Issues
Select Version
sāsanāre-သာသနာရေး
မြန်မာဘာသာ
Bhikkhu Bodhi
English
Sattakanipātapāḷi
Sattakanipātapāḷi

7. Saññāsuttaṃ

Author: sāsanāre-သာသနာရေး @ IAPT

ဘိက္ခူ၊ တို့သည်။ အနိစ္စသညံ၊ အနိစ္စသညာကို။ ဝါ၊ (တေဘူမကသင်္ခါရတို့၌ မမြဲဟု ရှုမှတ်သော သညာကို။ ဝါ၊ တေဘူမကသင်္ခါရတို့ကို အနိစ္စဟု ရှုတတ်သော ဝိပဿနာနှင့်တကွ ဖြစ်သောပညာကို။ ဘာဝေဿန္တိ၊ အံ့။ပ။
အနတ္တသညံ၊ ကို။ ဝါ၊ (တေဘူမကသင်္ခါရတို့၌) ခိုင်မြဲသောအနှစ်သာရ အတ္တကောင် မဟုတ်ဟု ရှုမှတ်သော သညာကို။ပ။ အသုဘသညံ၊ ကို။ ဝါ၊ (မိမိ၏ သက်ရှိခန္ဓာကိုယ်ကောင်၌) မတင့်တယ်ဟု ရှုမှတ်သောသညာကို။ ဝါ၊ (ဥဒ္ဓုမာတက စသော) မတင့်တယ်သော အာရုံ၌ဖြစ်သောသညာကို။ပ။ အာဒီနဝသညံ၊ ခန္ဓာကိုယ်၏ အပြစ်အနာရောဂါကို ရှုမှတ်သောသညာကို။ပ။ ပဟာနသညံ၊ (တဒင်္ဂပဟာန်စသော) ကိလေသာ ပယ်သတ်ခြင်းသဘော၌ အာရုံပြု၍ ဖြစ်သော သညာကို။ပ။ ဝိရာဂသညံ၊ (တဒင်္ဂဝိရာဂ အစရှိသော) ကိလေသာကင်းကွာ ပျက်စီးခြင်းသဘော၌ အာရုံပြု၍ဖြစ်သော သညာကို။ ဝါ၊ ကိလေသာအားလုံးတို့ ပျက်စီးရာ နိဗ္ဗာန်၌ အာရုံပြု၍ဖြစ်သော သညာကို။ပ။ နိရောဓသညံ၊ သင်္ခါရတို့၏ ချုပ်ငြိမ်းမှုကို အာရုံပြု၍ ဖြစ်သောသညာကို။ ဝါ၊ သင်္ခါရတို့၏ ချုပ်ငြိမ်းရာ နိဗ္ဗာန်ကို အာရုံပြု၍ဖြစ်သော သညာကို။ ဘာဝေဿန္တိ။ပ။