညာ။ တစ်နည်း- ကလာပသမ္မသနအစ အနုလောမတိုင်အောင်သော ဝိပဿနာဉာန်သည် တီရဏပရိညာ။
**စ**၊ ဗျတိရိက်ကို ဆိုဥုးအံ့။ **ဘိက္ခဝေ**၊ တို့။ သဗ္ဗံ၊ အလုံးစုံသော ပရိညေယျတေဘူမက ရုပ်နာမ်ဓမ္မကို။ **အဘိဇာနံ** ခေါ၊ ထူးသောဉာန်ဖြင့် သိသော်သာ။ **ပရိဇာနံ ခေါ**၊ ဉာတ, တီရဏပရိညာနှစ်ပါးဖြင့် ပိုင်းခြားသိသော်သာ။ **တတ္ထ**၊ ထို တေဘူမက ရုပ်နာမ်ဓမ္မ၌။ **စိတ္တံ**၊ စိတ်အစဥ်သည်။ **ဝိရာဇယံ**၊ တပ်မက်ခြင်းကင်းသော်သာ။ ဝါ၊ တပ်မက်ခြင်းကင်းအောင် ပြုနိုင်သော်သာ။ **ပဇဟံ**၊ ထိုတေဘူမကရုပ်နာမ်ဓမ္မ၌ ပယ်ထိုက်သောကိလေသာဝဋ်ကို ပယ်ခွာနိုင်သော်သာ။ **ဒုက္ခက္ခယာယ**၊ ဆင်းရဲ ကုန်ခြင်းငှာ။ **ဘဗ္ဗော**၊ ထိုက်၏။ဂ။ မဂ်ဖြင့် ဆန္ဒရာဂကို ပယ်ခြင်းသည် ပဟာနပရိညာတည်း။
သဗ္ဗဉ္စ ခေါ ဘိက္ခဝေ အဘိဇာနံ ပရိဇာနံ တတ္ထ စိတ္တံ ဝိရာဇယံ ပဇဟံ ဘဗ္ဗော ဒုက္ခက္ခယာယ-ဝါကျ၏ ပိဏ္ဍတ္ထ
သဗ္ဗံ အဘိဇာနံ။ ။ ထင်ရှားရှိသော ဥပါဒါနက္ခန္ဓပဉ္စက အားလုံးကို သရုပ်အားဖြင့်လည်းကောင်း၊ ပစ္စည်းအားဖြင့်လည်းကောင်း၊ ဉာန်အားရှေးရှု မျက်မှောက်ပြုသည်၏ အစွမ်းဖြင့် ထူးသောဉာန်ဖြင့် သိမည်၊
ပရိဇာနံ။ ။ ဖြစ်ပြီး၍ မရှိတော့သော အခြင်းအရာစသည်ကို သိမ်းဆည်းသောအားဖြင့် ထိုခန္ဓပဉ္စကကို အနိစ္စစသော လက္ခဏာတို့ဖြင့် ပိုင်းခြားသိမည်၊
ဝိရာဇယံ။ ။ မှန်ကန်စွာ အနိစ္စစသော အခြင်းအရာဖြင့် ထိုးထွင်းသိခြင်းကြောင့် ဖြစ်ပေါ်လာသော ဘယဉာန် အာဒီနဝဉာန် နိဗ္ဗိဒါဉာန်တို့၏ အာနုဘော်ဖြင့် မိမိ၏စိတ်အစဥ်ကို တပ်မက်ခြင်းကင်းအောင် တပ်မက်မှုပျက်ပြယ်အောင်ပြုမည်၊
ပဇဟံ။ ။ ဝုဋ္ဌာနဂါမိနီ ဝိပဿာနာနှင့်တကွ မဂ်ဉာန်ဖြင့် သမုဒယအသင်းဝင် ကိလေသဝဋ်ကို အကြွင်းမဲ့ ပယ်နိုင်မည်ဆိုလျှင်-
ဘဗ္ဗော ဒုက္ခက္ခယာယ။ ။ ကိလေသာ အငြစ်အကြေးကို ပယ်သဖြင့် ကမ္မဝဋ်ပြုတ်၊ ကမ္မဝဋ်ပြုတ်သဖြင့် ဝိပါကဝဋ်လည်းချုပ်ကာ အလုံးစုံသော သံသရာဝဋ်ဒုက္ခ ပြုတ်ပြုတ်ပြုန်း၍ အနုပါဒိသေသနိဗ္ဗာန်သို့ ရရောက်ဖို့ သေချာ၏- ဟူလို။
ဤဝါကျ၏ ပိဏ္ဍတ္ထကို ပြောင်းပြန်လှန်လျှင် 'သဗ္ဗံ ဘိက္ခဝေ အနဘိဇာနံ အပရိဇာနံ'စသော ဝါကျ၏ ပိဏ္ဍတ္ထကိုလည်း သိနိုင်၏။ (ဋ္ဌ၊၅၁)
ဧတံ အတ္ထံ၊ ဤအနက်အဓိပ္ပါယ်ကို။ ဘဂဝါ၊ သည်။ အဝေါစ၊ ဟောတော်မူပြီ။
တတ္ထ၊ ထိုသုတ်၌။

'ယော သဗ္ဗံ သဗ္ဗတော ဥတွာ (လ) သဗ္ဗဒုက္ခမုပစ္စဂါ'တိ၊ **မုပစ္စဂါ'**ဟူသော။ ဧတံ၊ ဤဂါထာအနက်အဓိပ္ပါယ်ကို။ ဘဂဝတာ၊ သည်။ ဣတိ၊ ဤသို့။ ဝုစ္စတိ၊ မိန့်ဆိုတော်မူအပ်၏။

ယော သဗ္ဗံ သဗ္ဗတော ဉတွာ-ဂါထာအနက် ယော၊ အကြင်အာရဒ္ဓဝိပဿကပုဂ္ဂိုလ်သည်။ သဗ္ဗံ၊ အလုံးစုံသော တေဘူမကသင်္ခါရကို။ သဗ္ဗတော၊ (ကုသိုလ် အကုသိုလ်, သာဝဇ္ဇ အနဝဇ္ဇ, ခန္ဓာအာယတန ဓာတ် သစ္စာစသော) အလုံးစုံသောအဖို့အားဖြင့်။ ဝါ၊ ဒုက္ခစသောအဖို့အစု၊ ပိဠနစသော အဖို့အစုအားဖြင့်။ တစ်နည်း၊ သဗ္ဗတော၊ (ကက္ခဠဖုသနစသော လက္ခဏာ အနိစ္စစသော) အလုံးစုံသောအခြင်းအရာအားဖြင့်။ ဉတွာ၊ ဝိပဿနာရှေ့သွားရှိသော မဂ်ဉာန်ဖြင့် သိ၍။ ဝါ၊ ဝိပဿနာဉာန်ဖြင့်သိခြင်းကြောင့်။ သဗ္ဗတ္ထေသု၊ (အတိတ်အနာဂတ်စသည်ပြားသော) အလုံးစုံသောသက္ကာယဓမ္မတို့၌။ န ရဇ္ဇတိ၊ မတပ်မက်။ ဝေ၊ စင်စစ်။ ဝါ၊ ထင်ထင်ရှားရှား။ သဗ္ဗပရိညာ၊ အလုံးစုံသော တေဘူမကသင်္ခါရတို့ကို ပိုင်းခြား၍သိခြင်းကြောင့်။ (သဗ္ဗပရိညာ-သည် တွာပစ္စယန္တမဟုတ်၊ ကာရဏတ္ထ ပဉ္စမျန္တ၊ ထိုကြောင့်သဗ္ဗနှင့် ပရိညာသမာသ်စပ်သည်။) သော၊ ထိုအာရဒ္ဓဝိပဿက ယောဂါဝစရပုဂ္ဂိုလ်သည်။ ဝါ၊ အရိယာပုဂ္ဂိုလ်သည်။ သဗ္ဗဒုက္ခံ၊ အလုံးစုံသော ဝဋ်ဒုက္ခကို။ အစ္စဂါ၊ လွန်မြောက်ပြီ။

အယမ္ပိ အတ္ထော၊ ဤအနက်အဓိပ္ပါယ်ကိုလည်း။ ဘဂဝတာ၊ ဘုရားရှင်သည်။ ဝုတ္တော၊ ဟောတော်မူအပ်ပြီ။ ဣတိ၊ ဤသို့။ မေ၊ အကျွန်ုပ်အာနန္ဒာသည်။ သုတံ၊ နာခံ မှတ်သား ဆောင်ထားအပ်ပါပြီ။
သတ္တမံ။