ဘိက္ခဝေ၊ တို့။
ဥပ္ပန္နုပ္ပန္နာနံ၊ ဖြစ်ပေါ်လာကုန် ဖြစ်ပေါ်လာကုန်သော။
အဓိကရဏာနံ၊ အဓိကရုဏ်းတို့၏။ (ဝိဝါဒါဓိကရုဏ်း, အနုဝါဒါဓိကရုဏ်း, အာပတ္တာဓိကရုဏ်း, ကိစ္စာဓိကရုဏ်းဟူသော အဓိကရုဏ်း လေးမျိုးတို့၏။)
သမထာယ၊ ငြိမ်းပျောက်ခြင်းငှာ။
ဝူပသမာယ၊ အပြီးအပြတ် ငြိမ်းပျောက်ခြင်းငှာ။
အဓိကရဏသမထာ၊ အဓိကရုဏ်းတို့ကို ငြိမ်းစေတတ်သော ဝိနည်းကံ ဖြစ်ကုန်သော။
ဓမ္မာ၊ တရားတို့သည်။
[ဝိနယကမ္မ၊ ဝိနည်းကံ။
ဝါ၊ ဝိနည်းတော်နှင့်အညီ ပြုလုပ်ခြင်း။ အဓိကရုဏ်းတို့ကို ပယ်ရှားငြှိမ်းသတ်ခြင်း။]
ဣမေ သတ္တ၊ ဤ(၇)မျိုးတို့တည်း။
သတ္တ၊ (၇)မျိုးတို့ဟူသည်။
ကတမေ၊ အဘယ်တို့နည်းဟူမူ။
သမ္မုခါဝိနယော၊ သမ္မုခါဝိနည်းတည်းဟူသော။
ဝါ၊ သံဃ, ဓမ္မ, ဝိနယ, ပုဂ္ဂလတို့၏ မျက်မှောက်၌ အဓိကရုဏ်းလေးပါး ပယ်ရှားကြောင်း ဝိနည်းကံတည်းဟူသော။
ဒါတဗ္ဗော၊ ပေးထိုက်သော သမထလည်းကောင်း။
သတိဝိနယော၊ သတိဝိနည်းတည်းဟူသော။
ဝါ၊ ပြန့်ပွားများပြားသော သတိရှိသော ရဟန္တာအား ပေးထိုက်သော စွပ်စွဲမှု ပယ်ရှားကြောင်း ဝိနည်းကံတည်းဟူသော၊
ဒါတဗ္ဗော၊ ပေးထိုက်သော သမထလည်းကောင်း။
အမူဠှဝိနယော၊ အမူဠှဝိနည်း တည်းဟူသော။
ဝါ၊ (ရှေးက ရူးသွပ်ဖူး၍ ယခု) မရူးသွပ် မတွေဝေခိုက်ဖြစ်သော ရဟန်းအား ပေးထိုက်သော စွပ်စွဲမှုပယ်ရှားကြောင်း ဝိနည်းကံတည်းဟူသော။
ဒါတဗ္ဗော၊ လည်းကောင်း။ [ဤပုဒ်တို့၏ ဝစနတ္ထကို ဒုကနိပါတ်စာပိုဒ် (၂၀၂၊၂၃၀) သုတ်တို့၌ ရေးခဲ့ပြီ]။
ပဋိညာတကရဏံ၊ ဝန်ခံခြင်းကြောင့် ဆုံးဖြတ်မှုပြုလုပ်ခြင်းတည်းဟူသော။
ဝါ၊ အာပတ်သင့်မှု စသည်ကို ဝန်ခံအပ်ပြီးလသော် နောင်အခါ မကျူးလွန်အောင် စောင့်စည်းခိုင်းခြင်း, ပရိဝါသ်ပေးခြင်း စသည်အမှု ပြုလုပ်ခြင်းတည်း ဟူသော၊ [ယင်းသို့ စောင့်စည်းခိုင်းခြင်း, ပရိဝါသ်ပေးခြင်း စသည်အနေအားဖြင့် ဖြစ်သော ဝစီကံကို ပဋိညာတကရဏဟု ခေါ်ကြောင်း ကင်္ခါဋီကာသစ် ၄၄၅-၌ဖွင့်သည်။]
ဒါတဗ္ဗံ၊ ပေးထိုက်သော သမထလည်းကောင်း။
ယေဘုယျသိကာ၊ ယေဘုယျသိကာမည်သော။
ဝါ၊ ဓမ္မဝါဒီရဟန်း, အရေအတွက်များသည် အဖြစ်ကို ပြီးစီးစေတတ်သော ဆန္ဒမဲခွဲ ဆုံးဖြတ်ခြင်းတည်းဟူသော။
ဝါ၊ ဆန္ဒမဲခွဲခြင်းဖြင့် ဓမ္မဝါဒီရဟန်းအရေအတွက် များပြားမှုကို အမှီပြု၍ ဝိဝါဒါဓိကရုဏ်း ငြိမ်းစေခြင်းတည်းဟူသော။ပ။
တဿပါပိယသိကာ၊ တဿပါပိယသိကာကံ တည်းဟူသော။
တါ၊ (ဥပဝါဠရဟန်းကဲ့သို့) ထို အထူးယုတ်မာသော ရဟန်းအတွက် ပြုထိုက်သော နှိပ်ကွပ်မှုတည်းဟူသော။ပ။
တိဏဝတ္ထာရကော၊ တိဏဝတ္ထာရက ကံတည်းဟူသော။
ဝါ၊ မစင်ကို ဖုံးအုပ်ကြောင်း မြက်နှင့်အလားတူ အာပတ္တာဓိကရုဏ်း ဖုံးအုပ်ထားကြောင်း ဝိနည်းကံတည်းဟူသော။
ဒါတဗ္ဗော၊ ပေးထိုက်သော သမထလည်းကောင်းတည်း။ပ။
အဋ္ဌမော၊ သော။
ဝိနယဝဂ္ဂေါ၊ တည်း။