Issues
Select Version
Bhikkhu Bodhi
English
sāsanāre-သာသနာရေး
မြန်မာဘာသာ
Sattakanipātapāḷi
Sattakanipātapāḷi

1. Sattaviññāṇaṭṭhitisuttaṃ

Author: sāsanāre-သာသနာရေး @ IAPT

ဘိက္ခဝေ၊ တို့။ **ဝိညာဏဋ္ဌိတိယော**၊ ပဋိသန္ဓေဝိညာဏ်၏ တည်ရာ အကြောင်းတို့သည်။ဝိညာဏဋ္ဌိတိ။ ။ ဒီ, မဟာဝဂ္ဂ။ မဟာနိဒါနသုတ် အဋ္ဌကထာ(၉၉)၌ "ဝိညာဏံ တိဋ္ဌတိ ဧတ္ထာတိ ဝိညာဏဋ္ဌိတိ။ ဝိညာဏပတိဋ္ဌာနဿေတံ အဓိဝစနံ"ဟု ဖွင့်၍ ထို၏ ဋီကာ (၁၁၄)၌ "ဝိညာဏပတိဋ္ဌာနဿာတိ ပဋိသန္ဓိဝိညာဏဿ ဧတရဟိ ပတိဋ္ဌာနကာရဏဿ"ဟု ဖွင့်၏။ ထို့ကြောင့် "ဝိညာဏဋ္ဌိတိ- ပဋိသန္ဓေဝိညာဏ်၏ တည်ရာအကြောင်း"ဟု မြန်မာပြန်ဆိုသည်။ ပါဠိတော်၌ တိုက်ရိုက်ဟောတော်မူထားသည့်အတိုင်းပင် နာနတ္တကာယနာနတ္တသညီ အစရှိသော သတ္တဝါ(၇)မျိုးကို ဝညာဏဋ္ဌိတိ(ပဋိသန္ဓေဝိညာဏ်၏ တည်ရာအကြောင်း)ဟု ခေါ်၏။
ဋီကာ ဖွင့်သည့်အတိုင်း ပရမတ်တရားကိုယ်အနက် ဖော်ပြရသော် ဝိညာဏဋ္ဌိတိဟူသည် ထိုပဋိသန္ဓေဝိညာဏ်၏ တည်ရာ အကြောင်း (သဟဇာတ, နိဿယစသောတည်ရာအကြောင်း) ဖြစ်သော ရုပ် ဝေဒနာ သညာ သင်္ခါရဟူသော ခန္ဓာများ ဖြစ်၏။ ဘုံအားဖြင့် ခွဲခြားပြရလျှင် ပဉ္စဝေါကာရဘုံ၌ ရုပ်ဝေဒနာသညာသင်္ခါရဟူသော ခန္ဓာလေးပါး ဖြစ်၍ စတုဝေါကာရဘုံ၌ ဝေဒနာ သညာ သင်္ခါရဟူသော ခန္ဓာသုံးပါးဖြစ်၏။ ထိုခန္ဓာလေးပါး, သုံးပါးကိုပင် နာနတ္တကာယ နာနတ္တသညီ စသည်ဖြင့် (၇)မျိုး ခွဲခြားကာ ဝိညာဏဋ္ဌိတိ ဟူသော နာမည်ဖြင့် ဟောတော်မူ၏။
ဣမာ သတ္တ၊ ဤ(၇)မျိုးတို့တည်း။
သတ္တ၊ (၇)မျိုးတို့ဟူသည်။ ကတမာ၊ အဘယ်သို့နည်းဟူမူ။
ဘိက္ခဝေ၊ တို့။ နာနတ္တကာယာ၊ ကိုယ်ခန္ဓာ၌ မတူထူးခြား ကွဲပြားသည်ဖြစ်ရှိကုန်‌သော။ (တဦးနှင့် တဦး အဆင်း, ပုံသဏ္ဌာန် စသည်အားဖြင့် ကိုယ်ခန္ဓာ၌ မတူထူးခြား ကွဲပြားသည် အဖြစ် ရှိကုန်သော) ဝါ၊ မတူထူခြားကွဲပြားသော သဘောရှိသော ကိုယ်ခန္ဓာရှိကုန်သော။ [တချို့သတ္တဝါတို့၏ ကိုယ်ခန္ဓာသည် ဖြူသောအဆင်းရှိ၍ တချို့မှာ မည်းနက်သောအဆင်းရှိ၏။ တချို့မှာ ကြုံလှီပိန်ချုံး၍ တချို့မှာဝဖြိုး၏။ တချို့မှာ အရပ်ပု၍ တချို့မှာ အရပ်ရှည်၏။ ဤသို့အားဖြင့် အရောင်အဆင်းနှင့် ပုံသဏ္ဌာန်အားဖြင့် တဦးနှင့်တဦး မတူကြ။ လူများ၌ အမွှာပူးညီနောင်ဖြစ်၍ ထိုအဆင်းသဏ္ဌာန်အားလုံး တထပ်တည်း တူညီနေစေကာမူ မျက်စိကြည့်ပုံ, စကားပြောပုံ, ပြုံးရယ်ပုံ, သွားပုံ, လာပုံ စသော အမူအရာများကား ကွဲပြား ခြားနားကြသည်သာဖြစ်၏။ ယင်းကဲ့သို့ ကိုယ်ခန္ဓာပေါ်ပေါက်ပုံ, တည်ဆောက်ပုံ မတူထူခြား ကွဲပြားကြကုန်သောဟူလို] နာနတ္တသညိနော၊ ပဋိသန္ဓေသညာ၌ မတူထူးခြား ကွဲပြားသည်အဖြစ်ရှိကုန်သော။နာနတ္တကာယ နာနတ္တသညီ။ ။ နာနာ (ဝိသဒိသာနံ) ဘာဝေ နာနတ္တံ- (သတ္တဝါတို့ တဦးနှင့်တဦး) မတူ ထူးခြားကွဲပြားကုန်သည်၏အဖြစ်။ မတူထူးခြား ကွဲပြားခြင်းသဘော။ နာနတ္တံ ကာယေ ဧတေသန္တိ နာနတ္တကာယာ- ကိုယ်ခန္ဓာ၌ အချင်းချင်း မတူထူးခြား ကွဲပြားသည်အဖြစ်ရှိသော သတ္တဝါမျ၊း? (တနည်း) နာနာ(ဝိသဒိသော) အတ္တာ(သဘာဝေါ) ယဿ ကာယဿာတိ နာနတ္တော- မတူသောသဘောရှိသော ကိုယ်ခန္ဓာ။ နာနတ္တော ကာယော ဧတေသန္တိ နာနတ္တကာယာ- မတူသော သဘောရှိသော ကိုယ်ခန္ဓာရှိသောသတ္တဝါများ။
နာနတ္တံ သညာယံ နာနတ္တသညာ- ပဋိသန္ဓေသညာ၌ မတူကုန်သည်၏အဖြစ် (မတူခြင်းသဘော)။ တနည်း- နာနတ္တာ သညာ နာနတ္တသညာ- မတူသောသဘောရှိသောသညာ။ နာနတ္တသညာ ဧတေသံ အတ္ထီတိ နာနတ္တသညိနော- ပဋိသန္ဓေသညာ၌ မတူထူးခြားသည် အဖြစ်ရှိသော သတ္တဝါများ။ ဝါ- မတူထူးခြားသော သဘောရှိသော ပဋိသန္ဓေသညာရှိသော သတ္တဝါများ။
ဝါ၊ မတူထူးခြား ကွဲပြားသော သဘောရှိသော ပဋိသန္ဓေသညာ ရှိကုန်သော။ [တချို့သတ္တဝါများမှာ ပဋိသန္ဓေနေစဉ်က တိဟိတ်ပဋိသန္ဓေသညာ (တိဟိတ်ပဋိသန္ဓေစိတ်)ဖြင့် ပဋိသန္ဓေနေခဲ့ကြသော တိဟိတ်ပုဂ္ဂိုလ်များ ဖြစ်ကြ၍ တချို့မှာ ဒွိဟိတ်ပုဂ္ဂိုလ်, အဟိတ်ပုဂ္ဂိုလ်များ ဖြစ်ကြ၏။ ဤသို့အားဖြင့် ကွဲပြားခြားနားသော ပဋိသန္ဓေသညာရှိကြကုန်သောဟူလို] သတ္တာ၊ သတ္တဝါတို့သည်။ သန္တိ၊ ရှိကြကုန်၏။ သေယျထာပိ၊ (မည်သည့်သတ္တဝါများဖြစ်သည်ကို) ဥပမာ သာဓက ညွှန်ပြရသော်ကား။ မနုဿာ စ၊ လူတို့သည်လည်းကောင်း။ ဧကစ္စေ၊ အချို့ကုန်သော။ ဒေဝါ စ၊ (ကာမာဝစရေ နတ်ပြည်ခြောက်ထပ်ရှိ) နတ်တို့သည်လည်းကောင်း။ ဧကစ္စေ၊ အချို့ကုန်သော။ ဝိနိပါတိကာ စ၊ ဝိနိပါတိကဖြစ်သော ယက္ခ, ယက္ခိနီ,ဝေမာနိကပြိတ္တာတို့သည်လည်းကောင်းတည်း။ဝိနိပါတိက။ ။ ဥတ္တရမာတာ, ပိယင်္ကရမာတာ စသော ယက္ခိနီ(နတ်ဘီလူးမ)များနှင့် ဝေမာနိကပေတ(ဗိမာန်ရှိသော ပြိတ္တာ)တို့ကို ဝိနိပါတိက-ဟုခေါ်၏။ ထိုဝိနိပါတိကတို့သည် နတ်များကဲ့သို့ ဘုန်းကံတန်ခိုးကြီးမားကြသည် မဟုတ်ဘဲ နုံချာချာလူတန်းစား ဆင်းရဲသားများပမာ တန်ခိုးရှိန်ဝါ နည်းပါးကြ၍ အဝတ်နှင့် အစားအစာရှားပါးကြ၏။ တချို့မှာမူ လဆုတ်ရက်ပိုင်း၌ ဒုက္ခခံ၍ လဆန်းရက်ပိုင်း၌ သုခ စံစားကြရ၏။ ထို့ကြောင့်-
သုခသမုဿယတော ဝိရူပံ နိပတနံ ဝိနိပါတော- ချမ်းသာအစုအဝေးမှ ဖောက်ပြန်စွာ လျောကျခြင်း၊ ဝိနိပါတော ဧတေသံ အတ္ထီတိ ဝိနိပါတိကာ- ချမ်းသာအစုအဝေးမှ ဖောက်ပြန်စွာ လျောကျခြင်းရှိသော သတ္တဝါများ။ သတိပိ ဒေဝဘာဝေ ဒိဗ္ဗသမ္ပတ္တိယာ အဘာဝတော- ဟူသော ဋီကာနှင့်အညီ ထိုသတ္တဝါများသည် နတ်အမျိုးအစားများပင် ဖြစ်သော်လည်း အောက်တန်းကျသော နတ်အငယ်စားမျှသာ ဖြစ်၍ နတ်စည်းစိမ်ကို ခံစားကြရသူများ မဟုတ်သောကြောင့် ပြခဲ့သော ဝစနတ္ထအရ ထိုသတ္တဝါတို့ကို ဝိနိပါတိကဟု ခေါ်သည်။
(တနည်း) ဝိနိပါတ၌ ဝိသဒ္ဒါသည် ပဋိသေဓအနက်ကို ဟော၏။ နိပါတ- သက်ရောက်ခြင်း။ အပါယေသု ဂတော နတ္ထိ နိပါတော ဧတေသန္တိ ဝိနိပါတိကာ- အပါယ်ဘုံသားတို့၌ အကျုံးဝင်လျက် ပါဝင်သက်ရောက်ခြင်းမရှိသော သတ္တဝါများ(အပါယ်လေးပါးမှ အလွတ်ဖြစ်သော သတ္တဝါများ)။ ထိုဝိနိပါတိကတို့တွင် တချို့မှာ တိဟိတ်ပုဂ္ဂိုလ်များဖြစ်၍ တရားထူးပင် ရနိုင်သောကြောင့် ပိယင်္ကရမာတာ, ဥတ္တရမာတာယက္ခိနီကဲ့သို့သော ဝိနိပါတိကတို့မှာ သောတာပန်များပင် ဖြစ်ကြကုန်၏။ လူနှင့် ဝိနိပါတိကတို့၌ တိဟိတ်၊ဒွိဟိတ်, အဟိတ်ဟူ၍ ပဋိသန္ဓေသညာ သုံးမျိုးရှိ၍ နတ်ပြည်ခြောက်ထပ်ရှိ နတ်တို့၌ကား တိဟိတ်နှင့် ဒွိဟိတ်သာရှိ၍ အဟိတ်မရှိ။
ဝါ၊ ချမ်းသာအစုအဝေးမှ ဖောက်ပြန်စွာ လျောကျခြင်းရှိသော ယက္ခ, ယက္ခိနီ, ဝေမာနိကပြိတ္တာတို့သည် လည်းကောင်းတည်း။
အယံ၊ ဤသတ္တဝါအပေါင်းသည်။(ဤနာနတ္တကာယ, နာနတ္တသညီဖြစ်သော သတ္တဝါအပေါင်းသည်) ပဌမာ၊ ရှေးဦးစွာသော။ ဝိညာဏ ဋ္ဌိတိ၊ ပဋိသန္ဓေဝိညာဏ်၏ တည်ရာအကြောင်းမည်၏။ (တနည်း) ဘိက္ခဝေ၊ တို့။ မနုဿာ သေယျထာပိ၊ လူတို့ကဲ့သို့လည်းကောင်း။ ဧကစ္စေ၊ ကုန်သော။ ဒေဝါ စ ‌သေယျထာပိ၊ (ကာမာဝစရ နတ်ပြည်ခြောက်ထပ်ရှိ) နတ်တို့ကဲ့သို့လည်းကောင်း။ ဧကစ္စေ၊ ကုန်သော။ ဝိနိပါတိကာစ သေယျထာပိ၊ ....တ္တာတို့ကဲ့သို့လည်းကောင်း။ နာနတ္တကာယာ၊ ကုန်သော။ နာနတ္တသညိနော၊ ကုန်သော။ သတ္တာ၊ တို့သည်။ သန္တိ၊ ရှိကုန်၏။ အယံ၊ သည်။ ပဌမာ၊ သော။ ဝိညာဏဋ္ဌိတိ၊ မည်၏။ [ဤသို့လည်း အနက်ဆိုနိုင်၏။ နောက်ဝါကျများ၌လည်း ဤအတိုင်းပင်တည်း]။
ဘိက္ခဝေ၊ တို့။ နာနတ္တကာယာ၊ ကိုယ်ခန္ဓာ၌ မတူထူးခြားသည်အဖြစ်ရှိကုန်သော။ ဝါ၊ ကုန်သော။ ဧကတ္တသညိနော၊ တူညီသောသဘောရှိသော ပဋိသန္ဓေသညာရှိကုန်သော။နာနတ္တကာယ ဧကတ္တသညီ။ ။ ပဌမဈာန်ဘုံသား ဗြဟ္မာတို့တွင် ဗြဟ္မပါရိသဇ္ဇဗြဟ္မာတို့ထက် ဗြဟ္မပုရောဟိတ ဗြဟ္မာတို့က ခန္ဓာကိုယ်အရွယ်အစား ကျယ်ပြန့်ကြီးမား၏။ ၎င်းတို့ထက် မဟာဗြဟ္မာတို့က သာ၍ ခန္ဓာကိုယ်အရွယ်အစား ကြီးမားပြန်၏။ သို့သော် ထိုပဌမဈာန်ဘုံသား ဗြဟ္မာသုံးမျိုးလုံးပင် ရူပါဝစရ ပဌမဈာန်ဝိပါက်ဖြင့်ချည်း ပဋိသန္ဓေနေသောကြောင့် ပဋိသန္ဓေသညာမှာမူ ပထမဈာန် ဝိပါက် တိဟိတ် ပဋိသန္ဓေသညာတမျိုးတည်းသာ ဖြစ်၏။ ထို့ကြောင့် ယင်းပဌမဈာန် ဗြဟ္မာတို့သည် ကာယမှာ နာနတ္တဖြစ်၍ ပဋိသန္ဓေသညာမှာမူ ဧကတ္တဖြစ်သောကြောင့် နာနတ္တကာယ ဧကတ္တသညီ မည်ကုန်၏။
ဧကော သဒိသော အတ္တာ သဘာဝေါ ယဿာ သညာယာတိ ဧကတ္တာ- တူသောသဘောရှိသော (သညာ)။ ဧကတ္တာ သညာ ဧကတ္တသညာ၊ သာ ဧတေသံ အတ္ထီတိ ဧကတ္တသညိနော- တူသောသဘောရှိသော ပဋိသန္ဓေသညာရှိသော သတ္တဝါများ။
ဋီကာပါဌ်ချင်း တိုက်ဆိုင်ပြင်သင့်။ ။ ဤဒုတိယ ဝိညာဏဋ္ဌိတိ၏ နာနတ္ထကာယကို ဖွင့်ရာ၌ ဤသုတ်ဋီကာနှင့် ယခင် မဟာနိဒါနသုတ် ဋီကာတို့၌ "သဘာဝတော ဥဠာရတရော"စသည်ဖြင့် ပါဌ်ရှိ၏။ သဘာဝတော-နေရာ၌ ပဘာတော(အရောင်အဆင်းအားဖြင့်) ဟုလည်းကောင်း, သဘာဝေနပိ-နေရာ၌ "ပဘာဝသေနပိ"ဟုလည်းကောင်း, သဘာဝဝေမတ္တေ-နေရာ၌ "ပဘာဝေမတ္တေ"ဟုလည်းကောင်း ပါဌ်ရှိသင့်၏။ သာရတ္ထဋီကာ။ပ-၂၄၄ (လောကဝိဒူဂုဏ်တော်အဖွင့်)နှင့် တိုက်ဆိုင်ကြည့်ပါ။
အပါယ်လေးဘုံသားများလည်း ဒုတိယာဝိညာဏဋ္ဌိတိပင်။ ။ ငရဲ, တိရစ္ဆာန်, ပြိတ္တာ, အသုရကာယ်တို့၏ ခန္ဓာကိုယ်အတ္တဘောများမှာ အရွယ်အစားအမျိုးမျိုးရှိ၏။ တချို့ငရဲသားများမှာ ခန္ဓာကိုယ်တဂါဝုတ်လောက်ကြီးမား၍ တချို့မှာ ယူဇနာဝက်လောက်, တယူဇနာလောက် ကြီးမား၏။ ငရဲသားဒေဝဒတ်၏ ခန္ဓာကိုယ်မှာမူ ယူဇနာတရာလောက်ရှိ၏။ တိရစ္ဆာန်တို့၏ခန္ဓာကိုယ်မှာလည်း မျက်မြင်အတိုင်း ကြီးကြီးငယ်ငယ် အရွယ်အစား အမျိုးမျိုးရှိ၏။
ပြိတ္တာများ၌ တချို့မှာ အတောင်(၆၀)လောက်, တချို့မှာ အတောင်(၈၀)လောက်ရှိ၏။ တချို့မှာ လှပ၍ တချို့မှာ အရုပ်ဆိုး၏။ ကာလကဉ္စိကအသုရာများလည်း အရွယ်အစား အမျိုးမျိုးပင်ရှိ၏။ ဒီဃပိဋ္ဌိကမည်သော ကျောက်ကုန်းရှည်ပြိတ္တာများမှာ ယူဇနာ(၆၀)လောက်အထိ ကြီးမား၏။ ထိုအပါယ်ဘုံသားအားလုံးပင် အဟိတ်ဝိပါက်ဖြင့်ချည်း ပဋိသန္ဓေနေကြသောကြောင့် ပဋိသန္ဓေသညာမှာမူ အကုသလဝိပါက် အဟိတ်တမျိုးတည်းသာတည်း။ ထို့ကြောင့် အပါယ်လေးဘုံသားတို့သည် နာနတ္တကာယ ဧကတ္တသညီမည်သော ဒုတိယဝိညာဏဋ္ဌီတိ၌ ပါဝင်ကြသည်။ (အဋ္ဌကထာ)
သတ္တာ၊ သတ္တဝါတို့သည်။ သန္တိ၊ ရှိကုန်၏။ သေယျထာပိ၊ သော်ကား။ ပဌမာဘိနိဗ္ဗတ္တာ၊ ပဌမဈာန်ကြောင့် ဖြစ်ကုန်သော။ **ဗြဟ္မကာယိကာ**၊ ပဌမဈာန်ဘုံသား ဗြဟ္မာအပေါင်း၌ အပါအဝင်ဖြစ်ကုန်သော။ဗြဟ္မကာယိကာ။ ။ ဋီကာ၌ "ဗြဟ္မကာယေ ပဌမဇ္ဈာနနိဗ္ဗတ္တေ ဗြဟ္မသမူဟေ, ဗြဟ္မနိကာယေ ဝါ ဘဝါတိ ဗြဟ္မကာယိကာ"ဟု နှစ်နည်းဖွင့်၏။ ဗြဟ္မာနံ ကာယောသမူဟောတိ ဗြဟ္မကာယော- (ပဌမဈာန်‌ကြောင့် ဖြစ်သော) ဗြဟ္မာတို့၏ အပေါင်း။ ဗြဟ္မကာယေ ဘဝါ ဗြဟ္မကာယိကာ- ပဌမဈာန် ဗြဟ္မာအပေါင်း၌ ဖြစ်သော, ပါဝင်သောဗြဟ္မာများ။ "သမူဟနိဝါသ ဝါစကော ဟိ အယံ ကာယသဒ္ဒေါ"ဟူသော ဣတိဝုတ် အဋ္ဌကထာ (၂၄၂)နှင့်အညီ ဤပဌမနည်း၌ ကာယသဒ္ဒါ သမူဟအနက်ဟောတည်း။
ဋီကာ ဒုတိယနည်း၌ ကာယသဒ္ဒါ နိဝါသ(နေရာဘုံဌာန) အနက်ဟောဟု သိစေလိုသောကြောင့် "ဗြဟ္မနိကာယေ ဝါ"ဟု နိကာယသဒ္ဒါဖြင့် ဖွင့်သည်ဖြစ်တန်ရာ၏။ ဗြဟ္မာနံ ကာယော နိကာယော(နိဝါသော)တိ ဗြဟ္မကာယော- (ပဌမဈာန်ကြောင့်ဖြစ်သော)ဗြဟ္မာတို့၏နေရာ ပဌမဈာန်ဘုံဌာန။ ဗြဟ္မကာယေ ဘဝါ ဗြဟ္မကာယိကာ- ယင်းဘုံဌာန၌ ဖြစ်သော ဗြဟ္မာများ။
ဝါ၊ ပဌမဈာန်ဗြဟ္မာတို့၏ နေရာဘုံဌာန၌ ဖြစ်ကုန်သော။ ဒေဝါ၊ ဗြဟ္မာတို့ပေတည်း။
အယံ၊ ဤသတ္တဝါအပေါင်းသည်။ (ဤနာနတ္တကာယ, ဧကတ္တသညီ သတ္တဝါအပေါင်းသည်) ဒုတိယာ၊ နှစခုမြောက်သော။ ဝိညာဏဋ္ဌိတိ၊ ၏။
ဘိက္ခဝေ၊ တို့။ ဧကတ္တကာယာ၊ (တဦးနှင့် တဦး အရွယ်ပမာဏအားဖြင့်) ကိုယ်ခန္ဓာ၌ တူညီသည်အဖြစ်ရှိကုန်သော။ ဝါ၊ (အရွယ်ပမာဏအားဖြင့်) တူညီသော သဘောရှိသော ကိုယ်ခန္ဓာရှိကုန်သော။ နာနတ္တသညိနော၊ မတူထူးခြားသော သဘောရှိသော ပဋိသန္ဓေသညာရှိကုန်သော။ (တချို့ ဗြဟ္မာတို့မှာ ဒုတိယဈာန်ဝိပါက် ပဋိသန္ဓေသညာရှိသူများဖြစ်၍ တချို့မှာ တတိယဈာန်ဝိပါက်ပဋိသန္ဓေသညာရှိသောကြောင့် မတူ ထူးခြားကွဲပြားသော ပဋိသန္ဓေသညာရှိကုန်သော) သတ္တာ၊ တို့သည်။ သန္တိ၊ ရှိကုန်၏။ သေယျထာပိ၊ ကား။ **အာဘဿရာ**၊ အာဘဿရမည်ကုန်သော။ (ခန္ဓာကိုယ်မှ ဝင်းဝင်းစက်စက် တလက်လက် ယှက်ထွေး ပြေးသွားသော အရောင်ရှိသည်အဖြစ်ကြောင့် အာဘဿရ မည်ကုန်သော)။ အာဘဿရာပုဒ်ဝစနတ္ထ။ ။ သရီရတော သရတိ ဝိဿရတီတိ သရာ- ခန္ဓာကိုယ်မှ တလက်လက်ယှက်ထွေးပြေးသွားသော (အရောင်)။ အာဘာ သရာ ဧတေသံ ဗြဟ္မာနန္တိ အာဘဿရာ- ယင်းသို့သောအရောင်ရှိသော ဗြဟ္မာများ။ ပရိတ္တာဘ, အပ္ပမာဏာဘ, အာဘဿရဟူ၍ ဗြဟ္မာသုံးမျိုးရှိရာတွင် အာဘဿရ ဗြဟ္မာတမျိုးကိုသာ တိုက်ရိုက်နာမည်တပ်ယူလိုက်ခြင်းသည် ဥက္ကဋ္ဌပရိစ္ဆောဒနည်း (အမြတ်ဆုံး, အထက်တန်း အကျဆုံးအဆင့်မှနေ၍ ပိုင်းကန့်ယူသောနည်း)တည်း။ ယင်းသို့ယူလိုက်ခြင်းဖြင့် အောက်အဆင့်ဖြစ်သော ပရိတ္တာဘ, အပ္ပမာဏာဘ ဗြဟ္မာတို့ကိုလည်း ယူပြီး ဖြစ်တော့၏။ ဝါ၊ ပရိတ္တာဘ, အပ္ပမာဏာဘ, အာဘဿရ မည်ကုန်သော။ ဒေဝါ၊ ဗြဟ္မာတို့ပေတည်း။ပ။
ဘိက္ခဝေ၊ တို့။ ဧကတ္တကာယာ၊ ကုန်သော။ ဧကတ္တသညိနော၊ (စတုတ္ထဈာန်ဝိပါက် ပဋိသန္ဓေသညာချည်းသာဖြစ်၍) တူညီသော သဘောရှိသော ပဋိသန္ဓေသညာရှိကုန်သော။ သတ္တာ၊ တို့သည်။ သန္တိ၊ ရှိကုန်၏။ သေယျထာပိ၊ ကား။ **သုဘကိဏှာ**၊ သုဘကိဏှမည်ကုန်သော။ (ကောင်းမွန် တင့်တယ်သောကိုယ် အရောင်အဆင်းနှင့် ရောပြွမ်းသည် အဖြစ်ကြောင့် သုဘကိဏှ မည်ကုန်သော)သုဘကိဏှာပုဒ်ရုပ်ပြီး။ ။ ဘာသဒ္ဒါသည် ပဘာသဒ္ဒါကဲ့သို့ အရောင်အဆင်း အနက်ဟောတည်း။ သုန္ဒရာ ဘာ (ပဘာ) သုဘာ- ကောင်းသောအရောင်။ (သို့မဟုတ်) သောဘနာ ဘာ သုဘာ- တင့်တယ်သောအရောင်။ သုဘာယ ကိဏ္ဏာ သုဘာကိဏ္ဏာ- ကောင်းသောအရောင်ဖြင့် ရောပြွမ်းသောဗြဟ္မာများ။ ဤသို့အားဖြင့် "သုဘာကိဏ္ဏာ"ဟု ဆိုလိုလျက် ဘာ၌ အာကို ရဿပြု၍လည်းကောင်း, နောက်ဆုံး ဏကို ဟပြု၍လည်းကောင်း "သုဘကိဏှာ"ဟု ဖြစ်သည်။ ဤကား ဋီကာနည်းတည်း။
အဋ္ဌကထာ၌ကား "သုဘေန ဝေါကိဏ္ဏာ ဝိကိဏ္ဏာ၊ သုဘေန သရီရပ္ပဘာဝဏ္ဏေန ဧကဂ္ဃနာတိ အတ္ထော"ဟု ဖွင့်၏။ ထိုအဖွင့်၌ ဋီကာကဲ့သို့ "သုဘာယ"ဟု ဣတ္ထိလိင်ဖြင့် မဆိုဘဲ "သုဘေန" ဟုပုလ္လိင်ဖြင့် ပြဆိုထားခြင်းကြောင့် ဋီကာ၌ကဲ့သို့ သုပုဒ်နှင့် ဘာပုဒ်တွဲစပ်ထားသော ကမ္မဓာရယသမာသ် မကြံရတော့ဘဲ သုဘဓာတ် အပစ္စည်းဟု ကိတ်ပုဒ်ကြံရမည်။ သုဘ ဒိတ္တိမှိ၊ သောဘတီတိ သုဘော၊ သုဘေန ကိဏ္ဏာ သုဘကိဏ္ဏာ၊ သုဘေန- မလှုပ်မယှက် တခဲနက် ကျစ်လျစ်သိပ်သည်း တင့်တယ်သော ကိုယ်အရောင်အဆင်းဖြင့်။ ကိဏ္ဏာ- ရောယှက်နေသော ဗြဟ္မာတို့တည်း။ (သို့မဟုတ်) သုဘေန- တင့်တယ်သောကိုယ်အရောင်အဆင်းဖြင့်။ ကိဏ္ဏာ- မကွဲမပျက် တခဲနက် ရောယှက်လုံးခဲနေသော ဗြဟ္မာတို့တည်းဟု အနက်ဆို။ ဤအဋ္ဌကထာနည်းအလို နဂိုမူလတည်းကပင် "သုဘ"ဟု ရဿဖြင့် ရှိပြီးဖြစ်သောကြောင့် ကိဏ္ဏာ၌ အဆုံးဏကို ဟပြုရုံသာရှိတော့သည်။
အဋ္ဌကထာယံ ပန နိစ္စလာယ ဧကဂ္ဃနာယ ပဘာယ သုဘောတိ ပရိယာယဝစနန္တိ "သုဘေန ဩကိဏ္ဏာ ဝိကိဏ္ဏာ"တိ အတ္တော ဝုတ္တော၊ ဧတ္တာပိ အန္တိမဏကာရဿ ဟကာရကရဏံ ဣစ်ဆိတဗ္ဗမေဝ။ ဋီကာ။
ဝေဟပ္ဖိုလ်နှင့် သုဒ္ဓါဝါသ စသည်။ ။ ဝေဟပ္ဖိုလ် ဗြဟ္မာများသည် ဤစတုတ္ထ ဝိညာဏဋ္ဌိတိ၌ ပါဝင်၏။ သုဒ္ဓါဝါသဗြဟ္မာတို့ကိုကား ဤစတုတ္ထဝိညာဏဋ္ဌိတိနှင့် စတုတ္ထ သတ္တာဝါသတို့၌ ပါဝင်သည်ဟုလည်းကောင်း, ဝိညာဏဋ္ဌိတိ သတ္တာဝါသတို့၌ လုံးဝမပါဝင်ဟုလည်းကောင်း အဋ္ဌကထာ၌ ဝါဒနှစ်မျိုး ပြ၏။ အသညသတ်နှင့် နေဝသညာ နာသညာယတနတို့သည် သတ္တာဝါသ၌သာ ပါဝင်၏။ အသညသတ်သည် သညာဝိညာဏ် လုံးဝမရှိခြင်း, နေဝသညာနာသညာယတနသည် နေဝဝိညာဏ, နာဝိညာဏ ဖြစ်ခြင်းတို့ကြောင့် ဝိညာဏဋ္ဌိတိ၌ မပါဝင်။
ဝါ၊ ပရိတ္တသုဘ, အပ္ပမာဏသုဘ, သုဘကိဏှာ မည်ကုန်သော။ ဒေဝါ၊ ဗြဟ္မာတို့ပေတည်း။
အယံ၊ ဤသတ္တဝါအပေါင်းသည်။ စတုတ္ထာ၊ လေးခုမြောက်သော။ ဝိညာဏဋ္ဌိတိ၊ တည်း။
ဘိက္ခဝေ၊ တို့။ သဗ္ဗသော၊ အားလုံးစုံသော အခြင်းအရာအားဖြင့်။ [သမတိက္ကမာ, အတ္ထင်္ဂမာ, အမနသိကာရာတို့၌စပ်] ဝါ၊ အားလုံးစုံကုန်သော။ [ရူပသညာနံ, ပဋိဃသညာနံ, နာနတ္တသညာနံ- တို့၌ စပ်] ရူပသညာနံ၊ ရူပဈာန်၌ယှဉ်သောသညာ, ကသိုဏ်းရုပ်အမည်ရှိသော အာရုံတို့ကို။ ဝါ၊ (၁၅)ပါးသော ရူပဈာန်နှင့်တကွ ရူပဈာန်၏ အာရုံဖြစ်သော ကသိုဏ်းပညတ်တို့ကို။ ဝါ၊ တို့၏။ သမတိက္ကမာ၊ လွန်မြောက်ခြင်းကြောင့်လည်းကောင်း။ ဝါ၊ ရွံမုန်းစက်ဆုပ် ကင်းချုပ်ခြင်းကြောင့်လည်းကောင်း။ ပဋိဃသညာနံ၊ ပဉ္စဝတ္ထုနှင့် ပဉ္စာရုံတို့ ထိခိုက်ခြင်းကြောင့် ဖြစ်သော ဆယ်ပါးသော ဒွိပဉ္စဝညာဏ်သညာတို့၏။ [ဧကက နိပါတ်စာပိုဒ်(၄၃၅)ကြည့်] အတ္ထင်္ဂမာ၊ ချုပ်ခြင်းသို့ရောက်ခြင်းကြောင့်လည်းကောင်း။ နာနတ္တသညာနံ၊ အထူးထူးသော သဘောရှိသော(၄၄)ပါးသော ကာမာဝစရသညာတို့ကို။ ဝါ၊ အထူးထူးသောသဘောရှိသော အာရုံ၌ဖြစ်သော (၄၄)ပါးသော ကာမာဝစရသညာတို့ကို။ အမနသိကာရာ၊ နှလုံးမသွင်းခြင်းကြောင့်လည်းကောင်း။ အနန္တော၊ (ဖြစ်ခြင်း ပျက်ခြင်းဟူသော) အဆုံးအပိုင်းအခြားမရှိသော။ အာကာသော၊ ကောင်းကင်တည်း။ ဣတိ၊ ဤသို့ စီးဖြန်းပွားများ အားထုတ်ခြင်းကြောင့်။ အာကာသာနဉ္စာယတနူပဂါ၊ အာကာသာနဉ္စာယတနဘုံသို့ ရောက်ကုန်သော။ သတ္တာ၊ ဗြဟ္မာသတ္တဝါတို့သည်။ သန္တိ၊ ၏။
အယံ၊ ဤအာကာသာနဉ္စာယတနဘုံသား ဗြဟ္မာအပေါင်းသည်။ ပဉ္စမာ။ပ။
ဘိက္ခဝေ၊ တို့။ သဗ္ဗသော၊ အားလုံးစုံသောအခြင်းအရာအားဖြင့်။ ဝါ၊ အားလုံးစုံသော။ အာကာသာနဉ္စာယတနံ၊ အာကာသာနဉ္စာယတနဈာန်နှင့်တကွ ထိုဈာန်၏ ကောင်းကင်ပညတ်အာရုံကို။ တါ၊ အဆုံးအပိုင်းအခြားမရှိသော ကောင်းကင်ပညတ်ဟူသော တည်ရာအာရုံရှိသော ဈာန်, အဆုံးအပိုင်းအခြား မရှိသော ကောင်းကင် ပညတ်ဟူသော တည်ရာအာရုံကို။ သမတိက္ကမ္မ၊ လွန်မြောက်ပြီး၍။ အနန္တံ၊ အဆုံးအပိုင်းအခြားမရှိသော။ ဝိညာဏံ၊ ပဌမာရုပ္ပဝိညာဏ်တည်း။ ဣတိ၊ ဤသို့ စီးဖြန်းပွားများ အားထုတ်ခြင်းကြောင့်။ ဝိညာဏဉ္စာယတနူပဂါ၊ ဝိညာဏဉ္စာယတနဘုံသို့ ရောက်ကုန်သော။ သတ္တာ၊ ဗြဟ္မာသတ္တဝါတို့သည်။ သန္တိ၊ ၏။
အယံ၊ ဤဝိညာဏဉ္စာယတနဘုံသား ဗြဟ္မာအပေါင်းသည်။ ဆဋ္ဌာ။ပ။
ဘိက္ခဝေ၊ တို့။ သဗ္ဗသော၊ အားဖြင့်။ ဝါ၊ အားလုံးစုံသော။ ဝိညာဏဉ္စာယတနံ၊ ဝိညာဏဉ္စာယတနဈာန်နှင့်တကွ ထိုဈာန်၏အာရုံဖြစ်သော ပဌမာရုပ္ပဝိညာဏ်ကို။ ဝါ၊ အဆုံးအပိုင်းအခြားမရှိသော ပဌမာရုပ္ပဝိညာဏ်ဟူသော တည်ရာအာရုံရှိသောဈာန်, အဆုံးအပိုင်းအခြားမရှိသော ပဌမာရုပ္ပဝိညာဏ်ဟူသော တည်ရာအာရုံကို။ သမတိက္ကမ္မ၊ ၍။ ကိဉ္စိ၊ (ပဌမာရုပ္ပဝိညာဏ်၏) အနည်းငယ် စိုးစဉ်း,ဘင်မျှ အကြွင်းအကျန်သည်။ နတ္ထိ၊ မရှိတော့။ ဣတိ၊ ခြင်းကြောင့်။ အာကိဉ္စညာယတနူပဂါ၊ အာကိဉ္စညာယတနဘုံသို့ ရောက်ကုန်သော။ သတ္တာ၊ တို့သည်။ သန္တိ၊ ရှိကုန်၏။
အယံ၊ ဤအာကိဉ္စညာယတနူပဂ ဗြဟ္မာ သတ္တဝါအပေါင်းသည်။ သတ္တမာ၊ (၇)ခုမြောက်သော။ ဝိညာဏဋ္ဌိတိ၊ မည်၏။ပ။
ပဌမံ။