ဘိက္ခဝေ၊ ရဟန်းတို့။
**သမာဓိပရိက္ခာရာ**၊ မဂ်သမာဓိ၏အကြောင်းအဆောက်အဦးတို့သည်။သမာဓိပရိက္ခာရာ။ ။ ပရိက္ခာရသဒ္ဒါသည် (၁) သမ္ဘာရ (အကြောင်းအဆောက်အဦးဟူသော) အနက်။ (၂) ပရိဝါရ (အခြံအရံ အသိုင်းအဝိုင်းဟူသော) အနက်တို့ကို ဟော၏။ ထိုတွင် ဤ၌ ပါဠိတော်ဟောတော်မူသည့်အတိုင်း သမ္မာဒိဋ္ဌိ စသော (၇)ပါးသော မဂ်တရားတို့ကို အကြောင်းအဆောက်အဦး(ပရိက္ခာရ)ဟုလည်းကောင်း, အခြံအရံအသိုင်းအဝိုင်း (ပရိက္ခာရ)ဟု လည်းကောင်း ခေါ်၏။
မှန်၏။ ထို(၇)ပါးတို့သည် မဂ္ဂသမ္မာသမာဓိ ဖြစ်ပွားခြင်း ပြည့်စုံခြင်း၏အကြောင်းအဆောက်အဦး (သမာဓိပရိက္ခာရ)လည်း ဖြစ်ကြ၏။ [ဖလံ ပရိကရောတိ နိဗ္ဗတ္တေတီတိ ပရိက္ခာရော (သမ္ဘာရော၊ ကာရဏံ)- အကျိုးတရားကို ပြုလုပ်တတ်, ဖြစ်စေတတ်သော တရားအပေါင်း (အကြောင်းအဆောက်အဦးများ။)]
ယင်း(၇)ပါးတို့သည်ပင် ပရိကရောန္တိ အဘိသင်္ခရောန္တီတိ ပရိက္ခာရာ- (မဂ္ဂသမ္မာသမာဓိကို သဟာဇာတ အစရှိသော ပစ္စယသတ္တိဖြင့် ကျေးဇူးပြုကာ) ခြံရံသိုင်းဝိုင်းစီမံပြုလုပ်တတ်သောကြောင့် မဂ္ဂသမ္မာသမာဓိ၏ အခြံအရံအသိုင်းအဝိုင်း (သမာဓိပရိက္ခာရ)လည်း ဖြစ်ကြ၏။ ဝါ၊ မဂ်သမာဓိ၏ အခြံအရံ အသိုင်းအဝိုင်းတို့သည် (မဂ်သမာဓိကို သဟဇာတ အစရှိသော ပစ္စယသတ္တိဖြင့် ကျေးဇူးပြုကာ ခြံရံသိုင်းဝုင်း စီမံပြုလုပ်တတ်သော တရားတို့သည်။) ဣမေ သတ္တ၊ ဤ(၇)ပါးတို့တည်း။ပ။

သမ္မာဒိဋ္ဌိ၊ ချီးမွမ်းအပ်, ကောင်းမြတ်သောဉာဏ်အမြင်လည်းကောင်း။
ဝါ၊ မှန်ကန်စွာ သိမြင်တတ်သော ဉာဏ်အမြင်လည်းကောင်း။
သမ္မာသင်္ကပ္ပေါ၊ ချီးမွမ်းအပ်, ကောင်းမြတ်သောအကြံအစည်လည်းကောင်း။
ဝါ၊ ယှဉ်ဘက်တရားတို့ကို နိဗ္ဗာန်အာရုံ၌ ဖြောင့်မှန်စွာ တင်ပို့တတ်သော အကြံအစဉ်လည်းကောင်း။
သမ္မာဝါစာ၊ ချီးမွမ်းအပ် ကောင်းမြတ်သော ပြောဆိုကြောင်းတရားလည်းကောင်း။
ဝါ၊ မှန်ကန်စွာ ပြောဆိုကြောင်း တရားလည်းကောင်း။
သမ္မာကမ္မန္တော၊ ချီးမွမ်းအပ်, ကောင်းမြတ်သော ပြုလုပ်ကြောင်း တရားလည်းကောင်း။
ဝါ၊ မှန်ကန်စွာ ပြုလုပ်ကြောင်း တရားလည်းကောင်း။
သမ္မာအာဇီဝေါ၊ ချီးမွမ်းအပ်, ကောင်းမြတ်သော အသက်မွေးကြောင်းတရားလည်းကောင်း။
ဝါ၊ ကောင်း။
သမ္မာဝါယာမော၊ ချီးမွမ်းအပ်, ကောင်းမြတ်သောဝီရိယလည်းကောင်း။
ဝါ၊ မှန်ကန်သော ဝီရိယလည်းကောင်း။
သမ္မာသတိ၊ ချီးမွမ်းအပ်, ကောင်းမြတ်သောအမှတ်ရမှုလည်းကောင်း။
ဝါ၊ မှန်ကန်သော အမှတ်ရမှုလည်းကောင်း။
(ဣတိ၊ ဤသည်တို့ပင်တည်း။)
ဘိက္ခဝေ၊ တို့။
သတ္တဟိ၊ (၇)ပါးကုန်သော။
ဣမေဟိ အင်္ဂေဟ်ိ+ (သမ္မာဒိဋ္ဌိ အစရှိသော) ဤအကြောင်းအင်္ဂါတို့သည်။
ယာ စိတ္တဿေကဂ္ဂတာ၊ အကြင် စိတ္တသောကဂ္ဂတာကို။
ဝါ၊ အကြင် စိတ်တည်ကြည်ခြင်း သဘောတရားကို။ (အကြင်စိတ်၏တခုတည်းသော အာရုံရှိသည်အဖြစ်တည်းဟူသော တည်ကြည်ခြင်း သဘောတရားကို)
ပရိက္ခတာ၊ ခြံရံသိုင်းဝိုင်းအပ်ပြီ။ (ခြံရံသိုင်းဝိုင်း၍ သဟဇာတ စသော ပစ္စယသတ္တိဖြင့် ကျေးဇူးပြုအပ်ပြီ)
ဘိက္ခဝေ၊ တို့။
အဘံ၊ ဤစိတ္တဿေကဂ္ဂတာကို။
အရိယော၊ ကိလေသာအပြစ်ကင်း၍ သန့်ရှင်းဖြူစင်သော။
သမ္မာသမာဓိ၊ သမ္မာသမာဓိမည်၏ဟူ၍။
ဝါ၊ ချီးမွမ်းအပ်, ကောင်းမြတ်သော တည်ကြည်သော သဘောတရားဟူ၍။
ဝါ၊ စိတ်ကို အာရုံ၌ မှန်ကန်တည်ငြိမ်စွာ ထားကြောင်း သဘောတရားဟူ၍။
ဝုစ္စတိ၊ ခေါ်ဆိုအပ်၏။
**သဥပနိသော** ဣတိပိ၊ ပူးကပ်မှီတွယ်အပ်သော အခြံအရံ အသိုင်းအဝိုင်းနှင့် တကွဖြစ်သော တရားဟူ၍လည်း။သဥပနိသော။ ။ သဥပနိသောကို သဥပနိဿယော (မှီရာအသိုင်းအဝန်းနှင့် တကွဖြစ်သော တရား)ဟု ဖွင့်၏။ ဥပေစ္စ နိဿီယတီတိ ဥပနိသာ- ပူးကပ်၍ မှီတွယ်အပ်သော အခြံအရံ အသိုင်းအဝိုင်း တရားအပေါင်း။ (သမ္မာဒိဋ္ဌိ စသော ခုနစ်ပါးသော မဂ်တရားများတည်း။) သဟ ဥပနိသာယ ယော ဝတ္တတီတိ သဥပနိသော- ပူးကပ်မှီတါယ်အပ်သော အခြံအရံအပေါင်းနှင့်တကွဖြစ်သော သမ္မာသမာဓိ။
ဤသုတ်ဋီကာ၌ ဒီ, မဟာဝဂ္ဂပါဠိတော် ဇနဝသဘသုတ် အဋ္ဌကထာ(၂၃၈)နှင့် ထို၏ဋီကာ (၂၁၅)တို့ကို ရောစပ်ယူပြီး ဖွင့်ထား၏။ သဟကာရီကာရဏဘူတော (အကျိုးတရားတို့ကို အတူတကွ ပြုလုပ်တတ်, ဖြစ်စေတတ်သော အကြောင်းဖြစ်သော) ဓမ္မသမူဟော ဣဓ "ဥပနိဿယော"တိ အဓိပ္ပေတော။ ဝုစ္စတိ၊ ၏။ သပရိက္ခာရော ဣတိပိ၊ အကြောင်း အဆောက်အဦးနှင့်တကွ ဖြစ်သော တရားဟူ၍လည်း။ ဝုစ္စတိ၊ ၏။ ဣတိ၊ ဤသို့။ (အဝေါစ၊ မိန့်တော်မူပြီ)။

ဒုတိယံ။