Issues
Select Version
原创
中文
sāsanāre-သာသနာရေး
မြန်မာဘာသာ
莊春江讀經站
繁体中文
Bhikkhu Bodhi
English
Sattakanipātapāḷi
Sattakanipātapāḷi

11. Kodhanasuttaṃ

Author: sāsanāre-သာသနာရေး @ IAPT

ဘိက္ခဝေ၊ တို့။ သပတ္တကန္တာ၊ ရန်သူတို့ ကြိုက်နှစ်သက်အပ်ကုန်သော။ သပတ္တကရဏာ၊ ရန်သူတို့၏ အကျိုးကို ပြုတတ်ကုန်သော။ ဝါ၊ ရန်သူတို့သည် ပြုလုပ်အပ်ကုန်သော။ သတ္တ၊ (၇)ပါးကုန်သော။ ဣမေ ဓမ္မာ၊ ဤတရားတို့သည်။ ကောဓနံ၊ အမျက်ထွက်လေ့ရှိသော။ ဣတ္ထိံ ဝါ၊ မိန်းမထံသို့လည်းကောင်း။ ပုရိသံ ဝါ၊ ယောကျ်ားထံသို့လည်းကောင်း။ အာဂစ္ဆန္တိ၊ ဆိုက်ရောက်လာကုန်၏။
ကတမေ၊ အဘယ်မည်ကုန်သော။ သတ္တ၊ ကုန်သော။ (ဓမ္မာ၊ တို့သည်။ အာဂစ္ဆန္တိ၊ နည်းဟူမူ။)
ဘိက္ခဝေ၊ တို့။ ဣဓ၊ ဤလောက၌။ သပတ္တော၊ ရန်သူတယောက်သည်။ သပတ္တဿ၊ ရန်သူတယောက်၏။ ဧဝံ၊ ဤသို့သော မကောင်းကျိုးကို။ ဣစ္ဆတိ၊ လိုလား၏။ (ကိန္တိ၊ အဘယ်မကောင်းကျိုးကို။ ဣစ္ဆတိ၊ လိုလားသနည်းဟူမူ။)
အယံ၊ ဤငါ၏ရန်သူသည်။ ဒုဗ္ဗဏ္ဏော၊ ဖောက်ပြန်သော အဆင်းရှိသူသည်။ ဝါ၊ အဆင်းမလှ အရုပ်ဆိုးသူသည်။ အဿ၊ ဖြစ်ပါမူကား။ အဟော ဝတ၊ ‌ဪ- ကောင်းလေစွာ့။ ဣတိ၊ ဤသို့သော အရုပ်ဆိုးမှုကို။ (ဣစ္ဆတိ၊ ၏။)
ကိဿ ဟေတု၊ အဘယ်အကြောင်းကြောင့်။ တံ၊ ထိုသို့ အရုပ်ဆိုးမှုကို လိုလားခြင်းသည်။ (ဟောတိ၊ ဖြစ်သနည်း။)
ဘိက္ခဝေ၊ တို့။ သပတ္တော၊ သည်။ သပတ္တဿ၊ ၏။ ဝဏ္ဏဝတာယ၊ လှပသောအဆင်းရှိသည် အဖြစ်၌။ န နန္ဒတိ၊ မနှစ်သက်။ (ဣတိ၊ ဤသို့ မနှစ်သက်သည်အဖြစ်ကြောင့်။ တံ၊ ထိုသို့ အရုပ်ဆိုးမှုကို လိုလားခြင်းသည်။ ဟောတိ၊ ဖြစ်၏။)
ဘိက္ခဝေ၊ တို့။ ကောဓနော၊ စိတ်ဆိုးလေ့ရှိသော။ အယံ ပုရိသပုဂ္ဂလော၊ ဤယောကျ်ားပုဂ္ဂိုလ်သည်။ ကောဓာဘိဘူတော၊ အမျက်ဒေါသသည် လွှမ်းမိုးနှိပ်စက်အပ်သည်။ ကောဓပရေတော၊ အမျက်ဒေါသသည် အစဉ်လိုက်အပ်သည်။ ဝါ၊ အမျက်ဒေါသသည် အလွန်အကဲ လွှမ်းမိုးနှိပ်စက်အပ်သည်။ ဟောတိ၊ ၏။ သော၊ ထိုအမျက်ထွက်လေ့ရှိသော ယောကျ်ားသည်။ သုနှာတော၊ ကောင်းစွာ ရေချိုးအပ်ပြီးသည်။ သုဝိလိတ္တော၊ (အမွှေးနံ့သာ) ကောင်းစွာလိမ်းကျံ အပ်ပြီးသည်။ ကပ္ပိတကေသမဿု၊ ရိတ်ဖြတ်ပြုပြင်အပ်သော ဆံပင်မုတ်ဆိတ် ရှိသည်။ ဩဒါတဝတ္ထဝသနေ၊ ဖြူစင်သောအဝတ်ကို ဝတ်ဆင်ထားသည်။ ကိဉ္စာပိ ဟောတိ၊ အကယ်၍ကား ဖြစ်ပေ၏။
အထခေါ၊ ထိုသို့ပင်ဖြစ်ပါသော်လည်း။ သော၊ ထိုယောကျ်ားသည်။ ကောဓါဘိဘူတော၊ အမျက်ဒေါသသည် လွှမ်းမိုး နှိပ်စက်အပ်သည် (ဟုတွာ၊ ဖြစ်၍) ဒုဗ္ဗဏ္ဏောဝ၊ အဆင်းမလှသည်သာလျှင်။ ဟောတိ။
ဘိက္ခဝေ၊ တို့။ သပတ္တကန္တော၊ ရန်သူတို့ ကြိုက်နှစ်သက်အပ်သော။ သပတ္တကရဏော၊ ရန်သူတို့၏ အကျိုးစီးပွားကို ပြုတတ်သော။ ဝါ၊ ရန်သူတို့သည် ပြုလုပ်အပ်သော။ ပဌမော၊ ရှေးဦးစွာသော။ အယံ ဓမ္မော၊ ဤတရားသဘောသည်။ (ဤအရုပ်ဆိုး အဆင်းမလှခြင်း တရားသဘောသည်) ကောဓနံ၊ သော။ ဣတ္ထိံ ဝါ၊ လည်းကောင်း။ ပုရိသံ ဝါ၊ ကောင်း။ အာဂစ္ဆတိ၊ ၏။ [ရန်သူတယောက်သည် မိမိ၏ ရန်သူတယောက် ရုပ်အဆင်းလှပနေသည်ကို မည်သည့်အခါမျှ မလိုလား၊ ရေမိုးချိုး ဖီးလိမ်းဝတ်ဆင်၍ မည်မျှလောက်ပင် အလှပြင်ထားသော်လည်း အကြောင်းတခုခုကြောင့် ဒေါသထွက် စိတ်ဆိုးလာလျှင် ပြင်ဆင်ထားသမျှ အလှအပတွေ ပျက်ကုန်၏။ မျက်နှာကြီးနီရဲ၍ ကြောက်စရာကောင်းလောက်အောင် ရုပ်ပျက်ဆင်းပျက် ဖြစ်လာ၏။ ယင်းသို့ ရုပ်ပျက်ဆင်းပျက် (ဒုဗ္ဗဏ္ဏတာ) ဖြစ်လာခြင်းသည် မိမိရန်သူ၏ အကြိုက်ဖြစ်သည်။ ရန်သူ၏ အကျိုးပြုတရား ဖြစ်သည်။ ယင်းဒုဗ္ဗဏ္ဏတာတရားသည် ကောဓန ဣတ္ထိ ပုရိသထံသို့ ရောက်လာသည် (ထို့ကြောင့် ဒေါသမထွက်အောင် ချုပ်တည်းကြရမည်ဟူလို)]
ဘိက္ခဝေ၊ တို့။ ပုန စပရံ၊ နောက်ထပ်တခြား တပါးသော တရားကား။ (စိတ်ဆိုးလေ့ရှိသော မိန်းမယောကျ်ားထံသို့ ဆိုက်‌ရောက်လာသော နောက်ထပ် အခြားသော တရားကား) သပတ္တော၊ သည်။ သပတ္တဿ၊ ၏။ ဧဝံ၊ ဤသို့သော မကောင်းကျိုးကို။ ဣစ္ဆတိ၊ ၏။
(ကိန္တိ ဣစ္ဆတိ) အယံ၊ ဤငါ၏ ရန်သူသည်။ ဒုက္ခံ၊ ဆင်းရဲစွာ။ သယေယျ၊ အိပ်စက်ရပါမူကား။ အဟော ဝတ၊ စွာ့။ ဣတိ၊ ဤသို့ ဆင်းရဲစွာ အိပ်ရခြင်းကို။
(ဣစ္ဆတိ) ကိဿ ဟေတု၊ ကြောင့်။ တံ၊ ထိုသို့ဆင်းရဲစွာ အိပ်စက်ရမှုကို လိုလားခြင်းသည်။ (ဟောတိ၊ နည်း)။ပ။
သုခသေယျာယ၊ ချမ်းသာစွာ အိပ်စက်ရခြင်း၌။ န နန္ဒတိ၊ မနှစ်သက်။ (ဣတိ၊ ဤသို့ မနှစ်သက်သည် အဖြစ်ကြောင့်။ တံ၊ ထိုသို့ဆင်းရဲစွာ အိပ်စက်ရမှုကို လိုလားခြင်းသည်။ ဟောတိ)
ဘိက္ခဝေ၊ တို့။ ကောဓနော၊ သော။ အယံ ပုရိသပုဂ္ဂလော၊ သည်။ ကောဓာဘိဘူတော၊ သည်။ ကောဓပရေတော၊ သည်။ ဟောတိ၊ ၏။ သော၊ ထိုအမျက်ထွက်လေ့ရှိသော ယောကျ်ားသည်။ ဂေါနကတ္ထတေ၊ လက်လေးသစ်ထက် ရှည်သော အမွေးရှိသော ကော်ဇောနက်ကြီးဖြင့်သော်လည်း ခင်းထားအပ်သော။ ပဋလိကတ္ထတေ၊ အားလုံးစုံ ပန်းပြောက်ခြယ်အပ်သော သားမွေးအခင်းဖြင့်သော်လည်း ခင်းထားအပ်သော။ ကဒလိမိဂပဝရပစ္စတ္ထရဏေ၊ ဝံပိုင်မည်သော သားကောင်အရေဖြင့်ပြီးသော မြတ်သောအခင်းဖြင့်သော်လည်း ခင်းထားအပ်သော။ သဥတ္တရစ္ဆဒေ၊ နီမြန်းသော အိပ်ရာလွှမ်းအခင်းနှင့်လည်း တကွဖြစ်သော။ ဥဘတောလောဟိတကူပဓာနေ၊ ခြေရင်းခေါင်းရင်း နှစ်ဖက်တို့၌ နီမြန်းသော ခြေအုံး ခေါင်းအုံးလည်းရှိသော။ [ဤပုဒ်များနှင့်စပ်၍ ရေးသင့်သမျှကို ဒုတိယအကြိမ်ရိုက်ပထမတွဲနိဿယစာမျက်နှာ (၄၁၅၊၄၁၆ စသည်) တိကနိပါတ် စာပိုဒ်(၆၄) ဝေနာဂပုရသုတ်၌ ရေးခဲ့ပြီ]ပလ္လင်္ကေ= အိပ်ခုတင်ပေါ်၌။ ကိဉ္စာပိ သေတိ၊ အကယ်၍ အိပ်နေရပေ၏။
အထ ခေါ၊ ထိုသို့ပင် အိပ်ရပါသော်လည်း။ သော၊ ထိုယောကျ်ားသည်။ ကောဓာဘိဘူတာ၊ သည်။ (ဟုတွာ၊ ၍) ဒုက္ခညေဝ၊ ဆင်းရဲစွာသာလျှင်။ သေတိ၊ အိပ်ရ၏။
ဘိက္ခဝေ၊ တို့။ သပတ္တကန္တော၊ သော။ သပတ္တကရဏော၊ သော။ ဒုတိယော၊ သော။ အယံ ဓမ္မော၊ ဤဆင်းရဲစွာအိပ်ရခြင်းသဘောသည်။ပ။
ဘိက္ခဝေ၊ တို့။ ပုနစပရံ၊ ကား။ သပတ္တော၊ သည်။ သပတ္တဿ၊ ၏။ ဧဝံ၊ ကို။ ဣစ္ဆတိ(ကိန္တိ၊ ကို။ ဣစ္ဆတိ၊ နည်းဟူမူ)
အယံ၊ ဤငါ့ရန်သူသည်။ ပစုရတ္ထော၊ များသော အကျိုးစီးပွားရှိသူသည်။ န အဿ၊ မဖြစ်ပါမူကား။ အဟော ဝတ၊ စွာ့။ ဣတိ၊ ဤသို့ ပစုရတ္ထမဖြစ်ခြင်းကို။ ဣစ္ဆတိ၊ ၏။
ကိဿ ဟေတု၊ ကြောင့်။ တံ၊ ထိုသို့ပစုရတ္ထမဖြစ်ခြင်းကို လိုလားခြင်းသည်။ (ဟောတိ၊ နည်း)။ပ။
ပစုရတ္ထတာယ၊ များသောအကျိုးစီးပွားရှိသူ၏ အဖြစ်၌။ န နန္ဒတိ၊ မနှစ်သက်။ (ဣတိ၊ ကြောင့်။ တံ၊ ထိုသို့ ပစုရတ္ထမဖြစ်ခြင်းကို လိုလာခြင်းသည်။ ဟောတိ)
ဘိက္ခဝေ၊ တို့။ ကောဓနော၊ သော။ အယံ ပုရိသပုဂ္ဂလော၊ သည်။ ကောဓာဘိဘူတော၊ သည်။ ကောဓပရေတော၊ သည်။ (ဟုတွာ၊ ၍) အနတ္ထံ၊ မကြီးပွား မတိုးတက်မှုကို။ ဂဟေတွာပိ၊ ယူငင်ရရှိပြီး၍လည်း။ ဝါ၊ ယူငင်ရရှိပြီးပါလျက်လည်း။ မေ၊ ငါသည်။ အတ္ထော၊ ကြီးပွားတိုးတက်မှုကို။ ဂဟိတော၊ ယူငင်ရရှိအပ်ပြီးပြီ။ ဣတိ၊ ဤသို့။ မညတိ၊ မှတ်ထင်၏။ အတ္ထံ၊ ကြီးပွားတိုးတက်မှုကို။ ဂဟေတွာပိ၊ လည်း။ ဝါ၊ လည်း။ မေ၊ သည်။ အနတ္ထော၊ မကြီးပွား မတိုးတက်မှုကို။ ဂဟိတော၊ ပြီ။ ဣတိ၊ သို့။ မညတိ၊ ၏။
တဿ၊ ထိုသူ၏။ ကောဓာဘိဘူတဿ၊ အမျက်ဒေါသသည် နှိပ်စက်အပ်သည်ဖြစ်၍။ အညမညံ၊ အချင်းချင်း။ ဝိပစ္စနီကာ၊ ဆန့်ကျင်ဘက်တို့သည်။ (ဟုတွာ၊ ဖြစ်ကြကုန်၍)။ ဂဟိတာ၊ ယူအပ်ကုန်သော။ ဣမေ ဓမ္မာ၊ (ကြီးပွား, မကြီးပွား) ဤတရားနှစ်ပါးတို့သည်။ ဒီဃရတ္တံ၊ ရှည်ကြာသော နေ့ညဉ့်ကာလပတ်လုံး။ အဟိတာယ၊ စီးပွားမဲ့အလို့ငှာ။ ဒုက္ခာယ၊ ဆင်းရဲခြင်းငှာ။ သံဝတ္တန္တိ၊ ဖြစ်ကုန်၏။ပ။
တတိယော၊ သော။ အယံ ဓမ္မော၊ ဤတရားသဘောသည်။ (ဤတိုးတက်ကြီးပွား အကျိုးစီးပွားရျိသူ မဖြစ်ခြင်းတရားသဘောသည်။ ဝါ၊ ဤပစုရတ္ထမဖြစ်ခြင်း တရားသဘောသည်) ကောဓနံ၊ သော။ ဣတ္ထိံ ဝါ။ပ။
ဘောဂဝါ၊ စည်းစိမ်ဥစ္စာရှိသူသည်။ န အဿ၊ မဖြစ်ပါမူကား။ အဟော ဝတ၊ စွာ့။ ဣတိ၊ ဤသို့စည်းစိမ်ဥစ္စာမရှိခြင်းကို။ ဣစ္ဆတိ၊ လိုလား၏။
ကိဿ ဟေတု၊ ကြောင့်။ တံ၊ ထိုသို့ စည်းစိမ်ဥစ္စာမရှိခြင်းကို လိုလားခြင်းသည်။ (ဟောတိ၊ နည်း)။ပ။
ဘောဂဝတာယ၊ စည်းစိမ်ဥစ္စာရှိသူ၏ အဖြစ်၌။ ဝါ၊ စည်းစိမ်ဥစ္စာရှိသူဖြစ်ခြင်း၌။ န နန္ဒတိ၊ မနှစ်သက်။ (ဣတိ၊ ဤသို့မနှစ်သက်သည် အဖြစ်ကြောင့်။ တံ၊ ထိုသို့ စည်းစိမ်ဥစ္စာ မရှိမှုကို လိုလားခြင်းသည်။ ဟောတိ)
ဘိက္ခဝေ၊ တို့။ ကောဓနဿ၊ အမျက်ထွက်လေ့ရှိသော။ ကောဓာဘိဘူတဿ၊ အမျက်‌ဒေါသသည် လွှမ်းမိုးနှိပ်စက်အပ်သော။ ကောဓပရေတဿ၊ အပ်သော။ အဿ ပုရိသပုဂ္ဂလဿ၊ ဤယောကျ်ားပုဂ္ဂိုလ်၏။ ဥဋ္ဌာနဝီရိယာဓိဂတာ၊ ထကြွလုံ့လဝီရိယကြောင့် ရအပ်ကုန်သော။ [ဤပုဒ်အဖွင့် အမျိုးမျိုးကို ဒုတိယအကြိမ်ရိုက် တတိယတွဲနိဿယစာမျက်နှာ(၈၉) ပဉ္စကနိပါတ် စာပိုဒ်(၄၁) အာဒိယသုတ်၌ ရေးခဲ့ပြီ] ဗာဟာဗလပရိစိတာ၊ လက်ရုံးခွန်အားဖြင့် ဆည်းပူးစုဆောင်းထားအပ်ကုန်သော။ သေဒါဝက္ခိတ္တာ၊ ထွက်ကျယိုစီးစေအပ်သော ချွေးသီး ချွေးပေါက်ရှိကုန်သော။ ဝါ၊ ချွေးတဒီးဒီး ယိုစီးအောင် ကြိုးစားသဖြင့် ရရှိထားအပ်ကုန်သော။ ဓမ္မိကာ၊ (ဆယ်ပါးသောကုသိုလ် ကမ္မပထ)တရားနှင့် ယှဉ်ကုန်သော။ ဓမ္မလဒ္ဓါ၊ (ကုသိုလ်ကမ္မပထ)တရားဖြင့် ရအပ်ကုန်သော။ ဝါ၊ ကုသိုလ်ကမ္မပထတရား မပျက်ပြားစေဘဲ ရအပ်ကုန်သော။ ယေပိ တေ ဘောဂါ၊ အကြင်စည်းစိမ်ဥစ္စာတို့သည်။ ဟောန္တိ၊ ရှိကုန်၏။ ကောဓာဘိဘူတဿ၊ အမျက်ဒေါသသည် လွှမ်းမိုးနှိပ်စက်အပ်သောသူ၏။ တေပိ(ဘောဂေ)၊ ထိုစည်းစိမ်ဥစ္စာတို့ကိုလည်း။ ရာဇာနော၊ မင်းတို့သည်။ ရာဇကောသံ၊ မင်းဘဏ္ဍာတိုက်အတွင်းသို့။ ပဝေသေန္တိ၊ ယူဆောင်သိမ်းသွင်းကြကုန်၏။ပ။
သပတ္တကရဏော၊ သော။ စတုတ္တော၊ သော။ အယံ ဓမ္မော၊ ဤစည်းစိမ်ဥစ္စာ ဆုတ်ယုတ်ပျက်စီးခြင်းသဘောတရားသည်။ပ။ အာဂစ္ဆတိ။ပ။
အယံ၊ ဤငါ့ရန်သူသည်။ ယသဝါ၊ အခြံအရံ အကျော်အစောရှိသူသည်။ န အဿ၊ ကား။ အဟော ဝတ၊ စွာ့။ ဣတိ၊ ဤသို့ အခြံအရံအကျော်အစောမရှိမှုကို။ (ဣစ္ဆဟိ၊ ၏)
ကိဿ ဟေတု၊ ကြောင့်။ တံ၊ ထိုသို့ အခြံအရံအကျော်အစောမရှိမှုကို လိုလားခြင်းသည်။ (ဟောတိ၊ နည်း)။ပ။
ယသဝတာယ၊ အခြံအရံ အကျော်အစော ရှိသည်အဖြစ်၌။ န နန္ဒတိ၊ မနှစ်သက်။ (ဣတိ၊ ကြောင့်။ တံ၊ ထိုသို့ အခြံအရံ အကျော်အစောမရှိမှုကို လိုလားခြင်းသည်။ ဟောတိ၊ ဖြစ်၏။)
ဘိက္ခဝေ၊ တို့။ ကောဓနော၊ သော။ အယံ ပုရိသပုဂ္ဂလော၊ သည်။ ကောဓာဘိဘူတော၊ သည်။ ကောဓပရေတော၊ သည်။ (ဟောတိ၊ ၏) အဿ၊ ထိုအမျက်ထွက်လေ့ရှိသောသူ၏။ အပ္ပမာဒါဓိဂတော၊ မမေ့လျော့ခြင်းကြောင့် ရရှိအပ်သော။ ယောပိ သော ယသော၊ အကြင် အခြံအရံ အကျော်အစောသည်လည်း။ ဟောတိ၊ ရှိ၏။ ကောဓာဘိဘူတော၊ အမျက်ဒေါသသည် လွှမ်းမိုးနှိပ်စက်အပ်သူသည်။ တမှာပိ၊ ထိုအခြံအရံ အကျော်အစောမှလည်း။ ဓံသတိ၊ လျောကျ၏။ပ။
ပဉ္စမော၊ သော။ အယံ ဓမ္မော၊ ဤအခြံအရံအကျော်အစော လျောကျ ပျက်စီးခြင်း သဘောတရားသည်။ပ။
မိတ္တဝါ၊ မိတ်ဆွေရှိသူသည်။ န အဿ၊ ကား။ အဟော ဝတ၊ စွာ့။ ဣတိ၊ ဤသို့ မိတ်ဆွေ မရှိခြင်းကို။ (ဣစ္ဆတိ၊ ၏)
ကိဿ ဟေတု၊ ကြောင့်။ တံ၊ ထိုသို့ မိတ်ဆွေမရှိမှုကို လိုလားခြင်းသည်။ (ဟောတိ၊ နည်းဟူမူ)။ပ။
မိတ္တဝတာယ၊ မိတ်ဆွေရှိသူအဖြစ်၌။ န နန္ဒတိ၊ မနှစ်သက်။ (ဣတိ၊ ဤသို့ မနှစ်သက်သည်အဖြစ်ကြောင့်။ တံ၊ ထိုသို့ မိတ်ဆွေမရှိမှုကို လိုလားခြင်းသည်။ ဟောတိ၊ ၏)
ဘိက္ခဝေ၊ တို့။ ကောဓနံ၊ အမျက်ထွက်လေ့ရှိသော။ ကောဓာဘိဘူတံ၊ အပ်သော။ ကောဓပရေတံ၊ အပ်သော။ ပုရိသပုဂ္ဂလံ၊ ကို။ (ပရိဝဇ္ဇန္တိ၌ စပ်) အဿ၊ ထိုအမျက်ထွက်လေ့ရှိသူ၏။ ယေပိ တေ မိတ္တာမစ္စာ၊ အကြင်မိတ်ဆွေ, သူငယ်ချင်း အပေါင်းအသင်းတို့သည်လည်းကောင်း။ ယေတိ တေ ဉာတိသာလောဟိတာ၊ အကြင်ဆွေမျိုးသားချင်းတို့သည်လည်းကောင်း။ ဟောန္တိ၊ ရှိကုန်၏။ တေပိ၊ ထိုမိတ်ဆွေ, သူငယ်ချင်း, ဆွေမျိုးသားချင်းတို့သည်လည်း။ ကောဓာဘိဘူတံ၊ အမျက်ဒေါသလွှမ်းမိုးအပ်သော ထိုယောကျ်ားပုဂ္ဂိုလ်ကို။ ဝါ၊ အမျက်ဒေါသ လွှမ်းမိုးနှိပ်စက်အပ်သူဖြစ်၍။ ဝါ၊ ဖြစ်သောကြောင့်။ အာရကာ၊ ဝေးစွာ။ ပရိဝဇ္ဇန္တိ၊ ရှောင်ရှားကြကုန်၏။ပ။
ဆဋ္ဌော၊ (၆)ခုမြောက်သော။ အယံ ဓမ္မော၊ ဤမိတ်ဆွေသားချင်း မရှိသူဖြစ်ခြင်း သဘောတရားသည်။ပ။
အယံ၊ ဤငါ၏ရန်သူသည်။ ကာယဿ၊ ၏။ပ။ ဣတိ၊ ဤသို့ ငရဲလားရောက်ခြင်းကို။ ဣစ္ဆတိ၊ ၏။ [စာပိုဒ်(၄၇) ဤစာအုပ်စာမျက်နှာ(၉၉) ဒုတိယအဂ္ဂိသုတ်လည်းကြည့်။]
ကိဿ ဟေတု၊ ကြောင့်။ တံ၊ ထိုသို့ ငရဲလားရောက်ခြင်းကို လိုလားခြင်းသည်။ (ဟောတိ၊ နည်း။)
ဘိက္ခဝေ၊ တို့။ သပတ္တော၊ သည်။ သပတ္တဿ၊ ၏။ သုဂတိဂမနေ၊ ကောင်းသော လူနတ်ဘုံဘဝသို့ လားရောက်ခြင်း၌။ နနန္ဒတိ၊ မနှစ်သက်။ (ဣတိ၊ ထို့ကြောင့်။ တံ၊ ထိုသို့ ငရဲလားရောက်မှုကို လိုလားခြင်းသည်။ ဟောတိ၊ ဖြစ်၏။)
ဘိက္ခဝေ၊ တို့။ ကောဓနော၊ သော။ အယံ ပုရိသပုဂ္ဂလော၊ သည်။ ကောဓာဘိဘူတော၊ သည်။ ကောဓပရေတော၊ သည်။ (ဟုတွာ) ကာယေန၊ ဖြင့်။ပ။ [ယခင် ဒုတိယအဂ္ဂိသုတ်ကြည့်။] မနသာ၊ ဖြင့်။ ဒုစ္စရိတံ၊ ကို။ စရတိ၊ ၏။
သော၊ ထို အမျက်ထွက်လေ့ရှိသော သူသည်။ ကောဓာဘိဘူတော၊ သည်။ (ဟုတွာ) ကာယေန၊ ဖြင့်။ ဒုစ္စရိတံ၊ ကို။ စရိတွာ၊ ၍။ ဝါစာယ။ပ။ ကာယဿ၊ ၏။ပ။ ဥပပဇ္ဇတိ၊ ၏။ပ။
သတ္တမော၊ (၇)ခု မြောက်သော။ အယံ ဓမ္မော၊ ဤငရဲသို့ လားရောက်ခြင်း သဘောတရားသည်။ပ။ ပုရိသံ ဝါ၊ လည်းကောင်း။ အာဂစ္ဆတိ၊ ၏။
ဘိက္ခဝေ၊ တို့။ သပတ္တကန္တာ၊ ကုန်သော။ သပတ္တကရဏာ၊ ကုန်သော။ သတ္တ၊ (၇)ပါးကုန်သော။ ဣမေ ဓမ္မာ၊ ဤတရားတို့သည်။ ကောဓနံ၊ သော။ ဣတ္ထိံ ဝါ၊ မိန်းမထံသို့လည်းကောင်း။ ပုရိသံ ဝါ၊ ကောင်း။ အာဂစ္ဆန္တိ၊ ရောက်လာကုန်၏။ ဣတိ(အဝေါစ၊ မိန့်တော်မူပြီ။)
[ဂါထာ] ကောဓနော၊ အမျက်ထွက်လေ့ရှိသော သူသည်။ ဒုဗ္ဗဏ္ဏော၊ သည်။ ဟောတိ၊ ၏။ အထော၊ ထိုမှတပါး။ သော၊ ထိုအမျက်ထွက်လေ့ရှိသောသူသည်။ ဒုက္ခမ္ပိ၊ ဆင်းရဲစွာလည်း။ သေတိ၊ အိပ်စက်ရ၏။
အထော၊ ပါး။ အတ္ထံ၊ ကြီးပွားတိုးတက်မှုကို။ ဂဟေတွာန၊ ယူငင်ရရှိပြီး၍လည်း။ ဝါ၊ ယူငင်ရရှိပြီးပါလျက်လည်း။ အနတ္ထံ၊ မကြီးပွားမတိုးတက်မှုကို။ ဝါ၊ ဆုတ်ယုတ်ပျက်စီးမှုကို။ အဓိပဇ္ဇတိ၊ ရပြီ ရောက်ပြီဟု မှတ်ထင်၏။
တတော၊ ထို့ကြောင့်။ ကောဓနော၊ သော။ ကောဓာဘိဘူတော၊ သော။ ပုရိသော၊ သည်။ ကာယေန၊ ကိုယ်ဖြင့်လည်းကောင်း။ ဝါ၊ ကာယုဒွါရဟူသော ကာယဝိညတ်ဖြင့်လည်းကောင်း။ ဝါစာယ၊ နှုတ်ဖြင့်လည်းကောင်း။ ဝါ၊ ဝစီဒွါရဟူသော ဝစီဝညတ်ဖြင့်လည်းကောင်း။ ဝဓံ၊ သူတပါးကို ညှဉ်းဆဲ သတ်ဖြတ်ခြင်းကို။ ကတွာန၊ ပြုလုပ်ပြီး၍။ ဓနဇာနိံ၊ ပစ္စည်းဥစ္စာဆုံးရှုံးခြင်းသို့။ နိဂစ္ဆတိ၊ ရောက်၏။
ကောဓ+သမ္မဒ+သမ္မတ္တော၊ အမျက်ဒေါသဟူသော+ မူးရူးကြောင်း တရားဖြင့်+ မူးရူးရမ်းကားသော သူသည်။ **အာယသသျံ**၊ အခြံအရံ အကျော်အစော မရှိသည့်အဖြစ်သို့။ အာယသသျ။ ။ ထေရဂါထာပါဠိတော် စတုက္ကနိပါတ် သမ္ဘူတတ္ထေရဂါထာ၊ (၂၇၁-သီမူ)၌ "အာယသသျဉ္စ ပပ္ပေါတိ"ဟု ရှိ၏။ ယသသဒ္ဒါသည် မနောဂိုဏ်းဝင်ဖြစ်၍ သလာရိုးထုံးစံရှိ၏။ ထို့ကြောင့် သလာ၍ ဏျပစ္စည်းသက် ဝုဒ္ဓိပြုလျှင် "အာယသသျ"ဟု ဖြစ်၏။ ဤအတိုင်းရျိမှသာ ပါဠိမှန်ကန်သည်ဟု ယူဆ၏။ ယခု စာမူ မြောက်မြားစွာတို့၌ကား "သျ"နေရာ၌ ကဏ္ဌဇနှင့် တာလုဇ ဆင့်လျက် "အာယသကျ"ဟူ၍ ကျဖြင့်ချည်း ရှိနေလေသည်။ နိဂစ္ဆတိ၊ ရောက်၏။
ကောဓနံ၊ အမျက်ထွက်လေ့ရှိသူကို။ ဉာတိမိတ္တာ၊ ဆွေမျိုးမိတ်ဆွေတို့သည် လည်းကောင်း။ သုဟဇ္ဇာ စ၊ ကောင်းသော စိတ်နှလုံးရှိသော အဆွေခင်ပွန်းတို့သည်လည်းကောင်း။ ပရိဝဇ္ဇန္တိ၊ ရှောင်ရှားကြကုန်၏။ [သုန္ဒရံ ဟဒသံ ဧတေသန္တိ သုဟဒါ၊ ယကိုချေ၊ သုဟဒါ ဧဝ သုဟဇ္ဇာ။]
ကောဓော၊ အမျက်ဒေါသသည်။ အနတ္ထဇနနော၊ (မိမိ, သူတပါးတို့၏။) အကျိုးစီးပွားမဲ့ကို ဖြစ်စေတတ်၏။ ဝါ၊ မကြီးပွားမှု ဆုတ်ယုတ်မှုကို ဖြစ်စေတတ်၏။ ကောဓော၊ သည်။ စိတ္တပ္ပကောပနော၊ စိတ်ကို ဖောက်ပြန် ပျက်စီးစေတတ်၏။
အန္တရတော၊ ခန္ဓာကိုယ်အတွင်း၌။ ဝါ၊ စိတ်၌။ ဘယံ၊ ဘေးသည်။ (အမျက်ဒေါသက အကျိုးစီးပွားမဲ့ကို ဖြစ်စေခြင်းစသော ဘေးသည်။) ဇာတံ၊ ဖြစ်ပေါ်နေ၏။ တံ၊ ထိုအကျိုးစီးပွားမဲ့ကို ဖြစ်စေခြင်းစသော ဘေးကို။ ဝါ၊ ခန္ဓာကိုယ်အတွင်းနှင့် မိမိစိတ်၌ပင် ဖြစ်ပေါ်နေသော အကျိုးစီးပွားမဲ့ ဖြစ်စေခြင်း, စိတ်ဓာတ် ဖောက်ပြန် ပျက်စီးစေခြင်းစသောဘေးနှင့် ထိုဘေး၏ အကြောင်းဖြစ်သော ဒေါသကို။ ဇနော၊ လူဗာလ အပေါင်းသည်။ နာဝဗုဇ္ဈတိ၊ မသိ။
ကုဒ္ဓေါ၊ အမျက်ထွက်သောသူသည်။ အတ္ထံ၊ ကြီးပွားတိုးတက်ရေးကို။ န ဇာနာတိ၊ မသိ။ ကုဒ္ဓေါ၊ သည်။ ဓမ္မံ၊ သမထဝိပဿနာတရားကို။ န ပဿတိ၊ မမြင်။
ယံ(ယသ္မိံ ကာလေ)၊ အကြင်အခါ၌။ ကောဓော၊ အမျက်ဒေါသသည်။ နရံ၊ သတ္တဝါကို။ သဟတေ၊ လွှမ်းမိုးဖိစီး၏။ယံ ကောဓော သဟတေ နရံ။ ။ ယံ၌ ပဌမာဝိဘတ်သည် သတ္တမီ အနက်ဟောတည်း။ (တနည်း) ယံ(ယသ္မာ)- အကြင်ကြောင့်။ ကောဓော- သည်။ နရံ- သတ္တဝါကို။ သဟတေ- ၏ (တသ္မာ- ထို့ကြောင့်)။ တဒါ- အမျက်ဒေါသ လွှမ်းမိုးဖိစီးရာ ထိုအခါ၌။ အန္ဓတမံ- သည်။ ဟောတိ- ၏။ [ဤနည်း၌ ယံသဒ္ဒါသည် ကာရဏဝစနနိပါတ်တည်း]။
(တနည်း) ကောဓော- သည်။ နရံ- ကို။ ယံ သဟတေ- အကြင်လွှမ်းမိုးဖိစီး၏။ တဒါ- ထိုအခါ၌။ ဧတံ- ဤအမျက်ဒေါသလွှမ်းမိုးဖိစီးခြင်းဟူသော။ အန္ဓတမံ- သည်။ ဟောတိ- ၏။ [ဤနည်း၌ ယံသဒ္ဒါ ကြိယာပရာမသနတည်း]။
(တနည်း) ယံ နရံ- အကြင်သတ္တဝါကို။ ကောဓော- သည်။ သဟတေ- ၏။ တဒါ- ၌။ တဿ နရဿ- ထိုသတ္တဝါ၏။ အန္ဓတမံ- သည်။ ဟောတိ- ၏။ တတော စ- ထို့ကြောင့်ပင်။ ကုဒ္ဓေါ- သည်။ အတ္ထံ- ကို။ န ဇာနာတိ- မသိ။ ကုဒ္ဓေါ ဓမ္မံ န ပဿတိ။
တဒါ၊ ထိုအခါ၌။ အန္ဓတမံ၊ ပညာစက္ခု ကန်းအောင်ပြုတတ်သော အဝိဇ္ဇာ အမိုက်မှောင်ထုသည်။ ဟောတိ၊ ၏။
ယံ၊ အကြင်အကြောင်းကြောင့်။ ကုဒ္ဓေါ၊ အမျက်ဒေါသ ထွက်နေသောသူသည်။ ဒုက္ကရံ၊ ခဲခဲယဉ်းယဉ်း ပြုလုပ်ထားအပ်သော ပစ္စည်းတတ္ထုတခုခုကို။ [ခဲယဉ်းစွာ ပြုလုပ်ထားအပ်, ရှာဖွေစုဆောင်းထားအပ်သောပစ္စည်း၊ အလွန်အဖိုးတန်သော ပစ္စည်းဝတ္ထုတခုခုကို]။ သုကရံ ဝိယ၊ လွယ်ကူစွာပြုလုပ်ထားအပ်သော ပစ္စည်းကိုကဲ့သို့။ [လွယ်ကူစွာပြုလုပ်ထားအပ်, ရှာဖွေထားအပ်သောပစ္စည်း၊အဖိုးမတန်သောပစ္စည်းကိုကဲ့သို့] ဥပရောဓေတိ၊ ချုပ်ပျောက်ပျက်စီးသွားစေ၏။ ဝါ၊ ဖျက်ဆီးပစ်လိုက်၏။ [အဖိုးတန်သော မှန်ဗီရို ပုဂံခွက်ယောက်တို့ကို ရိုက်ခွဲပစ်လိုက်၏။ နာရီ ယေဒီယို တယ်လီဗီးရှင်း စသည်တို့ကိုသော်လည်း ပေါက်ခွဲပစ်လိုက်၏။ အဖိုးမတန်သော အသေးအဖွဲပစ္စည်းကို ဖျက်ဆီးသကဲ့သို့ ဖျက်ဆီးပစ်လိုက်၏။]
တသ္မာ၊ ထို့ကြောင့်။ သော၊ ထိုဒေါသထွက်သောသူသည်။ ပစ္ဆာ၊ (ဖျက်ဆီးပြီးသည်မှ) နောက်၌။ ကောဓေ၊ အမျက်ဒေါသသည်။ ဝိဂတေ၊ ကင်းပျောက်ပြေငြိမ်းလသော်။ [ကင်းပျောက်ပြေငြိမ်း၍ အသိစိတ်ဝင်လာသော် ဟူလို]။ အဂ္ဂိဒဍ္ဎောဝ၊ မီးလောင်အပ်သကဲ့သို့။ တပ္ပတိ၊ ပူလောင်၏။
ယတော၊ အကြင်အခါ၌။ ကောဓော၊ အမျက်ဒေါသသည်။ ပတာယတိ၊ ဖြစ်ပေါ်လာ၏။ [အဋ္ဌကထာ၌ "ယတော ပတာယတီတိ ယဒါ နိဗ္ဗတ္တတိ"ဟု ဖွင့်၏။ ထို့ကြောင့် ပတာယတိပုဒ်ကို ပတိပုဗ္ဗ ဣဓာတ်ကြံပါ]။ ယေန၊ အကြင်ဒေါသဖြင့်။ မာဏဝါ၊ သတ္တဝါတို့သည်။ ကုဇ္ဈန္တိ၊ စိတ်ဆိုးကြကုန်၏။ (တတော၊ ဒေါသဖြစ်ရာထိုအခါ၌။ တေန၊ ထိုဒေါသဖြင့်)။ ဓူမီ၊ မီးခိုးရှိသော။ ပါဝကော၊ မီးသည်။ ဓူမံ၊ မီးခိုးကို။ ပဒဿေတိ ဝိယ၊ ထင်ရှားဖော်ပြသကဲ့သို့။ (တထာ၊ ထို့အတူ) ဒုမ္မင်္ကုယံ၊ မျက်နှာမသာ, အရှိန်အဝါမရှိသူ၏ အဖြစ်ကို။ ဝါ၊ မျက်နှာရုပ်ဆင်း ပျက်ယွင်းရှိန်ဝါ ကင်းကွာသည်အဖြစ်ကို။ ပဒဿေတိ၊ ထင်ရှားဖော်ပြ၏။
ကောဓေန၊ အမျက်ဒေါသသည်။ အဘိဘူတဿ၊ လွှမ်းမိုးနှိပ်စက်အပ်သော။ အဿ၊ ထိုလူမိုက်မှာ။ ဟိရီ၊ အကုသိုလ်ဒုစ္စရိတ်ရှက်ခြင်းသဘောသည်။ န ဟောတိ၊ မဖြစ်တော့။ ဝါ၊ မရှိတော့။ ဩတ္တပ္ပံ၊ အကုသိုလ်ဒုစ္စရိတ်ကြောက်လန့်ခြင်းသဘောသည်။ န ဟောတိ၊ တော့။ (အဿ၊ ထိုဒေါသထွက်သောသူ၏)။ ဝစော၊ စကားသည်။ ဂါရဝေါ၊ အလေးဂရုပြုထိုက်သည်၏ အဖြစ်ရှိသည်။ ဝါ၊ လေးစားစွာပြောဆိုခြင်းရှိသည်။ န ဟောတိ၊ မဖြစ်တော့။ [ဝါစော-ဟု ပုလ္လိင်ရုပ်မရှိ။ ထို့ကြောင့် ဝ၌ အာဒီဃဖြင့် "ဝါစော"ဟု မရှိသင့်။ မနောဂိုဏ်းဝင် "ဝစော"ဟုသာ ရှိသင့်သည်]။ ကိဉ္စနံ၊ စိုးစဉ်းအနည်းငယ်မျှသာ။ ဒီပံ၊ ထောက်တည်မှီခိုရာသည်။ န ဟောတိ၊ မရှိတော့။ [ဤပုဂ္ဂိုလ်သည် ငါ၏ မှီခိုအားထားရာ ဆရာမိဘဖြစ်သည် စသည်ဖြင့် ငဲ့ညှာထောက်ထားစိတ်မရှိတော့ ဟူလို]။
(ကုဒ္ဓဿ၊ အမျက်ဒေါသထွက်သောသူ၏)။ တပနီယာနိ၊ (မျက်မှောက်, တမလွန်၊နှစ်တန်သော ဘဝ၌) ပူပန်စေတတ်ကုန်သော။ ဓမ္မေဟိ၊ သမထဝိပဿနာတရားတို့မှ။ အာရကာ၊ ဝေးကုန်သော။ ယာနိ ကမ္မာနိ၊ အကြင်အကုသိုလ်အမှုလုပ်ငန်းတို့သည်။ (သန္တိ၊ ရှိကုန်၏)။
တာနိ(ကမ္မာနိ)၊ ထိုအကုသိုလ်အမှုလုပ်ငန်းတို့ကို။ (အဟံ၊ ငါသည်)။ အာရောစယိဿာမိ၊ ဟောကြားတော်မူအံ့။ ယထာတထံ၊ မဖောက်မပြန်မှန်ကန်သော။ တံ၊ ထိုငါဟောကြားအပ်သော တရားစကားတော်ကို။ (တုမှေ၊ သင်တို့သည်) ယထာတထံ၊ မဖောက်မပြန်မှန်ကန်စွာ။ ဝါ၊ လွဲချော်မသွားအောင်။ သုဏာထ၊ ကြားနာကြကုန်လော။
ဟိ၊ အကျယ်တဝင့်ဟောကြားတော်မူအံ့။ ကုဒ္ဓေါ၊ ဒေါသထွက် စိတ်ဆိုးသောသူသည်။ ပိတရံ၊ ဖခင်ကို။ ဟန္တိ၊ သတ်တတ်၏။ သမာတရံ၊ မိမိ၏ မိခင်ကို။ ဟန္တိ၊ သတ်၏။ ကုဒ္ဓေါ၊ သည်။
ဗြာဟ္မဏံ၊ မကောင်းမှုအကုသိုလ်တို့ကို ပယ်ရှားမျောသွားစေပြီးသော ရဟန္တာအရှင်မြတ်ကို။ ဟန္တိ၊ ၏။ ကုဒ္ဓေါ၊ သည်။ ပုထုဇ္ဇနံ၊ ပုထုဇဉ်ပုဂ္ဂိုလ်ကိုလည်း။ ဟန္တိ၊ ၏။
ယာယ မာတု၊ အကြင်အမိသည်။ ပေါသော၊ သားသမီး သတ္တဝါအပေါင်းကို။ ဘတော၊ မွေးမြူအပ်၏။ (ယာ မာတာ၊ အကြင်အမိသည်)။ ဣမံ လောကံ၊ (သားသမီးဟူသော) ဤလောကကို။ အဝေက္ခတိ၊ ကြည့်ရှု စောင့်‌ရှောက်၏။
ပါဏဒဒိံ၊ အသက်ကိုပေးတတ်သူဖြစ်၍။ သန္တိံ၊ ဖြစ်သော။ [ပါဏဒဒိံ သန္တိံ၊ အသက်ကိုပေးတတ်သူဖြစ်သော]။ တမ္ပိ၊ ထိုအမိကိုသော်လည်း။ ကုဒ္ဓေါ၊ အမျက်ထွက်သော။ ပုထုဇ္ဇနော၊ ပုထုဇဉ်ပုဂ္ဂိုလ်သည်။ ဟန္တိ၊ သတ်၏။
တေ သတ္တာ၊ ထိုသတ္တဝါတို့သည်။ အတ္တူပမာ၊ မိမိဟူသော ဥပမာရှိကုန်၏။ ဝါ၊ မိမိနှင့် တန်းတူညီထား သနားထိုက်ကုန်၏။ ဟိ၊ မှန်၏။ အတ္တာ၊ မိမိသည်။ ပရမော၊ အလွန်ကဲဆုံးဖြစ်သော။ ပိယော၊ ချစ်ခင်အပ်သူပေတည်း။
ကုဒ္ဓေါ၊ အမျက်ထွက်သောသူသည်။ နာနာရူပေသု၊ အမျိုးမျိုးသော သဘောရှိသော အာရုံတို့၌။ မုစ္ဆိတော၊ တွေဝေမူးရူးသည်။ (ဟုတွာ၊ ဖြစ်၍)။ ပုထု၊ အကြောင်းအမျိုးမျိုးတို့ကြောင့်။ အတ္တာနံ၊ မိမိကိုယ်ကို။ (အချစ်ဆုံးဖြစ်သော မိမိကိုယ်ကို) ဟန္တိ၊ သတ်၏။
(ကုဒ္ဓေါ၊ သည်)။ အသိနာ၊ သန်လျက်ဖြင့်။ အတ္တာနံ၊ မိမိကိုယ်ကို။ ဟန္တိ၊ ထိုးခုတ်သတ်ဖြတ်၏။ မုစ္ဆိတာ၊ (ဒေါသလွှမ်း၍)မူးရူးရမ်းကားသူတို့သည်။ ဝိသံ၊ အဆိပ်ကိုသော်လည်း။ ခါဒန္တိ၊ စားမျိုကြကုန်၏။
ရဇ္ဇုယာ၊ ကြိုးဖြင့်သော်လည်း။ ဗဇ္ဈ၊ လည်ပင်း၌ဖွဲ့ချည်၍။ မီယန္တိ၊ သေကြကုန်၏။ (ဆွဲကြိုးချ၍ သေကြကုန်၏) ပဗ္ဗတာ၊ တောင်ပေါ်မှ။ (ပတိတွာပိ၊ ခုန်ချ၍လည်းကောင်း) ကန္ဒရေ၊ ချောက်ထဲ၌။ (ပတိတွာပိ၊ လည်းကောင်း)။ မီယန္တိ၊ သေကြကုန်၏။
(ကုဒ္ဓါ၊ ဒေါသထွက်သောသူတို့သည်)။ **ဘူနဟစ္စာနိ**၊ ကြီးပွားတိုးတက်မှုကို သတ်ဖြတ်ဖျက်ဆီးခြင်းရှိကုန်သော။ဘူနဟစ္စာနိ။ ။ ဘူဓာတ် တပစ္စည်း၊ ဘိဒါဒိတော ဣန္န အန္နဤဏာ ဝါ-သုတ်ဖြင့် တပစ္စည်းကို ဤဏပြု၊ ဤကိုချေ၊ ဏကို နပြုလျှင် (လူန၊ ဝိလူနကဲ့သို့)ဘူန-ဟုဖြစ်၏။ ရူပသိဒ္ဓိကိုမှီး၍ ရုပ်စီရင်ခြင်းဖြစ်သည်။ မောဂ္ဂလ္လာန်၊ ၅(ခါဒိ)ကဏ္ဍ၊ ဘိဒါဒိတော နော က္တ က္တဝန္တူနံ (၁၅၀)သုတ်ဖြင့် တပစ္စည်းကို န ပြုလျှင် လူန-ဟု ရုပ်ပြီးသကဲ့သို့ နိရုတ္တိဒီပနီ။ နှာ(၅၀၀-၁)၌ ယင်းသုတ်ဖြင့်ပင် တ ပစ္စည်းကို န ပြု၍ ဘူန-ဟု ရုပ်ပြီးစေသည်။
ဟစ္စပုဒ်ကို ရူပသိန္ဓိ "ကရမှာ ရိစ္စ"သုတ်၌ ဘစ္စပုဒ် ရုပ်ပြီးစေသကဲ့သို့ ဟနဓာတ် ရိစ္စပစ္စည်းဖြင့် ဟစ္စ-ဟု ပြီးစေရာ၏။ မောဂ္ဂလ္လာန် ခါဒိကဏ္ဍနိဿယ၌မူ "ကိစ္စ ဃစ္စ ဘစ္စ ဘဗ္ဗလေယျာ"ဟူသော (၃၁)သုတ်ဖြင့် ယပစ္စည်းသက်ခြင်း ဟနဓာတ်ကို ဟစ်ပြုခြင်းဖြင့် ဟဈ-ဟု ဖြစ်ပြီးနောက် ဈကို စပြု ဒွေဘော်လာ၍ ဟစ္စ-ဟု ရုပ်ပြီးစေသည်။ ဘူယတေ ဝဍ္ဎတေ ဘူနံ (ဝုဒ္ဓိ)- ကြီးပွားခြင်း။ ဟနနံ ဟစ္စံ- သတ်ဖြတ်ဖျက်ဆီးခြင်း။ ဘူနဿ ဟစ္စံ ဃာတော ဧတေသံ ကမ္မာနန္တိ ဘူနဟစ္စာနိ။
အတ္တမာရဏိယာနိ၊ မိမိကိုယ်ကို သေစေတတ်ကုန်သော။ ကမ္မာနိ၊ ရက်စက်ကြမ်းတမ်း အမှုလုပ်ငန်းတို့ကို။
ကရောန္တာ စ၊ ပြုကြပါကုန်လျက်လည်း။ နာဝဗုဇ္ဈန္တိ၊ (ကောင်းဆိုးနှစ်ပါး ခွဲခြားမထင်) မသိမြင်ကြတော့ကုန်။ ပရာဘဝေါ၊ ပျက်ဆီးဆုံးရှုံးမှုသည်။ ကောဓဇာတော၊ ဒေါသကြောင့်ဖြစ်၏။
**ဣတိ**၊ ဤဟောတော်မူအပ်ပြီးသော အကြောင်းတို့ကြောင့်။ ("ကောဓနော ဒုဗ္ဗဏ္ဏော ဟောတိ" စသည်ဖြင့် ဟောတော်မူအပ်ပြီးသည့်အတိုင်း ဒေါသကြောင့် ရုပ်အဆင်း မလှမပဖြစ်ရခြင်း, ဆင်းရဲစွာ အိပ်ရခြင်းစသည်နှင့် မိဘနှင့် ရဟန္တာကို သတ်ခြင်း, မိမိကိုယ်ကိုမိမိ သတ်ခြင်းစသော အကြောင်းတို့ကြောင့်)ဣတာယံ။ ပ။ ဂုဟာသယော။ ။ ဤဂါထာ ပုဗ္ဗဍ္ဎ၌ "ဣတာယန္တိ ဣတိ အယံ"ဟူ၍သာ အဋ္ဌကထာအဖွင့်ပါဌ်တွေ့ရ၏။ ထိုတွေ့ရသော အဖွင့်မှာလည်း ပဒစ္ဆေဒသံဝဏ္ဏနာမျှသာဖြစ်ပြီး ဣတိသဒ္ဒါအတွက် အဖွင့်ထူးမပါ။ ထို့ကြောင့် အဋ္ထကထာအလို ထိုဣတိသဒ္ဒါသည် (သဒ်ဒနီတိဖွင့်အလို) အလွန်ထူးခြားသော အနက်တခုခုကို ဟောသည်ဟု ဆိုလိုဟန်မရှိပါ။ "ကောဓနော ဒုဗ္ဗဏ္ဏော ဟောတိ"စသည်ဖြင့် ဟောတော်မူအပ်ပြီးသော အကြောင်းများကို ပြန်၍ ညွှန်ပြသော ရိုးရိုးနိဒဿနနှင့် ကာရဏအနက်ကို ဟောသော ရိုးရိုးဣတိသဒ္ဒါမျှသာဖြစ်သည်ဟု ယူဆ၏။
ထိုဟောတော်မူအပ်ပြီးသော အကြောင်းများမှာလည်း ဒေါသကြောင့် ရုပ်အဆင်းမလှ (ဒုဗ္ဗဏ္ဏတာ) ဖြစ်ရခြင်း, ဆင်းရဲစွာအိပ်စက်ရခြင်းစသည်နှင့် "ကုဒ္ဓေါ ဟိ ပိတရံ ဟန္တိ"စသည်ဖြင့် ဟောတော်မူအပ်သော မိဘနှင့် ရဟန္တာကို သတ်ခြင်း, မိမိကိုယ်ကိုမိမိ သတ်ခြင်းစသော အလွန်ကြမ်းတမ်းသော ဖြစ်ရပ်များဖြစ်၏။ ထို့ကြောင့် ဂါထာ၏ ဆိုလိုရင်းမှာ-
"ကောဓနော ဒုဗ္ဗဏ္ဏော ဟောတိ" စသည်ဖြင့် ဆိုခဲ့ပြီးသော ဖြစ်ရပ်အကြောင်းများကြောင့် ဤဒေါသသည် သူ၏ပင်ကိုသဘော (ကောဓရူပ)အားဖြင့်ပင် "မစ္စုပါသ- သေမင်း၏ ကျော့ကွင်း (သေစေတတ်သောတရား)"ဖြစ်သည်။ ထိုဒေါသသည် ခါးပိုက်ထဲ၌ ကိန်းအောင်းနေသော မြွေပွေးကဲ့သို့ "ဂုဟာသယ- ခန္ဓာကိုယ်လိုဏ်ဂူ၌ ကိန်းအောင်းနေသော မစ္စုပါသဖြစ်သည်ဟု"ဆိုလို၏။
မစ္စုနော ပါသော မစ္စုပါသော- သေခြင်းတရား၏ (သေမင်း၏) ကျော့ကွင်း၊ သေမင်းက ထောင်ထားအပ်သော ဒေါသတည်းဟူသော ကျော့ကွင်း (သေစေတတ်သော ဒေါသ)။ ဤအတိုင်းပင် သေခြင်းက တခြား, ဒေါသတည်းဟူသော ကျော့ကွင်းက တခြားဖြစ်၍ မစ္စုပါသတပုဒ်လုံးအရ ဒေါသဟူသော ကျော့ကွင်းကို ယူရသော ဆဋ္ဌီတပ္ပုရိသ်သမာသ် ဝစနတ္ထပြုရာ၏။
သဒ္ဒနီတိဖွင့်ပုံ။ ။ သဒ္ဒနီတိဓာတုမာလာ ဣဓာတ်ကိုပြဆိုရာ (နှာ-၂)၌မူ ဤသုတ်ဂါထာမှ ဣတိသဒ္ဒါကို ဣဓာတ် တိဝိဘတ်ကြံ၍ "ဣတိဣတိ စ ဂစ္ဆတိ ပဝတ္တတီတိ အတ္ထော"ဟု ဖွင့်၏။ တဂါထာလုံးကိုလည်း ဝေဝေ ဆာဆာဖွင့်ထား၏။ ထိုသဒ္ဒနီတိ၌ "မစ္စုပါသော"နေရာ၌ "မစ္စုဝေသော"ဟု တွေ့ရပြီး "ဧသော ဟိ သရီရသင်္ခါတဂုဟာသယော မစ္စုရာဇာ ဧဝ ကောဓဝသေန ပမဒ္ဒန္တော သတ္တသန္တာနေ ဂစ္ဆတီတိ ဝတ္တဗ္ဗော"ဟု ဖွင့်ထားသောကြောင့် "မစ္စုဝေသော- မစ္စု+ဧဝ+ဧသော"ဟု ပုဒ်ဖြတ်စေလိုသည်မှာ ထင်ရှား၏။
ထို့ပြင် "တံ ဧဝရူပံ 'မစ္စုရာဇာ'တိ ဝတ္တဗ္ဗံ ဗဟုနော ဇနဿ အနတ္ထကရံ ကောဓံ"ဟု ဆက်လက် ဖွင့်ဆိုထားသောကြောင့် ထိုသဒ္ဒနီတိအလို ဒေါသကိုပင် "မစ္စု (မစ္စုရာဇာ)- သေမင်း"ဟုဆိုလို၏။ သဒ္ဒနီတိနိဿယ၌မူ ယင်းသို့ ပုဒ်မဖြတ်ဘဲ "မစ္စုဝေသော- သေမင်း၏ ဝင်ရာနေရာဖြစ်သော"ဟု ဝိသဓာတ်ကြံ၍ အနက်ပေးထား၏။ သဒ္ဒနီတိအဖွင့်အတိုင်း ဂါထာအနက်ပေးလိုလျှင်-
အယံ- ဤဒေါသမည်သော။ ဧသော- ဤတရားသည်။ ဂုဟာသယော- ခန္ဓာကိုယ်လိုဏ်ဂူဟူသော ကိန်းအောင်းရာဌာနရျိသော။ ဝါ- ခန္ဓာကိုယ်လိုဏ်ဂူ၌ ကိန်းအောင်းသော။ မစ္စုဧဝ- သေမင်းသည်သာလျှင်။ (ဟုတွာ- ဖြစ်၍) ကောဓရူပေန- အမျက်ဒေါသ၏ သဘောအားဖြင့်။ ဝါ- အမျက်ဒေါသ၏ အသွင်သဏ္ဌာန်အားဖြင့်။ ပမဒ္ဒန္တော- သတ္တဝါတို့ကို လွှမ်းဖိ နင်းသတ်လျက်။ သတ္တသန္တာနေ- သတ္တဝါတို့၏ ခန္ဓာအစဉ်၌။ ဣတိ(ပဝတ္တတိ)ဖြစ်၏။ ဟိတကာမော- မိမိစီးပွားကို အလိုရှိသောပုဂ္ဂိုလ်သည်။ တံ- ထိုသေမင်းဟု ခေါ်ဝေါ်အပ်သော အမျက်ဒေါသကို။ ဒမေန- စိတ်ကို ဆုံးမနှိပ်ကွပ်ကြောင်းတရားဖြစ်သော။ ပညာဝီရိယေန- ပညာဝီရိယအားဖြင့်လည်းကောင်း။ ဒိဋ္ဌိယာ- မဂ္ဂသမ္မာဒိဋ္ဌိဖြင့်လည်းကောင်း၊ သမုစ္ဆိန္ဒေ- အကြွင်းမဲ့ပယ်ဖြတ်သင့်၏။ ဝါ- အကြွင်းမဲ့ပယ်ဖြတ်ရမည်"ဟု အနက်ဆို။
ဤဂါထာ၌ ရှေးနှစ်ပါဒကိုသာ သဒ္ဒနီတိ အထူးဖွင့်သည်။ နောက်နှစ်ပါဒအတွက်မှာ အဋ္ဌကထာအဖွင့်အတိုင်းပင်တည်း။ ဤ၌"တံ ဒမေန သမုစ္ဆိန္ဒေ- ထိုကောဓအမျက်ကို ဒမမည်သော တရားဖြင့် ပယ်ဖြတ်ရမည်ဟုဆိုရာ၌ အဘယ်မည်သော ဒမတရားဖြင့် ပယ်ဖြတ်ရမည်နည်း"ဟု မေးဖွဘ်ရှိသောကြောင့် "ပညာဝီရိယေန ဒိဋ္ဌိယာ"ဟု မိန့်တော်မူ၏။ ပညာ, ဝီရိယ, မဂ္ဂသမ္မာဒိဋ္ဌိဟူသော သုံးပါးသော ဒမတရားဖြင့် ပယ်ဖြတ်ရမည် ဟူလို။
အယံ၊ ဤဒေါသသည်။ ကောဓရူပေန၊ အမျက်ဒေါသ၏ ပင်ကိုယ်သဘာဝအားဖြင့်။ ဂုဟာသယော၊ ခန္ဓာကိုယ်လိုဏ်ဂူဟူသော ကိန်းအောင်းရာဌာနရှိသော။ ဝါ၊ ခန္ဓာကိုယ်လိုဏ်ဂူ၌ ကိန်းအောင်းသော။ မစ္စုပါသော၊ သေမင်း၏ ကျော့ကွင်းသည်။ ဟောတိ၊ ဖြစ်၏။
ပညာဝီရိယေန၊ ပညာနှင့် ဝီရိယလည်းဖြစ်‌သော။ (ဝိပဿနာပညာနှင့် ထို၏ယှဉ်ဘက် ကာယိကစေတသိက ဝီရိယလည်း ဖြစ်သော) ဒိဋ္ဌိယာ၊ မဂ္ဂသမ္မာဒိဋ္ဌိလည်း ဖြစ်သော။ ဒမေန၊ ဆုံးမနှိပ်ကွပ်ကြောင်းတရားဖြင့်၊ တံ၊ ထိုအမျက်ဒေါသကို။ သမုစ္ဆိန္ဒေ၊ အကြွင်းမဲ့ပယ်ဖြတ်သင့်၏။
နော၊ ငါတို့မှာ။ ဒုမ္မင်္ကုယံ၊ (ဒေါသကြောင့်) မျက်နှာမသာ အရှိန်အဝါ မရှိသည် အဖြစ်သည်။ မာ အဟု၊ မဖြစ်ပါစေသတည်း။ (ဣတိ၊ ဤသို့။ ပတ္ထယမာနော၊ တောင့်တလျက်) [အဋ္ဌကထာ၌ ဗဟုဝုစ်ရုပ် ရှိနေ၏။ ပဏ္ဍိတော၏ ဝိသေသနအဖြစ်ဖြင့် "ပတ္ထယမာနော"ဟု ဧကဝုစ် ရှိသင့်သည်ဟု ယူဆ၏။] ပဏ္ဍိတော၊ ပညာရှိသည်။ ဧတံ အကုသလံ၊ ထိုဒေါသအကုသိုလ်ကို။ သမုစ္ဆိန္ဒေထ ယထာ၊ အကြွင်းမဲ့ပယ်ဖြတ်သင့်သကဲ့သို့။ တထေဝ၊ ထို့အတူပင်။ ဓမ္မေ၊ သမထဝိပဿနာတရားတို့ကို။ သိက္ခေထ၊ ဖြည့်ကျင့်သင့်၏။
(တေ၊ ထိုပညာရှိတို့သည်)။ ကောဓံ၊ အမျက်ဒေါသကို။ ပဟန္တွာန၊ ပယ်သတ်ကြကုန်၍။ ဝီတကောဓာ၊ ကင်းသောအမျက်ဒေါသရှိကုန်သည်။ အနာယာသာ၊ (ဒေါသထန်ပြင်း) ပင်ပန်းခြင်း မရှိကြကုန်သည်။ ဝီတလောဘာ၊ ကင်းသောလောဘ ရှိကြကုန်သည်။ အနုဿုကာ၊ များပြားကိစ္စ, ကြောင့်ကြမလုပ်, အားမထုတ်ကြကုန်သည်။ ဒန္တာ၊ ယဉ်ကျေး သိမ်မွေ့ကြကုန်သည်။ အနာသဝါ၊ အာသဝကိလေသာ မရှိကြကုန်သည်။ (ဟုတွာ၊ ဖြစ်ကြကုန်၍) ပရိနိဗ္ဗန္တိ၊ ကိလေသာဟူ အပူမသန်း ငြိမ်းချမ်းတော်မူကြကုန်၏။ ဣတိ(အဝေါစ၊ မိန့်တော်မူပြီ)
ဧကာဒသမံ၊ (၁၁)ခုမြောက်သုတ်တည်း။
ဆဋ္ဌော၊ ခြောက်ခုမြောက်သော။ အဗျာကတဝဂ္ဂေါ၊ ဝဂ်တည်း။