Issues
Select Version
နိဿယ
မြန်မာဘာသာ
Dhammosadha_China
中文
Itivuttakapāḷi
Itivuttakapāḷi

7. Mettābhāvanāsuttaṃ

Author: နိဿယ @ IAPT

ယောနိ ကာနိစိ ဘိက္ခဝေ(လ) ဝိရောစတိ စာ’တိ၊ ဝိရောစတိ စ’ဟူသော။ ဧတံ၊ ဤမေတ္တာဘာဝနာသုတ်ကို။ ဘာဂဝတာ၊ သည်။ ဝုတ္တံ၊ ဟောတော်မှုအပ်ပြီ။ အရဟတာ၊ သည်။ ဝုတ္တ’န္တိ၊ ပြီ’ဟူ၍။ မေ၊ အကျွန်ုပ်အာနန္ဒာသည်။ သုတံ၊ နာခံမှတ်သား ဆောင်ထားအပ်ပါပြီ။ ဘိက္ခဝေ၊ တို့။ ‌**သြပဓိကာနိ**၊ ခန္ဓာဟူသော ဥပဓိကိုဖြစ်စေတတ်ကုန်သော။ ယာနိကာနိစိ၊ အလုံးစုံကုန်သော။ ပုညကိရိယဝတ္ထူနိ၊ ပုညကြိယဝတ္ထု ကုသိုလ်တို့သည်။

ကာမကာမိနော။ ။ ကာမကာမိနော-၌ ပဌမကာမကို ကာမေတဗ္ဗနံ ဥဠာရာနံ ဒေဝဘောဂါနံ-ဟုဖွင့်သောကြောင့် ကာမအရ နတ်တို့၏ ဥဠာရဒေတဘောဂကိုယူ။ ကာမီယန္တီတိ ကာမာ-ဟု ဝစနတ္ထပြု။ ဝတ္ထုကာမကို အရကောက်။ ကာမိနော-ကို သမင်္ဂိ‌နော-ဟု ဖွင့်သောကြောင့် သမင်္ဂိသမ္ပန္နပုဂ္ဂိုလ်ကို ကောက်လေ။ ‘လိုလားအပ်သော မြတ်သော နတ်အသုံးဆောင် ဝတ္ထုကာမနှင့် ပြည်စုံသူတို့ဟု ဆိုလိုသည်။ အခြားတစ်နေရာ၌ ကာမပုဒ်ကို ကမ္မသာဓ်ပြု၍ ကာမကာမော ဖြစ်အောင် ဝိစ္ဆာ အာဘိက္ခ-ညေသု ဒေါ-ဖြင့် ဒွိတ္တပြု။ အဿတ္ထိ ဆင့်လျှင် လိုအပ်သမျှ ဝတ္ထုကာမတွေရှိကြသည်။ ဝါ၊ ပြည့်စုံကြသည်ဟူသော အဓိပ္ပာယ်ရ၏ဟု ‌ရေးခဲ့ပြီ။
**သြပဓိကာနိ**။ ။ ဥပဓိ+ဣက ဟုခွဲ၊ ဥပဓိ-အရ ခန္ဓုပဓိ-ကိုယူ။ဥပဓိဿ ကရာဏံ သီလံ ဧတေသန္တိ သြပဓိကာနိ ဟု ဝိဂ္ဂဟပြု။ သို့မဟုတ် ဥပဓိ+ပယောဇနံ-ယေသန္တိသြပဓိကာနိဟူ၍ သော်လည်းပြု။ ပြုထိုက်သော ကုသိုလ်ဖြစ်၍ ‘ပုညကြိယ၊’ထိုထိုကောင်းကျိုးတို့၏ တည်ရာဖြစ်၍ ‘ဝတ္တု’၊ ပုညကိရိယာ စ+တာ+ဝတ္ထူနိ စာတိ ပုညကိရိယဝတ္ထူနိ-ဟုတွဲ။ စိတ်၏ဆန့်ကျင်ဖက်နီဝရဏတို့မှ ကောင်းကောင်းကြီး လွတ်မြောက်သောကြောင့် အပ္ပနာစျာန်ကို 'စေတောဝိမုတ္တိ'ဟုခ ခေါ်ဆိုသည်။ ထိုအပ္ပနာ စျန်သည်လည်း မေတ္တာယနှင့် ဝိသေသန ဝိသေယျ-စပ်သောကြောင့်မေတ္တာဘာဝနာ အပ္ပစျာန်ကိုသာ ဤ၌ယူရမည်။ ဥပစာရစျာန်ကိုမယူရ။

**ကလံ နာဂ္ဃန္တိ သေဠသိံ**။ ။ မေတ္တာ အပ္ပနာစျာန်၏ အကျိုးကို ၁၆-စိတ် စိတ်၊၎င်းတစ်စိတ်ကို တစ်ဖန် ၁၆-စိတ်စိတ်, တစ်စိတ်၊ ၎င်းစိတ်တစ်စိတ်ကိုပင် သြပဓိကပုညကြိယဝတ္ထုကုသိုလ်၏ အကျိုးက မမီပေ။ ဆိုလိုရင်းကား မေတ္တာအပ္ပနာစျာန်၏အကျိုးကို ၂၅၆-စိတ်စိတ်ပါ။ ထို ၂၅၆စိတ်၏ တစ်စိတ်ကို ပင် ပုညကြိယဝတ္ထုကုသိုလ်၏ အကျိုးက မမီလို။

{{nissaya|**စန္ဒိယာ ပဘာယ**။ ။ စန္ဒဿ+အယန္တိ|စန္ဒီ၊ တဿာ စန္ဒိယာ-ဟူသော ဋ္ဌကထာ အလို 'စန္ဒိယာ၊ လမင်းပိုင်ဖြစ်သော။ ပဘာယ၊ အရောင်ဖြင့်'ဟုပေးလေ။}}

သန္တိ၊ ရှိကုန်၏။ သဗ္ဗာနိ၊ အလုံးစုံကုန်သော။ တာနိ၊ တို့သည်။ မေတ္တာယ စေတောဝိမုတ္တိယာ၊ မေတ္တာအပ္ပနာစျာန်၏။ **သောဠသိံ၊ ၁၆-စိတ်စိတ်လျှင် တစ်စိတ်မျှသော။ **ကလံ**၊ အစိတ်အပိုင်းကို။ **နာဂ္ဃန္တိ၊ မထိုက်တန်ကုန်။

မေတ္တာယေဝ စေတောဝိမုတ္တိ၊ မေတ္တာ အပ္ပနာစျာန်ကသာ။ တာနိ၊ ထိုသြပဓိက ပုညကြိယဝတ္ထု ကုသိုလ်တို့ကို။ အဓိဂ္ဂဟေတွာ၊ လွှမ်းမိုး၍။ ဘာသတေ စ၊ ထွန်းလင်းထွန်းလင်း၏။ တပတေ စ၊ တောက်လည်းတောက်ပ၏။ ဝိရောစ၊ တင့်လည်းတင့်တယ်၏။ ဘိက္ခဝေ၊ တို့။ တာရကရူပါနံ၊ ကြယ်တာယာနက္ခတ်တို၏။ ယာကာစိ ပဘာ၊ အလုံစုံကုန်သော အ‌ရောင်တို့သည်။ သန္တိ၊ ကုန်၏။ သဗ္ဗာ၊ အလုံးစုံကုန်သော။ တာ၊ ထိုအရောင်တို့သည်။ **စန္ဒိယာ ပဘာယ**၊ လ‌ရောင်၏။ သောဋ္ဌသိံ၊ ၁၆စိတ်,စိတ်လျှင် တစ်စိတ်မျှသော။ ကလံ၊ အစိတ်အပိုင်းကို။ နာဂ္ဃန္တိ၊ မထိုက်တန်ကုန်။ စန္ဒပဘာယေဝ၊ လ‌ရောင်ကသာ။ တာ၊ ထိုအ‌ရောင်အားလုံး တို့ကို။ အဓိဂ္ဂ-ဟေတွာ၊ လွှမ်းမိုး၍။ **ဘာသတေ စ တပတေ စ** ဝိ‌ရောစတိ စ သေယျထာပိ၊ ထွန်းလင်းလည်း ထွန်းလင်း တောက်ပလည်း တောက်ပ တင့်တယ်လည်းတင့်တယ်သကဲ့သို့။
ဧဝံ၊ ဤအတူ။ ဘိက္ခဝေ၊ တို့။ သြပဓိကာနိ၊ ခန္ဓာ ဟူသော ဥပဓိကို ဖြစ်စေတတ်ကုန်သော။ ဝါ၊ ခန္ဓာဟူသော ဥပဓိကို ပြုလုပ်လေ့ရှိကုန်သော။ ယာနိ ကာနိစိ၊ အလုံးစုံကုန်သော။ ပုညကိရိယဝတ္ထူနိ၊ အကြင်ပုညကြိယာဝတ္ထု ကုသိုလ်တို့သည်။ သန္တိ၊ ရှိကုန်၏။ သဗ္ဗာနိ၊ အလုံးစုံကုန်သော။ တာနိ၊ ထိုပုညကြိယဝတ္ထု ကုသိုလ်တို့သည်။ မေတ္တာယ စေတောဝိမုတ္တိယာမေတ္တာ အပ္ပနာစျာန်၏။ သောဋ္ဌသိံ၊ ၁၆-စိတ်,စိတ်လျှင် တစ်စိတ်မျှသော။ ကလံ၊ အစိတ်အပိုင်းကို။ နာဂ္ဃန္တိ၊ မထိုက် တန်ကုန်။ မေတ္တာ-ယေဝစေတောဝိမုတ္တိ၊ မေတ္တာ အပ္ပနာစျာန်ကသာ။ တာနိ၊ ထိုပုညကြိယဝတ္ထု ကုသိုလ်တို့ကို။ အဓိဂ္ဂဟေတွာ၊ လွှမ်းမိုး၍။ ဘာသတေ စ၊ ထွန်းလည်း ထွန်းလင်း၏။ တပေတ စ၊ တောက်လည်းတောက်ပ၏။ ဝိ‌ရောစတိ စ၊ တင့်လည်း တင့်တယ်။
ဘိက္ခဝေ၊ တို့။ ဝသာနံ၊ မိုးလေးလတို့၏။ ပစ္ဆိမေ၊ နောက်ဆုံးဖြစ်သော။ မာသေ၊ တန်ဆောင်မုန်းလဖြစ်သော။ သရဒသမယေ၊ သရဒဥတု၌။ (အဿယုဇကတ္တိကမာသာ ဟိလောကေ သရဒဥတူတိ ဝုစ္စန္တိ။ ဋ္ဌ။) ဝိဒ္ဓေ၊ =ထုတ်ချင်းပေါက်ဖြစ်၍ ဟာလာဟင်းလင်းပြင်ဖြစ်သော။ ဝိတဝလာဟကေ၊ မိုးတိမ်ကင်းသော။ ‌ဒေဝေ၊ ကောင်းကင်၌။ အာဒိစ္စော၊ နေမင်းသည်။ နဘံ၊ ‌ ကောင်းကင်သို့။ အဗ္ဘုဿက္ကမာနော၊ နေထွက်အရပ်မှ တက်လာသည်ရှိသော်။ သဗ္ဗံ၊ အလုံစုံသော။ အာကာသဂတံ၊ ကောင်းကင်၌ရှိသော။ တမဂတံ၊ အမိုက်အမှောင်ကို။ အဘိဝိဟစ္စ၊ ပယ်ဖျောက်၍။ ဘာသတေ စ သေယျထာပိ၊ ထွန်းလည်း ထွန်းလင်း သကဲ့သို့လည်ကေင်း။ တပတေ စ သယျေထာပိ၊ ‌တောက်လည်း တောက်ငသကဲ့သို့လည်ကောင်း။ ဝိရောစတိ စ သေယျထာပိ၊ တင့်လည်း တင့်တယ်သကဲ့သို့လည်ကောင်း။

ဘိက္ခဝေ၊ တို့။ ဧဝမေဝံ ခေါ၊ ဤအတူသာလျှင်။ဘာသာတေ စ တပတေ စ။ ။ ဘာသတေတိ ဥပက္ကိလေသဝိသုဒ္ဓိယာ ဒိပ္ပတိ-ဟူသော ဋ္ဌ-အလို ဘာသတေ စ၊ ထွန်းလည်း ထွန်းလင်း၏-ဟုပေးလေ။တပတေတိ တတောဧဝ အနသေသအဋိပက္ခဓမ္မေ သန္တတပတိ- ဟူသော ဋ္ဌ-အလို တပတေ စ၊ဆန့်ကျင်ဖက် တရားတို့ကို ရှို့မြှိုက်လည်း ရှို့မြှိုက်တတ်၏ဟု ပေးလေ။(ဋ္ဌ၊၈၆)

သြဓိကာနိ၊ ခန္ဓုပဓိကို ဖြစ်စေတတ်ကုန်သော။ ယာနိ ကာနိစိ၊ အလုံးစုံကုန်သော။ ပုညကြိယဝတ္ထု ကုသိုလ်တို့သည်။ သန္တိ၊ ကုန်၏။ သဗ္ဗာနိ၊ ကုန်သော။ တာနိ၊ ထိုပုညကြိယဝတ္ထု ကုသိုလ်တို့သည်။ မေတ္တာယစေတောဝိမုတ္တိယာ၊ မေတ္တာ အပ္ပနာစျာန်၏။ သေဋ္ဌသိံ၊ ၁၆-စိတ်စိတ်တစ်စိတ်မျှသော။ ကလံ၊ အစိတ်အပိုင်းကို။ နာဂ္ဃန္တိ၊ မထိုက်တန်ကုန်။ မေတ္တာယေဝ စေတောဝိမုတ္တိ၊ မေတ္တာ အပ္ပစျာန်ကသာ။ အဓိဂ္ဂဟေတွာ၊ လွှမ်းမိုး၍။ ဘာသတေ စ၊ ထွန်းလည်း ထွန်းလင်း၏။ တပတေ စ၊ တောက်လည်းတော်ကပ၏။ ဝိရောစတိ စ၊ တင့်လည်း တင့်တယ်၏။

ဘိက္ခဝေ၊ တို့။ ရတ္တိယာ၊ ညဉ့်၏။ ပစ္စူသသမယေ၊ မိုးသောက်ယံအချိန် အခါ၌။ သြသဓိတာရကာ၊ သောက်ရူးကြယ်သည််။ ဘာသတေ စသေ ယျ-ထာပိ၊ ထွန်းလည်း ထွန်းလင်းသကဲ့သို့လည်ကောက်း။ တပတေ စ သေယျထာပိ၊ ‌တောက်လည်း‌ တောက်ပ သကဲ့သို့လည်ကောင်း။ ဝိရောစတိစ သေယယျထာပိ၊ တင့်လည်း တင့်တယ်သကဲ့သို့လည်ကောင်း။ ဘိက္ခဝေ၊ တို့။ ဧဝမေဝံ ခေါ၊ ဤအတူသာလျှင်။ သြပဓိကာနိ၊ ခန္ဓုပဓိကို ဖြစ်စေတတ်ကုန်သော။ ယာနိ ကာနိစိ၊ အလုံးစုံကုန်သော။ ပုညကြိယဝတ္ထူနိ၊ ပုညကြိယကုသိုလ်တို့သည်။ သန္တိ၊ ရှိကုန်၏။ သဗ္ဗာနိ၊ အလုံးစုံကုန်သော။ တာနိ၊ ထိုပုညကြိယကုသိုလ်တို့သည်။ မေတ္တာယ စေတောဝိ မုတ္တိယာ၊ မေတ္တာ အပ္ပနာစျာန်၏။ သောဋ္ဌသိံ၊ ၁၆-စိတ်, စိတ်လျှင် တစ်စိတ်မျှသော။ ကလံ၊ အစိတ်အပိုင်းကို။ နာဂ္ဃန္တိ၊ မထိုက်ကုန်။ မေတ္တာယေဝ စေတောယေဝ စေ‌တောဝိမုတ္တိ၊ မေတ္တာအပ္ပနာ စျာန်ကသာ။ တာနိ၊ ထိုပုညကြိယကုသိုလ်တို့ကို။ အဓိဂ္ဂဟေတွာ၊ လွှမ်းမိုး၍။ ဘာသတေ စ၊ ထွန်းလည်း ထွန်းလင်း၏။ တပတေ စ၊ တောက်လည်း တောက်ပ၏။ ဝိရောစတိ စ၊ တင့်လည်း တင့်တယ်၏။ ဧတမတ္တံ၊ စသည်ပေးမြဲ၏။
တတ္တ၊ ထိုမေတ္တာဘာဝနာသုတ်၌။ 'ယောစ မေတ္တံဘာဝယတိ(လ) ဝေရံ တဿ န ကေနစီ'တိ၊ န ကေနစိ"ဟူသော။ ဧတံ၊ ဤဂါထာအနက်အဓိပ္ပာယ်ကို။ ဣတိ၊ သို့။ ဝုစ္စတိ၊ ဆိုအပ်၏။
ယော၊ အကြင်ပုဂ္ဂိုလ်သည်။ ပဋိဿတော၊ အဖန်ဖန် သတိပြုသည်ဖြစ်၍။ အပ္ပမာဏံ၊ (ဘာဝနာ၏အစွမ်း အာရုံ၏အစွမ်းအားဖြင့်) အတိုင်းအရှည် မရှိသော။ မေတ္တံ၊ မေတ္တာစျာန်ကို။ ဘာဝယတိ၊ တိုးပွားစေ၏။ ဥပဓိက္ခယံ၊ ကိလေသုပဓိကုန်ရာ နိဗ္ဗာန်ကို။ ပဿ‌တော၊ (မေတ္တာစျာန်အခြေခံ၍) အော််က်မဂ် ၃-ပါးဖြင့်သိမြင်သော။ တဿ၊ ထိုသူ၏။ **သံယောဇန**၊ ပဋိဃစသော သံယောဇဉ်တို့သည်။ **တနူ**၊ ((အပါယ်ခံရ၍) ခေါင်းပါးကုန်သည်။ ဟောန္တိ**၊ ဖြစ်ကုန်၏။ (တနု-ဆိုသော်လည်း ခေါင်းပါးကာမျှမဟုတ်။ ပယ်ရှားသသည်အဌိ အဓိပ္ပာယ်ယူပါ။)တနူ သံယောဇနာ ဟောန္တိ။ ။ အထဝါ တနူ သံယောဇနာ ဟောန္တီိတိ မတ္တာ စျာနပဒ-ဋ္ဌနာယ ဝိပဿနာယ အနုက္ကမေန ဥပဓိက္ခယသင်္ခါတံ အရဟတ္တံ ပတွာ တံ ပဿတော ပဂေဝ ဒသပိ သံယောဇနာ တူ ဟောန္တိ၊ ပဟီယန္တီတိ အတ္တော-ဟူသော ဋ္ဌ-ဒု ဝိကပ်အလို မေတ္တာစျာန် ပဒဋ္ဌာန်ဟူသော နီးစွာသော အကြောင်း ရှိသော တိပဿနာဉာန်စဉ် ၁၀-ပါးဖြင့် ကိလေသုပဓိကုန်ကြောင်း အရဟတ္တမဂ် တိုင်အောင် ရရှိခြင်းကြောင့် ထိုအရဟတ္တမဂ်ဖြင့် နိဗ္ဗာန်ကို သိမြင်သော ယောဂီအား သံယောဇဉ် ၁၀-ပါးလုံး ပယ်ရှားပြီးဖြစ်ကာ ခေါင်းပါးနိုင်ကုန်သည်သာ။
အထ ဝါ တနူ သံယောဇနာ ဟောန္တီတိ ပဋိဃော စေဝ ပဋိဃသမ္ပယုတ္တ သံယောဇာန စ တနုကာ ဟောန္တိ-ဟူသော ဋ္ဌ-တတိယတိကပ်အလို မေတ္တာအပ္ပနာစျာန်ကိုပွားများသော ယောဂီဖြစ်သည်အားလျှော်စွာ မေတ္တာ၏ ‌ဆန့်ကျင်ဖက် ပဋိဃသံယောဇဉ်နှင့် ထိုပဋိဃနှင့်ယှဉ်သော ပတ်သက်သော သံယောဇဉ်တို့သည် မေတ္တာအပ္ပနာစျာန်ကို ရခြင်း၏အစွမ်းအားဖြင့် ခေါင်းပါးကုန်၏ဟု ဆိုလိုသည်။
အထက်ပါ တတိယကပ်၏ အဆိုကို 'ပဿ‌ ဥပဓိက္ခယ'န္တိ တေသံယေဝကိလေသူပဓီနံ ခယသင်္ခါတံ မေတ္တံ အဓိဂမဝသေန ပဿန္တဿာတိ ဧဝမေတ္တ အတ္တော ဒဋ္ဌဗ္ဗော-ဟူသော အဖွင့်နှင့် ဆက်စပ်ကြည့်လျှင် ဥပဓိက္ခယ ပုဒ်၏အရ ရှေ့နှစ်ဝိကပ်ကဲ့သို့ နိဗ္ဗာန်ကိုအရမကော်ကမူ၍ 'ကိလေသူနပဓီနံ ခယသင်္ခါတံ မေတ္တံ'ဟူသော အဖွင့် နှင့်အညီ မေတ္တာမဂ်အပ္ပနာစျာန်ကို ကောက်ရမည်။ ထိုမေတ္တာမဂ်အပ္ပနာစျာန်ကို ရသဖြင့် ထိုမေတ္တာမဂ်အပ္ပနာစျာန်ဖြင့် နိဗ္ဗာန် ကိုမြင်သည်။၏ ထိုမေတ္တာမဂ်အပ္ပမာ စျာန်ဖြင့် နိဗ္ဗာန်ကို မြင်ဖြင်းဖြစ်၍ အခြားသံယောဇဉ်တို့ကို အမည်သီးခြား မတပ်ဘဲ မေတ္တာ၏ ဆန့်ကျင်ဖက် ပဋိဃနှင့်သမ္ပယုတ္တသံယောဇဉ်တို့ကို ဥုးစားပေးကာ ဖွင့်ဆိုတော်မှုသည်။
ဧကမ္ပိ ပါဏံ၊ သတ္တဝါတစ်ဥုးတစ်ယောက်ကိုလည်း။ အဒုဋ္ဌစိတ္တော၊ ဗျာပါဒသည် မဖျက်ဆီးအပ်သော စိတ်ရှိသည် ဖြစ်၍။ မေတ္တာယတိ၊ အကျိုးစီပွားဖြင့် မေတ္တာပွားမှုပြု၏။ တေန၊ ထိုသို့ ပွားများမှုပြုခြင်းကြောင့်။ ကုသလော၊ ကြီးမားစေသာ ပုဉ်းရှင်ကံရှင််သည်။ ဝါ၊ အကျိုးမဲ့ ဖြစ်သော ဗျာပါဒစသည် ကင်းသဖြင့် ဘေးမရှိသောသူသည်။ ဟောတိ၊ ၏။ စ၊ ဗျတိဇရိက်ကို ဆိုဥုးအံံ့။ သဗ္ဗေ ပါဏေ၊ အလုံစုံသော သတ္တဝါတို့ကို။ (အတ္တ-နော၊ မိမိ၏။ ပိယံ၊ ချစ်မြတ်နိုးအပ်သော။ ပုတ္တမိဝ၊ သားသ္မီးကဲ့သို့။) မနာသာ၊ အကျိုးစီးပွားဖြန့်သောစိတ်ဖြင့်။ အနုကမ္ပံ- အမုကမ္ပ‌န္တော၊ အစဉ်သနားစောင့်ရှောက်လျက်။ ပဟုတံ၊ (မဟာကပ် ၆၄-ကပ်ကြာအောင် အကျိုးကို ပေးစွမ်းနိုင်သောကြောင့်) အပိုင်းအခြားမရှိ များပြားလှစွာသော။ ပုညံ၊ ဥဋ္ဌရပုညံ=အထက်တန်းစား ကုသိုလ်ကို။ အရိယော၊ ဗျာပါဒအညစ်အကြေး ကင်းသဖြင့် ဖြူစင်သော စိတ်ရှိသာသူသည်။ ပကရော၊ ပြု၏။ ဝါ၊ ဖြစ်စေ၏။
ယေ ရာဇိသယော-ယေ ရာဖ+ဣသယော၊ ရသေ့ရဟန်းသဖွယ် တိုင်းပြည်ကို တရားသဖြင့် အုပ်ချုပ်သော အကြင်မင်းတို့သည်။ (ရသေ့ ရဟန်း သဖွယ် အကြင်မင်းတို့သည်ဟူ၍လည်း ပေးလေ။‌) သတ္တသဏ္ဍံ၊ အကြားမရှိ လောက်အောင် သတ္တဝါအလုံးအရင်းတို့ဖြင့် ပြည့်နှက်နေသော ပထဝိံ= မဟာပထဝီ မြေပြင်ကို။ ဝိဇိတွာ၊ ထူးခြားစွာအောင်နိုင်၍။ ယဇမာနာ၊ လှူဒါန်းပေးကမ်းကုန်လျက်။ သဿမေဓံ၊ ဆယ်ခိုင့်တစ်ခိုင် အခွန် အတုပ်ယူခြင်း သဿမေဓလည်ကောင်း။ သဿမေဓ။ ။ တောင်သူလယ်သ္မားတို့သည် ရရှိလာသော ကောက်ပဲသီးနှံမှ ‌ဆယ်ဖို့တစ်ဖို့ ‌အခွန်ကောက်ခြင်းသည် မင်း၏ ဝါ အစိုးရ၏ ကောက်ပဲ (စားနပ်ရိက္ခာ) ပြည့်စုံရေးအတွက် နားလည်မှုရှိဖြင်းတစ်မျိုးကို သဿ၊ ကော်ကပဲနှင့်စပ်၍။‌ မေဓာ။ အသိဉာန် ပညာ။ သဿမေဓ၊ ကောက်ပဲနှင့်စပ်၍ အသိညာန်ပညာဟုမိန့်သည်။ **ပုရိသမေဓံ**၊ စစ်ဘက်ဆိုင်ရာ ပုဂ္ဂိုလ်တို့အား ၆-လ တစ်ကြိမ် လခရိက္ခာထုတ်ပေးခြင်း ပုရိသမေဓလည်ကောင်း။ **သမ္မာပါသံ**၊ ဆင်းရဲသားတို့အား လက်မှတ်ရေးထိုးစေ၍ အသပြာတစ်ထောင် နှစ်ထောင်အတိုးအပွားမရှိ ထုတ်ချေးခြင်း သမ္မာပါသလည်ကောင်း။ **ဝါဇပေယျံ**၊ ဥုးကြီးဥုးလေး စသည်ဖြင့် သိမ့်မွေ့ ယဉ်ကျေးစွာပြော၍ ချီးမြှောက်ခြင်း ဝါဇပေယျလည်ကောင််း။ (ဧဝံ၊ ဤသို့။ စတူဟိ သင်္ဂဟဝတ္ထူဟိ၊ လေးပါးသော သိင်္ဂဟဝတ္ထုတိုဖြင့်။ သင်္ဂဟေတွာ၊ ချီမြှောက်၍) နိရဂ္ဂဋ္ဌံ၊ အိမ်ပေါက်တို့၌တံခါးမရှိသည်ကို။ ဝါ၊ အိမ်တံခါးပေါက် တို့၌ ကန့်လန့်မထိုးသည်ကို။ ကုရုမာ‌နော၊ ပြုကုန်လျက်။ အနုပရိယဂါ၊ လှည့်လည် သွားလာကြကုန်ပြီ။ သဗ္ဗေ၊ အလုံးစုံကုန်သော။ တာရာဂဏာ၊ ကြယ်တာရာအပေါင်းတို့သည်။ စန္ဒပ္ပဘာ-စန္ဒဘာယ၊ လရောင်၏။ သောဋ္ဌသိံ၊ ၁၆-စိတ် စိတ် တစ်စိတ်သော။ ကလံ၊ အစတ်အပိုင်းကို။ နာနုဘဝန္တိယထာ၊ မမီကုန်သကဲ့သို့။ (န ပါပုဏန္တိ။ ဋ္ဌ။) ဧဝံ၊ ဤအတူ။ တေ သဿမေဓာဒယော၊ ထို သဿမေဓအစရှိကုန်သော။ပုရိသမေဓ ။ ။ စစ်ဘက်ဆိုင်ရာ ပုဂ္ဂိုလ်တို့အား ၆-လတစ်ကြိမ် လစာရိက္ခာ ထုတ်ပေးခြင်းသည်။ပုရိသ၊ စစ်ဘက်ဆိုင်ရာ စစ်ဗိုလ်စသည်တို့အား မည်သို့အခွင့်အရေး ပေး၍ ချီးမြှောက်ရမည်ကို၊ မေဓာ၊ နားလည်သိရှိမှုသည်။ပုရိသမေဓာပင်တည်း။
သမ္မာပါသ။ ။ ပြည်သူလူထုကို လက်မှတ်ရေးထိုးစေ၍ အတိုးမယူဘဲ တစ်ထောင် နှစ်ထောင် ထုတ်ချေးခြင်းသ်ည သမ္မာ၊ အလွန်ကောင်းသော။ပါသ၊ အုပ််ချုပ်သူ လူတန််းစားကား အအုပ်ချုပ်ခံလူထုအား မိမိ၏ စည်းရုံးရေး ပိုက်ကွန်ထဲ ထည့်သွင်းလိုက်ခြင်းတစ်မျိုးတည်း။
ဝါစာပေယျ။ ။ အမှုထမ်း အရာထမ်း ပြ်သူလူထုနှင့် ဆက်ဆံရာ၌ ဥုးလေး စသည်ဖြင့် ယဉ်ယဉ်ကျေးကျေး ပြောဆိုခြင်းသည် ပေယျ၊ ဆစ်ဖက်သားကျေနပ် နှစ်သက်ဖွယ်စကားကို ဝါစ၊ သုံးနှုန်းပြောဆိုလိုက်ခြင်းပင်။ အထက်ပါ သင်္ဂဟဝတ္ထုလေးမျိုးတို့ဖြင့် လူတန်းစားအသီးသီးအား ချီးမြှောက် ဆက်ဆံလျှင် တိုင်းပြည်လည်း တိုးတက် ငြိမ်သက်၊ ပြည်သူလူထုလည်း ဝမ်းသာ ကျေနပ်သော နည်းကောင်းတည်း။
ယညာ၊ ပေးကမ်းချီးမြှောက်ပူဇော်မှုတို့သည်။ သုဘာဝိတဿ၊ ကောင်းစွာပွားမြားအပ်သော။
မေတ္တဿ စိတ္တဿ၊ မေတ္တာနှင့် ယှဉ်သောစိတ်၏။ သောဋ္ဌသိံ၊ သော။ ကလံ၊ ကို။ နာနုဘဝန္တိ - န ပါပုဏန္တိ၊ မမီကုန်။ သဗ္ဗဘူတေသု၊ အလုံးစုံသော သတ္တဝါတို့အပေါ်၌။ မေတ္တံသော၊ မေတ္တာဖြင့် ပြီးသောစိတ်အဖို့စုရှိသော။ ဝါ၊ (မေတ္တာကိုလက်မလွှတ်သဖြင့်) မေတ္တာ၏ ဘက်တော်သား အစိတ်အပိုင်းဖြစ်၍ဖြစ်သော။
ယော၊ မေတ္တာဗြဟ္မဝိဟာရ-ဘာဝနာကို အားထုတ်သော အကြင်ပုဂ္ဂိုလ်သည်။ (မေတ္တာတရားလက်ကိုင်ထားသူဟူလို)။ ကဉ္စိသတ္တံ၊ မည်သည့်သတ္တဝါကိုမျှ။ န ဟန္တိ၊ မညှင်းဆဲမနှိပ်စက်။ ပရ့၊ သူတစ်ပါးကို။ သမာဒပေတွာ၊ တိုက်တွန်းဆောက်တည်စေ၍။ န ဃာတေ-တိ၊ သတ္တဝါတို့ကို မညှင်းဆဲ မနှိပ်စက်စေ။ န ဇိနာတိ၊ ညှင်းပန်းသမှု အနိုင်အထက်ပြု၍ ဘယ်သူ့ကိုမျှ အနိုင်မယူ။ (န ဇီနာတီတိ သာရမ္ဘဝိဂ္ဂါဟိက-ကထာဒိဝသေန နကဉ္စိ ဇိနာတိ၊ သာရမ္ဘဿေဝ အဘာဝတော -ဟူ၍ ၎င်း။ ဇာနိကရဏဝသေန ဝါ အဍ္ဍကရဏာဒ်ိနာ န ကဉ္စိ ဇိနာတိ-ဟူ၍၎င်း ဋ္ဌ-ဖွင့်၏။) န ဇာပယေ၊ သူတစ်ပါးကိုလည်း အနိုင်မယူစေ။ တဿ၊ ထိုသူအဖို့။ ကေနေစိ၊ တစ်စုံတစ်ခုသော အကြောင်းကြောင့်။ ဝေရံ၊ အကုသိုဠ်ရန်သည်။ န၊ မရှိနိုင်။ တစ်နည်း- ကေနစိ၊ တစ်စုံတစ်ယောက်သော သူနှင့်။ သဒ္ဓိံ၊ အတူတကွ။ ဝေရံ၊ ရန်သူ ဟူသော ဆန့်ကျင်ဘက်သည်။ ဝါ၊ ငြိုးသူရန်ဖက်သည်၊ န၊ မရှိနိုင်။
အယမ္ပိ အတ္ထော၊ စသည် ပေးမြဲ။
သတ္တမံ။
တတိယော၊ သုံးခုမြောက်သော။ ဝဂ္ဂေါ၊ ဝဂ်တည်း။
တဿ၊ ထို ဧကကနိပါတ်၏။ ဥဒ္ဒါနံ၊ အကျဉ်းခေါင်းစဉ်ကား . . .
စိတ္တံ၊ ပသန္နစိတ္တသုတ်၎င်း။ မေတ္တံ၊ မေတ္တသုတ်၎င်း။ ကဘောအတ္ထေ၊ နှစ်းပါးသော အကျိုးတို့ကို ပြရာဖြစ်သော ဥဘယတ္ထသုတ်၎င်း။ ဝေပုလ္လပဗ္ဗတံ၊ ဝေပုလ္လတောင်လျှင် ဥပမာရှိသော။ ပုဉ္ဇံ၊ အဋ္ဌိပုဉ္ဖသုတ်လည်းကောင်း။ သမ္ပဇာနမုသာ-ဝါဒေါဒသုတ်လည်ကောင်း။ ဒါနဉ္စ၊ ဒါနသုတ်လည်ကောင်း။ မေတ္တာဘာဝနာ၊ မေတ္တာဘာဝနာသုတ်လည်းကောင်း။
သတ္တ၊ ခုနှစ်ပါးကုန်သော။ ဣမာနိ သုတ္တာနိ၊ တတိယဝဂ်လာ ဤသုတ်တို့လည်ကောင်း။ ဝီသတိ၊ ၂၀-သော။ ပုရိမာနိစ၊ ရှေးဖြစ်သော သုတ်တို့လည်ကောင်း။ ဧကဓမ္မေ သု၊ တစ်ခုသော တရားတို့၌။ ဝါ၊ ဧကကနိပါတ်၌။ သုတ္တန္တာ၊ သုတ်တို့ကို။ သတ္တဝိီသတိသင်္ဂဟာ၊ ၂၇-သုတ်တို့ဖြင့် သိမ်းကျုံး ယူအပ်ကုန်၏။ ဣတိ၊ ပြီးပြိီ။
**ဧကကနိပါတော၊ ဧကကနိပါတ်သည်။** **နိဋ္ဌိတော၊ ပြီးဆုံးခြင်းသို့ ရောက်ပြီ။**