Issues
Select Version
Bhikkhu Bodhi
English
sāsanāre-သာသနာရေး
မြန်မာဘာသာ
Aṭṭhakanipātapāḷi
Aṭṭhakanipātapāḷi

9. Parihānasuttaṃ

Author: sāsanāre-သာသနာရေး @ IAPT

ဘိက္ခဝေ၊ တို့။ အဋ္ဌ၊ ရှစ်မျိုးကုန်သော။ ဣမေ ဓမ္မာ၊ ဤတရားတို့သည်။ပ။ [သတ္တကနိပါတ် စာပိုဒ်(၂၈) ပဌမပရိဟာနိသုတ်နှင့် စာပိုဒ် (၂၄) ဒုတိယ သတ္တကသုတ်တို့၌ မပါသော ပုဒ်တို့၏ အနက်ကိုသာ ရေးအံ့။ ဤစာအုပ်စာမျက်နှာ (၆၇)ကြည့်]
**သံသဂ္ဂါရာမတာ**၊ အမျိုးသမီးစသည်တို့နှင့် ရောနှောဆက်သွယ်ငြိတွဘ်ကြောင်း ရာဂငါးမျိုး၌ ပျော်မွေ့ခြင်းရှိသူ၏အဖြစ် လည်းကောင်း။ (အမျိုးသမီး စသည်တို့နှင့် သတင်းစကား အသံကြားခြင်း ရုပ် အဆင်းမြစ်ခြင်း, အတူတကွ စကားပြောခြင်း စသည်ကြောင့် ဖြစ်သော ရောနှော ဆက်သွယ်ငြိတွယ်ကြောင်း ရာဂ၌ ပျော်မွေ့ခြင်းရှိသည် အဖြစ်လည်းကောင်း)သံသဂ္ဂါရာမတာ။ ။ သံသဇ္ဇတိ ဧတေနာတိ သံသဂ္ဂေါ- ရောနှော ဆက်သွယ်ငြိတွယ်ကြောင်း ရာဂ၊ ထိုသံသဂ္ဂသည် သဝနသံသဂ္ဂစသည်ဖြင့် ငါးမျိုးရှိ၏၊ ပဉ္စကနှင့် နဝကနိပါတ်ဋီကာ၊ နှာ(၃၁၊ ၂၇၉) အဖွင့်အကျဉ်းချုပ်မှာ_
(၁) အမျိုးသမီးတစ်ဦး၏ ရုပ်ဝါအဆင်းလှပခြင်းစသော ဂုဏ်သတင်းကို သူတပါးထံမှ တဆင့်ကြားရခြင်း၊ (သို့မဟုတ်) ထိုအမျိုးသမီး၏ ရယ်မောသံ စကားပြောသံ သီချင်းသံကို ကိုယ်တိုင် ကြားရခြင်းကြောင့် သောတဝိညာဏဝီထိနှင့် စပ်၍ ဖြစ်ပေါ်လာသော ရာဂသည် သဝနသံသဂ္ဂ မည်၏။ သဝနဟေတုကော သံသဂ္ဂေါ သဝန သံသဂ္ဂေါ- ဂုဏ်သတင်းသံ, ရယ်မောသံစသည်တို့ကို ကြားရခြင်းဟူသော အကြောင်းရှိသော (ဝါ- ကြားရခြင်းကြောင့် ဖြစ်သော) ရောနှောဆက်သွယ် ငြိတွယ်ကြောင်း ရာဂ(သံသဂ္ဂရာဂ)ဟု ဝစနတ္ထပြု၊ ဟေတုတပုဒ်အကျေကြံ၊ (တနည်း) သဝနဝသေန ပဝတ္တော သံသဂ္ဂေါ သဝနသံသဂ္ဂေါ- အသံကြားရခြင်းနှင့် စပ်၍ ဖြစ်သော ရောနှောဆက်သွယ် ငြိတွယ်ကြောင်း ရာဂ (သံသဂ္ဂရာဂ)။
(၂) ဝိသဘာဂမိန်းမအာရုံကို ကြည့်ရှုသဖြင့် စက္ခုဝိညာဏဝီထိနှင့် စပ်၍ ဖြစ်သော သံသဂ္ဂရာဂသည် ဒဿနသံသဂ္ဂမည်၏။ (၃) အချင်းချင်း စကားပြောခြင်းကြောင့် ဖြစ်သော သံသဂ္ဂရာဂသည် သမုလ္လပနသံသဂ္ဂ (သမုလ္လပသံသဂ္ဂ)မည်၏။ (၄) တဦး၏ပစ္စည်းကို တဦးက ယူငင်သုံးစွဲခြင်းကြောင့် ဖြစ်သော ရာဂသည် သမ္ဘောဂသံသဂ္ဂမည်၏။ (၅)လက်စသည်ကို ဆွဲကိုင်သုံးသပ်ခြင်းကြောင့်ဖြစ်သော ရာဂသည် ကာယသံသဂ္ဂမည်၏။
ဝါ၊ ....ကြောင်း ရာဂငါးမျိုးဟူသော ပျော်မွေ့ဖွယ်ရှိသူ၏ အဖြစ်လည်းကောင်း။ ပပဉ္စာရာမတာ၊ တဏှာ မာန ဒိဋ္ဌိဟူသော ပပဉ္စတရား၌ ပျော်မွေ့ခြင်းရှိသူ၏ အဖြစ်လည်းကောင်း။ (သတ္တဝါ ခန္ဓာအစဉ်ကို သံသရာ၌ ချဲ့ထွင်တတ်သော တဏှာ မာန ဒိဋ္ဌိတရား၌ ပျော်မွေ့ခြင်းရှိသူ၏ အဖြစ်လည်းကောင်း။ ဝါ၊ ပပဉ္စတရားဟူသော ပျော်မွေ့ဖွယ်ရှိသူ၏အဖြစ်လည်းကောင်းတည်း။ [ဤအနက်များတွင် လက်သဲကွင်းအနက်မှာ ပပဉ္စပုဒ်၏ ဝိဂြိုဟ် အနက်ဖြစ်သည်။ ဝိဂြိုဟ်ကို စာပိုဒ်(၃၀) အနုရုဒ္ဓမဟာဝိတက္ကသုတ် ဤစာအုပ်စာမျက်နှာ(၄၆၂)၌ ရေးခဲ့ပြီ]
အသံသဂ္ဂါရာမတာ၊ အမျိုးသမီးစသည်တို့နှင့် ရောနှော ဆက်သွယ်ငြိတွယ်ကြောင်း ရာဂငါးမျိုး၌ ပျော်မွေ့ခြင်းခြင်း မရှိသူ၏ အဖြစ်လည်းကောင်း။ ဝါ၊ ....ငါးမျိုးဟူသော ပျော်မွေ့ဖွယ်ရှိသူ မဟုတ်သည် အဖြစ်လည်းကောင်း။ နိပ္ပပဉ္စာရာမတာ၊ တဏှာမာနဒိဋ္ဌိဟူသော ပပဉ္စတရားမရှိရာ နိဗ္ဗာန်၌ ပျော်မွေ့ခြင်း ရှိသူ၏ အဖြစ်လည်းကောင်းတည်း။ ဝါ၊ .....နိဗ္ဗာန်ဟူသော ပျော်မွေ့ဖွယ်ရှိသူ၏ အဖြစ်လည်းကောင်းတည်း။ပ။
နဝမံ။