တေန ခေါ ပန သမယေန၊ ထိုအခါ၌။
ဥဂ္ဂတသရီရဿ၊ ဥဂ္ဂတသရီရမည်သော (မြင့်မတ်ခိုင်မာ အနှစ်သာရဖြစ်သော ခန္ဓာကိုယ်နှင့် စီးပွားဥစ္စာရှိသည်အဖြစ်ကြောင့် ဥဂ္ဂတသရီရမည်သော)။
ဗြာဟ္မဏဿ၊ ပုဏ္ဏားသည်။ [ဥဂ္ဂတသရီရ၌ သရီရသဒ္ဒါဖြင့် ခန္ဓာကိုယ်ကိုသာမက ခန္ဓာကိုယ်နှင့် ဆက်စပ်သောဘောဂ(စီးပွားဥစ္စာ)ကိုလည်း ယူရ၏။]
မဟာယညော၊ ကြီးစွာသော ယဇ်ပူဇော်ပွဲကို။
ဝါ၊ သည်။
ဥပက္ခဋော၊ အသင့်စီစဉ်ပြင်ဆင်ထားအပ်သည်။
ဟောတိ၊ ဖြစ်၏။ [အဘယ်သို့ စီစဉ်ထားအပ်ပါသနည်းဟု မေးဖွယ်ရှိ၍ "ပဉ္စဥသဘသတာနိ" စသည်ကို မိန့်တော်မူ၏။]
ယညတ္ထာယ၊ သတ်၍ ယဇ်ပူဇော်ခြင်းငှာ။
ပဉ္စဥသဘသတာနိ၊ နွားလားဥသဘ ငါးရာတို့ကို။
ဝါ၊ တို့သည်။
ထူဏူပနီတာနိ၊ ယဇ်တိုင်သို့ ဆွဲဆောင်ယူငင်ထားအပ်ကုန်သည်။
ဟောန္တိ၊ ဖြစ်ကုန်၏။
[ထူဏ၊ ယဇ်တိုင်။]
ယညတ္ထာယ၊ ငှာ။
ပဉ္စ ဝစ္ဆတရသတာနိ၊ နွားပျိုနွားလတ် (နွားသိုး) ငါးရာတို့ကို။
ဝါ၊ တို့သည်။ပ။ [ဝစ္ဆတရပုဒ် ရုပ်ပြီးပုံကို စတုက္ကနိပါတ်စာပိုဒ်(၁၉၈) အတ္တန္တပသုတ်၌ ရေးခဲ့ပြီ]။ပ။
ပဉ္စအဇသတာနိ၊ ဆိတ်ငါးရာတို့ကို။ပ။
ပဉ္စဥရဗ္ဘသတာနိ၊ သိုးငါးရာတို့ကို။ [ထို့နောက် ဤသတ္တကနိပါတ်စာပိုဒ်(၂၂) ဝဿကာရသုတ်နှင့် စာပိုဒ်(၇)ဥဂ္ဂသုတ် ဤစာအုပ်စာမျက်နှာ (၂၆၊၆၂)ကြည့်]။ပ။
ဘော ဂေါတမ၊ အရှင်ဂေါတမ။
အဂ္ဂိဿ၊ (အသစ်ဖြစ်သော) မင်္ဂလာမီးကို။
အာဒါနံ၊ ယဇ်ပူဇော်ဖို့ရာ ယူခြင်းသည်လည်းကောင်း။
ယူပဿ၊ ယဇ်တိုင်ကို။
ဥဿာပနံ၊ စိုက်ထူခြင်းသည်လည်းကောင်း။
မဟပ္ဖလံ၊ များသောအရင်းခံ အကျိုးရှိသည်လည်းကောင်း။
မဟာနိသံသံ၊ များသောအကျိုးဆက်ရှိသည်လည်းကောင်း။
ဟောတိ၊ ဖြစ်၏။
ဣတိ၊ ဤသို့သော။
ဧတံ၊ ဤအကြောင်းအရာကို။
မေ၊ အကျွန်ုပ်သည်။
သုတံ၊ ကြားအပ်ဖူးပါပြီ။
ဣတိ၊ ဤသို့။
(အဝေါစ၊ လျှောက်ပြီ)
ဗြာဟ္မဏ၊ ပုဏ္ဏား။
အဂ္ဂိဿ၊ ကို။
အာဒါနံ၊ ကောင်း။ပ။
မဟာနိသံသံ၊ သည်။
ဟောတိ၊ ၏။
ဣတိ၊ သော။
ဧတံ၊ ကို။
မယာပိ၊ ငါသည်လည်း။
သုတံ၊ ကြားအပ်ဖူးပါပြီ။
ဣတိ၊ သို့။
(အဝေါစ၊ မိန့်တော်မူပြီ။)
ဒုတိယမ္ပိ၊ နှစ်ကြိမ်မြောက်လည်း။
ဥဂ္ဂတသရီရော၊ သော။ပ။
တတိယမ္ပိ၊ သုံးကြိမ်မြောက်လည်း။ပ။
ဘော ဂေါတမ၊ အရှင်ဂေါတမ။
ဘောတောစေဝ ဂေါတမဿ၊ အရှင်ဂေါတမ၏လည်းကောင်း။
အမှာကဉ္စ၊ အကျွန်ုပ်တို့၏ လည်းကောင်း။
တယိဒံ၊ ထိုကြားအပ်ဖူးသောအကြောင်းအရာသည်။
သဗ္ဗေန၊ (တဦး၏) ကြားအပ်ဖူးသမျှ အကြောင်းတရားအားလုံးစုံနှင့်။
သဗ္ဗံ၊ (တဦး၏) ကြားအပ်ဖူးသမျှ အကြောင်းအရာအားလုံးသည်။
သမေတိ၊ တထပ်တည်းကျ တူညီမျှနေပါ၏။
(ဣတိ၊ သို့။
အဝေါစ၊ လျှောက်ပြီ)
[ယဒိဒံပုဒ် အနက်မရှိ။]
ဧဝံ၊ ဤသို့။
ဝုတ္တေ၊ ပုဏ္ဏားက လျှောက်အပ်လသော်။
အာယသ္မာ အာနန္ဒော၊ အရှင်အာနန္ဒာသည်။
ဥဂ္ဂတသရီရံ၊ ဥဂ္ဂတသရီရမည်သော။
ဗြာဟ္မဏံ၊ ပုဏ္ဏားကို။
ဧတံ၊ ဤစကားကို။
အဝေါစ၊ မိန့်ဆိုပြီ။
(ကိန္တိ၊ သို့။
အဝေါစ၊ ဟူမူ)
ဗြာဟ္မဏ၊ ပုဏ္ဏား။
တထာဂတာ၊ မြတ်စွာဘုရားရှင်တို့ကို။
ဧဝံ၊ ဤသို့။
န ပုစ္ဆိတဗ္ဗာ၊ မမေးလျှောက်ထိုက်ကုန်။
(ကိန္တိ၊ သို့။
န ပုစ္ဆိတဗ္ဗာ၊ မမေးလျှောက်ထိုက်ကုန်သနညးဟူမူ)
ဘော ဂေါတမ၊ အရှင်ဂေါတမ။
အဂ္ဂိဿ၊ ကို။
အာဒါနံ၊ လည်းကောင်း။ပ။
မဟာနိသံသံ၊ သည်။
ဟောတိ၊ ၏။
ဣတိ၊ ဤသို့သော။
ဧတံ၊ ဤအကြောင်းကို။
မေ၊ သည်။
သုတံ၊ ပြီ။
ဣတိ၊ သို့။
(န ပုစ္ဆိတဗ္ဗာ၊ မမေးလျှောက်ထိုက်ကုန်)။
ဗြာဟ္မဏ၊ ဏ္ဏား။
ဧဝံ ခေါ၊ ဤသို့သာ။
တထာဂတာ၊ တို့ကို။
ပုစ္ဆိတဗ္ဗာ၊ မေးလျှောက်ထိုက်ကုန်၏။
(ကိန္တိ၊ သို့။
ပုစ္ဆိတဗ္ဗာ၊ ဟူမူ)
ဘန္တေ၊ မြတ်စွာဘုရား။
အဟံ၊ တပည့်တော်သည်။
အဂ္ဂိံ၊ (အသစ်ဖြစ်သော) မင်္ဂလာမီးကို။
အာဒါတုကာမော၊ (ယဇ်ပူဇော်ဖို့ရာ) ယူခြင်းငှာ အလိုရှိပါ၏။
ယူပံ၊ ယဇ်တိုင်ကို။
ဥဿာပေတုကာမော၊ စိုက်ထူခြင်းငှာ အလိုရှိပါ၏။
ဘန္တေ၊ မြတ်စွာဘုရား။
ဘဂဝါ၊ မြတ်စွာဘုရားသည်။
မံ၊ တပည့်တော်ကို။
ဩဝဒတု၊ ဆုံးမတော်မူပါ။
ဘန္တေ၊ ရား။
ဘဂဝါ၊ သည်။
မံ၊ ကို။
အနုသာသတု၊ သွန်သင်တော်မူပါ။
ယံ၊ ယင်းသို့ ဆုံးမသွန်သင်ခြင်းသည်။
မမ၊ အကျွန်ုပ်၏။
ဒီဃရတ္တံ၊ ရှည်မြင့်ကြာသော ညဉ့်နေ့ပတ်လုံး။
ဟိတာယ၊ စီးပွားအလို့ငှာလည်းကောင်း။
သုခါယ၊ ချမ်းသာခြင်းငှာလည်းကောင်း။
အဿ၊ ဖြစ်နိုင်ပါ၏။
ဣတိ၊ ဤသို့သာ။
(ပုစ္ဆိတဗ္ဗာ၊ ကုန်၏။
ဣတိ၊ ဤသို့။
အဝေါစ၊ မိန့်ဆိုပြီ)။
အထ ခေါ၊ ၌။ပ။
ဘော ဂေါတမ၊ အရှင်ဂေါတမ။
အဟံ၊ သည်။ပ။
ဘဝံ ဂေါတမော၊ အရှင်ဂေါတမသည်။
မံ၊ အကျွန်ုပ်ကို။
ဩဝဒတု၊ မူပါ။ပ။
ဣတိ၊ သို့။
(အဝေါစ၊ လျှောက်ပြီ)။
ဗြာဟ္မဏ၊ ပုဏ္ဏား။
အဂ္ဂိံ၊ (အသစ်ဖြစ်သော) မင်္ဂလာမီးကို။
အာဒေန္တော၊ ယဇ်ပူဇော်ခြင်းငှာ ယူသော။
ယူပံ၊ ကို။
ဥဿာပေန္တော၊ စိုက်ထူသော။
(ပုဂ္ဂလော၊ ပုဂ္ဂိုလ်သည်)
ယညာ၊ ယဇ်ပူဇော်ခြင်းလုပ်ငန်းကိစ္စမှ။
ဝါ၊ ယဇ်ပူဇော်ရာအခါမှ။
ပုဗ္ဗေဝ၊ ရှေးဦးအစ ပဌမ၌ပင်လျှင်။
အကုသလာနိ၊ အကုသိုလ်ဖြစ်ကုန်သော။
**ဒုက္ခုဒြယာနိ**၊ ဒုက္ခဖြစ်ပွားခြင်းရှိကုန်သော။
ဒုက္ခုဒြယာနိ။ ။ ဥပုဗ္ဗ ဣဓာတ် အပစ္စည်း။ ဒလာ။ ဣကို ဧပြု။ ဧကို အယပြု၍ ဥဒယ-ဟု ဖြစ်ပြီးနောက် ဒကို ဒြပြုလျှင် ဥဒြယ-ဟု ဖြစ်၏။ ဒုက္ခဿ ဥဒြယော ဝဍ္ဎိ ဧတေသံ သတ္ထာနန္တိ ဒုက္ခုဒြယာနိ- ဒုက္ခ၏ ဖြစ်ပွားခြင်းရှိသော။
(ဝါ- ဒုက္ခကို ဖြစ်ပွားစေတတ်သော) လက်နက်များ။ ဒုကနိပါတ်ဋီကာ (နှာ-၆၆) စာပိုဒ် (၁၉၂-၂၀၀)၌ ဖွင့်သည်။ ဥဒယ-၌ ဥဒိဓာတ် မကြံသင့်။
ဝါ၊ ဒုက္ခကို ဖြစ်ပွားစေတတ်ကုန်သော။
ဒုက္ခဝိပါကာနိ၊ ဒုက္ခဟူသော အကျိုးဝိပါက်ရှိကုန်သော။
တီဏိ၊ သုံးမျိုးကုန်သော။
သတ္ထာနိ၊ လက်နက်တို့ကို။
ဝါ၊ လက်နက်ကဲ့သို့ ညှဉ်းပန်း သတ်ဖြတ်တတ်သောတရားတို့ကို။
ဥဿာပေတိ၊ စိုက်ထောင်ထား၏။
ကတမာနိ၊ အဘယ်မည်ကုန်သော။
တီဏိ၊ ကုန်သော။
(သတ္ထာနိ၊ တို့ကို။
ဥဿာပေတိ၊ စိုက်ထောင်ထားသနည်းဟူမူ)။
ကာယသတ္ထံ၊ ကာယကံလက်နက်ကို လည်းကောင်း။
ဝါ၊ လက်နက်ကဲ့သို့ညှဉ်းပန်းသတ်ဖြတ်တတ်သော ကာယကံကိုလည်းကောင်း။
ဝစီသတ္ထံ၊ ဝစီကံလက်နက်ကိုလည်းကောင်း။
ဝါ၊ လက်နက်ကဲ့သို့ ညှဉ်းပန်းသတ်ဖြတ်တတ်သော ဝစီကံကိုလည်းကောင်း။
မနောသတ္ထံ၊ မနောကံ လက်နက်ကိုလည်းကောင်း။
ဝါ၊ ကောင်း။
ဥဿာပေတိ၊ ၏။
[ကာယသတ္ထံ၊ ကိုယ်လက်နက်။
ဝစီသတ္ထံ၊ နှုတ်လက်နက်။
မနောသတ္ထံ၊ စိတ်လက်နက်-ဟုလည်း ဆိုလိုကဆိုပါ]
ဗြာဟ္မဏ၊ ဏ္ဏား။
အဂ္ဂိံ၊ ကို။ပ။
ယညာ၊ မှ။
ပုဗ္ဗေဝ၊ ပင်လျှင်။
ဧဝံ၊ ဤသို့။
စိတ္တံ၊ စိတ်ကို။
ဥပ္ပါဒေသိ၊ ဖြစ်စေပြီ။
(ကိန္တိ၊ သို့။
ဥပ္ပါဒေသိ၊ နည်းဟူမူ)
ဧတ္တကာ၊ ဤမျှအရေအတွက် ပမာဏရှိကုန်သော။
ဥသဘာ၊ နွားလားဥသဘတို့ကို။
ယညတ္ထာယ၊ ယဇ်ပူဇော်ခြင်းငှာ။
ဟညန္တု၊ သတ်အပ်ကုန်လော။
ဧတ္တကာ၊ ကုန်သော။
ဝစ္ဆတရာ၊ နွားပျို နွားသိုး နွားလတ်တို့ကို။
ယညတ္ထာယ၊ ငှာ။
ဟညန္တု၊ သတ်အပ်ကုန်လော။ပ။
ဝစ္ဆတရိယော၊ နွားပျိုမ, နွားလတ်မတို့ကို။ပ။
အဇာ၊ ဆိတ်တို့ကို။ပ။
ဥရဗ္ဘာ၊ သိုးတို့ကို။
ယညတ္ထာယာ၊ ငှာ။
ဟညန္တု၊ လော။
ဣတိ၊ သို့။
(စိတ္တံ၊ ကို။
ဥပ္ပါဒေသိ)။
သော၊ ထိုသူသည်။ (ယဇ်ပူဇော်ခြင်းငှာ နွားလား ဥသဘ စသည်တို့ကို သတ်လိုစိတ် ဖြစ်ပေါ်လာစေသော ထိုသူသည်)
(အဟံ၊ ငါသည်)။
ပုညံ၊ ကောင်းမှုကို။
ကရောမိ၊ ပြုလုပ်၏။
ဣတိ၊ ဤသို့ ကြံစည်စိတ်ကူးနေပါသော်လည်း။
ဝါ၊ ပါးစပ်က ပြောနေပါသော်လည်း။
အပုညံ၊ မကောင်းမှုကိုသာ။
ကရောတိ၊ ပြုလုပ်နေ၏။
(အဟံ၊ သည်။)
ကုသလံ၊ ကုသိုလ်ကို။
ကရောမိ၊ ပြုလုပ်ပါ၏။
ဣတိ၊ သော်လည်း။
အကုသလံ၊ အကုသိုလ်ကိုသာ။
ကရောတိ၊ ပြုလုပ်နေ၏။
(အဟံ၊ သည်)
သုဂတိယာ၊ သုဂတိဘဝ၏။
ဝါ၊ သုခ၏ ဖြစ်ရာ လူနတ်ဘဝ၏။
မဂ္ဂံ၊ လမ်းခရီးကို။
ပရိယေသာမိ၊ ရှာမှီးပါ၏။
ဣတိ၊ သော်လည်း။
ဒုဂ္ဂတိယာ၊ အပါယ်ဒုဂ္ဂတိဘဝ၏။
ဝါ၊ ဒုက္ခ၏ ဖြစ်ရာ အပါယ်ဘုံဘဝ၏။
မဂ္ဂံ၊ လမ်းခရီးကိုသာ။
ပရိယေသတိ၊ ရှာမှီးနေ၏။
ဗြာဟ္မဏ၊ ပုဏ္ဏား။
အဂ္ဂိံ၊ ကို။ပ။
ယညာ၊ မှ။
ပုဗ္ဗေဝ၊ လျှင်။
အကုသလံ၊ သော။
ဒုက္ခုဒြယံ၊ သော။
ဒုက္ခဝိပါကံ၊ သော။
ပဌမံ၊ ရှေးဦးစွာသော။
ဣဒံ မနောသတ္ထံ၊ ဤစိတ်လက်နက်ကို။
ဝါ၊ ဤမနောကံလက်နက်ကို။
ဥဿာပေတိ၊ စိုက်ထူ၏။
ဗြာဟ္မဏ၊ ဏ္ဏား။
ပုနစပရံ၊ နောက်ထပ်အခြားသော နှုတ်လက်နက်စိုက်ထောင်ပုံကား။ပ။
ဧဝံ၊ ဤသို့။
ဝါစံ၊ စကားကို။
ဘာသတိ၊ ပြောဆို၏။
(ကိန္တိ၊ သို့။
ဘာသတိ၊ ပြောဆိုသနည်းဟူမူ)
ဧတ္တကာ၊ ကုန်သော။
ဥသဘာ၊ တို့ကို။ပ။
ဥရဗ္ဘာ၊ တို့ကို။
ယညတ္ထာယ၊ ငှာ။
ဟညန္တု၊ သတ်အပ်ကုန်လော။
ဣတိ၊ သို့။
(ဝါစံ၊ ကို။
ဘာသတိ၊ ၏။)
သော၊ ထိုပြောဆိုသောသူသည်။ပ။
ဗြာဟ္မဏ၊ ဏ္ဏား။
ပုန စပရံ၊ နောက်ထပ် ကိုယ်လက်နက်စိုက်ထောင်ပုံကား။ပ။
ယညာ၊ မှ။
ပုဗ္ဗေဝ၊ လျှင်။
ယညတ္ထာယ၊ ငှာ။
ဥသဘာ၊ နွားလားတို့ကို။
ဟန္တုံ၊ သတ်ခြင်းငှာ။
သယံ၊ မိမိကိုယ်တိုင်သာလျှင်။
ပဌမံ၊ ရှေးဦးစွာ။
သမာရမ္ဘတိ၊ ကြိုးစားအားထုတ်၏။
ယညတ္ထာယ၊ ငှာ။
ဝစ္ဆတရာ၊ တို့ကို။
ဟန္တုံ၊ ငှာ။
သယံ၊ လျှင်။
ပဌမံ၊ စွာ။
သမာရမ္ဘတိ၊ ၏။ [ဤဝါကျတို့၌ ဥသဘာ, ဝစ္ဆတရာ-စသည်တို့၏ ပဌမာ ယောဝိဘတ်ကို ဒုတိယာအနက်၌သက်။ သို့မဟုတ် ဝိဘတ္တိဝိပလ္လာသကြံပါ]။ပ။
သော၊ ထိုသူသည်။ (ဥသဘစသည်တို့ကို ယဇ်ပူဇော်ရန် ကိုယ်တိုင် ရှေးဦးစွာ သတ်ခြင်းငှာ အားထုတ်သော ထိုသူသည်)။ပ။
တတိယံ၊ သုံးခုမြောက်သော။
ဣမံ ကာယသတ္ထံ၊ ဤကိုယ်လက်နက်ကို။ပ။
တီဏိ၊ ကုန်သော။
ဣမာနိ သတ္ထာနိ၊ ဤလက်နက်တို့ကို။ပ။
ဗြာဟ္မဏ၊ ပုဏ္ဏား။
တယော၊ သုံးမျိုးကုန်သော။
ဣမေ အဂ္ဂီ၊ ဤမီးတို့ကို။
ပဟာတဗ္ဗာ၊ ပယ်ထိုက်ကုန်၏။
ပရိဝဇ္ဇေတဗ္ဗာ၊ ရှောင်ရှားထိုက်ကုန်၏။
န သေဝိတဗ္ဗ၊ မမှီဝဲထိုက်ကုန်။
ကတမေ၊ အဘယ်မည်ကုန်သော။
တယော၊ ကုန်သော။
(အဂ္ဂီ၊ တို့ကို။
ပဟာတဗ္ဗာ၊ ပယ်ထိုက်ကုန်သနည်း။
ပရိဝဇ္ဇေတဗ္ဗာ၊ နည်း။
န သေဝိတဗ္ဗာ၊ နည်းဟူမူ)
ရာဂဂ္ဂိ၊ ရာဂမီးကိုလည်းကောင်း။
ဒေါသဂ္ဂိ၊ ကောင်း။
မောဟဂ္ဂိ၊ ကောင်း။
(ပဟာတဗ္ဗာ၊ ပယ်ထိုက်ကုန်၏။
ပရိဝဇ္ဇေတဗ္ဗာ၊ ကုန်၏။
န သေဝိတဗ္ဗာ၊ ကုန်)။
ဗြာဟ္မဏ၊ ဏ္ဏား။
ကသ္မာ၊ အဘယ်ကြောင့်။
အယံ ရာဂဂ္ဂိ၊ ဤရာဂမီးကို။
ပဟာတဗ္ဗော၊ ပယ်ထိုက်သနည်း။
ပရိဝဇ္ဇေတဗ္ဗော၊ ရှောင်ရှားထိုက်သနည်း။
န သေဝိတဗ္ဗော၊ မမှီဝဲထိုက်သနည်းဟူမူ။
ဗြာဟ္မဏ၊ ဏ္ဏား။
ရတ္တော၊ တပ်မက်သောသူသည်။
ရာဂေန၊ ရာဂသည်။
အဘိဘူတော၊ လွှမ်းမိုးနှိပ်စက်အပ်သည်။
ပရိယာဒိန္နစိတ္တော၊ ထက်ဝန်းကျင်မှ သိမ်းယူအပ်သော ကုသိုလ်စိတ်ရှိသည်။
(ဟုတွာ၊ ဖြစ်၍။)
ကာယေန၊ ကိုယ်ဖြင့်။
ဝါ၊ ကာယဒွါရဖြင့်။
ဒုစ္စရိတံ၊ မကောင်းသဖြင့် ပြုကျင့်အပ်သော အကုသိုလ်ကို။
စရတိ၊ ပြုကျင့်၏။
ဝါစာယ၊ နှုတ်ဖြင့်။
ဝါ၊ ဝစီဒွါရဖြင့်။ပ။
မနသာ၊ စိတ်ဖြင့်။
ဝါ၊ မနောဒွါရဖြင့်။ပ။
သော၊ (ဒုစ္စရိတ်အကုသိုလ် ပြုကျင့်သော) ထိုသူသည်။ပ။
စရိတွာ၊ ပြုကျင့်ပြီး၍။ပ။
ကာယဿ၊ ဥပါဒိန္နကိုယ်ခန္ဓာ၏။
ဘေဒါ၊ ပျက်စီးခြင်းတည်းဟူသော။
မရဏာ၊ သေခြင်းမှ။
ဝါ၊ သေသည်မူ။
ပရံ၊ နောက်၌။
ဝါ၊ နောက်ဖြစ်သောဘဝသစ် ခန္ဓာကိုယူခြင်း၌။
ဝါ၊ နောက်ထပ်ယူအပ်သော ဘဝသစ်ခန္ဓာကိုယ်၌။
[တနည်း- ကယဿ၊ ဥပါဒိန္န ကိုယ်ခန္ဓာ၏ တည်တံ့ကြောင်း ဇီဝိတိန္ဒြေ၏။
ဘေဒါ၊ ပျက်စီးကြောင်းဖြစ်သော။
မရဏာ၊ စုတိစိတ်မှ။
ပရံ၊ နောက်မှ။
ဝါ၊ နောက်ဖြစ်သော ပဋိသန္ဓေစိတ်၌]
အပါယံ၊ သုခ၏ ဖြစ်ပေါ်လာရာ ကောင်းမှုကုသိုလ်မှ ကင်းသော။
ဝါ၊ လိုချင်ဖွယ်အခြင်းအရာအားဖြင့် ဖြစ်သော သုခမှကင်းသော။
ဒုဂ္ဂတိံ၊ ဒုက္ခ၏ ဖြစ်ရာတည်ရာဖြစ်သော။
ဝါ၊ ပျက်စီးသော အကုသိုလ်ကံကြောင့် ဖြစ်ရသော ဘဝဖြစ်သော။
ဝိနိပါတံ၊ မကောင်းမှုပြုသူတို့ မိမိအလိုဆန္ဒမပါဘဲ ကျရောက်ရာဖြစ်သော။
ဝါ၊ ကိုယ်အင်္ဂါ ခြေ, လက် ပျက်စီးလျက် ကျရောက်ရာဖြစ်သော။
နိရယံ၊ သာယာဖွယ်သုခ အနည်းငယ်မျှ မရှိရာ ငရဲသို့။
ဥပပဇ္ဇတိ၊ ကပ်ရောက်၏။
ဝါ၊ လားရောက်၏။
တသ္မာ၊ ထို့ကြောင့် (ထိုသို့ ငရဲသို့လားရောက်ကြောင်း တရား၏အဖြစ်ကြောင့်။)
အယံ ရာဂဂ္ဂိ၊ ကို။ပ။
ဗြာဟ္မဏ၊ ဏ္ဏား။
ဒုဋ္ဌော၊ ဒေါသဖျက်ဆီးအပ်သော သူသည်။
ဝါ၊ ဒေါသကြီးသောသူသည်။
ဒေါသေန၊ ဒေါသသည်။ပ။
ဗြဟ္မဏ၊ ဏ္ဏား။
မူဠှော၊ တွေဝေသောသူသည်။
ဝါ၊ မောဟကြီးသောသူသည်။ပ။
ဥပပဇ္ဇတိ၊ ၏။
တသ္မာ၊ ထို့ကြောင့်။ (ထိုသို့ ငရဲသို့ လားရောက်စေတတ်သော တရား၏ အဖြစ်ကြောင့်။)
အယံ မောဟဂ္ဂိ၊ ကို။ပ။
တယော၊ ကုန်သော။
ဣမေ အဂ္ဂီ၊ တို့ကို။
ပဟာတဗ္ဗာ၊ ကုန်၏။ပ။
န သေဝိတဗ္ဗာ၊ ကုန်။
ဗြဟ္မဏ၊ ဏ္ဏား။
တယော၊ ကုန်သော။
အဂ္ဂီ၊ မီးတို့ကို။
သက္ကတွာ၊ ရိုသေသမှု ကောင်းစွာပြု၍။
ဂရုံ ကတွာ၊ အလေးဂရုပြု၍။
မာနေတွာ၊ မြတ်နိုးကော်ရော်၍။
ပူဇေတွာ၊ ပူဇော်၍။
သမ္မာ၊ ကောင်းစွာ။
သုခံ၊ ချမ်းသာအောင်။
**ပရိဟာတဗ္ဗာ**၊ ပြုစုစောင့်ရှောက်ထိုက်ကုန်၏။
ပရိဟာတဗ္ဗာ။ ။ပရိဟာတဗ္ဗာ၌ ပရိပုဗ္ဗ ဟရဓာတ်မှ ဓာတွန် ရ်ကိုချေ၍ ဟ၏အကို ဒီဃပြုဟု ကြံသင့်၏။ အဋ္ဌကထာ၌လည်း "ပရိဟာတဗ္ဗာတိ ပရိဟရိတဗ္ဗာ" ဟူ၍ သီသျာမူအတိုင်းရှိမှ ကောင်း၏။ ယခုစာမူ၌ကား သံဝဏ္ဏေတဗ္ဗ၌ ပဟာတဗ္ဗာ-ဟု ရှိနေ၏။
ကတမေ တယော၊ အဘယ်သုံးမျိုးသော မီးတို့ကိုနည်း။
အာဟုနေယျဂ္ဂိ၊ ပူဇော်ခံထိုက်သော ပုဂ္ဂိုလ်ဟူသော မီးကိုလည်းကောင်း။
ဂဟပတဂ္ဂိ၊ အိမ်ရှင်ကဲ့သို့ လှည့်လည်ဆောင်ရွက်တတ်သော ပုဂ္ဂိုလ်ဟူသော မီးကိုလည်းကောင်း။
ဒက္ခိဏေယျဂ္ဂိ၊ အလှူခံထိုက်သော ပုဂ္ဂိုလ်ဟူသော မီးကိုလည်းကောင်းတည်း။
ဗြာဟ္မဏ၊ ပုဏ္ဏား။
အာဟုနေယျဂ္ဂိ၊ ပူဇော်ခံထိုက်သော ပုဂ္ဂိုလ်မီးဟူသည်။
ကတမော စ၊ အဘယ်နည်းဟူမူ။
ဗြာဟ္မဏ၊ ဏ္ဏား။
ဣဓ၊ ဤလောက၌။
ယဿ၊ အကြင်သားသမီး၏။
ဝါ၊ အကြင်သားသမီးမှာ။
မာတာတိ ဝါ၊ အမိဟူ၍ ခေါ်ဆိုအပ်သူလည်း ဖြစ်ကုန်သော။
ပိတာတိ ဝါ၊ အဘဟု ခေါ်ဆိုအပ်သူလည်း ဖြစ်ကုန်သော။
တေ၊ ထိုကျေးဇူးရှင်ပုဂ္ဂိုလ်တို့သည်။
ဟောန္တိ၊ ရှိကုန်၏။
ဗြာဟ္မဏ၊ ဏ္ဏား။
အယံ၊ ဤကျေးဇူးရှင် မိဘနှစ်ပါးကို။
အာဟုနေယျဂ္ဂိ၊ ပူဇော်ခံထိုက်သော ပုဂ္ဂိုလ်မီးဟူ၍။
ဝုစ္စတိ၊ ခေါ်ဆိုအပ်၏။
ကိဿ ဟေတု၊ အဘယ်အကြောင်းကြောင့်။
တံ၊ ထိုသို့ မိဘနှစ်ပါးကို အာဟုနေယျဂ္ဂိဟု ခေါ်ဆိုရခြင်းသည်။
ဟောတိ၊ ဖြစ်သနည်းဟူမူ။
ဗြာဟ္မဏ၊ ဏ္ဏား။
ဟိ၊ အကြင့်ကြောင့်။
အတော၊ ထိုမိဘနှစ်ပါးမှ။
ဝါ၊ ကြောင့်။
အယံ၊ ဤသားသမီးသည်။
အာဟုတော၊ (မသေမပျောက်)ရောက်လာ၏။
သမ္ဘူတော၊ (ချမ်းသာစွာ) ဖြစ်ပေါ်လာ၏။
(ဣတိ၊ ထို့ကြောင့်။
ဝါ၊ ထိုသို့ ကျေးဇူးရှင် မိဘနှစ်ပါးကြောင့် သားနှင့်သမီးတို့ မသေမပျောက် ချမ်းသာစွာ သတ္တလောက၌ ဆိုက်ရောက် ဖြစ်ပေါ်လာသည် အဖြစ်ကြောင့်။
တံ၊ ထိုသို့ မိဘနှစ်ပါးကို ပူဇော်ထိုက်သောမီးဟု ခေါ်ဆိုရခြင်းသည်။
ဟောတိ၊ ဖြစ်၏။)
တသ္မာ၊ ထို့ကြောင့်။
ဝါ၊ ထိုသို့ မိဘနှစ်ပါးကို ပူဇော်ခံထိုက်သောမီးဟု ခေါ်ဆိုအပ်သည် အဖြစ်ကြောင့်။
အယံ အာဟုနေယျဂ္ဂိ၊ ဤပူဇော်ခံထိုက်သော မိဘဟူသော မီးကို။
သက္ကတွာ၊ ၍။ပ။
သုခံ၊ အောင်။
ပရိဟာတဗ္ဗော၊ ပြုစုစောင့်ရှောက်ထိုက်၏။
ဗြာဟ္မဏ၊ ဏ္ဏား။
ဂဟပတဂ္ဂိ၊ ဂဟပတိ မီးဟူသည်။
ကတမော စ၊ အဘယ်နည်း။
ဗြာဟ္မဏ၊ ဏ္ဏား။
ဣဓ၊ ဤလောက၌။
ယဿ၊ အကြင်အိမ်ရှင် ယောကျ်ား၏။
ဝါ၊ အကြင်အိမ်ရှင်ယောကျ်ားမှာ။
ပုတ္တာတိ ဝါ၊ သားသမီးများဟု ဆိုအပ်သူလည်း ဖြစ်ကုန်သော။
ဒါရာတိ ဝါ၊ မယားများဟု ဆိုအပ်သူလည်း ဖြစ်ကုန်သော။
ဒါသာတိ ဝါ၊ ကျွန်များဟု ဆိုအပ်သူလည်း ဖြစ်ကုန်သော။
ပေဿာတိ ဝါ၊ အစေခံများဟု ဆိုအပ်သူလည်း ဖြစ်ကုန်သော။
ကမ္မကရာတိ ဝါ၊ အလုပ်သမားများဟု ဆိုအပ်သူလည်း ဖြစ်ကုန်သော။
တေ၊ ထိုအခြွေအရံ ဖြစ်သူတို့သည်။
ဟောန္တိ၊ ရှိကုန်၏။
ဗြာဟ္မဏ၊ ဏ္ဏား။
(တဿ၊ ထို အိမ်ရှင်ယောကျ်ား၏။)
အယံ၊ ဤသားမယားစသော အခြွေအရံလူအပေါင်းကို။
**ဂဟပတဂ္ဂိ**၊ ဂဟပတိ မီးဟူ၍။ယဿ တေ ဟောန္တိ ပုတ္တာတိ ဝါ။ပ။ ဂဟပတဂ္ဂိ။ ။ယခင် ပဌမအဂ္ဂိသုတ် အဋ္ဌကထာ၌ "ဂဟပတီတိ ပန ဂေဟသာမိကော ဝုစ္စတိ"ဟု ဖွင့်ဆိုသောကြောင့် အိမ်ရှင်လင်ယောကျ်ားကို "ဂဟပတဂ္ဂိ"ဟု ခေါ်ဆိုရ၏။ ဝိဂြိုဟ်ကိုလည်း "ဂဟပတိ စ သော အဂ္ဂိ စာတိ ဂဟပတဂ္ဂိ- အိမ်ရှင်ယောကျ်ားဟူသော မီး။ ဂဟပတိ ဧဝ အဂ္ဂိ ဂဟပတဂ္ဂိ- အိမ်ရှင် လင်ယောကျ်ားသည်ပင် မီး"ဟု ဆိုအပ်၏။
ဤဒုတိယအဂ္ဂိသုတ်၌ကား ပါဠိတော်မှာပင် "ယဿ တေ ဟောန္တိ ပုတ္တာတိ ဝါ" စသည်ဖြင့် ပုတ္တ ဒါရ ဒါသ စသည်တို့ကိုလည်း ပဟပတဂ္ဂိ-ဟုခေါ်ကြောင်းတမျိုး ပြောင်း၍ ဟောတော်မူ၏။ ယင်းသို့ ဟောတော်မူရာ၌ ဆိုလိုသည်မှာ-
စား,ဝတ်,နေရေး ပြဿနာတို့ကို ဦးဆောင်၍ ဖြေရှင်းပေးသော အိမ်ရှင်လင်ယောကျ်ား(အိမ်ထောင်ဦးစီး)တည်းဟူသော ဂဟပတိကိုသာ ဂဟပတဂ္ဂိဟု ခေါ်သည် မဟုတ်သေး။ အတုံ့တဖန် ပြန်လှန်ကျေးဇူးဆပ်သည့် အနေဖြင့် မိမိတို့၏ ဝတ္တရားကို ကျေပွန်အောင် ဆောင်ရွက်ပြုစုကြသော ပုတ္တဒါရ စသော အခြွေအရံအပေါင်းကိုလည်း ဂဟပတဂ္ဂိခေါ်သည်ဟု ဆိုလို၏။ ထို့ကြောင့်ပင် ဤဒုတိယအဂ္ဂိအဋ္ဌကထာ၌-
အယံ ဝုစ္စတိ ဗြာဟ္မဏ ဂဟပတဂ္ဂီတိ အယံ ပုတ္တဒါရာဒိဂဏော ယသ္မာ ဂဟပတိ ဝိယ ဂေဟသာမိကော ဝိယ ဟုတွာ အဂ္ဂတိ ဝိစရတိ၊ တသ္မာ ဂဟပတဂ္ဂီတိ ဝုစ္စတိ- ဟူ၍ ဖွင့်ဆိုတော်မူ၏။ အဂ္ဂတိ ဝိစရတီတိ အဂ္ဂိ- လှည့်လည်တတ်သောသူ။ ဂဟပတိ ဝိယ ဂေဟသာမိကော ဝိယာတိ ဂဟပတိ- အိမ်ရှင်(အိမ်ထောင်ဦးစီး)ကဲ့သို့သောသူ။ ဂဟပတိ ဟုတွာ အဂ္ဂိ ဂဟပတဂ္ဂိ (အိမ်ရှင်မဟုတ်သော်လည်း) အိမ်ရှင်ကဲ့သို့ပင် ဝတ္တရား ကျေပွန်အောင် လှည့်လည်ဆောင်ရွက်ပြုစုတတ်သော ပုတ္တဒါရ စသော ပုဂ္ဂိုလ်အပေါင်း။ ဝါ၊ အိမ်ရှင်ကဲ့သို့ လှည့်လည်ဆောင်ရွက်တတ်သော ပုဂ္ဂိုလ်ဟူသော မီးဟူ၍။ ဝုစ္စတိ၊ ၏။
ဤဒုတိယအဂ္ဂိသုတ်၌ကား ပါဠိတော်မှာပင် "ယဿ တေ ဟောန္တိ ပုတ္တာတိ ဝါ" စသည်ဖြင့် ပုတ္တ ဒါရ ဒါသ စသည်တို့ကိုလည်း ပဟပတဂ္ဂိ-ဟုခေါ်ကြောင်းတမျိုး ပြောင်း၍ ဟောတော်မူ၏။ ယင်းသို့ ဟောတော်မူရာ၌ ဆိုလိုသည်မှာ-
စား,ဝတ်,နေရေး ပြဿနာတို့ကို ဦးဆောင်၍ ဖြေရှင်းပေးသော အိမ်ရှင်လင်ယောကျ်ား(အိမ်ထောင်ဦးစီး)တည်းဟူသော ဂဟပတိကိုသာ ဂဟပတဂ္ဂိဟု ခေါ်သည် မဟုတ်သေး။ အတုံ့တဖန် ပြန်လှန်ကျေးဇူးဆပ်သည့် အနေဖြင့် မိမိတို့၏ ဝတ္တရားကို ကျေပွန်အောင် ဆောင်ရွက်ပြုစုကြသော ပုတ္တဒါရ စသော အခြွေအရံအပေါင်းကိုလည်း ဂဟပတဂ္ဂိခေါ်သည်ဟု ဆိုလို၏။ ထို့ကြောင့်ပင် ဤဒုတိယအဂ္ဂိအဋ္ဌကထာ၌-
အယံ ဝုစ္စတိ ဗြာဟ္မဏ ဂဟပတဂ္ဂီတိ အယံ ပုတ္တဒါရာဒိဂဏော ယသ္မာ ဂဟပတိ ဝိယ ဂေဟသာမိကော ဝိယ ဟုတွာ အဂ္ဂတိ ဝိစရတိ၊ တသ္မာ ဂဟပတဂ္ဂီတိ ဝုစ္စတိ- ဟူ၍ ဖွင့်ဆိုတော်မူ၏။ အဂ္ဂတိ ဝိစရတီတိ အဂ္ဂိ- လှည့်လည်တတ်သောသူ။ ဂဟပတိ ဝိယ ဂေဟသာမိကော ဝိယာတိ ဂဟပတိ- အိမ်ရှင်(အိမ်ထောင်ဦးစီး)ကဲ့သို့သောသူ။ ဂဟပတိ ဟုတွာ အဂ္ဂိ ဂဟပတဂ္ဂိ (အိမ်ရှင်မဟုတ်သော်လည်း) အိမ်ရှင်ကဲ့သို့ပင် ဝတ္တရား ကျေပွန်အောင် လှည့်လည်ဆောင်ရွက်ပြုစုတတ်သော ပုတ္တဒါရ စသော ပုဂ္ဂိုလ်အပေါင်း။ ဝါ၊ အိမ်ရှင်ကဲ့သို့ လှည့်လည်ဆောင်ရွက်တတ်သော ပုဂ္ဂိုလ်ဟူသော မီးဟူ၍။ ဝုစ္စတိ၊ ၏။
တသ္မာ၊ ထို့ကြောင့်။ (ထိုသို့ သား, မယားစသော အခြွေအရံအပေါင်းကို ဂဟပတိမီးဟု ဆိုအပ်သည်အဖြစ်ကြောင့်)
အယံ ဂဟပတဂ္ဂိ၊ ဤဂဟပတိမီးကို။ပ။
ဗြာဟ္မဏ၊ ဏ္ဏား။
ဒက္ခိဏေယျဂ္ဂိ၊ ဒက္ခိဏေယျမီးဟူသည်။
ကတမော စ၊ အဘယ်နည်းဟူမူ။
ဗြာဟ္မဏ၊ ဏ္ဏား။
ဣဓ၊ ဤလောက၌။
ယေ တေ သမဏဗြာဟ္မဏာ၊ အကြင်ရဟန်း, သူတော်ကောင်းတို့သည်။
ပရပ္ပဝါဒါ၊ (မြတ်စွာဘုရား အဆုံးအမ အယူဝါဒမှ) တပါး တခြားသောအယူဝါဒမှ။
ပဋိဝိရတာ၊ ရှောင်ကြဉ်ကြကုန်လျက်။
ခန္တိသောရစ္စေ၊ သည်းခံခြင်း, တင့်တယ်သောကာယကံ, ဝစီကံတို့၌ မွေ့လျော်သူ၏ အဖြစ်၌။
နိဝိဋ္ဌာ၊ သက်ဝင်တည်နေကြကုန်လျက်။
ဧကံ၊ တခုသော။
အတ္တာနံ၊ မိမိစိတ်ကို။
ဒမေန္တိ၊ ဣန္ဒြေတို့ကို ဆုံးမခြင်းဖြင့် ဆုံးမကြကုန်၏။ပ။
သမေန္တိ၊ ရာဂစသည်တို့ကို ငြိမ်းအေးစေခြင်းအားဖြင့် ငြိမ်အေးစေကုန်၏။ပ။
ပရိနိဗ္ဗာပေန္တိ၊ ရာဂစသည်တို့ကို ချုပ်ငြိမ်းစေခြင်းဖြင့် ချုပ်ငြိမ်းစေကုန်၏။
ဗြာဟ္မဏ၊ ဏ္ဏား။
အယံ၊ ဤသမဏဗြာဟ္မဏကို။
ဒက္ခိဏေယျဂ္ဂိ၊ အလှူခံထိုက်သော ပုဂ္ဂိုလ်မီးဟူ၍။
ဝုစ္စတိ၊ ၏။
တသ္မာ၊ ထို့ကြောင့်။ (ထိုသို့ သမဏဗြာဟ္မဏကို ဒက္ခိဏေယျဂ္ဂိဟု ခေါ်ဆိုအပ်သည်အဖြစ်ကြောင့်)။ပ။
ဗြာဟ္မဏ၊ ပုဏ္ဏား။
အယံ ပန ကဋ္ဌဂ္ဂိ၊ ဤထင်းမီးကိုကား။
ကာလေန ကာလံ၊ သင့်လျော်သောအခါတိုင်း အခါတိုင်း၌။
ဝါ၊ ရံခါရံခါ၌။
ဥဇ္ဇလေတဗ္ဗော၊ တောက်စေထိုက်၏။
ကာလေန ကာလံ၊ ၌။
အဇ္ဈုပေက္ခိတဗ္ဗော၊ လျစ်လျူရှုထိုက်၏။
ကာလေန ကာလံ၊ ၌။
နိဗ္ဗာပေတဗ္ဗော၊ ငြိမ်းသတ်စေထိုက်၏။
ကာလေန ကာလံ၊ ၌။
နိက္ခိပိတဗ္ဗော၊ မငြိမ်းသတ်ဘဲ ထားမြဲထားထိုက်၏။
ဣတိ၊ ဤသို့။
(အဝေါစ၊ မိန့်တော်မူပြီ)။
ဧဝံ၊ ဤသို့။
ဝုတ္တေ၊ မြတ်စွာဘုရား ဟောကြားတော်မူအပ်လသော်။
ဥဂ္ဂတသရီရော၊ ဥဂ္ဂတသရီရမည်သော။
ဗြာဟ္မဏော၊ သည်။
ဘဂဝန္တံ၊ မြတ်စွာဘုရားကို။
ဧတံ၊ ဤစကားကို။
အဝေါစ၊ လျှောက်ပြီ။
(ကိန္တိ၊ သို့။
အဝေါစ၊ မူ)
ဘော ဂေါတမ၊ အရှင်ဂေါတမ။
အဘိက္ကန္တံ၊ အလွန်လိုလား နှစ်သက်အပ်ပါပေ၏။
ဝါ၊ အလွန်ကောင်းပါပေ၏။
ဘော ဂေါတမ၊ မ။
အဘိက္ကန္တံ၊ ၏။
ဝါ၊ ၏။ [ဒုကနိပါတ်စာပိုဒ်(၁၆)သုတ်လည်းကြည့်]။ပ။
အဇ္ဇတဂ္ဂေ၊ ယနေ့ကို အစပြု၍။
[တနည်း- အဇ္ဇတံ၊ ယနေ့ကို။
ဝါ၊ ယနေ့၌ဖြစ်သော ကြည်ညိုမှု စသည်ကို။
အဂ္ဂေ၊ အဦးအစကို။
ကတွာ၊ ပြု၍]
ပါဏုပေတံ၊ အသက်တို့ဖြင့် ဆည်းကပ်လျက်။
ဝါ၊ အသက်ထက်ဆုံး ဆည်းကပ်လျက်။
သရဏံ၊ ကိုးကွယ်အားထားရာဟူ၍။
ဂတံ၊ သဘောပေါက်သိမြင်သော။
ဥပါသကံ၊ သီတင်းသည် ဒါယကာဟူ၍။
မံ၊ အကျွန်ုပ်ကို။
ဘဝံ ဂေါတမော၊ အရှင်ဂေါတမသည်။
ဓာရေတု၊ အသိ အမှတ်ပြုတော်မူပါ။ [ဤသုတ်၌ သရဏံ ဂတန္တိ-ဟူ၍ ဣတိသဒ္ဒါပိုနေသည်။]
ဘော ဂေါတမ၊ မ။
ဧသာဟံ(ဧသော+အဟံ)၊ ထိုအကျွန်ုပ်သည်။
ပဉ္စ ဥသဘသတာနိ၊ နွားလားဥသဘ ငါးရာတို့ကို။
မုဉ္စာမိ၊ (အနှောင်အဖွဲ့မှ) လွှတ်ပါ၏။
(တေသံ၊ ထိုနွားလားဥသဘငါးရာတို့အား)
ဇီဝိတံ၊ အသက်ကို။
ဒေမိ၊ လှူပါ၏။
ပဉ္စ ဝစ္ဆတရသတာနိ၊ နွားပျို, နွားလတ် ငါးရာတို့ကို။
မုဉ္စာမိ၊ ၏။
(တေသံ၊ ထိုနွားပျို နွားလတ် ငါးရာတို့အား)
ဇီဝိတံ၊ ကို။
ဒေမိ၊ ၏။
ပဉ္စဝစ္ဆတရိသတာနိ၊ တို့ကို။
မုဉ္စာမိ၊ ၏။
(တာသံ၊ ထိုနွားပျိုမ, နွားလတ်မတို့အား)။ပ။
ပဉ္စ အဇသတာနိ၊ ဆိတ်ငါးရာတို့ကို။
မုဉ္စာမိ၊ ၏။
(တေသံ၊ ထိုဆိတ်ငါးရာတို့အား)။ပ။
(တေ၊ ထိုနွားလား ဥသဘ စသည်တို့သည်)။
ဟရိတာနိ၊ စိမ်ရှင်လန်းဆန်းကုန်သော။
တိဏာနိ စေဝ၊ မြတ်တို့ကိုလည်း။
ခါဒန္တု၊ ခဲစားကြပါစေကုန်သတည်း။
သီတာနိ၊ အေးမြကုန်သော။
ပါနီယာနိ စ၊ သောက်ရေတို့ကိုလည်း။
ပိဝန္တု၊ သောက်ကြပါစေကုန်သတည်း။
နေသံ၊ ထိုသတ္တဝါတို့၏။
သီတော၊ အေးသော။
ဝါတော စ၊ လေပြေလေညင်းသည်လည်း။
ဥပဝါယတံ၊ (ကိုယ်အပူ ငြိမ်းပျောက်အောင်) ပွတ်သပ်တိုက်ခတ်ပါစေသတည်း။
ဣတိ(အဝေါစ၊ လျှောက်ပြီ)။
စတုတ္ထံ။