ဘိက္ခဝေ၊ တို့။
**ဝိမောက္ခာ**၊ ဝိမောက္ခမည်သော သမာပတ်တို့သည်။
ဝိမောက္ခပုဒ် ဝစနတ္ထ။ ။ ပစ္စနီကဓမ္မေဟိ ဝိမုစ္စတိ အဓိမုစ္စတီတိ ဝိမောက္ခေါ- ဆန့်ကျင်ဘက်တရားတို့မှ လွန်ကဲထူးခြားစွာ လွတ်မြောက်တတ်သောတရား။ အာရမ္မ ဏေ စ အဘိရတိဝသေန ဝိမုစ္စတိ အဓိမုစ္စတီတိ ဝိမောက္ခေါ- ဆိုင်ရာဆိုင်ရာအာရုံ၌ အလွန်ပျော်မွေ့သောအားဖြင့် လွန်ကဲထူးခြားစွာ သက်ဝင်တတ်သောတရား။ ဖခင်၏ ရင်ခွင်၌ ခြေလွတ်လက်လွတ် စိတ်ချလက်ချ ကလေးသူငယ်အိပ်နေခြင်းကဲ့သို့ အဖိအနှိပ် အခြုပ်အခြယ်မရှိ ယုံမှားကင်းမဲ့စွာ အာရုံ၌ဖြစ်ခြင်းရှိသောတရား။ ဤဒုတိယ ဝစနတ္ထသည် နောက်ဆုံး နိရောဓသမာပတ်နှင့် မဆိုင်။
ဝါ၊ ဆန့်ကျင်ဘက်တရားတို့မှ လွန်ကဲထူးခြားစွာ လွတ်မြောက်တတ်သော သမာပတ်တို့သည်။
ဝါ၊ ဆိုင်ရာဆိုင်ရာ အာရုံ၌ ပျော်မွေ့သောအားဖြင့် လွန်ကဲ ထူးခြားစွာ သက်ဝင်တတ်သော သမာပတ်တို့သည်။
ဣမေ အဋ္ဌ၊ ဤရှစ်ပါးတို့တည်း။
အဋ္ဌ၊ ရှစ်ပါးတို့ဟူသည်။
ကတမေ၊ အဘယ်တို့နည်းဟူမူ။
**ရူပီ**၊ (အဇ္ဈတ္တဆံပင်စသည်တို့၌ ဖြစ်စေအပ်သော) ရူပဈာန်ရှိသည်။
ရူပီ ရူပါနိ ပဿတိ။ ။ ရူပီပုဒ်မှ ရူပသဒ္ဒါ၌ "ရူပဇ္ဈာနံ"ဟု ဆိုလိုလျက် ဈာနပုဒ်ကိုချေ။ ထို့ကြောင့် ထိုရူပသဒ္ဒါအရ ရူပဈာန်ကို ယူရ၏။ ယင်းရူပဈာန်သည်လည်း အဇ္ဈတ္တဖြစ်သော ဆံပင် အသွေးအသား အရိုးစသည်တို့၏ နီလ လောဘိတ ဩဒါတကသိုဏ်း စသည်တို့ကို ရှု၍ ဖြစ်ပေါ်လာသော ရူပဈာန်တည်း။ ရူပံ အဿ အတ္ထီတိ ရူပီ- (အဇ္ဈတ္တဆံပင်စသည်တို့၌ ဖြစ်စေအပ်သော) ရူပဈာန်ရှိသော ပုဂ္ဂိုလ်။ ရူပါနိပုဒ်၌ကား ကသိဏရူပါနိ-ဟုဆိုလိုလျက် ကသိဏဟူသောရှေ့ပုဒ်ကို ချေထားသည်။
(ဟုတွာ၊ ၍)
ရူပါနိ၊ ဗဟိဒ္ဓကသိုဏ်းရုပ်တို့ကိုလည်း။
ပဿတိ၊ ဈာန်စက္ခုဖြင့် ကြည့်ရှု၏။
အယံ၊ ဤဈာန်တရားသည်။ (အဇ္ဈတ္တကသိုဏ်းရုပ်ကို ရှု၍ အပ္ပနာ ဈာန်ကို ဖြစ်စေပြီးနောက်, ဗဟိဒ္ဓကသိုဏ်းရုပ်ကို ရှု၍လည်း အပ္ပနာဈာန်ကို ဖြစ်စေသောပုဂ္ဂိုလ်၏ ဤရူပဈာန်လေးပါးသည်။
ဝါ၊ အဇ္ဈတ္တကသိုဏ်းရုပ်, ဗဟိဒ္ဓကသိုဏ်းရုပ် နှစ်မျိုးလုံး၌ ရူပဈာန်ကို ဖြစ်စေသောပုဂ္ဂိုလ်၏ ဤရူပဈာန်လေးပါးသည်)
ပဌမော၊ သော။
ဝိမောက္ခော၊ ဝိမောက္ခဈာန်သမာပတ်မည်၏။
အဇ္ဈတ္တံ၊ အဇ္ဈတ္တကသိုဏ်းရုပ်၌။
ဝါ၊ မိမိ၏ ဆံပင်စသည်၏ အညိုအနက်ရောင်စသော ကသိုဏ်းရုပ်၌။
အရူပသညီ၊ ထိုအဇ္ဈတ္တကသိုဏ်းရုပ်၌ ဖြစ်စေအပ်သော ရူပဈာန်သညာရှိသူမဟုတ်သည်။
(ဟုတွာ၊ ဖြစ်၍)။
ဗဟိဒ္ဓါ၊ ၌။
ဝါ၊ ကုန်သော။
ရူပါနိ၊ ကသိုဏ်းရုပ်တို့ကိုသာလျှင်။
ပဿတိ၊ ၏။
အယံ၊ ဤဈာန်တရားသည်။ (အဇ္ဈတ္တဆံပင် စသည်တို့၌ အပ္ပနာဈာန်ဖြစ်ပေါ်လာအောင် ရှုမှတ်စီးဖြန်းမှု မပြုမူ၍ ဗဟိဒ္ဓကသိုဏ်းရုပ်၌သာ ရှုမှတ်စီးဖြန်းခြင်းကြောင့် ဖြစ်ပေါ်လာသော ဤရူပဈာန်လေးပါးသည်)
ဒုတိယော ဝိမောက္ခော။
**သုဘန္တေဝ**၊ (ဤအဆင်းရောင် ကသိုဏ်းကား) တင့်တယ်လှပပါပေ၏ ဟူ၍သာလျှင်။သုဘန္တေဝ အဓီမုတ္တော။ ။ အပ္ပနာဈာန်များ ဖြစ်ပွားနေစဉ်အတွင်း၌ သုဘဟု နှလုံးသွင်းမှု မဖြစ်နိုင်၊ သို့သော် အလွန်တင့်တယ်လှပ၍ သုဘဖြစ်သော ဝဏ္ဏကသိုဏ်းကို ရှုကာ ဈာန်ဝင်စားနေသူဖြစ်ရကား သုဘဟု နှလုံးသွင်းနေသော ပုဂ္ဂိုလ်ဟု ဆိုရလောက်သည့် အဖြစ်မျိုးအထိ ရောက်နေသောကြောင့် ထိုပုဂ္ဂိုလ်ကို "သုဘန္တေဝ အဓိမုတ္တော ဟောတိ"ဟု ဟောတော်မူသည်။ ထို့ကြောင့် ဤအင်္ဂုတ္တိုရ်ပါဠိတော်အလို ယင်းသို့ သုဘကသိုဏ်းတို့ကို ရှု၍ ဝင်စားအပ်သောရူပဈာန်လေးပါးကို သုဘဝိမောက္ခဟု ခေါ်၏။
ပဋိသမ္ဘိဒါမဂ်ပါဠိတော် (၂၃၅)၌ကား ဗြဟ္မဝိဟာရဘာဝနာကို သုဘ ဝိမောက္ခဟု ဟောတော်မူ၏။ အကြောင်းကား မေတ္တာ အစရှိသော ဗြဟ္မဝိဟာရဘာဝနာသည် သတ္တဝါတို့ကို အပ္ပဋိကူလ (စက်ဆုပ်ဖွယ်မဟုတ်သည့်) အနေအားဖြင့် အာရုံပြုဖြန့်ကြက်၏။ သတ္တဝါတို့ကို သုဘဟု နှလုံးသွင်း၏။ ထို့ကြောင့် ယင်းသို့ ဟောတော်မူခြင်းဖြစ်သည်။ (ပုဂ္ဂလော၊ ယောဂီပုဂ္ဂိုလ်သည်) အဓိမုတ္တော၊ နှလုံးသွင်းနေသည်။ (အလွန်သန့်ရှင်းစင်ကြယ်သော အညိုရောင်စသော အဆင်းရောင်ကသိုဏ်းကို အာရုံပြု၍ ဈာန်ဝင်စားနေသည်) ဟောတိ၊ ၏။
ပဋိသမ္ဘိဒါမဂ်ပါဠိတော် (၂၃၅)၌ကား ဗြဟ္မဝိဟာရဘာဝနာကို သုဘ ဝိမောက္ခဟု ဟောတော်မူ၏။ အကြောင်းကား မေတ္တာ အစရှိသော ဗြဟ္မဝိဟာရဘာဝနာသည် သတ္တဝါတို့ကို အပ္ပဋိကူလ (စက်ဆုပ်ဖွယ်မဟုတ်သည့်) အနေအားဖြင့် အာရုံပြုဖြန့်ကြက်၏။ သတ္တဝါတို့ကို သုဘဟု နှလုံးသွင်း၏။ ထို့ကြောင့် ယင်းသို့ ဟောတော်မူခြင်းဖြစ်သည်။ (ပုဂ္ဂလော၊ ယောဂီပုဂ္ဂိုလ်သည်) အဓိမုတ္တော၊ နှလုံးသွင်းနေသည်။ (အလွန်သန့်ရှင်းစင်ကြယ်သော အညိုရောင်စသော အဆင်းရောင်ကသိုဏ်းကို အာရုံပြု၍ ဈာန်ဝင်စားနေသည်) ဟောတိ၊ ၏။
အယံ၊ ဤဈာန်တရားသည်။ (သုဘဟု နှလုံးသွင်းနေသူဟု ဆိုရလောက်အောင် အလွန် သန့်ရှင်းစင်ကြယ်တင့်တယ်သော အဆင်းရောင်ကသိုဏ်းတို့၌ ရှုမှတိစီးဖြန်း၍ ဖြစ်စေအပ်သော ဤရူပဈာန်လေးပါးသည်)။ပ။ [ပြလတ္တံ့သော အရူပဈာန်ဆိုင်ရာပုဒ်တို့၏ ပုဒ်နက်ရှင်းလင်းချက်ကို ဧကကနိပါတ်စာပိုဒ်(၄၃၅)၌ ရေးခဲ့ပြီ]။
သဗ္ဗသော၊ အားလုံးစုံသောအခြင်းအရာအားဖြင့်။ [သမတိက္ကမာ, အတ္ထင်္ဂမာ, အမနသိကာရာတို့၌စပ်]
ဝါ၊ အားလုံးစုံကုန်သော။ [ရူပသညာနံ, ပဋိဃသညာနံ, နာနတ္တသညာနံ-တို့၌စပ်]
ရူပသညာနံ၊ ရူပဈာန်၌ ယှဉ်သောသညာနှင့် ကသိုဏ်းရုပ်အမည်ရှိသော အာရုံတို့ကို။
ဝါ၊ (၁၅)ပါးသော ရူပဈာန်နှင့်တကွ ရူပဈာန်၏အာရုံဖြစ်သော ကသိုဏ်းပညတ်တို့ကို။
ဝါ၊ တို့၏။
သမတိက္ကမာ၊ လွန်မြောက်ခြင်းကြောင့်လည်းကောင်း။
ဝါ၊ ရွံ့မုန်းစက်ဆုပ်ကင်းချုပ်ခြင်းကြောင့်လည်းကောင်း။
ပဋိဃသညာနံ၊ ပဉ္စဝတ္ထုနှင့် ပဉ္စာရုံတို့ ထိခိုက်ခြင်းကြောင့် ဖြစ်သော ဆယ်ပါးသော ဒွိပဉ္စဝိညာဏ်သညာတို့၏။
အတ္ထင်္ဂမာ၊ ချုပ်ခြင်းသို့ ရောက်ခြင်းကြောင့်လည်းကောင်း။
နာနတ္တသညာနံ၊ အထူးထူးသောသဘောရှိသော (၄၄)ပါးသော ကာမာဝစရသညာတို့ကို။
ဝါ၊ အထူးထူးသောသဘောရှိသော အာရုံ၌ဖြစ်သော (၄၄)ပါးသော ကာမာဝစရသညာတို့ကို။
အမနသိကာရာ၊ နှလုံးမသွင်းခြင်းကြောင့်လည်းကောင်း။
အနန္တော၊ (ဖြစ်ခြင်း ပျက်ခြင်းဟူသော) အဆုံးအပိုင်းအခြား မရှိသော။
အာကာသော၊ ကောင်းကင်တည်း။
ဣတိ၊ ဤသို့ စီးဖြန်းပွားများလျက်။
အာကာသာနဉ္စာယတနံ၊ အာကာသာနဉ္စာယတနဈာန်သို့။
ဝါ၊ (ဖြစ်ခြင်းပျက်ခြင်း) အဆုံးအပိုင်းအခြား မရှိသော ကောင်းကင်ပညတ်ဟူသော တည်ရာအာရုံရှိသောဈာန်သို့။
ဝါ၊ ဈာန်ကို။
ဥပသမ္ပဇ္ဇ၊ ရောက်၍။
ဝါ၊ ပြီးစီးစေ၍။
ဝိဟရတိ၊ နေ၏။
အယံ၊ ဤအာကာသာနဉ္စာယတနဈာန်သည်။
စတုတ္ထော၊ လေးခုမြောက်သော။
ဝိမောက္ခော၊ မည်၏။
သဗ္ဗသော၊ အားလုံးစုံသော အခြင်းအရာအားဖြင့်။
ဝါ၊ အားလုံးစုံသော။
အာကာသာနဉ္စာယတနံ၊ အာကာသာနဉ္စာယတနဈာန်နှင့်တကွ ထိုဈာန်၏ကောင်းကင်ပညတ်အာရုံကို။
ဝါ၊ အဆုံးအပိုင်းအခြားမရှိသော ကောင်းကင်ပညတ်ဟူသော တည်ရာအာရုံရှိသော ဈာန်, အဆုံးအပိုင်းအခြားမရှိသော ကောင်းကင်ပညတ်ဟူသော တည်ရာအာရုံကို။
သမတိက္ကမ္မ၊ လွန်မြောက်ပြီး၍။
အနန္တံ၊ အဆုံးအပိုင်းအခြားမရှိသော။
ဝိညာဏံ၊ ပဌမာရုပ္ပဝိညာဏ်တည်း။
ဣတိ၊ ဤသို့ စီးဖြန်းပွားများလျက်။
ဝိညာဏဉ္စာယတနံ၊ ဝိညာဏဉ္စာယတနဈာန်သို့။
ဝါ၊ အဆုံးအပိုင်းအခြားမရှိသော ပဌမာရုပ္ပဝိညာဏ်ဟူသော တည်ရာအာရုံရှိသောဈာန်သို့။
ဝါ၊ ကို။
ဥပသမ္ပဇ္ဇ၊ ၍။
ဝိဟရတိ၊ ၏။
အယံ၊ ဤဝိညာဏဉ္စာယတနဈာန်သည်။
ပဉ္စမော၊ ငါးခုမြောက်သော။
ဝိမောက္ခော၊ ၏။
သဗ္ဗသော၊ ဖြင့်။
ဝါ၊ စုံသော။
ဝိညာဏဉ္စာယတနံ၊ ဝိညာဏဉ္စာယတနဈာန်နှင့်တကွ ထိုဈာန်၏အာရုံဖြစ်သော ပဌမာရုပ္ပဝိညာဏ်ကို။
ဝါ၊ အဆုံးအပိုင်းအခြားမရှိသော ပဌမာရုပ္ပဝိညာဏ်ဟူသော တည်ရာအာရုံရှိသော ဈာန်, အဆုံးအပိုင်းအခြားမရှိသော ပဌမာရုပ်ပဝိညာဏ်ဟူသော တည်ရာအာရုံကို။
သမတိက္ကမ္မ၊ ၍။
ကိဉ္စိ၊ (ပဌမာရုပ္ပတိညာဏ်၏) အနည်းငယ်စိုးစဉ်း, ဘင်မျှ အကြွင်းအကျန်သည်။
နတ္ထိ၊ မရှိတော့ချေ။
ဣတိ၊ ဤသို့ စီးဖြန်းပွားများလျက်။
အာကိဉ္စညာယတနံ၊ အာကိဉ္စညာယတနဈာန်သို့။
ဝါ၊ (ပဌမရုပ္ပဝိညာဏ်၏)အနည်းငယ်စိုးစဉ်း, ဘင်မျှ အကြွင်းအကျန်မရှိသည်အဖြစ်တည်းဟူသော နတထိဘောပညတ်ဟူသော တည်ရာအာရုံရှိသော ဈာန်သို့။
ဝါ၊ ကို။
ဥပသမ္ပဇ္ဇ၊ ၍။
ဝိဟရတိ၊ ၏။
အယံ၊ ဤအာကိဉ္စညာယတနဈာန်သည်။
ဆဋ္ဌော ဝိမောက္ခော။
သဗ္ဗသော၊ ဖြင့်။
ဝါ၊ သော။
အာကိဉ္စညာယတနံ၊ အာကိဉ္စညာယတနဈာန်နှင့်တကွ ထိုဈာန်၏ အာရုံဖြစ်သော နတ္ထိဘောပညတ်ကို။
ဝါ၊ ပဌမာရုပ္ပဝိညာဏ်၏ အနည်းငယ်စိုးစဉ်း, ဘင်မျှ အကြွင်းအကျန်မရှိသည်အဖြစ်တည်းဟူသော နတ္ထိဘောပညတ်ဟူသော တည်ရာအာရုံရှိသော ဈာန်၊ ပဌမာရုပ္ပဝိညာဏ်၏ အနည်းငယ်စိုးစဉ်း, ဘင်မျှ အကြွင်းအကျန်မရှိသည်အဖြစ်တည်းဟူသော နတ္ထိဘောပညတ်ဟူသော တည်ရာအာရုံကို။
သမတိက္ကမ္မ၊ ၍။
နေဝသညာနာသညာယတနံ၊ နေဝသညာနာသညာယယတနတရားသို့။
ဝါ၊ ရုံရင်းထင်ရှားသော သညာမရှိသည်လည်းဖြစ်၍ သိမ်မွေ့သော သညာမရှိသည်လည်း မဟုတ်သော ဈာန်စိတ္တုပ္ပါဒ်တည်းဟူသော မနာယတန ဓမ္မာယတနသို့။
ဝါ၊ ရုံရင်းထင်ရှားသော သညာလည်းမဟုတ်, သိမ်မွေ့သော သညာမဟုတ်သည်လည်း မဟုတ်သည်ပြင်, သမ္ပယုတ်တရားတို့၏ တည်ရာမှီရာလည်းဖြစ်သော သညာသို့။
ဥပသမ္ပဇ္ဇ၊ ၍။
ဝိဟရတိ၊ ၏။
အယံ၊ ဤနေဝသညာနာသညာယတနတရားသည်။
သတ္တမော၊ သော။
ဝိမောက္ခော၊ ၏။
သဗ္ဗသော၊ ဖြင့်။
ဝါ၊ သော။
နေဝသညာနာသညာယတနံ၊ နေဝသညာနာသညာယတနတရားကို။
သမတိက္ကမ္မ၊ ၍။
သညာဝေဒယိတနိရောဓံ၊ သညာဝေဒနာတို့၏ ချုပ်ခြင်းသို့။
ဝါ၊ ....ချုပ်ခြင်းတည်းဟူသော နိရောဓသမာပတ်သို့။
ဝါ၊ ကို။
ဥပသမ္ပဇ္ဇ ဝိဟရတိ၊ ၏။
အယံ၊ ဤသညာဝေဒယိတနိရောဓသမာပတ်သည်။
အဋ္ဌမော၊ ရှစ်ခုမြောက်သော။
ဝိမောက္ခော၊ နာမ်ခန္ဓာလေးပါးတို့မှ လုံးဝဥဿုံ လွတ်မြောက်သော တရားမည်၏။
ဆဋ္ဌံ။