မာနံ ဘိက္ခဝေ အနဘိဇာနံ(လ)ဝိရာဇယံ ပဇဟံ ဘဗ္ဗော ဒုက္ခက္ခယာယာ'တိ၊ ဒုက္ခက္ခယာယ'ဟူသော။
ဧတံ၊ ဤမာနသုတ်ကို။
ဘဂဝတာ၊ သည်။
ဝုတ္တံ၊ ဟောတော်မူအပ်ပြီ။
အရဟတာ၊ ပူဇော်အထူးကိုခံတော်မူထိုက်သော မြတ်စွာဘုရားသည်။
ဝုတ္တံ၊ ပြီ။
ဣတိ၊ သို့။
မေ၊ အကျွန်ုပ်အာနန္ဒာသည်။
သုတံ၊ နာခံမှတ်သား ဆောင်ထားအပ်ပါပြီ။
(အာကာရကို ငုံ၍ ယောဇနာသည်။)
ဘိက္ခဝေ၊ တို့။
မာနံ၊ မောက်မာထောင်လွှားခြင်းမာနကို။
အနဘိဇာနံ၊ ထူးသောဉာန်ဖြင့် မသိသော်။
အပရိဇာနံ၊ ဉာတပရိညာ, တီရဏပရိညာဖြင့် ပိုင်းခြား၍မသိသော်။
(အဝိရာဇယံ အပ္ပဇဟံ-ဟူသော နောက်ဝါကျဖြင့် ပဟာနပရိညာ ဟောလတ္တံ့ဖြစ်၍ ပါရိသေသနည်းဖြင့် ရှေ့ပရိညာနှစ်ပါးကိုသာယူ၍ သမ္ဗန်သည်)။
တတ္ထ၊ ထိုမာန၌။
စိတ္တံ၊ မိမိ၏စိတ်အစဥ်ကို။
အဝိရာဇယံ၊ တပ်မက်ခြင်းမကင်းစေသော်။
ဝါ၊ တပ်မက်ခြင်းကင်းအောင် မပြုနိုင်သော်။
အပ္ပဇဟံ၊ အကြွင်းမဲ့မပယ်စွန့်သော်။
ဒုက္ခက္ခယာယ၊ ဒုက္ခကုန်ရာနိဗ္ဗာန်အလို့ငှာ။
အဘဗ္ဗော၊ မထိုက်။
စ၊ ဗျတိရိက်ကိုဆိုဥုးအံ့။
ဘိက္ခဝေ၊ တို့။
မာနံ၊ မာနကို။
အဘိဇာနံ ခေါ၊ ထူးသောဉာန်ဖြင့် သိသော်သာ။
ပရိဇာနံ ခေါ၊ ဉာတပရိညာ, တီရဏပရိညာဖြင့်သိသော်သာ။
တတ္ထ၊ ထိုမာန၌။
ဝိရာဇယံ ခေါ၊ တပ်မက်ခြင်းကင်းစေနိုင်သော်သာ။
ဝါ၊ တပ်မက်မှုကင်းအောင် ပြုနိုင်သော်သာ။
ပဇဟံ ခေါ၊ အကြွင်းစွန့်ပယ်သော်သာ။
ဒုက္ခက္ခယာယ၊ ဆင်းရဲကုန် ရာ နိဗ္ဗာန်အလို့ငှာ။
ဘဗ္ဗော၊ ထိုက်၏။
ဧတံ အတ္ထံ၊ ဤအနက်အဓိပ္ပါယ်ကို။
ဘဂဝါ၊ သည်။
အဝေါစ၊ ဟောတောမူပြီ။
တတ္ထ၊ ထိုမာနပရိညာသုတ်၌။
'မာနုပေတာ အယံ ပဇာ (လ) သဗ္ဗဒုက္ခမုပစ္စဂု'န္တိ၊ သဗ္ဗဒုက္ခမုပစ္စဂုံ'ဟူသော။
ဧတံ၊ ဤဂါထာ အနက်အဓိပ္ပါယ်ကို။
ဘဂဝတာ၊ မြတ်စွာဘုရားသည်။
ဝုစ္စတိ၊ မိန့်ဆိုအပ်၏။
အယံပဇာ၊ ဤသတ္တဝါအပေါင်းသည်။
မာနုပေတွာ၊ မာနနှင့်ပြည့်စုံမာနနှင့် ပူးတွဲကပ်နေကုန်၏။
မာနဂန္ထာ၊ မာနဟူသော သံယောဇဥ်နှောင်ကြိုးသည် ရစ်ပတ်ထုံးဖွဲ့အပ်ကုန်သည်ဖြစ်၍။
ဝါ၊ ထုံးဖွဲ့အပ်ကုန်သောကြောင့်။
ဘဝေ၊ ကာမ ရူပ အရူပဟူသော ဘုံဘဝ၌။
ရတာ၊ မွေ့လျော်ပျော်ပိုက်ကြကုန်၏။
မာနံ၊ ကို။
အပရိဇာနန္တာ၊ ပရိညာသုံးပါးဖြင့် မသိကုန်သည်ဖြစ်၍။
ဝါ၊ မသိကြသောကြောင့်။
ပုနဗ္ဘဝံ၊ နောက်ထပ်အနာဂတ် ဥပတ္တိဘဝသို့။
ဝါ၊ အဖန်ဖန် ဖြစ်ခြင်းကြောင့် ပုနဗ္ဗဘဝဟူသောသံသရာသို့။
အာဂန္တာရော၊ အကြိမ်ကြိမ် လည်ပတ်သည်၏ အစွမ်းအားဖြင့်။
ဝါ၊ အကြိမ်ကြိမ် လည်ပတ်သည့်အနေဖြင့် ရောက်လာကြကုန်၏။အယံ ပဇာ။ ။ အယံ ပဇာ-ဟု ဧကဝစနန္တိရှိသော်လည်း ဇာတျာပေက္ခ-ပုဒ်ဖြစ်သောကြောင့် သတွာအများ ရ၏။ ထို့ကြောင့် ဣမေ သတ္တာ-ဟုဖွင့်၏။
မာနဂန္ထာ ဘဝေ ရတာ။ ။ မာနအနှောင့်အဖွဲ့ခံရသူတို့သည် ယင်းသို့ခံရသည့်အတွက် ကြာမြင့်စွာ မာန၏ အထုံအမွှမ်းရရှိခံစားသည်အားလျော်စွာ 'အဟံကာရ' မာန၏အစွမ်းဖြင့် ကာမာဒိဘဝ၌ မွေ့လျော်ကြကုန်၏။
တစ်နည်း။ ။ 'ဧဝံ မမ'ဟူသော တဏှာစွဲဖြင့် သင်္ခါရတရားတို့၌ မျိုချသည့်အလား သိမ်းပိုက်ဖန်များသောကြောင့် နိစ္စ၊ သုခ၊ သုဘ၊ အတ္တ-ဟူသော ဝိပလ္လာသ၏အစွမ်းအားဖြင့်လည်း ထိုကာမာဒိဘုံဘဝ၌ မွေ့လျော်ကြကုန်၏။
အာဂန္တာရော ပုနဗ္ဘဝံ။ ။ ပုနကို အာယတိံ၊ ဘဝံကို ဥပတ္တိဘဝံ၊ အာကိုအပရာပရံ ပရိဝတ္တနဝသေန၊ ဂန္တာရောကို ဥပဂန္တာရောဟု ဖွင့်ခြင်းကြောင့် တစ်ဖန်နောင်တစ်ချိန် ဥပပတ္တိဘဝသို့ အကြိမ်ကြိမ် လည်ပတ်သောအားဖြင့် ကပ်ရောက်ကြရသည်။ (ဋ္ဌ၊ ၅၂)
တစ်နည်း။ ။ ပုနဗ္ဘဝကို သံသာရံ၊ အာဂန္တာရောကို ရှေးနည်းတူ ဖွင့်ခြင်းကြောင့်အဖန်ဖန် ဖြစ်ခြင်းဟူသော သံသရာသို့ အကြိမ်ကြိမ် ကျင်လည်သောအားဖြင့် ကပ်ရောက်ကြရသည် ဟူလို။

**ယေစ**၊ အကြင်သူတို့သည်ကား။
မာနံ၊ ကို။
ပဟန္တွာန၊ အရဟတ္တမဂ်ဖြင့် အကြွင်းမဲ့ ပယ်ကုန်၍။
**မာနသင်္ခယေ**၊ မာန၏ စင်စစ်ကုန်ရာ အရဟတ္တဖိုလ်၌။
ဝါ၊ နိဗ္ဗာန်၌။
**ဝိမုတ္တာ**၊ (တဒေကဋ္ဌဖြစ်သော ကိလေသာအားလုံးမှ လွတ်မြောက်ခြင်းဖြင့်) ကောင်းစွာလှလှ လွတ်မြောက်ကြကုန်ပြီ။
တေ၊ ကုန်ခန်းပြီးသောနှောင်ကြိုးရှိသော ထိုရဟန္တာတို့သည်။
မာနဂန္ထာဘိဘူနော၊ မာနနှောင်ကြိုး အထုံးအဖွဲ့ကို အကြွင်းမဲ့ ပယ်ခြင်းဖြင့် အနိုင်ယူလွှမ်းမိုးနိုင်ကြသည်ဖြစ်၍။
သဗ္ဗဒုက္ခံ၊ အကြွင်းမရှိ အလုံးစုံသော ဝဋ်ဒုက္ခကို။
ဥပစ္စဂုံ၊ လွန်မြောက်တော်မူကြကုန်ပြီ။
အယမ္ပိ အတ္ထော ဝုတ္တော၊ စသည် ပေးမြဲ။
အဋ္ဌမံ။