Issues
Select Version
နိဿယ
မြန်မာဘာသာ
Itivuttakapāḷi
Itivuttakapāḷi

9. Saṅghasāmaggīsuttaṃ

Author: နိဿယ @ IAPT

ဧကဓမ္မော ဘိက္ခဝေ (လ) ဘိယျော ဘာဝေါ ဟောတီ'တိ၊ ‌ဟောတိ'ဟူသော။ ဧတံ၊ ဤသံဃသာမဂ္ဂမီ သုတ််ကို။ ဘဂဝတာ၊ သည်။ ဝုတ္တံ၊ ပြီ။ အရဟတာ၊ သည်။ ဝုတ္တန္တိ၊ ဟောအပ်ပြီဟူ၍။ မေ၊ အကျွန်ုပ်အာနန္ဒာသည်။ သုတံ၊ နာခံမှတ်သား ဆော်ထားအပ်ပါပြီ။ ဘိက္ခဝေ၊ တို့။ လောကေ၊ သုံးပါးသော လောက၌။ ဧကဓမ္မော၊ အပြစ်ကင်း၍ ကောင်းကျိုးပေးခြင်း လက္ခဏာရှိသော တစ်ခုသောကုသိုလ်တရားသည်။ ဥပ္ပဇ္ဇမာနော၊ ဖြစ်ပေါ် လတ်သော်။ ဗဟုဇနဟိတာယ၊ လူအများ၏ စျာန်ချမ်းသာ မဂ်ချမ်းသာအလို့ငှာ။ ဗဟုဇာနသုခါယ၊ လူအများ၏ နတ်ချမ်းသာအလို့ငှာ။ ဗဟုနော ဇနဿ၊ များစွာသောလူအပေါင်း၏။ အတ္တာယ၊ သုဂတိဘုံသို့လာရောက် အကျိုးငှာ။ သုခါယ၊ သုဂတိဘုံ၌ ကိုယ်ချမ်းသာ စိတ်ချမ််းသာခြင်း အလို့ငှာ။ ဒေဝမနုဿာနံ၊ နတ်လူတို့၏။ အတ္တာယ၊ သုဂတိသို့ ထပ်မံ ‌ရောက်ရခြင်းအကျိုးငှာ။ ဟိတာယ၊ ကုသိုလ်၏ အစွမ်းဖြင့် စီးပွားဖြစ်ထွန်းခြင်းအကျိုးငှာ။ သုခါယ၊ သုဂတိဘုံ၌ စိတ်ရောကိုယ်ပါ နှစ်ဖြာချမ်းသာဖို့အလို့ငှာ။ ဥပ္ပဇ္ဇတိ၊ ဖြစ်၏။
ဧကဓမ္မော၊ အပြစ်ကင်း၍ ကောင်းကျိုးပေးခြင်းလက္ခဏာရှိသော တစ်ခုသောတရားသည်။ ကတမော၊ အဘယ်ပါနည်း။
သင်္ဃသာမဂ္ဂီ၊ သံဃာ၏ညီညွတ်ခြင်းသည်၏ အဖြစ်တည်း။
ဘိက္ခဝေ၊ တို့။ သံဃေ၊ သည်။ သမဂ္ဂေ၊ ညီညွတ်သည်ရှိသော်။ အညမညံ၊ ပရိသတ်လေးပါးနှင့် ၎င်းတို့၏ ဘက်တော်သားများအချင်းချင်း။ ဘဏ္ဍာနာနိစေဝ၊ ဓမ္မ အဓမ္မစသည်တို့ဖြင့် ငြင်းခုံရခြင်းတို့သည်လည်း။ န ဟောန္တိ၊ မဖြစ်တော့ကုန်။ အညမညံ၊ အချင်းချင်း။ ပရိဘာသာစ၊ ကျိုးမဲ့အောင် မည်သို့ပြုလုပ်မည်ဟု ခြိမ်းခြောက်ခြင်းတို့သည်လည်ကောင်း။ နဟောန္တိ၊ ကုန်။ အညမညံ၊ အချင်းချင်း။ ပရိက္ခေပါ စ၊ အမျိုးမျိုး မျှစ်ချိုးမှိုချိုး ဆဲဆိုတိုင်းထွာ ရှုတ်ချကဲ့ရဲ့ခြင်းသည်လည်း။ နဟောတိ၊ ကုန်။ အညမညံ၊ အချင်းချင်း။ ပရိစ္စဇနာ စ၊ ဥက္ခေပနီယကံ ပြုခြင်းဖြင့် စွန့်ပစ်ခြင်း နှင်ထုတ်ခြင်းတို့သည်လည်း။ နဟောန္တိ၊ ကုန်။
တတ္ထ၊ ထိုသံဃာညီညွတ်ခြင်း၊ ညီညွတ်ကြောင်းဖြစ်သော မငြင်းခုံခြင်းစသည်တို့၌။ အပ္ပသန္နာစေဝ၊ သာသာနာကို မကြည်ညိုသူတို့သည်လည်း။ ပသီဒန္တိ၊ ကြည်ညိုကြကုန်၏။ ပသန္နာနဥ္စ၊ ကြည်ညိုသူတို့၏လည်း။ ဘိယျောဘာဝေါ၊ လွန်စွာတိုးပွားသည်၏ အဖြစ်သည်။ ဟောတိ၊ ဖြစ်၏။
ဧတ္တမ ဘဂဝါ အဝေါစ၊ စသည် ပေးမြဲ။
တတ္ထ၊ ထိုသံဃာသာမဂ္ဂီသုတ်၌။ "သုခါ သံဃဿ သာမဂ္ဂီ(လ) ကပ္ပံ သဂ္ဂမှိ မောဒတီ'တိ၊ မောဒတီ'ဟူသော။ ဧတံ၊ ဤဂါထာအနက််အဓိပ္ပာယ်ကို။ ဣတိ၊ ဤသို့။ ဝုစ္စတိ၊ ဆိုအပ်၏။
သံဃာဿ၊ ၏။ သာမဂ္ဂီ၊ ညီညွတ်သည်၏အဖြစ်သည်။ သုခါ၊ ချမ်းသာခြင်း၏ အကြောင်းတည်း။ **သမဂါနံ၊ ညီညွတ်သောသူတို့ကို။ **အနုဂ္ဂဟော ** စ၊ ခြီးမြှောက်ခြင်းသည်လည်း။သံဃာညီညွတ်ခြင်းသည် ချမ်းသာမဟုတ်သေး။ ချမ်းသာခြင်း၏အကြောင်းသာ။ ထို့ကြောင့် သုခါ-ချမ်းသာ၏ ဟု မပေးပဲ ချမ်းသာခြင်း၏ အကြောင်းတည်း-ဟု ပေးသည်။ သုခေါဗုဒ္ဓါ'မုပ္ပါ‌ဒေါ-၌လည်း ဘုရားပွင့်ရုံနဲ့ ချမ်းသာသည်မဟုတ်။ ဘုရားပွင့်ပြီး ဘုရားစကားလိုက်နာသူတို့ အပါယ်မှလွတ်မြောက်သဖြင့် ချမ်းသာသုံးမျိုးရနိုင်သောကြောင့် ချမ်းသာခြင်း၏ အကြောင်းသာဖြစ်သည်။
သမဂ္ဂါနံ အနုဂဟော။ ။ ညီညွတ်မှုကို ကောင်းချီးပြုသောအားဖြင့် ညီညွတ်သူတို့အား ချီးမြှောက်ခြင်းသည် သမဂ္ဂါနုဟမည်၏။ ကြင်ခြင်းအားဖြင့် ပြောဆိုလုပ်ကိုင်လျှင် ညီညွတ်မှု မပျက်စီးမပြိုကွဲနိုင်။ထိုအခြင်းအရာအားဖြင့် နှုတ််ဖြင့် ဖြစ်စေ ကိုယ်ထိလက်ရောက်ဖြစ်စေ အားပေးခြင်းသည် 'သမဂ္ဂါနုဂ္ဂဟ'ဟုဆိုလိုသည်။
သုခေါ၊ ချမ််းသာခြင်း၏ အကြောင်းတည်း။ သမဂ္ဂရတော၊ ညီညွတ်သောသံဃာ၌ မွေ့လျှော်သည်ဖြစ်၍။ ဓမ္မဋ္ဌော၊ တရား၌တည်သောသူသည်။ ယောဂက္ခေမာ၊ ( ယောဂ လေးပါးတို့သည် မနှိပ်စက်အပ်သည်ဖြစ်၍) ယောဂဘေးကင်းရာနိဗ္ဗာန်မှ။ န ဓံသတိ၊ မဆုတ်ယုတ်ပေ။ သံဃံ၊ ကွဲပြားသောသံဃာကို။ ဝါ၊ ကွဲတော့မလို့ အက်ကြောင်းထင်နေသောသံဃာကို= သမဂ္ဂ၊ တစ်စည်းတစ်လုံးတည်း ညီညွတ်သည်ကို။ ကတွာန၊ ပြုလုပ်ပေးခြင်း ကြောင့်။ ကပ္ပံ၊ အာယုကပ်ပတ်လုံး။ သဂ္ဂမှိ၊ ကာမာဝစရနတ်ပြည်ခြောက်ထပ်၌။ မောဒတိ၊ (ဒိဗ္ဗေန သုခေန ဒိဗ္ဗေန အာယုနာ စသော ၁ဝ-မျိုးတို့ဖြင့် မြေ အခြားသော နတ်တို့ကို လွှမ်းမိုး၍) နတ်စည်းစိမ် ခံစားကာ မွေ့လျော်ရ၏။
အယမ္ပိ အတ္ထော၊ စသည် ပေးမြဲ။
နဝမံ။