Issues
Select Version
sāsanāre-သာသနာရေး
မြန်မာဘာသာ
Bhikkhu Bodhi
English
Sattakanipātapāḷi
Sattakanipātapāḷi

9. Mettasuttaṃ

Author: sāsanāre-သာသနာရေး @ IAPT

ဘိက္ခဝေ၊ တို့။ ပုညာနံ၊ ကုသိုလ်ကောင်းမှုတို့မှ။ **မာ ဘာယိတ္ထ**၊ မကြောက်ရွံ မတွန့်ဆုတ်ကြကုန်လင့်။မာ ဘိက္ခဝေ ပုညာနံ ဘာယိတ္ထ။ ။ မိမိသုံးစွဲလိုသော ပစ္စည်းဝတ္ထုတခုခုကို မသုံးစွဲဘဲ အလှုခံပုဂ္ဂိုလ်တဦးဦးအား ပေးလှူလိုက်ရမည်ကို နှမြောသည်။ ကြောက်ရွံ့ တွန့်ဆုတ်သည်။ ထို့ကြောင့် ဒါနမပြုလိုကြ။ ထို့ပြင် ပြောချင်ရာပြော, လုပ်ချင်ရာလုပ်၍ စိတ်လွတ် ကိုယ်လွတ် ပေါ့ပေါ့ဆဆ နေချင်ကြ၏။ ထို့ကြောင့် ကိုယ်နှင့်နှုတ်ကို ချုပ်တည်းရ၍ အနေကျဉ်းကျပ်သည်ဟု ယူဆဖွယ်ဖြစ်နေသော သီလဆောက်တည်မှု ကုသိုလ်ကိုလည်း ကြောက်ရွံကြ၏။
ရဟန်းဘဝ၌လည်း ဒီဃရတ္တံ ကာယဝစီသံယမော- ကိုယ်နှုတ်တို့ကို ရက်,လ,နှစ်များစွာ အကြာကြီး ထိန်းသိမ်းစောင့်စည်းရခြင်း။ ဝတ္တပဋိဝတ္တပူရဏံ- အာစရိယဝတ် စသော ဝတ်ကြီးဝတ်ငယ် ဖြည့်ကျင့် ပြုလုပ်ရခြင်း။ ဧကသေယျာ- တဦးတည်းအိပ်ရခြင်း။ **ဣန္ဒြိယဒမော- ကိလေသာ တိုးပွားစေတတ်သော ကြည့်ရှုဖွယ်, နားထောင်ဖွယ် အာရုံတို့ကို မကြည့်မိအောင်, နားမထောင်မိအောင် မျက်စိ, နား စသော ဣန္ဒြေတို့ကို ဆုံးမ နှိပ်ကွပ်ရခြင်း။ ကိုယ်နှင့်အသက် မငဲ့ကွက်ဘဲ ကမ္မဋ္ဌာန်းအားထုတ်ရခြင်းဟူသော အလုပ်များ ရှိ၏။ ထိုအလုပ်များကို ပြုလုပ်ရခြင်းကြောင့် ပေါ့ပေါ့ဆဆ နေချင်ကြသူတို့မှာ အနေကျဉ်းကျပ်၍ ယခုလောလောဆယ် ချမ်းသာသုခလေး၏ အတားအဆီးဖြစ်မည်ကို စိုးရိမ်ကြသည်သာမက- တမလွန်ချမ်းသာ, နိဗ္ဗာန်ချမ်းသာဟူသော ဧရာမချမ်းသာကြီးများအထိ ပေးစွမ်းနိုင်သော ကုသိုလ်ကောင်းမှုပြုဘို့အရေးကို ဝန်လေးကြ, ကြောက်ရွံံ့ကြ၏။ ထို့ကြောင့် "မာ ဘိက္ခဝေ ပုညာနံ ဘာယိတ္ထ- ကုသိုလ်ကောင်းမှုပြုရမှာ မကြောက်ကြနဲ့ ရဟန်းတို့"ဟူ၍ အားပေးစကား မိန့်ကြားတော်မူသည်။
ဘိက္ခဝေ၊ တို့။ ပုညာနိ၊ ကောင်းမှုတို့ဟူသော။ [ဣတိသဒ္ဒါ၊ အကျေကြံသည်။] ယဒိဒံ အဓိဝစနံ၊ အကြင်နာမည်သည်။ (အတ္ထိ၊ ရှိ၏) ဧတံ၊ ဤကောင်းမှုဟူသော နာမည်သည်။ **သုခဿ**၊ ကောင်းကျိုးချမ်းသာ၏။ **အဓိဝစနံ**၊ နာမည်တည်း။သုခဿေတံ ဘိက္ခဝေ အဓိဝစနံ ယဒိဒံ ပုညာနိ။ ။ ကုသိုလ်ပုညသည် ချမ်းသာသုခ၏ အကြောင်းတရားဖြစ်၍ ချမ်းသာသုခသည် ပုည၏ အကျိုးတရားဖြစ်၏။ ထို့ကြောင့် ပုညနှင့် သုခသည် တမျိုးတစား တခုတည်းသောတရား (တူညီသောတရား) မဟုတ်။ အကြောင်းတရားနှင့် အကျိုးတရားဟူ၍ နှစ်မျိုးနှစ်စားဖြစ်၍ အဖေနှင့် သားကဲ့သို့ တခြားစီသာတည်း။ သို့သော် မြတ်စွာဘုရားသည် "ရဟန်းတို့ ကောင်းမှုပုညဟူသော နာမည်သည် သုခ၏နာမည်ဖြစ်သည်။ (ပုညဟူသည် တခြားမဟုတ်။ သုခပင်ဖြစ်သည်)ဟူ၍ အဘေဒေါပစာရအားဖြင့် ပုညနှင့် သုခကို မကွဲမပြား တခုတည်းသော တရားအနေအားဖြင့် ဟောတော်မူ၏။
ယင်းသို့ ဟောတော်မူခြင်းအားဖြင့် အားထုတ် ဆည်းပူးအပ်ပြီးသော ကုသိုလ်ကောင်းမှုတို့၏ မချွတ်ဧကန် ရရှိမည့်အကျိုးကို ကြားသိကြရ၍ မမေ့လျော့ မပေါ့ဆဘဲ လေးလေးစားစား ကုသိုလ်ကောင်းမှုတို့ကို ပြုသင့်သည်ဟူ၍ ကုသိုလ်ပြုခြင်းကိစ္စ၌ တိုက်တွန်းတော်မူသည်။ ရဟန်းတို့ကို ကုသိုလ်ကောင်းမှုပြုခြင်း၌ လေးစားမှုကို ဖြစ်စေတော်မူသည်ဟူ၍ ဤသုတ်ဋီကာနှင့် ဣတိဝုတ်အဋ္ဌကထာ (၇၁)၌ ဖွင့်သည်။
ဘိက္ခဝေ၊ တို့။ ဒီဃရတ္တံ၊ ရှည်မြင့်စွာသော နေ့ညဉ့်ကာလပတ်လုံး။ ကတာနံ၊ ပြုလုပ်စုဆောင်းထားအပ်ကုန်သော။ ပုညာနံ၊ ကုသိုလ်ကောင်းမှုတို့၏။ ဣဋ္ဌံ၊ အလိုရှိအပ်သော။ ကန္တံ၊ နှစ်သက်အပ်သော။ ဝါ၊ စိတ်နှလုံး၌သက်ဝင်တတ်သော။ မနာပံ၊ စိတ်နှလုံးကို တိုးပွားစေတတ်သော။ ဝိပါကံ၊ အကျိုးကို။ အဟံ၊ ငါသည်။ ဒီဃရတ္တံ၊ လုံး။ ပစ္စနုဘူတံ၊ ကိုယ်တိုင်ခံစားအပ်ဖူးသည်ကို။ အဘိဇာနာမိ၊ ထူးသောဉာဏ်ဖြင့် သိတော်မူ၏။ ဝါ၊ ကိုယ်တွေ့မျက်မှောက် သိတော်မူ၏။ (အဟံ၊ ငါသည်)။
သတ္တဝဿာနိ၊ ခုနစ်နှစ်တို့ပတ်လုံး။ မေတ္တစိတ္တံ၊ မေတ္တာနှင့်ယှဉ်သောစိတ်ကို။ (တိကစတုက္ကဈာနိက မေတ္တာနှင့် ယှဉ်သောစိတ်ကို) ဝါ၊ မေတ္တာစိတ်ကြီးမှူး အဦးပဓာနပြုသော မေတ္တာဗြဟ္မဝိဟာရသမာဓိကို။ ဘာဝေသိံ၊ ဖြစ်ပွားစေတော်မူခဲ့ပြီ။
(အဟံ၊ သည်)။ သတ္တဝဿာနိ၊ လုံး။ မေတ္တစိတ္တံ၊ ကို။ ဘာဝေတွာ၊ ဖြစ်ပွားစေတော်မူပြီး၍။ သတ္တ၊ (၇)ခုကုန်သော။ သံဝဋ္ဋဝိဝဋ္ဋကပ္ပေ၊ ပျက်ဆဲကပ်, တည်ဆဲကပ်တို့ပတ်လုံး။ ဝါ၊ ပျက်ဆဲသံဝဋ္ဋအသင်္ချေယျကပ်, ပျက်စီးပြီးပုံစံအတိုင်း တည်တံ့နေသော သံဝဋ္ဋဋ္ဌာယီအသင်္ချေယျကပ်, ဖြစ်ဆဲ တည်ထောင်ဆဲ ဝိဝဋ္ဋအသင်္ချေယျကပ်, ပြန်လည်တည်ထောင်ပြီးစီးသည့်ပုံစံအတိုင်း တည်တံ့နေသော ဝိဝဋ္ဋဋ္ဌာယီအသင်္ချေယျကပ်တို့ပတ်လုံး။ [မဟာကပ်ပေါင်း (၇)ကပ်တို့ ကာလပတ်လုံးဟု ဆိုလို၏။ သံဝဋ္ဋဝိဝဋ္ဋဂဟဏေနေဝ ဟိ သံဝဋ္ဋဋ္ဌာယိ ဝိဝဋ္ဋဋ္ဌာယိနောပိ ဂဟိတာ။ ဋီကာ] ဣမံ လောကံ၊ ဤကာမဘုံဘဝသို့။ ပုန၊ တဖန် န အာဂမာသိံ၊ ပြန်မလာခဲ့ပြီ။
ဘိက္ခဝေ၊ တို့။ လောကေ၊ ဩကာသလောကဘုံဌာနသည်။ သံဝဋ္ဋမာနေ၊ မီးလောင်ကျွမ်းပျက်စီးနေလသော်။ အဟံ၊ ငါသည်။ [သုဒါဟံ၊ သုဒံ+အဟံ။ သုဒံ အနက်မရှိနိပါတ်မျှ ] အာဘဿရူပဂေါ၊ (ပဋိသန္ဓေနေသောအားဖြင့်) အာဘဿရဗြဟ္မာ့ပြည်သို့ ကပ်ရောက်သည်။ ဟောမိ၊ ဖြစ်၏။ လောကေ၊ ဩကာသလောကဘုံဌာနသည်။ ဝိဝဋ္ဋမာနေ၊ ပြန်လည်တည်ဆောက်ဖြစ်ပေါ်လသော်။ (အဟံ၊ သည်။) သုညံ၊ သတ္တဝါဆိတ်သုဉ်းသော။ ဗြဟ္မဝိမာနံ၊ ပဌမဈာန်ဗြဟ္မာ့ဘုံမိဗာန်သို့။ ဥပပဇ္ဇာမိ၊ ပဋိသန္ဓေတည်နေကပ်ရောက်၏။
ဘိက္ခဝေ၊ တို့။ (အဟံ၊ သည်)။ တတြ၊ ထိုပဌမဈာန်ဗြဟ္မာ့ဘုံ၌။ အဘိဘူ၊ အခြားသော ဗြဟ္မာတို့ကို လွှမ်းမိုးအုပ်စိုးသော။ (အခြားသော ဗြဟ္မပါရိသဇ္ဇ, ဗြဟ္မပုရောဟိတဗြဟ္မာတို့ကို လွှမ်းမိုးအုပ်စိုးသော) အနဘိဘူတော၊ (ထိုအခြားဗြဟ္မာတို့က ဂုဏ်အားဖြင့်) မလွှမ်းမိုးနိုင်သော။ အညဒတ္ထု၊ စင်စစ်ဧကန် အမှန်တကယ်ပင်။ ဒသော၊ (အတိတ်အနာဂတ်ပစ္စုပ္ပန်အကြောင်းအရာတို့ကို) မြင်စွမ်းနိုင်သော။ (အဘိညာဉ်ဉာဏ်ဖြင့် မြင်သင့်သမျှ အကြောင်းအရာတို့ကို မြင်နိုင်သော) ဝသဝတ္တီ၊ ငါ၏အလို၌ ဖြစ်စေနိုင်သော။ (အခြားသောဗြဟ္မာတို့ကိုလည်းကောင်း, ဣဒ္ဓိပါဒဘာဝနာအစွမ်းဖြင့် မိမိစိတ်ကိုလည်းကောင်း ငါ၏အလိုကျဖြစ်စေနိုင်သော) မဟာဗြဟ္မာ၊ ဗြဟ္မာကြီးဖြစ်သော။ (အခြားသော ဗြဟ္မပါရိသဇ္ဇ, ဗြဟ္မပုရောဟိတဗြဟ္မာတို့ထက် ကြီးမြတ်သော ဗြဟ္မာဖြစ်သော) ဗြဟ္မာ၊ ဗြဟ္မာသည်။ ဟောမိ၊ ဖြစ်၏။
ဘိက္ခဝေ၊ တို့။ အဟံ၊ ငါသည်။ ဆတ္တိံသက္ခတ္တုံ၊ (၃၆)ကြိမ်တိုင်တိုင်။ ဒေဝါနံ၊ တာဝတိံသာနတ်တို့၏။ ဣန္ဒော၊ အစိုးရသခင် ဘုရင်ဖြစ်သော။ သက္ကော၊ သိကြားမင်းသည်။ အဟောသိံ၊ ဖြစ်ခဲ့ပြီ။
စက္ကဝတ္တီ၊ စတြဝတေးမင်း ဖြစ်သော။ ဝါ၊ စကြာရတနာကို လည်စေတတ်သော ဘုရင်မင်းဖြစ်သော။ ဓမ္မိကော၊ ကုသိုလ်ကမ္မပထ တရားဆယ်ပါးရှိသော။ (ကုသိုလ်ကမ္မပထတရား ဆယ်ပါးနှင့် ပြည့်စုံသော) ဓမ္မရာဇာ၊ တရားမင်းဖြစ်သော။ [ဓမ္မေန ဇာတော ရာဇာ ဓမ္မရာဇာ၊ ကုသိုလ်ကမ္မပထတရား ဆယ်ပါးဖြင့်ဖြစ်သော ဘုရင်မင်းဖြစ်သော] ဝါ၊ တရားဖြင့် ရအပ်သော မင်းအဖြစ်ရှိသော။ [ဓမ္မေန လဒ္ဓေါ ရာဇာ ရာဇဘာဝေါ ယဿာတိ ဓမ္မရာဇာ။] စာတုရန္တော၊ သမုဒ္ဒရာလေးစင်းဟူသော အဆုံးအပိုင်းအခြားရှိသော မြေအမြင်၏ အစိုးရသခင်ဘုရင်ဖြစ်သော။ [စတ္တာရော သမုဒ္ဒါ အန္တာ ပရိယောသာနာ ဧတိဿာ ပထဝိယာတိ စတုရန္တာ။ စတုရန္တာယ ပထဝိယာ ဣဿရော စာတုရန္တော] ဝိဇိတာဝီ၊ တွင်းပြင်နှစ်တန် ရန်သူအပေါင်းကို အောင်မြင်ပြီးသော။ (လောဘဒေါသစသော အတွင်းရန်သူနှင့် ဆန့်ကျင်ဘက်ဘုရင်ဟူသော အပြင်ရန်သူတို့ကို အောင်နိုင်ပြီးသော) **ဇနပဒတ္ထာဝရိယပ္ပတ္တော**၊ ခိုင်မြဲသည် အဖြစ်သို့ ရောက်သောတိုင်းနိုင်ငံ ဇနပုဒ်ရှိသော။ ဇနပဒတ္ထာဝရိယပ္ပတ္တော။ ။ သူခိုးဓားပြ သူပုန်သူကန် ဘေးရန်ကင်းရှင်းသောကြောင့် လှုပ်လှုပ်ရှားရှား ပြေးလွှားပုန်းအောင်းရခြင်းမရှိ၍ လှုပ်ရှားမယိုင် မြဲခိုင်တည်ငြိမ်သော (အေးချမ်းသာယာသော) တိုင်းပြည်ဇနပုဒ်ကို ထာဝရဟုလည်းကောင်း, ထာဝရိယပ္ပတ္တဟု လည်းကောင်းခေါ်၏။ ထာဝရဿ ဘာဝေါ ထာဝရိယံ- ခိုင်မြဲတည်ငြိမ်သော ဇနပုဒ်၏အဖြစ်။ ဝါ- ဇနပုဒ်၏ ခိုင်မြဲတည်ငြိမ်ခြင်း, အေးချမ်းသာယာခြင်း။ ထာဝရိယံ ပတ္တော ထာဝရိယပ္ပတ္တော- ခိုင်မြဲတည်ငြိမ်သည်အဖြစ်သို့ ရောက်သော(ဇနပုဒ်)၊ ဇနပဒေါ ထာဝရိယပ္ပတ္တော အသ္မိံ ရာဇိနီတိ ဇနပဒတ္ထာ ဝရိယပ္ပတ္တော- ခိုင်မြဲတည်ငြိမ်သည်အဖြစ်သို့ရောက်သော ဇနပုဒ်ရှိသော ဘုရင်မင်း။ (တနည်း) ထာဝရနှင့် ထာဝရိယပ္ပတ္တပုဒ်တို့အရ ဇနပုဒ်ကိုမယူဘဲ ဘုရင်မင်းကို ယူပြီးလျှင် "ဇနပဒေ ထာဝရိယပ္ပတ္တော ဇနပဒတ္ထာဝရိယပ္ပတ္တော- ဇနပုဒ်၌ ခိုင်မြဲတည်ငြိမ်သည်အဖြစ်သို့ ရောက်သော(မည်သူကမျှ ယိမ်းယိုင်စေခြင်းငှာ မစွမ်းနိုင်သော) ဘုရင်မင်း"ဟု သတ္တမီတပ္ပုရိသ်လည်း ဖွင့်၏။ ဝါ၊ တိုင်းနိုင်ငံဇနပုဒ်၌ ခိုင်မြဲသည် အဖြစ်သို့ရောက်သော။ သတ္တရတနသမန္နာဂတော၊ (၇)ပါးသော ရတနာတို့နှင့်ပြည့်စုံသော။ ရာဇာ၊ မင်းသည်။ အနေကသတက္ခတ္တုံ၊ တရာမကအကြိမ် များပြားလှစွာ။ အဟောသိံ၊ ဖြစ်ခဲ့ဖူးပြီ။
ဘိက္ခဝေ၊ တို့။ တဿ မယှံ၊ ထိုငါ၏။ ဝါ၊ ထိုငါ့မှာ။ သတ္တ၊ (၇)ပါးကုန်သော။ ဣမာနိ ရတနာနိ၊ ဤရတနာတို့သည်။ အဟေသုံ၊ ဖြစ်ပေါ်လာခဲ့ ဖူးကုန်ပြီ။ သေယျထိဒံ၊ ထိုရတနာ (၇)ပါးတို့ဟူသည် အဘယ်နည်းဟူမူ။ [တနည်း- ဣဒံ(ဣမာနိ ရတနာနိ)၊ ဤရတနာ (၇)ပါးတို့ဟူသည်။ သေယျထာ၊ အဘယ်တို့နည်းဟူမူ]။ စက္ကရတနံ၊ စကြာယာဉ်ပျ့ရတနာ လည်းကောင်း။ (နှစ်ထောင်ကျွန်းငယ်၊ လေးသွယ်ကျွန်းကြီး၊ အသီးသီး၏၊ မငြီးဂုဏ်သိန်၊ စည်းစိမ်ဥစ္စာ၊ ရတနာကို၊ ဆောင်ကာမနှေး၊ ယူပေးနိုင်စွမ်း၊ အံ့မခန်းဘိ၊ စက်ဝန်းစကြာ၊ ယာဉ်ပျံရတနာလည်းကောင်း) [ဒီ, မဟာဝဂ္း၊ မဟာသုဒဿနသုတ်ပါဠိတော်(၁၄၁)နှင့် မဟာပဒါနသုတ် အဋ္ဌကထာ(၃၅)အတိုင်း အနက်ပြန်ဆိုသည်]။ ဟတ္ထိရတနံ၊ ဆင်ပျံရတနာလည်းကောင်း။ (နံနက်ကာလ၊ အခါမျှဖြင့်၊ သမုဒ္ဒအဆုံး၊ မြေပြင်လုံးကို၊ ပြီးဆုံးလှည့်လည်၊ အားစွမ်းရည်နှင့် ကိုယ်ထည်ဖြူဆွ၊ ဇာနီယဟု၊ ထူးလှမှန်စွာ၊ ဆင်ပျံရတနာလည်းကောင်း)။ အဿရတနံ၊ မြင်းပျံရတနာလည်းကောင်း။ (နံနက်ကာလ၊အခါမျှဖြင့်၊သမုဒ္ဒအဆုံး၊ မြေပြင်လုံးကို၊ ပြီးဆုံးလှည့်လည်၊ အားစွမ်းရည်နှင့်၊ ကိုယ်ထည်ဖြူလျက်၊ မည်းနက်ဦးခေါင်း၊ ဂုဏ်ပေါင်းစုံလှ၊ ဝလာဟကဟု၊ အဿမှန်စွာ မြင်းပျံရတနာလည်းကောင်း)။ မဏိရတနံ၊ ပတ္တမြားရတနာလည်းကောင်း။ (မှောင်ကြောင်းလေးဖြာ၊ စုံညီညာသည့်၊ ယူဇနာထုတ်ချင်း၊ မှောင်မိုက်တွင်း၌၊ ထိန်လင်းဝေဖြာ၊ တေဇာအပြည့်၊ မဏိမှန်ငြား၊ ပတ္တမြားရတနာလည်းကောင်း)။ ဣတ္ထိရတနံ၊ မိဖုရားရတနာလည်းကောင်း။ (ခြောက်ပြစ်ကင်းကွာ၊ ဆင်းရူပါတွင်၊ ဒေဝါဒေဝီ၊ မမီမမျှ၊ လူမကအောင်၊ လှပသိမ်မွေ့၊ ကိုယ်အတွေ့မှာ၊ လဲဂွမ်းဝါဟု၊ ချမ်းခါအေးခါ၊ ကိုယ်နွေးစွာဖြင့်၊ ပူခါအေးအေး၊ မွှေးမွှေးကြူကြူ၊ စန္ဒကူပျံ၊ ကိုယ်ရနံ့နှင့် သန့်ပြန့်ခံတွင်း၊ ကြာနံ့သင်း၏၊ သူ့မင်းဘုရင်၊ သူ့သခင်ကို၊ မြင်လျှင်ပထမ၊ ထ၍ဆီးကြို၊ ထိုင်ပြီးကြည်သာ၊ ပျူငှါငှါနှင့်၊ ဘယ်အရာကိစ္စ၊ သူပြုရဟု၊ နားဝချိုသာ၊ ဆိုကာချစ်ဖွယ်၊ စကားကြွယ်၍၊ ခင်တွယ်အစဉ်၊ သူ့ဘုရင်သာ၊ သူ့ကြင်ရာဟု၊ ထင်စွာစိတ်ထဲ၊ ဖောက်လွဲဖောက်ပြား၊ ယောကျ်ားမကြူး၊ စိတ်မကူးသည့်၊ ထူးခြားသူ့ပြင်၊ တုယှဉ်မရ၊ ပထမဟု၊ အဂ္ဂမဟေသီ၊ ဒေဝီထိပ်ထား၊ မိဖုရားရတနာလည်းကောင်း)။ ဂဟပတိရတနံ၊ သူကြွယ်ရတနာလည်းကောင်း။ (တယူဇနာပမာဏ၊ ရပ်ဒေသ၌၊ မြေခငုပ်လျှိုး၊ ရွှေအိုးထင်းလင်း၊ မြင်ခြင်းသတ္တိ၊ စွမ်းရည်ရှိသည့်၊ ဂဟပတိမှန်စွာ၊ သူကြွယ်ရတနာလည်းကောင်း)။ ပရိဏာယကရတနမေဝ၊ ရှေ့ဆောင်ဦးစီး သားကြီးရတနာပင်ဖြစ်သော။ (အဂ္ဂ မဟေသီ၊ ဒေဝီမှပင်၊ ဖွားသန့်စင်၍၊ ဘုရင်ကိစ္စ၊ မှန်သမျှကို၊ ကျနစီစဉ်၊ သွန်သင်ညွှန်ကြား၊ ရှေ့သွားရှေ့ဆောင်၊ ထိပ်ခေါင်ဦးစီး၊ သားကြီးရတနာပင်လျှင် ဖြစ်သော)။ သတ္တမံ၊ (၇)ပါးမြောက် ရတနာလည်းကောင်းတည်း။
ဘိက္ခဝေ၊ တို့။ ပန၊ ထို့ပြင်။ မေ၊ ငါ၏။ ဝါ၊ ငါ့မှာ။ သူရာ၊ ရဲရင့်ကုန်သော။ **ဝီရင်္ဂရူပါ**၊ ရဲရင့်သောသူတို့၏ အကြောင်းဖြစ်သော လုံ့လဝီရိယသဘောရှိကုန်သော။ဝီရင်္ဂရူပါ။ ။ ဝီရာနံ အင်္ဂံ ဝီရင်္ဂံ- ရဲရင့်သူ (သူရဲကောင်း)တို့၏ အကြောင်းဖြစ်သော လုံ့လဝီရိယ၊ ဝီရင်္ဂံ ရူပံ သဘာဝေါ ဧတေသန္တိ ဝီရင်္ဂရူပါ- ရဲရင့်သူတို့၏ အကြောင်းဖြစ်သော ဝီရိယဟူသော သဘောရှိသော သားတော်များ။ နောက်ထပ်ဝါပေါက်၍ အနက်ပေးထားသည်မှာ "ဝီရိယမဟာ ဝိယ အကိလာသုနော ဒိဝသမ္ပိ ယုဇ္ဈန္တာ န ကိလမန္တီတိ ဝုတ္တံ ဟောတိ"ဟူသော အဋ္ဌကထာဖွင့်အတိုင်း ဖြစ်သည်။
ဤသုတ်အဋ္ဌကထာနှင့် ဒီ, မဟာဝဂ္ဂ၊ မဟာပဒါနသုတ် အဋ္ဌကထာ(၃၆)အလို ရူပသဒ္ဒါ သဘာဝအနက်ဟောတည်း။ သီလက္ခန် အမ္ဗဋ္ဌသုတ်အဋ္ဌကထာ(၂၂၃)၌မူ ရူပသဒ္ဒါကို သရီရအနက်ဟောပြု၍ "ဝီရင်္ဂရူပါ- ရဲရင့်သူတို့၏ အကြောင်းဖြစ်သော လုံ့လဝီရိယအတိပြီးသော ခန္ဓာကိုယ်ရှိသကဲ့သို့ ဖြစ်ကုန်သော"ဟူသော အနက်ကိုလည်း ဖွင့်သေး၏။
ဝါ၊ ဝီရိယချည်း၊ အတိပြီးသို့၊ ထန်သည်းရှိန်ဟုန်၊ တနေကုန်ခန်း၊ မပန်းမဟိုက်၊ စစ်တိုက်နိုင်ကုန်သော။ ပရသေနပ္ပမဒ္ဒနာ၊ (ရင်ဆိုင်ချီတက်) တဖက်စစ်သား ရန်သူများကို၊ ပယ်ရှားနှိမ်နင်း ဖြိုခွင်းနိုင်ကုန်သော။ ပရောသဟဿံ၊ တစ်ထောင်ထက်ကျော်လွန်သော။ (တထောင်ကျော်သော။) ပုတ္တာ၊ သားတော်တို့သည်။ အဟေသုံ၊ ရှိကုန်ပြီ။
သော၊ (စတြဝတေးမင်းဖြစ်သော) ထိုငါသည်။ သာဂရပရိယန္တံ၊ သမုဒ္ဒရာအဆုံးအပိုင်းအခြားရှိသော။ (စကြဝဠာတောင်ဖြင့် ပိုင်းခြားထားအပ်သော သမုဒ္ဒရာအဆုံးရှိသော) ဣမံ ပထဝိံ၊ ဤမြေပြင်တခွင်လုံးကို။ အဒဏ္ဍေန၊ ဥစ္စာဒဏ်, လက်နက်ဒဏ်မရှိဘဲ။ ဝါ၊ ဥစ္စာဒဏ်, လက်နက်ဒဏ်မရှိသော အောင်နိုင်ခြင်းဖြင့်။ အသတ္ထေန၊ ဓားစသော လက်နက်မရှိဘဲ။ ဝါ၊ ဓားစသောလက်နက်မကိုင်စွဲရသော အောင်နိုင်ခြင်းဖြင့်။ ဓမ္မေန၊ ငါးပါးသီလတရားဖြင့်။ အဘိဝိဇိယ၊ လွှမ်းမိုးအောင်နိုင်၍။ အဇ္ဈာဝသိံ၊ စိုးအုပ်ပိုင်းခြား၍နေပြီ။ ဣတိ၊ သို့။ (အဝေါစ၊ မိန့်)။
[ဂါထာ] သုခေသိနော၊ ချမ်းသာသုခကို ရှာမှီးကြသော သတ္တဝါအပေါင်းတို့။ (တုမှေ၊ သင်တို့သည်။) ကုသလာနံ၊ ကုသိုလ်ဖြစ်ကုန်သော။ ပုညာနံ၊ ကောင်းမှုတို့၏။ ဝိပါကံ၊ အကျိုးဝိပါက်ကို။ ပဿ(ပဿထ)၊ ကြည့်ရှုကြကုန်လော။ [ပဿထ-ဟု ဗဟုဝုစ်ဖြင့် ဆိုလိုလျက် ဝစနဗျတ္တယ (ဝစနဝိပလ္လာသ)နည်းအားဖြင့် "ပဿ"ဟု ဧကဝုစ်ဖြင့် မိန့်ဆိုထားသည်။]
ဘိက္ခဝေါ၊ ရဟန်းတို့။ (အဟံ၊ ငါသည်။) သတ္တဝဿာနိ၊ (၇)နှစ်တို့ပတ်လုံး။ မေတ္တံ၊ မေတ္တာနှင့်ယှဉ်သော။ စိတ္တံ၊ ဈာန်စိတ်ကို။ ဝိဘာဝေတွာ၊ အထူးဖြစ်ပွားစေပြီး၍။
သတ္တ၊ ကုန်သော။ သံဝဋ္ဋဝိဝဋ္ဋကပ္ပေ၊ လုံး။ ဣမံ လောကံ၊ ဤကာမဘုံဘဝသို့။ န ပုနာဂမိံ၊ နောက်ထပ်တဖန် မပြန်လာခဲ့ပြီ။
လောကမှိ၊ ဩကာသလောက ဘုံဌာနသည်။၏ သံဝဋ္ဋမာနေ၊ သော်။ (အဟံ၊ ငါသည်။) အာဘဿရူပဂေါ၊ အာဘဿရဗြဟ္မာ့ပြည်သို့ ပဋိသန္ဓေ တည်နေကပ်ရောက်သည်။ ဟောမိ၊ ဖြစ်၏။
လောကသ္မိံ၊ ဩကာသလောက ဘုံဌာနသည်။ ဝိဝဋ္ဋမာနေ၊ သော်။ သုညဗြဟ္မူပဂေါ၊ သတ္တဝါဆိတ်သုဉ်းသော ပဌမဈာန်ဗြဟ္မာ့ဘုံသို့ ပဋိသန္ဓေတည်နေကပ်ရောက်သည်။ အဟုံ၊ ဖြစ်ပြီ။ [အဇ္ဇတ္တနီ ဣံဝိဘတ်မှ ဣကိုချေ။ ဟူဓာတ်၏ ဦကို ရဿပြု။ ဓာတ်၏အစ၌ အလာ၍ "အဟုံ"ဟု ပြီး၏]။ (အဟံ၊ ငါသည်။)
တဒါ၊ ထိုဘုရားလောင်းဖြစ်ခဲ့ရာ ရှေးအခါ၌။ ဝသဝတ္တီ၊ သော။ မဟာဗြဟ္မာ၊ ဗြဟ္မာကြီးသည်။ သတ္တက္ခတ္တုံ၊ (၇)ကြိမ်တိုင်တိုင်။ အဟုံ၊ ဖြစ်ခဲ့ပြီ။
ဆတ္တိံသက္ခတ္တုံ၊ တိုင်။ ဒေဝိန္ဒော၊ နတ်တို့၏ ဘုရင်သည်။ (ဟုတွာ၊ ဖြစ်၍) ဒေဝရဇ္ဇံ၊ သိကြားနတ်မင်း၏အဖြစ်ကို။ အကာရယိံ၊ ပြုစေခဲ့ပြီ။
(အဟံ၊ ငါသည်) **ဇမ္ဗုမဏ္ဍဿ**၊ သပြေပင်တောဖြင့် တန်ဆာဆင်အပ်သော ကျွန်း၏။ဇမ္ဗုမဏ္ဍဿ ဣဿရော။ ။ ဤဝိသေသနပုဒ်ဖြင့် "ဇမ္ဗူဒိပ်ကျွန်း၏ အစိုးရသခင်ဘုရင်"ဟု ဆိုထားခြင်းကြောင့် ယင်းဝိသေသနသည် ဇမ္ဗူဒိပ်ကျွန်း တကျွန်းတည်း၏ အစိုးရမင်းဖြစ်သော ဧကရာဇ်ဘုရင်၏ ဝိသေသနသာ ဖြစ်သင့်၍ ကျွန်းကြီးလေးကျွန်းလုံး၏ ဘုရင်ဖြစ်သော စကြဝတေးမင်း၏ ဝိသေသနမဖြစ်သင့်ဟု ယူဆတော်မူကြဟန် ရှိ၏။ သို့သော် စုဏ္ဏိယစကားပြေဖြင့် ဟောတော်မူခဲ့ပြီးသော ယခင် ပါဠိတော်ရင်း၌ စကြဝတေးမင်းဖြစ်တော်မူခဲ့ပုံသာပြရှိ၍ ဧကရာဇ်မင်း, ပဒေသရာဇ်မင်း ဖြစ်တော်မူခဲ့ပုံ မပါရှိခဲ့သောကြောင့် "ဇမ္ဗုမဏ္ဍဿ ဤဿရော"ဟူသော ထိုဝိသေသနသည် ဂစက္ကဝတ္တီ ရာဇာ"၏ ဝိသေသနသာဖြစ်ပါ၏။ ဤအင်္ဂုတ္တိုရ်ပါဠိတော်၌သာမက အခြားပါဠိတော် မြောက်မြားစွာတို့၌လည်း ထိုဝိသေသနကို စကြဝတေးမင်း၏ ဝိသေသန အဖြစ်ဖြင့် ဟောတော်မူပါ၏။ နမူနာ တခုနှစ်ခုမျှ ပြရသော်-
ရာဇာ အရဟသိ ဘဝိတုံ၊ စက္ကဝတ္တီ ရထေသဘော။ စာတုရန္တော ဝိဇိတာဝီ၊ ဇမ္ဗုသဏ္ဍဿ ဣဿရော။ (မဇ္ဈိမပဏ်၊ သေလသုတ်။ ၃၅၁) စာတုရန္တော ဝိဇိတာဝီ၊ ဇမ္ဗုမဏ္ဍဿ (ဇမ္ဗုဒီပဿ-သျာ)ဣဿရော။ သတ္တရတနသမ္ပန္နော, စက္ကဝတ္တီ မဟဗ္ဗလော။ (အပဒါန်။ ပ-၃၈၆။ ဗာကုလတ္ထေရာပဒါန်။)
ဇမ္ဗုမဏ္ဍနှင့် ဇမ္ဗုသဏ္ဍ။ ။ မဏ္ဍီယတေတိ မဏ္ေ၁ာ၊ ဇမ္ဗူဟိ မဏ္ဍော ဇမ္ဖုမဏ္ဍော- သပြေပင်တို့ဖြင့် တန်ဆာဆင်အပ်သော ကျွန်း၊ သပြေပင်ကျွန်း(ဇမ္ဗူဒိပ်)။ ဇမ္ဗုသဏ္ဍဟုလည်း ပါဌ်ရှိ၏။ ထိုပါဌ်အလို သဏ္ဍသဒ္ဒါကို အပေါင်းအစု(သမူဟ) အနက်ဟောကြံ၍ "ဇမ္ဗူနံ သဏ္ဍော ဇမ္ဗုသဏ္ဍော- သပြေပင်အပေါင်း၊ သပြေပင်တောအုပ်၊ ဇမ္ဗုသဏ္ဍော ဧတ္ထ အတ္ထီတိ ဇမ္ဗုသဏ္ဍော- သပြေပင်တောအုပ်ရှိသောကျွန်း။ ဝါ- ဇမ္ဗူဒိပ်ကျွန်း"ဟု ဝစနတ္ထ ပြုရာ၏။ မည်သည့်ပါဌ်သာ မူရင်းဖြစ်သည်ကိုကား မူရင်းဖြစ်သည်ကိုကား သိရန်မလွယ်ကူ။
တတ္ထ တတ္ထ ဇမ္ဗုဝနသဏ္ဍ မဏ္ဍိတတာယ ဇမ္ဗုဒီပေါ ဇမ္ဗုသဏ္ဍော (ဇမ္ဗုမဏ္ဍော)တိ ဝုစ္စတိ။ မဇ္ဈိမပဏ္ဏာသဋီကာ၊ ၁၈၂။ (သေလသုတ်။)
ဝါ၊ ဇမ္ဗူဒိပ်ကျွန်း၏။ ဣဿရော၊ အစိုးရသခင် ဘုရင်ဖြစ်သော။ စက္ကဝတ္တီ၊ စကြာရတနာကို လည်စေတတ်သော။ ရာဇာ၊ မင်းသည်။ အဟုံ၊ ဖြစ်ခဲ့ပြီ။
မုဒ္ဓါဝသိတ္တော၊ ဦးထိပ်ထက်၌ အဘိသိက်ရေစင်ဖြင့် သွန်းဖျန်းအပ်သော။ ဝါ၊ ဦးထိပ်ထက်၌ အသိဘိက်သွန်း၍ မင်းမြှောက်အပ်သော။ ခတ္တိယော၊ အမျိုးဇာတ်အားဖြင့် မင်းဖြစ်သော။ မနုဿာဓိပတိ၊ လူတို့၏ အကြီးအကဲ ဘုရင်သည်။ အဟုံ၊ ပြီ။ [ဆန္ဒာနုရက္ခဏအတွက် "တီ"ဟု ဒီဃဖြင့် ရှိရသည်။]
အဒဏ္ဍေန၊ ဘဲ။ ဝါ၊ ဖြင့်။ အသတ္ထေန၊ ဘဲ။ ဝါ၊ ဖြင့်။ ဣမံ ပထဝိံ၊ (သမုဒ္ဒရာ လေးစင်းအဆုံးရှိသော) ဤမြေပြင်တခုလုံးကို။ ဝိဇေယျ၊ အောင်နိုင်၍။
အသ္မိံ ပထဝိမဏ္ဍလေ၊ ဤမြေပြင်၌။ ဓမ္မေန၊ မင်းကျင့်တရား ဆယ်ပါးဖြင့်။ ရဇ္ဇံ၊ မင်းအဖြစ်ကို။ ကာရေတွာ၊ ပြုစေ၍။ အသာဟသေန၊ အနိုင်အထက် လုယက်တိုက်ခိုက်ရခြင်း မဟုတ်သော။ သမေန၊ မင်းကျင့်တရားဆယ်ပါးနှင့် ညီသော။ ဝါ၊ တရားနည်းလမ်းကျ၍ မျှတသော။ ကမ္မေန၊ စီမံအုပ်ချုပ် မင်းမှုလုပ်ငန်းဖြင့်။ တံ၊ ထိုမြေပြင်တခုလုံးကို။ ဝါ၊ တမြေပြင်လုံးရှိ တိုင်းသူပြည်သားအပေါင်းကို။ အနုသာသိ(အနုဿသိံ)၊ သွန်သင်ညွှန်ပြ ဆုံးမပြီ။ [သဟသာ ဗလေန ပဝတ္တိတံ ကမ္မံ သာဟသံ၊ ခွန်အားဖြင့် (အနိုင်အထက်) ဖြစ်စေအပ်သောအမှု၊ ဓားပြတိုက်အနုကြမ်းစီးခြင်း။]
အဟံ၊ ငါသည်။ [အဇာယိတံ၊ အဇာယိံ+အဟံ]မဟဒ္ဓနေ= များသော နေ့စဉ်သုံးစွဲစရာ ဥစ္စာရှိသော။ [စတုက္ကနိပါတ် စာပိုဒ်(၁၉၇) မလ္လိကာဒေဝီ သုတ်ဋီကာ။ နှာ- ၃၆၈ကြည့်။] မဟာဘောဂေ၊ များသော ကာမဂုဏ်စည်းစိမ်နှင့် အခြံအရံဘဏ္ဍာရှိသော။ အဍ္ဎေ၊ ပစ္စည်းဥစ္စာကြွယ်ဝ၍ အစိုးရသော။ သဗ္ဗကာမေဟိ စ၊ အားလုံးစုံသော လိုလားနှစ်သက်ဖွယ်အာရုံတို့နှင့်လည်းကောင်း။ သတ္တဟိ၊ (၇)ပါးကုန်သော။ ရတနေဟိ စ၊ ရတနာတို့နှင့်လည်းကောင်း။ သမ္ပန္နေ၊ ပြည့်စုံသော။ ကုလေ၊ အမျိုး၌။ အဇာယိံ၊ ဖြစ်ပြီ။
လောကေ၊ သတ္တလောက၌။ ဗုဒ္ဓါ၊ မြတ်စွာဘုရားရှင်တို့သည်။ သင်္ဂါဟကာ၊ (သတ္တဝါအပေါင်းကို) ချီးမြှောက်တော်မူကြကုန်၏။ တေဟိ၊ ထိုမြတ်စွာဘုရားတို့သည်။ (သတ္တဝါတို့ကို ချီးမြှောက်တော်မူကြသော မဟာကရုဏာသခင် ထိုမြတ်စွာဘုရားရှင်တို့သည်။) ဧတံ၊ ဤအကြောင်းအရာကို (ဤမေတ္တာဘာဝနာကုသိုလ်ကြောင့် ဗြဟ္မာ သိကြား စကြဝတေးမင်းဖြစ်ခဲ့ပုံ အကြောင်းအရာကို) ဝါ၊ ဤမေတ္တာသုတ်တရားဒေသနာတော်ကို။ သုဒေသိတံ၊ ကောင်းစွာဟောကြားတော်မူအပ်ပြီ။
ဧသော၊ ဤမေတ္တာဘာဝနာကုသိုလ်တရားသည်။ မဟန္တဿ၊ ကြီးကျယ်မြင့်မြတ်သော စကြဝတေးမင်းစည်းစိမ်ချမ်းသာစသည်၏။ ဟေတု၊ အကြောင်းပေတည်း။ မေ၊ ငါ၏။ ပထဗျော၊ တမြေပြင်လုံး၏ အစိုးရသခင် ဘုရင်၏အဖြစ်သည်။ န ဝိပဇ္ဇတိ၊ (ဆန့်ကျင်ဘက် ရန်သူတို့ကြောင့်) မဖောက်ပြန်မပျက်စီး။ (အဟံ၊ ငါသည်)
ပဟူတဝိတ္တူပကရဏော၊ များစွာသော နှစ်သက်ခြင်း၏ အကြောင်းဖြစ်သော အဆင်တန်ဆာရှိ‌သော။ [ဝိတ္တိ၊ နှစ်သက်ခြင်း၏+ ဥပကရဏ၊ အကြောင်း။] ပတာပဝါ၊ တန်ခိုးအရှိန်အဝါရှိသော။ (ရာထူးအာဏာ, ဥစ္စာအင်အား အရှိန်အဝါကြီးမားသော။) ရာဇာ၊ မင်းသည်။ ဟောမိ၊ ဖြစ်၏။ [ဟောတိ- ဟု နာမယောဂကြိယာ ရှိနေ၏။ သို့သော်- "ပထဗျော မေ"ဟူ၍ ကိုယ်တိုင်ဖြစ်ခဲ့ပုံကို မေသဒ္ဒါ (အမှသဒ္ဒါ) ဖြင့် တိုက်ရိုက်ဟောသောကြောင့် "ဟောမိ"ဟု အမှယောဂကြိယာ ရှိသင့်၏။ ပထဝိယာ ဣဿရော ပထဗျော၊ တမြေပြင်လုံး၏ အစိုးရဘုရင်မင်း။ သို့သော် ဤနေရာ၌ မေ ဟူသော သမ္ဗန်ပုဒ်ပါနေသောကြောင့် ပထဗျအရ ဘုရင်မင်းကိုသာမက ဘုရင်မင်း၏အဖြစ် (ဘုရင်မင်းရာထူး) တိုင်အောင် ဌာနူပစာရအားဖြင့်သော်လည်းကောင်း, ဘာဝပ္ပဓာနကြံ၍‌သော်လည်းကောင်းယူပါ။]
(အဟံ၊ ငါသည်) ဣဒ္ဓိမာ၊ ကြီးသောတန်ခိုးရှိသော။ ယသဝါ၊ များသောအခြံအရံ အကျော်အစောရှိသော။ ဇမ္ဗုမဏ္ဍဿ၊ ၏။ ဣဿရော၊ အစိုးရသခင်ဘုရင်သည်။ ဟောမိ၊ ဖြစ်၏။
ကော၊ အဘယ်ပုဂ္ဂိုလ်သည်။ (ဧတံ၊ ဤမျှလောက်ကြီးမားခမ်းနားသော အကျိုးရရှိပုံကို။) သုတွာ၊ ကြားရ၍။ ဝါ၊ ကြားရလသော်။ နပ္ပသီဒေယျ၊ ကြည်လင်ရွှင်ပျ သဘောမကျဘဲ ရှိနိုင်အံ့နည်း။ ကဏှာဘိဇာတိယောအပိ၊ မည်းညစ်ယုတ်နိမ့်သော အမျိုးဇာတ်ရှိသော သူသည် သော်မှလည်း။ (ပသီဒေယျ၊ ကြည်လင်ရွှင်ပျ သဘောကျနိုင်သည်သာတည်း)။
ဟိ၊ တိုက်တွန်းစကား မိန့်ကြားရသော်ကား။ တသ္မာ၊ ထို့ကြောင့် (ထိုသို့ မေတ္တာဘာဝနာ ကုသိုလ်စေတနာကြောင့် ကြီးကျယ်ခမ်းနားသော အကျိုးအမျိုးမျိုး ရရှိသည် အဖြစ်ကြောင့်။) အတ္တကာမေန၊ မိမိ၏ စီးပွားချမ်းသာကို အလိုရှိသော။ မဟတ္တံ၊ မြင့်မြတ်သည်အဖြစ်ကို။ အဘိကင်္ခတာ၊ လိုလားတောင့်တသော။
ဗုဒ္ဓါနံ၊ မြတ်စွာဘုရားတို့၏။ သာသနံ၊ အဆုံးအမဩဝါဒကို။ သရံ (သရန္တော)၊ အောက်မေ့အမှတ်ရသောသူသည်။ [ပဌမာဝိဘတ်ကို တတိယာ ကတ္တားအနက်၌သက်။] သဒ္ဓမ္မော၊ သူတော်ကောင်းတရားကို။ ဂရုကာတဗ္ဗော၊ အလေးဂရုပြုသင့်ပြုထိုက်၏။ ဝါ၊ အလေးဂရုပြုရမည်။ ဣတိ၊ ဤသို့။ (အဝေါစ၊ မိန့်တော်မူပြီ)
နဝမံ။