ဤဣတိဝုတ်ပါဠိ၌ ပါရှိသမျှသုတ်တို့သည် ဘုရားဟောမှ ဘုရားဟောပါ။ အရှင်သာရိပုတ္တရာစသော သာဝကများ ဟောအပ်သော သာဝကများ ဟောအပ်သော သာဝကဘာသိတ မဟုတ်ပါဟူသောအဓိပ္ပါယ်ကိုလည်းကောင်း၊ ဘုရားရှင် ဟောတော််မူအပ်သော အမှန်ပါ၊ ဘုရားရှင်မှ တစ်ပါး အခြားတစ်ဥုး တစ်ယောက်ထံမှ ကြားခဲ့တဲ့ သုတ်မဟုတ်ပါ-ဟူသောအဓိပ္ပါယ်ကိုလည်းကောင်း သိစေလိုသောကြောင့် နှစ်ဝါကျ ဟောတော်မူခြင်းဖြစ်သည်။ (ဖြေ)]
အမှာ။ ။ နှစ်ဝါကျဟောခြင်းနှင့်စပ်၍ ရှင်းလင်းချက်များစွာ ရှိသေး၏။ အဋ္ဌကထာ ရှုလေ။
ဧဝါ ဘိက္ခဝေ။ ။ တရားဟောရမှာ မဟောသေးဘဲ ဘိက္ခဝေ-ဟု ခေါ်တော်မူခြင်းသည် တရားနာပရိတ်သတ်တို့ကို သတိပေးသည့်အနေဖြင့် ခေါ်တော်မူခြင်းတည်း။ (ဋ္ဌ။) ဝေါ- သည် ပဌမာ, ဒုတိယာ, ကရိုဏ်း, သာမိအနက်တို့ကို မဟော၊ သမ္ပဒါန်အနက်ဟော သမ္ပဒါနဝါစက။
ပါဋိဘောဂေါ။ ။ ငွေချေးငှားသူ မြီစားကို အကြောင်းပြု၍ မြီရှင်ငွေရှင်ကို အာမခံသူ၊ မြီရှင် ငွေရှင်ကို အကြောင်းပြု၍ မြီစား ငွေချေးငှားအတွက် အာမခံသူတာဝန်ယူသူကို ပဋိသူ-ဟု ခေါ်ဆိုအပ်၏။ ထို့အတူ ဘုရားရှင်သည်လည်း ကာမရာဂကို ပယ်စွန့်သော ပုဂ္ဂိုလ်အတွက် အနာဂါမ်ဖြစ်ရန် တာဝန်ခံသည်။ ထို့ကြောင့် ဘုရားရှင်လည်း ပဋိဘူ-ပုဂ္ဂိုလ်တည်း။ ထို့ကြောင့် "ပါဋိဘောဂေါတိ ပဋိဘူ၊ သောဟိ ဓာရဏကံ ပဋိစ္စ ဓနိကဿ ဓနိကံ ပဋိစ္စ ဓာရဏကဿ ပဋိနိဓိဘူတော ဓနိကသန္တကဿ တတော ဟရဏာဒိသင်္ခါတေန ဘုဉ္ဇနေန ဘောဂေါတိ ပဋိဘောဂေါ၊ ပဋိဘောဂေါ ဧဝ ပါဋိဘောဂေါ"ဟု မိန့်ပြီ။ (ဋ္ဌ၊ ၃၆)
လောဘံ ဘိက္ခဝေ။ ။ နောက်ထပ် လောဘံ ဘိက္ခဝ-ဟုခေါ်တော်မူခြင်းသည် ရှေးရှုနားထောင် နားစွင့်နေသော ဓမ္မပဋိဂ္ဂါဟကတို့အား ထိုတရားတော်၌ ရိုသေလေးစားစေရန် ဖြစ်သည်။ အာဒရဇနနတ္ထံ။ (ဋ္ဌ၊၃၈)
လောဘံ ပဇဟထ။ ။ လောဘံ ပဇဟထ- ဖြင့် ပဟာနပရိညာ-ကို တိုက်ရိုက်သိစေသည်။ ထို ပဟာနပရိညာ-သည် တီရဏပရိညာ၌ တည်သောကြောင့် တီရဏပရိညာနှင့် မကင်းနိုင်။ တီရဏပရိညာသည်လည်း ဉာတပရိညာ၌ တည်သောကြောင့် ဉာတပရိညာနှင့် မကင်းနိုင်။ ထို့ကြောင့် ပရိညာသုံးပါးလုံးကို သိစေသည်-ဟုဆိုအပ်၏။ ပရိညာသုံးပါးအထူးကို ဋ္ဌ-နှာ ၅၀-၌ ရှု။ ပါဋိဘောဂေါ၊ အာမခံ၏။ ဝါ၊ အာမခံပုဂ္ဂိုလ်တည်း။
ဒုဂ္ဂတိံ။ ။ ဒုဂ္ဂတိံ ၌ ဒုအရ မကောင်းသောသူတို့ကို အချို့နေရာ၌ ဖွင့်ဆိုသော်လည်း ဤ၌ ဒု-ကို ဒုက္ခဿ-ဟုဖွင့်ဆိုခြင်းကြောင့် ဒုက္ခ၏ ဖြစ်ရာ တည်ရာဖြစ်သော ငရဲ တိရစ္ဆာန် ပြိတ္တာတို့ကို ဒုဂ္ဂတိ-ဟုဆိုလိုသည်။ ဂါထာရှေ့ထက်ဝက်၏ ဆိုလိုရင်းကား အာယတန ၁၂-ပါးတို့၌ လောဘဖြင့် တပ်မက်တွယ်တာ ကပ်ငြိသော သတ္တဝါတို့သည် ငရဲစသော ဒုဂ္ဂတိဘုံဌာနသို့ ပဋိသန္ဓေနေသောအားဖြင့် ရောက်ကုန်ကြသည် ဟူလို။ **ဝိပဿိနော**၊ ရုပ်နာမ်နှစ်ဖြာ ဥပါဒါနက္ခန္ဓာကို အနိစ္စစသည်ဖြင့် ရှုမြင်ကုန်သောသူတို့သည်။ **တံ လောဘံ**၊ ထိုလောဘကို။ သမ္မာ၊ မှန်ကန်စွာ။ **အညာယ**၊ ဉာတပရိညာ တီရဏပရိညာဟု ဆိုအပ်သော ပညာဖြင့် သိ၍။ ပဇဟန္တိ၊ ပယ်စွန့်ကုန်၏။ **ပဟာယ**၊ ပယ်စွန့်၍။ **ဣမံ လောကံ**၊ ဤလောကသို့။ **ကုဒါစနံ**၊ တစ်ခါတစ်ရံမျှ။ **ပုန**၊ နောက်ထပ်။ **န အာယန္တိ**၊ မလာတော့ကုန်။
ယေန လောဘေန လုဒ္ဓါသေ-ဂါထာမှ တစ်မျိုးတစ်ဖုံ တစ်နည်းပြောင်း၍ ယေနဒေါသေန ဒုဋ္ဌာသေ-ဂါထာကို အနက်ပြန်ဆိုလိုက်သည်။
ထိုကြောင့် ဂါထာ၌ မက္ခာသေ-ပုဒ်ကိုလည်း ပရေသံ ဂုဏာနံ မက္ခိတာရောဟူ၍၎င်း၊ တတော ဧဝ အတ္တနောပိ ဓံသိတဂုဏာတိအတ္တော-ဟူ၍၎င်း နှစ်မျိုးရအောင်ဖွင့်ဆိုလေသည်။ တံ မက္ခံ၊ ထို သူ့ကျေးဇူးကို ချေဖျက်တတ်သော မက္ခကို။ သမ္မာ၊ မှန်ကန်စွာ။ ဝါ၊ သင့်သော အကြောင်း ယုတ္တိဖြင့်။ အညာယ၊ ဉာတပရိညာ တီရဏပရိညာပညာဖြင့် သိ၍။ ပဟာယ၊ အကြွင်းမဲ့ ပယ်စွန့်ခြင်းကြောင့်။ ဣမံ လောကံ၊ ဤကာမဘုံ ကာမဓာတ်သို့။ ကုဒါစနံ၊ တစ်ခါတစ်ရံမျှ။ ပုန၊ နောက်ထပ်။ န အာယန္တိ၊ မလာရောက်တော့ကုန်။
အနာဂါမ်အမျိုးအစား ၅-ပါး။ ။ သုဒ္ဓါဝါသဘုံ၌ အသီးသီး ပဋိသန္ဓေနေမှုကို အကြောင်းပြု၍ အဝိဟာ-အနာဂါမ်, အတပ္ပါအနာဂါမ်, သုဒဿာအနာဂါမ်, သုဒဿီအနာဂါမ်, သုဒဿီအနာဂါမ်, အကနိဋ္ဌအနာဂါမ်-ဟု ၅-မျိုး။ ထို ၅-မျိုးတွင် ရှေ့လေးမျိုးတို့၌ တစ်မျိုးမျိုးလျှင် အန္တရာပရိနိဗ္ဗာယီ, ဥပဟစ္စပရိနိဗ္ဗာယီ, ဥပဟစ္စပရိနိဗ္ဗာယီ, အသင်္ခါရပရိနိဗ္ဗာယီ, သသင်္ခါရပရိနိဗ္ဗာယီ, ဥဒ္ဓံသောတပရိနိဗ္ဗာယီ-ဟု ၅-မျိုးရ၏။ နောက်ဆုံး အကနိဋ္ဌအနာဂါမ်၌ကား ဥဒ္ဓံသောတအကနိဋ္ဌ အနာဂါမ် မရှိသောကြောင့် လေးမျိုး ရ၏။
အဝိဟာအနာဂါမ် ၅-မျိုး၊
အတပ္ပါအနာဂါမ် ၅-မျိုး၊
သုဒဿာအနာဂါမ် ၅-မျိုး၊
သုဒဿီအနာဂါမ် ၅-မျိုး၊
အကနိဋ္ဌအနာဂါမ် ၄-မျိုးသာ (ဥဒ္ဓံသောတမရသောကြောင့်)ဟူလို။
**တစ်နည်းအနာဂါမ် ၄၈**။ ။ အထက်ပါ အဝိဟာအနာဂါမ် ၅-မျိုး အနက်အသင်္ခါရပရိနိဗ္ဗာယီအနာဂါမ်၊ သသင်္ခါရပရိနိဗ္ဗာယီအနာဂါမ် ပုဂ္ဂိုလ်မည်မျှရှိသလဲဟု ထပ်မံ စစ်ကြည့်လျှင် ကပ္ပါတစ်ရာ၏အထက် တစ်ချိန်ချိန် ပရိနိဗ္ဗာန်စံမည့် အန္တရာပရိနိဗ္ဗာယီ ၁, ကပ္ပါနှစ်ရာ၏အဆုံး၌ ပရိနိဗ္ဗာန်စံမည့် အန္တရာပရိနိဗ္ဗာယီ ၁, ကပ္ပါငါးရာ မပြည့်မီ ပရိနိဗ္ဗာန်စံမည့် အန္တရာပရိနိဗ္ဗာယီ ၁၊ ပေါင်း အန္တရာပရိနိဗ္ဗာယီ ၃-ယောက်၊ ဥပဟစ္စအန္တရာပရိနိဗ္ဗာယီ ၁-ယောက်၊ ဥဒ္ဓံသောတအကနိဋ္ဌဂါမီ ၁-ယောက်၊ပေါင်း၃+၁+၁၊ ၅- ယောက်။ ထို ၅-ယောက်သည် အသင်္ခါရပရိနိဗ္ဗာယီပုဂ္ဂိုလ် ၅-ယောက်လည်း ဟုတ်၏၊ သသင်္ခါရပရိနိဗ္ဗာယီပုဂ္ဂိုလ် ၅-ယောက်လည်း ဟုတ်၏။ ထိုကြောင့်--
အဝိဟာအနာဂါမ်ကို အသင်္ခါရ, သသင်္ခါရနှစ်မျိုးဖြင့် စိစစ်ဝေဖန်သောအခါအထက်ပါအတိုင်း အသင်္ခါရ ၅-ယောက်၊ သသင်္ခါရ၅-ယောက် ပေါင်း ၁၀-ယောက်ရ၏။ အတပ္ပါ, သုဒဿာ, သုဒဿီ-တို့၌လည်း ၁၀-ယောက် စီပင်ရ၏။ နောက်ဆုံး အကနိဋ္ဌအနာဂါမ်ကား ဥဒ္ဓံသောတပုဂ္ဂိုလ်မရနိုင်သောကြောင့် အသင်္ခါရ ၄-ယောက် သသင်္ခါရ ၄-ယောက် ပေါင်း ၈-ယောက်သာ ရ၏။ နောက်ဆုံခြုံလိုက် လျှင် အဝိဟာစသော ရှေ့လေးဘုံရှိ အနာဂါမ်က ၁၀-ယောက်စီရသောကြောင့် ၄၀၊ နောက်အကနိဋ္ဌ အနာဂါမ်က ၈-ယောက်သာရ၍ ပေါင်း အနာဂါမ်ပုဂ္ဂိုလ် ၄၈-ယောက်ဖြစ်၏။
ဥဒ္ဓံသောတ အကနိဋ္ဌဂါမီအနာဂါမ် ၄-မျိုး သုဒ္ဓါဝါသအောက်လေးဘုံ၌ နေပြီးနောက် အကနိဋ္ဌဘုံရောက်မှ ပရိနိဗ္ဗာန်စံလျှင် ဥဒ္ဓံသောတအကနိဋ္ဌဂါမီအနာဂါမ်တည်း။ ယေန မာနေန၊ အကြင်မာနဖြင့်။ မတ္တာသေ-မတ္တာ၊ ဇာတိမာန် ပုရိသမာန် ပညာမာန်စသောအားဖြင့် ကိုယ့်ကိုယ်ကို ပင့်မြှောက်ကာ မူးမေ့နေကြကုန်၏ မတ္တတ္တာ၊ ကြောင့်။ သတ္တာ၊ သတ္တဝါတို့သည်။ ဒုဂ္ဂတိံ၊ ဆင်းရဲဒုက္ခ၏ ဖြစ်ရာတည်ရာ ဒုဂ္ဂတိဘုံဘဝသို့။သုဒ္ဓါဝါသအောက်သုံးဘုံ၌ နေပြီးနောက် စတုတ္ထသုဒဿီဘုံရောက်မှ ပရိနိဗ္ဗာန်စံလျှင် ဥဒ္ဓံသောတ န အကနိဋ္ဌဂါမီအနာဂါမ်တည်း။
ပဋိသန္ဓေနေသောအားဖြင့် သုဒဿီဘုံရောက်နေသော အနာဂါမ်သည် အကနိဋ္ဌဘုံရောက်မှ ပရိနိဗ္ဗာန်စံခဲ့လျှင် န ဥဒ္ဓံသောတ အကနိဋ္ဌဂါမီအနာဂါမ်တည်း။
သုဒ္ဓါဝါသအောက်လေးဘုံသို့ ပဋိသန္ဓေနေသောအားဖြင့် ရောက်လာ၍၊ ထိုရောက်ရာဘုံအသီးသီး၌ပင် ပရိနိဗ္ဗာန်စံလျှင် န ဥဒ္ဓံသောတ န အကနိဋ္ဌဂါမီအနာဂါမ်တည်း။
အနာဂါမ် ၅-မျိုးအထူး အကြင်အနာဂါမ်သည် အဝိဟာစသော သုဒ္ဓါဝါသဘုံတို့၌ ပဋိသန္ဓေနေ၏။ ထိုအနာဂါမ်သည် မိမိပဋိသန္ဓေနေရာဘုံ၏ သက်တမ်းတစ်ဝက်ကို၊ ဝါ၊ သက်တမ်းအလယ်ကို မလွန်ဘဲ ရဟန္တာဖြစ်၍ ပရိနိဗ္ဗာန်စံလျှင် အန္တရာပရိနိဗ္ဗာယီအနာဂါမ်တည်း။
အကြင်အနာဂါမ်သည် မိမိပဋိသန္ဓေနေရာဘုံ၏ သက်တမ်းထက်ဝက်၊ ဝါ၊ သက်တမ်းအလယ်ကိုလွန်၍ ရဟန္တာဖြစ်ကာ ပရိနိဗ္ဗာန်စံလျှင် ဥပဟစ္စပရိနိဗ္ဗာယီ အနာဂါမ်တည်း။
လွန်လွန်ကဲကဲ လုံ့လပယောဂမစိုက်ရဘဲ မငြိုမငြင် အနည်းငယ်သော ဆင်းရဲဖြင့် ရဟန္တာဖြစ်၍ ပရိနိဗ္ဗာန်စံလျှင် အသင်္ခါရပရိနိဗ္ဗာယီအနာဂါမ်တည်း။
လွန်လွန်ကဲကဲ လုံလပယောဂစိုက်၍ ငြိငြင်ဆင်းရဲစွာ ရဟန္တာဖြစ်၍ ပရိနိဗ္ဗာန်စံလျှင် သသင်္ခါရပရိနိဗ္ဗာယီအနာဂါမ်တည်း။
အဝိဟာဘုံတို့၌ ပဋိသန္ဓေနေသောအားဖြင့် ရောက်လာကြသော အနာဂါမ်တို့သည် ရဟန္တာအဖြစ်သို့ မရောက်နိုင်ဘဲ ထိုရောက်ရာဘုံ၏ သက်တမ်းရှိသမျှ တည်နေပြီး အကနိဋ္ဌဘုံသို့ ပဋိသန္ဓေတည်နေသောအားဖြင့် ရောက်သွားလျှင် ထိုအနာဂါမ်သည် ဥဒ္ဓမဿ တဏှာသောတံ ဝဋ္ဋသောတံ မဂ္ဂသောတမေဝဝါတိ ဥဒ္ဓံသောတော၊ ပဋိသန္ဓိဂ္ဂဟဏဝသေန အကနိဋ္ဌံ ဂစ္ဆတီတိ အကနိဋ္ဌဂါမီနှင့်အညီ ဥဒ္ဓံသောတ အကနိဋ္ဌဂါမီအနာဂါမ်မည်၏။ (ဋ္ဌ၊၄၈) ဂစ္ဆန္တိ၊ ပဋိသန္ဓေတည်နေသောကြောင့် ရောက်ကြကုန်၏။ ဝိပဿိနော၊ ရုပ်နာမ်ဓမ္မ ဥပါဒါနက္ခန္ဓကို အနိစ္စစသော အထူးထူးသောအခြင်းအရာတို့ဖြင့် ရှုမှတ်သောယောဂီတို့သည်။ တံ မာနံ၊ ထိုထောင်လွှားခြင်းမာန်ကို။ သမ္မာ၊ မှန်ကန်စွာ။ ဝါ၊ မှန်ကန်စွာ အကြောင်းယုတ္တိဖြင့်။ အညာယ၊ ဉာတပရိညာ တီရဏပရိညာ ပညာဖြင့် သိ၍။ ပဇဟန္တိ၊ အကြွင်းမဲ့ ပယ်စွန့်ကြကုန်၏။ ပဟာယ၊ ပယ်စွန့်ခြင်းကြောင့်။ ဣမံ လောကံ၊ ဤကာမဘုံ ကာမဓာတ်သို့။ ကုဒါစနံ၊ တစ်ခါတစ်ရံမျှ။ ပုန၊ နောက်ထပ်။ န အာယန္တိ၊ မလာရောက်တော့ကုန်။
ထိုအကျယ်လေးမျိုးကို အကျဥ်းနှစ်မျိုး၌ သွင်းလျှင် သဗ္ဗသဗ္ဗသည် နိပ္ပဒေသသဗ္ဗ၊ ကျန်သုံးမျိုးသည် သပ္ပဒေသသဗ္ဗတည်း။ အကျဥ်းနှစ်မျိုး ဖြစ်ဖြစ် အကျယ်လေးမျိုးဖြစ်ဖြစ် သဗ္ဗသဒ္ဒါမှန်သမျှ၏ ဟောနက်ကား အနဝသေသ၊ အကြွင်းမဲ့အနက်ဟောချည်းတည်း။ ဤအဓိပ္ပါယ်ကို သတိရှိစေ။ အနဝသေသ=အကြွင်းမဲ့ အနက်ကိုဟောသော်လည်း သဗ္ဗပုဒ်၏ စပ်ရာ ဝိသေသျကို ကြည့်၍ အနဝသေသကို ခွဲခြားရာ၏။ ဥပမာ-သဗ္ဗံ ရူပံ ဝေဒနာ၊ သဗ္ဗသက္ကာယ ပရိယာပန္နေသု ဓမ္မေသု-ဟူသောပါဠိတို့၌ ပဌမသဗ္ဗသည် ရူပံ၏ ဝိသေသန ဖြစ်သောကြောင့် ရုပ်မှန်သမျှ အကြွင်းမဲ့အကုန် ဟောရကား အနဝသေသဝါစကတည်း။ ဝေဒနာ သညာစသည်ကို မဟောလို့ ဤသဗ္ဗကို အနဝသေသဝါစကမဟုတ်၊ သာဝသေသသဗ္ဗဟု မဆိုသင့်။ သဗ္ဗာ ဝေဒနာ၌ သဗ္ဗလည်း ဝေဒနာ၏ ဝိသေသန၊ဝါ၊ ဝေဒနာနှင့်သာ ဝိသေသန ဝိသေသျစပ်သောကြောင့် ဝေဒနာမှန်သမျှ အကြွင်းမဲ့ ဟောရကား အနဝသေသဝါစကတည်း။ ရုပ်သညာ သင်္ခါရတို့ကို မဟောလို့ သာဝသေသသဗ္ဗဟု မဆိုသင့်။
ထိုကြောင့် ဤသုတ်လာ သဗ္ဗသဒ္ဒါကို အကျဥ်းနှစ်မျိုး၌ သွင်းလျှင် သပ္ပဒေသသဗ္ဗ အကျယ်လေးမျိုး၌သွင်းလျှင် ဝိပဿာနာဉာန်၏ အာရုံဖြစ်သော တေဘူမက ဥပါဒါနက္ခန္ဓာကို ရသောကြောင့် သက္ကာယသဗ္ဗ။ ဟောနက်ဝစ္စအနေအားဖြင့် အနဝသေသဝါစက-ဟု မှတ်။
**မှတ်သားဖွယ်**။ ။ ဤဂါထာ၌ သဗ္ဗတ္ထေသု န ရဇ္ဇတိ-ဖြင့် တဏှာဂါဟ၊ တဏှာစွဲကင်းကြောာင်း မုချအားဖြင့် သိစေသည်။ အကြောင်းတဏှာစွဲကင်းသဖြင့် အကျိုးဒိဋ္ဌိစွဲမာနစွဲတို့ ကင်းကြောင်းကိုလည်း အဝိနာဘာဝနည်းဖြင့် သိစေသည်။ သဗ္ဗတ္ထ-ဟူသောဝိဘတ္တိ ပစ္စယန္တနောင် သုဒ္ဓဝိဘတ်ဖြစ်သော သတ္တမီ သုဝိဘတ်သက် ထားခြင်းသည် သတိထား မှတ်သားဖွယ်ရာတည်း။ သို့မဟုတ် သဗ္ဗနှင့်တကွ သမာသ်၊ ထို့နောင် ဝိဘတ်သက်သည်ဟူ၍သော်လည်း ကြံ။
အပရိဇာနံ ပရိညာသုံးမျိုး အာရဒ္ဓဝိပဿက ယောဂါဝစရပုဂ္ဂိုလ်သည် တေဘူမက ရုပ်နာမ်ဓမ္မကို သိသည်ဟုဆိုရာ၌ ပရိညာသုံးမျိုးဖြင့် သိမှသာ သိသည်မည်၏။ ထို့ကြောင့် ပရိညာသုံးမျိုးအထူးကို ပြဥုးအံ့။
က။ ဘူတရုပ် ဥပါဒါရုပ်စသော ရုပ်တရားနှင့် ဖဿစသော နာမ်တရားတို့ကို လက္ခဏရသ စသောအားဖြင့်လည်းကောင်း၊ ထိုရုပ်နာမ်တို့၏ဖြစ်ကြောင်းအဝိဇ္ဇာ သင်္ခါရ စသော ပစ္စယအားဖြင့်လည်းကောင်း ကွဲကွဲပြားပြားသိခြင်းသည် ဉာတပရိညာတည်း။
ခ။ ဤသို့ ဉာတပရိညာဖြင့် သိပြီး၍ ထိုရုပ်နာမ်ဓမ္မတို့ကို အနိစ္စတော ဒုက္ခတော ပရတော စသော ၄၂-ပါး သော အခြင်းအရာဖြင့် ဆုံးဖြတ်နိုင်ခြင်းသည် တီရဏ ပရိညာတည်း။
ဂ။ ထိုသို့ဆုံးဖြတ်ပြီးနောက် ထိုရုပ်နာမ်ဓမ္မတို့၌ တွယ်တာကပ်ငြိသော ဆန္ဒဘဝကို အရဟတ္တမဂ်ဖြင့် ပယ်ခြင်းသည် ပဟာနပရိညာတည်း။
တစ်နည်း ပရိညာသုံးမျိုး အထူး က။ ဒိဋ္ဌိဝိသုဒ္ဓိ, ကင်္ခါဝိတရဏဝိသုဒ္ဓိနှစ်မျိုးသည် ဉာတပရိညာ။ ခ။ မဂ္ဂါမဂ္ဂဉာနဒဿနဝိသုဒ္ဓိ, ပဋိပဒါဉာနဒဿနဝိသုဒ္ဓိနှစ်မျိုးသည် တီရဏပရိညာ။ တစ်နည်း- ကလာပသမ္မသနအစ အနုလောမတိုင်အောင်သော ဝိပဿနာဉာန်သည် တီရဏပရိညာ။
သဗ္ဗဉ္စ ခေါ ဘိက္ခဝေ အဘိဇာနံ ပရိဇာနံ တတ္ထ စိတ္တံ ဝိရာဇယံ ပဇဟံ ဘဗ္ဗော ဒုက္ခက္ခယာယ-ဝါကျ၏ ပိဏ္ဍတ္ထ
သဗ္ဗံ အဘိဇာနံ။ ။ ထင်ရှားရှိသော ဥပါဒါနက္ခန္ဓပဉ္စက အားလုံးကို သရုပ်အားဖြင့်လည်းကောင်း၊ ပစ္စည်းအားဖြင့်လည်းကောင်း၊ ဉာန်အားရှေးရှု မျက်မှောက်ပြုသည်၏ အစွမ်းဖြင့် ထူးသောဉာန်ဖြင့် သိမည်၊
ပရိဇာနံ။ ။ ဖြစ်ပြီး၍ မရှိတော့သော အခြင်းအရာစသည်ကို သိမ်းဆည်းသောအားဖြင့် ထိုခန္ဓပဉ္စကကို အနိစ္စစသော လက္ခဏာတို့ဖြင့် ပိုင်းခြားသိမည်၊
ဝိရာဇယံ။ ။ မှန်ကန်စွာ အနိစ္စစသော အခြင်းအရာဖြင့် ထိုးထွင်းသိခြင်းကြောင့် ဖြစ်ပေါ်လာသော ဘယဉာန် အာဒီနဝဉာန် နိဗ္ဗိဒါဉာန်တို့၏ အာနုဘော်ဖြင့် မိမိ၏စိတ်အစဥ်ကို တပ်မက်ခြင်းကင်းအောင် တပ်မက်မှုပျက်ပြယ်အောင်ပြုမည်၊
ပဇဟံ။ ။ ဝုဋ္ဌာနဂါမိနီ ဝိပဿာနာနှင့်တကွ မဂ်ဉာန်ဖြင့် သမုဒယအသင်းဝင် ကိလေသဝဋ်ကို အကြွင်းမဲ့ ပယ်နိုင်မည်ဆိုလျှင်-
ဘဗ္ဗော ဒုက္ခက္ခယာယ။ ။ ကိလေသာ အငြစ်အကြေးကို ပယ်သဖြင့် ကမ္မဝဋ်ပြုတ်၊ ကမ္မဝဋ်ပြုတ်သဖြင့် ဝိပါကဝဋ်လည်းချုပ်ကာ အလုံးစုံသော သံသရာဝဋ်ဒုက္ခ ပြုတ်ပြုတ်ပြုန်း၍ အနုပါဒိသေသနိဗ္ဗာန်သို့ ရရောက်ဖို့ သေချာ၏- ဟူလို။
ဤဝါကျ၏ ပိဏ္ဍတ္ထကို ပြောင်းပြန်လှန်လျှင် 'သဗ္ဗံ ဘိက္ခဝေ အနဘိဇာနံ အပရိဇာနံ'စသော ဝါကျ၏ ပိဏ္ဍတ္ထကိုလည်း သိနိုင်၏။ (ဋ္ဌ၊၅၁)
'ယော သဗ္ဗံ သဗ္ဗတော ဥတွာ (လ) သဗ္ဗဒုက္ခမုပစ္စဂါ'တိ၊ **မုပစ္စဂါ'**ဟူသော။ ဧတံ၊ ဤဂါထာအနက်အဓိပ္ပါယ်ကို။ ဘဂဝတာ၊ သည်။ ဣတိ၊ ဤသို့။ ဝုစ္စတိ၊ မိန့်ဆိုတော်မူအပ်၏။
ယော သဗ္ဗံ သဗ္ဗတော ဉတွာ-ဂါထာအနက် ယော၊ အကြင်အာရဒ္ဓဝိပဿကပုဂ္ဂိုလ်သည်။ သဗ္ဗံ၊ အလုံးစုံသော တေဘူမကသင်္ခါရကို။ သဗ္ဗတော၊ (ကုသိုလ် အကုသိုလ်, သာဝဇ္ဇ အနဝဇ္ဇ, ခန္ဓာအာယတန ဓာတ် သစ္စာစသော) အလုံးစုံသောအဖို့အားဖြင့်။ ဝါ၊ ဒုက္ခစသောအဖို့အစု၊ ပိဠနစသော အဖို့အစုအားဖြင့်။ တစ်နည်း၊ သဗ္ဗတော၊ (ကက္ခဠဖုသနစသော လက္ခဏာ အနိစ္စစသော) အလုံးစုံသောအခြင်းအရာအားဖြင့်။ ဉတွာ၊ ဝိပဿနာရှေ့သွားရှိသော မဂ်ဉာန်ဖြင့် သိ၍။ ဝါ၊ ဝိပဿနာဉာန်ဖြင့်သိခြင်းကြောင့်။ သဗ္ဗတ္ထေသု၊ (အတိတ်အနာဂတ်စသည်ပြားသော) အလုံးစုံသောသက္ကာယဓမ္မတို့၌။ န ရဇ္ဇတိ၊ မတပ်မက်။ ဝေ၊ စင်စစ်။ ဝါ၊ ထင်ထင်ရှားရှား။ သဗ္ဗပရိညာ၊ အလုံးစုံသော တေဘူမကသင်္ခါရတို့ကို ပိုင်းခြား၍သိခြင်းကြောင့်။ (သဗ္ဗပရိညာ-သည် တွာပစ္စယန္တမဟုတ်၊ ကာရဏတ္ထ ပဉ္စမျန္တ၊ ထိုကြောင့်သဗ္ဗနှင့် ပရိညာသမာသ်စပ်သည်။) သော၊ ထိုအာရဒ္ဓဝိပဿက ယောဂါဝစရပုဂ္ဂိုလ်သည်။ ဝါ၊ အရိယာပုဂ္ဂိုလ်သည်။ သဗ္ဗဒုက္ခံ၊ အလုံးစုံသော ဝဋ်ဒုက္ခကို။ အစ္စဂါ၊ လွန်မြောက်ပြီ။
မာနဂန္ထာ ဘဝေ ရတာ။ ။ မာနအနှောင့်အဖွဲ့ခံရသူတို့သည် ယင်းသို့ခံရသည့်အတွက် ကြာမြင့်စွာ မာန၏ အထုံအမွှမ်းရရှိခံစားသည်အားလျော်စွာ 'အဟံကာရ' မာန၏အစွမ်းဖြင့် ကာမာဒိဘဝ၌ မွေ့လျော်ကြကုန်၏။
တစ်နည်း။ ။ 'ဧဝံ မမ'ဟူသော တဏှာစွဲဖြင့် သင်္ခါရတရားတို့၌ မျိုချသည့်အလား သိမ်းပိုက်ဖန်များသောကြောင့် နိစ္စ၊ သုခ၊ သုဘ၊ အတ္တ-ဟူသော ဝိပလ္လာသ၏အစွမ်းအားဖြင့်လည်း ထိုကာမာဒိဘုံဘဝ၌ မွေ့လျော်ကြကုန်၏။
အာဂန္တာရော ပုနဗ္ဘဝံ။ ။ ပုနကို အာယတိံ၊ ဘဝံကို ဥပတ္တိဘဝံ၊ အာကိုအပရာပရံ ပရိဝတ္တနဝသေန၊ ဂန္တာရောကို ဥပဂန္တာရောဟု ဖွင့်ခြင်းကြောင့် တစ်ဖန်နောင်တစ်ချိန် ဥပပတ္တိဘဝသို့ အကြိမ်ကြိမ် လည်ပတ်သောအားဖြင့် ကပ်ရောက်ကြရသည်။ (ဋ္ဌ၊ ၅၂)
တစ်နည်း။ ။ ပုနဗ္ဘဝကို သံသာရံ၊ အာဂန္တာရောကို ရှေးနည်းတူ ဖွင့်ခြင်းကြောင့်အဖန်ဖန် ဖြစ်ခြင်းဟူသော သံသရာသို့ အကြိမ်ကြိမ် ကျင်လည်သောအားဖြင့် ကပ်ရောက်ကြရသည် ဟူလို။
ယေ စ မာနံ ပဟန္တွာန။ ။ ယေ စ ကို ယေ ပန၊ ပဟန္တွာနကို အရဟတ္တမဂ္ဂေန သဗ္ဗတော ပဇဟိတွာ၊ မာနံကို မာနံဟုဖွင့်ခြင်းကြောင့် ဘာကြောင့်လွတ်မြောက်တော်မူကြသနည်း၊ အရဟတ္တမဂ်ဖြင့် မာနကို အကြွင်းမရှိ ပယ်လိုက်သောကြောင့်ဟူလို။ မေ၊ အကျွန်ုပ်အာနန္ဒာသည်။ သုတံ၊ နာခံမှတ်သား ဆောင်ထားအပ်ပါပြီ။ ဘိက္ခဝေ၊ တို့။ လောဘံ၊ လောဘကို။ အနဘိဇာနံ၊ ထူးသောဉာန်ဖြင့် မသိသော်။ အပရိဇာနံ၊ ဉာတပရိညာ တီရဏပရိညာဖြင့် ပိုင်းခြား၍ မသိသော်။ တတ္ထ၊ ထိုလောဘ၌။ စိတ္တံ၊ ကို။ အဝိရာဇယံ၊ တပ်မက်ခြင်းမကင်းစေသော်။ ဝါ၊ တပ်မက်ခြင်းကင်းအောင် မပြုနိုင်သော်။ အပ္ပဇဟံ၊ အကြွင်းမဲ့ မပယ်နိုင်သော်။ ဒုက္ခက္ခယာယ၊ ဆင်းရဲကုန်ခြင်းငှာ။ အဘဗ္ဗော၊ မထိုက်။