ဘိက္ခဝေ၊ တို့။
အဋ္ဌဟိ၊ ကုန်သော။
ဓမ္မေဟိ၊ တရားတို့နှင့်။
သမန္နာဂတဿ၊ သော။
ဘိက္ခုနော၊ အား။
အာကင်္ခမာနာ၊ အလိုရှိကုန်လသော်။ (မိမိတို့၏ မကြည်ညိုမှုကို ဖော်ပြသိစေခြင်းငှာ အလိုရှိကုန်လသော်)
ဝါ၊ အလိုရှိကုန်သော။
ဥပါသကာ၊ ဒါယကာတို့သည်။
အပ္ပသာဒံ၊ (မိမိတို့၏) မကြည်ညိုခြင်းသဘောကို။
ပဝေဒေယျုံ၊ သိစေထိုက်ကုန်၏။
ဝါ၊ သိအောင် ဖော်ပြထိုက်ကုန်၏။ (ထိုင်ရာမှ ထမပေးခြင်းစသည်ဖြင့် ဖော်ပြသိစေထိုက်ကုန်၏) [ထိုင်နေရာမှ ထမပေးခြင်း, ရှိမခိုးခြင်း, ခရီးဦးကြိုမဆိုခြင်း, လှူဖွယ်ဝတ္ထု မလှူဒါန်းခြင်းအားဖြင့် မိမိတို့၏ မကြည်ညိုပုံ, အကြည်ညိုပျက်နေပုံကို သိအောင်ပြုလုပ်ရမည်ဟူလို]
ကတမေဟိ၊ ကုန်သော။
အဋ္ဌဟိ၊ ကုန်သော။
ဓမ္မေဟိ၊ တို့နှင့်။ပ။
ပဝေဒေယျုံ၊ ကုန်သနည်းဟူမူ။
(ဘိက္ခု၊ ရဟန်းသည်)
ဂိဟီနံ၊ လူတို့၏။
အလာဘာယ၊ ငှာ။
ပရိသက္ကတိ၊ ၏။ပ။
စ၊ ထို့အပြင်။
**အဂေါစရေ**၊ သွားလာဝင်ထွက် မကျက်စားသင့်ရာဌာန၌၊ (ပြည့်တန်ဆာမ, မုဆိုးမစသော သွားလာဝင်ထွက် မကျက်စားသင့်ရာဌာန၌)ဂေါစရေ, အဂေါစရေဟု ခေါ်ဆိုသင့်သူများ။ ။ ပိဏ္ဍပါတာဒီနံ အတ္ထာယ ဥပသင်္ကမိတုံ ယုတ္တဋ္ဌာနံ ဂေါစရော၊ အယုတ္တဋ္ဌာနံ အဂေါစရော- ဆွမ်း စသည်အတွက် သွားလာဝင်ထွက် ကျက်စားသင့်ရာ (ဆက်ဆံသင့်ရာ) ဌာနသည် ဂေါစရ မည်၏။ ယင်းသို့ မကျက်စားသင့်ရာ (မဆက်ဆံသင့်ရာ)ဌာနသည် အဂေါစရမည်၏-ဟူ၍ ဈာနဝိဘင်း အဋ္ဌကထာ(နှာ-၃၂၅)ဖွင့်ဆိုထား၏။ ထို့အပြင် ဈာနဝိဘင်းပါဠိတော် (နှာ-၂၅၅၊ ၂၅၆)၌ ဟောတော်မူသည့်အတိုင်း (အကျဉ်းချုံး၍) ဖော်ပြရသော်-
ရဟန်းသံဃာတော်တို့၏ အကျိုးကို လိုလား၍ ကြည်ညိုသဒ္ဓါနှင့် ပြည့်စုံသော ဒါယကာ, ဒါယိကာမ စသည်တို့သည် ရဟန်းသံဃာတော်များအတွက် သွားလာဝင်ထွက် ဆက်ဆံမှုပြုသင့်သော ဂေါစရမည်သူများဖြစ်ပြီး ယင်းသို့ သွားလာဝင်ထွက်ဆက်ဆံမှု မပြုသင့်သော ပြည့်တန်ဆာမ, လင်သေလင်ကွာမုဆိုးမ, အပျိုကြီး, နပုံပဏ္ဍုက်, ရဟန်းမ(ဘိက္ခုနီ), အရက်ဆိုင်နှင့် သဒ္ဓါတရားမရှိ၍ မကြည်ညိုသူ, အကျိုးမလိုလားသူ လူစိမ်းသူစိမ်းတို့သည် အဂေါစရမည်သူများ ဖြစ်၏။
ပြည့်တန်ဆာမစသည်တို့ထံ ဆွမ်းခံမသွားကောင်းဘူးတဲ့လော။ ။ပုထုဇဉ်ရဟန်းများမှာ ပြည့်တန်ဆာမစသော အမျိုးသမီးများထံသို့ ဆွမ်းခံသွားခြင်းကြောင့် ထိုအမျိုးသမီးများနှင့် ကျွမ်းတဝင် ခင်မင်ရင်းနှီး၍ ရဟန်းတရားပျက်ပြားသွားနိုင်ပေ၏။ ထို့ကြောင့် ဆွမ်းစသည်အတွက် သွားလာဝင်ထွက်ဆက်ဆံခြင်းငှာ မသင့်လျော်ဟူ၍သာ အဋ္ဌကထာဖွင့်ဆိုထားပါ၏။ ထိုအမျိုးသမီးများထံ လုံးဝဆွမ်းခံ မသွားကောင်း၊ ဆွမ်းခံမသွားရဟု ဖွင့်ဆိုမထားပါ၊ ထိုအမျိုးသမီးများထံ ဆွမ်းခံသွားရုံမျှဖြင့်ပင် အမည်သော အာပတ်သင့်သည်ဟု သိက္ခာပုဒ်ပညာချက်လည်း မရှိပါ၊ သို့ပါလျက် ပြည့်တန်ဆာမ, မုဆိုးမ, အပျိုကြီးများအိမ်၌ ရဟန်းများ ဆွမ်းမခံကောင်းဟု ပြောဟောရေးသားနေကြလေ၏။ ဝေသာလီမြို့သူ အမ္ဗပါလီမည်သော ပြည့်တန်ဆာမသည် မိမိ၏ သရက်ဥယျာဉ်၌ ကျောင်းဆောက်ပြီး သရက်ဥယျာဉ်နှင့်တကွ ထိုကျောင်းကို ဘုရားအမှူးရှိသော သံဃာတော်အား လှူဒါန်း၏ (မဟာဝဂ္ဂသံယုတ်အဋ္ဌကထာ အမ္ဗပါလိသုတ်၊ သံ၊ ဋ္ဌ၊ တ၊ နှာ- ၂၁၃)ထိုအမ္ဗပါလီအိမ်၌ ဆွမ်းခံမသွားကောင်းဟု ဆိုသင့်ပါမည်လော။ မြတ်စွာဘုရားလက်ထက်တော်ကပင် ရာဇဂြိုဟ်မြို့တော်၌ သိရိမာမည်သော ပြည့်တန်ဆာမအိမ်သို့ ရဟန်းများ ဆွမ်းခံသွားကြသည်ကို ဓမ္မပဒအဋ္ဌကထာ၊ ဒု၊ နှာ-၆၆၊၆၇ စသည်၌ ပါရှိပါ၏။ ထို့ကြောင့် ခင်မင်ရင်းနှီးစွာသွားလာဝင်ထွက် ဆက်ဆံမှုပြုသင့်သူကို ဂေါစရခေါ်၍ ယင်းသို့ မပြုသင့်သူကို အဂေါစရခေါ်သည်ဟု အချုပ်မှတ်သားသင့်၏။
ရဟန်းနှင့်ရဟန်းမတို့ ဆက်ဆံရေး။ ။ ရဟန်း(ဘိက္ခု)နှင့် ရဟန်းမ(ဘိက္ခုနီ) နှစ်ဦးတို့ ဆက်ဆံရေးနှင့်စပ်၍ ဈာနဝိဘင်းအဋ္ဌကထာ ဖွင့်ဆိုထားရာ၌- ရဟန်းနှင့် ရဟန်းမတို့သည် မြတ်သောအကျင့်(ဗြဟ္မစရိယ)ကို ပကတိရိုးရိုးလူတို့ထက် လွန်ကဲထူးခြားများပြားစွာ ကျင့်ကြရသော ပုဂ္ဂိုလ်များဖြစ်ကြရကား ထိုနှစ်ဦးတို့ အကျွမ်းတဝင် ခင်မင်ရင်းနှီးစွာ ဆက်ဆံမှုကြောင့် စောင့်စည်းထိန်းချုပ်ထားအပ်သော သီလ သိက္ခာပုဒ်တို့သည် ရက်အနည်းငယ်အတွင်း ပျက်စီးသွားနိုင်၏။ ထို့ကြောင့် ယင်းပုဂ္ဂိုလ်နှစ်ဦးတို့သည် အကျွမ်းတဝင်ဆက်ဆံမှု မပြုသင့်၊ သို့သော် လူမမာမေးမြန်းမှုကိုမူ ပြုသင့်ပါ၏။ ရဟန်းများမှာ ပန်းပွင့်များရရှိထားပါက ဘုရားပူဇော်ဖို့ ပန်းပေးခြင်း, အဆုံးအမဩဝါဒပေးခြင်း အကျိုးငှာ ရဟန်းမထံ သွားကောင်းပါ၏ဟု ချွင်းချက်များ ပြထားပါသည်။ နံ၊ ထိုရဟန်းကို။ ပဿန္တိ၊ တွေ့မြင်ကြကုန်၏။

ဣမေဟိ ဓမ္မေဟိ၊ တို့နှင့်။ပ။
အပ္ပသာဒံ၊ ကို။
ပဝေဒေယျုံ၊ ကုန်၏။ပ။
ပသာဒံ၊ ကြည်ညိုခြင်းသဘောကို။
ဝါ၊ ကြည်ညိုပုံအမူအရာကို။ပ။
စ၊ ထို့အပြင်။
ဂေါစရေ၊ သွားလာဝင်ထွက် ကျက်စားသင့်ရာဌာန၌။ (သဒ္ဓါတရားနှင့်ပြည့်စုံ၍ အကျိုးကိုလိုလာခြင်းကြောင့် ဆွမ်းစသည်အတွက် သွားလာဝင်ထွက် ဆက်ဆံသင့်သော ဒါယကာ ဒါယိကာမတို့အထံ၌)
နံ၊ ထိုရဟန်းကို။
ပဿန္တိ၊ တွေ့မြင်ရကုန်၏။ပ။
အဋ္ဌမံ။