Issues
Select Version
sāsanāre-သာသနာရေး
မြန်မာဘာသာ
Bhikkhu Bodhi
English
Sattakanipātapāḷi
Sattakanipātapāḷi

4. Puggalasuttaṃ

Author: sāsanāre-သာသနာရေး @ IAPT

ဘိက္ခဝေ၊ တို့။ သတ္တ၊ (၇)ဦးကုန်သော။ ဣမေ ပုဂ္ဂလာ၊ ဤပုဂ္ဂိုလ်တို့သည်။ အာဟုနေယျာ၊ လေးစားကြည်ဖြူ, အဝေးမှပင် ဆောင်ယူ၍ ပေးလှူအပ်သော ပစ္စည်းဝတ္ထုကို ခံယူတော်မူထိုက်ကုန်၏။ ပါဟုနေယျာ၊ ဝေးနယ်ရပ်ခြား, ဧည့်သည်များဖို့, သီးခြားစီမံထားအပ်သော ပစ္စည်းဝတ္ထုကိုပင် အလှူခံခြင်းငှာ ထိုက်တော်မူကုန်၏။ ဒက္ခိဏေယျာ၊ တမလွန်ဘဝအကျိုးကို မျှော်ကိုးယုံကြည်၍ ပေးလှူအပ်သော ပစ္စည်းဝတ္ထုကို ခံယူတော်မူထိုက်ကုန်၏။ အဉ္ဇလိကရဏီယာ၊ လက်အုပ်ချီမိုး ရှိခိုးသမှု ပြုထိုက်ကုန်၏။ လောကဿ၊ သတ္တဝါအပေါင်း၏။ အနုတ္တရံ၊ မိမိထက် ထူးကဲသာလွန် မြင့်မြတ်သောသူမရှိသော။ ဝါ၊ အထူးမြတ်ဆုံး ဖြစ်သော။ ပုညက္ခေတ္တံ၊ ကုသိုလ်ကောင်းမှု, မျိုးစေ့စု၏, ကြီးထုမြင့်မား, ဖွံ့ထွားပေါက်ရောက်ရာ လယ်ယာမြေကောင်းအတူ ဖြစ်တော်မူ၏။
သတ္တ၊ (၇)ဦးသော ပုဂ္ဂိုလ်တို့ဟူသည်။ ကတမေ၊ အဘယ်တို့နည်းဟူမူ။
ဥဘတောဘာဂဝိမုတ္တော၊ ဥဘတောဘာဂဝိမုတ္တရဟန္တာပုဂ္ဂိုလ်လည်းကောင်း။၁။ ဥဘတောဘာဂဝိမုတ္တပုဒ် ဝစနတ္ထ။ ။ ဤသုတ်ဋီကာနှင့် မဇ္ဈိမပဏ္စာသ၊ ကီဋာဂိရိသုတ်ဋီကာ(၆၄)တို့၌ "ဥဘတော ဥဘယထာ, ဥဘတော ဥဘောဟိ ဘာဂေဟိ ဝိမုတ္တောတိ ဥဘတောဘာဂဝိမုတ္တော ဧကဒေသသရူပေကသေသနယေန" ဟုဖွင့်၏။ ပုဂ္ဂလပညတ် အဋ္ဌကထာ(၄၁)၌လည်း "ဒွီဟိ ဘာဂေဟိ ဒွေ ဝါရေ ဝိမုတ္တောတိ ဥဘတောဘာဂဝိမုတ္တော"စသည်ဖြင့် ဖွင့်၏။
ဥဘတော ဥဘယထာ- နှစ်ပါးသော အခြင်းအရာအားဖြင့်။ ဝါ- နှစ်ကြိမ်တိုင်တိုင်။ ဥဘတော ဥဘောဟိ ဘာဂေဟိ- နှစ်ပါးသောအဖို့တို့ဖြင့်။ ဝိမုတ္တော- ကိလေသာတို့မှ လွတ်မြောက်သော ရဟန္တာပုဂ္ဂိုလ်တည်း။ ဣတိ- ထို့ကြောင့်။ ဧကဒေသသရူပေကသေသနယေန- တစိတ်တပိုင်း ရုပ်သွင်တူ တခုကြွင်းပြုနည်းအားဖြင့်။ ဥဘတောဘာဂဝိမုတ္တော- ဥဘတောဘာဂဝိမုတ္တောမည်၏။ ဆိုလိုသည်မှာ-
အရူပသမာပတ်ကို ရသောအခါ ထိုအရူပသမာပတ်ဖြင့် နီဝရဏကိလေသာတို့ကို ပယ်ခွာလိုက် (ဝိက္ခမ္ဘန ပြုလိုက်)၏။ ယင်းသို့ ပယ်ခွာခြင်းတည်းဟူသော လွတ်မြောက်ပုံ လွတ်မြောက်နည်း (ဝိက္ခမ္ဘနဝိမောက္ခ)ဖြင့် ဦးစွာပဌမတကြိမ် ကိလေသာတို့မှ လွတ်မြောက်၏။ ထို့နောက် အရူပသမာပတ်ကို အခြေခံပြု ဝိပဿနာရှု၍ အရဟတ္တမဂ်ကို ရသောအခါ ထိုအရဟတ္တမဂ်ဖြင့် ကိလေသာအားလုံးတို့ကို အကြွင်းမဲ့ အပြီးအပြတ် ပယ်သတ်လိုက် (သမုစ္ဆေဒပြုလိုက်)၏။ ယင်းသို့ ပယ်သတ်ခြင်းတည်းဟူသော လွတ်မြောက်ပုံ လွတ်မြောက်နည်း(သမုစ္ဆေဒဝိမောက္ခ)ဖြင့် ဒုတိယတကြိမ် ထပ်မံ၍ ကိလေသာတို့မှ လွတ်မြောက်ပြန်၏။ ဤသို့အားဖြင့် "ဒွီဟိ ဘာဂေဟိ- ဝိက္ခမ္ဘန, သမုစ္ဆေဒ ဟူသောနှစ်ပါးသောအဖို့တို့ဖြင့်။ (ဒွေ ဝါရေ- ဝိက္ခမ္ဘန တကြိမ်, သမုစ္ဆေဒ တကြိမ်အားဖြင့် နှစ်ကြိမ်တိတိ) ဝိမုတ္တော- ကိလေသာတို့မှ လွတ်မြောက်သော ရဟန္တာပုဂ္ဂိုလ်သည်။ ဥဘတောဘာဂဝိမုတ္တော- ဥဘတောဘာဂဝိမုတ္တောမည်၏။ ဤအဖွင့်ကို ကြည့်၍-
ဥဘတော ဥဘယထာ ဝိမုတ္တော ဥဘတောဝိမုတ္တော- နှစ်ကြိမ်လွတ်မြောက်သော ပုဂ္ဂိုလ်။ ဥဘတော ဥဘောဟိ ဘာဂဟိ ဝိမုတ္တော ဥဘတောဘာဂဝိမုတ္တော- နှစ်ပါးသော အဖို့တို့ဖြင့် ကိလေသာတို့မှ လွတ်မြောက်သော ပုဂ္ဂိုလ်။ ဤသို့ ဝိဂြိုဟ်နှစ်မျိုးပြုပြီးနောက် ဥဘတောဘာဂဝိမုတ္တတပုဒ်တည်းဖြင့် ထိုဝိဂြိုဟ်အနက် နှစ်မျိုးလုံး ပါဝင်နိုင်အောင် "ဥဘတောဝိမုတ္တော စ ဥဘတောဘာဂဝိမုတ္တော စ ဥဘတောဘာဂဝိမုတ္တော" ဟူ၍ ဧကဒေသသရူပေကသေသဝိဂြိုဟ်အစစ် ပြုသင့်သည်။
ဒွီဟိ ဘာဂေဟီတိ ဝိက္ခမ္ဘန သမုစ္ဆေဒဘာ‌ဂေဟိ၊ ဒွေ ဝါရေတိ ကိလေသာနံ ဝိက္ခမ္ဘနသမုစ္ဆိန္ဒနဝသေန ဒွိက္ခတ္တုံ။ ပုဂ္ဂလပညတ် အနုဋီကာ၊ ၄၇။
ထေရဝါဒသုံးမျိုး။ ။ဤနေရာ၌ အဘယ်ကြောင့် ဥဘတောဘာဂဝိမုတ္တခေါ်ဆိုရသည်ဟူသော ပြဿနာနှင့် စပ်၍ ပုဂ္ဂလပညတ်အဋ္ဌကထာ (၄၁)၌ ထေရဝါဒသုံးမျိုး ပြထား၏။ ၎င်းသုံးမျိုးကား-
(၁) အရူပသမာပတ်ဖြင့် ဝိက္ခမ္ဘနဝိမောက္ခအားဖြင့်လည်းကောင်း, မဂ်ဖြင့် သမုစ္ဆေဒဝိ‌မောက္ခအားဖြင့်လည်းကောင်း ဤသို့အားဖြင့် နှစ်ပါးသော အဖို့တို့ဖြင့် နှစ်ကြိမ်တိုင်တိုင် ကိလေသာတို့မှ လွတ်မြောက်သောကြောင့် ဥဘတောဘာဂဝိမုတ္တခေါ်သည်။ (၂) ရူပကာယ, နာမကာယဟူသော နှစ်ပါးသောအဖို့တို့မှ လွတ်မြောက်သောကြောင့် ဥဘတောဘာဂဝိမုတ္တခေါ်သည်။ (၃) အရူပသမာပတ်ဖြင့် ဝိက္ခမ္ဘနဝိမောက္ခ အားဖြင့်တကြိမ် ကိလေသာတို့မှ လွတ်မြောက်၍ မဂ်ဖြင့် သမုစ္ဆေဒဝိမောက္ခအားဖြင့် တကြိမ် ကိလေသာတို့မှ လွတ်မြောက်သောကြောင့် ဥဘတောဘာဂဝိမုတ္တခေါ်သည်။ ဤသို့ ထေရဝါဒ သုံးမျိုးရှိရာတွင် ယခုပြထားသော ဧကဒေသ သရူပေကသေသ ဝစနတ္ထ ရှင်းလင်းချက်၌ ပထမ, ဒုတိယ, တတိယ ထေရဝါဒနှစ်မျိုးသာ ပါဝင်နိုင်၍ ဒုတိယ ထေရဝါဒ မပါဝင်နိုင်။ ထို့ကြောင့် သက်ဆိုင်ရာသာဓကများဖြင့် ဆက်လက်ရှင်းလင်း ပြဦးမည်။
ဝိသုဒ္ဓိမဂ် မဟာဋီကာအဖွင့် ။ ။ ဝိသုဒ္ဓိမဂ် မဟာဋီကာ၊ ဒု-၄၆၈ ၌ "ဥဘတောဘာဂဝိမုတ္တောတိ ဒွီဟိ ဘာဂေဟိ ဒွေဝါရေ ဝိမုတ္တော" ဟူ၍ပင် အစချီ၍ ဖွင့်၏။ ထိုဋီကာအလို ဥဘတောဘာဂ (နှစ်ပါးသောအဖို့) ဟူသည် ရူပကာယ (ရုပ်အပေါင်း) နှင့် နာမကာယ (နာမ်အပေါင်း) ဟူသော အဖို့နှစ်ပါးတည်း။ ထိုနှစ်ပါးတို့တွင် ရူပကာယ၌ တပ်မက်သော ရူပတဏှာကို အရူပဈာန်ဖြင့် ပယ်ခွာ၏ (ဝိက္ခမ္ဘနပြု၏။) ထိုအရူပဈာန်ဖြင့်ပင် နီဝရဏကိလေသာတည်းဟူသော နာမကာယတချို့ကိုလည်း ပယ်ခွာ၏။ ထို့ကြောင့် အရူပဈာန်သမာပတ်ဖြင့် ရူပကာယမှလည်းကောင်း, နာမကာယ တချို့မှလည်းကောင်း ဝိက္ခမ္ဘနအားဖြင့် လွတ်မြောက်၏။
ထို့နောက် အရူပဈာန်ကို အခြေခံပြု ဝိပဿနာရှု၍ အရဟတ္တမဂ်ကို ရသောအခါ အရဟတ္တမဂ်ဖြင့် ကိလေသာအားလုံးဟူသော နာမကာယကို အကြွင်းမဲ့ အပြီးသတ် ပယ်သတ်လိုက် (သမုစ္ဆေဒ ပြုလိုက်)၏။ ထို့ကြောင့် အရဟတ္တမဂ်ဖြင့် နာမကာယမှ သမုစ္ဆေဒအားဖြင့် လွတ်မြောက်၏။ ဤနည်းအားဖြင့် ရူပကာယနာမကာယဟူသော နှစ်ပါးသောအဖို့တို့မှ ဝိက္ခမ္ဘနတကြိမ်, သမုစ္ဆေဒ တကြိမ်အားဖြင့် နှစ်ကြိမ်တိတိ လွတ်မြောက်သောကြောင့် ထိုရဟန္တာပုဂ္ဂိုလ်ကို ဥဘတောဘာဂဝိမုတ္တခေါ်၏။ ဤနည်း၌ကား ထေရဝါဒသုံးမျိုးလုံး ပါဝင်နိုင်၏။
ဥဘတောဘာဂဝိမုတ္တ ဝစနတ္ထ တနည်း ။ ။ ဥဘတောဘာဂဝိမုတ္တာတိ ဥဘယ ဘာဂေတိ ဥဘယဘာဂတော ဝိမုတ္တာတိ အယမေတ္ထ အတ္ထောတိ ဒဿေတိ "အရူပ သမာပတ္တိယာ ရူပကာယတော ဝိမုတ္တာ၊ အဂ္ဂမဂ္ဂေန နာမကာယတော"တိ ဣမိနာ။ သဂါထာဝဂ္ဂသံယုတ်၊ ပဝါရဏာသုတ်ဋီကာ၊ ၂၉၁။
ဤအဖွင့်အလို "ဥဘောဟိ ဘာဂေဟိ ဝိမုတ္တာ ဥဘတောဘာဂ ဝိမုတ္တာ" ဟု ဝစနတ္ထပြုပြီးလျှင် "ဥဘောဟိ ဘာဂေဟိ- နှစ်ပါးသောအဖို့တို့ဖြင့်။ ဥဘောဟိ ဘာဂေဟိ- နှစ်ပါးသောအဖို့တို့မှ။ ဝိမုတ္တော- လွတ်မြောက်သော ပုဂ္ဂိုလ်"ဟူ၍ "ဥဘောဟိ ဘာဂေဟိ"ပုဒ်ကို အာဝုတ္ထိနည်းအားဖြင့် နှစ်ကြိမ်အနက်ပြန်ဆိုရ၏။ ဆိုလိုသည်မှာ-
အရူပသမာပတ်ဖြင့် ရူပကာယမှ လွတ်မြောက်၍ အရဟတ္တမဂ်ဖြင့် ကိလေသာဟူသော နာမကာယမှ လွတ်မြောက်ရကား ထိုရဟန္တာအရှင်မြတ်သည် အရူသမာပတ်နှင့် အရဟတ္တမဂ်ဟူသော နှစ်ပါးသောအဖို့တို့ဖြင့် ရူပကာယ, နာမကာယဟူသော နှစ်ပါးသောအဖို့တို့မှ လွတ်မြောက်သောကြောင့် ဥဘတောဘာဂဝမုတ္တမည်၏ဟု ဆိုလို၏။ ဤနည်း၌လည်း ထေရဝါဒသုံးမျိုးလုံး ပါဝင်နိုင်၏။
ဥဘတောဘာဂဝိမုတ္တောတိ ဒွီဟိ ဘာဂေဟိ ဝိမုတ္တော၊ အရူပသမာပတ္တိယာ ရူပကာယတော ဝိမုတ္တော၊ မဂ္ဂေန နာမကာယတော။ ဤသုတ် အဋ္ဌကထာ၊ (ပုဂ္ဂလပညတ် အဋ္ဌကထာ၌လည်း "သင်္ခေပတော ပန" စသည်ဖြင့် ဤအတိုင်းပင် ဖွင့်၏။) ဒွီဟိ ဘာဂေဟီတိ ကရဏေ နိဿက္ကေစေတံ ဗဟုဝစနံ၊ အာဝုတ္တိအာဒိဝသေန အယံ နိယမော ဝေဒိတဗ္ဗောတိ အာဟ "အရူပသမာပတ္တိယာ"တိ အာဒိ။ ဤသုတ်ဋီကာနှင့် ဒီ,ပါထိကဝဂ်၊ သမ္ပသာဒနီယသုတ်ဋီကာ၊ ၇၂။
ဥဘတော ဘာဂဝိမုတ္တပုဒ် အနက်(၃)နည်း ပြန်ဆိုခြင်း ။ ။ ပြခဲ့သောအဖွင့်များနှင့် အညီ ဥဘတောဘာဂဝိမုတ္တပုဒ်ကို အနက်(၃)နည်း ပြန်ဆိုနိုင်၏။ ဥဘတောဘာဂဝိမုတ္တော- ဝိက္ခမ္ဘန သမုစ္ဆေဒဟူသော နှစ်ပါးသော အဖို့တို့ဖြင့် ဝိက္ခမ္ဘနတကြိမ်, သမုစ္ဆေဒတကြိမ်အားဖြင့် နှစ်ကြိမ်တိတိ ကိလေသာတို့မှ လွတ်မြောက်သော ပုဂ္ဂိုလ်။ ဝါ- ဝိက္ခမ္ဘန သမုစ္ဆေဒအားဖြင့် နှစ်ကြိမ်တိတိ ရူပကာယ နာမကာယဟူသော နှစ်ပါးသော အဖို့တို့မှ လွတ်မြောက်သော ပုဂ္ဂိုလ်။ [တတိယအနက်ကို နိဿယခန်းအတိုင်းဆိုလေ။ ဥဘတောဘာဂဝိမုတ္တ ပုဂ္ဂိုလ်အရေအတွက်ကို ဒုကနိပါတ်စာပိုဒ် (၄၉)နှင့် ပရိယာယနိပ္ပရိယာယ ဥဘတောဘာဂဝိမုတ္တခွဲခြားပုံကို နဝကနိပါတ်စာပိုဒ်(၄၅)၌ ရေးထားပြီ။]
ဝါ၊ အရူပသမာပတ်နှင့် အရဟတ္တမဂ်ဟူသော နှစ်ပါးသောအဖို့တို့ဖြင့် ရူပကာယ, နာမကာယဟူသော နှစ်ပါးသောအဖို့တို့မှ လွတ်မြောက်သော ရဟန္တာပုဂ္ဂိုလ်လည်းကောင်း။ ပညာဝိမုတ္တော၊ ပညာဝိမုတ္တော ရဟန္တာပုဂ္ဂိုလ်လည်းကောင်း။ ဝါ၊ (အရူပသမာပတ်မပါ) အရဟတ္တမဂ်ပညာဖြင့်သာ ကိလေသာအားလုံးမှ လွတ်မြောက်သော ရဟန္တာပုဂ္ဂိုလ်လည်းကောင်း။ ကာယသက္ခီ၊ နာမကာယဖြင့် နိဗ္ဗာန်ကို မျက်မှောက်ပြုသော သေက္ခပုဂ္ဂိုလ်လည်းကောင်း။ (အရူပါဝစရဈာန်ဖဿကို တွေ့ထိရရှိပြီးနောက် တဆက်တည်းပင် အလယ်မဂ်ဖိုလ်ခြောက်ပါးဟူသော နာမကာယဖြင့် နိဗ္ဗာန်ကို မျက်မှောက်ပြုသော သေက္ခပုဂ္ဂိုလ် လည်းကောင်း။)၁။ ကာယသက္ခိငါးယောက်နှင့် ခြောက်ယောက် ။ ။ ဖုဋ္ဌန္တံ- တွေ့ထိရရှိအပ်ပြီးသော အရူပါဝစရဈာန်တို့၏ အဆုံးကာလ, အခြားမဲ့ကာလ၌သာလျှင်။ ဝါ- အရူပဈာန်တို့ကို တွေ့ထိရရှိပြီးသည်နှင့် တဆက်တည်းသာလျှင်။ သစ္ဆိကတော- နိဗ္ဗာန်ကို မျက်မှောက်ပြုသော ပုဂ္ဂိုလ်တည်း။ ဣတိ- ထို့ကြောင့်။ ကာယသက္ခိ- ကာယသက္ခိမည်၏။ ဆိုလိုသည်မှာ-
ရှေးဦးစွာ အရူပါဝစရဈာန်ဖဿကို (သို့မဟုတ်) သမာပတ်ရှစ်ပါးဟူသော ဈာန်ဖဿကို တွေ့ထိရရှိ၏။ (အရူပဈာန်သမာပတ်ကို ဝင်စား၏ဟူလို) ထို့နောက် သမာပတ်မှ ထပြီးသည်နှင့် တပြိုင်နက် တဆက်တည်းပင် သင်္ခါရတို့ကို အနိစ္စစသည်ဖြင့် ရှု၍ နိဗ္ဗာန်ကို မျက်မှောက်ပြုသည်ဟု ဆိုလို၏။ ကာယေန နာမကာယေန သက္ခိ ကာယ သက္ခိ- နာမကာယဖြင့် နိဗ္ဗာန်ကို မျက်မှောက်ပြုသောပုဂ္ဂိုလ်။ ဤ၌ နာမကာယဟူသည် အလယ်မဂ်ဖိုလ်ခြောက်ပါးတည်း။ ထို့ကြောင့် အလယ်မဂ်ဖိုလ်ခြောက်ပါးတည်း ဟူသော နာမကာယဖြင့် နိဗ္ဗာန်ကို မျက်မှောက်ပြုသော (သောတာပတ္တိဖိုလ်မှ စ၍ အရဟတ္တမဂ်ပုဂ္ဂိုလ်တိုင်အောင်သော) အလယ်သေက္ခပုဂ္ဂိုလ်ခြောက်ဦးကို ကာယသက္ခိဟု ခေါ်၏။
ယင်းသို့ ကာယသက္ခိဟု ခေါ်ဆိုထိုက်သော ထိုပုဂ္ဂိုလ်(၆)ဦးသည် ကာယသက္ခိပုဂ္ဂိုလ် မဖြစ်မီကပင် သမာပတ်ရှစ်ပါးကို ရရှိထားရ၏။ ရှစ်ပါးလုံး မရသေးစေကာမူ အောက်ထစ်ဆုံးအားဖြင့် အာကာသာနဉ္စာယတနဈာန်အထိ ရရှိထားရ၏။ ထိုပုဂ္ဂိုလ်တို့သည် အရူပါဝစရဈာန် သမာပတ်လေးပါးတို့တွင် တပါးပါးကို ဝင်စားရာမှသော်လည်းကောင်း, နိရောဓသမာပတ် ဝင်စားရာမှသော်လည်းကောင်း ထပြီးနောက် ကာယသက္ခိပုဂ္ဂိုလ်အဖြစ်သို့ ရောက်ကြ၏။ ထို့ကြောင့် သမာပတ်ငါးမျိုးရှိသည့် အလျောက် ကာယသက္ခိပုဂ္ဂိုလ်ငါးယောက်ဟုလည်း ဆိုနိုင်၏။ (အရူပသမာပတ်နှင့် နိရောဓသမာပတ်ဟူသော သမာပတ်ငါးမျိုးသာ ကာယသက္ခိနှင့် သက်ဆိုင်သည်။)
ဖုဋ္ဌန္တံ သစ္ဆိကတောတိ (သစ္ဆိကရောတီတိ) ကာယသက္ခိ၊ သော စျာနဖဿံ ပဌမံ ဖုသတိ၊ ပစ္ဆာ နိရောဓံ နိဗ္ဗာနံ သစ္ဆိကရောတိ။ ဤသုတ် အဋ္ဌကထာနှင့်တကွ အခြားသုတ္တန် အဋ္ဌကထာတို့၌ "သစ္ဆိကရောတိ" တွင် အဆုံးသတ်၏။ ပုဂ္ဂလပညတ် အဋ္ဌကထာ(၄၂)၌မူ "သစ္ဆိကရောတီတိပိ ကာယသက္ခိ"ဟု အဆုံးသတ်ထားပြီး "ပိ" သဒ္ဒါပင် အပိုပါနေလေသေး၏။ အမှန်အားဖြင့်ကား "သော ဈာနဖဿံ"စသော ဝါကျသည် "ဖုဋ္ဌန္တံ သစ္ဆိကတော"ကို ရှင်းလင်းဖွင့်ပြသော ဝါကျသာ ဖြစ်၏။ ကာယသက္ခိခေါ်ဆိုရခြင်း၏ အကြောင်းတမျိုး (နောက်တနည်း) ဖွင့်ပြသော ဝါကျ မဟုတ်။ ယင်းသို့ မဟုတ်ကြောင်းမှာ ဝါကျ၏ ဆိုလိုရင်းအဓိပ္ပာယ်ဖြင့် ထင်ရှားနေသည့်အပြင် "ဖုဋ္ဌာနန္တရကာလမေဝ သစ္ဆိကာတဗ္ဖံ သစ္ဆိကတော သစ္ဆိကရဏူပါယေနာတိ ဝုတ္တံဟောတိ၊ တေနာဟ "သော ဈာနဖဿ'န္တိအာဒိ"ဟူ၍ ရှေ့နောက်အဋ္ဌကထာဝါကျများကို ဆက်သွယ်၍ ကျမ်းတက်ပြထားသော ပါထိကဝဂ်ဋီကာ(၇၃)အဖွင့်ကလည်း သကသေခံလျက် ရှိပါ၏။ ထို့ကြောင့် ပိသဒ္ဒါမပါသင့်ကြောင့် သတိပြုသင့်ပါသည်။
ဒိဋ္ဌိပ္ပတ္တော၊ သောတာပတ္တိမဂ်ဉာဏ်အမြင်၏ အခြားမဲ့၌ အလယ်မဂ်ဖိုလ်(၆)ပါးသို့ ရောက်သော သေက္ခပုဂ္ဂိုလ်လည်းကောင်း။ ဝါ၊ သောတာပတ္တိမဂ်ဉာဏ်ဖြင့် နိဗ္ဗာန်ကို မြင်ပြီးသည်အဖြစ်ကြောင့် အလယ်မဂ်ဖိုလ်ခြောက်ပါးဖြင့် နိဗ္ဗာန်သို့ရောက်သော သေက္ခပုဂ္ဂိုလ်လည်းကောင်း။ သဒ္ဓါဝိမုတ္တော၊ (အားလုံးစုံ လွတ်မြောက်သည်မဟုတ်သေးဘဲ) သဒ္ဓါတရားသက်သက်ဖြင့်သာ ကိလေသာတို့မှ လွတ်မြောက်သော သေက္ခပုဂ္ဂိုလ်လည်းကောင်း။ ဝါ၊ သဒ္ဓါတရားဖြင့် နိဗ္ဗာန်၌ ကောင်းစွာသက်ဝင်သော သေက္ခပုဂ္ဂိုလ်လည်းကောင်း။ ဓမ္မာနုသာရီ၊ (ရှေ့ဆောင် ရှေ့သွား ပဓာနအနေအားဖြင့် ဖြစ်သော) ပဌမမဂ်ပညာတရားသို့ အစဉ်လိုက်သော သောတာပတ္တိမဂ် ပုဂ္ဂိုလ်လည်းကောင်း။ ဝါ၊ ပညာကို ရှေ့ဆောင်ရှေ့သွား ပဓာနထားလျက် အရိယမဂ်ကို ဖြစ်ပေါ်လာစေသော သောတာပတ္တိမဂ်ပုဂ္ဂိုလ်လည်းကောင်း။ သဒ္ဓါနုသာရီ၊ (ရှေ့ဆောင်, ရှေ့သွား ပဓဦနအနေအားဖြင့်ဖြစ်သော) ပဌမမဂ်သဒ္ဓါသို့ အစဉ်လိုက်သော သောတာပတ္တိမဂ်ပုဂ္ဂိုလ် လည်းကောင်း။ ဝါ၊ သဒ္ဓါကို ရှေ့ဆောင်ရှေ့သွား ပဓာနထားလျက် အရိယမဂ်ကို ဖြစ်ပေါ်လာစေသော ဿောတာပတ္တိမဂ်ပုဂ္ဂိုလ်လည်းကောင်း။ (ဣတိ၊ ဤသည်တို့တည်း။)
ဘိက္ခဝေ၊ တို့။ သတ္တ၊ ကုန်သော။ ဣမေ ပုဂ္ဂလာ၊ တို့သည်။ အာဟုနေယျာ၊ ကုန်၏။ပ။ [ဒိဋ္ဌိပ္ပတ္တ စသည်တို့ကို ဒုတိယအကြိမ်ရိုက်နှိပ်သော ပထမတွဲနိဿယ စာအုပ်စာမျက်နှာ (၁၈၇)ဒုကနိပါတ်စာပိုဒ် (၄၉)သုတ်၌ ရေးခဲ့ပြီ။]
စတုတ္ထံ။