Issues
Select Version
နိဿယ
မြန်မာဘာသာ
Itivuttakapāḷi
Itivuttakapāḷi

1. Lobhasuttaṃ

Author: နိဿယ @ IAPT

ဘဂဝတာ၊ ရွှေဘုန်း‌တော်သခင် ဘုရားရှင်သည်။ ဧကဓမ္မံ ဘိက္ခေဝေ ပဇဟထ (လ) အနာဂါမိတာယာ'တိ၊ အနာဂါမိတာယ' ဟူသော။ **ဧတံ**၊ ဤသုတ်ကို။ **ဝုတ္တံ**၊ ဟောကြားတော်မူအပ်ပြီ။ အရဟတာ၊ ပူဇော်အထူးကိုခံတော်မူထိုက်သော ဘုရားရှင်သည်။ ဝုတ္တံ၊ ဟောတော်မူအပ်ပြီ။ ဣတိ၊ ဤသို့။ မေ၊ အကျွန်ုပ် အာနန္ဒသည်။ သုတံ၊ နာခံမှတ်သား ဆောင်ထားအပ်ပါပြီ။[ဝုတ္တံ ဟေတံ ဘဂဝတာ-ဟူသောဝါကျဖြင့် ဤသုတ်သည် ဘုရားဟော ဖြစ်ကြောင်းလုံလောက်ပြီမဟုတ်လော။ ဘာကြောင့် ဝုတ္တမရဟတာ-ဟူသော ဝါကျကို ထပ်၍မိန့်တော်မူအပ်ပါသနည်း။ (မေး)
ဤဣတိဝုတ်ပါဠိ၌ ပါရှိသမျှသုတ်တို့သည် ဘုရားဟောမှ ဘုရားဟောပါ။ အရှင်သာရိပုတ္တရာစသော သာဝကများ ဟောအပ်သော သာဝကများ ဟောအပ်သော သာဝကဘာသိတ မဟုတ်ပါဟူသောအဓိပ္ပါယ်ကိုလည်းကောင်း၊ ဘုရားရှင် ဟောတော််မူအပ်သော အမှန်ပါ၊ ဘုရားရှင်မှ တစ်ပါး အခြားတစ်ဥုး တစ်ယောက်ထံမှ ကြားခဲ့တဲ့ သုတ်မဟုတ်ပါ-ဟူသောအဓိပ္ပါယ်ကိုလည်းကောင်း သိစေလိုသောကြောင့် နှစ်ဝါကျ ဟောတော်မူခြင်းဖြစ်သည်။ (ဖြေ)]
အမှာ။ ။ နှစ်ဝါကျဟောခြင်းနှင့်စပ်၍ ရှင်းလင်းချက်များစွာ ရှိသေး၏။ အဋ္ဌကထာ ရှုလေ။
ဘိက္ခဝေ၊ တို့။ **ဧကဓမ္မံ**၊ ပူပန်စေတတ် နှိပ်စက်တတ်သော တစ်ခုသော သဘောတရားကို။ ပဇဟထ၊ ပယ်စွန့်ကြကုန်လော့။ အဟံ၊ ငါဘုရားသည်။ ဝေါ၊ သင်တို့အား။ အနာဂါမိတာယ၊ အနာဂါမ် ဖြစ်ဖို့ရန်အတွက်။ **ပါဣိဘောဂေါ**၊ အာမခံ၏။ ဝါ၊ အာမခံပုဂ္ဂိုလ်တည်း။
ကတမံ၊ အဘယ်မည်သော။ ဧကဓမ္မံ၊ တခုသော သဘောတရားကို။ ပဇဟထ၊ ပယ်စွန့်ကြရမည်နည်း။
**ဘိက္ခဝေ**၊ တို့။ **လောဘံ**၊ လိုချင်မက်မောတတ်သော။ ဧကဓမ္မံ၊ ပူပန်စေတတ် နှိပ်စက်တတ်သော တခုသော သဘောတရားကို။ **ပဇဟထ**၊ ပယ်စွန့်ကြကုန်လော့။ အဟံ၊ ငါဘုရားသည်။ ဝေါ၊ သင်တို့အား။ အနာဂါမိတာယ၊ အနာဂါမ်ဖြစ်ဖို့ရန်အတွက်။ဧကဓမ္မံ။ ။ ဧကသဒ္ဒေါ သင်္ခါယမေဝ ဒဋ္ဌဗ္ဗော-နှင့်အညီ ဧကသဒ္ဒါ-တစ်ဟူသော သင်္ချာဝါစက။ ဓမ္မသဒ္ဒေါ ဣဓာပိ သဘာဝေါ-နှင့်အညီ ဓမ္မသဒ္ဒါ သဘာဝဝါစက။ ဧကဓမ္မန္တိ ဧကံ သံကိလေသဘာဝန္တိ အတ္ထော-နှင့်အညီ ပူပန်စေတတ်နှိပ်စက်တတ်သော တခုသော သဘောကို ဟု အနက်ပြန်ဆိုသည်။
ဧဝါ ဘိက္ခဝေ။ ။ တရားဟောရမှာ မဟောသေးဘဲ ဘိက္ခဝေ-ဟု ခေါ်တော်မူခြင်းသည် တရားနာပရိတ်သတ်တို့ကို သတိပေးသည့်အနေဖြင့် ခေါ်တော်မူခြင်းတည်း။ (ဋ္ဌ။) ဝေါ- သည် ပဌမာ, ဒုတိယာ, ကရိုဏ်း, သာမိအနက်တို့ကို မဟော၊ သမ္ပဒါန်အနက်ဟော သမ္ပဒါနဝါစက။
ပါဋိဘောဂေါ။ ။ ငွေချေးငှားသူ မြီစားကို အကြောင်းပြု၍ မြီရှင်ငွေရှင်ကို အာမခံသူ၊ မြီရှင် ငွေရှင်ကို အကြောင်းပြု၍ မြီစား ငွေချေးငှားအတွက် အာမခံသူတာဝန်ယူသူကို ပဋိသူ-ဟု ခေါ်ဆိုအပ်၏။ ထို့အတူ ဘုရားရှင်သည်လည်း ကာမရာဂကို ပယ်စွန့်သော ပုဂ္ဂိုလ်အတွက် အနာဂါမ်ဖြစ်ရန် တာဝန်ခံသည်။ ထို့ကြောင့် ဘုရားရှင်လည်း ပဋိဘူ-ပုဂ္ဂိုလ်တည်း။ ထို့ကြောင့် "ပါဋိဘောဂေါတိ ပဋိဘူ၊ သောဟိ ဓာရဏကံ ပဋိစ္စ ဓနိကဿ ဓနိကံ ပဋိစ္စ ဓာရဏကဿ ပဋိနိဓိဘူတော ဓနိကသန္တကဿ တတော ဟရဏာဒိသင်္ခါတေန ဘုဉ္ဇနေန ဘောဂေါတိ ပဋိဘောဂေါ၊ ပဋိဘောဂေါ ဧဝ ပါဋိဘောဂေါ"ဟု မိန့်ပြီ။ (ဋ္ဌ၊ ၃၆)
လောဘံ ဘိက္ခဝေ။ ။ နောက်ထပ် လောဘံ ဘိက္ခဝ-ဟုခေါ်တော်မူခြင်းသည် ရှေးရှုနားထောင် နားစွင့်နေသော ဓမ္မပဋိဂ္ဂါဟကတို့အား ထိုတရားတော်၌ ရိုသေလေးစားစေရန် ဖြစ်သည်။ အာဒရဇနနတ္ထံ။ (ဋ္ဌ၊၃၈)
လောဘံ ပဇဟထ။ ။ လောဘံ ပဇဟထ- ဖြင့် ပဟာနပရိညာ-ကို တိုက်ရိုက်သိစေသည်။ ထို ပဟာနပရိညာ-သည် တီရဏပရိညာ၌ တည်သောကြောင့် တီရဏပရိညာနှင့် မကင်းနိုင်။ တီရဏပရိညာသည်လည်း ဉာတပရိညာ၌ တည်သောကြောင့် ဉာတပရိညာနှင့် မကင်းနိုင်။ ထို့ကြောင့် ပရိညာသုံးပါးလုံးကို သိစေသည်-ဟုဆိုအပ်၏။ ပရိညာသုံးပါးအထူးကို ဋ္ဌ-နှာ ၅၀-၌ ရှု။
ပါဋိဘောဂေါ၊ အာမခံ၏။ ဝါ၊ အာမခံပုဂ္ဂိုလ်တည်း။
ဧတမတ္ထံ၊ ဤအနက်ကို။ ဘဂဝါ၊ သည်။ အဝေါစ၊ ဟောတော်မူပြီ။
တတ္ထ၊ ထိုသုတ်၌။ 'ယေန လောဘေန လုဒ္ဓါသေ (လ) ဣမံ လောကံ ကုဒါစန'န္တိ၊ ကုဒါစနံ-ဟူသော။ ဧတံ၊ ဤဂါထာအနက်အဓိပ္ပါယ်ကို။ ဣတိ၊ ဤသို့။ ဝုစ္စတိ၊ ဆိုအပ်၏။
ယေန လောဘေန၊ အကြင်လောဘဖြင့်။ **လုဒ္ဓါသေ**၊ တပ်မက်ကြကုန်၏။ လုဒ္ဓတ္တာ၊ တပ်မက်ကုန်သောကြောင့်။ သတ္တာ၊ သတ္တဝါတို့သည်။ **ဒုဂ္ဂတိံ**၊ မကောင်းသောသူတို့၏ လားရာ ဒုဂ္ဂတိဘုံဘဝသို့။ ဂစ္ဆန္တိ၊ ရောက်ကြကုန်၏။**လုဒ္ဓါသေ**။ ။ လုဒ္ဓါသေ၌ သေကား နိပါတမတ္တဖြစ်၍ တပ်မက်ကုန်၏ဟူ၍၎င်း၊ တပ်မက်ကုန်သောဟူ၍၎င်း နှစ်နက် ပေးနိုင်သည်။ ဒုတိယအနက်ကား သတ္တာ၏ ဟေတုမန္တဝိသေသနတည်း။ ထိုကြောင့် ဋ္ဌ-၌ လုဒ္ဓတ္တာဟု ဖွင့်ဆိုသည်။ လောဘဖြင့်ရူပါရုံစသော အာယတန ၁၂-ပါးတို့၌ တပ်မက်သောကြောင့် သုစရိုက်တို့ကိုတော့မပြု၊ ဒုစရိုက်တို့ကိုသာ ဆည်းပူးပြုကျင့်လျက် အာယတန ၁၂-ပါးတို့၌ ကပ်ငြိတွယ်တာတတ်သောကြောင့် ၎င်းတို့ကို သတ္တ၊ သတ္တဝါ ဟု ခေါ်ဆိုကြသည် ဟူလို။
ဒုဂ္ဂတိံ။ ။ ဒုဂ္ဂတိံ ၌ ဒုအရ မကောင်းသောသူတို့ကို အချို့နေရာ၌ ဖွင့်ဆိုသော်လည်း ဤ၌ ဒု-ကို ဒုက္ခဿ-ဟုဖွင့်ဆိုခြင်းကြောင့် ဒုက္ခ၏ ဖြစ်ရာ တည်ရာဖြစ်သော ငရဲ တိရစ္ဆာန် ပြိတ္တာတို့ကို ဒုဂ္ဂတိ-ဟုဆိုလိုသည်။ ဂါထာရှေ့ထက်ဝက်၏ ဆိုလိုရင်းကား အာယတန ၁၂-ပါးတို့၌ လောဘဖြင့် တပ်မက်တွယ်တာ ကပ်ငြိသော သတ္တဝါတို့သည် ငရဲစသော ဒုဂ္ဂတိဘုံဌာနသို့ ပဋိသန္ဓေနေသောအားဖြင့် ရောက်ကုန်ကြသည် ဟူလို။
**ဝိပဿိနော**၊ ရုပ်နာမ်နှစ်ဖြာ ဥပါဒါနက္ခန္ဓာကို အနိစ္စစသည်ဖြင့် ရှုမြင်ကုန်သောသူတို့သည်။ **တံ လောဘံ**၊ ထိုလောဘကို။ သမ္မာ၊ မှန်ကန်စွာ။ **အညာယ**၊ ဉာတပရိညာ တီရဏပရိညာဟု ဆိုအပ်သော ပညာဖြင့် သိ၍။ ပဇဟန္တိ၊ ပယ်စွန့်ကုန်၏။ **ပဟာယ**၊ ပယ်စွန့်၍။ **ဣမံ လောကံ**၊ ဤလောကသို့။ **ကုဒါစနံ**၊ တစ်ခါတစ်ရံမျှ။ **ပုန**၊ နောက်ထပ်။ **န အာယန္တိ**၊ မလာတော့ကုန်။
အယမ္ပိ အတ္ထော၊ ဤအနက်အဓိပ္ပါယ်ကိုလည်း။ (ပိ-ဖြင့် ဆိုအပ်လတ္တံ့သော သုတ်တို့၏ အနက်ကို ပေါင်း၏။) ဘဂဝတာ၊ ဘုရားရှင်သည်။ ဝုတ္တော၊ ဟောတော်မူအပ်ပြီ။ ဣတိ၊ ဤသို့။ ‌မေ၊ အကျွန်ုပ်အာနန္ဒာသည်။ သုတံ၊ နာခံမှတ်သား ဆောင်ထားအပ်ပါပြီ။ ဣတိ၊ ပြီးပြီ။
ပဌမံ။