Issues
Select Version
Bhikkhu Bodhi
English
sāsanāre-သာသနာရေး
မြန်မာဘာသာ
Sattakanipātapāḷi
Sattakanipātapāḷi

6. Aniccānupassīsuttaṃ

Author: sāsanāre-သာသနာရေး @ IAPT

ဘိက္ခဝေ၊ ရဟန်းတို့။ ဣဓ၊ ဤငါဘုရားသာသနာတော်၌။ ဧကစ္စော၊ သော။ ပုဂ္ဂလော၊ သည်။ သဗ္ဗသင်္ခါရေသု၊ အားလုံးစုံသော တေဘူမကသင်္ခါရတရားတို့၌။ အနိစ္စာနုပဿီ၊ အနိစ္စဟူ၍ ပညာဖြင့် အဖန်ဖန်ရှုသည်။ အနိစ္စသညီ၊ အနိစ္စဟု ရှုမှတ်သော သညာရှိသည်။ အနိစ္စပဋိသံဝေဒီ၊ အနိစ္စဟူ၍ ဉာဏ်ဖြင့်ထိုးထွင်းသိသည်။ (ဟုတွာ၊ ဖြစ်၍) သတတံ၊ အခါခပ်သိမ်း။ သမိတံ၊ ‌(ရှေ့စိတ်နှင့် နောက်စိတ်) ဆက်စပ်မိအောင်။ ["သမိတံ(သံ+ဣတံ) သမုပဂတံ ဃဋိတံ၊ ဆက်စပ်ကပ်မိသည်။ ဝါ၊ ဆက်စပ်ကပ်မိအောင်"ဟူ၍ အဋ္ဌကထာဖွင့်၏] အဗ္ဗောကိဏ္ဏံ၊ အခြားသောစိတ်နှင့် မရောမစပ် အကြားမလပ်အောင်။ စေတသာ၊ ဝိပဿနာစိတ်ဖြင့်။ အဓိမုစ္စမာနော၊ ခိုင်မြဲစွာဆုံးဖြတ်လျက်။ (သံသယကင်းပျောက်၍ စွဲမြဲစွာ သက်ရောက်ဆုံးဖြတ်လျက်) ပညာယ၊ ဝိပဿနာပညာဖြင့်။ ပရိယောဂါဟမာနော၊ သက်ဝင်ဆိုက်ရောက်လျက်။ ဝိဟရတိ၊ နေ၏။
သော၊ ထိုပုဂ္ဂိုလ်သည် (အားလုံးစုံသော တေဘူမကသင်္ခါရတို့၌ အနိစ္စဟု ရှုလျက်, အခါခပ်သိမ်း ဝိပဿနာစိတ်ဖြင့် ခိုင်မြဲစွာဆုံးဖြတ်လျက်, ဝိပဿနာပညာဖြင့် သက်ဝင်ဆိုက်ရောက်လျက်နေသော ထိုပုဂ္ဂိုလ်သည်) အာသဝါနံ၊ တို့၏။ ခယာ၊ ကြောင့်။ပ။ ဝိဟရတိ၊ ၏။
ဘိက္ခဝေ၊ တို့။ ပဌမော၊ ရှေးဦးစွာသော။ အယံ ပုဂ္ဂလော၊ ဤပုဂ္ဂိုလ်သည်။ (အာသဝကိလေသာ မရှိသော စေတောဝိမုတ္တိ, ပညာဝိမုတ္တိသို့ ကိုယ်တိုင်သိမြင် ဆိုက်ရောက်မျက်မှောက်ပြု၍နေသော ဤရဟန္တာပုဂ္ဂိုလ်သည်) အာဟုနေယျော၊ လေးစားကြည်ဖြူ, အဝေးမှပင် ဆောင်ယူ၍ ပေးလှူအပ်သော ပစ္စည်းဝတ္ထုကို ခံယူတော်မူထိုက်၏။ ပါဟုနေယျော၊ ထိုက်တော်မူ၏။ပ။
ဘိက္ခဝေ၊ တို့။ ပုနစပရံ၊ နောက်ထပ်အခြားသော ပုဂ္ဂိုလ်တဦးကား။ [တနည်း- ဘိက္ခဝေ၊ တို့။ ပုန၊ နောက်ထပ်။ အပရံစ၊ အခြားသောပုဂ္ဂိုလ်တဦိးကိုလည်း။ အဟံ၊ ငါသည်။ ဘာသိဿာမိ၊ ဟောတော်မူဦးအံ့] ဣဓ၊ ၌။ ဧကစ္စော၊ သော။ ပုဂ္ဂလော။ပ။
တဿ၊ ထိုပုဂ္ဂိုလ်၏။ (အားလုံးသော တေဘူမကသင်္ခါရတို့၌ အနိစ္စဟု ရှုလျက်, အခါခပ်သိမ်း ဝိပဿနာစိတ်ဖြင့် ခိုင်မြဲစွာ ဆုံးဖြတ်လျက်, ဝိပဿနာပညာဖြင့် သက်ဝင်ဆိုက်ရောက်လျက်နေသော ထိုပုဂ္ဂိုလ်၏) ဝါ၊ ထိုပုဂ္ဂိုလ်မှာ။ အပုဗ္ဗံ၊ ရှေ့လည်းမကျ။ အစရိမံ၊ နောက်လည်းမကျ။ [တနည်း- အပုဗ္ဗံ အစရိမံ၊ ရှေ့နောက်မကျ တပြိုင်နက်တည်းသော ခဏ၌သာလျှင်။] အာသဝပရိယာဒါနဉ္စ၊ (အရဟတ္တမဂ်ဖြင့်) အာသဝကိလေသာ ကုန်ခန်းခြင်းသည်လည်းကောင်း။ ဇီဝိတပရိယာဒါနဉ္စ၊ (ပရိနိဗ္ဗာန စုတိစိတ်ဖြင့်) ဇီဝိတိန္ဒြေ၏ ကုန်ခန်းခြင်းသည်လည်းကောင်း။ ဟောတိ၊ ၏။
ဘိက္ခဝေ၊ တို့။ ဒုတိယော၊ နှစ်ယောက်မြောက်သော။ အယံ ပုဂ္ဂလော၊ ဤပုဂ္ဂိုလ်သည်။ (အာသဝ, ဇီဝိတိန္ဒြေ ဤနှစ်ထွေ၏ တပြိုင်နက် ကုန်ခန်းချုပ်ပျောက်ခြင်းကြောင့် ဇီဝိတသမသီသီ မည်သော ဤရဟန္တာပုဂ္ဂိုလ်သည်။)။ပ။၁။ သီသနှစ်မျိုးနှင့် သမသီသီပုဂ္ဂိုလ်လေးမျိုး ။ ။ သမံ- ညီမျှသော။ သီသံ- ဦးခေါင်း- ဦးခေါင်းပမာ အချုပ်အခြာပဓာနတရား။ ပဋိသမ္ဘိဒါမဂ် ပါဠိတော်(၉၉)၌ "သီသန္တိ တေရသ သီသာနိ၊ ပလိဗောဓသီသဉ္စ တဏှာ။ပ။ သံကိလေသသီသဉ္စ အဝိဇ္ဇာ။ပ။ ပဝတ္တသီသဉ္စ ဇီဝိတိန္ဒြိယံ"စသည်ဖြင့် သီသ(၁၃)ပါး ဟောတော်မူရာတွင် ကိလေသသီသနှင့် ပဝတ္တသီသဟူသော သီသနှစ်မျိုးသာ ဤနေရာနှင့်ဆိုင်၏။ ထိုနှစ်ပါးတို့တွင် ကိလေသာတို့၏ ဦးခေါင်းပမာ အချုပ်အခြာပဓာနဖြစ်သောအဝိဇ္ဇာကို ကိလေသသီသ ဟု ခေါ်၏။ ဝဋ်ဒုက္ခ၏ အချုပ်အခြာ ပဓာနဖြစ်သော ဇီဝိတိန္ဒြေကို ပဝတ္တသီသ (ဝဋ္ဋသီသ)ဟု ခေါ်၏။ သမသီသံ ယဿ အတ္တီတိ သမသီသီ- တူညီမျှသော အချုပ်အခြာ ပဓာနတရားရှိသော ပုဂ္ဂိုလ်။ ထိုသမသီသီပုဂ္ဂိုလ်သည် သုံးဦး (သို့မဟုတ်)လေးဦး ရှိ၏။ ထိုလေးဦးမှာ-
(၁) ရောဂသမသီသီ ။ ။ ပုဂ္ဂိုလ်တဦ်းသည် မျက်စိရောဂါ စသောရောဂါတခုခု စွဲကပ်နေချိန်တွင် "ငါသည် ဤရောဂါ မပျောက်မီမှာပင် အာသဝကင်းပျောက်၍ အရဟတ္တဖိုလ်ရောက်မည်"ဟူသော အဓိဋ္ဌာန်ချက်ဖြင့် ဝိပဿနာတရား ပွားများ အားထုတ်လေရာ အရဟတ္တဖိုလ်သို့ ရောက်သည်နှင့် တပြိုင်နက် တချိန်တည်းပင် ထိုရောဂါလည်း ပျောက်သွား၏။ ယင်းသို့ရောဂါပျောက်ကင်းခြင်းနှင့် အာသဝကိလေသာ ကုန်ခန်းခြင်းတို့ တပြိုင်နက် တချိန်တည်းဖြစ်ခြင်း, ကြုံကြိုက်တိုက်ဆိုင်ခြင်းရှိသော ပုဂ္ဂိုလ်ကို (ဝါ- အရဟတ္တဖိုလ်သို့ ရောက်သည်နှင့်တပြိုင်နက် တချိန်တည်းပင် ရောဂါကင်းပျောက်သောပုဂ္ဂိုလ်ကို) ရောဂသမသီသီဟု ခေါ်၏။ "ရောဂဝသေန သမသီသီ ရောဂသမသီသီ၊ ဧသ နယော သေသေသုပိ"ဟု ဋီကာ ဝစနတ္ထပြု၏။ ရောဂဝသေန- ရောဂါ၏အလိုကျအားဖြင့်။ ဝါ- ရောဂါနှင့် စပ်‌သောအားဖြင့်။ သမသီသီ- သမသီသီဖြစ်သောပုဂ္ဂိုလ်။ ဝါ- ယင်းရောဂါနှင့် ချုပ်ချိန်ကာလ တူညီမျှသော ကိလေသသီသ ရှိသောပုဂ္ဂိုလ်။
(၂) ဝေဒနာသမသီသီ ။ ။ ဝေဒနာတခုခု ခံစားရင်းပင် ဝိပဿနာအားထုတ်ရာ ထိုဝေဒနာ ပျောက်ကင်းခြင်းနှင့် အာသဝကုန်ခန်းခြင်းတို့ တပြိုင်နက် တချိန်တည်း ဖြစ်ခြင်းရှိသော ပုဂ္ဂိုလ်ကို ဝေဒနာသမသီသီဟု ခေါ်၏။ ဤသုတ်အင်္ဂုတ္တိုရ် အဋ္ဌကထာ၌ ဤဝေဒနာသမသီသီကို ထည့်၍ သမသီသီပုဂ္ဂိုလ်လေးမျိုးဟု ရေတွက်ပြ၏။ သို့သော် ပုဂ္ဂလပညတ် အဋ္ဌကထာ (၃၇)နှင့် သဂါထာဝဂ္ဂသံယုတ်အဋ္ဌကထာ၊ ဂေါဓိကသုတ်အဖွင့် (၁၆၉)၌မူ ဝေဒနာသမသီသီကို မပြတော့ဘဲ သမသီသီသုံးမျိုးဟုသာ မိန့်ဆို၏။ ဝေဒနာသမသီသီကို ရောဂသမသီသီကို ရောဂသမသီသီနှင့် တပေါင်းတည်းထားလိုဟန် တူ၏။
(၃) ဣရိယာပထ သမသီသီ ။ ။ ပုဂ္ဂိုလ်တဦးကား စင်္ကြံသွားခြင်း, ရပ်ခြင်း စသော ဣရိယာပုထ်တခုခုကို စွဲမြဲစွာပြုပြီးလျှင် "ငါသည် ဤဣရိယာပုထ်ကို မဖျက်မီ အချိန်အတွင်းမှာပင် အရဟတ္တဖိုလ်သို့ ရောက်ရမည်ဟု အဓိဋ္ဌာန်ပြု၍ ဝိပဿနာအားထုတ်ရာ အရဟတ္တဖိုလ်ရောက်သည်နှင့် တပြိုင်နက် တချိန်တည်းပင် ထိုဣရိယာပုတ်လည်း ပျက်သွား၏။ ယင်းသို့ ဣရိယာပုထ်ပျက်ခြင်းနှင့် အာသဝကုန်ခန်းခြင်းတို့ ပြိုင်တူကြုံကြိုက် တိုက်ဆိုင်မှုရှိသော ပုဂ္ဂိုလ်ကို ဣရိယာပထသမသီသီဟု ခေါ်၏။ "ဣရိယာပထဝသေန သမသီသီ ဣရိယာပထသမသီသီ၊ ဧသ နယော သေသဒွယေပိ" ဟု သံယုတ်ဋီကာ ဝစနတ္ထပြု၏။
(၄) ဇီဝိတသမသီသီ ။ ။ "ယဿ ပုဂ္ဂလဿ အပုဗ္ဗံ အစရိမံ အာသဝပရိယာ ဒါနဉ္စ ဟောတိ ဇီဝိတပရိယာဒါနဉ္စ၊ အယံ ဝုစ္စတိ ပုဂ္ဂလော သမသီသီ"ဟူသော ပုဂ္ဂလပညတ်ပါဠိတော်(၁၁၆)။ "ယဿ စေတံ သီသဒွယံ သမံ ပရိယာဒါနံ ဂစ္ဆတိ၊ သော ဇီဝိတသမသီသီ နာမ" ဟူသော ပုဂ္ဂလပညတ် အဋ္ဌကထာ (၃၈)တို့နှင့် အညီ အာသဝကိလေသာ ကုန်ဆုံးချုပ်ပျောက်သည်နှင့် တပြိုင်နက်တချိန်တည်းပင် အသက်ဇီဝိတိန္ဒြေလည်း ကုန်ဆုံးချုပ်ပျောက်မှုရှိသော ပုဂ္ဂိုလ်ကို (သို့မဟုတ်) ကိလေသသီသခေါ် အဝိဇ္ဇာနှင့် ပဝတ္တသီသခေါ် ဇီဝိတိန္ဒြေတို့ ပြိုင်တူချုပ်ပျောက်မှုရှိသော ပုဂ္ဂိုလ်ကို ဇီဝိတသမသီသီဟု ခေါ်၏။ ရိုက်နှက်သတ်ဖြတ်မှု ပယောဂကြောင့်သော်လည်းကောင်း, မိမိ အလိုအလျောက်သော်လည်းကောင်း သေခါနီးဆဲဆဲတွင် ရဟန္တာဖြစ်သည်နှင့် တပြိုင်နက် ပရိနိဗ္ဗာန်ပြုသော ပုဂ္ဂိုလ်ပေတည်း။
ဤဇီဝိတသမသီသီပုဂ္ဂိုလ်ကိုပင် ရည်ရွယ်၍ ဤသုတ်အင်္ဂုတ္တိုရ်ပါဠိတော်နှင့် ယခင် ပုဂ္ဂလပညတ်ပါဠိတော်တို့၌ အာသဝပရိယာဒါန (အာသဝကိလေသာ ကုန်ဆုံးချုပ်ပျောက်ခြင်း)နှင့် ဇီဝိတပရိယာဒါန(အသက်ဇီဝိတိန္ဒြေကုန်ဆုံးခြင်း)တို့သည် ပြိုင်တူ(အပုဗ္ဗအစရိမ) ဖြစ်သည်ဟု ဟောတော်မူသည်။ အဋ္ဌကထာ၌ "ဧတံ သီသဒွယံ- ဤပဝတ္တသီသနှင့် ဇီဝိတသီသနှစ်မျိုးသည်။ သမံ- အချိန်ကာလအားဖြင့် ထပ်တူညီမျှ အတူတကွ။ ဝါ- တပြိုင်နက်။ ပရိယာဒါနံ- ကုန်ဆုံးခြင်းသို့။ ဂစ္ဆတိ- ရောက်၏"ဟု အနက်ဆိုပါ။ အဋ္ဌကထာမှ "သမံ"ပုဒ်သည် ပါဠိတော်မှ "အပုဗ္ဗံ အစရိမံ"ပုဒ်နှင့် အနက်အတူတူပင် ဖြစ်သည်။
သီသနှစ်ခု ပြိုင်တူချုပ်ချယ်ပုံ။ ။ အမှန်အားဖြင့်ကား ကိလေသသီသခေါ် အဝိဇ္ဇာအမှုးပြုသော အာသဝ ကိလေသာတို့ ချုပ်ဆုံးမှု (အာသဝကိလေသ ပရိယာဒါန) နှင့် ပဝတ္တသီသဖြစ်သော အသက်ဇီဝိတိန္ဒြေချုပ်ဆုံးမှု (ဇီဝိတပရိယာဒါန)တို့သည် ပြိုင်တူ (အပုဗ္ဗ အစရိမ) ဖြစ်ကြသည်မဟုတ်ပါ။ အချိန်ကာလ ကွာခြားပါ၏။ ကွာခြားပုံမှာ-
အာသဝကိလေသ ပရိယာဒါနသည် အရဟတ္တမဂ်ကြောင့် ဖြစ်ရ၏။ (အရဟတ္တမဂ်‌ေကြောင့် အာသဝကိလေသာတို့ ချုပ်ဆုံးကြရ၏။) ထို့ကြောင့် အရဟတ္တမဂ်စိတ်ဖြစ်ချိန် (အရဟတ္တမဂ္ဂစိတ္တက္ခဏ)တုန်းက အာသဝကိလေသာတို့ ချုပ်ဆုံးခဲ့ကြ၏။ ဇီဝိတ ပရိယာဒါနသည်ကား စုတိစိတ်ကြောင့် ဖြစ်ရ၏၊ (စုတိစိတ်ကြောင့် ဇီဝိတိန္ဒြေ ချုပ်ရ၏။) ထို့ကြောင့် စုတိစိတ်ဖြစ်ခိုက် (စုတိစိတ္တက္ခဏ)ကျမှ ဇီဝိတိန္ဒြေ ချုပ်ဆုံး၏။ သို့ဖြစ်၍ အရဟတ္တမဂ်စိတ် ဖြစ်ပြီးနောက်မှ စုတိစိတ်ဖြစ်ရသကဲ့သို့ပင် ကိလေသ ပရိယာဒါန ဖြစ်ပြီးနောက်မှသာ ဇီဝိတပရိယာဒါန ဖြစ်ရ၏။ ထို့ကြောင့် ထိုပရိယာဒါန နှစ်ခုသည် အချိန်ကာလအားဖြင့် ကွာခြားပါ၏။
သို့သော် မဂ်စိတ်ဝါရ (မဂ်စိတ်အလှည့်အကြိမ်)တည်းဟူသော ကိလေသပရိယာဒါနစိတ်ဝါရနှင့် စုတိစိတ်တည်းဟူသော ဇီဝိတပရိယာဒါနစိတ်ဝါရနှစ်ခုတို့၏ အကြား၌ အခြားသော မည်သည့်စိတ်ဝါရမျှ (မည်သည့်စိတ်အသိုင်းအဝိုင်းမျှ) ခြားကွယ်မှုမရှိချေ။ ကိလေသပရိယာဒါနစိတ်ဝါရ ဖြစ်ပြီးသည်နှင့် တဆက်တည်းပင် ဇီဝိတပရိယာဒါနစိတ်ဝါရ ဖြစ်၏။ ထိုသို့ဖြစ်ရာ၌ "ဝါရသမတာယ"ဟူသော ပုဂ္ဂလပညတ် အဋ္ဌကထာနှင့်အညီ ထိုစိတ်ဝါရ နှစ်ခုတို့သည် တချိန်တည်းပြိုင်တူ ဖြစ်ကြသည် မဟုတ်ဘဲလျက် တချိန်တည်း, တခဏတည်း ပြိုင်တူ(ဝါရသမ)ဖြစ်သည်ဟု ထင်ရလောက်အောင် စိတ်ဖြစ်ပုံ လျင်မြန်လှ၏။ ယင်းသို့ စိတ်ဖြစ်ပုံ လျင်မြန်ခြင်းအားဖြင့် စိတ်ဝါရနှစ်ခုတို့ ပြိုင်တူဖြစ်ကြသောကြောင့် ပြခဲ့သော သီသနှစ်ခုသည်လည်း (ဝါ- အာသဝကိလေသာ အားလုံးနှင့် ဇီဝိတိန္ဒြေသည်လည်း) ပြိုင်တူချုပ်ကြသည်။
အဋ္ဌကထာ ။ ။ ကထမိဒံ (သီသဒွယံ) သမံ ဟောတိ- အဘယ်နည်း အဘယ်ပုံအားဖြင့် သီသနှစ်ခု ပြိုင်တူချုပ်သနည်း။ ဝါရသမတာယ- စိတ်ဝါရနှစ်ခု ပြိုင်တူဖြစ်ကြခြင်းအားဖြင့် (သီသနှစ်ခု ပြိုင်တူချုပ်ကြသည်)။ ပေါ်လွင်အောင် ဥပမာပြရသော် လက်နက်ကိုင် စစ်သားနှစ်ယောက် ပြိုင်တူရောက်လာသောကြောင့် သူခိုးနှစ်ယောက်ပြိုင်တူထွက်ပြေးသွားကြသကဲ့သို့ ထို့အတူ ကိလေသပရိယာဒါန မဂ်စိတ်ဝါရနှင့် ဇီဝိတပရိယာဒါန စုတိစိတ်ဝါရဟူသော စိတ်ဝါရနှစ်ခု ပြိုင်တူဖြစ်ပေါ်လာသောကြောင့် ပဝတ္တသီသနှင့် ကိလေသသီသဟူသော သီသနှစ်ခုလည်း ပြိုင်တူချုပ်ကြသည်ဟု အလွယ်တကူ မှတ်ရာ၏။
ကိလေသပရိယာဒါန စိတ်ဝါရနယ်ပယ် ။ ။ ဤနေရာဝယ် ကိလေသပရိယာဒါနဝါရဟု ဆိုရာ၌ ကိလေသာတို့ကို ချုပ်ငြိမ်းစေတတ်သော မဂ်စိတ်ကို ကိလေသပရိယာဒါနဟု ခေါ်၍ ထိုမဂ်စိတ်နှင့် တဆက်တည်းကဲ့သို့ပင်ဖြစ်သော ပစ္စဝေက္ခဏာဇောဝါရများကိုလည်း ကိလေသပရိယာဒါန ဝါရဟုပင် ခေါ်ဆိုရ၏။ ဘာကြောင့်နည်း။ ပစ္စဝေက္ခဏဉာဏ်များ ဖြစ်ပြီးမှသာ ကိလေသာတို့ကို ပယ်သတ်ခြင်းကိစ္စလည်း ပြီးစီးခြင်းကြောင့်တည်း။ ဆက်လက်ရှင်းပြပါဦးမည်-
အရဟတ္တမဂ် ဖြစ်သည်နှင့်တပြိုင်နက် ကိလေသာအားလုံး ကုန်ဆုံးချုပ်ပျောက်သွားသည် မှန်သော်လည်း ထိုကိလေသာအားလုံး ကုန်ဆုံးအောင်ပယ်သတ်ခြင်းကိစ္စ(ကိလေသပရိယာဒါနကိစ္စ)သည်ကား ထိုအရဟတ္တမဂ် ဖြစ်ခိုက်၌ လုံးဝဥဿုံ ပြီးစီးသွားပြီဟု မဆိုနိုင်သေး။ "ဝိမုတ္တသ္မိံ ဝိမုတ္တမီတိ ဉာဏံ ဟောတိ"ဟူသော ပါဠိတော်နှင့်အညီ ငါ၏စိတ်သည် ကိလေသာတို့မှ ကိလေသာတို့မှ လွတ်မြောက်ပြီ"ဟူ၍ ပြန်လည်စဉ်းစားဆင်ခြင် သိမြင်သော ပစ္စဝေက္ခဏာဉာဏ်များ ဖြစ်ပြီးမှသာ ထိုကိလေသပရိယာဒါနကိစ္စသည် လုံးဝဥဿုံ ပြီးစီးသည်ဟု ဆိုရမည်ဖြစ်၏။ ဥပမာပြရသော်-
ရန်သူကို သတ်လိုက်၍ သေသွားသော်လည်း ထိုရန်သူ သေသွား သည်နှင့် တပြိုင်နက် ရန်သူကို သတ်ခြင်းကိစ္စသည် လုံးဝဥဿုံ ပြီးသွားပြီဟု မဆိုနိုင်သေး။ ထိုရန်သူကို မြေမြှုပ်ပြီးမှသာ (သို့မဟုတ်) မီးရှို့ပြီးမှသာ "ကိုင်း... ဒီကောင်ကိစ္စတော့ ပြီးပြီ၊ အောင်ပြီ၊အေးပြီ"ဟု စိတ်နှလုံး ဒုံးဒုံးချရလောက်အောင် ကိစ္စအားလုံး ပြီးဆုံးတော့၏။ ဤ၌လည်း ထိုဥပမာနှင့် အတူတူပင် ဖြစ်၏။
သို့ဖြစ်ရကား ရိုက်နှက်သတ်ဖြတ်ခံရခြင်းသော အကြောင်းတစ်ခုခုကြောင့် သေလုဆဲဆဲ အချိန်ရောက်မှ ရဟန္တာဖြစ်သော ပုဂ္ဂိုလ်၌ ယခုမှ သောတာပတ္တိမဂ်ကစ၍ မဂ်လေးပါးကို ရသည်ဖြစ်လျှင် သောတာပတ္တိမဂ္ဂဝီထိနောင် ပစ္စဝေက္ခဏာဝီထိငါးခု, သကဒါမိမဂ္ဂဝီထိနောင် ပစ္စဝေက္ခဏာဝီထိငါးခု, အနာဂါမိမဂ္ဂဝီထိနောင် ငါးခု, အရဟတ္တမဂ္ဂဝီထိနောင် လေးခုအားဖြင့် ပစ္စဝေက္ခဏာဝီထိ (၁၉)ဝီထိ ဖြစ်ရာတွင် (၁၉)ကြိမ်မြောက် နောက်ဆုံးပစ္ဏဝေက္ဃဏာဝီထိ၏အဆုံး၌ ပရိနိဗ္ဗာနစုတိခေါ်သော ဘဝင်သို့ သက်ရောက်၍ ပရိနိဗ္ဗာန်ပြု၏။ ယင်းသို့ ပရိနိဗ္ဗာန်ပြုရာ၌ ပစ္စဝေက္ခဏာဝီထိများသည် မဂ်စိတ်နှင့် တဆက်တည်းကဲ့သို့ဖြစ်၍ မဂ်စိတ်၏ နောက်လိုက် သဘောတူ စိတ်အသိုင်းအဝိုင်းများဖြစ်ခြင်းကြောင့်လည်းကောင်း, ဖော်ပြခဲ့သည့်အတိုင်း ထိုပစ္စဝေက္ခဏာဉာဏ်များ ဖြစ်ပြီးမှသာ မဂ်၏ ကိလေသပရိယာဒါနကိစ္စလည်း ပြီးစီးသောကြောင့်လည်းကောင်း ပစ္စဝေက္ခဏာဇောဝါရများကိုလည်း ကိလေသာတို့ကို ကုန်ခန်းစေတတ်သော မဂ်စိတ်၏ ဝါရ(ကိလေသပရိယာဒါနဝါရ)ဟု ခေါ်ဆိုထိုက် ပေ၏။
စိတ်ဖြစ်၏ လျင်မြန်ပုံ ။ ။ ဤနေရာဝယ် သံယုတ်အဋ္ဌကထာ (ပ-၁၆၉)၌ "စိတ္တာနံ ပန လဟုပရိဝတ္တိတာယ အာသဝက္ခယော စ ဇီဝိတပရိယာဒါနဉ္စ ဧကက္ခဏေ ဝိယ ပညာယတိ"ဟု မိန့်ဆို၏။ လက်ဖျောက်တချက်တီးအချိန်အတွင်း (သို့မဟုတ် တစက္ကန့်အတွင်း) စိတ်ပေါင်း ကုဋေတသိန်းခန့်အထိ အလွန်များပြားလှစွာ ဖြစ်နိုင် ချုပ်နိုင်လောက်အောင် စိတ်တ်ို့၏ အဖြစ်အပျက်သည် လျင်မြန်လှသောကြောင့် ထို တစက္ကန့် အချိန်ကာလကလေးကိုပင် အပုံပေါင်း (အစိတ်အမြွှာပေါင်း) ကုဋေတသိန်းခန့်မျှ ပုံခဲ့(စိတ်မြွှာခဲ့)သော် အာသဝပရိယာဒါန ဖြစ်သည်မှစ၍ ဇီဝိတပရိယာဒါန ဖြစ်သည်အထိ (သို့မဟုတ်) အရဟတ္တမဂ်စိတ်ဖြစ်သည်မှစ၍ ပရိနိဗ္ဗာနစုတိစိတ် ဖြစ်သည်အထိ အချိန်ကာလသည် ထိုကုဋေတသိန်းသော အစိတ်အမြွှာထဲမှ မပြောလောက်ဖွယ် အနည်းငယ်သော အစိတ်အမြွှာမျှသာ ဖြစ်၍ ဥပမာပြ၍ မရနိုင်လောက်အောင် အလွန့်အလွန် လျင်မြန်တိုတောင်းလှ၏။ ထို့ကြောင့် သံယုတ်အဋ္ဌကထာ မိန့်ဆိုသည့်အတိုင်း အာသဝက္ခယ (အာသဝပရိယာဒါန)နှင့် ဇီဝိတပရိယာဒါနတို့သည် အတူတကွ တခဏတည်း ပြိုင်တူဖြစ်ကြသည်မဟုတ်ဘဲလျက် စိတ်ဖြစ်ပုံ လျင်မြန်သောကြောင့် ပြိုင်တူဖြစ်သကဲ့သို့ ထင်ရပေသည်။
ဋီကာပါဠိစာမူများ ။ ။ ပုဂ္ဂလပညတ်မူလဋီကာ (၃၄)၌ "ဣမာယ ဝါရစုတိသမဝာာယ- ဤကိလေသပရိယာဒါနဝါရနှင့် စုတိစိတ်တို့ ထပ်တူညီမျှ ပြိုင်တူဖြစ်ကြသည် အဖြစ်ကြောင့်။ ကိလေသပရိယာဒါန ဇီဝိတပရိယာဒါနာနံ- ကိလေသာ ချုပ်ငြိမ်းခြင်းနှင့် ဇီဝိတိန္ဒြေ ချုပ်ငြိမ်းခြင်းတို့၏။ အပုဗ္ဗာစရိမတာ- ရှေ့မရောက်, နောက်မကျ ပြိုင်တူညီမျှ ကုန်သည်အဖြစ်သည်။ ဟောတိ-၏"ဟု အနက်ပြန်ဆိုရာ၏။ ထိုမူလဋီကာ ဘာသာဋီကာ (၄၉၀)၌မူ "ဣမာယ ဝါရစုတိသမတာယ- ဤကိလေသ ပရီယာဒါနဝါရ, ဇီဝိတပရိယာဒါနဝါရတို့၏ စုတိအားဖြင့် ညီမျှကုန်သည်၏ အဖြစ်ကြောင့်"ဟု အနက်ပြန်ဆိုထား၏။ သို့သော် ဇီဝိတပရိယာဒါနဟူသည် စုတိစိတ်ပင် ဖြစ်၏။ ဇီဝိတပရိယာဒါနဝါရက တခြား, စုတိစိတ်က တခြားမဟုတ်။ ထို့ကြောင့် ဝါရစုတိပုဒ်သည် ဒွန်ပုဒ်သာဖြစ်သည်ဟု ယူဆ၏။ ဤနေရာ အင်္ဂုတ္တိုရ်ဋီကာ၌မူ "ဣမာယ ဝါရဝုတ္တိယာ သမဝာာယ (ဤဝါရနှစ်ခုဖြစ်ပုံ ပြိုင်တူကျသည် အဖြစ်ကြောင့်) ကိလေသပရိယာဒါန ဇီတိတပရိယာဒါနာနံ- တို့၏။ သမတာ- အတူတကွ ပြိုင်တူကျသည် အဖြစ်သည်။ ဟောတိ- ၏။" ဟူ၍ ပါဌ်ရှိ၏။
ဇီဝိတသမသီသီပုဒ်၏ ဝိဂြိုဟ် ။ ။ ပြခဲ့သော ဋီကာတို့ကို နည်းမှီ၍ "ဇီဝိတ ဝသေန သမသီသီ ဇီဝိတသမသီသီ"ဟု ဝိဂြိုဟ်ပြု။ "ဇီတိတဝသေန- ပဝတ္တသီသမည်‌သော ဇီဝိတန္ဒြေ၏ အလိုကျအားဖြင့်။ ဝါ- ပဝတ္တသီသမည်သေ ဇီဝိတိန္ဒြေနှင့် ဆက်သွယ်စပ်ဆိုင်သောအားဖြင့်။ သမသီသီ- သမသီသီဖြစ်သော ပုဂ္ဂိုလ်တည်း။ ဝါ- ယင်းဇီဝိတိန္ဒြေနှင့် ချုပ်ချိန်ကာလ ပြိုင်တူကျသော ကိလေသသီသရှိသော ပုဂ္ဂိုလ်တည်း" စသည် အနက်ဆို။ ဝီထိသုံးချက်စု ဘာသာဋီကာ၌မူ "ဇီဝိတေန သမံ အဝိဇ္ဇာသီသံ ယဿာတိ ဇီဝိတသမသီသီ"ဟု ဝစနတ္ထပြုတော်မူ၏။
ဝါဒတမျိုး ။ ။ စင်္ကြံသွားခြင်းစသော ဣရိယာပုထ်တခုခုဖြင့် ဝိပဿနာ အားထုတ်၍ အရဟတ္တဖိုလ်သို့ ‌ရောက်ပြီး ထိုဣရိယာပုထ်ဖြင့်ပင် ပရိနိဗ္ဗာန်ပြုသော ပုဂ္ဂိုလ်ကို ဣရိယာပထသမသီသီဟုလည်းကောင်း, ရောဂါတခုခု စွဲကပ်၍ ထိုရောဂါ ဖြစ်နေစဉ်အတွင်းမှာပင် ဝိပဿနာအားထုတ်၍ အရဟတ္တဖိုလ်သို့ ရောက်ပြီး ထိုရောဂါဖြင့်ပင် ပရိနိဗ္ဗာန်ပြုသော ပုဂ္ဂိုလ်ကို ရောဂသမသီသီဟုလည်းကောင်း ခေါ်ကြောင်းကို ပုဂ္ဂလပညတ် အဋ္ဌကထာ(၃၇)နှင့် ပဋိသမ္ဘိဒါမဂ် အဋ္ဌကထာ (ပ-၃၉)တို့၌ ဖွင့်၏။ ယင်းအဖွင့်ကို သဂါထာဝဂ္ဂသံယုတ် အဋ္ဌကထာ၊ ၁၆၉ (ဂေါဓိကသုတ်)၌ ကေစိဝါဒ အဖြစ်ဖြင့် ပြ၍ ထိုဣရိယာပုထ်, ထိုရောဂါဖြင့် ပရိနိဗ္ဗာန်ပြုသော ရဟန္တာပုဂ္ဂိုလ် မြောက်မြားစွာပင် ဇီဝိတသမသီသီ ဖြစ်ကုန်ရာ၏ဟု သံယုတ်ဋီကာ မိန့်ဆိုထားသည်။
ထိုကေစိဝါဒအတိုင်းဆိုလျှင် ဣရိယာပထသမသီသီ, ရောဂသမသီသီနှစ်ပါးနှင့် ဇီဝိတသမသီသီတို့ ရောထွေးကုန်မည် ဖြစ်သည့်အပြင် ဣရိယာပုထ်ပျက်ခြင်း, ရောဂါဝေဒနာ ပျောက်ကင်းခြင်းနှင့် ပြိုင်တူညီမျှ ထပ်တူကျသော သီသရှိသည်ဟု ဆိုရာ၌ အဘယ်သီသကို ဆိုလိုပါသနည်း။ ပဝတ္တသီသကို ဆိုလိုပါသလော။ ကိလေသ သီသကို ဆိုလိုပါသလောဟု တွေးတောစရာလည်း ရှိ၏။
ဘိက္ခဝေ၊ တို့။ ပုန စပရံ၊ ကား။ ဣဓ၊ ၌။ ဧကစ္စော။ပ။
သော၊ ထိုပုဂ္ဂိုလ်သည်။ [အကျယ်ဖွင့်အနက်ကို ယခင်ကအတိုင်းဆိုပါ။] ပဉ္စန္နံ၊ ကုန်သော။ပ။ [ယခင် ဥဒကုပမာသုတ်ကြည့်။] အန္တရာပရိနိဗ္ဗာယီ၊ အန္တရာပရိနိဗ္ဗာယီမည်သော အနာဂါမ်ပုဂ္ဂိုလ်သည်။ ဝါ၊ သုဒ္ဓါဝါသဘုံ၏ သက်တမ်းထက်ဝက်ကို မကျော်လွန်မီ အကြားကာလ၌ ကိလေသာခပ်သိမ်း ချုပ်ငြိမ်းသော အနာဂါမ်ပုဂ္ဂိုလ်သည်။ ( သုဒ္ဓါဝါသဘုံ၌ ဖြစ်ပြီးသည်၏ အခြားမဲ့၌လည်းကောင်း, ဖြစ်ပြီးနောက် သက်တမ်း ထက်ဝက်သို့ မရောက်မီကာလ၌လည်းကောင်း၊ သက်တမ်းထက်ဝက်သို့ ရောက်နေဆဲကာလ၌လည်းကောင်း ဤသို့အားဖြင့် သက်တမ်းထက်ဝက်ကို မကျော်လွန်မီ သုံးမျိုးသော ကာလအပိုင်းအခြား၌ ကိလေသာခပ်သိမ်း ချုပ်ငြိမ်းသော သုံးမျိုးသော အနာဂါမ်ပုဂ္ဂိုလ်သည်)၁။ အန္တရာပရိနိဗ္ဗာယီပုဂ္ဂိုလ်သုံးဦး ။ ။ အန္တရာ- အကြားကာလ၌+ ပရိနိဗ္ဗာယီ- ကိလေသာခပ်သိမ်း ချုပ်ငြိမ်းခြင်းဖြင့် ချုပ်ငြိမ်းသော ပုဂ္ဂိုလ်။ ထိုပုဂ္ဂိုလ်သုံးဦးမှာ-
(၁) သုဒ္ဓါဝါသငါးဘုံတွင် တဘုံဘုံ၌ ဖြစ်ပြီးသည်၏ (ပဋိသန္ဓေတည်နေပြီးသည်၏) အခြားမဲ့၌ပင် ရဟန္တာအဖြစ်သို့ ရောက်သော ပဌမအန္တရာပရိနိဗ္ဗာယီ အနာဂါမ်ပုဂ္ဂိုလ် [ဤ၌ "ဥပပန္နံ ဝါ သမနန္တရာ"ဟူသော ပုဂ္ဂလပညတ်ပါဠိတော(၁၁၉)ကိုပင် "သုဒ္ဓါဝါသငါးဘုံ တဘုံဘုံ၌ ဖြစ်ပြီးသည်၏ အခြားမဲ့၌"ဟု တိုက်ရိုက်မြန်မာပြန်လိုက်ခြင်း ဖြစ်သည်။ ဤအနိစ္စာနုပဿီသုတ် အဋ္ဌကထာမှ "နိဗ္ဗတ္တက္ခဏေ"ဟူသော အဖွင့်အတိုင်း "သုဒ္ဓါဝါသငါးဘုံ တဘုံဘုံ၌ ဖြစ်ခါစခဏ (ဖြစ်ခါစ အခိုက်အတန့်ကာလ)၌ပင် ရဟန္တာအဖြစ်သို့ ရောက်သော ပဌမအန္တရာပရိနိဗ္ဗာယီအနာဂါမ်ပုဂ္ဂိုလ်" ဟုလည်း ဆိုနိုင်၏။]
(၂)သုဒ္ဓါဝါသဘုံ၌ ဖြစ်ပြီးနောက် သက်တမ်းထက်ဝက်သို့ မရောက်မီ ရဟန္တာအဖြစ်သို့ ရောက်သော ဒုတိယအန္တရာပရိနိဗ္ဗာယီ အနာဂါမ်ပုဂ္ဂိုလ်။
(၃) ယင်းသက်တမ်းထက်ဝက်သို့ ရောက်၍ ထိုထက်ဝက်ကို မကျော်လွန်မီအတွင်း၌ ရဟန္တာအဖြစ်သို့ ရောက်သော တတိယအန္တရာပရိနိဗ္ဗာယီအနာဂါမ်ပုဂ္ဂိုလ်ဟူ၍ သုံးမျိုးခွဲရာ၏။ တိကနိပါတ် စာပိုဒ်(၈၈) ဒုတိယသိက္ခာသုတ် အဋ္ဌကထာ(၂၁၈)၌ မဟာကပ်သက်တမ်းတထောင်ရှိသော အဝိဟာဘုံသား ဗြဟ္မာကို နမူနာပြ၍ ထိုအန္တရာပရိနိဗ္ဗာယီအနာဂါမ်သုံးမျိုး ခွဲထားပုံမှာ-
(၁) အဝိဟာဘုံ၌ ဖြစ်၍ ထိုဖြစ်ရာနေ့၌ပင် ရဟန္တာအဖြစ်သို့ ရောက်သော အနာဂါမ်ပုဂ္ဂိုလ်သည်လည်းကောင်း, အကယ်၍ ထိုနေ့၌ ရဟန္တာမဖြစ်နိုင်သေးလျှင် ပဌမမဟာကပ်တရာ၏ အထက်၌ ရဟန္တာအဖြစ်သို့ ရောက်သော အနာဂါမ်ပုဂ္ဂိုလ်သည်လည်းကောင်း, ပဌမအန္တရာပိရိနိဗ္ဗာယီပုဂ္ဂိုလ် မည်၏။ [ဤ၌ "ပဌမဿ ကပ္ပသတဿ မတ္ထကေ- ပဌမမဟာကပ်တရား၏အထက်"ဟူသည် ပဌမမဟာကပ် တစ်ရာတိတိပြည့်မြောက်သည်မှစ၍ မဟာကပ်နှစ်ရာမပြည့်မီ (၁၉၉ ကမ္ဘာကျော်ကျော်ကာလ) အချိန်အတွင်း (ရဟန္တာဖြစ်သော ပုဂ္ဂိုလ်)ဟု ဆိုလို၏။ ဤ၌ မတ္ထကသဒ္ဒါသည် ပူရဏအနက်ဟော "မ"ပစ္စည်းနှင့် သဘောတူ၏၊ ပထမအကြိမ်ရိုက် စာအုပ် ဘာသာပြန်ကို ပြင်ထားသည်။]
(၂) ယင်းအချိန်အတွင်း၌ ရဟန္တာ မဖြစ်နိုင်စွမ်းသေး၍ မဟာကပ်နှစ်ရာတို့၏အထက်၌ (သို့မဟုတ် မဟာကပ်နှစ်ရာတိတိပြည့်မြောက်သည်မှစ၍ မဟာကပ် ၃၉၉ကျော်ကျော်ကာလအချိန်အတွင်း၌) ရဟန္တာဖြစ်သောပုဂ္ဂိုလ်သည် ဒုတိယအန္တရာ ပရိနိဗ္ဗာယီ အနာဂါမ်ပုဂ္ဂိုလ်မည်၏။
(၃) ထိုအချိန်တိုင်အောင်ပင် ရဟန္တာ မဖြစ်နိုင်သေး၍ မဟာကပ်လေးရာတို့၏အထက်၌ (သို့မဟုတ် ထိုမဟာကပ်လေးရာတိတိပြည့်သည်မှစ၍ မဟာကပ်ငါးရာကို မကျော်လွန်မီ အတွင်း၌) ရဟန္တာအဖြစ်သို့ ရောက်သောပုဂ္ဂိုလ်သည် တတိယအန္တရာပရိနိဗ္ဗာယီ အနာဂါမ်ပုဂ္ဂိုလ် မည်၏။
ဟောတိ၊ ၏။ ဘိက္ခဝေ၊ တို့။ တတိယော၊ သုံးယောက်မြောက်သော။ အယံ ပုဂ္ဂလော၊ ဤအန္တရာပရိနိဗ္ဗာယီ အနာဂါမ်ပုဂ္ဂိုလ်သည်။ အာဟုနေယျော၊ ၏။ပ။ ပုညက္ခေတ္တံ၊ ၏။ ဘိက္ခဝေ၊ တို့။ ပုန စပရံ၊ ကား။ ဣဓ၊ ၌။ ဧကစ္စော။ပ။ သော၊ ထိုပုဂ္ဂိုလ်သည်။ ပဉ္စန္နံ၊ ကုန်သော။ပ။ ပရိက္ခယာ၊ ကြောင့်။ ဥပဟစ္စပရိနိဗ္ဗာယီ၊ ဥပဟစ္စပရိနိဗ္ဗာယီအနာဂါမ်ပုဂ္ဂိုလ်သည်။ ဝါ၊ သုဒ္ဓါဝါသဘုံ၏ သက်တမ်းထက်ဝက်ကို ကျော်လွန်ပြီးမှ ကိလေသာခပ်သိမ်း ချုပ်ငြိမ်းသောအနာဂါမ်ပုဂ္ဂိုလ်သည်။ ဝါ၊ သုဒ္ဓါဝါသဘုံ၏ သက်တမ်းထက်ဝက်ကို ကျော်လွန်ပြီး၍လည်းကောင်း, သေခါနီးရောက်၍လည်းကောင်း ကိလေသာခပ်သိမ်း ချုပ်ငြိမ်းသောအနာဂါမ်ပုဂ္ဂိုလ်သည်။၁။ဥပဟစ္စပရိနိဗ္ဗာယီ ။ ။ ဥပဟစ္စ(အတိက္ကမိတွာ)- (သုဒ္ဓါဝါသဘုံ၏ သက်တမ်းထက်ဝက်ကို) ကျော်လွန်၍။ ဥပဟစ္စ(ဥပဂန္တာ)- (သေခါနီးကာလသို့) ရောက်၍ ဟူ၍ ဥပဟစ္စသဒ္ဒါအတွက် အနက်နှစ်မျိုးရ၏။ ထို့ကြောင့် အကယ်၍ မဟာကပ်တထောင် သက်တမ်းရှိသော အဝိဟာဘုံသား ဗြဟ္မာဖြစ်လျှင် မဟာကပ်ငါးရာ ကျော်လွန်စ အချိန်မှစ၍ မဟာကပ်တထောင် သက်တမ်းစေ့ခါနီး (ကွယ်လွန်ခါနီး) အချိန်အတွင်း ရဟန္တာအဖြစ်သို့ရောက်သော ပုဂ္ဂိုလ်သည် ဥပဟစ္စပရိနိဗ္ဗာယီအနာဂါမ် မည်၏။ ဟောတိ၊ ၏။ ဘိက္ခဝေ၊ တို့။ စတုတ္ထော၊ လေးယောက်မြောက်သော။ အယံ ပုဂ္ဂလော၊ ဤဥပဟစ္စ ပရိနိဗ္ဗာယီ အနာဂါမ်ပုဂ္ဂိုလ်သည်။ပ။ ပုညက္ခေတ္တံ၊ ၏။ပ။ အသင်္ခါရပရိနိဗ္ဗာယီ၊ ဝိပဿနာအကျင့်ကို ခက်ခဲလွန်ကဲစွာ အားထုတ်ရခြင်း မရှိဘဲ ကိလေသာခပ်သိမ်း ချုပ်ငြိမ်းသော အနာဂါမ်ပုဂ္ဂိုလ်သည်။ ဟောတိ၊ ၏။ [သင်္ခါရ၊ ခက်ခဲလွန်ကဲစွာ အားထုတ်မှု လုံ့လပယောဂ] ဘိက္ခဝေ၊ တို့။ ပဉ္စမော၊ ငါးဦးမြောက်သော။ အယံ ပုဂ္ဂလော၊ ဤအသင်္ခါရပရိနိဗ္ဗာယီ အနာဂါမ်ပုဂ္ဂိုလ်သည်။ပ။ အသင်္ခါရပရိနိဗ္ဗာယီ၊ ဤအသင်္ခါရပရိနိဗ္ဗာယီ အနာဂါမ်ပုဂ္ဂိုလ်သည်။ ဝါ၊ ဝိပဿနာအကျင့်ကို ခက်ခဲလွန်ကဲစွာ အားထုတ်ရခြင်းနှင့်တကွ အားဖြင့် ကိလေသာခပ်သိမ်း ချုပ်ငြိမ်းသော အနာဂါမ်ပုဂ္ဂိုလ်သည်။ ဝါ၊ ခက်ခဲလွန်ကဲစွာ အားထုတ်ရခြင်း ရှိသော ဝိပဿနာအကျင့်ဖြင့် ကိလေသာခပ်သိမ်း ချုပ်ငြိမ်းသော အနာဂါမ်ပုဂ္ဂိုလ်သည်။ ဟောတိ၊ ၏။ပ။ ဥဒ္ဓံသောတော၊ အထက်သုဒ္ဓါဝါသဘုံသို့ ရောက်၍ ရအပ်လတ္တံ့သော အရဟတ္တမဂ် အလျဉ်ရှိသော။ ဝါ၊ အထက်သုဒ္ဓါဝါသဘုံသို့ ပို့ဆောင်တတ်သော တဏှာအလျဉ်, ဝဋ်ဒုက္ခအလျဉ်ရှိသော။ အကနိဋ္ဌဂါမီ၊ အကနိဋ္ဌဘုံသို့ ပဋိသန္ဓေတည်နေ သွားရောက်တတ်သော အနာဂါမ်ပုဂ္ဂိုလ်သည်။ ဟောတိ၊ ၏။ [တိကနိပါတ်စာပိုဒ် (၈၈)ဒုတိယသိက္ခာသုတ် နိဿယလည်းကြည့်။]
ဘိက္ခဝေ၊ တို့။ သတ္တမော၊ (၇)ယောက်မြောက်သော။ အယံ ပုဂ္ဂလော၊ ဤဥဒ္ဓံသောတ အကနိဋ္ဌဂါမီ အနာဂါမ်ပုဂ္ဂိုလ်သည်။ပ။ ပုညက္ခေတ္တံ၊ ၏။
ဣတိ(အဝေါစ) ဆဋ္ဌံ။