Issues
Select Version
နိဿယ
မြန်မာဘာသာ
Itivuttakapāḷi
Itivuttakapāḷi

5. Taṇhāsaṃyojanasuttaṃ

Author: နိဿယ @ IAPT

'နာဟံ ဘိက္ခဝေ အညံ ဧကသံယောဇနမ္ပ (လ) သံသရန္တီ'တိ၊ သံသရန္တိ'ဟူသော။ ဧတံ- ဤတဏှာသံယောဇနသုတ်ကို။ ဘဂဝတာ၊ ရွှေဘုန်းတော် ဘုရားရှင်သည်။ ဝုတ္တံ၊ ပြီ။ အရဟာတ၊ ပူဇော်အထူးကို ခံယူထိုက်မူသော ဘုရားရှင်သည်။ ဝုတ္တ'န္တိ၊ ဟောတောမူအပ်ပြီဟူ၍။ မေ၊ အကျွန်ုပ်အာနန္ဒာသည်။ သုတံ၊ နာခံမှတ်သား ဆောင်ထားအပ်ပါပြီ။ ဘိက္ခဝေ၊ တို့။ ယေန သံယောဇနေန၊ အကြင်သံယောဇဉ်နှင့်။ သံယုတ်တ္တာ၊ ယှဉ်စပ်ကုန်သော။ သတ္တာ၊ တို့သည်။ ဒီဃရတ္တံ၊ ရှည်မြင့်စွာသောကာလပတ်လုံး။ သန္ဓာတန္တိ၊ တစ်ပြောင်းပြောင်း တစ်ပြန်ပြန်ပြေးသွား ကြရကုန်၏။ ဧဝံ၊ ဤသို့သောသဘောရှိသော။ အညံ၊ တဏှာမှ တစ်ပါးသော။ ဧကသံယောဇနမ္ပိ၊ တစ်ခုသော သံယောဇဥ်မျှကိုလည်း။ အဟံ၊ ငါဘုရားသည်။ နသမနုပဿာမိ၊ မြင်တော်မမူ။
ဘိက္ခဝေ၊ တို့။ ဣဒံ၊ ထိုတစ်ခုသောသံ‌ယောဇဉ်ဟူသည်။ ယထာ၊ အဘယ်နည်း။ ဘိက္ခဝေ၊ တို့။ ဣဒံ၊ ဤတစ်ခုသောသံယောဇဉ်ဟူသည်။ တဏှာသံယောဇနံ၊ တဏှာသံယောဇင်ပင်တည်း။ ဟိ၊ ထိုစကားမှန်၏။ တစ်နည်း-ဟိ၊ ထိုတဏှာသံယောဇဉ်၏ အစွမ်းသတ္တိကို ပြဥုးအံ့။ ဘိက္ခတေ၊ တို့။ တဏှာသံယောဇဉ်နေန၊ တဏှာသံယောဇဉ်နှင့်။ ယုတ္တာ၊ ယှဉ်စပ်ကုန်သော။ သတ္တာ၊ တို့သည်။ ဒိဃရတ္တံ၊ ရှည်မြင့်စွာသောကာလ ပတ်လုံး။ သန္ဓာဝန္တိ၊ တစ်ပြောင်းပြောင်းတစ်ပြန်ပြန်ပြေးသွားကြရကုန်၏။ သံသရန္တိ၊ တစ်ပြောင်းပြောင်းတစ်ပြန်ပြန်ကျင်လည်ကြရကုန်၏။
ဧတမတ္တံ၊ ဤပြဆိုအပ်ခဲ့သော အနက်အဓိပ္ပါယ်ကို။ ဘဂဝါ‌၊ ရွှေဘုန်းတော်သခင်ဘုရားရှင်သည်။ အဝေါစ၊ မိန့်တော်မူပြီ။
တတ္ထ၊ ထိုသံယောဇဉ်နသုတ်၌။ 'တဏှာဒုတိယော ပုရိသော (လ) သတော ဘိက္ခု ပရိဗ္ဗဇေ'တိ၊ ပရိဗ္ဗဇေ'ဟူသော။ ဧတံ၊ ဤဂါထာကို။ ဣတိ၊ ဤသို့။ ဝုစ္စတိ၊ ဆိုအပ်၏။အဝိဇ္ဇာသည် နိဝါရဏလည်းဟုတ် သံ‌ယောဇဥ်လည်းဟုတ်၏။ ထို့အတူ တဏှာသည် သံယောဇဉ်လဲဟုတ် နီဝရဏလည်းဟုတ်၏။ ထိုနှစ်မျိုးနှစ်စား အသီးသီဖြစ်နိုင်သော်လည်း တဏှာသည် သတ္တဝါတို့ကို အဝိဇ္ဇာ ဖုံးလွှမ်းထားအပ်သော အပြစ်ရှိသော ဘဝတို့နှင့် ဆက်သွယ်ဆက်စပ်ပေးသည် ဟူသော ဤထူးခြားချက်ကို သိစေလိုသောကြောင့် ရှေ့သုတ်၌ အဝိဇ္ဇာကို နီဝရဏ၊ ဤသုတ်၌ တဏှာကို သံယောဇဉ်နအဖြစ်ဖြင့်ဟောတော်မူအပ်သည်။တစ်နည်း- အဝိဇ္ဇာသည် နီဝရဏအဖြစ်ဖြင့် သံကိလေသသတရားတို့၏ ရှေ့သွားခေါင်းဆောင်၊ တဏှာသည် သံယောဇဉ်အဖြစ်ဖြင့် သံကိလေသတရား တို့၏ ရှေ့သွားခေါင်းဆောင်-ဤသို့ ၎င်းတို့နှင့် စပ်သော တရားတို့၌ ပဓာနအဖြစ်ကို ပြခြင်းငှာ ရှေ့သုတ်၌ အဝိဇ္ဇာကို နီဝရဏ, ဤသုတ်၌ တဏှာကို သံယောဇဉ်နဟု ဟောတော်မူသည်။
**တစ်နည်း။ ။ အဝိဇ္ဇာသည် နိဗ္ဗာန်ချမ်းသာကို အထူးသဖြင့် ပိတ်ဆို့တတ်သောကြောင့် ရှေ့သုတ်၌ အဝိဇ္ဇာကို နီဝရဏ၊ တဏှာသည် သတ္တဝါတို့ကို သံသရာဒုက္ခနှင့် အထူးဆက်သွယ်ပေးတတ်သောကြောင့် ဤသုတ််၌ တဏှာကို သံယောဇဉ်ဇန-ဟု ဟောတော်မူသည်။
တစ်နည်း။ ။ အဝိဇ္ဇာသည် နိဗ္ဗာန်ကို မဂ်ဉာန်ဖြင့် သိမြင်ခြင်း မျက်မှောက်ပြုခြင်းကို၎င်း၊ မှားယွင်းသောအမြင်ကို၎င်း အထူးသဖြင့် အန္္တာယ်ပြုသည်။ တဏှာသည် နိဗ္ဗာန်‌ေရာက်ကြောင်း အကျင့်ကောင်း အကျင့်မှန်သမျှကို အထူးသဖြင့်အန္တာရယ် ပြုသည်။ ထို့ကြောင့် ရှေ့သုတ်၌ အဝိဇ္ဇာကို နီဝရဏ၊ ဤသုတ်၌ တဏှာကို သံယောဇဥ််န-ဟု နှစ်မျိုးဟောတော်မူသည်။
တစ်နည်း။ ။ အသိဉာန်မဲ့သော ပုဂ္ဂိုလ်သည် မိုက်မဲသည်၏အဖြစ်ကြောင့်ကိုယ်ကျိုးကို လည်းယုတ်စေ၏။ မိမိ၏အကျိုးကိုလည်း ပြုလုပ်၏။ မသင့်လျှော်သည်ကိုပြုလုပ်ခြင်း ကြောင့် နာကျင်ရသော မလိမ္မာသော လူမမာနှင့်တူ၏။ လူမိုက်သည် သိလျက်နဲ့ မိုက်သည်၏အဖြစ်ကြောင့် ကိုယ်ကျိုးယုတ််စေ၏။ မိမိ၏အကျိုးမဲ့ကိုပြု၏။ သိလျက်နှင့် မသင့်တာ မှီဝဲသော ရေဂါသည်နှင့် တူ၏။ ဤသို့ အကျိုးမဲ့ ဖြစ်စေသောအကြောင်း ၂-ပါးကို ပြုခြင်းငှာ ရှေ့သုတ်နှင့် ဤတဏှာသံယောဇဉ်သုတ် ၂_သုတ်ကို ဟောတော်မူ၏။ တစ်နည်း- အဝိဇ္ဇာ၏နယ်ပယ်သည် အတိတ်ကာလ၊ အဝိဇ္ဇာသည် အတိတ်ကာလ၏ ( အတိတ်ကာလကို လွမ်းဆွတ်ခြင်း၏) အကြောင်းအရင်း။ တဏှာ၏နယ်ပယ် သည် အနာဂတ်ကာလ ၊ တဏှာသည် အနာဂတ်ကာလ၏ (အနာဂတ်ကာလကိုတောင်းတခြင်း၏)မူလအကြောင်းအရင်း။ ဤသို့ သိစေခြင်းငှာ ရှေသုတ်၌ အဝိဇ္ဇာ၊ ဤသုတ်၌ တဏှာကို ဟောတော်မူသည်။
တဏှာဒုတိယော၊ တဏှာတည်းဟူသောအဖော်ရှိသော။ ပုရိသော၊ သတ္တဝါသည်။ ဒီဃမဒ္ဓါနံ၊ ရှည်မြင့်စွာသော အဓွန့်ကာလပတ်လုံး။ သံသရံ- သံသရန္တော၊ ကျင်လည်ဖြစ်သည်၍။ **ဣတ္တဘာဝညထာဘာဝံ**၊ ဤလူအဖြစ် အခြားသော သတ္တဝါတို့၏ အဖြစ်ရှိသော။ရေမဟုတ်သော တံလှပ်ကို ရေဟု အထင်လွဲသော ယောကျာ်းနှင့် တူသော တဏှာသည် အလွန်တရာ ရေငတ်နေသော ကုစားမရနိုင်လောက်အောင် ဒုက္ခရောက်နေသော ပုဂ္ဂိုလ်သတ္တဝါတစ်ဥုးတစ်ယောက်ကို ထိုထိုဘဝတို့၌ မငြီးမငွေ့ အောင်ပြု၍ ကျင်လည်စေ၏။ထိုကြောင့် တဏှာသည် သံသရာ့ခရီးသည်၏ အဖော်ကောင်းဟုဆိုနိုင်သည်။တဏှာမှတစ်ပါးသော မောဟ မာန စသောကိလေသာတို့သည်လည်း ထိုထိုဘဝ၌ဖြစ်ခြင်း၏ အကြောင်းအရာတို့ပင် မဟုတ်ပါလော-ဟုစောကြောဖွယ်ရှိ၏။ ဟုတ်ပါသည်။။ သို့သော် တဏှာကဲ့သို့ ဝိသေသပစ္စယ မဟုတ်၊ သာမညပစ္စယ-သာဖြစ်သည်။ ချဲ့ပြအံ့။ တဏှာသည် ကုသိုလ်မဖက် အကုသိုလ်သက်သက်၏ အကျိုးပေးရာဖြစ်သော အပယ်ဘုံတို့၌လည်း ဘဝဖြစ်ခြင်း၏ ထူးသောအကြောင်းဖြစ်သည်။ ရူပါဝစာရ စသော ကုသိုလ်မဖက် ကာမကုသိုလ်သက်သက်၏ အအကျိုးပေးရာ ကာမသုဂတိဘုံတို့၌လည်းဘဝဖြစ်ခြင်း' ထူးသောအကြောင်း ဖြစ်သည်။ ရူပါဝစရ စသော ကုသိုလ်တို့၏ အကျိုးပေးရာ ရူပဘုံ၊ အရူပဘုံတို့၌လည်း ဘဝဖြစ်ခြင်း ထူးသောအကြောင်း ဖြစ်သည်။ ထို့ကြောင့် တဏှာကိုသာ ဒုတိသဟာယော-ဟု ဟောတော်မူသည်။
**ဣတ္တဘာဝညထာဘာဝံ**။ ။ ဣမဿ+ဘာဝေါ၊ ဣတ္္ဘာဝေါ၊ မနုဿတ္တအရကောက် ။ အညေသံ+ ဘာဝေါ=အညာထာဘာဝေါ၊ လူ့အဖြစ်မှ ကြွင်းကျန်သော သတ္တဝါတို့၏အဖြစ် ကောက်။ ယင်းနှစ်ပုဒ် ဒွန်တွဲ၊ အဿတ္တိဆင့်၊ သံသရာ အရကောက်။သံဿရံနှင့် ဝိသေသန ဝိသေသျစပ်။ ဤကား ဋ္ဌ-ပ နည်းအရအနက်ယောဇနာသည်။
သံသာရံ၊ ခန္ဓာ အာယတန ဓာတ်တို့၏ မပြတ်ဖြစ်ရာသံသရာကို။ နာတိဝတ္တိ၊ မလွတ်မြောက်နိုင်။
ဒုက္ခဿ၊ အလုံးစုံသောဝဋ်ဆင်းရဲ၏။ သမ္ဘဝံ၊ ဖြစ်ကြောင်းဖြစ်သော။ ဧတံတဏှံ၊ ဤတဏှာကို။ အာဒီနဝံ-အာဒီနဝေါ၊ အပြစ်အနေဖြင့်။ ဉတွာ၊ သိ၍။ တစ်နည်း-ဧတံ၊ ဤပြဆိုအပ်ခဲ့သော သံသရာမှမလွတ်မြောက်နိုင်သော သဘောရှိသော။ အာဒီနဝံ၊ အပြစ်ကို။ ဉတွာ၊ သိ၍။ တဏှံ၊ တဏှာကို။ ဒုက္ခဿ၊ အလုံးစုံသော ဝဋ်ဆင်းရဲ၏။ သမ္ဘဝံ၊ ဖြစ်ကြောင်းဟူ၍။ ဉတွာ၊ သိ၍။ ဘိက္ခု၊ သည်။ ဝိတတဏှော၊ တဏှာကင်းသည်ဖြစ်၍။ အနာဒနော၊ စွဲလန်းမှု ဥပါဒါန်မရှိသည်ဖြစ်၍။ သတော၊ သတိရှိသည်ဖြစ်၍။ ပရိဗ္ဗဇေ၊ ကျင့်ရာ၏။ တစ်နည်း၊ ဝီတတဏှော၊ ကင်းပြီးသော တဏှာရှိသော။ အနာဒါနော၊ ပဋိသန္ဓေယူခြင်းမရှိသော။ သာတော၊ ပြည့်စုံပြီးသော သတိရှိသော။ ဘိက္ခု၊ ရဟန္တာရဟန်းသည်။ ပရိဗ္ဗဇေ၊ သင်္ခါရတို့၏ မပြတ်ဖြစ်ရာသံသရာမှ ကင်းလွတ်ရာ၏။
အယမ္ပိ အတ္ထော၊ စသည် ပေးမြဲ၏။
ပဉ္စမံ။တစ်နည်း။ ။ ဣတ္ထဘောဝေါအရ သတ္တါတိုင်း၏ လက်ရှိ ပစ္စုပ္ပန်ခန္ဓာကိုယ် အတ္တသဘောကို ကောက်၍ အညထဘာဘာဝေါအရ လက်ရှိအတ္တဘောမှ တစ်ပါးသောနောင်အနာဂတ် အတ္တဘောကိုကောက်ပြီးလျှင် သံသာရံ၌ ဝိသေသန ဝိသေသသျစပ်၍ ဋ္ဌ-ုနည်း အလို ပေးနိုင်သည်။
တစ်နည်း။ ။ ဣတ္ထသာဘဝအရ လက်ရှိလူ့ခန္ဓာသဘောနှင့် လက််ရှိလူ့ခန္ဓာကိုယ် အတ္တသဘောမှတစ်ပါးသော အလားတူ လူ့ခန္ဓာကိုယ် အတ္တဘောဖြစ်စေ အရကောက်၍ အညထာဘာဝေါအရ လူ့ခန္ဓာကိုယ်အတ္တဘောလုံးဝမဟုတ်သော အခြားခန္ဓာကိုယ် အတ္တဘောကို ကောက်ပြီးလျှင် သံသာရံ၌ ဝိသေသနဝိသေသျစပ်ကာ- တတိယနည်းအလိုလည်းပေနိုင်သည်။