Issues
Select Version
နိဿယ
မြန်မာဘာသာ
Itivuttakapāḷi
Itivuttakapāḷi

5. Makkhasuttaṃ

Author: နိဿယ @ IAPT

ကတမံ၊ အဘယ်မည်သော။ ဧကဓမ္မံ၊ တစ်ခုသော သဘောတရားကိုနည်း။ မှတ်ချက်။ ။ ကောဓ-အရ ဒေါသ-ပင်ရ၏။ ဒေါသ-သုတ်နှင့် ထူးမခြားပင်။ သို့သော် ကောဓအမည်ဖြင့် ဟောမှ သိမည့် ဝေနေယျတို့အတွက် ထပ်မံဟောတော်မူသည်။ (ဋ္ဌ၊ ၄၆)
ဘိက္ခဝေ၊ တို့။ မက္ခံ၊ သူ့ကျေးဇူးကို ချေဖျက်တတ်သော။ ဧကဓမ္မံ၊ တစ်ခုသော သဘောတရားကို။ ပဇဟထ၊ အကြွင်းမဲ့ ပယ်စွန့်ကြကုန်လော့။ အဟံ၊ ငါဘုရားသည်။ ဝေါ၊ သင်တို့အား။ အနာဂါမိတာယ၊ အနာဂါမ်အဖြစ် အလို့ငှာ။ ဝါ၊ အနာဂါမ်ပုဂ္ဂိုလ် ဖြစ်ဖို့ရန်။ ပါဋိဘောဂေါ၊ အာမခံတည်း။ ဝါ၊ အာမခံပုဂ္ဂိုလ်တည်း။
ဧတံ အတ္ထံ၊ ဤအနက်အဓိပ္ပါယ်ကို။ ဘဂဝါ၊ သည်။ အဝေါစ၊ ဟောတော်မူပြီ။
တတ္ထ၊ ထိုမက္ခသုတ်၌။ 'ယေန မက္ခေန မက္ခာသေ (လ) ဣမံ လောကံကုဒါစန'န္တိ၊ ကုဒါစနံ'ဟူသော။ ဧတံ၊ ဤဂါထာအနက်အဓိပ္ပါယ်ကို။ ဘဂဝတာ၊ ဘုရားရှင်သည်။ ဝုစ္စတိ၊ ဟောကြားတော်မူအပ်၏။
ယေန မက္ခေန၊ အကြင်သူ့ကျေးဇူးကို ချေဖျက်တတ်သော ဒေါမနဿသဟဂုတ် စိတ္တုပ္ပါဒ်ဖြင့်။ မက္ခာ‌သေ၊ သူတစ်ပါးကျေးဇူးကို ဖျက်ဆီးကုန်၏။ မက္ခိတတ္တာ၊ သူ့တစ်ပါးကျေးဇူးကို ချေဖျက်တတ်သောကြောင့်။ သတ္တာ၊ သတ္တဝါတို့သည်။ ဒုဂ္ဂတိံ၊ ဆင်းရဲဒုက္ခ၏ ဖြစ်ရာတည်ရာ ဒုဂ္ဂတိဘုံဘဝသို့။ ဂစ္ဆန္တိ၊ ပဋိသန္ဓေ တည်နေသောအားဖြင့် ရောက်ကြကုန်၏။ ဝိပဿိနော၊ ရုပ်နာမ်ဓမ္မဥပါဒါနက္ခန္ဓကို အနိစ္စစသော အထူးထူးသော အခြင်းအရာတို့ဖြင့် ရှုမှတ်သော ယောဂီတို့သည်။**မက္ခံ**၊ မက္ခဟူသည် တရားကိုယ်အားဖြင့် ‌ဒေါမနဿဝေဒနာနှင့် တကွဖြစ်သောဒေါမနဿသဟဂုတ်စိတ်၊ ထိုစိတ်နှင့်ယှဥ်သော ဒေါသသမ္ပယုတ္တ ဓမ္မပင်တည်း။ ဝါ၊ ဒေါမနဿသဟဂုတ်စိတ္တုပ္ပါဒ်တည်း။ ထိုစိတ္တုပ္ပါဒ်သည် သူတစ်ပါး ကျေးဇူးကိုသာဖျက်ဆီးသည် မဟုတ်၊ မိမိ, သူတပါး နှစ်ဥုးသားတို့၏ ဂုဏ်ကျေးဇူးကို ဖျက်ဆီး၏။ သို့သော် သူတစ်ပါးဂုဏ်ကျေးဇူးကို ဖျက်လိုဖျက်ဆီးသဘောဖြင့် ပြုအပ်ဖြစ်စေအပ်သော တရားဖြစ်ခြင်းကြောင့် မက္ခန္တိ ပရဂုဏမက္ခနံ-ဟု ဖွင့်ဆိုသည်။ လက္ခဏာအားဖြင့်လည်း 'ပရဂုဏမက္ခနလက္ခဏော'ဟု မိန့်တော်မူသည်။
ထိုကြောင့် ဂါထာ၌ မက္ခာသေ-ပုဒ်ကိုလည်း ပရေသံ ဂုဏာနံ မက္ခိတာရောဟူ၍၎င်း၊ တတော ဧဝ အတ္တနောပိ ဓံသိတဂုဏာတိအတ္တော-ဟူ၍၎င်း နှစ်မျိုးရအောင်ဖွင့်ဆိုလေသည်။
တံ မက္ခံ၊ ထို သူ့ကျေးဇူးကို ချေဖျက်တတ်သော မက္ခကို။ သမ္မာ၊ မှန်ကန်စွာ။ ဝါ၊ သင့်သော အကြောင်း ယုတ္တိဖြင့်။ အညာယ၊ ဉာတပရိညာ တီရဏပရိညာပညာဖြင့် သိ၍။ ပဟာယ၊ အကြွင်းမဲ့ ပယ်စွန့်ခြင်းကြောင့်။ ဣမံ လောကံ၊ ဤကာမဘုံ ကာမဓာတ်သို့။ ကုဒါစနံ၊ တစ်ခါတစ်ရံမျှ။ ပုန၊ နောက်ထပ်။ န အာယန္တိ၊ မလာရောက်တော့ကုန်။
အယမ္ပိ အတ္ထော၊ စသည် ပေးမြဲ။
ပဉ္စမံ။