ဘိက္ခဝေ၊ တို့။
ယတော၊ အကြင်အခါ၌။
ရညော၊ မင်း၏။
ပစ္စန္တိမံ၊ တိုင်းနိုင်ငံ၏ အစွန်အဖျား၌ တည်ရှိသော။
နဂရံ၊ မြို့သည်။
သတ္တဟိ၊ (၇)မျိုးကုန်သော။
**နဂရပရိက္ခာရေဟိ**၊ မြို့၏ အဆင်တန်ဆာတို့ဖြင့်။
နဂရပရိက္ခာရ။ ။ ဤသုတ်အဋ္ဌကထာ၌ "နဂရပရိက္ခာရေဟိ သုပရိက္ခတန္တိ နဂရာလင်္ကာရေဟိ အလင်္ကတံ" ဟူ၍ ပရိက္ခာရသဒ္ဒါကို အလင်္ကာရ (အဆင်တန်ဆာ) အနက်ဟောအဖြစ်ဖြင့် ဖွင့်၏။ ဝိသုဒ္ဓိမဂ် အဋ္ဌကထာ (ပ-၃၃)၌မူ သာဓကအဖြစ် ထုတ်ပြထားသော ဤသုတ်ပါဠိဝါကျကိုပင် ပရိက္ခာရောတိ ပန "သတ္တဟိ နဂရပရိက္ခာရေဟိ သုပရိက္ခတံ ဟောတီ"တိ အာဒီသု ပရိဝါရော ဝုစ္စတိ"ဟု လည်းကောင်း, ထို၏ ဋီကာ (ပ-၆၃)၌လည်း "နဂရပရိက္ခာရေဟီတိ နဂရံ ပရိဝါရေတွာ ရက္ခဏကေဟိ"ဟူ၍ လည်းကောင်း ပရိဝါရ (အကာအကွယ် အရံအတား၊ အခြံအရံ အသိုင်းအဝိုင်း) အနက်ဟောအဖြစ်ဖြင့် ဖွင့်ဆိုထား၏။ ထို့ကြောင့် ဤသုတ်ဋီကာ၌လည်း "ပရိဝါရဝစနောပိ ဝဋ္ဋတိယေဝ"ဟု မိန့်သည်။
သုပရိက္ခတံ၊ ကောင်းစွာ စီစဉ်ဆင်ယင်ထားအပ်သည်။
ဟောတိ၊ ၏။
(တနည်း) သတ္တဟိ၊ ကုန်သော။
နဂရပရိက္ခာရေဟိ၊ မြို့၏ အကာအကွယ် အရံအတားတို့ဖြင့်။
သုပရိက္ခတံ၊ ကောင်းစွာ ကာကွယ်ရံတား စောင့်ရှောက်ထားအပ်သည်။
ဟောတိ၊ ၏။
စ၊ ထို့ပြင်။
စတုန္နံ၊ လေးမျိုးကုန်သော။
အာဟာရာနံ၊ အစာအာဟာရတို့ကို။
နိကာမလာဘီ၊ မိမိအလိုဆန္ဒအတိုင်း ရနိုင်ခြင်းရှိသည်။
အကိစ္ဆလာဘီ၊ မပင်မပန်း ချမ်းသာစွာ ရနိုင်ခြင်းရှိသည်။
အကသိရလာဘီ၊ ပြန့်ပြော ပေါများစွာ ရနိုင်ခြင်းရှိသည်။
ဟောတိ၊ ဖြစ်၏။
ဘိက္ခဝေ၊ တို့။
(တတော၊ ထိုအခါ၌)
ရညော၊ မင်း၏။
ပစ္စန္တိမံ၊ သော။
ဣဒံ နဂရံ၊ ဤမြို့ကို။ (ခုနစ်မျိုးသော နဂရပရိက္ခာရတို့ဖြင့် ဆင်ယင်ရံတား စောင့်ရှောက်ထားအပ်၍ လေးမျိုးသော အာဟာရတို့ကိုလည်း အလိုရှိသလောက် လွယ်ကူပေါများစွာ ရနိုင်ခြင်းရှိသော ဤမြို့ကို)
ဗာဟိရေဟိ၊ မြို့အပြင်၌ တည်ရှိနေကုန်သော။
ပစ္စတ္ထိကေဟိ၊ ဆန့်ကျင်ဘက်ကိုအလိုရှိကုန်သော။ [ပဋိပက္ခံ အတ္ထယန္တိ ဣစ္ဆန္တီတိ ပစ္စတ္ထိကာ]
ပစ္စာမိတ္တေဟိ၊ ရန်သူတို့သည်။
အကရဏီယံ၊ အနိုင်တိုက်ခိုက်မှု မပြုအပ်, မပြုနိုင်ဟူ၍။
ဝုစ္စတိ၊ ဆိုအပ်၏။
ကတမေဟိ၊ အဘယ်မည်ကုန်သော။
သတ္တဟိ၊ ကုန်သော။
နဂရပရိက္ခာရေဟိ၊ တို့ဖြင့်။
သုပရိက္ခတံ၊ သည်။
ဟောတိ၊ ဖြစ်သနည်းဟူမူ။
ဘိက္ခဝေ၊ တို့။
ဣဓ၊ ဤလောက၌။
ရညော၊ မင်း၏။
ပစ္စန္တိမေ၊ နိုင်ငံ၏ အစွန်အဖျား၌ တည်ရှိသော။
နဂရေ၊ မြို့၌။
ဧသိကာ၊ တံခါးတိုင်သည်။
**ဂမ္ဘီရနေမာ**၊ နက်သောမြေတွင်းခေါင်း (မြေဝင်)ရှိသည်။ဂမ္ဘီရနေမာ။ ။ နေမသဒ္ဒါ၏ တွင်း, ကျင်းဟူသော အနက်ကို သက္ကတအဘိဓာန်တို့၌လည်း ဖွင့်ထား၏။ ဤသုတ် အဋ္ဌကထာနှင့် နဝကနိပါတ်စာပိုဒ်(၂၆) သိလာယူပသုတ်၌လည်း ဤနေမသဒ္ဒါကို အာဝါဋသဒ္ဒါဖြင့် ဖွင့်ထားသည်။ ထို့ကြောင့် ဤ၌ တိုင်စသည်တို့ စိုက်ဝင်အပ်သော မြေတွင်းခေါင်းကို နေမဟု ခေါ်၏။ ဂမ္ဘီရံ နေမံ ဧတိဿာ ဧသိကာယာတိ ဂမ္ဘီရနေမာ- နက်သော (နက်ရှိုင်းစွာ စိုက်ဝင်အပ်သော) မြေတွင်းခေါင်းရှိသော တံခါးတိုင်။ တါ- မြေတွင်းခေါင်းထဲသို့ နက်ရှိုင်းစွာ စိုက်တင်သွားသော တံခါးတိုင်။
နေမံ ဝုစ္စတိ ထမ္ဘာဒီဟိ အနုပတ(အနုပဝိဋ္ဌ) ဘူမိပ္ပဒေသောတိ အာဟ" ဂမ္ဘီရ အာဝါဋာ"တိ၊ ဂမ္ဘီရံ ဘူမိံ အနုပဝိဋ္ဌာတိ အတ္ထော။ ဋီကာ။ အနုပတပုဒ်နေရာ၌ အနုပဝိဋ္ဌ-ဟု ဒီ,ပါထိကဝဂ်၊ ပါသာဒိကသုတ်ဋီကာ (၉၃)၌ ရှိသည်။ ဝါ၊ မြေတွင်းခေါင်းထဲသို့ နက်ရှိုင်းစွာ စိုက်ဝင်သည်။ သုနိခါတာ၊ ကောင်းစွာစိုက်မြှုပ်ထားအပ်သည်။ (ဟုတွာ၊ ဖြစ်၍) အစလာ၊ လှုပ်ရှားခြင်းမရှိသည်။ အသမ္ပဝေဓီ၊ ယိမ်းယိုင်ခြင်း မရှိသည်။ ဟောတိ၊ ၏။

အဗ္ဘန္တရာနံ၊ မြို့တွင်း၌ နေသောလူတို့၏။
ဂုတ္တိယာ၊ လုံခြုံခြင်းငှာလည်းကောင်း။
ဗာဟိရာနံ၊ မြို့အပြင်၌ရှိသော ရန်သူတို့ကို။
ပဋိဃာတာယ၊ ကာကွယ်တားဆီးခြင်းငှာလည်းကောင်း။
ရညော၊ မင်း၏။
ပစ္စန္တိမံ၊ သော။
နဂရံ၊ မြို့သည်။
ပဌမေန၊ ရှေးဦးစွာ။
ဣမိနာ နဂရပရိက္ခာရေန၊ ဤမြို့၏ အဆင်တန်ဆာဖြင့်။ (နက်သော မြေဝင်မြေစိုက်ရှိ၍ မယိမ်းမယိုင် ခိုင်မြဲသောတံခါးတိုင်ဟူသော ဤမြို့အဆင်တန်ဆာဖြင့်)
ဝါ၊ ဤမြို့၏ အကာအကွယ် အရံအတားဖြင့်။
သုပရိက္ခတံ၊ ကောင်းစွာ စီစဉ်ဆင်ယင်ထားအပ်သည်။
ဝါ၊ ကောင်းစွာ ကာကွယ်ရံတား စောင့်ရှောက်ထားအပ်သည်။
ဟောတိ၊ ၏။
ဘိက္ခဝေ၊ တို့။
ပုန စပရံ၊ နောက်ထပ်အခြားသော နဂရပရိက္ခာရ တမျိုးကား။
{တနည်း- ဘိက္ခဝေ၊ တို့။
ပုန၊ နောက်ထပ်။
အပရံစ၊ အခြားသော နဂရပရိက္ခာရကိုလည်း။
အဟံ၊ ငါသည်။
ဘာသိဿာမိ၊ ဟောတော်မူဦးအံ့}
ရညော၊ ၏။
ပစ္စန္တိမေ၊ သော။
နဂရေ၊ ၌။
ပရိခါ၊ ကျုံးသည်။ (မြို့၏ ပတ်ပတ်လည်၌ တူးဖောက်ထားအပ်သော မြောင်းကြီးသည်)
ဂမ္ဘီရာစေဝ၊ နက်လည်း နက်သည်။
ဝိတ္ထတာ စ၊ ကျယ်ပြန့်လည်း ကျယ်ပြန့်သည်။
ဟောတိ၊ ၏။
အဗ္ဘန္တရာနံ၊ တို့၏။
ဂုတ္တိယာ။ပ။
ဒုတိယေန၊ နှစ်ခုမြောက်သော။
ဣမိနာ နဂရပရိက္ခာရေန၊ (နက်၍ ကျယ်ပြန့်သော ကျုံးတည်းဟူသော) ဤမြို့၏ အဆင်တန်ဆာဖြင့်။
ဝါ၊ ဖြင့်။
သုပရိက္ခတံ၊ သည်။
ဟောတိ။
ဘိက္ခဝေ၊ တို့။
ပုနစပရံ၊ ကား။
ရညော၊ ၏။
ပစ္စန္တိမေ၊ သော။
နဂရေ၊ ၌။
ဥစ္စောစေဝ၊ မြင့်လည်းမြင့်သော။
ဝိတ္ထတော စ၊ ကျယ်ပြန့်လည်း ကျယ်ပြန့်သော။
အနုပရိယာယပထော၊ ပတ်ပတ်လည် လမ်းမကြီးသည်။ (တံတိုင်း၏ အတွင်း၌ တံတိုင်းနှင့် ယှဉ်ပြိုင် ရင်ဘောင်တန်းသွားသော ပတ်ပတ်လည်လမ်းမကြီးသည်)
ဟောတိ၊ ရှိ၏။
{အနုပရိယေတိ ဧတေနာဟိ အနုပရိယာယော၊ သောယေဝပထော အနုပရိယာယပထော၊ အစဉ်မပြတ် လှည့်ပတ်သွားကြောင်းဖြစ်သော လမ်းမကြီး}
အဗ္ဘန္တရာနံ၊ တို့၏။
ဂုတ္တိယာ၊ ကောင်း။ပ။
တတိယေန၊ သုံးခုမြောက်သော။
ဣမိနာ နဂရပရိက္ခာရေန၊ (မြင့်မတ်၍ ကျယ်ပြန့်သော ပတ်ပတ်လည်လမ်းမကြီး တည်းဟူသော) ဤမြို့၏ အဆင်တန်ဆာဖြင့်။
ဝါ၊ ဖြင့်။
သုပရိက္ခတံ၊ သည်။
ဟောတိ၊ ၏။ပ။
သလာကဉ္စေဝ၊ ပစ်လွှတ်ရသော မြား, မှိန်း စသော လက်နက်လည်း ဖြစ်သော။
ဇေဝနိကဉ္စ၊ အသွားတဖက် ဓားစသော ကြွင်းကျန်သမျှ လက်နက်အားလုံးလည်းဖြစ်သော။
ဗဟုံ၊ များစွာသော။
အာဝုဓံ၊ လက်နက်သည်။
သန္နိစိတံ၊ စုဆောင်းထားအပ်သည်။
ဟောတိ၊ ၏။ပ။
စတုတ္ထေန၊ လေးခုမြောက်သော။
ဣမိနာ နဂရပရိက္ခာရေန၊ (မြောက်မြားစွာ စုဆောင်းထားအပ်သော လက်နက်တည်းဟူသော) ဤမြို့၏ အဆင်တန်ဆာဖြင့်။
ဝါ၊ ဖြင့်။
သုပရိက္ခတံ၊ သည်။
ဟောတိ၊ ၏။ပ။
နဂရေ၊ မြို့၌။
ဗဟုဗလကာယော၊ များစွာသော စစ်သည်ဗိုလ်ပါအပေါင်းသည်။
ပဋိဝသတိ၊ နေထိုင်၏။
သေယျထိဒံ၊ အဘယ်စစ်သည်ဗိုလ်ပါ အပေါင်းနည်းဟူမူ။
[တနည်း- ဣဒံ (အယံ ဗဟုဗလကာယော)၊ ဤများစွာသော စစ်သည်ဗိုလ်ပါအပေါင်းတည်းဟူသည်။
သေယျထာ၊ အဘယ်နည်းဟူမူ]
**ဟတ္ထာရောဟာ**၊ ဆင်စီးသူရဲ, ဆင်ဆရာ, ဆင်ဆရာဝန်, ဆင်ထိန်း စသည်တို့လည်းကောင်း။ဟတ္ထာရောဟာ ရထိကာ ဓနုဂ္ဂဟာ ။ ။ (၁) "ဟတ္တိံ အာရောဟန္တီတိ ဟတ္ထာရောဟာ" ဟူသော ဝစနတ္ထနှင့်အညီ ဆင်ကို စီးတတ်သော (ဆင်စီး၍ စစ်တိုက်တတ်သော) ဆင်စီးသူရဲကိုလည်း ဟတ္ထာရောဟ-ဟုခေါ်၏။ (၂) "ဟတ္ထိံ အာရောဟာပယန္တီတိ ဟတ္ထာရောဟာ"နှင့်အညီ ဆင်ကိုတက်စီးစေတတ်သော (ဝါ- ဆင်ကို တက်စီးခြင်းငှာ သင့်လျော်သည့် အခြေအနေရောက်အောင် စီစဉ်ပေးတတ်သော) ဟတ္ထာစရိယ, ဟတ္ထိဝေဇ္ဇ, ဟတ္ထိဗန္ဓ (ဟတ္ထိမေဏ္ဍ) စသည်တို့ကိုလည်း ဟတ္ထာရောဟ ဟုခေါ်၏။ ထိုတွင်-
ဆင်ကိုလည်းကောင်း, ဆင်စီးသူရဲကိုလည်းကောင်း, သင်ပြပေးတတ်သော ဆင်ဆရာကို ဟတ္ထာစရိယ ဟုခေါ်၏။ ဟတ္ထိဝေဇ္ဇ- ဆင်ဆေးကု ဆရာဝန်။ ဟတ္ထိဗန္ဓ- ဆင်ခြေစောင့်, ဆင်ထိန်း။ ထို့ပြင် ဆင်ကို မယော စသည် ကျွေးသောသူများလည်း ဟတ္ထာရောဟပင်တည်း။ ဟတ္ထိဗန္ဓနေရာ၌ ဟတ္ထိမေဏ္ဍဟု အဘိဓာန် စသည်တို့၌ ရျိ၏။ ဟတ္ထိဗန္ဓာ နာမ ဟတ္ထီနံ ပါဒရက္ခကာ။ ဋီကာ၊ အဿာရောဟလည်း နည်းတူပင်။
ရထေ နိယုတ္တာ ရထိကာ- ရထား၌ယှဉ်သော (ရထားနှင့် ဆက်စပ်သော)သူများ (ရထားစီးသူရဲစသည်)။ ဘီးကျွတ်မသွားအောင် လှည်းရထားတို့၏ ဝင်ရိုးအဖျား၌ တပ်ထားအပ်သော ကန့်လန့် (ဂလန့်)ကို အာဏိ (နပန်းစွန်း)ဟု ခေါ်၏။ ၎င်းကို စောင့်သောသူကို အာဏိရက္ခကဟု ခေါ်သည်။
ဓနုံ ဂဏှန္တီတိ ဓနုဂ္ဂဟာ- လေးကို ကိုင်စွဲသောသူ (လေးသမား)။ ဓနုံဂဏှာပေန္တီတိ ဓနုဂ္ဂဟာ- လေးကို ကိုင်စွဲစေသောသူ။ ဝါ- လေးအတတ် သင်ပေးသော ဆရာ။ အဿာရောဟာ၊ မြင်းစီးသူရဲ, မြင်းဆရာ, မြင်းဆရာဝန်, မြင်းထိန်း စသည်တို့ လည်းကောင်း။ ရထိကာ၊ ရထားစီးသူရဲ, ရထားလုပ်ဆရာ, ရထားနပန်းစွန်းစောင့် စသည်တို့လည်းကောင်း။ ဓနုဂ္ဂဟာ၊ လေးသမားနှင့် လေးအတတ်သင်ဆရာတို့လည်းကောင်း။ **စေလကာ**၊ အောင်လံကိုင်လျက် ရှေ့ကတက်သွား, အလံကိုင်စစ်သားတို့လည်းကောင်း။ စေလကာ စလကာ။ ။ စေလ- အဝတ် (အလံ)+ အကဓာတ်+ အပစ္စည်း။ စေလေန စေလပဋာကာယ ယုဒ္ဓေ အကန္တိ ဂစ္ဆန္တီတိ စေလကာ- စစ်ပွဲ၌အလံဖြင့် ရှေ့ကတက်သော အလံကိုင်စစ်သားများ။ ယထာ တထာ ဌိတေ သေနိကေ (အစီအစဉ်မရှိဘဲ အကွဲကွဲ အပြားပြား တည်ရှိနေသော စစ်သည်တို့ကို) ဗျူဟကရဏ ဝသေန (စစ်ဆင်မှု ပြုခြင်းအားဖြင့်) တတော တတော စလယန္တိ ဥစ္စာလေန္တီတိ စလကာ (ထိုထို အရပ်မှ ရွေ့ရှားစေသော သူများ) စလဓာတ် ဏွုပစ္စည်း။ ဤဝစနတ္ထနှင့် အညီ ဘုရင်က ဤနေရာ၌ နေစေ။ ဟို အမတ်ကြီးက ဤနေရာ၌ နေစေဟူ၍ စစ်တိုက်ရန် နေရာယူစေသော စစ်ဆင်ရေးမှူးများကို စလက ဟုခေါ်၏။ စလကာ၊ စစ်ဆင်ရေးမှူးတို့လည်းကောင်း။ (စစ်သည်များစွာ, နေသင့်ရာရပ်, သတ်မှတ်သောအား, လှုပ်ရှားစေတတ်သော စစ်ဆင်ရေးမှူးတို့ လည်းကောင်း) **ပိဏ္ဍဒါယကာ**၊ (အသားဆိုင်ကို ထိုးသုတ်သော သိန်းငှက်ကဲ့သို့) တဖက်စစ်သည်အုပ်စုထဲသို့ အဆောတလျှင် ဝင်ရောက်ခုတ်ဖြတ်၍ ခုတ်ဖြတ်၍ ခုံထွက်ပြေးလွှား ထွက်သွားတတ်သော သူရဲကောင်းတို့လည်းကောင်း။ပိဏ္ဍဒါယကာ။ ။ပိဏ္ဍ- သမူဟ(အပေါင်းအစု)၊ ဤ၌ စစ်သားအပေါင်းအစုကို ပိဏ္ဍဟု ခေါ်၏။ ဒယဓာတ် ဏွုပစ္စည်း။ ဒယဓာတ်သည် ဂတိအနက်ဟောတည်း။ ထို့ကြောင့် "ပိဏ္ဍ- တဖက် စစ်တပ် အုပ်စုထဲသို့+ ဒါယက- သွားရောက်တတ်သူ"ဟု အကျဉ်းချုပ်အနက် ဖြစ်၏။ (သကုဏဂ္ဃိအာဒယော ဝိယ မံသပိဏ္ဍံ) ပရသေနာသမူဟသင်္ခါတံ ပိဏ္ဍံ သာဟသိကတာယ ဆေတွာ ဆေတွာ ဒယန္တိ ဥပ္ပတိတွာ ဂစ္ဆန္တီတိ ပိဏ္ဍဒါယကာ- (အသားဆိုင်ကို သိန်းငှက်ထိုးသုတ်သကဲ့သို့) တဖက် စစ်သည်အတွင်းသို့ လျှပ်တပြက် အလျန်အမြန် ဝင်ရောက်ခုတ်ဖြတ်၍ ခုတ်ဖြစ်၍ ခုံလွှားပြေးသွားတတ်သော သူရဲကောင်းများ။
တနည်း- ပိဏ္ဍ(ဇနသမ္မဒ္ဒ)- အပြင်းအထန် ထိုးကြိတ် တိုက်ခိုက်နေသော စစ်သားအုပ်စုထဲ၌+ ဒါယက- သွားရောက်တတ်သူ။ (စစ်သားများအတွက် ထမင်းနှင့် သောက်ရေကို ယူငင်၍ ခုံပျံသကဲ့သို့ အလျန်အမြန် သွားရောက်ပို့ဆောင်တတ်သော သူရဲကောင်း) ပိဏ္ဍေ ဇနသမ္မဒ္ဒေ ဒယန္တိ ဥပ္ပတန္တာ ဝိယ ဂစ္ဆန္တီတိ ပိဏ္ဍဒါယကာ။ ဤနည်း၌လည်း ဋီကာတို့၌ ဒယဓာတ်ဖြင့်ပင် ဖွင့်ပြထားသည်။
အကယ်၍ ဒါယကာကို ဒါဓာတ်ကြံပြီးလျှင် "ပိဏ္ဍ- ထမင်းကို+ ဒါယကာ- ပေးပို့တတ်သူ။ စစ်တပ်ထဲသို့ အလျန်အမြန်သွား၍ ထမင်းပေးပို့သူ"ဟု အနက်ဆိုလျှင်လည်း "ယေ ဝါ သင်္ဂါမမဇ္ဈေ ယောဓာနံ ဘတ္တပါနီယံ ဂဟေတွာ ပဝိသန္တီ"ဟူသော အဋ္ဌကထာနှင့် လျော်သည်ဟုပင် ယူဆ၏။ ဝါ၊ မိမိ စစ်သည်အုပ်စုထဲ၌ စစ်သားတို့အတွက် ထမင်းနှင့်ရေကို ယူငင် ခုံလွှားပြေးလွှား ပို့ဆောင်တတ်သော သူရဲကောင်းတို့လည်းကောင်း။ **ဥဂ္ဂါ**၊ အလွန်တက်ကြွကုန်သော။ (သတ္တိ, အရှိန်ဟုန်, လုံ့လဂုဏ် စသည်တို့ဖြင့် အလွန်တက်ကြွကုန်သော။)ဥဂ္ဂါ ရာဇပုတ္တာ ပက္ခန္ဒိနော။ ။ "ဥဂ္ဂါ"ကို "ဥဂ္ဂတုဂ္ဂတာ"ဟု အဋ္ဌကထာဖွင့်၍ ၎င်းကို "ထာမဇဝပရက္ကမာဒိဝသေန အတိဝိယ ဥဂ္ဂတာ၊ ဥဒဂ္ဂါတိ အတ္ထော"ဟု ဋီကာဖွင့်၏။ ထို၌ ဥဒဂ္ဂါပုဒ်ဖြင့် ဖွင့်ထားသောကြောင့် "ဥဂ္ဂါ- အလွန်တက်ကြွကုန်သော"ဟု အနက်ပြန်ဆိုခဲ့သည်။ သီလက္ခန် ဋီကာတို့၌ ဥဒဂ္ဂါပုဒ်ကို မတွေ့ရသောကြောင့် "ဥဂ္ဂါ- အလွန်ထင်ရှားကုန်သော"ဟု ပြန်ဆိုကြကုန်၏။
ပက္ခန္ဒဓာတ် ဏီပစ္စည်းဖြင့် (အာဂါမီပုဒ်ကဲ့သို့) "ပက္ခန္ဒီ"ဟု ဖြစ်၏။ ယောဝိဘတ်ကို နောပြုလျှင် ဒဏ္ဍိနောကဲ့သို့ ပက္ခန္ဒိနောဟု ဖြစ်၏။ ပက္ခန္ဒန္တိ ပရသေနံ အနုပဝိသန္တီတိ ပက္ခန္ဒိနော- တဖက်စစ်တပ်အတွင်းသို့ ချင်းနင်းပြေးဝင်တတ်သော စစ်သားများ။ ဤ၌ မည်သည့်ရန်သူ၏ ဦးခေါင်းနှင့် လက်နက်ကို ရအောင်ယူချေပါဟု စေခိုင်းသောအခါ မကြောက်မရွံ့ ရဲဝံ့စွာ တဖက်စစ်တပ်အတွင်းသို့ ချင်းနင်း ပြေးဝင်၍ ထိုဦးခေါင်းကိုပင် ခုတ်ဖြတ်၍ လက်နက်နှင့်တကွ ရယူနိုင်သော သူရဲကောင်းများဟု ဆိုလို၏။ ဝါ၊ အလွန်ထင်ရှားကျော်စောကုန်သော။ ရာဇပုတ္တာ၊ (စစ်ပွဲကျက်စား) ဘုရင့်သားတော်တို့လည်းကောင်း။ ပက္ခန္ဒိနော၊ ရန်သူ့တပ်တွင်း ချင်းနင်း ပြေးဝင်တတ်သော သူရဲကောင်းတို့လည်းကောင်း။ (ရန်သူ့တပ်တွင်း, အပြေးဝင်၍, လိုချင်ရာရာ, ရွေးကာသတ်လျက်, ခေါင်း, လက်နက်ကို, မပျက်ဆောင်နှင်း, ပေးသွင်းတတ်သော သူရဲကောင်းတို့လည်းကောင်း) မဟာနာဂါ၊ ဆင်ပြောင်ကြီးကဲ့သို့ နောက်မဆုတ်တမ်း တိုက်ခိုက်စွမ်းနိုင်သော သူရဲကောင်းတို့လည်းကောင်း။ သူရာ၊ အဖော်မမှီး တဦးတည်းပင် ရဲဝံ့စွာ တိုက်ခိုက်နိုင်သော သူရဲကောင်းတို့လည်းကောင်း။ (ချပ်ဝတ်တန်ဆာ, ဒိုင်းလွှားကာဖြင့်, သမုဒ္ဒရာတွင်း, ချင်းနင်းဖြတ်ကာ, နောက်ပါမမှီး, တကိုယ်တည်းဖြင့်, အပြီးအပိုင်, ရဲဝံ့စွာ တိုက်ခိုက်နိုင်သော သူရဲကောင်းတို့လည်းကောင်း။) စမ္မယောဓိနော၊ သားရေသင်တိုင်း, သားရေဒိုင်းတို့ဖြင့် စစ်တိုက်သော စစ်သူရဲတို့လည်းကောင်း။ ဒါသကပုတ္တာ၊ (သခင်အပေါ်၌ အလွန်ချစ်ခင်သော) အိမ်ပေါက်ကျွန်၏သားဖြစ်သော စစ်သူရဲတို့လည်းကောင်းတည်း။ပ။

ပဉ္စမေန၊ ငါးခုမြောက်သော။
ဣမိနာ နဂရပရိက္ခာရေန၊ (များစွာသော စစ်သည်အပေါင်းဟူသော) ဤမြို့၏ အဆင်တန်ဆာဖြင့်။
ဝါ၊ ဖြင့်။ပ။
နဂရေ၊ မြို့၌။
ပဏ္ဍိတော၊ ပင်ကိုယ်ဇာတိ ပညာရှိသော။
ဗျတ္တော၊ ပြုသင့် ပြုအပ် အရပ်ရပ်၌ နှံ့စပ်ကျွမ်းကျင်သော။
မေဓာဝီ၊ အရာဌာနတိုင်း၌ ဖြစ်ပေါ််လာသော ပညာရှိသော။
အညာတာနံ၊ မိမိ မသိအပ် (မသိရ)သေးသော လူစိမ်း သူစိမ်းတို့ကို။
နိဝါရေတာ၊ (မြို့တွင်းသို့ မဝင်လာအောင်) တားဆီးတတ်သော။
ဉာတာနံ၊ မိမိသိအပ်ပြီးသောသူတို့ကို (နေရပ်လိပ်စာ အကြောင်းရာဖုံဖုံ အားလုံးစုံကို ကျနစွာ သိရပြီးသော သူတို့ကို။)
ပဝေသေတာ၊ မြို့တွင်းသို့ ဝင်စေတတ်ရှိ၏။ပ။
ဆဋ္ဌေန၊ ခြောက်ခုမြောက်သော။
ဣမိနာ နဂရပရိက္ခာရေန၊ (ပဏ္ဍိတဗျတ္တ စသည်ဖြစ်သော) ဤတံခါးမှူးဟူသော မြို့အဆင်တန်ဆာဖြင့်။
ဝါ၊ ဤတံခါးမှူးဟူသော မြို့အကာအကွယ် အရံအတားဖြင့်။ပ။
နဂရေ၊ ၌။
ဥစ္စော စေဝ၊ သော။
ဝိတ္ထတော စ၊ သော။
**ဝါသနလေပနသမ္ပန္နော** စ၊ အပေါက်အပြက် အားလုံးတို့ကို ဖာထေး ဖုံးအုပ်တတ်သော အင်္ဂတေသုတ်လိမ်းခြင်းနှင့်လည်း ပြည့်စုံသော။ဝါသနလေပနသမ္ပန္နော။ ။ ဝသဓာတ်သည် ဤနေရာ၌ အစ္ဆာဒန(ဖုံးအုပ်ခြင်း) အနက်ကို ဟော၏။ ထို့ကြောင့် ဝါသနေန သဗ္ဗဝိဝရပဋိစ္ဆာဒနေန- အားလုံးသော အပေါက်အပြတ်ကို စပ်ဟပ် ဖုံးအုပ် ဖာထေးတတ် (ဖာထေးကြောင်းဖြစ်)သော။ သုဓာလေပနေန- အင်္ဂတေသုတ်လိမ်းခြင်းနှင့်။ သမ္ပန္နော- ပြည့်စုံသော ဟုဖွင့်၏။
တနည်း- ဗဟိ ဝါ ခါဏုပါကာရသင်္ခါတေန ဝါသနေန- မြို့အပြင်၌ သစ်ငုတ်တံတိုင်းဟူသော အကာအကွယ်နှင့် လည်းကောင်း။ ဃနမဋ္ဌေန စ သုဓာလေပနေန- တခဲနက် ပြေပြစ်သော အင်္ဂတေသုတ်လိမ်းမှုနှင့်လည်းကောင်း။ သမ္ပန္နော- ပြည့်စုံသော။ ဝါ၊ မြို့အပြင်ဘက်၌ သစ်ငုတ်တံတိုင်းဟူသော အကာအကွယ်နှင့်လည်းကောင်း, တခဲနက် ချောမောပြေပြစ်သော အင်္ဂတေ လိမ်းကျံမှုနှင့်လည်းကောင်း ပြည့်စုံလည်း ပြည့်စုံသော။ ပါကာရော၊ တံတိုင်းသည်။ ဟောတိ၊ ရှိ၏။ပ။

သတ္တမေန၊ (၇)ခုမြောက်သော။
ဣမိနာ နဂရပရိက္ခာရေန၊ (တံတိုင်းဟူသော) ဤမြို့၏ အဆင်တန်ဆာဖြင့်။
ဝါ၊ ဖြင့်။
သုပရိက္ခတံ၊ သည်။
ဟောတိ၊ ဖြစ်၏။
သတ္တဟိ၊ (၇)မျိုးကုန်သော။
ဣမေဟိ နဂရပရိက္ခာရေဟိ၊ ဤမြို့အဆင်တန်ဆာတို့ဖြင့်။
ဝါ၊ တို့ဖြင့်။
သုပရိက္ခတံ ဟောတိ။
ကတမေသံ၊ အဘယ်မည်ကုန်သော။
စတုန္နံ၊ ကုန်သော။
အာဟာရာနံ၊ တို့ကို။
နိကာမလာဘီ၊ သည်။ပ။
အကသိရလာဘီ၊ သည်။
ဟောတိ၊ ဖြစ်သနည်းဟူမူ။
ဘိက္ခဝေ၊ တို့။
ဣဓ၊ ၌။
ရညော၊ ၏။
ပစ္စန္တိမေ၊ သော။
နဂရေ၊ မြို့၌။
အဗ္ဘန္တရာနံ၊ မြို့တွင်းနေလူတို့၏။
ရတိယာ၊ ပျော်မွေ့ခြင်းငှာလည်းကောင်း။
အပရိတဿာယ၊ မကြေက်ရွံ့ခြင်းငှာလည်းကောင်း။
ဖာသုဝိဟာရာယ၊ ချမ်းသာစွာ နေထိုင်ရခြင်းငှာလည်းကောင်း။
ဗာဟိရာနံ၊ တို့ကို။
ပဋိဃာတာယ၊ ငှာလည်းကောင်း။
ဗဟုံ၊ များစွာသော။
တိဏကဋ္ဌောဒကံ၊ မြက်, ထင်းသစ်သား, ရေသည်။ (ဆင်မြင်း စသည်တို့ စားခြင်း, အိမ်မိုးခြင်းငှာ သယ်ဆောင်ထားအပ်သော မြက်+အိမ်ဆောက်ခြင်း, ထမင်းချက်ခြင်း စသည်အကျိုးငှာ သယ်ဆောင်ထားအပ်သော သစ်သားထင်း+ စက်ယန္တရားတို့ဖြင့် သွင်း၍ ရေကန်တို့၌ သိုလှောင်ထားအပ်သော ရေသည်)
သန္နိစိတံ၊ ကြိုတင်စုဆောင်းထားအပ်သည်။
ဟောတိ၊ ၏။
ဘိက္ခဝေ၊ တို့။
ပုန စ ပရံ၊ နောက်ထပ်အခြားသော အာဟာရတမျိုးကား။ပ။
သာလိယဝကံ၊ သလေးစပါးနှင့် မုယောစပါးသည်။ပ။
တိလ+မုဂ္ဂ+မာသ+အပရဏ္ဏံ၊ နှမ်း+ပဲနောက်+မာသ်မဲနှင့်+ ထိုမှကြွင်းသမျှ ၌ဲအားလုံးသည်။ပ။
ဘိက္ခဝေ၊ တို့။
ပုန စ ပရံ၊ နောက်ထပ်အခြားသော အာဟာရတမျိုးကား။
ရညော၊ ၏။
ပစ္စန္တိမေ၊ သော။
နဂရေ၊ ၌။
အဗ္ဘန္တရာနံ၊ တို့၏။
ရတိယာ၊ လည်းကောင်း။
အပရိတဿာယ၊ ကောင်း။
ဖာသုဝိဟာရာယ၊ ကောင်း။
ဗာဟိရာနံ၊ တို့ကို။
ပဋိဃာတာယ၊ ငှာလည်းကောင်း။
ဗဟုံ၊ သော။
ဘေသဇ္ဇံ၊ ဆေးသည်။
သန္နိစိတံ၊ သည်။
ဟောတိ၊ ၏။
သေယျထိဒံ၊ ထိုများစွာသော ဆေးဟူသည် အဘယ်နည်းဟူမူ။
သပ္ပိ၊ ထောပတ်လည်းကောင်း။
နဝနီတံ၊ ဆီးဦးလည်းကောင်း။
တေလံ၊ ဆီလည်းကောင်း။
မဓု၊ ပျားရည်လည်းကောင်း။
ဖာဏိတံ၊ တင်လဲလည်းကောင်း။
လောဏံ၊ ဆားလည်းကောင်းတည်း။
ဘိက္ခဝေ၊ တို့။
စတုန္နံ၊ ကုန်သော။
ဣမေသံ အာဟာရာနံ၊ ဤ အစာအာဟာရတို့ကို။
နိကာမလာဘီ၊ သည်။ပ။
ဟောတိ။
ဘိက္ခဝေ၊ တို့။
ယတော၊ ၌။ပ။
သတ္တဟိ၊ ကုန်သော။
ဣမေဟိ နဂရပရိက္ခာရေဟိ၊ ဤမြို့အဆင်တန်ဆာတို့ဖြင့်။
သုပရိက္ခတံ၊ သည်။
ဟောတိ၊ ၏။
စ၊ ထို့ပြင်။
စတုန္နံ၊ ကုန်သော။
ဣမေသံ အာဟာရာနံ၊ ဤအာဟာရတို့ကို။ပ။
ဘိက္ခဝေ၊ တို့။
ဧဝမေဝံ၊ ဤအတူပင်။
ယတော၊ အကြင်အခါ၌။
အရိယသာဝကော၊ အရိယာဖြစ်သော တပည့်သည်။
သတ္တဟိ၊ (၇)ပါးကုန်သော။
သဒ္ဓမ္မေဟိ၊ သူတော်ကောင်းတရားတို့နှင့်။
သမန္နာဂတော၊ ပြည့်စုံသည်။
ဟောတိ၊ ၏။
စ၊ ထို့ပြင်။
အာဘိစေတသိကာနံ၊ ထူးချွန်လွန်ကဲသော ဥပစာရဈာန်စိတ်၌ ဖြစ်ကုန်, မှီတည်ကုန်သော။
ဒိဋ္ဌဓမ္မသုခဝိဟာရာနံ၊ ယခုမျက်မှောက် အတ္တဘော၌ ချမ်းသာစွာ နေထိုင်ရကြောင်း ဖြစ်ကုန်သော။
စတုန္နံ၊ လေးပါးကုန်သော။
ဈာနာနံ၊ ရူပါဝစရဈာန်တို့ကို။
နိကာမလာဘီ၊ မိမိအလိုဆန္ဒအတိုင်း ရနိုင်ခြင်းရှိသည်။
ဝါ၊ အလိုရှိရာခဏပပင် ဝင်စားနိုင်သည်။
အကိစ္ဆလာဘီ၊ မပင်မပန်းချမ်းသာစွာ ရနိုင်ခြင်းရှိသည်။
ဝါ၊ လွယ်ကူစွာ ဆန့်ကျင်ဘက်တို့ကို ပယ်ရှား၍ ဝင်စားနိုင်သည်။
အကသိရလာဘီ၊ ပြန့်ပြောပေါများစွာ ရနိုင်ခြင်းရှိသည်။
ဝါ၊ သတ်မှတ်ထားသည့် အချိန်ပိုင်း၌ ထနိုင်ရပ်တန့်နိုင်သည်။
ဟောတိ၊ ၏။
ဘိက္ခဝေ၊ တို့။
(တတော၊ ထိုအခါ၌)
အယံ အရိယသာဝကော၊ ဤအရိယာတပည့်ကို။
**မာရဿ**၊ မာရ်နတ်သည်။ (သတ္တဝါတို့ကို အကျိုးမဲ့၌ ယှဉ်စေလျက် ဂုဏ်သေအောင် သတ်တတ်သော နတ်ယုတ်မာသည်)မာရဿ ပါပိမတော။ ။ သတ္တေ အနတ္ထေ နိယောဇေန္တော (ဂုဏမာရဏေန) မာရေတီတိ မာရော- သတ္တဝါတို့ကို အကျိုးမဲ့၌ ယှဉ်ကပ်စေလျက် (ဂုဏ်ကို သတ်သောအားဖြင့်) သတ်တတ်သော နတ်ယုတ်မာ။ ပါပိမာတိ တဿေဝ ဝေဝစနံ၊ သော ဟိ ပါပဓမ္မသမန္နာဂတတ္တာ "ပါပိမာ"တိ ဝုစ္စတိ။ ဒီ, မဟာဝဂ်၊ မဟာပရိနိဗ္ဗာနသုတ် အဋ္ဌကထာ၊ ၁၄၅၊ ဥဒါန်းအဋ္ဌကထာ၊ ၂၉၆။
ပါပေါ ယဿ အတ္ထီတိ ပါပိမာ- မကောင်းမှု အကုသိုလ်ရှိသောမာရ်နတ်။ ပါပပုဒ် ဣမန္တုပစ္စည်း၊ မကောင်းမှုအကုသိုလ်ရှိသူဟု ဆိုရာ၌ မာရ်နတ်သည် သာမာန်ရှိရုံမျှ မဟုတ်ဘဲ သူတပါးထက် အလွန်အကျူး အထူးရှိသူ ဖြစ်သောကြောင့် အတိသယ အဿတ္ထိအနက်ဟော ဣမန္တုပစ္စည်းတည်း။
အတ္တနော ဝိသယံ အတိက္ကမိတုံ ပဋိပန္နေ သတ္တေ မာရေတီတိ မာရော- မိမိ၏ ကာမနယ်ပယ်ကို ကျော်လွန်ခြင်းငှာ ကျင့်ကြံအားထုတ်သော သတ္တဝါတို့ကို သေစေတတ်သော နတ်ယုတ်မာ။ ပါပေ နိယောဇေတိ, သဘံ ဝါ ပါပေ နိယုတ္တောတိ ပါပိမာ- (သတ္တဝါတို့ကို) မကောင်းမှု၌ ယှဉ်တွဲစေတတ်သော နတ်ယုတ်မာ (တနည်း) မိမိကိုယ်တိုင်လည်း မကောင်းမှုအကုသိုလ်၌ ယှဉ်တွဲတတ်သော နတ်ယုတ်မာ။ သဂါထာဝဂ္ဂမာရသံယုတ် အဋ္ဌကထာ (သံ၊ ဋ္ဌ၊ပ- ၁၅၅)။ အကရဏီယော၊ အနိုင်ယူမှု မပြုနိုင်ဟူ၍။ ပါပိမတော၊ အကုသိုလ်ပါပ, အပြည့်အဝ အလွန်အကဲရှိသော မာရ်နတ်သည်။ အကရဏီယော၊ ၍။ ဝုစ္စတိ။
ပါပေါ ယဿ အတ္ထီတိ ပါပိမာ- မကောင်းမှု အကုသိုလ်ရှိသောမာရ်နတ်။ ပါပပုဒ် ဣမန္တုပစ္စည်း၊ မကောင်းမှုအကုသိုလ်ရှိသူဟု ဆိုရာ၌ မာရ်နတ်သည် သာမာန်ရှိရုံမျှ မဟုတ်ဘဲ သူတပါးထက် အလွန်အကျူး အထူးရှိသူ ဖြစ်သောကြောင့် အတိသယ အဿတ္ထိအနက်ဟော ဣမန္တုပစ္စည်းတည်း။
အတ္တနော ဝိသယံ အတိက္ကမိတုံ ပဋိပန္နေ သတ္တေ မာရေတီတိ မာရော- မိမိ၏ ကာမနယ်ပယ်ကို ကျော်လွန်ခြင်းငှာ ကျင့်ကြံအားထုတ်သော သတ္တဝါတို့ကို သေစေတတ်သော နတ်ယုတ်မာ။ ပါပေ နိယောဇေတိ, သဘံ ဝါ ပါပေ နိယုတ္တောတိ ပါပိမာ- (သတ္တဝါတို့ကို) မကောင်းမှု၌ ယှဉ်တွဲစေတတ်သော နတ်ယုတ်မာ (တနည်း) မိမိကိုယ်တိုင်လည်း မကောင်းမှုအကုသိုလ်၌ ယှဉ်တွဲတတ်သော နတ်ယုတ်မာ။ သဂါထာဝဂ္ဂမာရသံယုတ် အဋ္ဌကထာ (သံ၊ ဋ္ဌ၊ပ- ၁၅၅)။ အကရဏီယော၊ အနိုင်ယူမှု မပြုနိုင်ဟူ၍။ ပါပိမတော၊ အကုသိုလ်ပါပ, အပြည့်အဝ အလွန်အကဲရှိသော မာရ်နတ်သည်။ အကရဏီယော၊ ၍။ ဝုစ္စတိ။
ကတမေဟိ၊ အဘယ်မည်ကုန်သော။
သတ္တဟိ၊ (၇)ပါးကုန်သော။
သဒ္ဓမ္မေဟိ၊ သူတော်ကောင်းတရားတို့နှင့်။
သမန္နာဂတော၊ သည်။
ဟောတိ၊ နည်းဟူမူ။
ဘိက္ခဝေ၊ တို့။
ရညော၊ ၏။
ပစ္စန္တိမေ၊ သော။
နဂရေ၊ ၌။
အဗ္ဘန္တရာနံ၊ တို့၏။
ဂုတ္တိယာ၊ ကောင်း။
ဗာဟိရာနံ၊ တို့ကို။
ပဋိဃာတာယ၊ ကောင်း။
ဧသိကာ၊ သည်။ပ။
အသမ္ပဝေဓီ၊ သည်။
ဟောတိ သေယျထာပိ၊ ဖြစ်သကဲ့သို့။
ဘိက္ခဝေ၊ တို့။
ဧဝမေဝံ၊ ပင်။
အရိယသာဝကော၊ မြတ်စွာဘုရား၏ အရိယာတပည့်သည်။
သဒ္ဓေါ၊ သဒ္ဓါတရားရှိသည်။ (**ဩကပ္ပနသဒ္ဓါ** , ပစ္စက္ခ သဒ္ဓါနှင့် ပြည့်စုံသည်)ဩကပ္ပနသဒ္ဓါ ပစ္စက္ခသဒ္ဓါ။ ။ ဒါနသီလာဒီနံ ဖလံ သဒ္ဒဟိတွာ ဒါနာဒိပုည ကရဏေ သဒ္ဓါ ဩကပ္ပနသဒ္ဓါနာမ- ဒါနသီလစသည်တို့၏ အကျိုးကို ယုံကြည်၍ ဒါနစသော ကုသိုလ်ကို ပြုခြင်းကိစ္စ၌ ဖြစ်သောသဒ္ဒါသည် ဩကပ္ပနသဒ္ဓါမည်၏။ {ဩကပ္ပန- မလှုပ်မယိုင်ခိုင်မြဲစွာ သက်ဝင်ယုံကြည်သော+ သဒ္ဓါ- သဒ္ဓါတရား} မဂ္ဂေန အာဂတသဒ္ဒါ ပစ္စက္ခသဒ္ဓါ နာမ၊ ပသာဒသဒ္ဓါတိပိ ဧသာ ဧဝ- မဂ်ကြောင့်ဖြစ်ပေါ်လာသော သဒ္ဓါသည် ပစ္စက္ခသဒ္ဓါ (တဆင့်ကြားမဟုတ်ဘဲ ကိုယ်တွေ့သိ၍ ယုံကြည်သော သဒ္ဓါ)မည်၏။ ပသာဒသဒ္ဓါဆိုသည်မှာလည်း ဤပစ္စက္ခသဒ္ဓါပင်ဖြစ်၏။ (ပသာဒ သဒ္ဓါသည်လည်း မဂ်ကြောင့်ဖြစ်ပေါ်လာသော သဒ္ဓါဖြစ်၏) ဤသုတ် အဋ္ဌကထာ။
ပဉ္စကနိပါတ်အဖွင့်စသည်နှင့် နှိုင်းယှဉ်ချက်။ ။ ပဉ္စကနိပါတ်စာပိုဒ် (၅၃) ပဓာနိယင်္ဂသုတ် အဋ္ဌကထာ၌မူ "ဗုဒ္ဓေါ ဓမ္မော သံဃောတိ ဝုတ္တေ အစလဘာဝေန ဩကပ္ပနံ ဩကပ္ပနသဒ္ဓါ နာမ- ဘုရားတရား သံဃာဟူသော စကားကို ပြောလိုက်လျှင် ထိုဘုရားအစရှိသော ရတနာသုံးပါးတို့၌ မလှုပ်မကိုင် ခိုင်မြဲစွာသက်ဝင်ယုံကြည်ခြင်းသည် ဩကပ္ပနသဒ္ဓါမည်၏"ဟု ဖွင့်ဆိုခဲ့၏။ စကားအသုံးအနှုန်း ကွဲသော်လည်း "ဒါနသီလာဒီနံ ဖလံ"စသော ယခင်အဖွင့်နှင့် အဓိပ္ပါယ်အတူတူပင် ဖြစ်နိုင်ပါ၏။ သို့သော် ဆက်လက်နှိုင်းယှဉ််ကြည့်ရန်မှာ-
ပဉ္စကနိပါတ်စာပိုဒ် (၈) စဝနသုတ် အဋ္ဌကထာ၌လည်း ဩကပ္ပနသဒ္ဓါ ပက္ခန္ဒန သဒ္ဓါ (ပစ္စက္ခသဒ္ဓါ၊ သီ၊ သျာမူကွဲ)ဟူ၍ ဤနဂရောပမသုတ်၌ကဲ့သို့ပင် သဒ္ဓါတရားနှစ်ပါးထုတ်ပြခဲ့၏။ ပဓာနိယင်္ဂသုတ် အဋ္ဌကထာစသော အခြားသော အဖွင့်များ၌မူ "ပက္ခန္ဒနသဒ္ဓါ ပစ္စက္ခသဒ္ဓါ"ဟူ၍ မပြဘဲ အာဂမသဒ္ဓါ, အဓိဂမသဒ္ဓါ, ဩကပ္ပနသဒ္ဓါ, ပသာဒသဒ္ဓါ ဟူ၍ သဒ္ဓါတရားလေးမျိုးပြ၏။ ထိုတွင် "အရိယသာဝကာနံ ပဋိဝေဓေန အဓိဂတတ္တာ အဓိဂမသဒ္ဓါနာမ"ဟူသော ပမာနိယင်္ဂသုတ်အဋ္ဌကထာနှင့်အညီ အရိယသာဝကတို့ သစ္စာလေးပါး ထိုးထွင်းသိခြင်းကြောင့် ဖြစ်ပေါ်လာသောသဒ္ဓါတရား (မဂ်နှင့်ယှဉ်သော သဒ္ဓါတရား)သည် အဓိဂသဒ္ဓါ ဖြစ်သောကြောင့် ပစ္စက္ခသဒ္ဓါနှင့် အဓိဂမသဒ္ဓါတို့ အတူတူဖြစ်ကြောင်းသိနိုင်၏။ သို့သော် "ပသာဒသဒ္ဓါတိပိ ဧသာဧဝ"ဟု ဖွင့်ဆိုရာ၌ကား ယခင်အဖွင့်များနှင့်မတူတတ်၊ စဝနသုတ်ဋီကာ, ပဓာနိယင်္ဂသုတ် အဋ္ဌကထာစသော ယခင်အဖွင့်များ၌မူ မဟာကပ္ပိနနင်း စသည်တို့၏ သဒ္ဓါတရားကဲ့သို့ သူတပါးတို့ထံမှ ဘုရားအသံ, တရားအသံ, သံဃာဟူသော အသံတို့ကို ကြားရရုံမျှဖြင့် ကြည်ညိုသောသဒ္ဓါသည် ပသာဒသဒ္ဓါမည်၏ဟု ဖွင့်ဆိုသောကြောင့် ထိုအဖွင့်များအလို ပသာဒသဒ္ဓါကို မဂ်ကြောင့်ဖြစ်ပေါ်လာသော ပစ္စက္ခသဒ္ဓါနှင့် တန်းတူထားလို့မဖြစ်နိုင်။ ထိုပသာဒသဒ္ဓါသည် အရိယာအဖြစ်သို့ မရောက်သေးခင်က မဟာကပ္ပိနမင်းစသော ပုထုဇဉ်များ၌ပင် ဖြစ်နိုင်သော သဒ္ဓါဖြစ်ကြောင်း သိနိုင်ပေသည်။ ဟောတိ၊ ၏။ တထာဂတဿ၊ မြတ်စွာဘုရား၏။ ဗောဓိံ၊ အရဟတ္တမဂ်ဉာဏ်, သဗ္ဗညုတဉာဏ်တော်ကို။ သဒ္ဒဟတိ၊ ယုံကြည်၏။ ဝါ၊ ကြည်ညို၏။ (ကိန္တိ သဒ္ဒဟတိ) [စာပိုဒ်(၄) ဤစာအုပ် စာမျက်နှာ (၂၀) ဝိတ္ထတဗလသုတ်ကြည့်]။ပ။

သဒ္ဓေသိကော၊ သဒ္ဓါတရားဟူသော တံခါးတိုင်ရှိသော။
အရိယသာဝကော၊ သည်။
အကုသလံ၊ အကုသိုလ်ကို။
ပဇဟတိ၊ ပယ်စွန့်၏။
ကုသလံ၊ ကုသိုလ်ကို။
ဘာဝေတိ၊ ဖြစ်ပွားစေ၏။
သာဝဇ္ဇံ၊ အပြစ်ရှိသော အကုသိုလ်ကို။
ပဇဟတိ၊ ၏။
အနဝဇ္ဇံ၊ အပြစ်မရှိသောကုသိုလ်ကို။
ဘာဝေတိ၊ ၏။
သုဒ္ဓံ၊ စင်ကြယ်အောင်။
အတ္တာနံ၊ မိမိကိုယ်ကို။
ပရိဟရတိ၊ ဆောင်၏။
ဝါ၊ ထိန်းသိမ်းစောင့်ရှောက်၏။
ပဌမေန၊ ရှေးဦးစွာသော။
ဣမိနာ သဒ္ဓမ္မေန၊ (သဒ္ဓါတရား ဟူသော) ဤကောင်းမြတ်သော သူတော်ကောင်းတရားနှင့်။
သမန္နာဂတော၊ ပြည့်စုံသည်။
ဟောတိ၊ ၏။ပ။
ပဋိဃာတာယ၊ ငှာလည်းကောင်း။
ဂမ္ဘီရာ စေဝ၊ နက်လည်းနက်သော။
ဝိတ္ထတာ စ၊ ကျယ်ပြန့်လည်း ကျယ်ပြန့်သော။
ပရိက္ခာ၊ ကျုံးသည်။
ဟောတိ သေယျထာပိ၊ ရှိသကဲ့သို့။
ဘိက္ခဝေ၊ တို့။
ဧဝမေဝံ၊ ပင်။ပ။ [ယခင်စာပိုဒ် (၄) ဝိတ္တတဗလသုတ်ပင်ကြည့်]။
ဘိက္ခဝေ၊ တို့။
ဟိရီပရိက္ခော၊ ဟိရီဟူသော ကျုံးရှိသော။ပ။
ဒုတိယေန၊ သော။
ဣမိနာ သဒ္ဓမ္မေန၊ (ဟိရီဟူသော) ဤကောင်းမြတ်သော သူတော်ကောင်းတရားနှင့်။ပ။
ဘိက္ခဝေ၊ တို့။
ဩတ္တပ္ပပရိယာယပထော၊ ဩတ္တပ္ပဟူသော ပတ်ပတ်လည်လမ်းမကြီးရှိသော။ပ။
တတိယေန၊ သော။
ဣမိနာ သဒ္ဓမ္မေန၊ (ဩတ္တပ္ပဟူသော) ဤကောင်းမြတ်သော သူတော်ကောင်းတရားနှင့်။ပ။ [စာပိုဒ် (၆) ဤစာအုပ် စာမျက်နှာ (၂၄၊၂၅) ဝိတ္ထတဓနသုတ်လည်းကြည့်]
သုတာဝုဓော၊ (ကြားနာသင်မှတ်ထားအပ်သော ပရိယတ်တရားဟူသော) သုတလက်နက်ရှိသော။ပ။
စတုတ္ထေန၊ သော။
ဣမိနာ သဒ္ဓမ္မေန၊ (ပရိယတ္တိဓမ္မသုတဟူသော) ဤကောင်းမြတ်သော သူတော်ကောင်းတရားနှင့်။ပ။
ဘိက္ခဝေ၊ တို့။
ရညော၊ ၏။
ပစ္စန္တိမေ၊ သော။
နဂရေ၊ ၌။
အဗ္ဘန္တရာနံ၊ တို့၏။
ဂုတ္တိယာ၊ ကောင်း။
ဗာဟိရာနံ၊ တို့ကို။
ပဋိဃာတာယ၊ ကောင်း။
ဗဟုဗလကာယော၊ သည်။
ပဋိဝသတိ သေယျထာပိ၊ နေသကဲ့သို့။
သေယျထိဒံ၊ နည်း။
ဟတ္ထာရောဟာ၊ ကောင်း။ပ။
ဒါသကပုတ္တာ၊ ကောင်းတည်း။
ဘိက္ခဝေ၊ တို့။
ဧဝမေဝံ။ပ။
ဘိက္ခဝေ၊ တို့။
ဝီရိယဗလကာယော၊ ဝီရိယဟူသော စစ်သည်အပေါင်းရှိသော။ပ။
ပဉ္စမေန၊ သော။
ဣမိနာ သဒ္ဓမ္မေန၊ (ဝီရိယ ဟူသော) ဤကောင်းမြတ်သော သူတော်ကောင်းတရားနှင့်။ပ။
ပစ္စန္တိမေ၊ သော။
နဂရေ၊ ၌။
အဗ္ဘန္တရာနံ၊ တို့၏။
ဂုတ္တိယာ၊ ကောင်း။
ဗာဟိရာနံ၊ တို့ကို။
ပဋိဃာတာယ၊ ကောင်း။
ပဏ္ဍိတော၊ သော။ပ။
ပဝေသေတာ၊ သော။
ဒေါဝါရိကော၊ သည်။
ဟောတိ သေယျထာပိ၊ ရှိသကဲ့သို့။
ဘိက္ခဝေ၊ တို့။
ဧဝမေဝံ။ပ။
ဘိက္ခဝေ၊ တို့။
သတိဒေါဝါရိကော၊ သတိဟူသော တံခါးမှူးရှိသော။ပ။
ဆဋ္ဌေန၊ (၆)ခုမြောက်သော။
ဣမိနာ သဒ္ဓမ္မေန၊ သတိဟူသော ဤကောင်းမြတ်သော သူတော်ကောင်းတရားနှင့်။ပ။
ဘိက္ခဝေ၊ တို့။
ပညာဝါသနလေပနသမ္ပန္နော၊ အားလုံးသော အပေါက်အပြတ်တို့ကို စပ်ဟပ်ဖုံးအုပ်တတ်သော အင်္ဂတေလိမ်းကျံခြင်းနှင့် ပြည့်စုံသော ပညာဟူသော တံတိုင်းရှိသော။
အရိယသာဝကော၊ သည်။ပ။
သတ္တမေန၊ သော။
ဣမိနာ သဒ္ဓမ္မေန၊ (ပညာဟူသော) ဤကောင်းမြတ်သော သူတော်ကောင်းတရားနှင့်။ပ။
အာဘိစေတသိကာနံ၊ ကုန်သော။
ဒိဋ္ဌဓမ္မသုခဝိဟာရာနံ၊ ကုန်သော။
ကတမေသံ၊ ကုန်သော။
စတုန္နံ၊ ကုန်သော။
ဈာနာနံ၊ တိတု့ကို။
နိကာမလာဘီ၊ သည်။ပ။
အကသိရလာဘီ၊ သည်။
ဟောတိ၊ နည်းဟူမူ။
ဘိက္ခဝေ၊ တို့။
ရညော၊ ၏။
ပစ္စန္တိမေ၊ သော။
နဂရေ၊ ၌။
အဗ္ဘန္တရာနံ၊ တို့၏။
ရတိယာ၊ ကောင်း။ပ။
ပဋိဃာတာယ၊ ကောင်း။
ဗဟုံ၊ သော။
တိဏကဋ္ဌောဒကံ၊ သည်။
သန္နိစိတံ၊ သည်။
ဟောတိ သေယျထာပိ၊ ဖြစ်သကဲ့သို့။
ဘိက္ခဝေ၊ တို့။
ဧဝမေဝံ၊ ပင်။
အရိယသာဝကော၊ သည်။
အတ္တနော၊ မိမိ၏။
ရတိယာ၊ ပျော်မွေ့ခြင်းငှာလည်းကောင်း။ (ဈာန်ချမ်းသာဖြင့် ပျော်မွေ့ခြင်းငှာလည်းကောင်း)
အပရိတဿာယ၊ မကြောက်ရွံ့ခြင်းငှာလည်းကောင်း။ (ဒုဂ္ဂတိဘေးတွေး၍ မကြောက်ရွံခြင်းငှာလည်းကောင်း)
ဖာသုဝိဟာရာယ၊ လည်းကောင်း။ (မျက်မှောက်တမလွန်၊ နှစ်တန်သောဘဝ၌ ချမ်းသာစွာနေရခြင်းငှာ လည်းကောင်း)
နိဗ္ဗာနဿ၊ နိဗ္ဗာန်သို့။
ဩက္ကမနာယ၊ ဆိုက်ရောက်ခြင်းငှာလည်းကောင်း။
ကာမေဟိ၊ ဝတ္ထုကိလေသာ နှစ်ဖြာသော ကာမတို့မှ။
ဝိဝိစ္စေဧဝ၊ ကင်းဆိတ်၍သာလျှင်။ပ။
ပဌမံ၊ ဂဏန်းစဉ်အားဖြင့် ပဌမဖြစ်သော။
ဈာနံ၊ ဈာန်သို့။
ဝါ၊ ကို။
ဥပသမ္ပဇ္ဇ၊ ရောက်၍။
ဝါ၊ ရ၍။
ဝါ၊ ပြီးစီးစေ၍။
ဝိဟရတိ၊ နေ၏။ပ။
နိဗ္ဗာနဿ၊ သို့။
ဩက္ကမနာယ၊ ကောင်း။
ဝိတက္ကဝိစာရာနံ၊ ဝိတက်ဝိစာရတို့ကို။
ဝူပသမာ၊ ချုပ်ငြိမ်းစေခြင်းကြောင့်။
ဝါ၊ ပယ်ခွာလွန်မြောက်ခြင်းကြောင့်။ပ။
ဒုတိယံ၊ ဂဏန်းစဉ်အားဖြင့် နှစ်ခုမြောက်သော။ပ။
ဝိဟာရတိ၊ ၏။ပ။
ဩက္ကမနာယ၊ ကောင်း။
ပီတိယာ၊ ပီတိကို။
ဝိရာဂါ စ၊ စက်ဆုပ်ခြင်းကြောင့်လည်းကောင်း။ပ။
ဝိဟရတိ၊ ၏။ပ။
ပစ္စန္တိမေ၊ သော။
နဂရေ၊ ၌။
အဗ္ဘန္တရာနံ၊ တို့၏။
ရတိယာ၊ ကောင်း။ပ။
ပဋိဃာတာယ၊ ကောင်း။
ဗဟုံ၊ သော။
ဘေသဇ္ဇံ၊ သည်။
သန္နိစိတံ၊ သည်။
ဟောတိ သေယျထာပိ၊ ကဲ့သို့။
သေယျထိဒံ၊ နည်းဟူမူ။
သပ္ပိ၊ ထောပတ်လည်းကောင်း။ပ။
လောဏံ၊ ဆားလည်းကောင်းတည်း။
ဘိက္ခဝေ၊ တို့။
ဧဝမေဝံ၊ ပင်။
အရိယသာဝကော၊ သည်။
အတ္တနော၊ ၏။
ရတိယာ၊ ကောင်း။ပ။
နိဗ္ဗာနဿ၊ သို့။
ဩက္ကမနာယ၊ ကောင်း။
ပုဗ္ဗေဝ၊ လျှင်။
သုခဿ၊ ကို။
ပဟာနာစ၊ ကောင်း။ [စာပိဒ်(၅၃) ဤစာအုပ် စာမျက်နှာ (၁၄၀၊၁၄၁) နန္ဒမာတာသုတ်ကြည့်]။ပ။
ဝိဟရတိ၊ ၏။
(အရိယသာဝကော၊ သည်။)
အာဘိစေတသိကာနံ၊ ကုန်သော။
ဒိဋ္ဌဓမ္မသုခဝိဟာရာနံ၊ ကုန်သော။
စတုန္နံ၊ ကုန်သော။
ဣမေသံ ဈာနာနံ၊ ဤ ရူပါဝစရဈာန်တို့ကို။ပ။
တတိယံ။