၈။ ဘိက္ခဝေ၊ ရဟန်းတို့။
သံယောဇနာနိ၊ သံယောဇဉ်တို့သည်။
ဝါ၊ မိမိကိန်းအောင်းရာ သတ္တဝါကို ဝဋ်ဆင်းရဲ၌ နှောင်ဖွဲ့တတ်သော အနှောင်အဖွဲ့တရားတို့သည်။
ဣမာနိ သတ္တ၊ တို့တည်း။ပ။
အနုနယသံယောဇနံ၊ ကာမရာဂသံယောဇဉ်လည်းကောင်း။ (အာရုံတို့၌ သတ္တဝါတို့ကို ထပ်တလဲလဲ ဆွဲဆောင်တတ်သော ကာမရာဂဟူသော အနှောင်အဖွဲ့ လည်းကောင်း) [ဝိသယေသု သတ္တေ အနု အနု နေတီတိ အနုနယော]
ပဋိဃသံယောဇနံ၊ ပဋိဃသံယောဇဉ်လည်းကောင်း။ (ဒေါသဟူသော အနှောင်အဖွဲ့လည်းကောင်း)
ဒိဋ္ဌိသံယောဇနံ၊ ဒိဋ္ဌိသံယောဇဉ်လည်းကောင်း။ (၆၂-ပါးသော မိစ္ဆာအယူဟူသော အနှောင်အဖွဲ့လည်းကောင်း)
ဝိစိကိစ္ဆာသံယောဇနံ၊ ဝိစိကိစ္ဆာသံယောဇဉ်လည်းကောင်း။ (ရတနာသုံးဖြာ အကျင့်သိက္ခာ စသည်တို့၌ သို့လောသို့သော တွေးတောယုံမှားခြင်းဟူသော အနှောင်အဖွဲ့လည်းကောင်း)
မာနသံယောဇနံ၊ မာနသံယောဇဉ်လည်းကောင်း။ (သေယျမာန်သုံးမျိုး, သဒိသမာန်သုံးမျိုး, ဟီနမာန်သုံးမျိုးအားဖြင့် ကိုးမျိုးသော မာန်မာနဟူသော အနှောင်အဖွဲ့လည်းကောင်း။)
ဘဝရာဂသံယောဇနံ၊ ဘဝရာဂသံယောဇဉ်လည်းကောင်း။ (ရူပ, အရူပ, ဥပပတ္တိဘဝ၌ တပ်မက်တတ်သော လောဘဟူသော အနှောင်အဖွဲ့လည်းကောင်း။)
ဝါ၊ ရူပ အရူပဈာန်ဟူသော ကမ္မဘဝ၌ တပ်မက်သော လောဘဟူသော အနှောင်အဖွဲ့လည်းကောင်း။)
အဝိဇ္ဇာသံယောဇနံ၊ အဝိဇ္ဇာသံယောဇဉ်လည်းကောင်း။ (သစ္စာလေးတန်, ပုဗ္ဗန္တာပရန္တ, ပဋိစ္စသမုပ္ပန္နဟူသော ရှစ်ပါးသောဌာနတို့၌ မသိခြင်းမောဟဟူသော အနှောင်အဖွဲ့လည်းကောင်း။)
(ဣတိ၊ ဤသည်တို့တည်း။)
[ရှစ်ပါးသောဌာနအပြည့်အစုံကို ဆက္ကနိပါတ်စာပိုဒ် (၆၃) ဒုတိယအကြိမ်ရိုက် တတိယတွဲ နိဿယစာအုပ် စာမျက်နှာ (၆၄၂) နိဗ္ဗေဓိကသုတ်၌ ရေးခဲ့ပြီ]။ပ။
အဋ္ဌမံ။